ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, May 19, 2011

Q and A May 2011 (5)

1. Ultrasound ရိုက်ရုံနဲ့ ကိုယ်ဝန်ရှိမရှိ သိနိုင်ပါသလား
2. မျက်နှာမှာ အမည်းစက်တွေရှိလို့ စိတ်ညစ်နေပါတယ်
3. အဲဒါ နောက်ထပ် ဆက်သောက်ရမလား
4. အမွှေးကျွတ်တဲ့ လိမ်းဆေး ရှိရင်
5. နောက်ထပ် ဆက်သောက်ရမလား

2011/5/19
Q 1: Ultrasound ရိုက်ရုံနဲ့ ကိုယ်ဝန်ရှိမရှိ သိနိုင်ပါသလား။ ဥပမာ ဆက်ဆံပြီး တစ်လအတွင်း Urine test မသုံးဘဲနဲ့ Ultrasound ရိုက်ရင် ကိုယ်ဝန်ရှိမရှိ သိနိုင်ပါသလား။
• သိနိုင်ပါတယ်။ Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း) ကို ဖတ်ပါ။

2011/5/19
Q 2: ကျွန်တော့် ကောင်မလေးက မျက်နှာမှာ အမည်းစက်တွေရှိလို့ စိတ်ညစ်နေပါတယ်။ သူ့အသက်က ၂၂ နှစ်ပါ။ အမည်းစက်က မျက်လုံးရဲ့ အောက်ဒေါင့်ဖက်တွေမှာပါ၊ ရန်ကုန်မှာ NoMarks တို့ The face shop က facial foam တို့ ဝယ်လိမ်းတာလဲ ဘာမှ မထူးလို့ပါ။
• Melasma တင်းတိပ် ကိုဖတ်ပါ။

2011/5/20
Q 3: ဆရာရေးထားတဲ့ စာတွေထဲက ရှာဖတ်တာ ဝက်ခြံပျောက်အောင် ဆရာပြောတဲ့ အတိုင်း Doxycycline 100 mg ဝယ်သောက်တာ တော်တော်လေး သက်သာလာပြီ။ ဒါပေမယ့် သောက်တာကို ရပ်လိုက်ရင် နည်းနည်း ပြန်ထွက်လာတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ ဆရာ ပြောထားတာ - ၁၂ နာရီခြား တစ်ခါ ၄-၅ ရက်သောက်ပါလို့  ဆရာပြောထားတာ။ အဲဒါ နောက်ထပ် ဆက်သောက်ရမလား။ ဆေးသောက်ရင်တော့ မျက်နှာနဲ့ ကျောပြင်က ဝက်ခြံတွေ တော်တော်ကြီးကို သက်သာပြီး ပါးလာတယ်။ ဆေးမသောက်ရင် ပြန်ထွက်လာတယ်။ အဲဒါ သမီးဘယ်လိုလုပ်ရမလဲ။

• ဝက်ခြံကို ပိုးဝင်တာသက်သာအောင် ပြောတဲ့ဆေးက လုပ်ပေးတယ်။
• ဝက်ခြံထွက်စေတဲ့ အကြောင်းတရားတွေကိုတော့ မတတ်နိုင်ပါ။ ဥပမာ အရွယ်၊ ဟော်မုန်း။
• ရေးထားထဲက လိုတာတွေကို ဆင်ခြင်လိုက်နာရင် သက်သာပါမယ်။

2011/5/23
Q 4: ကျွန်တော် အခု နိုင်ငံခြားမှာ နေပါတယ်။ အသက် ၂၄ နှစ်ဖြစ်ပါတယ်။ အရေပြား မပျက်စီးပဲနဲ့ အမွှေးကျွတ်တဲ့ လိမ်းဆေး ရှိရင် (သို့) သောက်ဆေးရှိရင် ညွှန်ပြပေးပါ။ နုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်ရတာ တော်တော် အလုပ်ရှုပ်လို့ပါ။ ဘယ်လို အသုံးပြုပုံလေးပါ ရေးပေးစေချင်ပါတယ်။
• Waxing ဖယောင်းသုံးပြီး အမွှေးတုံးစေမယ် ကို ဖတ်ပါ။

2011/5/20
Q 5: သမီး ဆရာရေးထားတဲ့ စာတွေထဲက ရှာဖတ်တာ ဝက်ခြံပျောက်အောင် Doxycycline 100 mg ဝယ်သောက်တာ တော်တော်လေး သက်သာလာပြီ။ ဒါပေမယ့် သောက်တာကို ရပ်လိုက်ရင် နည်းနည်း ပြန်ထွက်လာတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ ဆရာပြောထားတာ ၁၂ နာရီခြား တစ်ခါ၊ ၄-၅ ရက်သောက်ပါလို့ ပြောထားတာ။ အဲဒါ နောက်ထပ် ဆက်သောက်ရမလား။ ဆေးသောက်ရင်တော့ မျက်နှာနဲ့ ကျောပြင်က ဝက်ခြံတွေ တော်တော်ကြီးကို သက်သာပြီး ပါးလာတယ်။ ဆေးမသောက်ရင် ပြန်ထွက်လာတယ်။ အဲဒါ သမီး ဘယ်လိုလုပ်ရမလဲ ဆိုတာ-

• ဝက်ခြံကို ပိုးဝင်တာသက်သာအောင် ပြောတဲ့ဆေးက လုပ်ပေးတယ်။
• ဝက်ခြံထွက်စေတဲ့ အကြောင်းတရားတွေကိုတော့ မတတ်နိုင်ပါ။ ဥပမာ အရွယ်၊ ဟော်မုန်း။
• ရေးထားထဲက လိုတာတွေကို ဆင်ခြင်လိုက်နာရင် သက်သာပါမယ်။