Friday, May 27, 2011

Q and A May 2011 (7)

1. အမျိုးသမီးက ARV ဆေးသောက်နေရပါတယ်
2. ကိုယ်ဝန်ဟာ နှစ်လမှာ ပျက်သွားပါတယ်
3. ဆီးစပ်နား ညာဘက်ခြမ်းက အောင့်အောင့်နေတာပါ
4. သားအိမ် အားနည်တာ ဘာကြောင့်ပါလဲ
5. အလုံးက နှာခေါင်းပေါက်ကို ပိတ်နေတာပါ
6. ပါးစပ်မှာ ရေယုံ ပေါက်တာ
7. ၉ (စင်တီ) ထိ ပွင့်တာကို ပြန်ချုပ်ဖို့ လိုပါသလား

2011/5/25
Q 1: ကျွန်တော့် အမျိုးသမီးက ARV ဆေးသောက်နေရပါတယ်။ ကိုယ်ဝန်အပ်စဉ်မှာ သွေးစစ်တော့ အိတ်ခ်ျအိုင်ဗွီ တွေ့တာနဲ့ ဆေးရုံက ဆေးသုံးလေးမျိုး အရင်သောက်ခိုင်းပါတယ်။ ARV ဆေးတွေလို့ နားလည်ထားပါတယ်။ အခုတော့ တစ်လုံးပဲ မနက်တခါ၊ ညတခါ အချိန်မှန်သောက်ရပါတယ်။ ဆေးဘူးမှာတော့ GPO VIR လို့ ရေးထားပါတယ်။ သုံးလေးလုံး သောက်နေရာကနေပြီး ပြောင်းပြီး တလစာ ဆယ့်နှစ်နာရီအတိမှာ တစ်လုံးစီ သောက်ဖို့ ပြောင်းပေး လိုက်တော့ ပထမ တော်တော်လေး အဆင်ပြေသွားပါတယ်။ ကြာလာတော့ ပြဿနာက ဆေး စသောက်တဲ့ အချိန် ကတည်းက မနက် ၈း၅ဝ ည ၈း၅ဝ ပုံမှန်သောက်ချိန်အဖြစ် ရွေးထားမိတာက ရေရှည်မှာ အဆင်မပြေဘူး။ မနက် ပိုင်းသိပ်မသိသာပေမယ့် ညပိုင်း ကျတော့ ဗိုက်ဆာပေမယ့် ဆေးသောက်ချိန် မရောက်သေးလို့ စောင့်ရတယ်။ အချိန်ရောက်လို့ အစာစားပြီး ဆေးသောက်တော့ စားချိန်နဲ့အိပ်ချိန် နီးသွားပါတယ်။ သူ့ခမျာ အချိန်လဲချင် နေပေမယ့် မလဲရဲလို့ ဘယ်လိုပြန်ပြင်ရနိုင်မလဲ ပြောပြပေးပါ။ သောက်နေကျ အချိန်အစား ၈ နာရီလောက် ပြင်သောက်လိုက်ရင် ရမလား။ ဘယ်နှစ်မိနစ်လောက် ပိုနောက်ကျရင် ဘာအကျိုးယုတ်စေသလဲ။

• GPO-Vir S30® ဆေးမှာ Nevirapine 200 mg, Lamivudine 150 mg, Stavudine 30 mg တွေ ပါတယ်။
• May be taken with or without food အစာနဲ့ နီးနီး-ဝေးဝေး သောက်နိုင်တယ်။

2011/5/26
Q 2: သမီးရဲ့ သားဦးကိုယ်ဝန်ဟာ နှစ်လမှာ ပျက်သွားပါတယ်။ နေတာက (့) မှာပါ။ အစားအသောက် အနေအထိုင် ဂရုစိုက်ရင်းကို ဒီလိုပျက်ရပါတယ်။ ဒီကဆရာဝန်ရဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ်နဲ့ ပေါ့ဆမှုလို့ ယူဆပါတယ်။ ဆေးခန်းသွားပြတိုင်း ဘာမှ သေချာမစစ်ဆေးပဲ (except using ultrasound only) ပြန်လွှတ်လိုက်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးလဲ မပေး၊ သွေးပေါင်လဲမချိန်၊ သွေးလဲမစစ်ပါဘူး။ ၆ ပါတ်မှာ နှလုံးခုန်တာ မြင်ရပြီး ၈ ပါတ်လောက်မှာ Miscarriage ဖြစ်သွားပါတယ်။ အရမ်းကိုလဲ ဝမ်းနည်းရဆဲပါ။ အခုတော့ သားအိမ်ကို ခြစ်ပြီ်းလို့ အနားယူနေပါတယ်။ ကိုယ်ဝန်ဆောင် အားဆေး Prenatal & Folic Acid ကို ဆက်သောက်နေဆဲပါ။ မြန်မာပြည်ပြန်ဖို့ စီစဉ်နေပါတယ်။ ဘယ်အချိန်လောက်ဆို ပြန်လို့ရပါလဲ။ နောက် နှစ်ပါတ်မှာ another OG နဲ့ Appointment to follow up action အတွက်ရှိပါတယ်။ ဘယ်လိုမျိုး Medical Check-up တွေ နောက်ကိုယ်ဝန် မဆောင်ခင်မှာ လုပ်သင့်ပါသလဲရှင့်။

ရေးပြီးသားစာတွေ ပို့ပေးပါတယ်။သိပ်မစိုးရိမ်ပါနဲ့။ ကိုယ်ဝန် တခါပျက်ပြီး နောက်ဆက် ပျက်တယ်ဆိုတာ အတော်ကြီး ရှားပါတယ်။ သားအိမ်ခြစ်ပြီး ခရီးသားဘို့ ရက်အများကြီးစောင့်စရာ မလိုပါ။ ဆင်းတာလဲရပ်မယ်၊ လူကလဲ နေကောင်းမယ်။ သွေးဖိအားလဲ မှန်တယ်ဆိုရင် ရပါမယ်။
1. ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း
2. Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း)

2011/5/27
Q 3: ကျွန်တော်တို့ အိမ်ထောင်ပြုတာ ၇ နှစ်လလောက်ပဲ ရှိပါသေးတယ်။ အခု ကျွန်တော့် အမျိုးသမီးမှာ ရောဂါတစ်ခု ခံစားရနေလို့ OG နဲ့ ပြရမှာလား၊ ရိုးရိုးဆရာဝန်နဲ့ ပြရမှာလား မသိလို့ဗျာ။ သူမ ခံစားရနေတာက ဗိုက်ပေါ်မှာရှိတဲ့ အမျိုးသမီး မွေးလမ်းအကြောင်းနဲ့ လက်နှစ်လုံး ကွာလောက် ဆီးစပ်နား ညာဘက်ခြမ်းက အောင့်အောင့်နေတာပါ။ အလုပ်က ရုံးထိုင်အလုပ်လုပ်ပါတယ်။ အသက်က ၃ဝ ပါ။ အဲဒါ သားအိမ်ရောဂါလား။ အူအတက်ပေါက်ချင်တာလား။ ဘယ်လို အထူးကုနဲ့ပြရမလဲ။ အူအတက်ပေါက်ချင်တာဆိုရင် ဆေးခန်းကို ပြောနိုင်အောင် အင်္ဂလိပ်လို အခေါ်အဝေါ်ပါ ရေးပေးစေချင်ပါတယ်။

• အမျိုးသမီးတွေမှာ ဆီးစပ်နေရာမှာဖြစ်ရင် ၁။ Bladder ဆီးအိမ်၊ ၂။ Uterine tube သားအိမ်ပြွန်၊ ၃။ Appendix အူအတက်စတဲ့ အစာလမ်းကြောင်း၊ တခုခုဖြစ်နိုင်တယ်။
• ဆီးလမ်းကဆိုရင် ဆီးအောင့်မယ်။ ဆီးခဏခဏသွာချင်၊ သွားရင်နာမယ်။
• သားအိမ်စတဲ့ မွေးလမ်းကဆိုရင် White discharge အဖြူဆင်းတာနဲ့ တွဲနေတတ်တယ်။ သားအိမ်ပြွန်ဆိုရင် ဖိရင်နာတာ၊ ဆိုးဝါးနေရင် Pain during intercourse အိမ်ထောင်နဲ့အတူနေချိန်နာတာ၊ Amenorrhea ရာသီ ထိန်တာနဲ့ တွဲနေရင် Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တည်တာ၊ Lump/Cyst အလုံးအကျိတ် ရှိတာ၊
• အစာလမ်းကဆိုရင် Appendix ရောင်တာက အတင်းနာမယ်၊ ကိုယ်နဲနဲပူနိုင်တယ်။ အရေးပေါ်ဖြစ်နိုင်တယ်။ သိပ်မဆိုရင် အဲလောက်အထိ မနာဘူး။ နောက်ပြီး သန်ကောင်ကိုလဲ စဉ်းစားရမယ်။
• နောက်တခုက Stone ဆီးလမ်း ကျောက်တည်တာလဲ စဉ်းစားရအုံးမယ်။
• OG ကို အရင်ပြတာ မမှားပါ။ လိုအပ်မှ သူကနေ ဆက်ညွှန်လိမ့်မယ်။ Complaint ကို ရိုးရိုးလေးသာပြောပါ။
o I feel pain over here. Pain is over right side of the Publc area. It is right lower part of abdomen. I have pain there for (-) days. It is severe or moderately severe or not severe. I have white discharge from vagina. I do not have any discharge from vagina. Pain is felt in the morning or in the afternoon or in the evening or at night time or after food. I am afraid I have Appendix problem or uterus. My cycle (Menstrual cycle) is regular or late. I was married for 7 months.

2011/5/27
Q 4: အမျိုးသားတယောက်ရဲ့  သုပ်ရည်ကို ပါးစပ်ကတဆင့် မျိုချမိရင် ဘာဖြစ်ပါတက်ပါသလဲ။ တယောက်ထဲကိုပဲ လိင်တူ ဆက်ဆံသွားမယ်ဆိုရင် HIV/AIDS ဖြစ်နိုင်ပါသလား။ အမျိုးသမီး သားအိမ်အားနည်တာ ဘာကြောင့်ပါလဲ။ ကလေး ယူရင်ရော အဆင်ပြေပါသလား။ ဘယ်အစားအစားကို စားသုံးသင့်ပါသလဲ၊ ဘာတွေ ရှောင်ကြဉ်ရပါသလဲ။ သားအိမ် အားနည်တဲ့ အမျိုးသမီးက ဘယ်အသက်အရွယ်ထိ ကိုယ်ဝန်ဆောင်တာကို ရှောင်ကြဉ်ရပါသလဲ။ ကလေး ယူခဲ့သည် ရှိသော် ဘယ်လိုနေထိုင်ရပါသလဲ။ ကလေးယူဘို့ သင့်သော်သလား မသင့်တော်ဘူးလား။ အသက် ၃ဝ လောက်မှ ကိုယ်ဝန်ဆောင်ရင် အသက်ဆိုးရင်ရပါသလား။

• ယောက်ျား-သုတ်ရည်ကို ပါးစပ်ထဲထည့်တာ မျိုချတာကြောင့် ဘာမှ မဖြစ်ပါ။ ကိုယ်ဝန်လဲ မရစေပါ။ ဒါပေမဲ့ သုတ်ရည်မှာ ပိုးမရှိနေရင် ပြောတာသာ ဖြစ်တယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ပိုး ရှိရင်၊ ပါးစပ်မှာလဲ အနာအဆာ ရှိရင် ကူးစက်နိုင်တယ်။
• တယောက်ထဲကိုသာ ဆက်ဆံတယ်လို့ ရေးပေမဲ့ လိင်တူဆိုတာ ပါနေတော့ မရှင်းပါ။ လိင်တူဆိုတာ ကျား+ကျာ၊ မ+မ၊ ရှင်းပြောပါအုံး။
• အဖေါ်တယောက်ထဲကိုသာ ဆက်ဆံတာဆိုရင် ရောဂါမရဘို့ များတယ်။ နှစ်ယောက်လုံး ရောဂါကင်းနေရင် မဖြစ်ပါ။ ဥပမာ မဖေါက်ပြားတဲ့ ငယ်လင်-ငယ်မယား။
• သားအိမ် အားနည်းတယ်ဆိုတာ အရပ်သုံးစကားသာ ဖြစ်တယ်။ တိတိကျကျ ဖြစ်ခဲ့တာ၊ ဖြစ်နေတာကို ပြောမှ ဆေးပညာအရ အကဲဖြတ်လို့ရမယ်။
• ပုံမှန်အားဖြင့် အသက် ၃၅ မတိုင်ခင် ကိုယ်ဝန်ဆောင်တာ အကောင်းဆုံး ဖြစ်တယ်။

2011/5/27
Q 5: ကျွန်တော့် နှာခေါင်း အပေါက်ပိတ်လုနီးပါး ဖြစ်နေပါတယ်။ ၁ နှစ်ကျော်လောက် ရှိနေပါပြီ။ အိပ်ရင် အသက်ရှူမဝချင်ပါ။ တခါတလေ လက်သန်းလေးတောင် မဝင်တောာ့လောက်အောင် ပိတ်လာပါတယ်။ ညာနှာခေါင်းပေါက် တခုထဲပါ။ ၁။ ဘာဖြစ်တာပါလဲ။ ၂။ ဘာဆေး သောက်ရနိုင်ပါလဲ။ ဆေးခန်းပြဘို့က ရောက်နေတဲ့ နိုင်ငံမှာဆို နဲနဲဈေးကြီးပြီး ခက်ခဲလို့ပါ။ ၃။ အရှင်းပျောက်နိင်ပါသလား။ ကျား ၃၃နှစ်ပါ။ ဖြစ်တဲ့ဘက်က ရောင်ပြီး အလုံးက နှာခေါင်းပေါက်ကို ပိတ်နေတာပါ။ ဆေးကတော့ ဘာဆေးမှ မစားရသေးပါဘူး။ အေးရင်ပိုဆိုးပါတယ်။ ညဘက် အဲယားကွန်းနဲ့ဘဲ အိပ်တော့ ညတိုင်းဘဲ အသက်ရှူရတာ ကြပ်နေပါတယ်။ နှာနုရိုး အလယ်ဘက်ကနေ နီရဲတဲ့ အလုံးက ရောင်နေတယ်လို့ ထင်ပါတယ်။

Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း ကိုဖတ်ပါ။ လိုက်နာပါ။

28 May 11, 13:09
Q 6: ပါးစပ်မှာ ရေယုံ ပေါက်တာ ခုမနက်ကျမှသိပါတယ်။ ရေလဲချိုးလိုက်တယ်။ ခေါင်းလဲလျှော်လိုက်ပါတယ်။ ဘာဆေးတွေ သောက်ရမှန်းလဲ။ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးပါအုံး။

Herpes simplex ရိုးရိုး ရေယုံ၊ ပါးစပ်ရေယုံ ဆိုတာ သူ့အလိုလို ပျောက်သွားပါမယ်။ ဗိုင်းရပ်စ် ကိုတော့ မရှင်းနိုင်ပါ။
နာတာ သက်သာအောင် Ibuprofen, Paracetamol တခုခုသောက်နိုင်တယ်။ နာတာသက်သာဘို့ ထုံဆေး Prilocaine, Lidocaine, Benzocaine, Tetracaine တခုခု လိမ်းနိုင်တယ်။ Antiviral ဆေး Acyclovir (Aciclovir) သုံးရင် အများကြီး အထောက်အကူရတယ်။ Valaciclovir (valacyclovir), Famciclovir, Penciclovir ဆေးတွေကလဲ ဗိုင်းရပ်စ် အတွက် သောက်ဆေးတွေ ဖြစ်တယ်။ Acyclovir, Penciclovir, Docosanol ဆေးတွေက ဗိုင်းရပ်စ်အတွက် လိမ်းဆေးတွေ ဖြစ်တယ်။

May 27, 2011 at 1:33 PM
Q 7: ကျွန်မအသက် ၂၆ နှစ်ပါ၊ အိမ်ထောင်သက် ၂ နှစ် ရှိပါပြီ။ (့) မှာ နေပါတယ်။ သားလေးကို ဗိုက်ခွဲမွေးပါတယ် (၈ လရှိပါပြီ)။ သားလေးကို ဂျူးဒိတ်ထက်၂ ပတ်စော မွေးပါတယ်။ အဲတာကလည်း ကလေးလှုပ်ရှားမှု နည်းရင် ဆေးရုံကို သွားရမယ်ဆိုလို့ သွားပြတာ ဆရာဝန်က အဲထရာဆောင်း ရိုက်ကြည့်ပြီး ကလေး ၃.၅ ကီလို ရှိတယ် သူရဲ့ကြီးထွားတာတွေ ဘာတွေက ပြည့်စုံနေပြီ မွေးလို့ရတယ် ဆက်စောင့်လည်း အကျိုးမရှိဘူးဆိုပြီး ဆေးရုံ တက်ခိုင်းပါတယ်။ ဗိုက်နာတာ၊ ရေမွှာပေါက်တာ၊ သားအိမ်ပွင့်တာ ဘာမှ မဖြစ်ပါ။ ဆေးရုံတက်ပြီ ၂ ရက် ဆက်တိုက် သားအိမ်ပွင့်အောင် ဆေးထည့်ပါတယ် ၂ cm ပဲပွင့်ပါတယ်။ ၃ ရက်မြောက်နေ့ နေ့လည် ၂ နာရီမှာ မွေးခန်းထဲ ပို့ပါတယ် ဆေးထိုးပြီး ဗိုက်နာအောင်လုပ်ပါတယ်။ ည ၁၂ နာရီလောက်မှာ ၉ cm ထိ သားအိမ်ပွင့်ပါတယ်။ တကယ် အားစိုက်ပြီး ညှစ်ရမယ့်အချိန်မှာ အရမ်းမောလာပြီး သတိလစ်ချင်သလိုဖြစ်လာတယ် ညှစ်ဖို့ အားလည်း မရှိတော့ ခွဲမွေးဖို့ request လုပ်ပြီး ခွဲမွေးပါတယ်။ (၉ cm ထိပွင့်တာကို ပြန်ချုပ်ဖို့ လိုပါသလား။ ဆေးရုံကတော့ မချုပ်ပေးလိုက်ပါဘူး)။ ကလေးမွေးပြီး ၃ လ လောက်မှာ ခင်ပွန်းနှင့်အတူနေပါတယ်။ နောက်ပိုင်း အတူနေရင် ကျွန်မ သားအိမ်အတွင်းမှာ အပူလောင်သလိုမျိုး ပူစပ်ပူလောင်ကြီး ဖြစ်ပါတယ်။ အမျိုးသားကလည်း ပူတယ်လို့ ပြောတယ်။ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါ တစ်ခုခု ဖြစ်နေတာပါလား။ အတူနေချင်စိတ်လည်း နည်းလာပါတယ်။ ကိုယ်ကိုကိုယ် ယုံကြည့်မှု အားနည်းလာတယ် စိတ်ဓါတ်လည်း ကျသလို ခံစားရပါတယ်။ OG နဲ့ ပြဖို့ လိုအပ်ပါသလား။ Microgynon ED ဆိုတဲ့ ကိုယ်ဝန်တားဆေး သုံးပါတယ်။

• ကလေးဖွါးတော့မယ်ဆိုရင် ပဌမအဆင့်က ဗိုက်နာလာတယ်။ သားအိမ်ပွင့်လာမယ်။ သားအိမ်အဝ ၁ဝ စင်တီမီတာအထိ ပွင့်ရင် မွေးလမ်းကနေ မွေးလို့ရတယ်။ ကလေးဖွါးပြီးတာနဲ့ သားအိမ်ဝဟာ တဖြေဖြေးချင်း ပြန်ပိတ်ပါတယ်။ ဘာမှ လုပ်ပေးစရာ မလိုဘဲ ပိတ်တာပါ။ နာရီပိုင်းသာ ကြာတယ်။
• သားအိမ်အတွင်းမှာ အပူလောင်သလိုဆိုတာ သိပ်တော့ မတိကျပါ။ သားအိမ်ဆိုတာ ခံစားမှု မရှိပါ။ သူ့ကို ဖုံးတာတဲ့ အလွှာကသာ နာတာသိတယ်။ သူ့ဘေးက သားအိမ်ပြွန်၊ မျိုးဥအိမ်တွေကို ဖုံးထားတာတွေလဲ အတူတူဘဲ။ သားအိမ်အဝဆိုတာလဲ ထိတာကို သိတယ် ဆိုယုံသာ သိတယ်။ နာတာ-ပူတာ မသိပါ။
• အခုလိုခံစားရတာဟာ သားအိမ်ပါတ်ဝန်းကျင်မှာ တခုခုဖြစ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။ ပူတယ်ဆိုတာ အက်စစ်ဓါတ်နဲ့ ဆိုင်ဘို့ များတယ်။ အက်စစ်ဓါတ် များတာက ဆီးအောင်တဲ့သူတွေမှာ ဖြစ်တတ်တယ်။ (ဗဂျိင်းနား) အရည်က အက်စစ်ဓါတ်များလာလဲ ဖြစ်နိုင်တယ်။ သုတ်ပိုးသေဆေးကလဲ ပူစေတယ်။
• ရောဂါဆိုး မဟုတ်ပါ။ ဒီလိုဖြစ်နေလို့ နှစ်ဦးသား ဆက်ဆံရေးကို သက်ရောက်လာတာမို့ နှစ်ယောက်လုံးအတွက် စိတ်-စိတ်ဆန္ဒကိုပါ ထိခိုက်လာတာသာ ဖြစ်ပါမယ်။ မစိုးရိမ်ပါနဲ့။
• အဖြူဆင်းတာပါ ရှိ-မရှိသိချင်ပါတယ်။ ဆက်ဆံချိန်မှာ နာတယ်လို့ ခံစားရသလားလဲ သိဘို့လိုသေးတယ်။

Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၁

Tuesday, May 24, 2011

Q and A May 2011(6)

1. ခါးနာရောဂါအတွက် ဖြစ်ပါတယ်
2. အကောင်းဆုံး (ကွန်ဒွမ်) ကို လမ်းညွှန်ပေးလို့ရမလား
3. ကိုယ်ဝန်ရှိတာ ၁ လကျော်မှ သိတော့
4. ကျမရောဂါက ဂရင်ဂျီနာများလား
5. RAI SCAN လုပ်စေချင်တယ်တဲ့
6. ကလေးရဲ့ ကျန်းမာရေး ထိခိုက်မှာကိုစိုးတဲ့အတွက်
7. Salmon fish နှင့် ငါးမြင်း ငါးများဟာ Sardines လို Purine-rich ငါးများ ဖြစ်ပါသလား

2011/5/24
Q 1: သူငယ်ချင်း မိန်းကလေးရဲ့ ခါးနာရောဂါအတွက် ဖြစ်ပါတယ်။ သူက (့) မှာ ကွန်ပျူတာဖြင့် အလုပ်လုပ်ပါတယ်။ ခါးနာနေပါတယ်။ ဆေးလိမ်းလို့လည်း မသက်သာဘူးလို့လည်း ပြောပါတယ်။ ကြာကြာထိုင်ပြီး အလုပ် မလုပ်နိုင်ပါဘူးတဲ့။ အထိုင် ကြာလျှင် ခါးနာလာလို့ပါ။ အသက်က ၂၆ နှစ်ပါ။ ကိုယ်အလေးချိန်က ၁၆ဝ ကျော်လောက် ရှိပါတယ်။ တော်တော် ဝပါတယ်။ သူ့မှာ သွေးတိုးလည်း ရှိပါတယ်။ သွေးတိုးကြောင့်များ ကျောက်ကပ် ထိခိုက်မှာ စိုးပါတယ်။ ကျောက်ကပ်ကြောင့်များ ခါးနာသလား ဒါမှမဟုတ် ရိုးရိုးပဲလားဆိုတာ သိချင်ပါတယ်။ ကျောက်ကပ်ကြောင့် ခါးနာလျင် ဘယ်လို လက္ခဏာများ သိရန်လိုအပ်ပါသလဲ။

ခါးနာသက်သက်အတွက် ရေးထားတာ ပို့လိုက်ပါတယ်။ စာမဖတ်ခင် တောင်းပန်ရအုံးမယ်။ အဲဒီစာရေးတုံးက ဆေးပညာစာ သက်သက် မဟုတ်ခဲ့ဘူး။ (ဘလော့ခ်) တခုမှာ စာရေးရင်း ကျန်းမာရေး အသိလေးပါ ပေးချင်လို့ ထည့်လိုက်တာ။ အပိုအဆာတွေကို ရှောင်ဖတ်ပေတော့။ ကိုယ်အလေးချိန် များသူတွေ ရောဂါ ပိုများတတ်တယ်။ အလေးချိန် လျော့နည်းလဲ ရေးထားတာလေး ပို့လိုက်မယ်။ ကျောက်ကပ်ဆိုရင် ဆီးမှာ တခုခု လာဖြစ်မယ်။ ဆီးစစ်ပါ။ လိုအပ်ရင် (အာလ်ထွာဆောင်း) ရိုက်စေပါ။ လိုသေးရင်မေးပါ။ ကျောက်ကပ် ရောင်ရင်၊ ကျောက်ရှိရင် ခါးနေရာမှာ နာနိုင်တယ်။ ဘယ်-ညာ တဖက်ဖက်ဖြစ်နိုင်တယ်။ ကျောက်ကပ်ဟာ ခါးရိုးမကြီး အလည်မျဉ်းကနေ ၂့၅ နဲ့ ၉့၅ စင်တီမီတာအတွင်း၊ နံရိုးနံပါတ် ၁၁ နဲ့ ခါးဆစ်ရိုးနံပါတ် ၃ ကြားမှာ ရှိတယ်။
1. Back Pain ခါးကောင်းမောင်းသန်ကြစေ၊
2. Weight loss ပိန်ချင်သလား တွေကို ဖတ်ပါ။

2011/5/24
Q 2: Safe အဖြစ်ဆုံးနဲ့ အကောင်းဆုံး (ကွန်ဒွမ်) ကို လမ်းညွှန်ပေးလို့ရမလား။ တချို့ (ကွန်ဒွမ်) တွေမှာ အချိန်ကြာတဲ့ ထုံဆေးတွေ ထည့်ထားတယ် ပြောတယ်။ အဲဒါ သုတ်လွှတ်မြန်တဲ့လူတွေအတွက် အဆင်ပြေနိုင်ပါသလား။ မသုံးကြည့်ရသေးလို့ပါ။ KY jelly က ထုတ်တဲ့ ကြာတဲ့လိမ်ဆေးတွေရှိတယ် ပြောတယ်။ ဘယ်လောက် ကြာကြာထိ ဆက်ဆံလို့ရလဲ။ အဲဒီဆေးတွေ လိမ်းထားရင် ခံစားမှုကို သိရှိနိုင်ပါ့မလား။ အကယ်လို့ အဲဒီဆေးလိမ်ပြီး ကွန်ဒုံ မစွပ်ရင် အမျိုးသမီးရော အဲဒီဆေးကြောင့် သူရောခံစားမှုရှိနိုင်ပါ့မလား။ သူပါ ထုံနေမှာ စိုးလို့ပါ။ အကောင်းဆုံး နည်းလမ်းများ ရှိရင် အချိန်ကြာကြာ နည်းလမ်းများကို ညွှန်ပြပေးစေလိုပါတယ်။ ဆက်ဆံတဲ့နေရာမှာ အချိန် အတိုင်းအတာ ပမာဏ လိုအပ်ပါသလား။ တစ်ချို့က အချိန်ကြာကြာ ဆက်ဆံတာကို ကြိုက်သလို။ တစ်ချို့က အချိန်ကြာကြာ FOREPLAY လုပ်တာကို ကြိုက်ကြတယ်။ ဘယ်ဟာက ကျေနပ်မှု အထိရောက်ဆုံးလို့ ထင်ပါသလဲ။

• တရားဝင် အသိအမှတ်ပြုတဲ့ (ကွန်ဒွမ်) ထဲမှာ ကြာစေမဲ့ဆေး နဲ့ ထုံဆေး ထည့်မသုံးပါ။
• ဒါပေမဲ့ စီးပွါးရေးသမားတွေက သိတဲ့အတိုင်းဘဲ၊ ငွေရပြီးရော လုပ်ချင်တာ လုပ်ကြတယ်။ အဲလိုအမျိုးအစားတွေ သိပ်မသိပါ။ သုတေသနလဲ မရှိသေးပါ။
• ထုံးဆေးရဲ့သဘောက ထုံနေတာမို့ နာတာ-ကျင်တာ-ထိတာ-ကိုင်တာကအစ မသိစေပါ။ တယောက်အင်္ဂါမှာ သုတ်ထားရင် ထိတွေ့မဲ့ အဖေါ်ရဲ့ အင်္ဂါကိုလဲ ထုံဆေး ကူးရောက်စေနိုင်တယ်။ သူ့ဆေးအစွမ်းက ကြာတော့ မကြာပါ။ ပိုးသန့်တာဆိုရင် ရောဂါမရနိုင်ပါ။
• ဆက်ဆံတာမှာ အချိန်လိုအပ်ပါတယ်။ လူတွေက မတူကြဘူး။ ယေဘုယျ ပြောရရင် ဒီစိတ်မျိုးဟာ အလွန်မတန် ပြင်းပြတာမို့ ကြာသထက် ကြာစေချင်မယ်။ တချို့မှာ အချိန်တိုလွန်းတော့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်တယ်။
• တိတိကျကျ ပြောရရင် အချိန်ဆိုတာထက် Orgasm and pleasure စိတ်ကျေနပ်မှုက ပိုအရေးကြီးပါတယ်။ အချိန်၊ ကျေနပ်မှု စတာတွေကလဲ တသမတ်ထဲတော့ မဟုတ်ပြန်ပါ။ လူ့စိတ်ဆိုတာ တယောက်တမျိုး၊ တခါတမျိုး ဖြစ်တတ်တယ်။ နှစ်ဦးနှစ်ဘက် နားလည်ကြလေ ဆက်ဆံရေး သာယာ-ကောင်းမွန်လေ ဖြစ်ပါမယ်။
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) ကို ဖတ်ပါ။

2011/5/24
Q 3: ကိုယ်ဝန်ရှိတာ ၁ လကျော်မှ သိတော့ ဘာတိုက်ရဘာလဲ။ ချစ်သူတွေဆိုတော့ ဆေးခန်းလဲမပြရဲလိုပါ။ ဆေးနာမည်နဲ့ ဘယ်ဆိုင်တွေမှာ ရနိုင်ပါလဲ။

ကိုယ်ဝန်ကို ဘာလုပ်ချင်တာလဲ မသိရပါ။ ဖျက်ချင်တာဆို ဆရာ ဆေးမညွှန်းပါ။ လုပ်လဲ မပေးပါ။ ဆေးပညာ သုတ အတွက်တော့ စာရေးပါတယ်။
1. Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၉)
2. Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ တွေကို ဖတ်နိုင်ပါတယ်။

2011/4/12
Q 4: စအိုပေါက်နှင့် အမျိုးသမီး-အင်္ဂါ ကြားတွင် အဖု မာမာလေး ဖြစ်နေပါသည်။ သတိထားမိသည်မှာ ၃ ပတ်ခန့် ရှိပါပြီ။ နာတော့ မနာပါ။ ဒါပေမယ့် အဖုက အနည်းငယ် မာပြီး ကြီးလာသည်ဟု ထင်မိပါသည်။ အဖု၏တနေရာတွင် ဝက်ခြံကဲ့သို့ အခေါင်းပေါက် သေးသေးလေး ဖြစ်နေပါသည်။ ဆရာရေးထားသော ဂရင်ဂျီနာ အကြောင်းကိုလည်း ဖတ်ပြီးပါပြီ။ ကျွန်မရဲ့ ရောဂါက ဂရင်ဂျီနာ များလား။ ခွဲစိတ်ဖို့ အမြန်ဆုံးလိုအပ်ပါသလား။ ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား။ (့) မှာ နေပါတယ်။ အသက်က ၃ဝ နှစ် ပါ။ ဆရာ့ဆေးခန်းတွင် ခွဲပေးလျှင် ခွဲစိတ်နှုန်းထား၊ ခန်းမှန်း ကုန်ကျငွေနှင့် အချိန် ဘယ်လောက်ယူရမည်ကို သိချင်ပါတယ်ရှင်။

ဖြစ်နိုင်ပါတယ်။ မသေခြာသေးပါ။ အနာဖြစ်မယ်၊ မန်းရည်-ပြည် ထွက်မယ်။ ပျောက်မယ်၊ ပြန်ဖြစ်မယ်။ ပိုးသေဆေး အရင်သောက်ပါ။ Ampicillin + Cloxacillin 500 mg x 5 days, Paracetamol 1 tablet 2-3 times day, Vitamin C 1 tablet 2 times a day တွေ သောက်ပါ။ ဆရာက နယူးဒေလီမှာ နေရပါတယ်။ ဆောရီး။ ထူးတာရှိရင်ပြောပါ။

2011/5/21
Q 5: ဆရာပြောတဲ့အတိုင်း ကျွန်မ ပိုးသေဆေးကို ၃ ရက်ဆက်သောက်ပြီး မသက်သာတာနဲ့ ဆေးခန်းကို သွားပြတော့လည်း Sporidex 250mg ကို ၃ ရက်ဆက် သောက်ခိုင်းပြီး၊ Forsuderm ointment (Sodium fusidate 20mg) လိမ်းဆေး ပေးပါတယ်။ ဆေးသောက်နေတုံးမှာ အနာက တဖြည်းဖြည်း သေးသွားပါတယ်။ ဆေးရပ်ပြီးတော့ ၃-၄ ရက် လောက် နေရင် ပြန်ကြီးလာပါတယ်။ ကြီးလာတော့ နာလာပါတယ်။ ဒါနဲ့ သွားပြန်ပြတော့ ပိုပြင်းတဲ့ဆေးပေးမယ်ပြောပြီး Prednislone၊ Amoxil နဲ့ တခြားတစ်မျိုး ရောထားတာ ၃ ရက် ဆက်သောက်ခိုင်းပြန်ပါတယ်။ မသက်သာရင် Specialist ထပ်ပြရမယ် ဆိုပြီး ပြောပါတယ်။ ခွဲပြီး ထုတ်ချင် ထုတ်ရလိမ့်မယ်လို့လည်း ထင်ပါတယ်တဲ့။ ဆေး ဆက်သောက်ပါတယ်။ ဆေးသောက်နေတုံး အရမ်းနုံးတာပါပဲ။ အနာကတော့ သေးသွားပြန်ပါတယ်။ ဆေးကုန်သွားပြီး ၃၊ ၄ ရက်နေတော့ ပြန်ကြီးလာတာနဲ့ ဒီက (့) မှာ Gyane နဲ့ သွားပြဖြစ်ပါတယ်။ စမ်းသပ် ကြည့်ပြီးတော့ Syringe နဲ့ ၅ချက်လောက် စုပ်ထုတ်ကြည့်ပါတယ်။ ဘာမှ မတွေ့ပါဘူးတဲ့။ သေချာအောင်ဆိုပြီး US small part ultrasound ရိုက်ခိုင်းပါတယ်။ Infection ဝင်တယ်ထင်တယ်လို့ ဆိုပြီး Gentrisone cream (Betamethasone dipropionate, Clotrimazole, Gentamicin sulfate) ကို တနေ့ နှစ်ကြိမ် လိမ်းခိုင်းလိုက်ပါတယ်။ Syringe နဲ့ စုပ်ထားတဲ့နေရာမှာ အနာ သက်သာအောင် Paracetamol သောက်ခိုင်းပါတယ်။ နောက် ၂ရက်နေ ထပ်ချိန်းတဲ့နေ့မှာတော့ Ultrasound result က (No discrete mass was identified in the area of clinical concern) လို့ ပြောပါတယ်။ RAI SCAN လုပ်စေချင်တယ်တဲ့။ ရောဂါက ရှာမတွေ့လို့ ပြောပါတယ်။ ဈေးကလဲကြီးတော့ တခြား Option မရှိဘူးလားဆိုတော့ ဒိလိမ်းဆေးကိုပဲ ၁ လ ပြည့်အောင် ဆက်လိမ်းပြိး Follow up လာလို့ မှာလိုက်ပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ ၁ လပြည့်ပါတော့မယ်။ အနာကတော့ ဘာမှ မထူးခြားသလိုပါပဲ ကြီးလည်း မကြီးသလို သေးလည်း မသေးသွားပါဘူး။ အနာက 0.5 cm ပတ်လည်လောက် ရှိမှာပါ။ အနာက နာလည်း မနာတော့ ကင်ဆာများလို့ ထင်မိပြီး စိတ်အင်မတန် ဆင်းရဲနေမိပါတယ်။ ဘာရောဂါ ဖြစ်နိုင်ပါသလဲ။ ဘာဆက် လုပ်သင့်သလဲ ဆိုတာ အကြံပေးပါအုံး။ ဒီအနာ မဖြစ်ခင် ၃ ပတ်လောက်တုံးကတော့ Yeast infection ဝင်ဖူး ပါသေးတယ်။ အရင်စာမှာ ရေးထားတဲ့ အဖု အခု မတွေ့တော့ပါ။ RAI SCAN က Side effect ရှိပါသလား။ ဘယ်လို ရောဂါမျိုးတွေကို ရိုက်ခိုင်းလေ့ ရှိပါသလဲ။ ကင်ဆာရောဂါတွေဟာ ကုလို့ မပျောက်နိုင်တဲ့ ရောဂါလား။

အပြည့်အစုံရေးလို့ အများကြီး အထောက်အကူရတယ်။ တတ်နိုင်သလောက် လုပ်ထားတာမို့ မစိုးရိမ်ပါနဲ့။ အဖြေတွေကလဲ ကောင်းတယ် မဟုတ်လား။ Sporidex ဆေးက ပိုးသေဆေးဖြစ်တယ်။ နောက်ဆေး Gentrisone က ကော်တီဇုံးပါတယ်။ RAI SCAN ကို ဘာ့အတွက် လုပ်ချင်လဲ မပြောတတ်ပါ။ Radioactive iodine scan (RAI) ရေဒီယို ဓါတ်ကြွ အိုင်အိုဒင်းနဲ့ ဆိုင်တယ်။ Scan တွေက စိုးရိမ်စရာ မရှိပါ။ MRI ဆိုရင်တော့ ဓါတ်ရောင်ခြည် နည်းနည်းလေး ပါတယ်။ ဆရာထင်တာ ကင်ဆာ မဟုတ်လောက်ပါ။ ပိုးသေဆေးနဲ့ အနာ-အရောင်သက်သာဆေးတွေနဲ့ ကောင်းမယ်ထင်ပါတယ်။ ဗီတာမင် စီ သောက်ပါ။ ဖိထိုင်တာကို လျှော့နိုင်သလောက် လျှော့ပါ။ ထူးခြားရင်လဲ ပြောပါ။

ကျေးဇူး အများကြီး တင်ပါတယ်၊ ဆရာ့စာကို ဖတ်ပြီး ကျွန်မ အားတက်မိပါတယ်။

2011/5/23
Q 6: အခုဆိုရင် အိမ်ထောင်ကျတာ ၃ နှစ်ထဲကို ရောက်နေပါပြီ။ စီးပွားရေး အခြေအနေ ခိုင်မာမှ ကလေးယူဖို့ ဆုံးဖြတ်ထား ကြပါတယ်။ တားဆေး ဖြစ်ဖြစ် ထိုးဆေးဖြစ်ဖြစ် သုံးချင်ပါတယ်။ ဒါပေမယ့် သမီးအမျိုးသားက ကလေးယူရင် ကလေးရဲ့ ကျန်းမာရေး ထိခိုက်မှာကို စိုးတဲ့အတွက် သူက ကွန်ဒွမ်ကို အသုံးပြုဖို့ အားသာပါတယ်။ အဲဒီမှာပါတဲ့ အဆီက သမီးအတွက် ရေရှည်ဆိုရင် မကောင်းဘူးလို့လဲ ထင်ပါတယ်။ အဲဒါကြောင့် သမီးက ရက်ရှောင်ရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သမီးက ဘယ်လို ရက်ရှောင်ရမလဲ ဆိုတာကို မသိလို့ပါ။ သမီးက တခါလာရင် ၆ ရက်ကြာပါတယ်။ ပြီးတော့ ရက်ကို တိုချင်ရင်ရော ဘယ်လို ဆေးမျိုး သောက်သုံးလို့ ရပါသလဲရှင့်။

(ကွန်ဒွမ်) မှာ ပါတဲ့ Lubricant ချောဆီက ရောဂါ မရစေပါ။ ကလေး အတွက်လဲ စိုးရိမ်စရာ မရှိပါ။ (ကွန်ဒွမ်) အရည် အသွေး ကောင်းတာ သုံးပါ။ ထူးဆန်းတာတွေ ရှောင်ပါ။ ရာသီရက်ကို မလိုအပ်ဘဲ မတိုချင်၊ မရှည်ချင်ပါနဲ့။ လုပ်လို့တော့ ရပါမယ်။ ဒါပေမဲ့ ဟော်မုန်းဆေးတွေ သောက်ရမှာမို့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်။
1. Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄) ကို ဖတ်ပါ။

May 24, 2011 at 3:48 PM
Q 7: Salmon fish နှင့် ငါးမြင်း ငါးများဟာ Sardines လို Purine-rich ငါးများ ဖြစ်ပါသလား။

Gout Foods လို့ခေါ်တဲ့ (ဂေါက်) အဆစ်နာရောဂါနဲ့ မသင့်တဲ့ သား-ငါးတွေ -
• Red meat အမဲသား၊ ဆိတ်သား၊ ဝက်သား၊ Liver အသဲ၊ Kidney ကျောက်ကပ်၊ Brain ဦးနှောက်၊ Bacon ဝက်ပေါင်ခြောက်၊ Veal နွားလေးသား၊ Venison သမင်-ဒရယ်သား-ဆတ်၊ Turkey ကြက်ဆင်သား၊
• Purines အများဆုံးပါတဲ့ ငါးတွေ = Sardines ဆာဒင်းငါး (ငါးသေတ္တာငါး၊ ငါးပိန္နဲစေ့) နဲ့ Anchovies ငါးပါးနီတွေ ဖြစ်ကြတယ်။
• Purines များတဲ့ တခြား ငါးအမျိုးအစားတွေ = Mackerel (မက်ကာရယ်လ်) ငါး၊ Herring မြောက်အတ္တလန္တိတ် ငါးသလောက်တမျိုး၊ Codfish ပင်လယ်ငါးကြီး၊ Trout (ထရောက်) ရေချိုငါးတမျိုး၊ Haddock ငါးကြီးဆီ ထုတ်ယူနိုင်တဲ့ ပင်လယ်ငါး၊ Salmon (ဆဲလ်မွန်) ငါး၊ Tuna (ကျူနာ) ငါး၊ Shellfish အခွံမာငါးများ (ဥပမာ Mussels ယောက်သွား၊ Scallops ခုံးကောင်၊)
• Purines အသင့်အတင်းများတဲ့ ငါးတွေ = Lobster ပုစွန်ထုပ်ကြီး၊ ကျောက်ပုစွန်၊ Shrimp ပုစွန်-ပုစွန်ဆိတ်၊ Crab ကဏန်း၊ Oysters ကမာ-မုတ်ကောင်၊ (မှတ်ချက်၊ Catfish ငါးမြင်း ကို Purines များစာရင်းထဲမှာ ရှာမတွေ့သေးပါ။)

Monday, May 23, 2011

Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

ကျန်မ အလာဂျီ အကြောင်း တစ်ခါမေးဖူးပါတယ်။ လမ်းညွန်မှုအတိုင်း Zyrtec cetirizine Hydrochloride 10mg ကို အမြဲ ဆောင်ထားရပါတယ်။ အခုနောက်ပိုင်း ဘာ Seafood မှ မစားလည်းပဲ၊ ၃ ရက် (သို့) ၄ ရက် တစ်ခါ လောက်ကို ဆေးသောက် နေရပါတယ်။ ပုံထဲအတိုင်း အဖု သေးသေး လေးတွေ စုပေါက်လာပြီး အကြီးကြီး ဖြစ်လာတယ်။ ခနွာကိုယ် အိုက်စပ်စပ် ဖြစ်လာရာ ယားတက်တယ်။ အရမ်းပူပြီး ခဏနေ မိုးရွာလို့ အေးသွားတာတို့၊ အပြင်ထွက် နေပူထဲသွားပြီး ခဏနေ Aircon ခန်းထဲ ရောက်သွားရင်တို့ အဲလို အချိန်တွေမှာလည်း ယားလာတက်ပါတယ်။ အဖုတွေက တင်ပါးမှာ စပေါက်တာ များပါတယ်။ ဒူးခေါင်းတို့ တစ်ဒေါင်ဆစ် တို့ကနေလည်း တစ်ခါတစ်လေ စထွက်တက်တယ်။ လည်းပင်း ပတ်လည်တွေမှာထွက်ရင် တစ်ညလုံး အိပ်လို့ မရတော့ဘူး။ အဲဒီဆေးကို စွဲပြီးသောက်တာ ကျန်းမာရေးနဲ့ ကိုက်ညီပါသလား။ တစ်ခြားဆေး ပြောင်းသုံးသင့်ရင်လည်း လမ်းညွန်ပေးပါ။

(အလာဂျီ) ဆိုတာ ရောဂါ-လက္ခဏာတခု ဖြစ်တယ်။ ရောဂါ မဟုတ်ပါ။ ဘာလို့ဖြစ်လာရသလဲ ဆိုတာ ရှောင်နိုင်မှ မဖြစ်မှာ။ မတည့်တာနဲ့ ထပ်တွေ့ရင် ထပ်ဖြစ်မယ်။ ဘာနဲ့မသင့်လဲ မသိတာက များတယ်။ ဆေးနည်းတွေ အများကြီးရှိတဲ့ထဲက ကိုယ်နဲ့သင့်တာ ရွေးရပါမယ်။

Allergy medications ဆေးတွေဟာ မတည့်တဲ့ Allergens ကို ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုဖြစ်တာကို တားပေးတယ်။ တနည်းအားဖြင့် ရောဂါလက္ခဏာဖြစ်စေတဲ့ Histamine (ဟစ်တမင်း) ဓါတ်ထွက်တာကို တားတယ်။ ဆေးတွေက Pills ဆေးလုံး၊ Liquids ဆေးရည်၊ Nasal sprays နှာခေါင်းပန်းဆေး၊ Eyedrops မျက်စဉ်း၊ Creams လိမ်းဆေးနဲ့ Injections ထိုးဆေး အမျိုးမျိုးရှိတယ်။ ဆေး အတော် များမျာကို ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။

Antihistamines (အင်တီဟစ်စ်တမင်း) ဆေး၊
1. Oral antihistamines စားဆေး-သောက်ဆေး = ရောင်တာ၊ နှာရည်ယိုတာ၊ ယားတာ၊ မျက်ရည်များတာ၊ အင်ပြင် ထွက်တာတွေ သက်သာစေတယ်။ အလွယ်ဝယ်ရနိုင်တာတွေက Loratadine (Claritin), Cetirizine (Zyrtec) နဲ့ Clemastine (Tavist) တွေ ဖြစ်တယ်။ Fexofenadine (Allegra) ကိုတော့ ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = အာခေါင် ခြောက်မယ်။ အရင်မျိုးဆက် ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl) နဲ့ Chlorpheniramine (Chlor-Trimeton) တွေဟာ အိပ်ချင်မယ်။
2. Antihistamine nasal sprays နှာခေါင်းထဲပန်းဆေး၊ Azelastine (Astelin, Astepro) နဲ့ Olopatadine (Patanase) တွေကို ဆေးလက်မှတ်နဲ့ ဝယ်ရတယ်။ ဘေးထွက်ဆိုးကျိုး = ပါးစပ်ထဲ ခါးနေမယ်၊ ခေါင်းမူးမယ်၊ မူးဝေဝေနေမယ်၊ အားယုတ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ နှာခေါင်းပူနေမယ်၊ နှာခေါင်းသွေးယိုမယ်၊ ပျို့မယ်၊ နှာရည်ယိုမယ်၊ လည်ချောင်းနာမယ်၊ နှာချေမယ်။
3. Antihistamine eyedrops မျက်စဉ်း၊ Ketotifen (Zaditor, Alaway, others), Naphazoline (Visine-A, Opcon-A) တွေကို အလွယ်ဝယ်ရမယ်။ Naphazoline (Albalon), Emedastine (Emadine) နဲ့ olopatadine (Patanol) တွေက ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = မျက်စိနီနေမယ်၊ မျက်ရည်ယိုမယ်၊ ခေါင်းကိုက်မယ်။ contact lenses မျက်ကပ်မှန် တပ်ထားသူနဲ့ မသင့်ဘူး။

Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးကတော့ ဆေးလက်မှတ်ပါဘို့ လိုမယ်။
1. Oral corticosteroids စားဆေး-သောက်ဆေး၊ ဥပမာ Prednisone (Intensol) နဲ့ Prednisolone (Prelone) ဆေး။ ဒီဆေးမျိုးကို ရေရှည် မပေးရဘူး ဘေးထွက်-ဆိုးကျိုးတွေက ဆိုးတယ်။ Cataracts မျက်စိ-အတွင်းတိမ်၊ Osteoporosis အရိုးအားနည်း၊ Muscle weakness ကြွက်သားအားနည်း၊ Delayed growth ကလေးတွေ ဖွံ့ထွားမှုနှေးတာတွေ ဖြစ်နိုင်တယ်။
2. Nasal corticosteroid sprays နှာခေါင်းထဲ ပန်းရတဲ့ဆေးကို နှာပိတ်၊ နှာခြေ၊ နှာခေါင်းယား၊ နှာရည်ယိုတာတွေ အတွက် သုံးနိုင်တယ်။ Fluticasone (Flonase), Mometasone (Nasonex), Budesonide (Rhinocort Aqua), Flunisolide (Nasarel), Triamcinolone (Nasacort AQ) နဲ့ Beclomethasone (Beconase AQ) တွေဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေက စားဆေးလောက် မဆိုးပါ။ Unpleasant smell or taste မခံချင်တဲ့ အနံ့-အရသာ၊ နှာခေါင်း အနေရခက်၊ နှာခေါင်းသွေးယိုမယ်။
3. Inhaled corticosteroids (စတီရွိုက်) ရှူဆေး၊ Flunisolide (Aerobid), Triamcinolone (Azmacort), Fluticasone (Flovent) နဲ့ Budesonide (Pulmacort) တွေဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ သိပ်မဆိုးပါ။ ပါးစပ် ပိုးဝင်တတ်တယ်၊ ချောင်းဆိုးမယ်၊ အသံသြမယ်၊ ခေါင်းကိုက်မယ်။
4. Corticosteroid eyedrops (စတီရွိုက်) မျက်စဉ်း၊ Dexamethasone (Maxidex, others), Fluorometholone (FML, others) နဲ့ Prednisolone (Pred Forte, others) တွေ ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = မျက်စိ ဝေဝါးတတ်တယ်၊ ကြာရှည်သုံးရင် မျက်စိပိုးဝင်တာ၊ ရေတိမ်နဲ့ အတွင်းတိမ် ဖြစ်နိုင်တယ်။
5. Corticosteroid skin creams (စတီရွိုက်) လိမ်းဆေး၊ Eczema (Atopic dermatitis) နှင်းခူးနာလိုအတွက် သုံးတယ်။ အား သိပ်မပြင်းတာမျိုးကိုတော့ လက်မှတ်မပါဘဲ ဝယ်လို့ရမယ်။ Hydrocortisone (Cortaid) နဲ့ Triamcinolone (Kenalog) တွေ ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = အရေပြား နေမထိထိုင်မသာ ဖြစ်နိုင်တယ်၊ အရောင်ပြောင်းနိုင်တယ်။

Decongestants (ဒီကွန်ဂျက်စတင့်) ဆေးတွေကို နှာခေါင်းမှာ ခံစားရတာတွေကို အမြန်သက်သာဘို့ သုံးတယ်။ ကိုယ်ဝန်ဆောင်၊ အသက် သိပ်ကြီးသူနဲ့ သွေးတိုး ရှိသူတွေ မသုံးသင့်ဘူး။
1. Oral decongestants စားဆေး-သောက်ဆေး၊ Pseudoephedrine (Sudafed), Claritin-D ဆေးတွေဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = စိတ်ထဲ နေမထိ ထိုင်မသာဖြစ်နိုင်တယ်၊ နှလုံးခုန်မြန်-မမှန်ဖြစ်မယ်၊ ခေါင်းမူးမယ်၊ အိပ်မရဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ စိတ်ပူမယ်၊ လက်တုံမယ်၊ သွေးတိုးမယ်။
2. Nasal decongestant sprays နှာခေါင်းထဲ ပန်းဆေး၊ Phenylephrine (Neo-Synephrine) နဲ့ Oxymetazoline (Afrin) ဆေးတွေ ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုး = နှာခေါင်း ခြောက်-ပူမယ်၊ နှာရည်ယို-နှာစေးမယ်။ စိတ်ထဲ နေမထိထိုင်မသာ ဖြစ်နိုင်တယ်၊ နှလုံးခုန်မြန်-မမှန်ဖြစ်မယ်၊ ခေါင်းမူးမယ်၊ အိပ်မရဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ စိတ်ပူမယ်၊ လက်တုံမယ်၊ သွေးတိုးမယ်။
3. Decongestant eyedrops မျက်စဉ်း၊ Tetrahydrozoline (Visine, Clear Eyes) ဆေး၊ ဘေးထွက်ဆိုးကျိုး = မျက်စိနီရဲနေမယ်၊ ရေတိမ်ဖြစ်နိုင်တယ်။

(မှတ်ချက်။ ဘေးထွက်ဆိုးကျိုးတွေရှိပေမဲ့ သုံးနေကြရတယ်။)

Other allergy medications တခြားဆေးတွေ
1. Montelukast (Singulair) ဆေးလက်မှတ်လိုတယ်။
2. Cromolyn sodium (NasalCrom) အလွယ်ဝယ်လို့ရတယ်။
3. Mast cell stabilizer eyedrops = Cromolyn sodium (Crolom), Lodoxamide (Alomide), Pemirolast (Alamast) and Nedocromil (Alocril)

Immunotherapy (အင်မြူနို-သာရာပီ) ရောဂါပြီးစနစ်သုံး ကုသနည်း၊
Immunotherapy injections ထိုးဆေးကို ၃-၅ နှစ်ကြာ ထိုးရတယ်။ မတည့်တဲ့ဓါတ်ကို နည်းနည်းစီ ထိုးပေးတာ ဖြစ်တယ်။ ကြာတော့ ယဉ်ပါးလာမယ်။ ကိုယ်မတည့်တာ သိမှ ဖြစ်မယ်။

Emergency epinephrine shots အရေးပေါ် ထိုးဆေး၊ သိပ်ဆိုးတဲ့သူတွေကို Epinephrine ဆေးထိုးတယ်။ Self-injecting syringe and needle (Autoinjector) devices = Twinject, EpiPen နဲ့ EpiPen Jr. တွေက အရေးပေါ် အတွက် ဆေးထိုးရလွယ်အောင် လုပ်ထားတာတွေ ဖြစ်တယ်။ သွားလေရာ ယူသွားနိုင်တယ်။

• Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html တွေနဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၂၃-၅-၂ဝ၁၁

Sunday, May 22, 2011

Acne Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ

(၁) ဆရာရှင့် သမီးမျက်နှာရဲ့ နှာခေါင်းဘေးနားမှာ ဝက်ခြံပုန်းလားတော့မသိဘူး အကျိတ်လို အဖုလေးထွက်လာပါတယ်။ ရဲနေပါတယ်။ အရမ်းလည်း နာပါတယ်။ ရုတ်တရက်ကြီးထွက်လာပါတယ်။ ဘာဆေးသောက်သင့်ပါလဲရှင့်။ မေးအောက်မှာရော နှာခေါင်းဘေး ပါးနေရာမှာပါ။ ကျေးဇူးပြု၍ ဖြေကြား ပေးပါရှင့်။ (၂) ဆရာ ကျနော်က overseas ရောက်နေတာပါ။ ဝက်ခြံတွေ အရမ်းထွက်နေလို့ပါဆရာ။ ဘာဆေးစားရမလည်းဆရာ။ ဘာအစားစာရှောင်သင့်လည်းဆရာ။ ညွှန်ပြပေးပါဆရာ။ ဝမ်းလည်းအမြဲချုပ်နေတယ်ဆရာ။
Antibiotics ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက (ဗက်တီးးရီးယား) တွေရဲ့ အရေအတွက်ကို သိသိသာသာ လျော့နည်းစေတာ ဖြစ်တယ်။ သွေးဖြူဥကြောင့်ဖြစ်ရတဲ့ Irritation နေမထိ ထိုင်မသာ ဖြစ်တာကိုလဲ နည်းစေနိုင်တယ်။ နောက်ပြီး Sebum ဝက်ခြံအရည်ထဲမှာ Fatty acids အဆီကိုလဲ လျော့နည်း စေတာမို့ Inflammatory response ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေတယ်။ ဘယ် ပဋိဇီဝဆေးမဆို အမျိုးသမီးတွေမှာ Candida vaginal yeast infections မွေးလမ်းကြောင်း မှိုဝင်တာ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်တတ်တယ်။ 1. Tetracycline (တက်ထွာဆိုက်ကလင်း) ကို အများဆုံး သုံးတယ်။ တခါသောက် 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ဘယ်လောက် ကြာကြာလဲဆိုတာ အတိအကျ ပြောမရဘူး။ သက်သာတဲ့အထိလို့ အကြမ်းပြောလို့ ရတယ်။ နောက်ပိုင်းမှာ တခါသောက် 250 mg တနေ့ ၂ ကြိမ် လျော့နိုင်တယ်။ ဆေးကို အစာမရှိချိန် သောက်တာ ကောင်းတယ်။ သတိထားဘို့က အသက် ၉ နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင်တွေကို ဒီဆေးမပေးရဘူး။ အဆင်ပြေတာက ဒီလူမျိုးတွေက ဝက်ခြံဖြစ်တတ်သူတွေ မဟုတ်ကြပါ။ 2. Erythromycin (အရစ်သရိုမိုင်စင်) ကိုလဲ သုံးနိုင်တယ်။ သူက (တက်ထွာဆိုက်ကလင်း) ထက်သာတာက ရောင်ရမ်းခြင်း ဖြစ်စဉ်အတွက် ပိုကောင်းတယ်။ အစားနဲ့လဲ သောက်လို့ရတော့ အစားကြီးတဲ့ ငယ်ရွယ်သူတွေနဲ့ ကိုက်တယ်။ တခါသောက် 250 - 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ပျို့အန်ချင်တာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တွေလဲ ပေးနိုင်တယ်။ 3. Minocycline ဆေးကို ပြီတည်နေချိန်မှာ သုံးရင်ကောင်းတယ်။ အစာနဲ့ဝေးရင် ပိုကောင်းတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ ခေါင်းမူး၊ ပျို့-အန်၊ အရေပြားနဲ့ သွားညိုတာတွေ ဖြစ်နိုင်တယ်။ 4. Doxycycline (တက်ထွာဆိုက်ကလင်း) နဲ့ (အရစ်သရိုမိုင်စင်) သုံးလို့ မထူးခြားသူတွေကို ဒီဆေး ပေးတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ အစာနဲ့လဲနီးလို့ ရတယ်။ ပျို့ချင်တယ်။ နေရာင်နဲ့ မတည့်ဘူး။ 5. Clindamycin ဆေးကို တခါသောက် 75 to 150 mg တနေ့ ၂ ကြိမ်ပေးတယ်။ သောက်ဆေးထက် လိမ်းဆေး အဖြစ်သုံးတာ များတယ်။ ဘေးထွက်-ဆိုးကျိုးကတော့ Pseudomembranous colitis, Clostridium difficile အူမကြီးရောင်တတ်တယ်။ Dr. တင့်ဆွေ

Thursday, May 19, 2011

Q and A May 2011 (5)

1. Ultrasound ရိုက်ရုံနဲ့ ကိုယ်ဝန်ရှိမရှိ သိနိုင်ပါသလား
2. မျက်နှာမှာ အမည်းစက်တွေရှိလို့ စိတ်ညစ်နေပါတယ်
3. အဲဒါ နောက်ထပ် ဆက်သောက်ရမလား
4. အမွှေးကျွတ်တဲ့ လိမ်းဆေး ရှိရင်
5. နောက်ထပ် ဆက်သောက်ရမလား

2011/5/19
Q 1: Ultrasound ရိုက်ရုံနဲ့ ကိုယ်ဝန်ရှိမရှိ သိနိုင်ပါသလား။ ဥပမာ ဆက်ဆံပြီး တစ်လအတွင်း Urine test မသုံးဘဲနဲ့ Ultrasound ရိုက်ရင် ကိုယ်ဝန်ရှိမရှိ သိနိုင်ပါသလား။
• သိနိုင်ပါတယ်။ Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း) ကို ဖတ်ပါ။

2011/5/19
Q 2: ကျွန်တော့် ကောင်မလေးက မျက်နှာမှာ အမည်းစက်တွေရှိလို့ စိတ်ညစ်နေပါတယ်။ သူ့အသက်က ၂၂ နှစ်ပါ။ အမည်းစက်က မျက်လုံးရဲ့ အောက်ဒေါင့်ဖက်တွေမှာပါ၊ ရန်ကုန်မှာ NoMarks တို့ The face shop က facial foam တို့ ဝယ်လိမ်းတာလဲ ဘာမှ မထူးလို့ပါ။
• Melasma တင်းတိပ် ကိုဖတ်ပါ။

2011/5/20
Q 3: ဆရာရေးထားတဲ့ စာတွေထဲက ရှာဖတ်တာ ဝက်ခြံပျောက်အောင် ဆရာပြောတဲ့ အတိုင်း Doxycycline 100 mg ဝယ်သောက်တာ တော်တော်လေး သက်သာလာပြီ။ ဒါပေမယ့် သောက်တာကို ရပ်လိုက်ရင် နည်းနည်း ပြန်ထွက်လာတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ ဆရာ ပြောထားတာ - ၁၂ နာရီခြား တစ်ခါ ၄-၅ ရက်သောက်ပါလို့  ဆရာပြောထားတာ။ အဲဒါ နောက်ထပ် ဆက်သောက်ရမလား။ ဆေးသောက်ရင်တော့ မျက်နှာနဲ့ ကျောပြင်က ဝက်ခြံတွေ တော်တော်ကြီးကို သက်သာပြီး ပါးလာတယ်။ ဆေးမသောက်ရင် ပြန်ထွက်လာတယ်။ အဲဒါ သမီးဘယ်လိုလုပ်ရမလဲ။

• ဝက်ခြံကို ပိုးဝင်တာသက်သာအောင် ပြောတဲ့ဆေးက လုပ်ပေးတယ်။
• ဝက်ခြံထွက်စေတဲ့ အကြောင်းတရားတွေကိုတော့ မတတ်နိုင်ပါ။ ဥပမာ အရွယ်၊ ဟော်မုန်း။
• ရေးထားထဲက လိုတာတွေကို ဆင်ခြင်လိုက်နာရင် သက်သာပါမယ်။

2011/5/23
Q 4: ကျွန်တော် အခု နိုင်ငံခြားမှာ နေပါတယ်။ အသက် ၂၄ နှစ်ဖြစ်ပါတယ်။ အရေပြား မပျက်စီးပဲနဲ့ အမွှေးကျွတ်တဲ့ လိမ်းဆေး ရှိရင် (သို့) သောက်ဆေးရှိရင် ညွှန်ပြပေးပါ။ နုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်ရတာ တော်တော် အလုပ်ရှုပ်လို့ပါ။ ဘယ်လို အသုံးပြုပုံလေးပါ ရေးပေးစေချင်ပါတယ်။
• Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ် ကို ဖတ်ပါ။

2011/5/20
Q 5: သမီး ဆရာရေးထားတဲ့ စာတွေထဲက ရှာဖတ်တာ ဝက်ခြံပျောက်အောင် Doxycycline 100 mg ဝယ်သောက်တာ တော်တော်လေး သက်သာလာပြီ။ ဒါပေမယ့် သောက်တာကို ရပ်လိုက်ရင် နည်းနည်း ပြန်ထွက်လာတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ ဆရာပြောထားတာ ၁၂ နာရီခြား တစ်ခါ၊ ၄-၅ ရက်သောက်ပါလို့ ပြောထားတာ။ အဲဒါ နောက်ထပ် ဆက်သောက်ရမလား။ ဆေးသောက်ရင်တော့ မျက်နှာနဲ့ ကျောပြင်က ဝက်ခြံတွေ တော်တော်ကြီးကို သက်သာပြီး ပါးလာတယ်။ ဆေးမသောက်ရင် ပြန်ထွက်လာတယ်။ အဲဒါ သမီး ဘယ်လိုလုပ်ရမလဲ ဆိုတာ-

• ဝက်ခြံကို ပိုးဝင်တာသက်သာအောင် ပြောတဲ့ဆေးက လုပ်ပေးတယ်။
• ဝက်ခြံထွက်စေတဲ့ အကြောင်းတရားတွေကိုတော့ မတတ်နိုင်ပါ။ ဥပမာ အရွယ်၊ ဟော်မုန်း။
• ရေးထားထဲက လိုတာတွေကို ဆင်ခြင်လိုက်နာရင် သက်သာပါမယ်။

Q and A May 2011(4)

1. သာမန်ထက် ပိုမို ကြောက်တတ်သော ကလေးငယ် ဖြစ်နေပါသည်
2. စိတ်မချမ်းသာပေမယ့် ကလေးမရတဲ့ အမြုံမ ဖြစ်မှာကိုတော့
3. မလိုအပ်ဘဲ မခွဲချင်လို့ပါ
4. ဆေး မသောက်ရင် ၁ ရက်ကို ၃ ခါကနေ ၅ ခါလောက်ထိ အန်ပါတယ်
5. အိမ်ထောင်မရှိပါဘူး။ ဝက်ခြံတွေ အများကြီး
6. ရာသီလာရင် ဘယ်နှစ်ရက် ကြာတာလဲ
7. မွေးပြီးစ မိခင်တစ်ယောက်ရဲ့ ဟော်မုန်းမျိုး ထွက်တာများနေလို့

May 16, 2011 at 7:54 AM
Q 1: ညီမငယ်၏ ယခု (၉) နှစ်၊ လေးတန်း ရောက်ရှိနေပြီဖြစ်သော သားငယ်သည် သာမန်ထက် ပိုမို ကြောက်တတ်သော ကလေးငယ် ဖြစ်နေပါသည်။ ကားစီးသည့်အခါ၊ ဆိုင်ကယ်စီးသည့်အခါ၊ တောင်တက်ဆင်း အေးကနဲ နိမ့်ဆင်းသွားသည့် အခြေအနေမျိုး ကြုံကြိုက်သည့်အခါ အလွန် ကြောက်လန့်တတ်ပြီး၊ မိခင်ဖြစ်သူမှ ထွေးပွေ့ ထားရသည့် အခြေအနေမျိုး ဖြစ်ပါသည်။ ကားကိုလည်း ခေါင်းခန်းမှသာ စီးနေရသည့် အနေအထားမျိုး ဖြစ်ပါတယ်။ အသက် အနည်းငယ် ကြီးလာသောအချိန်တွင်လည်း ကြောက်တတ်သော လက္ခဏာ လျော့မသွားပဲ ရှိမြဲ ရှိနေပါသည်။ ကားစီး သည့်အခါ အထင်ရှားဆုံး ဖြစ်ပါသည်။ ချား၊ ရဟတ်ကဲ့သို့သော အရာများ လုံးဝမစီးရဲပါ။ (့) ပြည်နယ်တွင် နေထိုင်သော မိသားစု ဖြစ်သောကြောင့် တောင်တက်ဆင်းလမ်းများ မကြာခဏ ကြုံကြိုက်ရပါသည်။ မွေးရာပါ အေးဆေးစွာ နေတတ်သော ကလေးဖြစ်ပြီး၊ ရှက်တတ်ပါသည်။ အနည်းငယ် တွေးတောတတ်သော လက္ခဏာ မျိုးလည်း တွေ့ရပါသည်။ အခြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မူမမှန်သော အပြုအမူ အပြောအဆိုများ မရှိပါ။ ကြမ်းတမ်းသော ဆော့ကစားနည်းများကို ဆော့ကစားခြင်း မရှိပါ။ ဂိမ်းဆော့ခြင်း၊ တီဗီ ကြည့်ခြင်း၊ စက်ဘီးစီးခြင်း စသည့် ဆော့ကစားနည်း များကို ပုံမှန် ဆော့ကစားလေ့ရှိပါသည်။ အသက်အရွယ် ကြီးပြင်းလာသည့်အခါ လောကအလယ် မိမိ ခြေထောက်ပေါ် ကောင်းစွာ မရပ်တည်နိုင်သော၊ ပျော့ညံ့ အားငယ်တတ်သော ကလေးတစ်ဦး ဖြစ်လာမည်ကို မိသားစုအနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ နားလည်း တတ်ကျွမ်းသော ဆရာဝန်များဖြင့် ဆေးကုသမှု ခံယူလိုပါသဖြင့် မည်သည့် ရောဂါမျိုး ဖြစ်နိုင်သည်၊ မည်သို့သော ပါရဂူမျိုးဖြင့် ကုသမှု ခံယူသင့်သည်ကို လိုအပ်သလို အကြံပြု ဖြေကြားပေးပါရန်။

• ကလေးကို ဂရုစိုက်တဲ့ မိဘ-ဆွေမျိုးတွေကို ချီးကျူးပါတယ်။ ကလေးတချို့မှာ အဲလို ဖြစ်တတ်ပါတယ်။
• စိတ်အားပေးတာ၊ သင်ပြတာတွေ လုပ်ကြမယ်ထင်ပါတယ်။ ဆက်ပြီး လုပ်ပေးသင့်ကြပါတယ်။
• သူ့စိတ်အားမငယ်အောင်၊ အားတက်လာအောင်၊ တခါတလေ မြှောက်၊ တခါတလေချော့ပါ၊ မငေါက်ပါနဲ့။ နဲနဲလေး တိုးတက်လာတာမျိုးကို ချီးမွမ်းပါ။ သူရဲကောင်းပုံပြင်၊ ဇာတ်လမ်း၊ တီဗွီ၊ ရုပ်ရှင်၊ စာအုပ် စတာတွေ ပြောပြ ပြသပေးပါ။
• ကလေးအထူးကု ဆရာဝန်နဲ့ အရင်ပြသသင့်ပါတယ်။ သူကနေ စိတ်အထူးကု ဆရာဝန်ဆီ ညွှန်ချင်ညွှန်လိမ့်မယ်။

2011/5/5
Q 2: ကျွန်မ အိမ်ထောင်ကျတာအခုလာမယ့် 7 လပိုင်းဆို 4 နှစ်ပြည့်ပါပြီး။ ကလေး မယူခဲ့ပါဘူး။ ဆေးသောက်ခဲ့တာ 3 နှစ် နီးပါရှိခဲ့ပါတယ်။ အိမ်ထောင်စကျခါစတုန်းကတော့ ဆေးထိုးပါသေးတယ်။ တည့်လို့ မတည့်လို့တော့ မသိပါဘူး။ အစား အရမ်စားပြီး ဝလာတယ်။ အဲဒါနဲ့ ဆေးကပ် သောက်ခဲ့ပါတယ်။ ဆေးကပ် သောက်တော့လဲ ကိုယ်ဝန်ရှိတဲ့ သူလိုပဲ တစ်ချိန်လုံး အန်နေလို့ ညမအိပ်မှီသောက်တာ အဆင်ပြေသွားလို့ သုံးနှစ် နီးပါး သောက်ခဲ့ပါတယ်။ အိမ်ထောင်ရေး မပြေလည်ပေမယ့် အိမ်ထောင်လဲ မကွဲဘူးဆိုတော့ ကျွန်မ ကလေးလိုချင်ပါတယ်။ အသက်လဲ လာမယ့် 9 လပိုင်းဆို 30 ပြည့်ပြီး။ (့) မှာနေတာဆိုတော့ (့) သွားပြတော့ (့) သားအိမ်အနေအထား ကို ရိုက်ကြည့်တော့ အားလုံး ကောင်းတယ်တဲ့။ OG ဆရာဝန်မက ပြောပါတယ်။ တစ်ခါသွားပြရင် (့) တစ်ထောင် ကျော်တော့ ရေရှည်မပြနိုင်ခဲ့ပါဘူး။ (့) ဘတ်ခြမ်း ဆေးခန်းကလဲ ဈေးကြီးပြီး မထူးခြားပါဘူး။ အသက်ကြီးမှ အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်နေတဲ့ အသိအမက ဘယ်မှမပြနဲ့ Vitamin E နှင် Folic acid သောက်ပါ ဆိုလို့ သောက်နေပါတယ်။ နောက်ဆုံးအခေါက် သွားပြတော့ အမျိုးသားကို သုတ်ရည်စစ်ဖို့ ပြောပါတယ်။ သူကတော့ စစ်ဖို့ အင်တင်တင် ဖြစ်နေတယ်။ သူ ကျွန်မနဲ့ အိမ်ထောင်မကျမှီ ကလေးတစ်ယောက် အမေနှင့် ရှုပ်လို့ ကလေးတစ်ယောက် ရဖူးပါတယ်။ အဲဒါတွေကြောင့် အိမ်ထောင်းရေးကို အဆုံးသတ်ဖို့ အခါခါ စဉ်စားမိပါတယ်။ ကလေးမရှိ၊ အိမ်ထောင် ကွဲချင်ပေမယ့် စိတ်ဓါတ် ပျော့ညံ့တာမို့ အခုထိတော့ မကွဲသေးပါဘူး။ စိတ်မချမ်းသာပေမယ့် ကလေးမရတဲ့ အမြုံမ ဖြစ်မှာကိုတော့ ရှက်ပါတယ်။

• ကလေးမရလို့ ရဘို့ကြိုးစားတာ လွယ်တာတော့ မဟုတ်ပါ။ ဆေးစစ်တိုင်းလဲ ရချင်မှရတတ်ပြန်သေးတယ်။
• ဘာအထူးကုမှ မပြဘဲ တားဆေးတွေ ဖြတ်ပြီး ကိုယ်ဝန်ရလာသူတွေလဲ ရှိပါတယ်။ ဖတ်ချင်လဲ ဖတ်ပြီးနေမှာပေါ့ ရေးပြီးသား စာ ၂ ပုဒ် ထည့်ပေးလိုက်ပါတယ်။
• လူ့ဘဝဆိုတာ အဲလိုပါဘဲ။ ဖြစ်ပြီးမှတော့ အကောင်းဆုံးကို ရွေးချယ်ပါ။ စိတ်တင်းပါ။ စိတ်ကောင်းထားပါ။
• “လောကဓံ ၈ ပါး နဲ့ တွေ့ကြုံပေမဲ့ တုံလှုတ်ခြင်း မရှိ၊ ကြောက်ရွံ့ခြင်း မရှိ၊ ရမက်လည်း မရှိ၊ ဘေးရန်လဲ မရှိ” ဆိုတဲ့ လွန်မြောက်သူတွေလောက် မဟုတ်တောင်မှ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်ပါလေ။
1. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄)
2. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)

2011/5/16
Q 3: ကျွန်တော့် မိခင် ဘယ်ဖက်လည်ပင်း အောတ်ခြေနားမှာ အကျိတ် ၁ ခုရှိနေတယ်။ မလိုအပ်ဘဲ မခွဲချင်လို့ပါ။ အကြံညဏ်ပေးပါ။ အသက်က ၅ဝ ရှိပါတယ်။ သွေးတိုးရောဂါရှိပါတယ်။ Doctor ကခွဲရမယ်လို့ပြောတယ်။ Ultrasound အဖြေက -
Left lobe of thyroid is enlarged. Size 2.5cm and 5 cm. second small cystic are scattered in the solid nodule. Right lobe is normal.
TSH-1.73 ( 0.23-4.2) uIU/ml
T3 - 1.67 (1.3-3.1) nmol/ L
T4- 80.04 (66-181) nmol/L
USG- left lobe of thyroid gland is enlarged with the presence of mixed echogenic nodule measuring about 2.5 cm x 5 cm . Second small cystic loculae are scattered in the solid nodule. No calcification.
Right lobe is normal. No enlarged nodules, vessels intact.
Dx - Cystic adenomatous goitre (Left)
Symptom: Swelling at the root of the left side of the neck x1 week. No progression in size. No other symptoms.
Past history of hypertension for 15 years
Drug history: Losartan 50mg BD, Atenolol 50 mg OD, Aspirin 75mg OD x15 years
I would like to know that should that swelling be operated. What are the adventages and disadventages of operation? Should I need to take medicine after surgery? Will there be drug interactions between those medicine and drugs already taken?
• The results of Thyroid function test show within normal range. So the patient is neither hyperthoroid nor hypothyroid. It is not a cancer either.
• Thyroid adenomas increases with age and are present in almost 10-50% of the adult population. 95% of solitary thyroid nodules are benign, and therefore, only 5% of thyroid nodules are malignant.
• Fortunately those of age less than 20, age greater than 70 and male gender are common for Thyroid cancer.
• Fine Needle Biopsy will definitely tell the exact diagnosis.
• My advice is to consult the specialist and ask him pros and cons of surgery.
• So far the patient has nothing to worry except hypertension which needs care on daily basic.

19 May 11, 05:44
Q 4: သမီး အခုကိုယ်ဝန် ၁၂ ပတ် ၂ ရက်ရနေပါပြီ။ အန်တာလဲ မသက်သာသေးပါ။ ၇ ပေါင်လောက် ကျသွားပါတယ်။ ပေါင်ချိန် အရမ်းကျလို့ ဗိုက်ထဲကကလေးအတွက် အန္တရယ်ရှိနိုင်ပါသလား။ လက်ရှိပေါင်ချိန်မှာ ၁၂၃ ပါ။ ဆရာဝန်ပေးသော အအန်သက်သာဆေး ONDANSETRON သောက်ရင်တော့ ၂ ရက်လောက်တော့ စားချင်စိတ် ရှိလာပါတယ်။ ဆေး မသောက်ရင် ၁ ရက်ကို ၃ ခါကနေ ၅ ခါလောက်ထိ အန်ပါတယ်။ တခါတလေ လည်ချောင်းက သွေးတွေတောင် ပါတတ်ပါတယ်။ အဲ့ဒီ အအန်ပျောက်ဆေးက ၃ ရက် ၁ ခါသောက်ရင် ကလေးကို ထိခိုက်နိုင်ပါသလား။ ရေလည်း အများကြီး သောက်ချင်ပါတယ်။ ဆေးသောက်ထားတဲ့နေ့ဆို ရေသောက်နိုင်ပါတယ်။ ဆေးမသောက်တဲ့နေ့ဆို တငုံထက် ပိုရင် အန်ရပါတယ်။ ဒီအန်တာ ဘယ်လောက်ထိ ခံရအုံးမှာလဲ။ ဆရာပြောပြသောစာကို ဖတ်ရပါတယ်။ 18 ပတ်အထိ အန်တတ်တယ်လို့ ဖတ်ရပါတယ်။

• ကိုယ်ဝန်ရှိစအန်တာက ဖြစ်နေကျရောဂါတခု ဖြစ်တယ်။ နည်းနည်းအန်တာနဲ့ မျာများအန်တာ ကွာမယ်။
• တချို့မှာ ထူးထူးခြားခြား ထိန်းမရလောက်အောင် ဆိုးဝါးသူရှိနိုင်တယ်။ ရှားလှပါတယ်။
• မေးတဲ့သူမှာ အလတ်စားဆိုးဝါးတယ်လို့ အကဲဖြစ်ရတယ်။ အန်တာသက်သာဆေးကလဲ ခပ်ပြင်းပြင်း ပေးထားတယ်။
• Ondansetron Oral (Zofran) ဆိုတဲ့ ဆေးကို ခွဲစိတ်ကုသရာမှာအန်တာ၊ ကင်ဆာ-ဆေးတွေပေးလို့ အန်တာ အပါအဝင် အန်ချင်တာမှန်သမျှပေးတယ်။ ဆေးတခုခုကြောင့် အန်ချင်သူဆိုရင် အန်ချင်တဲ့ဆေး မသောက်ခင် နာရီဝက်ကြိုသောက်ရတယ်။ ဓါတ်ကင်လို့ အန်ချင်သူဆိုရင် ၁-၂ နာရီ ကြိုသောက်ရတယ်။ ခွဲစိတ်တာကြောင့် ဆိုရင် ၁ နာရီ ကြိုးပေးတယ်။ အားနဲ့ နီးနီး-ဝေးဝေး သောက်နိုင်တယ်။ တနေ့ကို ၃ ကြိမ်အထိ ပေးနိုင်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်၊ အိပ်ချင်၊ ဝမ်းချုပ်၊ ဗိုက်နာ၊ မျက်စိဝေဝပါး၊ ကြွက်သားလှုတ်၊
• ခံစားနေရသူ ORS ဓါတ်ဆားသောက်ရမယ်။ လိုသေးရင် RL drip သွင်းရမယ်။ ၁ ပုလင်းထဲ မရရင် ထပ်-ဆက် သွင်းဘို့ လိုနိုင်တယ်။
• အစဉ်အလာသုံး အန်တာသက်သာနည်းတွေလဲ သုံးသင့်တယ်။
• ပိုတိကျတဲ့အကြံကတော့ ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန် OG ကို ပြောပြပါ။

2011/5/18
Q 5: သမီးနာမည်က(့) ပါ။ (့) ကပါ။ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ ဝက်ခြံတွေ အများကြီး မျက်နှာရော ကျောပြင်မှာပါ ပေါက်နေတာ အရမ်း စိတ်ညစ်တယ်။ သမီးက ပိန်လည်းပိန်တယ်။ ရာသီကလည်း သိပ်မမှန်ဘူး။ အဲဒါ ဝက်ခြံပျောက်ပြီး ရာသီမှန်အောင် ဘယ်လို နေထိုင် စားသောက် သင့်သလဲဆိုတာ စာပြန်ပေးပါ။

• Acne ဝက်ခြံ ရောင်စုံ ကို ဖတ်ပါ။

2011/5/18
Q 6: မိန်းကလေးတွေက ရာသီလာရင် ဘယ်နှစ်ရက်ကြာတာလဲ။ ရာသီလာလို့ မပြီးသေးဘဲနဲ့ တူတူနေရင်ရော နေလို့ ရလား။ ရာသီလာပြီးမှ နေရမှာလား။ ရာသီမလာလို့ မပြီးသေးဘဲနဲ့ရော နေလို့ ရလား။ ရာသီလာပြီးမှာ နေရင် ကိုယ်ဝန် ရနိုင်လား၊ မပြီးသေးဘဲနဲ့ နေရင်ရော ကိုယ်ဝန်ရနိုင်လား။ ကိုယ်ဝန်တော့ မလိုချင်သေးဘူး။ သူလဲငယ်သေးတယ်။ ကျနော်လဲ ငယ်သေးတယ်။

• ရာသီလာတာ မိန်းကလေး တယောက်နဲ့ တယောက် ကြာချိန် မတူကြပါ။ ၂ ရက်ကနေ ၇ ရက်အထိ ကြာနိုင်တယ်။ အများဆုံးက ၃ ရက်ဖြစ်မယ်။
• ရာသီလာနေတုံး ဆက်ဆံရင် သန့်ရှင်းမှုကိုသာ ဂရုထားဘို့လိုပါမယ်။
• ရာသီလာနေတုံး ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ပါ။
• ရာသီ ပဌမရက် မတိုင်ခင် ၅ ရက်ကနေ ရာသီလာနေတုံးရော၊ လာပြီး ၅ ရက်အထိ ကာလအတွင်း အတူနေပေမဲ့ ကိုယ်ဝန်မရဘို့ သိပ်များတယ်။
• ကိုယ်ဝန်တားနည်းတွေ အားလုံး ရေးထာပါတယ်။ ရှာဖတ်ပါ၊ လိုက်နာပါ။

May 5, 2011 at 7:48 PM
Q 7: ကျွန်တော်တို့ ဇနီးမောင်နှံမှာ သားအကြီးတစ်ယောက်၊ သမီးငယ် တစ်ယောက် ရှိပါတယ်။ နောက်ထပ် သားသမီး တားလိုကြပါသည်။ တစ်ခါတစ်လေ Ecee2 နှင့် အလားသဏ္ဍာန်တူသော ဆေးများကို သောက်ပါတယ်။ တစ်ခါတစ်လေ တစ်လအတွင်း ၃-၅ ကြိမ်အထိ ဆေးသောက်လိုက်ရတာ ရှိပါတယ်။ အမျိုးသမီးရဲ့ ရာသီလာချိန်များ မမှန်တော့ပါ။ လွန်ခဲ့တဲ့ ငါးလလောက်ကစပြီး သွေးအနည်းငယ် ဆင်းတတ်တာက လွဲရင် ပုံမှန် ရာသီသွေးဆင်းမှု မရှိတော့ပါ။ ရာသီသွေး မလာတာ (5) လ ခန့်ရှိပါပြီး။ ဆီးစစ် ကြည့်သောအခါ ကိုယ်ဝန်မရှိပါ။ OG ပြကြည့်သောအခါ ပြသာနာမရှိဟု ပြောပါသည်။ အသားစ စစ်ဆေး ကြည့်မည်ဆိုကာ စစ်ဆေးပါသည်။ အဖြေက ကလေး မွေးပြီးစ မိခင်တစ်ယောက်ရဲ့ ဟော်မုန်းမျိုး ထွက်တာ များနေလို့ ဖြစ်တာလို့ ပြောပါတယ်။ အမျိုးသမီးက ကလေးငယ်ကို နို့တိုက်စဉ်ကလို နို့သီးခေါင်းလေးကို ညှစ်ကြည့်သောအခါ နို့ရည်ကြည်လေး အနည်းငယ်ထွက်ပါသည်။ အသေးစိပ် သိလိုပါသည်။ အမျိုးသမီးပြခဲ့တဲ့ OG အနေနဲ့ နားလည်တဲ့အထိ ရှင်းပြဖို့ သူ့ရဲ့ ဆေးခန်းမှာ မဖြစ်နိုင်ဘူးထင်ပါသည်။ ဘာဖြစ်လို့ ဖြစ်ရတာပါလဲ။ ဘာတွေ အန္တရာယ် ရှိပါသလဲ။ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။ ဘယ်လိုနေထိုင် စားသောက် ရမှာပါလဲ။ ဘယ်လို ကုသမှုမျိုး ခံယူရမှပါလဲ။ ဒီ (5) လအတွင်းမှာ သူ့ရဲ့လက္ခဏာက မကြာခဏ ကိုယ်လက် ကိုက်ခဲ ဖျားနာတတ်ပါသည်။ အဖျားမကြီးပါ။ အကြိမ်ရေ များခြင်းပါ။ ရာသီဥတုက မကြာခဏပြောင်းလဲနေလို့ ဖြစ်တာလို့ ထင်ခဲ့ကြပါသည်။ တုပ်ကွေးလိုလို ဖြစ်တာမျိုး ထင်ပါတယ်။ ဆေးခန်းပြကြည့်လျှင် အာသီးရောင်လို့ ဆိုတာမျိုး အဖြေရခဲ့ပါသည်။ ဘိုင်အိုဂျပ်စစ်၊ အမောက်စလင်၊ သောက်လေ့ သောက်ထ ရှိပါသည်။

• ကိုယ်ဝန်တားဆေးတွေကြောင့် ရာသီကို သက်ရောက်တယ်။ နဲတာ၊ များတာ၊ မလာတာ၊ စတာတွေဖြစ်နိုင်တယ်။
• သိပ်မစိုးရိမ်ပါနဲ့။ OG လဲ ပြထားလို့ စိတ်အေးနိုင်ပါတယ်။
• ဟော်မုန်းတမျိုး များတာအတွက် Hyperprolactinaemia နို့ထွက်-ဟော်မုန်းများခြင်း ကို ရေးထားပါတယ်။ ရှာရတာ ခက်မှာ စိုးလို့ ထည့်ပေးလိုက်ပါတယ်။
• အာသီးရောင်တာ မှန်ရင် (အမောက်ဆာစလင်) ကောင်းပါတယ်။ တပါတ်သောက်ရင် ၄ ရက်ထက် မနည်းစေပါနဲ့။ (ပါရာစီတမော) လဲ သောက်ပါ။

Monday, May 16, 2011

Q and A May 2011 (3)

1. တားဆေးကို ၁ လုံးသောက်ပြီး ရပ်လိုက်ပါတယ် ဝမှာကြောက်လို့ပါ
2. ဘယ်လိုမျိုး ပြုစုစောင့်ရှောက်သွားရင် (ကလေး) ဥာဏ်ကောင်း နိုင်တယ်ဆိုတာ သိချင်ပါတယ်
3. ၁၈ နှစ်လောက်မှာ ရောဂါတစ်ခု စဖြစ်ပါတယ်
4. ၃ လခံ တားဆေး နှစ်လုံးကို တစ်ပြိုင်နက် ထိုးပေးလိုက်တယ်
5. မျိုးဥအိမ် နှစ်ဖက်ထဲကို သွေးခဲက ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်လာရတယ်
6. တီဘီ ဖြစ်ရင်သူတို့က မြို့ ပြင်က ဆေးရုံလိုဟာမျိုးမှာ ထုတ်ထားကြတယ်

May 10, 2011 at 10:31 AM
Q 1: ကျမ အသက် ၂၇ နှစ်ပါ။ ရာသီက အရင်တည်းက မမှန်ပါဘူး။ ၁ လခွဲတခါ၊ ၂ လလောက်တခါမှ ပေါ်ပါတယ်။ ချစ်သူနဲ့ အတူနေမိလို့ ၇၂ နာရီဆေးကိုလည်း တလတခါကို ၃ ခါလောက် သောက်ဖူးပါတယ်။ အခု ရာသီမလာတာ ၃ လ လောက် ရှိပြီမို့ OG နှင့် ပြသခဲ့ပါသည်။ ဆရာဝန်မှ ပေါ်ဆေးထိုးပေးပြီး၊ ၅ ရက်ကြာမှ ရာသီပေါ်မည်ပြောပါသည်။ ရာသီ စပြီးပေါ်သည်နှင့် တားဆေးကဒ်မှ တနေ့ တလုံးနှုန်း နှင့် ၃ လစားရမည်ဟု ပြောပါသည်။ ယခုရာသီပေါ်နေပါပြီ။ အဲဒီ တားဆေးကဒ်က အရမ်း ဝတယ်လို့ သိရပါတယ်။ နဂိုတည်းက ဝနေသူမို့ ဆေးမသောက်ချင်ပါဘူး။ ရာသီတော့ မှန်ချင်ပါတယ်။ သားအိမ် အားကောင်းရင် ရာသီမှန်တယ်လို့ ပြောတာ ကြားဖူးလို့ အားကောင်းအောင် ဘာဆေးများ ရှိပါသလဲ။ တားဆေးကို ၁ လုံးသောက်ပြီး ရပ်လိုက်ပါတယ် ဝမှာကြောက်လို့ပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်းပဲ ဆက်လုပ်သင့်ပါသလား။ ဆရာဝန်မှ ရည်းစား ရှိလျှင်လည်း အမြန်ယူသင့်တယ်လို့ ပြောပါတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲ။ ကလေးယူရန် အခက်အခဲ ရှိနိုင်လို့ပါလား။

• ဟော်မုန်း ၂ မျိုးတွဲပါ တားဆေးက ရာသီ လမှန်စေတယ်။ အိမ်ထောင်ရှိရှိ-မရှိရှိ ဆရာဝန်က ညွှန်တတ်တယ်။
• ဝလာတာ၊ ဝမလာတာ တယောက်နဲ့ တယောက် မတူပါ။
• သားအိမ် အားကောင်းဆေးရယ်လို့တော့ မရှိပါ။ ဆရာ မသိတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့။
• ရာသီ၊ ကိုယ်ဝန်၊ ဝတာ၊ လိင်စိတ်ဆိုတာတွေက ဟော်မုန်းနဲ့ ဆိုင်ပါတယ်။ တခြား အကြောင်းတွေနဲ့လဲ ပတ်သက်သေးတယ်။ အစာအာဟာရ၊ စိတ်၊ ပတ်ဝန်းကျင် စတာတွေပေါ့။
• တားဆေးကို ဆရာဝန်ပြောသလို သောက်သင့်ပါတယ်။ ၁-၂-၃ လ သောက်ကြည့်လို့ ဝတယ်ဆိုရင် ဆရာဝန် ပြန်ပြောပါ။ အရင် ၃ ပါတ် သောက်ရမဲ့ဆေး ကုန်တာနဲ့ ရာသီလာလိမ့်မယ်။
• အိမ်ထောင်ပြုခိုင်းတာက အရေးပေါ်တားဆေး ခဏခဏသောက်နေရတာ ကြာရင် မကောင်းလို့ဆိုတဲ့အချက်လဲ ပါနိုင်တယ်။ ၂၇ နှစ်ဟာ အိမ်ထောင်ပြုဘို့၊ ကလေးယူဘို့ သိပ်ကောင်းတဲ့ အရွယ်လဲ ဖြစ်တယ်။
• ကလေးယူဘို့ ခက်-မခက်ဆိုတာ ဆေးစစ်ကြည့်မှသာ ပြောနိုင်ပါမယ်။
• လူပိုမဝအောင်၊ (ဝိတ်) ကျအောင် လုပ်တဲ့နည်းတွေ လုပ်သင့်ပါတယ်။

May 13, 2011 at 11:59 AM
Q 2: ကျွန်မ သားလေးဟာ ၁ နှစ်နဲ့ ၃ လ ရှိပါပြီ။ Milo (3 in 1 or Pure) တိုက်လို့ရပြီလား သိချင်လို့ပါ။ တစ်ခါ တိုက်ကြည့်မိတာ သူက ကြိုက်နေတော့ တိုက်ချင်မိပါတယ်။ အမြဲတမ်း စွဲတိုက်သွားချင်လို့ ဘယ်အရွယ်မှာ စပြီး ဘယ်လောက် တိုက်လို့ ရသလဲ။ နိ့မှုန့်လည်း တိုက်ပါတယ်။ အစားအစုံလည်း စားတတ်နေပါပြီ။ အလေးချိန် ၂၈ ပေါင် ရှိပါတယ်။ သွား ၈ ချောင်းရှိပါတယ်။ ကျန်းမာပါတယ်။ နောက်ပြီး ချောကလက် ကျွေးရင် ဥာဏ်ကောင်းတယ်လို့ ပြောကြလို့ စနစ်တကျ ဘယ်လိုကျွေးရပါမလဲ။ မြင်းခွာရွက်အရည် နဲ့ ပျားရည် ရောတိုက်ရင် ဥာဏ်ကောင်းတယ် ဆိုတာရော ဟုတ်ပါသလား။ ဘယ်လိုမျိုး ပြုစုစောင့်ရှောက်သွားရင် ဥာဏ်ကောင်း နိုင်တယ်ဆိုတာ သိချင်ပါတယ်ရှင့်။

• ကလေးကို ၆ လကျော်တာနဲ့ ဖြည့်စွက်စာ ကျွေးရတယ်။ ၁ နှစ်ကျော်ရင် အစုံကျွေးနိုင်ပါတယ်။ အစုံဆိုတာ ထမင်း-ဟင်းတွေ ပြောတာပါ။ လူကြီးတွေလို စားလို့ရလာတယ်။ လူကြီးတွေလိုဘဲ နွားနို့၊ လက်ဘက်ရည်၊ ကော်ဖီ၊ အသီးအနှံ၊ သွားရည်စာ စားနိုင်ပြီပေါ့။ သိတဲ့အတိုင်း သွားရည်စာ များရင် ပင်မအစား ထမင်းနည်းတတ်တယ်။
• ချောကလက်လဲ ကောင်းတဲ့အစာပါဘဲ။ ဒါပေမဲ့ ကလေးတွေ သွားမကောင်းဖြစ်ရတဲ့ တရားခံလဲဖြစ်တယ်။ အချိုစာမှန်သမျှ သွားအတွက် သတိထားရမယ်။ အချိုစာတွေထဲမှာ ပါတဲ့ သကြားဓါတ်က သွားရည်နဲ့ ပေါင်းတော့ အက်စစ်ထွက်ပြီး သွားရဲ့ အပေါ်ကြွေလွှာကို ဒုက္ခပေးတယ်။ အချိုဆိုတာထဲ အကုန်ပါတယ်။ ထမင်း၊ သကြား၊ ထန်းချက်၊ ချောကလက်၊ အချိုရည်။
• မြန်မာဆေးနည်းတွေကို ဆရာ သိပ်မသိပါ။
• ဥာဏ်ကောင်းဘို့ဆိုတာ အစာအာဟာရလဲ သက်ရောက်စေနိုင်ပါတယ်။ အစာဆိုတာ နည်းတာ-များတာအပြင် မျှတဘို့က ပိုသတိထားရတယ်။ မျှတတယ်ဆိုတာ အမျိုးအမယ် စုံရမယ်၊ သင့်ရတယ်။ မျိုးဗီဇ၊ ပတ်ဝန်းကျင် လေ့လာမှု၊ သင်ကြားပေးမှု၊ ရောဂါဘယကင်မှုတွေ အားလုံးက ကလေးရဲ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေပါတယ်။

May 12, 2011 at 1:09 PM
Q 3: ကျွန်တော့် ကောင်မလေးက အသက်က ၂၂ နှစ် ရှိပါပြီ။ အိမ်ထောင် မရှိသေးပါဘူး။ အသက် ၁၄ နှစ်ဝန်းကျင်မှာ ရာသီ စပြီး လာပါတယ်။ တစ်ခါလာရင် ၃-၄ ရက်လောက် ကြာပါတယ်။ ၁၈ နှစ်လောက်မှာ ရောဂါတစ်ခု စဖြစ်ပါတယ်။ ရာသီလာခါနီးနဲ့ လာနေတဲ့ အချိန်တွေမှာ ကိုက်ခဲလာပါတယ်။ ရင်သားတွေ တင်းပြီးတော့ နာပါတယ်။ ခါးလဲကိုက်ပါတယ်။ လူတစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲ နေတတ်ပါတယ်။ ဆီးစပ်က အရမ်းကို နာကျင်ကိုက်ခဲပါတယ်။ တစ်ခါတစ်လေဆို အလုပ်ပျက်အကိုင်ပျက်နဲ့ မစားချင် မသောက်ချင် လောက်အောင်ကို ဖြစ်တတ်ပါတယ်။ ဒီလိုအချိန် ဆိုရင် စိတ်အား ငယ်နေတတ်သလို အရာရာကို အဆိုးဘက်က မြင်နေတတ်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာ အနံ့တော့ မရှိပါဘူး။ အခုနောက်ပိုင်း သွေးခဲတွေပါတတ်ပါတယ်။ ညိုပုတ်ပုတ်အရောင် ရှိတတ်ပါတယ်။ ဘယ်ဘက် အခြမ်းက အောင့်တဲ့အခါ အောင့်လိုက် ညာဘက်ကအောင့်တဲ့အခါ အောင့်လိုက်နဲ့ ပုံသေမရှိတက်ပါဘူး။ တစ်ခါတစ်လေ ဆိုရင် Decolgen ဆေးကို တစ်ခါတစ်လေ သောက်ပါတယ်။ တည့်မတည့် မသိတဲ့အတွက် မသောက်စေလိုပါဘူး။ နောက်ထပ် ၁ နှစ် လောက်နေရင် မင်္ဂလာဆောင်တော့မှာပါ။ သူ့မှာ ရှိနေတဲ့ရောဂါကြောင့် ကလေးမရနိုင်မှာကို သူကစိုးရိမ်နေပါတယ်။

• Dysmenorrhea ရာသီလာစဉ် နာကျင်ကိုက်ခံခြင်း ခံစားနေတာပါ။ ရောဂါရတာရယ်လို့တော့ မဟုတ်ပါ။
• Decolgen ဆေးထဲမှာ (Phenylephrine HCl 10 mg နဲ့ Paracetamol 500 mg) ပါတယ်။ နှာရည်ယိုတာ၊ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ အရိုး-အဆစ်နာတာတွေအတွက် သုံးရတယ်။
• အဖြူဆင်းတာလဲ ရောဂါမဖြစ်ဘို့ များပါတယ်။ ဆေးမလိုလောက် သေးပါ။
• ကလေးရဘို့-မရဘို့လဲ ပြောဘို့ သိပ်စောပါသေးတယ်။
• “Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ” ကို ဖတ်ပါ။ လိုက်နာစေပါ။

Q 4: သူ့ရဲ့ရောဂါကို (့) မြို့က (့) ဆိုတဲ့ အထူးကုဆေးခန်းမှာ သွားပြီးတော့ ပြသပါတယ်။ အထူးကု ဆရာဝန်မကြီးက လူကို စစ်ဆေးပြီးတော့ အာထရာဆောင်းလား မသိဘူး ရိုက်ခိုင်းပါတယ်။ မျိုးဥအိမ် နှစ်ဖက်စလုံးမှာ သွေးခဲတွေရှိနေတယ်လို့ ပြောပါတယ်တဲ့။ ခွဲစိတ်ကုသချင်သလား၊ သောက်ဆေးနဲ့ပဲ ကုသချင်သလား၊ ဆေးထိုးပြီးတော့ ကုသမလား ရွေးခိုင်းတယ်။ ခွဲစိတ်ကုသရမှာကို အရမ်း ကြောက်ပါတယ်။ အဲဒါကြောင့် ဆေးထိုးဖို့ကိုပဲ ရွေးပြီးတော့ အိမ်ထောင်သည်တွေက လေးမရအောင် ထိုးတဲ့ဆေး (၃) လခံ တားဆေး နှစ်လုံးကို တစ်ပြိုင်နက် ထိုးပေးလိုက်တယ်လို့ သိရပါတယ်။ ဒီဆေးထိုးပြီး နောက်ပိုင်း သုံးလလောက်ကို ရာသီ မလာတော့ပဲ နေမယ်လို့ ပြောပါတယ်။ ဆေးထိုးတာက အဆင်ပြေတယ် ဒါမှမဟုတ် ဆေးသောက်တာ ဘယ်လို နည်းလမ်းမျိုးက အဆင်ပြေနိုင်မယ်ဆိုတာ ပြောပြပေးပါ။ သူ့ရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို ပို့ပေးဖို့ မှာထားပါတယ်။ မြန်မာပြည်က အင်တာနက်-ကော်နက်ရှင်က သိတဲ့အတိုင်း ဆိုးရွားနေတဲ့အတွက် ရောက်မလာသေးပါဘူး။ ခွဲစိတ်မယ် ဆိုရင်လဲ နည်းနည်းကြီးတဲ့အထိ ထားပြီးတော့မှ ခွဲမယ်လို့ ပြောပါတယ်တဲ့။ ခန္ဓာကိုယ်ထဲမှာ သွေးခဲရှိနေတာကို ဒီအတိုင်း အကြာကြီးထားရင် ပိုဆိုးလာမှာ စိုးရိမ်ပါတယ်။ မျိုးဥအိမ်နှစ်ဖက်ထဲကို သွေးခဲက ဘယ်လိုအကြောင်းကြောင့် ဖြစ်ပေါ်လာရတယ် ဆိုတာလေးကိုလဲ သိချင်မိပါတယ်။ (၃)လခံတားဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလဲ သိချင်ပါတယ်။ ဒီဆေးထိုးထားတဲ့အတွက် ခွဲစိပ်မယ်ဆိုရင်လဲ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ သိချင်ပါတယ်။ ဆေးထိုးထားတဲ့အတွက် ၃ လ လောက် ရာသီမလာပဲနဲ့ရော သူက အပျိုစင် ဖြစ်နေတဲ့အတွက် သင့်လျှော်ပါ့မလား။

• သိပ်မစိုးရိမ်ပါနဲ့။ OG ကနေ အရွေးခိုင်းတာထဲက လုပ်တာမို့ ကောင်းပါတယ်။ မခွဲသေးဘဲ ဆေးနဲ့ စလုပ်တာလဲ ကောင်းပါတယ်။
• ရောဂါနာမည် အတိအကျသိရမှာ ထပ်ပြောသေးတာပေါ့။
• တားဆေးကို အိမ်ထောင်မရှိလဲ ပေးပါတယ်။ စားဆေးရော ထိုးဆေးရော ပေးတတ်ပါတယ်။ ဆေးစာတွေ ရောက်လာရင် ကြည့်သေးတာပေါ့။
• Depo Provera သုံးလခံ ထိုးဆေး ကို ဖတ်ပါ။
မြန်မာပြည်မှာ ဆက်သွယ်ရေးကအစ အားလုံး ပိုအဆင်ပြေအောင် လုပ်တော့ လုပ်နေကြတာဘဲ။ ဖြစ်လာမှာပေါ့။ လူတိုင်းကလုပ်ကြရင် ဖြစ်မှာပါ။

Q 5: ဆေးစစ်ချက်အဖြေကို Attachments နဲ့ တွဲပြီး ပေးလိုက်ပါတယ်။
Uterus RV 8.5x4cm, empty
Endometrium -7mm
No intramural mass
No intraluminal mass
Right TO mass-20x37mm
Left TO mass-20x26mm noted လို့ ရေးထားပါတယ်။
ဒုတိယမြောက်စာမှာ မေးထားတဲ့ မေးခွန်းလေးတွေကိုပါ သိချင်ပါတယ်။ ဒီလိုကာလ အတွင်းမှာ သူ့အနေနဲ့ ဆောင်ရန် ရှောင်ရန် လေးတွေကိုပါ သိချင်ပါတယ်။ ကောင်မလေး လုပ်နေတဲ့အလုပ်က တစ်နေကုန်နီးပါး ဆိုင်ကယ် တစ်စီးနဲ့ အပြင်ထွက်နေရတဲ့အလုပ် ဖြစ်နေပါတယ်။ ဒီအလုပ်ကို သူ့အနေနဲ့ ဆက်ပြီးတော့လုပ်လို့ ဖြစ်မဖြစ်လဲ သိချင်ပါတယ်။

• အစိုးရိမ်မကြီးပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြလဲထားပြီး ကုသမှုလဲ ရနေပြီဘဲ။
• (အာလ်ထွာဆောင်း) မှာ ထူးခြားတာ မပါပါ။ ဓါတ်ပုံကတော့ ဒီအတိုင်းဖတ်လို့ ပြောမရပါ။ ပုံအရှင်ကို ကြည့်မှသာ သိရတာမျိုး ဖြစ်ပါတယ်။
• ဆရာဝန်က မျိုးဥအိမ်မှာ သွေးအောင်းနေတယ်ပြောတာ ဖြစ်နိုင်ပါတယ်။ ဆေးစာတော့ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် လူနာမှာ ရာသီနဲ့ဆက်ပြီး နာကျင်ကိုက်ခဲတာတွေ ဖြစ်နေတာပါ။ စိတ်ပိုင်းကိုလဲ သက်ရောက်နေတယ်။ မိန်းကလေးအတော်များများ ဖြစ်တတ်ပါတယ်။
• ခွဲစိတ်ဘို့ မတိုင်ခင် ဆေးနဲ့ ကုသမှုကို ရွေးချယ်တာလဲ ဥာဏ်ရှိပါတယ်။ ဆရာဝန်က ခွဲကိုခွဲရမယ် မပြောဘူး မဟုတ်လား။
• ခွဲရမယ်ဆိုရင် စောင့်ဘို့ပြောတာလဲ မှန်တယ်။ မစိုးရိမ်ပါနဲ့။ သွေးခဲဖြစ်ဖြစ်၊ အကျိတ်ဖြစ်ဖြစ် ဆိုတာက ရောဂါပိုးတွေ စုဝေးနေတာမျိုးနဲ့ မတူပါ။ ကင်ဆာ-အလုံးနဲ့လဲ တခြားစီပါ။ ဥပမာ ယောက်ျား-ဆီးကျိတ်ကို ကြီးလာမှ ခွဲတယ်။ မျက်စိအတွင်းတိမ်လဲ အဲလိုပါဘဲ။
• အလုပ်အကိုင်ကြောင့် ရာဂါကို သက်ရောက်မှု သိပ်မဖြစ်လောက်ပါ။ သူခံနိုင်ရည်ရှိရင် လုပ်စေပါ။ ဖြစ်တာက မျိုးပွါးလမ်း၊ ဟော်မုန်း ထွက်ရာနေရာ၊ အရွယ်တွေနဲ့ ဆိုင်နေတာပါ။ ပင်ပန်းလို့၊ လှုတ်ရှားလို့ မဟုတ်ပါ။
• ထိုးပေးတဲ့ တားဆေးဆိုတာ တားဘို့ရည်ရွယ်တာ မဟုတ်ဘဲ ဆေးထဲက ဟော်မုန်းသတ္တိအတွက် ဖြစ်ပါတယ်။
• ဆရာဝန်နဲ့ ဆက်ပြနေစေတာ အကောင်းဆုံးပါ။
• ထပ်ပြောပါမယ် အစိုးရိမ်မကြီးပါနဲ့။ ကောင်းလာနေမယ်လို့ မှတ်ယူထားပါ။ အိမ်ထောင်မပြုခင် ကုသနေတာကိုက ကောင်းပါတယ်။

May 15, 2011 at 11:47 AM
Q 6: ကျွန်တော့် နာမည်က (့) ပါ။ အသက်ကတော့ (၂၃) နှစ်ပါ။ အခုလောလောဆယ်တော့ (့) နိုင်ငံ (့) မြို့ မှာ ကျောင်းတက်နေပါတယ်။ ပထမရောဂါတစ်ခုကို အရင်ပြောရရင် တင်ပါးဆုံ အထက်နားက နာပြီးတော့ ကြာကြာ မထိုင်နိုင်တာ။ (၂) လလောက်တော့ ရှိပြီ။ စဖြစ်တုန်းကတော့ နာလိုက်၊ လိမ်းဆေးလေး လိမ်းလိုက် သက်သာသွားလိုက်ဆိုတော့ ရိုးရိုးနာတာထင်တာ။ အခု နောက်ပိုင်းကျမှ ထိုင်မရတဲ့အထိ ဖြစ်လာတော့ တစ်လောက ဆေးခန်းသွားပြတယ်။ ဆေးခန်းကတော့ Nimesil ဆိုတဲ့ဆေး ဝယ်သောက်ခိုင်းတယ်။ အခုအဲဒီဆေး သောက်နေတာ တစ်ပတ်လောက်တော့ရှိပြီ။ သိသိသာသာ သက်သာလာတယ်၊ အရင်လို မနာတော့ဘူး။ ဒါပေမယ့် အရင်တုန်းက အဲဒီ တင်ပါးဆုံနားက နာတာကြောင့် မသိသာပဲ အခုအဲဒါ ပျောက်မှ ဒုတိယရောဂါက ဖြစ်လာတယ်။ ကျောဘက်ကနေ တစ်ချက်တစ်ချက် အောင့်တယ်။ မအီမလည် ဖြစ်နေတယ်။ ဆေးလိပ် သောက်တတ်ပါတယ်။ ကြောက်တာက တီဘီ ရောဂါ ဖြစ်မှာစိုးတာပါပဲ။ အခုတစ်လော ခံတွင်းလဲ ပျက်နေတယ်။ ချောင်းတော့ မဆိုးပါဘူး။ အစားကိုတော့ မှန်အောင် စားပါတယ်။ ဒီ (့) က လူတွေက တီဘီဆို တော်တော် ကြောက်ကြတယ်။ ပြီးတော့ သူတို့ဆီမှာ ဖြစ်တာ သိပ်မရှိဘူး။ အခုဖြစ်နေတာ တီဘီ ဖြစ်နိုင်လားဆိုတာနဲ့ ဘာရောဂါတွေကော ဖြစ်နိုင်သလဲ။ ဒီမှာက အပွင့်လင်းဆုံး ပြောရရင် တီဘီ ဖြစ်ရင်သူတို့က မြို့ ပြင်က ဆေးရုံလိုဟာမျိုးမှာ ထုတ်ထားကြတယ်။ ပြီးတော့ ဒီကဆေးရုံတွေက ဖြစ်တာနဲ့ ခွဲစိတ်တယ် ဆိုတာက များနေတယ်။ ကျွန်တော် စိုးရိမ်တာက မလိုအပ်ပဲ ခွဲစိတ်ခံရမှာကို စိုးရိမ်နေလို့ပါ။ ဘယ်လို ရောဂါမျိုးတွေ ဖြစ်နိုင်တယ်ဆိုတာနဲ့ ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာ ပြောပေးပါအုံး။

• Nimesil ဆိုတာ Nimesulide ဆေးဖြစ်တယ်။ အနာ-အကိုက်-အဖျားသက်သာဆေးမျိုးပါ။
• နောက်ကျော အောင့်တာ ဆေးမစစ်ဘဲ ပြောရရင် အမျိုးမျိုးထည့်စဉ်းစားရတယ်။ သာမန်ကာရှန်ကာ နာတာ ဖြစ်ဘို့ များပါတယ်။ ပြောတဲ့ဆေးနဲ့ သက်သာလိမ့်မယ်။
• အတွင်းရောဂါဆိုရင် ဆေးစစ်မှ သိမယ်။ အောက်ကျရင် ကျောက်ကပ်၊ အထက်ဆို အဆုပ် စသလို။
• တီဘီ လက္ခဏာတွေထဲမှာ နာတယ်ဆိုတာ နောက်ပိုင်းရောက်မှ ဖြစ်တတ်တယ်။ အများဆုံးက လူပိန်လာမယ်။ အစားပျက်လာမယ်။ ဆေးလိပ်သောက်တိုင်းတော့ တီဘီ မဖြစ်ပါ။ အဆုပ်ကင်ဆာကို ပိုသတိထားရမယ်။ ဒါကလဲ ဆေးစစ်မှသိမယ်။ ဓါတ်မှန်နဲ့ ရောဂါတွေကို ဖယ်ထုတ်နိုင်တယ်။
• တီဘီက အသက်ရှူလမ်းကနေ ဝင်တယ်။ ရောက်နေတဲ့နေရာမှာ ရှားတယ်ဆိုရင် မလာခင်ကတည်းက ကူးတာဘဲ ထည့်စဉ်းစားရမယ်။ မလာခင် ဆေးလဲ စစ်မှာပါ။ မရှိလို့သာ ဆေးအောင်တာနေမှာပေါ့။
• တီဘီ မှာ သူများကို ကူးစေတဲ့ Open case တနည်းအားဖြင့် သလိပ်ထဲ ပိုးတွေ့သူကိုသာ သီးသန့်ထားဘို့ လိုပါတယ်။ ဟုတ်ပါမယ်။ တီဘီ ရှားတဲ့တိုင်းပြည်တွေက သိပ်သဲတယ်။ လိုအပ်တာထက် ပိုကြတယ်။
• ခွဲစိတ်တယ်ဆိုတာ ခွဲစိတ်အတူးကုဆရာဝန်တွေက ခွဲသင့်-မခွဲသင့်တော့ သိပါတယ်။ အမြတ်အစွန်း သိပ်ကြည့်တဲ့ စနစ်နဲ့ အလေ့အထကြောင့် တိုင်းပြည် အတော်များများမှာ ခွဲတာစိတ်တာ လိုတာထက် များနေကြတယ်။
• အကြံပေးရရင် ဆရာဝန်တွေက လိုအပ်ရင် ဆေးစစ်ခိုင်းမှာပါ။ Complaint ကိုယ်ခံစားရတာကိုသာ တိတိကျကျ ပြောပြပါ။ ခွဲစိတ်တာကို ကာယကံရှင်နဲ့ Consent မပါဘဲ ဘယ်နိုင်ငံမှာမှ မလုပ်ရပါ။
• နောက်ဆုံး တချက်ကတော့ လိုတာထက် ပိုပြီး မစိုးရိမ်ပါနဲ့။

Dr. တင့်ဆွေ
၁၆-၅-၂၀၁၁

Q and A May 2011 (2)

1. ကိုယ်ဝန်ဆောင်တွေက ခွေးတွေနဲ့ ထိတွေ့မူများရင်
2. ဒီတားဆေး သောက်တာ ၁ နာရီ နောက်ကျသွားပါတယ်
3. လက်ချောင်းလေးတွေ ကပ်ချင်သလိုလို ဖြစ်နေတယ်
4. တစ်ကြိမ်လာပြီး နောက် ၂၈-၂၉ ရက်နေရင် နောက်တစ်ကြိမ် လာပါတယ်

2011/5/6
Q 1: ကိုယ်ဝန်ဆောင်တွေက ခွေးတွေနဲ့ ထိတွေ့မူများရင် ဘာဖြစ်တတ်လဲ။
• ခွေးမှာ ကူးစက်ရောဂါ မရှိရင် ဘာမှမဖြစ်ပါ။ ကိုယ်ဝန်ဆောင်ဖြစ်ဖြစ် တခြားလူဖြစ်ဖြစ် အတူပါဘဲ။

2011/5/7
Q 2: သမီး ဒီနေ့ MICROGESTIN FE 1.5/30 TABLETS ဒီတားဆေး သောက်တာ ၁ နာရီ နောက်ကျသွားပါတယ်။ ဘယ်လို လုပ်ရပါမလဲ။ နောက်နေ့ရော ဘယ်လို ပြန်သောက်ရပါမလဲ။ ဒီနေ့ ၁ နာရီမှာ သောက်ရမှာ ၂ နာရီမှ သတိရလို့ သောက်ပါတယ်။ နောက်နေ့ ဘယ်ချိန်စသောက်ရပါမလဲ။ ဆေးသောက်တာနောက်ကျရင် ကိုယ်ဝန်ရနိုင်ပါသလား။
• Microgestin FE ကို ဖတ်ပါ။

2011/5/4
Q 3: ကျမ အမေ အသက် ၆၁ ရှိပါပြီ။ အမေက ပိန်ပါတယ်။ အခုတလော အမေက ခြေချောင်း လက်ချောင်းလေးတွေ ကပ်ချင်သလိုလို ဖြစ်နေတယ်တဲ့ နောက် ကျင်သလိုလိုခံစားရတယ်တဲ့ အဲဒါ ဘာဖြစ်တာပါလဲ။ လေဖြတ်တာတွေများ ဖြစ်တက်ပါသလား။ လိမ်းဆေး ဘာဆေးတွေ သုံးဖို့ သင့်ပါသလဲ။ သောက်ဆေးရောသုံးဖို့ လိုအပ်ပါသလား။

ကိုက်တာ နဲ့ ကပ်တာ မတူကြပါ။ ကပ်တာက ကယ်လ်စီယမ် နည်းတာနဲ့ ဆိုင်တာများတယ်။ အသက်လဲကြီသူတွေ ကယ်လ်စီယမ် စားဆေး သောက်ရမယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ လိုတယ်။ သွေးဖိအား Blood pressure ချိန်ပါ။ လိုရင် ပြောပါ။ လေဖြတ်တာက သွေးတိုးများတာနဲ့ အဝလွန်တာတွေကနေ ဆက်ဖြစ်နိုင်တယ်။ အဲဒါတွေကောင်းရင် စိုးရိမ်စရာမရှိပါ။ Neurobion tablet စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် ကြာကြာ သောက်စေပါ။

2011/5/3
Q 4: ကျွန်တော်က နိုင်ငံခြားမှာ အလုပ် လုပ်ပါတယ်။ ဇနီး အသက်က ၄၅ နှစ် ကလေး မရှိပါ။ အရင်က ဇနီးရဲ့ Menstruation က တစ်ကြိမ်လာပြီး နောက် ၂၈-၂၉ ရက်နေရင် နောက်တစ်ကြိမ် လာပါတယ်။ အခု တစ်ကြိမ်လာပြီး နောက် ၃ဝ-၃၁ ရက်နေ့မှ နောက် တစ်ကြိမ် လာပါတယ်။

Depend upon her ages 45 years is this symbol of menopause? OR What is her problem? What is your suggestion regarding this issue? Your quick reply will be highly appreciated.

According to her age it is most likely pre-menopausal symptom. A woman will experience irregular menstrual cycles. It can be shorter or longer. Then she will have additional symptoms. Please read the following writing.

However she should consult an OG if possible to exclude non-menopausal illness.

Menopause သွေဆုံး-သားဆုံး ကို ဖတ်ပါ။

Dr. တင့်ဆွေ
၁၆-၅-၂ဝ၁၁

Thursday, May 12, 2011

Scorpion sting ကင်းသုံးကင်း တကင်းပြီးသလား

9 May 11, 18:40
ကျနော့် ခြေထောက်ကို အကောင်တစ်ကောင် ကိုက်သွားတယ်။ ဘာကောင်မှန်း မသိဘူး။ အဆိပ်ဖြေဆေး ဘာသောက်သင့်လဲ ပြောပြပေးပါ။
10 May 11, 12:59
ကင်းခြေများ ကိုက်ခံရတာ ခြေထောက်ယောင်နေတယ်။ ဘာသောက်သင့်လဲ။ ဆရာ့ဆိုဒ်မှာ အဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင် ဘယ်လို လုပ်ရမယ်ဆိုတာ မရှိဘူး။ အချိန်ရရင် ရေးပေးစေချင်ပါတယ်။

အရေးအကြီးဆုံး ကင်း သုံးကင်း ရှိတယ်လို့ ပြောကြတယ်။ Centipede ကင်းခြေများ၊ Scorpion ကင်းမြီးကောက်နဲ့ Black-earth Scorpion ကင်းမ-လက်မည်း (ကင်းပုစွန်) တွေကို ပြောကြတာ များမယ်ထင်တယ်။ တခြားကင်းတွေလဲ ရှိသေးတယ်။ Millipede ကင်းနားသန်၊ Scolopendra ကင်းစုန်း၊ Grass-lizard ကင်းလိပ်ချော။ နောက်ပြီး Cuttle fish ကင်းမွန် ကတော့ စားရတဲ့ ငါးအုပ်စုထဲက ဖြစ်တယ်။

လူတယောက်ဟာ ကင်းသုံးကင်းမှာ တကင်း ပြီးတယ်လဲ ပြောကြတယ်။ ဒီလို အကောင်တွေ ကိုက်ရင် သေတယ် ဆိုတာတော့ ရှားတယ်။ ဘယ်အကောင် ကိုက်ကိုက် ဖြစ်တာတွေကလဲ ဆင်တူသေးတယ်။ နဲနဲခံရတာနဲ့ များများ ခံရတာတော့ ရှိမှာပေါ့။ (အလာဂျီ) ဖြစ်မှသာ ဆိုးတယ်။ အင်ပြင်ထတာကနေ ပျို့တာ-အန်တာအပြင် (ရှော့ခ်) ရတဲ့အထိ ဖြစ်နိုင်တယ်။

ကင်းခြေများ
စားလို့ရတာ အကုန်စားတဲ့ တရုတ်တွေက ကင်းခြေများကို "ဝူကုန်း" ခေါ်တယ်လို့ ပြည်ပပို့ကုန် တင်သွင်းချင်သူတွေအတွက် ကြော်ညာမှာ ရေးထားတယ်။ ကင်းခြေများဟာ ပိုးနသန်ကောင်နဲ့ မှားခေါ်တာခံရတတ်တဲ့ အကောင် ဖြစ်တယ်။ အဆစ်ပေါင်း ၁၂-၁ဝဝ ဆစ် နဲ့ ခြေထောက်တွေ အများကြီး ရှိတယ်။ ချွန်ထက် မာကျောပြီး၊ အမြီးနှစ်ခွမှာရှိတဲ့ (ဂလင်း) အိတ်က အဆိပ် ထွက်လာမယ်။
• အကိုက်ခံရရင် နာမယ်၊ ရောင်မယ်၊ နီရဲနေမယ်၊
• တခါတလေ အနီးအနားက တက်စေ့တွေ ရောင်လာမယ်။
• ကိုက်တဲ့နေရာ ထုံကျင်နေမယ်။
• စိတ်အေးအေးထားပါ။
• အကိုက်ခံရတဲ့နေရာကို ဆပ်ပြာနဲ့ရေနဲ့ ကောင်းကောင်းဆေးကြောလိုက်ပါ။ အရက်ပြန်-အရက် မသုံးပါနဲ့။
• ရေခဲတင်ပေးပါ။ ၁ဝ မိနစ်တခါ တင်လိုက်၊ နားလိုက်လုပ်ပါ။
• ၄၈ နာရီအထိ အဆိပ်ဒဏ်ခံရနိုင်တယ်။ ဒါထက်ကြာကြာ သိပ်ဆိုးဝါးသူတွေလဲ ရှိတတ်တယ်။
• နာတာသက်သာအောင် Acetaminophen နဲ့ Ibuprofen တခုခုကို အစာနဲ့တွဲ သောက်ပါ။
• ရောင်တာ၊ ယားတာသက်သာအောင် Hydrocortisone cream လိမ်းဆေး တခုခုလိမ်းပါ။
• မေးခိုင်ကာကွယ်ဆေး ATT မထိုးရသေးရင် ထိုးပါ။
• အနာဖြစ်သွားရင် ဆေးထည့်ပါ။ လိုအပ်ရင် ပိုးသေဆေးသောက်ပါ။
• အဆိပ်ကနေ သေစေတယ်ဆိုတာ မရှိဘူး။
• ဆိုးဝါးရင် (အလာဂျစ်) ဖြစ်ရင် အသက်ရှူရခက်လာမယ်၊ နှလုံးခုန်တာ မြန်လာမယ်၊ လည်ပင်းအစ်လာမယ်၊
• အရေးပေါ်ဌာနသွားရသူတွေကို ဆေးစစ်ဆေးမှုတွေလုပ်မယ်။ အသက်ရှူကူဘို့လိုရင် လုပ်ပေးမယ်။ သွေးပြန်ကြောထဲ ဆေးသွင်းဘို့ လိုရင် လုပ်မယ်။ ဆေးလိုသူတွေကို ပေးမယ်။

ကင်းမြီးကောက်၊ ကင်းမ-လက်မည်း (ကင်းပုစွန်)
သူများတွေဆီမှာ ကင်းမြီးကောက်ကို ပိုနေရာပေးကြတယ်။ ရုပ်ရှင်ရိုက်တာတောင် Scorpion King နှစ်ကား ရှိနေပြီ။ ဒီအကောင် အကြောင်းက ဆေးစာမှာလဲ နေရာပိုရတယ်။ ကင်းကိုက်ခံရတာဟာ တိုးတက်ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေမှာ လူထုကျန်းမာရေး ပြဿနာတရပ် ဖြစ်တယ်။ နှစ်စဉ် လူ ၁့၂ သန်း အကိုက်ခံနေရတယ်လို့ စစ်တမ်းခုက ဆိုတယ်။ သူ့စာရင်းမှာ ၃၂၅ဝ ဦး သေဆုံးတယ်၊ မက်ဆီကိုမှာ တနှစ် လူ ၁ဝဝဝ သေပေမဲ့၊ အမေရိကားမှာတော့ ၁၁ နှစ်အတွင်း ၄ ယောက်သာ သေတယ်။ အမျိုးအစားပေါင်း ၁၅ဝဝ လောက်ထဲမှာ လူကို ဒုက္ခပေးတာက ၃ဝ-၅ဝ ရှိတယ်။ တရိဂံပုံက ဆိုးတယ်။ ငါးမြှောင့်ပုံက မဆိုးလှဘူး။ ဥပမာ Buthidae family ဖြစ်တယ်။ အာရှမှာ တွေ့နိုင်တာတွေက Mesobuthus, Buthotus နဲ့ Androctonus တွေ ဖြစ်တယ်။

သာမန်ကာရှန်ကာ ဖြစ်တာကို ရှေးဦးသူနာပြုလုပ်တာ၊ အနာအကိုက် သက်သာဆေး၊ (အင်တီဟစ်စ်တမင်း) ဆေးပေးတာနဲ့ ရတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေ အကိုက်ခံရရင်တော့ မပေါ့ရဘူး။ အဆိပ် သိပ်ပြင်းတဲ့ အရပ်က အကောင်တွေအတွက် ဖြေဆေး ဖေါ်ထားတယ်။ ဥပမာ (အရီဇိုနာ) ကင်းတွေအတွက် Antivenin ပေါ်နေပြီ။ ဆိတ်သွေး ကနေ ဖေါ်ထားတာ။ တိရစ္ဆာန်ကနေ မထုတ်တဲ့ Anascorp ဆေးကိုလဲ စမ်းသပ်နေတယ်။

အကိုက်ခံရပြီး သွေးပြန်ကြောကတဆင့် အဆိပ်က ပြန့်သွားမယ်။ ၄-၇ မိနစ်မှာ လက္ခဏာတွေ ပြမယ်။ ၃ဝ မိနစ်မှာ အပြင်းထန်ဆုံးနဲ့ ၄့၂ ကနေ ၁၃့၎ နာရီအထိ ကြာနိုင်ပြီး၊ ကိုယ်ထဲကနေ ဆီးကတဆင့် ထွက်သွားမယ်။ Neurotoxin, Cardiotoxin, Nephrotoxin, Hemolytic toxin, Phosphodiesterases, Phospholipases, Hyaluronidases, Glycosaminoglycans, Histamine, Serotonin, Tryptophan, Cytokine releasers အဆိပ် အမျိုးမျိုး ပါနိုင်တယ်။

အကိုက်ခံရတဲ့နေရာမှာ -
• စူးရှပြီး လောင်သလို နာမယ်။ ယားလာမယ်၊ နီရဲ-ရောင်လာမယ်။ အထက်တက်ပြီး ခံစားလာရမယ်။
• လျှပ်စစ်ဓါတ်လိုက်သလို နေတယ်။ ရက်တွေ ကြာအောင် ခံစားနေရတတ်တယ်။
• ဖြစ်တဲ့နေရာကို ခေါက်ကြည့်ရင် မခံနိုင်ဘူး။ သူ့အပေါ် အဝတ်တင်တာတောင် မခံချင်ဘူး။
• အနီးအနားက တက်စေ့တွေ ရောင်တတ်တယ်။
• အကိုက်ခံရတဲ့နေရာမှာ အဖုပေါက်နိုင်တယ်။ အနာလိုဖြစ်တာက ရှားတယ်။
• Centruroides အကောင်းက အသက်သာဆုံးနဲ့ C exilicauda က အဆိုးဆုံး။

(က) Neurologic signs အာရုံကြော-လက္ခဏာတွေ =
• Central nervous system signs ဗဟိုအာရုံကြော = ထုံတာ-ကျင်တာ ခြေတွေ-လက်တွေမှာ ဖြစ်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ ဂရောင်ခြောက်ခြားဖြစ်မယ်၊ အမူအယာ မတူတာ ဖြစ်မယ်။
• Autonomic nervous system signs (အော်တိုနောမစ်) အာရုံကြော =
1. Sympathetic signs (ဆင်ပသက်တစ်) = ကိုယ်ပူ၊ နှလုံးခုန်မြန်၊ သွေးဖိအားတက်၊ နှလုံးခုန် မမှန်၊ အဆုပ်ပွတာ၊ သွေးထဲမှာ အချိုဓါတ်များတာ။
2. Parasympathetic signs (ပါရာဆင်ပသက်စတစ်) = လေပြွန်ကျဉ်း၊ နှလုံးခုန်နှေး၊ သွေးဖိအားကျ၊ သွားရည်များ၊ မျက်ရည်များ၊ ဆီးများ၊ အစာခြေရည်များ၊ ဝမ်းလျှော၊ နှာရည်များ၊ လေပြွန်ထဲ အရည်များ၊ ဆီး-ဝမ်း အထိန်းရခက်၊ လိင်အင်္ဂါ ပြန်မကျအောင် သန်မာ၊ အမြိုရခက်၊ သူငယ်အိမ်ကျဉ်း။
(ခ) Somatic signs (ဆိုမက်တစ်) လက္ခဏာတွေ = ကြွက်သားတွေတင်း၊ စိတ်အလိုမပါဘဲ ကြွက်သားတွေလှုတ်၊
(ဂ) Cranial nerve signs ဦးနှောက်-အာရုံကြော-လက္ခဏာတွေ = အပေါ်မျက်ခွံ အောက်ကျ၊ မျက်လုံး လည်-လှုတ်-ကြည့်မကောင်း၊ သူငယ်အိမ်ကျယ်၊ လျှာလှုတ်၊ အမြိုရခက်၊ သွားရည်များ၊
(ဃ) Cardiovascular signs နှလုံး-လက္ခဏာတွေ = သွေးဖိအားတက်၊ သွေးဖိအားကျ၊ နှလုံးခုန်မြန်၊
(င) Respiratory signs အသက်ရှူလမ်း-လက္ခဏာတွေ = အသက်ရှူမြန်၊ အဆုပ်ပွ၊
(စ) Allergic signs (အလာဂျီ)-လက္ခဏာတွေ = အင်ပြင်ထ၊ ဖူးရောင်၊ လေပြွန်တုန်ခါ၊ (အနာဖလက်ဆစ်-ရှော့ခ်)၊
(ဆ) Gastrointestinal signs အစာလမ်း-လက္ခဏာတွေ = သွားရည်များ၊ အမျိုရခက်၊ ပျို့-အန်၊ အစာအိမ်တင်း၊ အစာခြေရည်များ၊ သကြားဓါတ်များ၊ အသဲအဆိပ်သင့်၊

အဆင့်တွေ -
1. Grade I အကိုက်ခံရတဲ့နေရာမှာသာ နာတာနဲ့ ထုံကျင်တာ ၈၃%၊
2. Grade II အကိုက်ခံရတဲ့နေရာကနေ ဆက်ပြန့်ပြီး နာတာနဲ့ ထုံကျင်တာ ၉့၃%၊
3. Grade III ဦးနှောက်အာရုံကြောဖြစ်ဖြစ် (ဆိုမက်တစ်) အာရုံကြောဖြစ်ဖြစ် လက္ခဏာတွေရှိတာ ၄့၇%၊
4. Grade IV ဦးနှောက်အာရုံကြောရော (ဆိုမက်တစ်) အာရုံကြော လက္ခဏာတွေပါ တွဲရှိတာ ၃%။

ဘာလုပ်မလဲ -
• ရှေးဦးသူနာပြုစုပါ။ အသက်ရှူလမ်း၊ သွေးစီးဆင်းမှု ကောင်းနေ-မနေ သိနေအောင် လုပ်ပါ။ အကိုက်ခံရတဲ့ နေရာကို မလှုတ်ရှားပါနဲ့။ လူနာကို နှစ်သိမ့်ပါ။ အကိုက်ခံရတဲ့နေရာကို ရေဆေးပါ။ ဆပ်ပြာဘဲ သုံးပြီး အရက်ပြန် မသုံးရပါ။
• ၂ နာရီ အတွင်းဆိုရင် ရေခဲတင်ပါ။ အဆိပ် ဆက်မပြန့်စေဘူး၊ သွေးကြောတွေကို ကြုံ့စေမယ်။
• (အလာဂျီ) ရလို့ လည်ပင်း ရောင်တဲ့သူဆိုရင် အစာမစားစေနဲ့။
• အနာသက်သားဆေး ပေးနိုင်တယ်။ ဘိန်းပါတာ၊ မူးယစ်စေတာ မပေးပါနဲ့။
• လေစုပ်ကရိယာကို သုံးနိုင်တယ်။ ထိရောက်မှု သိပ်တော့ မသေခြာလှဘူး။ ပါးစပ်နဲ့ မစုပ်ရ။
• လက်ကောက်ဝတ် သွေးခုန်တာ၊ နှလုံးခုန်တာ၊ အသက်ရှူတာတွေကို စစ်ဆေးစောင့်ကြည့်နေပါ။
• ဆေးရုံကို မရောက်နိုင်မီ အကိုက်ခံရတဲ့နေရာ အထက် ၁ လက္မအကွာမှာ ကြိုးချည်ပေးပါ။ ဒီလိုလုပ်တာက အကိုက်ခံရတဲ့ နေရာအတွက်တော့ ပိုဆိုးစေနိုင်တယ်။
• ကိုက်တဲ့နေရာမှာ ထုံဆေးလိမ်းပါ။ အနာကို ပိုးမဝင်အောင် ဆေးထည့်ပါ။
• Oxygen လိုအပ်ရင် အောက်စီဂျင် ပေးမယ်။
• Intravenous fluids လိုအပ်ရင် သွေးပြန်ကြောထဲ ဆေးသွင်းတာ လုပ်ပေးမယ်။
• Insulin ဆေးလဲ လိုရင်ပေးနိုင်တယ်။
• Shock and Edema အတွက် Steroids ပေးနိုင်တယ်။
• Antihistamines (အင်တီဟစ်တမင်း) ဆေးအုပ်စုထဲက Cimetidine နဲ့ Diphenhydramine ကို သုံးနိုင်တယ်။
• မေးခိုင်ကာကွယ်ဆေး ATT ထိုးပါ။ ပိုးမဝင်အောင် ပိုးသေဆေးပေးပါ။
• Diphtheria-tetanus toxoid နဲ့ Tetanus immune globulin (TIG) ဆေးတွေ သုံးဘို့ လိုတတ်တယ်။
• Benzodiazepines ကြွက်သားပျော့ဆေး သုံးနိုင်တယ်။
• Lorazepam (Ativan) စိတ်သက်သာရာ ရစေဘို့သုံးနိုင်တယ်။
• Midazolam နဲ့ Pentobarbital ဆေးတွေကို တက်တာမဖြစ်အောင်၊ အိပ်သွားစေအောင် သုံးတယ်။
• Bupivacaine (Marcaine) ကိုက်တဲ့နေရာမှာ နာတာအတွက် သုံးတဲ့ထုံဆေးဖြစ်တယ်။
• Labetalol, Prazosin, Hydralazine နဲ့ Norepinephrine ဆေးတွေကို သွေးဖိအားတက်တာအတွက် သုံးတယ်။
• Atropine, Milrinone နဲ့ Dobutamine ဆေးကို နှလုံးရပ်မသွားစေအောင် သုံးနိုင်တယ်။
• Antivenom အဆိပ်ဖြေဆေးရှိရင် ပေးတာ အကောင်းဆုံးဖြစ်တယ်။

ခံစားရတာတွေဟာ မိနစ်ပိုင်းကနေ ၃ ရက်အထိ ကြာနိုင်တယ်။ သေတဲ့အထိ ဖြစ်ရတာက အသက်ရှူလမ်းမှာ ဆိုးဝါးလာလို့ ဖြစ်တယ်။ Anaphylaxis (အနာဖလက်ဆစ်-ရှော့ခ်) ကြောင့် လေပြွန်ကျဉ်းတာ၊ လေပြွန်ထဲ လည်ချောင်းထဲမှာ အရည်တွေ ထွက်တာ၊ အသက်ရှူရာသုံးတဲ့ ကြွက်သားကြီး လေဖြတ်တာတွေ ဖြစ်တယ်။ ချက်ချင်း ထိထိရောက်ရောက် ဆေးကုရမယ်။

တိုင်းရင်းဆေးနည်း -
1. “သံလွင်ဆီကို ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ရင် ကင်းဆိပ်ဖြေဆေး အဖြစ် သုံးနိုင်တယ်။”
2. “ကြက်သွန်နီကို မီးဖုတ်၊ နွမ်းပျော့သွားတဲ့အခါ ငရုတ်ဆုံထဲ ကြိတ်ခြေပြီး၊ ထွက်လာတဲ့ အရည်ကို လိမ်းပေးပါ။ အဖတ်ကိုလည်း အုံစည်းပေးထားနိုင်တယ်။”
3. “မန်းကျည်းစေ့ကို သွေးပြီး လိမ်းပေးပါ” လို့ မှတ်သားရပါတယ်။

ဘုရားကု -
1. ပရိတ်ပရိကံ မြန်မာပြန် = သမ္မာဒေဝ နတ်ကောင်း-နတ်မြတ်တို့သည် မင်းဘေး၊ သူခိုးဓားပြဘေး၊ လူရိုင်း-လူပျက်ဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရေဘေး၊ မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ခလုပ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော နက္ခတ်ဘေး၊ ဇနပုဒ်၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါဘေး၊ မတရားဘေး၊ အယူလွဲမှားဘေး၊ သူယုတ်မာဘေးနှင့် ကြမ်းတမ်းသော ဆင်၊ မြင်း၊ သားရဲ၊ နွား၊ခွေး၊ မြွေ၊ ကင်းမြီးကောက်၊ မြွေစိမ်း၊ သစ်၊ ဝံ၊ အောင်း၊ ဝက်၊ ကျွဲ၊ ဘီလူး၊ ရေစောင့်ဘီလူး တို့ကြောင့် ဖြစ်ပွားတတ်သော အထူးထူးသောဘေး၊ အထူးထူးသော ရောဂါ၊ အထူးထူးသော ဥပဒ္ဒဝေါများ မဖြစ်ပွားအောင် စောင့်ရှောက်တော်မူကြပါ။
2. ခန္ဓသုတ် မြန်မာပြန် (၇) = ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် မြင့်မြတ်တော် မူကြပါပေသည်။ မြွေ၊ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာ ကိလေသာ ပြည့်ဝ ယုတ်ညံ့ ကြကုန်၏။

Dr. တင့်ဆွေ
၁၂-၅-၂ဝ၁၁

Friday, May 6, 2011

Q and A May 2011 (6)

1. ခါးနာရောဂါအတွက် ဖြစ်ပါတယ်
2. အကောင်းဆုံး (ကွန်ဒွမ်) ကို လမ်းညွှန်ပေးလို့ရမလား
3. ကိုယ်ဝန်ရှိတာ ၁ လကျော်မှ သိတော့
3. ကျမရောဂါက ဂရင်ဂျီနာများလား
5. RAI SCAN လုပ်စေချင်တယ်တဲ့
6. ကလေးရဲ့ ကျန်းမာရေး ထိခိုက်မှာကိုစိုးတဲ့အတွက်
7. Salmon fish နှင့် ငါးမြင်း ငါးများဟာ Sardines လို Purine-rich ငါးများ ဖြစ်ပါသလား

2011/5/24
Q 1: သူငယ်ချင်း မိန်းကလေးရဲ့ ခါးနာရောဂါအတွက် ဖြစ်ပါတယ်။ သူက (့) မှာ ကွန်ပျူတာဖြင့် အလုပ်လုပ်ပါတယ်။ ခါးနာနေပါတယ်။ ဆေးလိမ်းလို့လည်း မသက်သာဘူးလို့လည်း ပြောပါတယ်။ ကြာကြာထိုင်ပြီး အလုပ် မလုပ်နိုင်ပါဘူးတဲ့။ အထိုင် ကြာလျှင် ခါးနာလာလို့ပါ။ အသက်က ၂၆ နှစ်ပါ။ ကိုယ်အလေးချိန်က ၁၆ဝ ကျော်လောက် ရှိပါတယ်။ တော်တော် ဝပါတယ်။ သူ့မှာ သွေးတိုးလည်း ရှိပါတယ်။ သွေးတိုးကြောင့်များ ကျောက်ကပ် ထိခိုက်မှာ စိုးပါတယ်။ ကျောက်ကပ်ကြောင့်များ ခါးနာသလား ဒါမှမဟုတ် ရိုးရိုးပဲလားဆိုတာ သိချင်ပါတယ်။ ကျောက်ကပ်ကြောင့် ခါးနာလျင် ဘယ်လို လက္ခဏာများ သိရန်လိုအပ်ပါသလဲ။

ခါးနာသက်သက်အတွက် ရေးထားတာ ပို့လိုက်ပါတယ်။ စာမဖတ်ခင် တောင်းပန်ရအုံးမယ်။ အဲဒီစာရေးတုံးက ဆေးပညာစာ သက်သက် မဟုတ်ခဲ့ဘူး။ (ဘလော့ခ်) တခုမှာ စာရေးရင်း ကျန်းမာရေး အသိလေးပါ ပေးချင်လို့ ထည့်လိုက်တာ။ အပိုအဆာတွေကို ရှောင်ဖတ်ပေတော့။ ကိုယ်အလေးချိန် များသူတွေ ရောဂါ ပိုများတတ်တယ်။ အလေးချိန် လျော့နည်းလဲ ရေးထားတာလေး ပို့လိုက်မယ်။ ကျောက်ကပ်ဆိုရင် ဆီးမှာ တခုခု လာဖြစ်မယ်။ ဆီးစစ်ပါ။ လိုအပ်ရင် (အာလ်ထွာဆောင်း) ရိုက်စေပါ။ လိုသေးရင်မေးပါ။ ကျောက်ကပ် ရောင်ရင်၊ ကျောက်ရှိရင် ခါးနေရာမှာ နာနိုင်တယ်။ ဘယ်-ညာ တဖက်ဖက်ဖြစ်နိုင်တယ်။ ကျောက်ကပ်ဟာ ခါးရိုးမကြီး အလည်မျဉ်းကနေ ၂့၅ နဲ့ ၉့၅ စင်တီမီတာအတွင်း၊ နံရိုးနံပါတ် ၁၁ နဲ့ ခါးဆစ်ရိုးနံပါတ် ၃ ကြားမှာ ရှိတယ်။
• Back Pain ခါးကောင်းမောင်းသန်ကြစေ၊
• Weight loss ပိန်ချင်သလား တွေကို ဖတ်ပါ။

2011/5/24
Q 2: Safe အဖြစ်ဆုံးနဲ့ အကောင်းဆုံး (ကွန်ဒွမ်) ကို လမ်းညွှန်ပေးလို့ရမလား။ တချို့ (ကွန်ဒွမ်) တွေမှာ အချိန်ကြာတဲ့ ထုံဆေးတွေ ထည့်ထားတယ် ပြောတယ်။ အဲဒါ သုတ်လွှတ်မြန်တဲ့လူတွေအတွက် အဆင်ပြေနိုင်ပါသလား။ မသုံးကြည့်ရသေးလို့ပါ။ KY jelly က ထုတ်တဲ့ ကြာတဲ့လိမ်ဆေးတွေရှိတယ် ပြောတယ်။ ဘယ်လောက် ကြာကြာထိ ဆက်ဆံလို့ရလဲ။ အဲဒီဆေးတွေ လိမ်းထားရင် ခံစားမှုကို သိရှိနိုင်ပါ့မလား။ အကယ်လို့ အဲဒီဆေးလိမ်ပြီး ကွန်ဒုံ မစွပ်ရင် အမျိုးသမီးရော အဲဒီဆေးကြောင့် သူရောခံစားမှုရှိနိုင်ပါ့မလား။ သူပါ ထုံနေမှာ စိုးလို့ပါ။ အကောင်းဆုံး နည်းလမ်းများ ရှိရင် အချိန်ကြာကြာ နည်းလမ်းများကို ညွှန်ပြပေးစေလိုပါတယ်။ ဆက်ဆံတဲ့နေရာမှာ အချိန် အတိုင်းအတာ ပမာဏ လိုအပ်ပါသလား။ တစ်ချို့က အချိန်ကြာကြာ ဆက်ဆံတာကို ကြိုက်သလို။ တစ်ချို့က အချိန်ကြာကြာ FOREPLAY လုပ်တာကို ကြိုက်ကြတယ်။ ဘယ်ဟာက ကျေနပ်မှု အထိရောက်ဆုံးလို့ ထင်ပါသလဲ။

• တရားဝင် အသိအမှတ်ပြုတဲ့ (ကွန်ဒွမ်) ထဲမှာ ကြာစေမဲ့ဆေး နဲ့ ထုံဆေး ထည့်မသုံးပါ။
• ဒါပေမဲ့ စီးပွါးရေးသမားတွေက သိတဲ့အတိုင်းဘဲ၊ ငွေရပြီးရော လုပ်ချင်တာ လုပ်ကြတယ်။ အဲလိုအမျိုးအစားတွေ သိပ်မသိပါ။ သုတေသနလဲ မရှိသေးပါ။
• ထုံးဆေးရဲ့သဘောက ထုံနေတာမို့ နာတာ-ကျင်တာ-ထိတာ-ကိုင်တာကအစ မသိစေပါ။ တယောက်အင်္ဂါမှာ သုတ်ထားရင် ထိတွေ့မဲ့ အဖေါ်ရဲ့ အင်္ဂါကိုလဲ ထုံဆေး ကူးရောက်စေနိုင်တယ်။ သူ့ဆေးအစွမ်းက ကြာတော့ မကြာပါ။ ပိုးသန့်တာဆိုရင် ရောဂါမရနိုင်ပါ။
• ဆက်ဆံတာမှာ အချိန်လိုအပ်ပါတယ်။ လူတွေက မတူကြဘူး။ ယေဘုယျ ပြောရရင် ဒီစိတ်မျိုးဟာ အလွန်မတန် ပြင်းပြတာမို့ ကြာသထက် ကြာစေချင်မယ်။ တချို့မှာ အချိန်တိုလွန်းတော့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်တယ်။
• တိတိကျကျ ပြောရရင် အချိန်ဆိုတာထက် Orgasm and pleasure စိတ်ကျေနပ်မှုက ပိုအရေးကြီးပါတယ်။ အချိန်၊ ကျေနပ်မှု စတာတွေကလဲ တသမတ်ထဲတော့ မဟုတ်ပြန်ပါ။ လူ့စိတ်ဆိုတာ တယောက်တမျိုး၊ တခါတမျိုး ဖြစ်တတ်တယ်။ နှစ်ဦးနှစ်ဘက် နားလည်ကြလေ ဆက်ဆံရေး သာယာ-ကောင်းမွန်လေ ဖြစ်ပါမယ်။
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) ကို ဖတ်ပါ။

2011/5/24
Q 3: ကိုယ်ဝန်ရှိတာ ၁ လကျော်မှ သိတော့ ဘာတိုက်ရဘာလဲ။ ချစ်သူတွေဆိုတော့ ဆေးခန်းလဲမပြရဲလိုပါ။ ဆေးနာမည်နဲ့ ဘယ်ဆိုင်တွေမှာ ရနိုင်ပါလဲ။

ကိုယ်ဝန်ကို ဘာလုပ်ချင်တာလဲ မသိရပါ။ ဖျက်ချင်တာဆို ဆရာ ဆေးမညွှန်းပါ။ လုပ်လဲ မပေးပါ။ ဆေးပညာ သုတ အတွက်တော့ စာရေးပါတယ်။
1. Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၉)
2. Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ တွေကို ဖတ်နိုင်ပါတယ်။

2011/4/12
Q 4: စအိုပေါက်နှင့် အမျိုးသမီး-အင်္ဂါ ကြားတွင် အဖု မာမာလေး ဖြစ်နေပါသည်။ သတိထားမိသည်မှာ ၃ ပတ်ခန့် ရှိပါပြီ။ နာတော့ မနာပါ။ ဒါပေမယ့် အဖုက အနည်းငယ် မာပြီး ကြီးလာသည်ဟု ထင်မိပါသည်။ အဖု၏တနေရာတွင် ဝက်ခြံကဲ့သို့ အခေါင်းပေါက် သေးသေးလေး ဖြစ်နေပါသည်။ ဆရာရေးထားသော ဂရင်ဂျီနာ အကြောင်းကိုလည်း ဖတ်ပြီးပါပြီ။ ကျွန်မရဲ့ ရောဂါက ဂရင်ဂျီနာ များလား။ ခွဲစိတ်ဖို့ အမြန်ဆုံးလိုအပ်ပါသလား။ ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား။ (့) မှာ နေပါတယ်။ အသက်က ၃ဝ နှစ် ပါ။ ဆရာ့ဆေးခန်းတွင် ခွဲပေးလျှင် ခွဲစိတ်နှုန်းထား၊ ခန်းမှန်း ကုန်ကျငွေနှင့် အချိန် ဘယ်လောက်ယူရမည်ကို သိချင်ပါတယ်ရှင်။

ဖြစ်နိုင်ပါတယ်။ မသေခြာသေးပါ။ အနာဖြစ်မယ်၊ မန်းရည်-ပြည် ထွက်မယ်။ ပျောက်မယ်၊ ပြန်ဖြစ်မယ်။ ပိုးသေဆေး အရင်သောက်ပါ။ Ampicillin + Cloxacillin 500 mg x 5 days, Paracetamol 1 tablet 2-3 times day, Vitamin C 1 tablet 2 times a day တွေ သောက်ပါ။ ဆရာက နယူးဒေလီမှာ နေရပါတယ်။ ဆောရီး။ ထူးတာရှိရင်ပြောပါ။

2011/5/21
Q 5: ဆရာပြောတဲ့အတိုင်း ကျွန်မ ပိုးသေဆေးကို ၃ ရက်ဆက်သောက်ပြီး မသက်သာတာနဲ့ ဆေးခန်းကို သွားပြတော့လည်း Sporidex 250mg ကို ၃ ရက်ဆက် သောက်ခိုင်းပြီး၊ Forsuderm ointment (Sodium fusidate 20mg) လိမ်းဆေး ပေးပါတယ်။ ဆေးသောက်နေတုံးမှာ အနာက တဖြည်းဖြည်း သေးသွားပါတယ်။ ဆေးရပ်ပြီးတော့ ၃-၄ ရက် လောက် နေရင် ပြန်ကြီးလာပါတယ်။ ကြီးလာတော့ နာလာပါတယ်။ ဒါနဲ့ သွားပြန်ပြတော့ ပိုပြင်းတဲ့ ဆေးပေးမယ် ပြောပြီး Prednislone၊ Amoxil နဲ့ တခြားတစ်မျိုး ရောထားတာ ၃ ရက် ဆက်သောက်ခိုင်းပြန်ပါတယ်။ မသက်သာရင် Specialist ထပ်ပြရမယ် ဆိုပြီး ပြောပါတယ်။ ခွဲပြီး ထုတ်ချင် ထုတ်ရလိမ့်မယ်လို့လည်း ထင်ပါတယ်တဲ့။ ဆေး ဆက် သောက်ပါတယ်။ ဆေးသောက်နေတုံး အရမ်းနုံးတာပါပဲ။ အနာကတော့ သေးသွားပြန်ပါတယ်။ ဆေးကုန်သွားပြီး ၃၊ ၄ ရက်နေတော့ ပြန်ကြီးလာတာနဲ့ ဒီက (့) မှာ Gyane နဲ့ သွားပြဖြစ်ပါတယ်။ စမ်းသပ် ကြည့်ပြီးတော့ Syringe နဲ့ ၅ချက်လောက် စုပ်ထုတ်ကြည့်ပါတယ်။ ဘာမှ မတွေ့ပါဘူးတဲ့။ သေချာအောင်ဆိုပြီး US small part ultrasound ရိုက်ခိုင်းပါတယ်။ Infection ဝင်တယ်ထင်တယ်လို့ ဆိုပြီး Gentrisone cream (Betamethasone dipropionate, Clotrimazole, Gentamicin sulfate) ကို တနေ့ နှစ်ကြိမ် လိမ်းခိုင်းလိုက်ပါတယ်။ Syringe နဲ့ စုပ်ထားတဲ့နေရာမှာ အနာ သက်သာအောင် Paracetamol သောက်ခိုင်းပါတယ်။ နောက် ၂ရက်နေ ထပ်ချိန်းတဲ့နေ့မှာတော့ Ultrasound result က (No discrete mass was identified in the area of clinical concern) လို့ ပြောပါတယ်။ RAI SCAN လုပ်စေချင်တယ်တဲ့။ ရောဂါက ရှာမတွေ့လို့ ပြောပါတယ်။ ဈေးကလဲကြီးတော့ တခြား Option မရှိဘူးလားဆိုတော့ ဒိလိမ်းဆေးကိုပဲ ၁ လ ပြည့်အောင် ဆက်လိမ်းပြိး Follow up လာလို့ မှာလိုက်ပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ ၁ လ ပြည့်ပါတော့မယ်။ အနာကတော့ ဘာမှ မထူးခြားသလိုပါပဲ ကြီးလည်း မကြီးသလို သေးလည်း မသေးသွားပါဘူး။ အနာက 0.5 cm ပတ်လည်လောက် ရှိမှာပါ။ အနာက နာလည်း မနာတော့ ကင်ဆာများလို့ ထင်မိပြီး စိတ်အင်မတန် ဆင်းရဲနေမိပါတယ်။ ဘာရောဂါ ဖြစ်နိုင်ပါသလဲ။ ဘာဆက် လုပ်သင့်သလဲ ဆိုတာ အကြံပေးပါအုံး။ ဒီအနာ မဖြစ်ခင် ၃ ပတ်လောက်တုံးကတော့ Yeast infection ဝင်ဖူး ပါသေးတယ်။ အရင်စာမှာ ရေးထားတဲ့ အဖု အခု မတွေ့တော့ပါ။ RAI SCAN က Side effect ရှိပါသလား။ ဘယ်လို ရောဂါမျိုးတွေကို ရိုက်ခိုင်းလေ့ ရှိပါသလဲ။ ကင်ဆာရောဂါတွေဟာ ကုလို့ မပျောက်နိုင်တဲ့ ရောဂါလား။

အပြည့်အစုံရေးလို့ အများကြီး အထောက်အကူရတယ်။ တတ်နိုင်သလောက် လုပ်ထားတာမို့ မစိုးရိမ်ပါနဲ့။ အဖြေတွေကလဲ ကောင်းတယ် မဟုတ်လား။ Sporidex ဆေးက ပိုးသေဆေးဖြစ်တယ်။ နောက်ဆေး Gentrisone က ကော်တီဇုံးပါတယ်။ RAI SCAN ကို ဘာ့အတွက် လုပ်ချင်လဲ မပြောတတ်ပါ။ Radioactive iodine scan (RAI) ရေဒီယို ဓါတ်ကြွ အိုင်အိုဒင်းနဲ့ ဆိုင်တယ်။ Scan တွေက စိုးရိမ်စရာ မရှိပါ။ MRI ဆိုရင်တော့ ဓါတ်ရောင်ခြည် နည်းနည်းလေး ပါတယ်။ ဆရာထင်တာ ကင်ဆာ မဟုတ်လောက်ပါ။ ပိုးသေဆေးနဲ့ အနာ-အရောင်သက်သာဆေးတွေနဲ့ ကောင်းမယ်ထင်ပါတယ်။ ဗီတာမင် စီ သောက်ပါ။ ဖိထိုင်တာကို လျှော့နိုင်သလောက် လျှော့ပါ။ ထူးခြားရင်လဲ ပြောပါ။

ကျေးဇူး အများကြီး တင်ပါတယ်၊ ဆရာ့စာကို ဖတ်ပြီး ကျွန်မ အားတက်မိပါတယ်။

2011/5/23
Q 6: အခုဆိုရင် အိမ်ထောင်ကျတာ ၃ နှစ်ထဲကို ရောက်နေပါပြီ။ စီးပွားရေး အခြေအနေ ခိုင်မာမှ ကလေးယူဖို့ ဆုံးဖြတ်ထား ကြပါတယ်။ တားဆေး ဖြစ်ဖြစ် ထိုးဆေးဖြစ်ဖြစ် သုံးချင်ပါတယ်။ ဒါပေမယ့် သမီးအမျိုးသားက ကလေးယူရင် ကလေးရဲ့ ကျန်းမာရေး ထိခိုက်မှာကို စိုးတဲ့အတွက် သူက ကွန်ဒွမ်ကို အသုံးပြုဖို့ အားသာပါတယ်။ အဲဒီမှာပါတဲ့ အဆီက သမီးအတွက် ရေရှည်ဆိုရင် မကောင်းဘူးလို့လဲ ထင်ပါတယ်။ အဲဒါကြောင့် သမီးက ရက်ရှောင်ရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သမီးက ဘယ်လို ရက်ရှောင်ရမလဲ ဆိုတာကို မသိလို့ပါ။ သမီးက တခါလာရင် ၆ ရက်ကြာပါတယ်။ ပြီးတော့ ရက်ကို တိုချင်ရင်ရော ဘယ်လို ဆေးမျိုး သောက်သုံးလို့ ရပါသလဲရှင့်။

(ကွန်ဒွမ်) မှာ ပါတဲ့ Lubricant ချောဆီက ရောဂါ မရစေပါ။ ကလေး အတွက်လဲ စိုးရိမ်စရာ မရှိပါ။ (ကွန်ဒွမ်) အရည် အသွေး ကောင်းတာ သုံးပါ။ ထူးဆန်းတာတွေ ရှောင်ပါ။ ရာသီရက်ကို မလိုအပ်ဘဲ မတိုချင်၊ မရှည်ချင်ပါနဲ့။ လုပ်လို့တော့ ရပါမယ်။ ဒါပေမဲ့ ဟော်မုန်းဆေးတွေ သောက်ရမှာမို့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်။
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄) ကို ဖတ်ပါ။

May 24, 2011 at 3:48 PM
Q 7: Salmon fish နှင့် ငါးမြင်း ငါးများဟာ Sardines လို Purine-rich ငါးများ ဖြစ်ပါသလား။

Gout Foods လို့ခေါ်တဲ့ (ဂေါက်) အဆစ်နာရောဂါနဲ့ မသင့်တဲ့ သား-ငါးတွေ -
• Red meat အမဲသား၊ ဆိတ်သား၊ ဝက်သား၊ Liver အသဲ၊ Kidney ကျောက်ကပ်၊ Brain ဦးနှောက်၊ Bacon ဝက်ပေါင်ခြောက်၊ Veal နွားလေးသား၊ Venison သမင်-ဒရယ်သား-ဆတ်၊ Turkey ကြက်ဆင်သား၊
• Purines အများဆုံးပါတဲ့ ငါးတွေ = Sardines ဆာဒင်းငါး (ငါးသေတ္တာငါး၊ ငါးပိန္နဲစေ့) နဲ့ Anchovies ငါးပါးနီတွေ ဖြစ်ကြတယ်။
• Purines များတဲ့ တခြား ငါးအမျိုးအစားတွေ = Mackerel (မက်ကာရယ်လ်) ငါး၊ Herring မြောက်အတ္တလန္တိတ် ငါးသလောက်တမျိုး၊ Codfish ပင်လယ်ငါးကြီး၊ Trout (ထရောက်) ရေချိုငါးတမျိုး၊ Haddock ငါးကြီးဆီ ထုတ်ယူနိုင်တဲ့ ပင်လယ်ငါး၊ Salmon (ဆဲလ်မွန်) ငါး၊ Tuna (ကျူနာ) ငါး၊ Shellfish အခွံမာငါးများ (ဥပမာ Mussels ယောက်သွား၊ Scallops ခုံးကောင်၊)
• Purines အသင့်အတင်းများတဲ့ ငါးတွေ = Lobster ပုစွန်ထုပ်ကြီး၊ ကျောက်ပုစွန်၊ Shrimp ပုစွန်-ပုစွန်ဆိတ်၊ Crab ကဏန်း၊ Oysters ကမာ-မုတ်ကောင်၊ (မှတ်ချက်၊ Catfish ငါးမြင်း ကို Purines များစာရင်းထဲမှာ ရှာမတွေ့သေးပါ။)

Monday, May 2, 2011

Neck sprains လည်ပင်းနေရာ အတော်နာ

2 May 11, 00:00
ကျွန်တော် အခု ဇက်ကြောကြီး နာနေလို့ပါ။ ၃ ပတ်နီးပါးရှိနေပါပြီ။ အုန်းလွဲနေသလို ဖြစ်တာပါ။ မပျောက်နိုင်သေးလို့ ဘယ်လို လုပ်ရမလဲ။ မနက်အိပ်ယာထလျှင် ပိုဆိုးပါတယ်။ အကြောပြေလိမ်းဆေးနဲ့လဲ မပျောက်လို့ပါ။ ဘာဆေးတွေ သုံးသင့်သလဲ ဘယ်လို နေသင့်သလဲ။
• အုံးလွဲတယ်လို့ ခေါ်ကြတဲ့ လည်ပင်းနေရာမှာ အတော်နာတာဟာ ဖြစ်တဲ့နေရာမှာရှိတဲ့ Ligament sprain အရွတ်နဲ့ Muscle strain ကြွက်သားတွေ ဒဏ်ဖြစ်ခံရလို့ပါ။
• ထိခိုက်မိလို့လဲ ဖြစ်တယ်။ အားကစားလုပ်ရင်း အဆင်မသင့်ရာကနေလဲ ဖြစ်တယ်။
• အိပ်ရင်း၊ ထိုင်ရင်းကနေလဲ Abnormal posture အနေအထား မမှန်လို့ Microtrauma နည်းနည်းနဲ့ ဒဏ်ရလို့လဲ ဖြစ်တယ်။

• Automobile accidents ကားမောင်းရာနေ ဖြစ်တတ်တယ်။ ခါးပတ်နဲ့ ကားမောင်းရင်း ရုတ်တရက် ကားက တန့်သွားတော့ ခေါင်းပိုင်းက ရှေ့ဆက်ရွေ့လို့ ဖြစ်တယ်။ ပြောင်းပြန်လဲ ဖြစ်နိုင်တယ်။
• ခေါင်းကို နောက်ကို Backward (Hyperextension) အတင်းလှန်မိလို့၊ Forward (Hyperflexion) ရှေ့ကို လိုတာထက် ပိုလှန်မလို့ နဲ့ Whiplash နှစ်မျိုးလုံး လုပ်မိရာကနေ ဖြစ်စေနိုင်တယ်။ Rotation လည်စေတဲ့ လှုတ်ရှားမှု နဲ့ Compression ဖိအားကြောင့်လဲ ဖြစ်နိုင်တယ်။
• လည်ပင်းမှာ အရိုးပေါင်း ခုနစ်ခု ရှိတယ်။ တခုနဲ့ တခုကို Ligaments အရွတ်နဲ့ ဆက်နေကြတယ်။ အဲဒီ အရွတ်တွေကို Stretched ဆွဲတင်းခံရရင်၊ Torn စုတ်ပြဲသွားရင် ဖြစ်တယ်။
• နာမယ်၊ လှုတ်ရှားရင် ပိုဆိုးတယ်။ တောင့်တင်းနေမယ်။ ထိခိုက်မိပြီး ၁-၂ ရက်နေမှ နာလာတတ်တယ်။ ခေါင်းကိုက်မယ်၊ လည်ချောင်းနာမယ်၊ အိပ်ရတာ ခက်မယ်၊ လက်တွေ ထုံးကျင်နေနိုင်သေးတယ်။
• ရှေးဦးသူနာပြု R.I.C.E. နဲ့ စပါ။
o Rest နားပါ၊
o Ice ရေခဲတင်ပါ၊ တခါတင် ၁၅ မိနစ်၊ တနေ့ထဲမှာ ခဏခဏလုပ်ပါ။ ဖြစ်စရက်တွေမှာ အပူကပ်တာ ရှောင်ပါ။ နောက်ရက်တွေမှာ သုံးပါ။
o Compression ဖိနှိပ်ပေးပါ၊
o Elevation မြှင့်ထားပါ။
• Soft cervical collar (ကော်လာ) တပ်ထားသင့်တယ်။
• အကြော-ကြွက်သား စုတ်ပြဲသွားတာ ပြန်ကျက်အောင် အချိန်ယူဘို့လိုတယ်။ ၄-၆ ပါတ်အထိ ကြာနိုင်တယ်။
• စိတ်ချသေခြာအောင် စစ်ဆေးမှုတွေ လုပ်ရတတ်တယ်။
o Plain x-rays
o CT scan
o Myelography
o MRI
o Diskography
o Radionuclide scanning
• Anti-inflammatory medications အနာ-အကိုက်-အရောင် သက်သာဆေးသောက်ပါ။ လိမ်းပါ။ လိမ်းဆေးကို အေးနေအောင်ထားပါ။ Aspirin, Acetaminophen or Ibuprofen
• Muscle relaxants ကြွက်သားပြော့ဆေးမျိုးလဲ ပေးတတ်တယ်။
• Physical therapist အကူအညီ လိုနိုင်တယ်။
• Injection of a long-acting local anesthetic သိပ်ဆိုးရင် နာတဲ့နေရာမှာ ထုံဆေးလဲ ထိုးနိုင်တယ်။
• Injection of a corticosteroid စတီရွိုက်ထိုးဆေး Triamcinolone လဲ သုံးကြတယ်။
• လိမ်းဆေး၊ ကပ်ခွါ ပလာစတာတွေလဲ သုံးနိုင်တယ်။
o Belladonna Plaster Cuxson Gerrard
o Voltaren Emulgel (Diclofenac diethylamine)
o Hexal Diclac Anti-inflammatory Gel (Diclofenac sodium)
o Capsaicin Gel (Capsaicin, Diclofenac Diethylammonium, Linseed Oil, Methyl Salicylate, Menthol)
o Boots Ibuprofen 10% gel
o Moov gel (Paras Pharma)

Dr. တင့်ဆွေ
၂-၅-၂ဝ၁၁

Sunday, May 1, 2011

Chapped lips ခြောတ်နေတဲ့ နှုတ်ခမ်း

1 May 11, 16:07
My lips are very chapped and I am not feeling well. So kindly advice me how to prevent chapped lips!

Cracked lips နှုတ်ခမ်းကွဲတာလို့လဲ ခေါ်တယ်။ ရေဓါတ် ခမ်းခြောက်ပြီး ကွဲနေတာပါ။ ရာသီဥတု အေးတဲ့ အချိန်မှာ ပိုဖြစ်တယ်။ နှုတ်ခမ်းကို စွပ်စိုနေအောင် ကာကွယ်မှု ပေးထားတဲ့ Oily film အလွှာပါးပါးလေးက ဖုံးပေးထားတယ်။ နှုတ်ခမ်းကို ခဏခဏ ကိုက်တတ်သူတွေမှာ အဲဒီအလွှာ ပျက်စီးသွားရတယ်။ နီရဲပြီး ရောင်နေနိုင်တယ်။ အပေါ်ယံ အဖတ်တွေက ကွာကျနေတတ်တယ်။ ဖြစ်တဲ့နေရာကို ထိခိုက်ရင် နာမယ်၊ သွေးထွက်မယ်။ Thyroid hormone လည်ပင်းကြီး ဟော်မုန်း မမှန်တာ၊ Vitamins B ဗီတာမင် ဘီ နည်းတာတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။

• Protect your lips သုံးရင် Oil-based lubricating cream ဒါမှမဟုတ် Petrolatum (Vaseline) ဒါမှမဟုတ် Beeswax ပျားဖယောင်း တွေပါတဲ့ Lip balm သုံးပါ။ SPF 15 နဲ့ အထက် ရှာဝယ်ပါ။ Medical grade (USP) lanolin လိမ်းရင် အပျောက်မြန်မယ်။ Nasal sebum ဆိုတာလဲ သုံးနိုင်တယ်။
• Lipstick နှုတ်ခမ်းဆိုးဆေးကို သုံးနိုင်တယ်။ အသက်ကြီး အမျိုးသမီးတွေမှာ ရွယ်တူ ယောက်ျားတွေလောက် နှုတ်ခမ်း-ကင်ဆာ အဖြစ်နည်းရတာ နှုတ်ခမ်းနီ တန်ခိုးလို့ ပြောရင် ငြင်းမရပါ။
• Avoid licking your lips နှုတ်ခမ်း မကိုက်ပါနဲ့။ သွားရည်က ခဏနဲ့ အငွေ့ပြန်ပြီး ခြောက်သွားတယ်။
• Stay hydrated ရေ-အရည် များများသောက်ပါ။
• Acidic ပါတဲ့ Orange juice လိမ်မော်ရည် သောက်တာ ရှောင်ရမယ်။ No Alcohol အရက် မသောက်ပါနဲ့။
• Avoid allergens ကိုယ်နဲ့ မတည့်တာမျိုး ရှောင်ပါ။
• Breathe through your nose နှာခေါင်းနဲ့ အသက်ရှူပါ။
• Try to keep the air in your home humid အခန်းထဲမှာ ရေငွေ့ဓါတ် ရှိနေပါစေ။
• Honey ပျားရည်လိမ်းတာလဲ သက်သာစေတယ်။
• Goose or Duck Fat ဘဲဆီ၊ ငန်းဆီ လိမ်းကြတယ်။
• No Hot, Spicy, Salty အစပ် နဲ့ အငန် စားတာ ရှောင်ပါ။ ကွဲနေတဲ့နှုတ်ခမ်းကို Pepper ငရုပ်သီး၊ Mustard မုံညင်း၊ Barbecue sauce (ဘာဘီကျူ-ဆော့စ်)၊ တွေထိရင် မခံနိုင်ဘူး။
• Stay Home အိမ်ထဲက အိမ်ပြင် မထွက်ချင်ပါနဲ့။
• Avoid excessive sun exposure နေရောင် ရှောင်ပါ။ နေရောင်ထဲမှာပါတဲ့ Ultraviolet rays ခရမ်းလွန်-ရောင်ခြည်ကို ကာကွယ်မဲ့ Melanin မရှိလို့ Skin cancer အရေပြား-ကင်ဆာ ဖြစ်စေနိုင်တယ်။
• Be patient စိတ်ရှည်ပါ။

"Angular stomatitis ကျီးကန်းပါးစပ်နာ" နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၁-၅-၂ဝ၁၁

Q and A May 2011 (1)

1. အိမ်ထောင်ကျတာ နှစ်နှစ်လောက်ရှိပါပြီဗျာ
2. ခေါင်းမူးမူးနေတာ ၁ နှစ်ကျော်ကျော် ကြာနေပါပြီ
3. အိပ်ရင်လည်း အိပ်ရင်း နိုးနိုး နေတယ်
4. ကလေးရှိနေခဲ့လျှင် ကလေးအား ထိခိုက်မည်ကို စိုးရိမ်ပါသည်
5. ကျွန်တော်ရဲ့ မိန်းမမှာ ကိုယ်ဝန် ၃ လရှိနေပါသည်
6. လေထုတ်တာက ကလေးကျောကိုပုတ်ပြီး ထုတ်ပေးရမှာလား
7. လာရာလမ်းတလျှောက် သားက မူးပြီး အန်လာခဲ့ပါတယ်

9 May 11, 03:48
Q 1: ကျနော် အိမ်ထောင်ကျတာ နှစ်နှစ်လောက်ရှိပါပြီ။ ခုထိ သုတ်ထွက် မြန်တုန်းပဲဆိုတော့ ဘယ်လိုနည်းတွေနဲ့ ကြာအောင် ထိန်းလို့ ရမလဲ လမ်းညွှန်ပေးပါ။
• Early ejaculation (1) သုတ်လွှတ်စောခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂)
• Early ejaculation (2) သုတ်လွှတ်စောခြင်းအဆက် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၃)
• သုတ်လွှတ်စောခြင်း အဆက်၏ နောက်ဆက်တွဲ

May 10, 2011 at 10:23 AM
Q 2: ကျွန်မ အမျိုသား ခေါင်းမူးမူးနေတာ ၁ နှစ်ကျော်ကျော် ကြာနေပါပြီ။ ဆေးခန်းသွားပြတာ ဆရာဝန်က နားစည် ကောင်းကောင်း အလုပ်မလုပ်လို့ ပြောပါသည်ရှင့်။ ဆရာ့ပြန်စာတခုကို ဖတ်ကြည့်မိတော့ (သူများပြန်စာ) Vitamin B6 သောက်ရန် ပြောထားပါသည်။ တနေ့ကို ဘယ်နှစ်လုံးနှင့် ဘယ်လောက်အား သောက်ရပါမည်လဲရှင့်။

ရောဂါနာမယ် အတိအကျ သိရမှ ကောင်းတယ်။ ခေါင်းမူးရောဂါဆိုတာ တမျိုးထဲမကရှိတယ်။ ရေးပြီးသားတွေ ဖတ်ပါအုံး။ လိုသေးရင်လဲ မေးပါ။
• Migraine မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

2011/5/9
Q 3: ကျမအသက် ၃၇ နှစ်ပါ။ အိမ်ထောင်ရှိပါပြီ။ ၂ဝဝ၉ ခုနှစ်က ဆိုင်ကယ် Accident ဖြစ်တဲ့အတွက် ဆေးရုံမှာ ၃ လ ကျော် ဆေးကုသမှု ခံယူရပါတယ်။ Sep 2010 ကတည်းကနေ ရာသီမလာတော့ပါ။ ၈ လရှိပါပြီ။ ဆရာဝန်တွေကို မေးကြည့်တော့ Accident ကြောင့်မို့လို့ ပုံမှန်မဖြစ်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ပြဿနာက ညည အိပ်ရတာ ခက်ပါတယ်။ အိပ်ရင်လည်း အိပ်ရင်း နိုးနိုး နေတယ်။ ပြီးရင် အိပ်လို့မရတော့ဘူး ဖြစ်ပါတယ်။ အိပ်ရေး မဝတော့ နေ့လည်ကျရင် အိပ်ချင်သလိုလို အားအင် လျော့သလိုမျိုး ခံစားရပါတယ်။ ခေါင်းကလည်း မရှင်းသလို ဖြစ်နေပါတယ်။ သွေးဆုံးတဲ့ Menopause symptoms လား၊ ဘာတွေလုပ်ဖို့ လိုပါသလဲ၊ ဆရာဝန်ဆီသွားပြီး ဆေးကုသဖို့ လိုပါသလား။

Accident ဖြစ်တော့ ဘယ်နေရာကို ထိခိုက်သလဲ။ ရေးပြီးသားစာ ၃ ပုဒ် ပို့လိုက်ပါတယ်။ လိုသေးရင် မေးပါ။
• Menopause သွေဆုံး-သားဆုံး
• Sleeping pills အိပ်ဆေး
• Sleeping မအိပ်ဘဲနေ အသက်မရှည်

ပို့ လိုက်တဲ့ စာ ၃ ပိုဒ်လုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးတင်စကား ပြောရအုံးမယ်။ ကျမ ဆရာ့ကို သွေးခုန်နန်း နှေးတာနဲ့ Triglyceride အကြောင်း မေးဖူးပါတယ်။ ဆရာပို့လာတဲ့ ပညာပေးစာရပြီး အစားသောက် ဆင်ခြင်ပါတယ်။ ဝက်သား၊ ကြက်သားမစားပဲ အချိုရည်တွေလည်း ရှောင်ပါတယ်။ ပြီးတော့ Salmon ငါးကို ၁ပတ်မှာ ၁ ခါ ဝယ်ချက်စားတယ်။ ၁ ရက်ကို လေ့ကျင့်ခန်း ၁ဝ မိနစ်၊ ၁၅ မိနစ်လုပ်ပြီး အသီးအရွက်စား လုပ်လိုက်တာ၊ သွေးခုန်နန်းက ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်တယ် မယုံလို့ သွေးခုန်နန်း ပြန်သွားစစ်ကြည့်တော့ ၁ မိနစ်ကို ၇၃ ပြန်ဖြစ်နေလို့ အရမ်း ဝမ်းသာပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်လည်း ၄ ကီလို ကျသွားပါတယ်။ ကိုယ့်ကိုကိုယ် တိုးတက်လာတယ်လို့ သတ်မှတ်လို့ ရပါတယ်။ အခုပို့ လိုက်တဲ့ ပညာပေးစာလည်း ကျမအတွက် သာမက တခြား လူတွေအတွက် အများကြီး အကျိုးရှိပါတယ်။

2011/5/8
Q 4: သမီးနာမည် (့) ပါ။ အသက် 28 နှစ်၊ အိမ်ထောင်ရှိပါသည်။ မြန်မာပြည်မှာ မဟုတ်သည့်အတွက် ထဲထဲဝင်ဝင် ဆွေးနွေးစရာ မြန်မာဆရာဝန် မရှိပါသဖြင့် အကူအညီ တောင်းခြင်း ဖြစ်ပါသည်။ ရာသီလာရမည့် ရက်ကျော်နေပါသဖြင့် ဆီးစစ်ကြည့်ပါသည် ကလေး မရှိပါ။ ကလေးလဲ လိုချင်ပါသည်။ ဒါပေမယ် ရာသီရက်က ရက်ကျော်ပြီး 12 ရက်အကြာတွင် သွေးဆင်းပါသည်။ ပုံမှန်ပဲဟု ထင်ခဲ့ ပါသည်။ သို့သော် ညရောက်သောအခါ သွေးဆက်မဆင်းတော့ပါ။ အလုံးတည်မှာ ကြောက်သဖြင့် ကေသီပန် သောက်မိပါသည်။ သို့သော် ဆက်မဆင်းတော့ပါ။ သမီးစိုးရိမ်သည်မှာ ကလေးရှိနေခဲ့လျှင် ကလေးအား ထိခိုက်မည်ကို စိုးရိမ်ပါသည်။ သွေးကျန်လျင်လည်း အလုံးဖြစ်မှာ စိုးရိမ်ပါသည်။

သားအိမ်မှာ အလုံးစတဲ့ ရောဂါ ရှိ-မရှိ Ultrasound နဲ့ သိနိုင်ပါတယ်။ သားအိမ်အလုံးရှိရင် သွေးပိုဆင်းတတ်တာက များတယ်။ မြန်မာဆေးတွေကို ဆရာ သိပ်မသိပါ။ သွေးကျန်တယ်ဆိုတာ မစိုးရိမ်ပါနဲ့။ ဆင်းစရာရှိရင် ဆင်းမှာပါ။

2011/5/9
Q 5: ကျွန်တော့် အသက်က ၃၅ နှစ်ပါ။ ကျွန်တော်ရဲ့ မိန်းမမှာ ကိုယ်ဝန် ၃ လရှိနေပါသည်။ ကိုယ်ဝန် ဘယ်နှစ်လက စပြီး Sex လုပ်လို့ ရပါသလဲ။ ဘယ် Positions က ကလေးအတွက် Safe ဖြစ်လဲဆိုတာ ရှင်းပြပေးပါ။
• Sex after delivery ကလေးဖွါးပြီး အတူနေခြင်း
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၁)
• Sex and Pregnancy ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၇)

2011/4/28
Q 6: ကျွန်မအသက် ၂၅ နှစ်ပါ။ (့) နိုင်ငံမှာ နေထိုင်ပါတယ်။ သားဦးလေးကို ပြီးခဲ့တဲ့ ၁၃ ရက်နဲ့နေ့ကပဲ ခွဲမွေးခဲ့ပါတယ်။
ဆေးရုံမှာတုံးက သားကို သုံးနာရီခြားတခါ နို့တိုက်ခဲ့ရပါတယ်။ နို့စို့ပြီးတာနဲ့ သားကအိပ်ပါတယ်။ အိမ်ပြန်ရောက်ပြီးလည်း ပုံမှန် စို့ပါတယ်။ ခုသုံးရက်လောက်ရှိပြီ သားက နို့ကို အသက်တောင် မရှူပဲ အငမ်းမရစို့ပါတယ်။ ပြီးရင် နို့တွေသီးနေပါတယ်။ နို့ထွက်တာ အရမ်းများနေလို့လား။ ဒါမှမဟုတ် နို့တိုက်တဲ့ပုံစံ မှားနေလို့လား။ ခါတိုင်းလို နို့အများကြီး မစို့တော့သလိုပါပဲ။ ပြီးတော့ ကောင်းကောင်းလည်း မအိပ်တော့ဘူး။ ခနခန ငိုသလို ညည်းသလိုလုပ်ပြီး နာရီဝက် တနာရီဆို နိးပါတယ်။ ပြီးရင် နို့နဲနဲထပ်စို့ပါတယ် တနေ့ကို ဘယ်နှစ်ကြိမ် နို့တိုက်နေရလဲတောင် မသိတော့ပါဘူး။ ကလေးနို့စို့ပြီးရင် လေထုတ်ပေးရမယ် ပြောပါတယ်။ ဆေးရုံက သင်ပေးတဲ့အတိုင်း သမီးလည်း လုပ်ပါတယ် ဒါပေမဲ့ သူများတွေပြောသလို အေ့ဆိုပြီး မထွက်ပါဘူး။ အေ့မဖြစ်မချင်းထုတ်ပေးရမှာလား။ အေ့ဆိုပြီး လေထွက်တာ ခုထိနှစ်ခါပဲရှိဖူးပါတယ် လေထုတ်တာက ကလေးကျောကိုပုတ်ပြီး ထုတ်ပေးရမှာလား သပ်ချပြီး ထုတ်ပေးရမှာလားဆိုတာလည်း သိချင်ပါတယ်။ မရိုမသေဆရာ၊ အီးတော့ အရမ်းပေါက်ပါတယ်။ အဲဒါကောင်းတာလား မကောင်းတာလား။

ကလေးငယ်လေးတွေ အဲလိုပါဘဲ။ မစိုးရိမ်ပါနဲ့။ လေထုတ်တာက ခေါင်းပိုင်းကို အပေါ်မှာထားတာနဲ့ ရပါတယ်။ လေဆိုတာ ပေါ့ပါးလို့ အထက်တက်ပါတယ်။ လေထွက်သံ မကြားလဲ ထားလိုက်ပါ။ လေလည်တာ ကောင်းပါတယ်။ ဝမ်းလဲ ခဏခဏ သွားမှာဘဲ။ အထိန်းတွေ မသန်မာသေးလို့ပါ။ တဖြေးဖြေး နည်းပြီး မှန်လာလိမ့်မယ်။ နို့တိုက်တာလဲ ဆေးရုံက ပြောသလို လုပ်ပါ။ ကလေးဆိုတာ လူတွေလိုဘဲ အကျင့်လုပ်ပေးရသေးတယ်။ အကျင့်မရခင်၊ မမှန်ခင် သူကြိုက်သလိုနေတယ်။ သားဦးဆိုရင် နို့ထွက်များမှာဘဲ၊ ကောင်းပါတယ်။ ကလေးက နိုင်အောင်မစို့နိုင်လို့ နို့တင်းနေရင် ညှစ်ပြစ်ရသေးတယ်။

2011/5/7
Q 7: ကျွန်မက 14-6-04 ခုနှစ်မှာ သားဦး မွေးဖွားခဲ့သူပါ။ အသက် 7 နှစ်ပြည့်တော့မှာပါ။ သားလေးက 3 နှစ် အရွယ် 2007 ခုနှစ် လောက်က တောင်တက်ခရီး ကားစီးဘူးပါတယ်။ မအန်ပါဘူး။ အခု 2011 ကြမှ တောင်တက်ခရီး တင်မက မြေပြန့် ခရီးမှာပါ ကားမူးပြီး အန်တတ်နေပါတယ်။ ကျွန်မ အပျိုဘဝက ကားမူးပြီး အန်တာ မရှိခဲ့ပါ။ အခု 2007 ခုကနေ အခု 2011 အထိ တောင်တက်ခရီးတွေမှာ ကားမူးပြီး အန်တတ်နေပါတယ်။ မြေပြန့်မှာတော့ မဖြစ်ပါဘူး။ အဲ ကလေးရဲ့ အဖေကတော့ ဘယ်ခရီးစဉ်မှာမှ ဘယ်တုန်းကမှ ကားမူးတယ် အန်တယ်ဆိုတာ မရှိပါဘူး။ ကားမူးပြီး အန်တဲ့ ဝေဒနာ၊ သောက၊ အရှက်တရား၊ ဒုက္ခ၊ ဒါတွေကို သားလေးမှာ မရှိစေချင်ပါ။ ဘယ်လိုမျိုး နေထိုင်၊ စားသောက်မှု ပုံစံမျိုးရှိရင် ဒီဒုက္ခတွေဝေးမှာပါလဲရှင်။ အခုဆိုရင် ကျွန်မ မိဘတွေရှိရာ (့) မြို့ကို ခင်ပွန်းသည်နေတဲ့ (့) ကနေ လာရာ လမ်း တလျှောက် သားက မူးပြီး အန်လာခဲ့ပါတယ်။ သူ့ခမျာ အဖိုး၊ အဖွားတွေနဲ့နေပြီး တစ်ပါတ်လောက် ကြာတော့ ဖေဖေဆီ ပြန်ချင်တယ်။ ဒါပေမယ့် ကားစီးဖို့ ကြောက်တယ်တဲ့။ ကားနဲ့ လည်တဲ့အခါတော့လည်း ကားမူးတာ အန်တာ မရှိပြန်ပါဘူး။ နေထိုင်၊ စားသောက်မှု စနစ်တွေကို သားလေးကို စီမံပေးမှာမို့ ညွှန်ကြားပေးပါရှင်။

• Anti Emetics အအန်ပျောက်ဆေးများ

Hoarseness အသံဝင်နေလို့ဗျာ

Apr 30, 2011 at 3:53 PM
အသံဝင်တတ်တဲ့ အကြောင်းရင်းကို သိချင်ပါတယ်။ အသံဝင်နေတာ ၂ လ ကျော်နေပါပြီ။ ဘယ်လို လုပ်သင့်တယ်၊ ဘာဆေး စားသင့်တယ် ဆိုတာ ညွှန်ကြားပေးပါ။ ကျွန်တော့် နာမည် (့)၊ အသက်က ၃၆ နှစ်၊ (့) မှာ အလုပ်လုပ် နေပါတယ်။

အသံဝင်တယ်၊ အသံပြောင်းတယ် ဆိုတာ ပြောလို့ ထွက်နေကြ အသံက Pitch အနိမ့်အမြင့်ရော၊ Quality အရည်အသွေးပါ မတူဘဲ ဖြစ်လာတာကို ခေါ်တယ်။ တိမ်နေနိုင်တယ်၊ ကြမ်းနေနိုင်တယ်၊ သြနေနိုင်တယ်၊ အသက်ရှူသံလို နေနိုင်တယ်၊

အဲလို အသံမှာ မတူဖြစ်လာတာက ကြာရင်တော့ ဆိုးဝါးတဲ့ရောဂါကို သံသယဝင်ရမယ်။ ဆိုးတာတွေက နည်းတော့ နည်းပါတယ်။ သာမန်ကာရှန်ကာ Cold အအေးမိတာ၊ ခပ်သင့်သင့်ဆိုးတဲ့ Acid reflux အက်စစ်ရည် တက်တာကနေ Throat cancer လည်ချောင်း-ကင်ဆာနဲ့ Vocal cord paralysis အသံကြိုး-လေဖြတ်တာအထိ ဖြစ်နိုင်တယ်။

အများအားဖြင့် အသံဖြစ်စေတဲ့ အကြော (ကြိုး) မှာ ပြဿနာ လာဖြစ်တယ်။ Voice box အသံအိုးရောင်တဲ့ Laryngitis လဲ ပါတယ်။ Larynx အသံအိုး ဆိုတာ Pharynx အာခေါင် နဲ့ Trachea လေပြွန်ကြားမှာ ရှိတယ်။ ၂ လက္မ လောက် ရှည်တယ်။ စကား ပြောရာ၊ အသက်ရှူရာ၊ မြိုချရာတွေမှာ သူပါရတယ်။ ယောက်ျားတိုင်းမှာသာရှိပြီး၊ အရိုးနုနဲ့ လုပ်ထားတဲ့ လည်ပင်း ရှေ့တည့်တည့်က Adams apple ဆိုတာရဲ့နောက်မှာ ရှိနေတယ်။ အသံ-အကြော (ကြိုး) Vocal cords ဆိုတာ "V" ပုံရှိတဲ့ ကြွက်သား ဖြစ်တယ်။

Causes ဘာလို့ အသံဝင်သလဲ။
• Abuse of the voice အသံကို သုံးနိုင်တာထက် ပိုသုံးတာ။
• Acid reflux အစာအိမ်ထဲက အက်စစ်ဓါတ်တွေ အထက်ဆန်တာ၊
• Allergies (အလာဂျီ) မတည့်ဖြစ်တာ၊
• Breathing in irritating substances အနံ့မကောင်းတာ ရှူမိတာ၊
• Cancer of the throat or larynx လည်ချောင်း-ကင်ဆာ၊
• Chronic coughing ချောင်းဆိုး ကြာနေတာ၊
• Colds or upper respiratory infections အအေးမိတာ၊ အသက်ရှူလမ်း အထက်ပိုင်းရောင်တာ၊
• Smoking or drinking ဆေးလိပ်သောက်၊ အရက်သောက် များတာ၊

Other causes တခြားအကြောင်းခံတွေလဲ ရှိသေးတယ်။
• Aneurysms of the upper aorta သွေးလွှတ်ကြောမကြီး ဖေါင်းတဲ့ရောဂါ၊
• Damage to the nerves attached to the voice အသံကိုဖြစ်စေတဲ့ အာရုံကြော ထိခိုက်မိတာ၊
• Foreign object in the Esophagus or Trachea အစာမြိုပြွန်နဲ့ လေပြွန်ထဲ အပြင်ကပစ္စည်းတခုခုဝင်တာ၊
• Ingesting a harsh chemical liquid မသောက်သင်တဲ့ အရည်တခုခု သောက်မိတာ၊
• Lung cancer အဆုပ်ကင်ဆာ၊
• Orbronchoscopy လေပြွန်ထဲ စမ်းသပ်ကရိယာထည့်တာ၊
• Puberty အရွယ်ရောက်လာတာ၊
• Rheumatoid Arthritis (ရူမတွိုက်) အဆစ်ရောင်ရောဂါ၊
• Sexually Transmitted Diseases လိင်ကတဆင့် ကူးစက်ရောဂါ၊
• Sinus Infection (ဆိုင်းနပ်စ်) ရောဂါ၊
• Thyroid Cancer လည်ပင်းကြီး-ကင်ဆာ၊
• Tuberculosis တီဘီ၊
• Underactive thyroid gland လည်ပင်းကြီး အလုပ်နည်းရောဂါ၊
• Vocal cord nodules အသံဖြစ်စေတဲ့ အကြောမှာ အလုံးဖြစ်တာ၊
• Vocal cord paralysis အသံအိုး လေဖြတ်တာ။
• Weakness of muscles around the voice box အသံထွက်ရာ အသုံးဝင်တဲ့ ကြွက်သားတွေ အားနည်းတာ။

Home Care ဆရာဝန်မလိုဘဲ အိမ်တာတင် ဘယ်လိုလုပ်မလဲ။
• ရက်တိုသာ ဖြစ်သူတွေ နားပါ။ အော်တာ၊ ငိုတာ၊ သီချင်းဆိုတာ၊ စကားပြောတာတွေ နားထားပါ။ အနာ၊ ရောတာတခု ဖြစ်ရင် ပျောက်ဘို့ အချိန် အနည်းနဲ့ အများယူကြရတာမို့ သီးခံပါ၊ စိတ်ရှည်ပါ။
• စကားကို လေသံလေးနဲ့ ပြောတာကိုတောင် ရှောင်ပါ။
• ပါးစပ် ပလုပ်ကျင်းတာက အကျိုးမများစေနိုင်ပါ။
• အခန်းထဲကလေကို ရေငွေ့ဓါတ်များအောင် Humidifying လုပ်ပါ၊
• ရေ-အရည် (အရက်မပါ) သောက်ပါ၊
• Cough suppressants ချောင်းဆိုး-ပျောက်ဆေးတွေလဲ သုံးနိုင်ပါတယ်။
• Decongestants လို အအေးမိသူတွေသုံးတဲ့ ဆေးတွေ မသုံးပါနဲ့။
• Drink water ရေ-အရည် အများကြီး သောက်ပါ။
• Don't smoke ဆေးလိပ် မသောက်ပါနဲ့။
• Don't clear your throat too often လည်ချောင်း ခဏခဏ-မရှင်းပါနဲ့။
• Don't abuse or misuse your voice ကိုယ့်အသံကို အဓမ္မ-အသုံးမချပါနဲ့၊

အသံသာမကဘဲ မြိုချတာမှာပါ ခက်ရင်၊ အသက်ရှူရ ခက်လာရင်၊ ကလေးငယ်ငယ်လေးတွေမှာ ဖြစ်ရင်၊ ကလေး ၁ ပါတ်၊ လူကြီး ၂ ပါတ်နေလို့ မပျောက်ရင် ဆရာဝန်ပြပါ။ ဆရာဝန်ကနေ -
• Laryngoscopy ကရိယာထည့်ကြည့်မယ်၊ မှန်နဲ့ကြည့်မယ်။
• Throat culture လည်ချောင်းထဲကဟာ ယူပြီး ပိုမွေးတာလုပ်မယ်။
• X-rays of the neck or CT scan ဓါတ်မှန်၊ (စီတီ-စကင်) စစ်ဆေးမယ်။
• Blood count (CBC) သွေးစစ်မယ်။

Treatment ဆေးကုတာမှာ ဘာလို့ ဖြစ်ရသလဲအပေါ် မူတည်တယ်။
GERD တို့ Allergies (အလာဂျီ) ဖြစ်ရင် ကုသပါ။ အများဆုံး ဖြစ်စေတဲ့ Acute laryngitis ရက်တို လေပြွန်ရောင်တာ ဖြစ်ရင် သူ့ဖါသူ ပျောက်လာဘို့ များတယ်။ Antibiotics ပိုးသေဆေးတွေ ပေးမယ်။ တခြား သုံးလေ့ရှိတဲ့ ဆေးတွေက Chlorpheniramine and Hydrocodone, Tussionex တွေ ဖြစ်တယ်။

Dr. တင့်ဆွေ
၁-၅-၂ဝ၁၁

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...