ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, May 27, 2011

Q and A May 2011 (7)

1. အမျိုးသမီးက ARV ဆေးသောက်နေရပါတယ်
2. ကိုယ်ဝန်ဟာ နှစ်လမှာ ပျက်သွားပါတယ်
3. ဆီးစပ်နား ညာဘက်ခြမ်းက အောင့်အောင့်နေတာပါ
4. သားအိမ် အားနည်တာ ဘာကြောင့်ပါလဲ
5. အလုံးက နှာခေါင်းပေါက်ကို ပိတ်နေတာပါ
6. ပါးစပ်မှာ ရေယုံ ပေါက်တာ
7. ၉ (စင်တီ) ထိ ပွင့်တာကို ပြန်ချုပ်ဖို့ လိုပါသလား

2011/5/25
Q 1: ကျွန်တော့် အမျိုးသမီးက ARV ဆေးသောက်နေရပါတယ်။ ကိုယ်ဝန်အပ်စဉ်မှာ သွေးစစ်တော့ အိတ်ခ်ျအိုင်ဗွီ တွေ့တာနဲ့ ဆေးရုံက ဆေးသုံးလေးမျိုး အရင်သောက်ခိုင်းပါတယ်။ ARV ဆေးတွေလို့ နားလည်ထားပါတယ်။ အခုတော့ တစ်လုံးပဲ မနက်တခါ၊ ညတခါ အချိန်မှန်သောက်ရပါတယ်။ ဆေးဘူးမှာတော့ GPO VIR လို့ ရေးထားပါတယ်။ သုံးလေးလုံး သောက်နေရာကနေပြီး ပြောင်းပြီး တလစာ ဆယ့်နှစ်နာရီအတိမှာ တစ်လုံးစီ သောက်ဖို့ ပြောင်းပေး လိုက်တော့ ပထမ တော်တော်လေး အဆင်ပြေသွားပါတယ်။ ကြာလာတော့ ပြဿနာက ဆေး စသောက်တဲ့ အချိန် ကတည်းက မနက် ၈း၅ဝ ည ၈း၅ဝ ပုံမှန်သောက်ချိန်အဖြစ် ရွေးထားမိတာက ရေရှည်မှာ အဆင်မပြေဘူး။ မနက် ပိုင်းသိပ်မသိသာပေမယ့် ညပိုင်း ကျတော့ ဗိုက်ဆာပေမယ့် ဆေးသောက်ချိန် မရောက်သေးလို့ စောင့်ရတယ်။ အချိန်ရောက်လို့ အစာစားပြီး ဆေးသောက်တော့ စားချိန်နဲ့အိပ်ချိန် နီးသွားပါတယ်။ သူ့ခမျာ အချိန်လဲချင် နေပေမယ့် မလဲရဲလို့ ဘယ်လိုပြန်ပြင်ရနိုင်မလဲ ပြောပြပေးပါ။ သောက်နေကျ အချိန်အစား ၈ နာရီလောက် ပြင်သောက်လိုက်ရင် ရမလား။ ဘယ်နှစ်မိနစ်လောက် ပိုနောက်ကျရင် ဘာအကျိုးယုတ်စေသလဲ။

• GPO-Vir S30® ဆေးမှာ Nevirapine 200 mg, Lamivudine 150 mg, Stavudine 30 mg တွေ ပါတယ်။
• May be taken with or without food အစာနဲ့ နီးနီး-ဝေးဝေး သောက်နိုင်တယ်။

2011/5/26
Q 2: သမီးရဲ့ သားဦးကိုယ်ဝန်ဟာ နှစ်လမှာ ပျက်သွားပါတယ်။ နေတာက (့) မှာပါ။ အစားအသောက် အနေအထိုင် ဂရုစိုက်ရင်းကို ဒီလိုပျက်ရပါတယ်။ ဒီကဆရာဝန်ရဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ်နဲ့ ပေါ့ဆမှုလို့ ယူဆပါတယ်။ ဆေးခန်းသွားပြတိုင်း ဘာမှ သေချာမစစ်ဆေးပဲ (except using ultrasound only) ပြန်လွှတ်လိုက်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးလဲ မပေး၊ သွေးပေါင်လဲမချိန်၊ သွေးလဲမစစ်ပါဘူး။ ၆ ပါတ်မှာ နှလုံးခုန်တာ မြင်ရပြီး ၈ ပါတ်လောက်မှာ Miscarriage ဖြစ်သွားပါတယ်။ အရမ်းကိုလဲ ဝမ်းနည်းရဆဲပါ။ အခုတော့ သားအိမ်ကို ခြစ်ပြီ်းလို့ အနားယူနေပါတယ်။ ကိုယ်ဝန်ဆောင် အားဆေး Prenatal & Folic Acid ကို ဆက်သောက်နေဆဲပါ။ မြန်မာပြည်ပြန်ဖို့ စီစဉ်နေပါတယ်။ ဘယ်အချိန်လောက်ဆို ပြန်လို့ရပါလဲ။ နောက် နှစ်ပါတ်မှာ another OG နဲ့ Appointment to follow up action အတွက်ရှိပါတယ်။ ဘယ်လိုမျိုး Medical Check-up တွေ နောက်ကိုယ်ဝန် မဆောင်ခင်မှာ လုပ်သင့်ပါသလဲရှင့်။

ရေးပြီးသားစာတွေ ပို့ပေးပါတယ်။သိပ်မစိုးရိမ်ပါနဲ့။ ကိုယ်ဝန် တခါပျက်ပြီး နောက်ဆက် ပျက်တယ်ဆိုတာ အတော်ကြီး ရှားပါတယ်။ သားအိမ်ခြစ်ပြီး ခရီးသားဘို့ ရက်အများကြီးစောင့်စရာ မလိုပါ။ ဆင်းတာလဲရပ်မယ်၊ လူကလဲ နေကောင်းမယ်။ သွေးဖိအားလဲ မှန်တယ်ဆိုရင် ရပါမယ်။
1. ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း
2. Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း)

2011/5/27
Q 3: ကျွန်တော်တို့ အိမ်ထောင်ပြုတာ ၇ နှစ်လလောက်ပဲ ရှိပါသေးတယ်။ အခု ကျွန်တော့် အမျိုးသမီးမှာ ရောဂါတစ်ခု ခံစားရနေလို့ OG နဲ့ ပြရမှာလား၊ ရိုးရိုးဆရာဝန်နဲ့ ပြရမှာလား မသိလို့ဗျာ။ သူမ ခံစားရနေတာက ဗိုက်ပေါ်မှာရှိတဲ့ အမျိုးသမီး မွေးလမ်းအကြောင်းနဲ့ လက်နှစ်လုံး ကွာလောက် ဆီးစပ်နား ညာဘက်ခြမ်းက အောင့်အောင့်နေတာပါ။ အလုပ်က ရုံးထိုင်အလုပ်လုပ်ပါတယ်။ အသက်က ၃ဝ ပါ။ အဲဒါ သားအိမ်ရောဂါလား။ အူအတက်ပေါက်ချင်တာလား။ ဘယ်လို အထူးကုနဲ့ပြရမလဲ။ အူအတက်ပေါက်ချင်တာဆိုရင် ဆေးခန်းကို ပြောနိုင်အောင် အင်္ဂလိပ်လို အခေါ်အဝေါ်ပါ ရေးပေးစေချင်ပါတယ်။

• အမျိုးသမီးတွေမှာ ဆီးစပ်နေရာမှာဖြစ်ရင် ၁။ Bladder ဆီးအိမ်၊ ၂။ Uterine tube သားအိမ်ပြွန်၊ ၃။ Appendix အူအတက်စတဲ့ အစာလမ်းကြောင်း၊ တခုခုဖြစ်နိုင်တယ်။
• ဆီးလမ်းကဆိုရင် ဆီးအောင့်မယ်။ ဆီးခဏခဏသွာချင်၊ သွားရင်နာမယ်။
• သားအိမ်စတဲ့ မွေးလမ်းကဆိုရင် White discharge အဖြူဆင်းတာနဲ့ တွဲနေတတ်တယ်။ သားအိမ်ပြွန်ဆိုရင် ဖိရင်နာတာ၊ ဆိုးဝါးနေရင် Pain during intercourse အိမ်ထောင်နဲ့အတူနေချိန်နာတာ၊ Amenorrhea ရာသီ ထိန်တာနဲ့ တွဲနေရင် Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တည်တာ၊ Lump/Cyst အလုံးအကျိတ် ရှိတာ၊
• အစာလမ်းကဆိုရင် Appendix ရောင်တာက အတင်းနာမယ်၊ ကိုယ်နဲနဲပူနိုင်တယ်။ အရေးပေါ်ဖြစ်နိုင်တယ်။ သိပ်မဆိုရင် အဲလောက်အထိ မနာဘူး။ နောက်ပြီး သန်ကောင်ကိုလဲ စဉ်းစားရမယ်။
• နောက်တခုက Stone ဆီးလမ်း ကျောက်တည်တာလဲ စဉ်းစားရအုံးမယ်။
• OG ကို အရင်ပြတာ မမှားပါ။ လိုအပ်မှ သူကနေ ဆက်ညွှန်လိမ့်မယ်။ Complaint ကို ရိုးရိုးလေးသာပြောပါ။
o I feel pain over here. Pain is over right side of the Publc area. It is right lower part of abdomen. I have pain there for (-) days. It is severe or moderately severe or not severe. I have white discharge from vagina. I do not have any discharge from vagina. Pain is felt in the morning or in the afternoon or in the evening or at night time or after food. I am afraid I have Appendix problem or uterus. My cycle (Menstrual cycle) is regular or late. I was married for 7 months.

2011/5/27
Q 4: အမျိုးသားတယောက်ရဲ့  သုပ်ရည်ကို ပါးစပ်ကတဆင့် မျိုချမိရင် ဘာဖြစ်ပါတက်ပါသလဲ။ တယောက်ထဲကိုပဲ လိင်တူ ဆက်ဆံသွားမယ်ဆိုရင် HIV/AIDS ဖြစ်နိုင်ပါသလား။ အမျိုးသမီး သားအိမ်အားနည်တာ ဘာကြောင့်ပါလဲ။ ကလေး ယူရင်ရော အဆင်ပြေပါသလား။ ဘယ်အစားအစားကို စားသုံးသင့်ပါသလဲ၊ ဘာတွေ ရှောင်ကြဉ်ရပါသလဲ။ သားအိမ် အားနည်တဲ့ အမျိုးသမီးက ဘယ်အသက်အရွယ်ထိ ကိုယ်ဝန်ဆောင်တာကို ရှောင်ကြဉ်ရပါသလဲ။ ကလေး ယူခဲ့သည် ရှိသော် ဘယ်လိုနေထိုင်ရပါသလဲ။ ကလေးယူဘို့ သင့်သော်သလား မသင့်တော်ဘူးလား။ အသက် ၃ဝ လောက်မှ ကိုယ်ဝန်ဆောင်ရင် အသက်ဆိုးရင်ရပါသလား။

• ယောက်ျား-သုတ်ရည်ကို ပါးစပ်ထဲထည့်တာ မျိုချတာကြောင့် ဘာမှ မဖြစ်ပါ။ ကိုယ်ဝန်လဲ မရစေပါ။ ဒါပေမဲ့ သုတ်ရည်မှာ ပိုးမရှိနေရင် ပြောတာသာ ဖြစ်တယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ပိုး ရှိရင်၊ ပါးစပ်မှာလဲ အနာအဆာ ရှိရင် ကူးစက်နိုင်တယ်။
• တယောက်ထဲကိုသာ ဆက်ဆံတယ်လို့ ရေးပေမဲ့ လိင်တူဆိုတာ ပါနေတော့ မရှင်းပါ။ လိင်တူဆိုတာ ကျား+ကျာ၊ မ+မ၊ ရှင်းပြောပါအုံး။
• အဖေါ်တယောက်ထဲကိုသာ ဆက်ဆံတာဆိုရင် ရောဂါမရဘို့ များတယ်။ နှစ်ယောက်လုံး ရောဂါကင်းနေရင် မဖြစ်ပါ။ ဥပမာ မဖေါက်ပြားတဲ့ ငယ်လင်-ငယ်မယား။
• သားအိမ် အားနည်းတယ်ဆိုတာ အရပ်သုံးစကားသာ ဖြစ်တယ်။ တိတိကျကျ ဖြစ်ခဲ့တာ၊ ဖြစ်နေတာကို ပြောမှ ဆေးပညာအရ အကဲဖြတ်လို့ရမယ်။
• ပုံမှန်အားဖြင့် အသက် ၃၅ မတိုင်ခင် ကိုယ်ဝန်ဆောင်တာ အကောင်းဆုံး ဖြစ်တယ်။

2011/5/27
Q 5: ကျွန်တော့် နှာခေါင်း အပေါက်ပိတ်လုနီးပါး ဖြစ်နေပါတယ်။ ၁ နှစ်ကျော်လောက် ရှိနေပါပြီ။ အိပ်ရင် အသက်ရှူမဝချင်ပါ။ တခါတလေ လက်သန်းလေးတောင် မဝင်တောာ့လောက်အောင် ပိတ်လာပါတယ်။ ညာနှာခေါင်းပေါက် တခုထဲပါ။ ၁။ ဘာဖြစ်တာပါလဲ။ ၂။ ဘာဆေး သောက်ရနိုင်ပါလဲ။ ဆေးခန်းပြဘို့က ရောက်နေတဲ့ နိုင်ငံမှာဆို နဲနဲဈေးကြီးပြီး ခက်ခဲလို့ပါ။ ၃။ အရှင်းပျောက်နိင်ပါသလား။ ကျား ၃၃နှစ်ပါ။ ဖြစ်တဲ့ဘက်က ရောင်ပြီး အလုံးက နှာခေါင်းပေါက်ကို ပိတ်နေတာပါ။ ဆေးကတော့ ဘာဆေးမှ မစားရသေးပါဘူး။ အေးရင်ပိုဆိုးပါတယ်။ ညဘက် အဲယားကွန်းနဲ့ဘဲ အိပ်တော့ ညတိုင်းဘဲ အသက်ရှူရတာ ကြပ်နေပါတယ်။ နှာနုရိုး အလယ်ဘက်ကနေ နီရဲတဲ့ အလုံးက ရောင်နေတယ်လို့ ထင်ပါတယ်။

Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း ကိုဖတ်ပါ။ လိုက်နာပါ။

28 May 11, 13:09
Q 6: ပါးစပ်မှာ ရေယုံ ပေါက်တာ ခုမနက်ကျမှသိပါတယ်။ ရေလဲချိုးလိုက်တယ်။ ခေါင်းလဲလျှော်လိုက်ပါတယ်။ ဘာဆေးတွေ သောက်ရမှန်းလဲ။ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးပါအုံး။

Herpes simplex ရိုးရိုး ရေယုံ၊ ပါးစပ်ရေယုံ ဆိုတာ သူ့အလိုလို ပျောက်သွားပါမယ်။ ဗိုင်းရပ်စ် ကိုတော့ မရှင်းနိုင်ပါ။
နာတာ သက်သာအောင် Ibuprofen, Paracetamol တခုခုသောက်နိုင်တယ်။ နာတာသက်သာဘို့ ထုံဆေး Prilocaine, Lidocaine, Benzocaine, Tetracaine တခုခု လိမ်းနိုင်တယ်။ Antiviral ဆေး Acyclovir (Aciclovir) သုံးရင် အများကြီး အထောက်အကူရတယ်။ Valaciclovir (valacyclovir), Famciclovir, Penciclovir ဆေးတွေကလဲ ဗိုင်းရပ်စ် အတွက် သောက်ဆေးတွေ ဖြစ်တယ်။ Acyclovir, Penciclovir, Docosanol ဆေးတွေက ဗိုင်းရပ်စ်အတွက် လိမ်းဆေးတွေ ဖြစ်တယ်။

May 27, 2011 at 1:33 PM
Q 7: ကျွန်မအသက် ၂၆ နှစ်ပါ၊ အိမ်ထောင်သက် ၂ နှစ် ရှိပါပြီ။ (့) မှာ နေပါတယ်။ သားလေးကို ဗိုက်ခွဲမွေးပါတယ် (၈ လရှိပါပြီ)။ သားလေးကို ဂျူးဒိတ်ထက်၂ ပတ်စော မွေးပါတယ်။ အဲတာကလည်း ကလေးလှုပ်ရှားမှု နည်းရင် ဆေးရုံကို သွားရမယ်ဆိုလို့ သွားပြတာ ဆရာဝန်က အဲထရာဆောင်း ရိုက်ကြည့်ပြီး ကလေး ၃.၅ ကီလို ရှိတယ် သူရဲ့ကြီးထွားတာတွေ ဘာတွေက ပြည့်စုံနေပြီ မွေးလို့ရတယ် ဆက်စောင့်လည်း အကျိုးမရှိဘူးဆိုပြီး ဆေးရုံ တက်ခိုင်းပါတယ်။ ဗိုက်နာတာ၊ ရေမွှာပေါက်တာ၊ သားအိမ်ပွင့်တာ ဘာမှ မဖြစ်ပါ။ ဆေးရုံတက်ပြီ ၂ ရက် ဆက်တိုက် သားအိမ်ပွင့်အောင် ဆေးထည့်ပါတယ် ၂ cm ပဲပွင့်ပါတယ်။ ၃ ရက်မြောက်နေ့ နေ့လည် ၂ နာရီမှာ မွေးခန်းထဲ ပို့ပါတယ် ဆေးထိုးပြီး ဗိုက်နာအောင်လုပ်ပါတယ်။ ည ၁၂ နာရီလောက်မှာ ၉ cm ထိ သားအိမ်ပွင့်ပါတယ်။ တကယ် အားစိုက်ပြီး ညှစ်ရမယ့်အချိန်မှာ အရမ်းမောလာပြီး သတိလစ်ချင်သလိုဖြစ်လာတယ် ညှစ်ဖို့ အားလည်း မရှိတော့ ခွဲမွေးဖို့ request လုပ်ပြီး ခွဲမွေးပါတယ်။ (၉ cm ထိပွင့်တာကို ပြန်ချုပ်ဖို့ လိုပါသလား။ ဆေးရုံကတော့ မချုပ်ပေးလိုက်ပါဘူး)။ ကလေးမွေးပြီး ၃ လ လောက်မှာ ခင်ပွန်းနှင့်အတူနေပါတယ်။ နောက်ပိုင်း အတူနေရင် ကျွန်မ သားအိမ်အတွင်းမှာ အပူလောင်သလိုမျိုး ပူစပ်ပူလောင်ကြီး ဖြစ်ပါတယ်။ အမျိုးသားကလည်း ပူတယ်လို့ ပြောတယ်။ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါ တစ်ခုခု ဖြစ်နေတာပါလား။ အတူနေချင်စိတ်လည်း နည်းလာပါတယ်။ ကိုယ်ကိုကိုယ် ယုံကြည့်မှု အားနည်းလာတယ် စိတ်ဓါတ်လည်း ကျသလို ခံစားရပါတယ်။ OG နဲ့ ပြဖို့ လိုအပ်ပါသလား။ Microgynon ED ဆိုတဲ့ ကိုယ်ဝန်တားဆေး သုံးပါတယ်။

• ကလေးဖွါးတော့မယ်ဆိုရင် ပဌမအဆင့်က ဗိုက်နာလာတယ်။ သားအိမ်ပွင့်လာမယ်။ သားအိမ်အဝ ၁ဝ စင်တီမီတာအထိ ပွင့်ရင် မွေးလမ်းကနေ မွေးလို့ရတယ်။ ကလေးဖွါးပြီးတာနဲ့ သားအိမ်ဝဟာ တဖြေဖြေးချင်း ပြန်ပိတ်ပါတယ်။ ဘာမှ လုပ်ပေးစရာ မလိုဘဲ ပိတ်တာပါ။ နာရီပိုင်းသာ ကြာတယ်။
• သားအိမ်အတွင်းမှာ အပူလောင်သလိုဆိုတာ သိပ်တော့ မတိကျပါ။ သားအိမ်ဆိုတာ ခံစားမှု မရှိပါ။ သူ့ကို ဖုံးတာတဲ့ အလွှာကသာ နာတာသိတယ်။ သူ့ဘေးက သားအိမ်ပြွန်၊ မျိုးဥအိမ်တွေကို ဖုံးထားတာတွေလဲ အတူတူဘဲ။ သားအိမ်အဝဆိုတာလဲ ထိတာကို သိတယ် ဆိုယုံသာ သိတယ်။ နာတာ-ပူတာ မသိပါ။
• အခုလိုခံစားရတာဟာ သားအိမ်ပါတ်ဝန်းကျင်မှာ တခုခုဖြစ်နေတယ်လို့တော့ ပြောနိုင်ပါတယ်။ ပူတယ်ဆိုတာ အက်စစ်ဓါတ်နဲ့ ဆိုင်ဘို့ များတယ်။ အက်စစ်ဓါတ် များတာက ဆီးအောင်တဲ့သူတွေမှာ ဖြစ်တတ်တယ်။ (ဗဂျိင်းနား) အရည်က အက်စစ်ဓါတ်များလာလဲ ဖြစ်နိုင်တယ်။ သုတ်ပိုးသေဆေးကလဲ ပူစေတယ်။
• ရောဂါဆိုး မဟုတ်ပါ။ ဒီလိုဖြစ်နေလို့ နှစ်ဦးသား ဆက်ဆံရေးကို သက်ရောက်လာတာမို့ နှစ်ယောက်လုံးအတွက် စိတ်-စိတ်ဆန္ဒကိုပါ ထိခိုက်လာတာသာ ဖြစ်ပါမယ်။ မစိုးရိမ်ပါနဲ့။
• အဖြူဆင်းတာပါ ရှိ-မရှိသိချင်ပါတယ်။ ဆက်ဆံချိန်မှာ နာတယ်လို့ ခံစားရသလားလဲ သိဘို့လိုသေးတယ်။

Dr. တင့်ဆွေ
၂၇-၅-၂ဝ၁၁