ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, May 1, 2011

Hoarseness အသံဝင်နေလို့ဗျာ

Apr 30, 2011 at 3:53 PM
အသံဝင်တတ်တဲ့ အကြောင်းရင်းကို သိချင်ပါတယ်။ အသံဝင်နေတာ ၂ လ ကျော်နေပါပြီ။ ဘယ်လို လုပ်သင့်တယ်၊ ဘာဆေး စားသင့်တယ် ဆိုတာ ညွှန်ကြားပေးပါ။ ကျွန်တော့် နာမည် (့)၊ အသက်က ၃၆ နှစ်၊ (့) မှာ အလုပ်လုပ် နေပါတယ်။

အသံဝင်တယ်၊ အသံပြောင်းတယ် ဆိုတာ ပြောလို့ ထွက်နေကြ အသံက Pitch အနိမ့်အမြင့်ရော၊ Quality အရည်အသွေးပါ မတူဘဲ ဖြစ်လာတာကို ခေါ်တယ်။ တိမ်နေနိုင်တယ်၊ ကြမ်းနေနိုင်တယ်၊ သြနေနိုင်တယ်၊ အသက်ရှူသံလို နေနိုင်တယ်၊

အဲလို အသံမှာ မတူဖြစ်လာတာက ကြာရင်တော့ ဆိုးဝါးတဲ့ရောဂါကို သံသယဝင်ရမယ်။ ဆိုးတာတွေက နည်းတော့ နည်းပါတယ်။ သာမန်ကာရှန်ကာ Cold အအေးမိတာ၊ ခပ်သင့်သင့်ဆိုးတဲ့ Acid reflux အက်စစ်ရည် တက်တာကနေ Throat cancer လည်ချောင်း-ကင်ဆာနဲ့ Vocal cord paralysis အသံကြိုး-လေဖြတ်တာအထိ ဖြစ်နိုင်တယ်။

အများအားဖြင့် အသံဖြစ်စေတဲ့ အကြော (ကြိုး) မှာ ပြဿနာ လာဖြစ်တယ်။ Voice box အသံအိုးရောင်တဲ့ Laryngitis လဲ ပါတယ်။ Larynx အသံအိုး ဆိုတာ Pharynx အာခေါင် နဲ့ Trachea လေပြွန်ကြားမှာ ရှိတယ်။ ၂ လက္မ လောက် ရှည်တယ်။ စကား ပြောရာ၊ အသက်ရှူရာ၊ မြိုချရာတွေမှာ သူပါရတယ်။ ယောက်ျားတိုင်းမှာသာရှိပြီး၊ အရိုးနုနဲ့ လုပ်ထားတဲ့ လည်ပင်း ရှေ့တည့်တည့်က Adams apple ဆိုတာရဲ့နောက်မှာ ရှိနေတယ်။ အသံ-အကြော (ကြိုး) Vocal cords ဆိုတာ "V" ပုံရှိတဲ့ ကြွက်သား ဖြစ်တယ်။

Causes ဘာလို့ အသံဝင်သလဲ။
• Abuse of the voice အသံကို သုံးနိုင်တာထက် ပိုသုံးတာ။
• Acid reflux အစာအိမ်ထဲက အက်စစ်ဓါတ်တွေ အထက်ဆန်တာ၊
• Allergies (အလာဂျီ) မတည့်ဖြစ်တာ၊
• Breathing in irritating substances အနံ့မကောင်းတာ ရှူမိတာ၊
• Cancer of the throat or larynx လည်ချောင်း-ကင်ဆာ၊
• Chronic coughing ချောင်းဆိုး ကြာနေတာ၊
• Colds or upper respiratory infections အအေးမိတာ၊ အသက်ရှူလမ်း အထက်ပိုင်းရောင်တာ၊
• Smoking or drinking ဆေးလိပ်သောက်၊ အရက်သောက် များတာ၊

Other causes တခြားအကြောင်းခံတွေလဲ ရှိသေးတယ်။
• Aneurysms of the upper aorta သွေးလွှတ်ကြောမကြီး ဖေါင်းတဲ့ရောဂါ၊
• Damage to the nerves attached to the voice အသံကိုဖြစ်စေတဲ့ အာရုံကြော ထိခိုက်မိတာ၊
• Foreign object in the Esophagus or Trachea အစာမြိုပြွန်နဲ့ လေပြွန်ထဲ အပြင်ကပစ္စည်းတခုခုဝင်တာ၊
• Ingesting a harsh chemical liquid မသောက်သင်တဲ့ အရည်တခုခု သောက်မိတာ၊
• Lung cancer အဆုပ်ကင်ဆာ၊
• Orbronchoscopy လေပြွန်ထဲ စမ်းသပ်ကရိယာထည့်တာ၊
• Puberty အရွယ်ရောက်လာတာ၊
• Rheumatoid Arthritis (ရူမတွိုက်) အဆစ်ရောင်ရောဂါ၊
• Sexually Transmitted Diseases လိင်ကတဆင့် ကူးစက်ရောဂါ၊
• Sinus Infection (ဆိုင်းနပ်စ်) ရောဂါ၊
• Thyroid Cancer လည်ပင်းကြီး-ကင်ဆာ၊
• Tuberculosis တီဘီ၊
• Underactive thyroid gland လည်ပင်းကြီး အလုပ်နည်းရောဂါ၊
• Vocal cord nodules အသံဖြစ်စေတဲ့ အကြောမှာ အလုံးဖြစ်တာ၊
• Vocal cord paralysis အသံအိုး လေဖြတ်တာ။
• Weakness of muscles around the voice box အသံထွက်ရာ အသုံးဝင်တဲ့ ကြွက်သားတွေ အားနည်းတာ။

Home Care ဆရာဝန်မလိုဘဲ အိမ်တာတင် ဘယ်လိုလုပ်မလဲ။
• ရက်တိုသာ ဖြစ်သူတွေ နားပါ။ အော်တာ၊ ငိုတာ၊ သီချင်းဆိုတာ၊ စကားပြောတာတွေ နားထားပါ။ အနာ၊ ရောတာတခု ဖြစ်ရင် ပျောက်ဘို့ အချိန် အနည်းနဲ့ အများယူကြရတာမို့ သီးခံပါ၊ စိတ်ရှည်ပါ။
• စကားကို လေသံလေးနဲ့ ပြောတာကိုတောင် ရှောင်ပါ။
• ပါးစပ် ပလုပ်ကျင်းတာက အကျိုးမများစေနိုင်ပါ။
• အခန်းထဲကလေကို ရေငွေ့ဓါတ်များအောင် Humidifying လုပ်ပါ၊
• ရေ-အရည် (အရက်မပါ) သောက်ပါ၊
• Cough suppressants ချောင်းဆိုး-ပျောက်ဆေးတွေလဲ သုံးနိုင်ပါတယ်။
• Decongestants လို အအေးမိသူတွေသုံးတဲ့ ဆေးတွေ မသုံးပါနဲ့။
• Drink water ရေ-အရည် အများကြီး သောက်ပါ။
• Don't smoke ဆေးလိပ် မသောက်ပါနဲ့။
• Don't clear your throat too often လည်ချောင်း ခဏခဏ-မရှင်းပါနဲ့။
• Don't abuse or misuse your voice ကိုယ့်အသံကို အဓမ္မ-အသုံးမချပါနဲ့၊

အသံသာမကဘဲ မြိုချတာမှာပါ ခက်ရင်၊ အသက်ရှူရ ခက်လာရင်၊ ကလေးငယ်ငယ်လေးတွေမှာ ဖြစ်ရင်၊ ကလေး ၁ ပါတ်၊ လူကြီး ၂ ပါတ်နေလို့ မပျောက်ရင် ဆရာဝန်ပြပါ။ ဆရာဝန်ကနေ -
• Laryngoscopy ကရိယာထည့်ကြည့်မယ်၊ မှန်နဲ့ကြည့်မယ်။
• Throat culture လည်ချောင်းထဲကဟာ ယူပြီး ပိုမွေးတာလုပ်မယ်။
• X-rays of the neck or CT scan ဓါတ်မှန်၊ (စီတီ-စကင်) စစ်ဆေးမယ်။
• Blood count (CBC) သွေးစစ်မယ်။

Treatment ဆေးကုတာမှာ ဘာလို့ ဖြစ်ရသလဲအပေါ် မူတည်တယ်။
GERD တို့ Allergies (အလာဂျီ) ဖြစ်ရင် ကုသပါ။ အများဆုံး ဖြစ်စေတဲ့ Acute laryngitis ရက်တို လေပြွန်ရောင်တာ ဖြစ်ရင် သူ့ဖါသူ ပျောက်လာဘို့ များတယ်။ Antibiotics ပိုးသေဆေးတွေ ပေးမယ်။ တခြား သုံးလေ့ရှိတဲ့ ဆေးတွေက Chlorpheniramine and Hydrocodone, Tussionex တွေ ဖြစ်တယ်။

Dr. တင့်ဆွေ
၁-၅-၂ဝ၁၁