ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, May 19, 2011

Q and A May 2011(4)

1. သာမန်ထက် ပိုမို ကြောက်တတ်သော ကလေးငယ် ဖြစ်နေပါသည်
2. စိတ်မချမ်းသာပေမယ့် ကလေးမရတဲ့ အမြုံမ ဖြစ်မှာကိုတော့
3. မလိုအပ်ဘဲ မခွဲချင်လို့ပါ
4. ဆေး မသောက်ရင် ၁ ရက်ကို ၃ ခါကနေ ၅ ခါလောက်ထိ အန်ပါတယ်
5. အိမ်ထောင်မရှိပါဘူး။ ဝက်ခြံတွေ အများကြီး
6. ရာသီလာရင် ဘယ်နှစ်ရက် ကြာတာလဲ
7. မွေးပြီးစ မိခင်တစ်ယောက်ရဲ့ ဟော်မုန်းမျိုး ထွက်တာများနေလို့

May 16, 2011 at 7:54 AM
Q 1: ညီမငယ်၏ ယခု (၉) နှစ်၊ လေးတန်း ရောက်ရှိနေပြီဖြစ်သော သားငယ်သည် သာမန်ထက် ပိုမို ကြောက်တတ်သော ကလေးငယ် ဖြစ်နေပါသည်။ ကားစီးသည့်အခါ၊ ဆိုင်ကယ်စီးသည့်အခါ၊ တောင်တက်ဆင်း အေးကနဲ နိမ့်ဆင်းသွားသည့် အခြေအနေမျိုး ကြုံကြိုက်သည့်အခါ အလွန် ကြောက်လန့်တတ်ပြီး၊ မိခင်ဖြစ်သူမှ ထွေးပွေ့ ထားရသည့် အခြေအနေမျိုး ဖြစ်ပါသည်။ ကားကိုလည်း ခေါင်းခန်းမှသာ စီးနေရသည့် အနေအထားမျိုး ဖြစ်ပါတယ်။ အသက် အနည်းငယ် ကြီးလာသောအချိန်တွင်လည်း ကြောက်တတ်သော လက္ခဏာ လျော့မသွားပဲ ရှိမြဲ ရှိနေပါသည်။ ကားစီး သည့်အခါ အထင်ရှားဆုံး ဖြစ်ပါသည်။ ချား၊ ရဟတ်ကဲ့သို့သော အရာများ လုံးဝမစီးရဲပါ။ (့) ပြည်နယ်တွင် နေထိုင်သော မိသားစု ဖြစ်သောကြောင့် တောင်တက်ဆင်းလမ်းများ မကြာခဏ ကြုံကြိုက်ရပါသည်။ မွေးရာပါ အေးဆေးစွာ နေတတ်သော ကလေးဖြစ်ပြီး၊ ရှက်တတ်ပါသည်။ အနည်းငယ် တွေးတောတတ်သော လက္ခဏာ မျိုးလည်း တွေ့ရပါသည်။ အခြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မူမမှန်သော အပြုအမူ အပြောအဆိုများ မရှိပါ။ ကြမ်းတမ်းသော ဆော့ကစားနည်းများကို ဆော့ကစားခြင်း မရှိပါ။ ဂိမ်းဆော့ခြင်း၊ တီဗီ ကြည့်ခြင်း၊ စက်ဘီးစီးခြင်း စသည့် ဆော့ကစားနည်း များကို ပုံမှန် ဆော့ကစားလေ့ရှိပါသည်။ အသက်အရွယ် ကြီးပြင်းလာသည့်အခါ လောကအလယ် မိမိ ခြေထောက်ပေါ် ကောင်းစွာ မရပ်တည်နိုင်သော၊ ပျော့ညံ့ အားငယ်တတ်သော ကလေးတစ်ဦး ဖြစ်လာမည်ကို မိသားစုအနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ နားလည်း တတ်ကျွမ်းသော ဆရာဝန်များဖြင့် ဆေးကုသမှု ခံယူလိုပါသဖြင့် မည်သည့် ရောဂါမျိုး ဖြစ်နိုင်သည်၊ မည်သို့သော ပါရဂူမျိုးဖြင့် ကုသမှု ခံယူသင့်သည်ကို လိုအပ်သလို အကြံပြု ဖြေကြားပေးပါရန်။

• ကလေးကို ဂရုစိုက်တဲ့ မိဘ-ဆွေမျိုးတွေကို ချီးကျူးပါတယ်။ ကလေးတချို့မှာ အဲလို ဖြစ်တတ်ပါတယ်။
• စိတ်အားပေးတာ၊ သင်ပြတာတွေ လုပ်ကြမယ်ထင်ပါတယ်။ ဆက်ပြီး လုပ်ပေးသင့်ကြပါတယ်။
• သူ့စိတ်အားမငယ်အောင်၊ အားတက်လာအောင်၊ တခါတလေ မြှောက်၊ တခါတလေချော့ပါ၊ မငေါက်ပါနဲ့။ နဲနဲလေး တိုးတက်လာတာမျိုးကို ချီးမွမ်းပါ။ သူရဲကောင်းပုံပြင်၊ ဇာတ်လမ်း၊ တီဗွီ၊ ရုပ်ရှင်၊ စာအုပ် စတာတွေ ပြောပြ ပြသပေးပါ။
• ကလေးအထူးကု ဆရာဝန်နဲ့ အရင်ပြသသင့်ပါတယ်။ သူကနေ စိတ်အထူးကု ဆရာဝန်ဆီ ညွှန်ချင်ညွှန်လိမ့်မယ်။

2011/5/5
Q 2: ကျွန်မ အိမ်ထောင်ကျတာအခုလာမယ့် 7 လပိုင်းဆို 4 နှစ်ပြည့်ပါပြီး။ ကလေး မယူခဲ့ပါဘူး။ ဆေးသောက်ခဲ့တာ 3 နှစ် နီးပါရှိခဲ့ပါတယ်။ အိမ်ထောင်စကျခါစတုန်းကတော့ ဆေးထိုးပါသေးတယ်။ တည့်လို့ မတည့်လို့တော့ မသိပါဘူး။ အစား အရမ်စားပြီး ဝလာတယ်။ အဲဒါနဲ့ ဆေးကပ် သောက်ခဲ့ပါတယ်။ ဆေးကပ် သောက်တော့လဲ ကိုယ်ဝန်ရှိတဲ့ သူလိုပဲ တစ်ချိန်လုံး အန်နေလို့ ညမအိပ်မှီသောက်တာ အဆင်ပြေသွားလို့ သုံးနှစ် နီးပါး သောက်ခဲ့ပါတယ်။ အိမ်ထောင်ရေး မပြေလည်ပေမယ့် အိမ်ထောင်လဲ မကွဲဘူးဆိုတော့ ကျွန်မ ကလေးလိုချင်ပါတယ်။ အသက်လဲ လာမယ့် 9 လပိုင်းဆို 30 ပြည့်ပြီး။ (့) မှာနေတာဆိုတော့ (့) သွားပြတော့ (့) သားအိမ်အနေအထား ကို ရိုက်ကြည့်တော့ အားလုံး ကောင်းတယ်တဲ့။ OG ဆရာဝန်မက ပြောပါတယ်။ တစ်ခါသွားပြရင် (့) တစ်ထောင် ကျော်တော့ ရေရှည်မပြနိုင်ခဲ့ပါဘူး။ (့) ဘတ်ခြမ်း ဆေးခန်းကလဲ ဈေးကြီးပြီး မထူးခြားပါဘူး။ အသက်ကြီးမှ အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်နေတဲ့ အသိအမက ဘယ်မှမပြနဲ့ Vitamin E နှင် Folic acid သောက်ပါ ဆိုလို့ သောက်နေပါတယ်။ နောက်ဆုံးအခေါက် သွားပြတော့ အမျိုးသားကို သုတ်ရည်စစ်ဖို့ ပြောပါတယ်။ သူကတော့ စစ်ဖို့ အင်တင်တင် ဖြစ်နေတယ်။ သူ ကျွန်မနဲ့ အိမ်ထောင်မကျမှီ ကလေးတစ်ယောက် အမေနှင့် ရှုပ်လို့ ကလေးတစ်ယောက် ရဖူးပါတယ်။ အဲဒါတွေကြောင့် အိမ်ထောင်းရေးကို အဆုံးသတ်ဖို့ အခါခါ စဉ်စားမိပါတယ်။ ကလေးမရှိ၊ အိမ်ထောင် ကွဲချင်ပေမယ့် စိတ်ဓါတ် ပျော့ညံ့တာမို့ အခုထိတော့ မကွဲသေးပါဘူး။ စိတ်မချမ်းသာပေမယ့် ကလေးမရတဲ့ အမြုံမ ဖြစ်မှာကိုတော့ ရှက်ပါတယ်။

• ကလေးမရလို့ ရဘို့ကြိုးစားတာ လွယ်တာတော့ မဟုတ်ပါ။ ဆေးစစ်တိုင်းလဲ ရချင်မှရတတ်ပြန်သေးတယ်။
• ဘာအထူးကုမှ မပြဘဲ တားဆေးတွေ ဖြတ်ပြီး ကိုယ်ဝန်ရလာသူတွေလဲ ရှိပါတယ်။ ဖတ်ချင်လဲ ဖတ်ပြီးနေမှာပေါ့ ရေးပြီးသား စာ ၂ ပုဒ် ထည့်ပေးလိုက်ပါတယ်။
• လူ့ဘဝဆိုတာ အဲလိုပါဘဲ။ ဖြစ်ပြီးမှတော့ အကောင်းဆုံးကို ရွေးချယ်ပါ။ စိတ်တင်းပါ။ စိတ်ကောင်းထားပါ။
• “လောကဓံ ၈ ပါး နဲ့ တွေ့ကြုံပေမဲ့ တုံလှုတ်ခြင်း မရှိ၊ ကြောက်ရွံ့ခြင်း မရှိ၊ ရမက်လည်း မရှိ၊ ဘေးရန်လဲ မရှိ” ဆိုတဲ့ လွန်မြောက်သူတွေလောက် မဟုတ်တောင်မှ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်ပါလေ။
1. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄)
2. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)

2011/5/16
Q 3: ကျွန်တော့် မိခင် ဘယ်ဖက်လည်ပင်း အောတ်ခြေနားမှာ အကျိတ် ၁ ခုရှိနေတယ်။ မလိုအပ်ဘဲ မခွဲချင်လို့ပါ။ အကြံညဏ်ပေးပါ။ အသက်က ၅ဝ ရှိပါတယ်။ သွေးတိုးရောဂါရှိပါတယ်။ Doctor ကခွဲရမယ်လို့ပြောတယ်။ Ultrasound အဖြေက -
Left lobe of thyroid is enlarged. Size 2.5cm and 5 cm. second small cystic are scattered in the solid nodule. Right lobe is normal.
TSH-1.73 ( 0.23-4.2) uIU/ml
T3 - 1.67 (1.3-3.1) nmol/ L
T4- 80.04 (66-181) nmol/L
USG- left lobe of thyroid gland is enlarged with the presence of mixed echogenic nodule measuring about 2.5 cm x 5 cm . Second small cystic loculae are scattered in the solid nodule. No calcification.
Right lobe is normal. No enlarged nodules, vessels intact.
Dx - Cystic adenomatous goitre (Left)
Symptom: Swelling at the root of the left side of the neck x1 week. No progression in size. No other symptoms.
Past history of hypertension for 15 years
Drug history: Losartan 50mg BD, Atenolol 50 mg OD, Aspirin 75mg OD x15 years
I would like to know that should that swelling be operated. What are the adventages and disadventages of operation? Should I need to take medicine after surgery? Will there be drug interactions between those medicine and drugs already taken?
• The results of Thyroid function test show within normal range. So the patient is neither hyperthoroid nor hypothyroid. It is not a cancer either.
• Thyroid adenomas increases with age and are present in almost 10-50% of the adult population. 95% of solitary thyroid nodules are benign, and therefore, only 5% of thyroid nodules are malignant.
• Fortunately those of age less than 20, age greater than 70 and male gender are common for Thyroid cancer.
• Fine Needle Biopsy will definitely tell the exact diagnosis.
• My advice is to consult the specialist and ask him pros and cons of surgery.
• So far the patient has nothing to worry except hypertension which needs care on daily basic.

19 May 11, 05:44
Q 4: သမီး အခုကိုယ်ဝန် ၁၂ ပတ် ၂ ရက်ရနေပါပြီ။ အန်တာလဲ မသက်သာသေးပါ။ ၇ ပေါင်လောက် ကျသွားပါတယ်။ ပေါင်ချိန် အရမ်းကျလို့ ဗိုက်ထဲကကလေးအတွက် အန္တရယ်ရှိနိုင်ပါသလား။ လက်ရှိပေါင်ချိန်မှာ ၁၂၃ ပါ။ ဆရာဝန်ပေးသော အအန်သက်သာဆေး ONDANSETRON သောက်ရင်တော့ ၂ ရက်လောက်တော့ စားချင်စိတ် ရှိလာပါတယ်။ ဆေး မသောက်ရင် ၁ ရက်ကို ၃ ခါကနေ ၅ ခါလောက်ထိ အန်ပါတယ်။ တခါတလေ လည်ချောင်းက သွေးတွေတောင် ပါတတ်ပါတယ်။ အဲ့ဒီ အအန်ပျောက်ဆေးက ၃ ရက် ၁ ခါသောက်ရင် ကလေးကို ထိခိုက်နိုင်ပါသလား။ ရေလည်း အများကြီး သောက်ချင်ပါတယ်။ ဆေးသောက်ထားတဲ့နေ့ဆို ရေသောက်နိုင်ပါတယ်။ ဆေးမသောက်တဲ့နေ့ဆို တငုံထက် ပိုရင် အန်ရပါတယ်။ ဒီအန်တာ ဘယ်လောက်ထိ ခံရအုံးမှာလဲ။ ဆရာပြောပြသောစာကို ဖတ်ရပါတယ်။ 18 ပတ်အထိ အန်တတ်တယ်လို့ ဖတ်ရပါတယ်။

• ကိုယ်ဝန်ရှိစအန်တာက ဖြစ်နေကျရောဂါတခု ဖြစ်တယ်။ နည်းနည်းအန်တာနဲ့ မျာများအန်တာ ကွာမယ်။
• တချို့မှာ ထူးထူးခြားခြား ထိန်းမရလောက်အောင် ဆိုးဝါးသူရှိနိုင်တယ်။ ရှားလှပါတယ်။
• မေးတဲ့သူမှာ အလတ်စားဆိုးဝါးတယ်လို့ အကဲဖြစ်ရတယ်။ အန်တာသက်သာဆေးကလဲ ခပ်ပြင်းပြင်း ပေးထားတယ်။
• Ondansetron Oral (Zofran) ဆိုတဲ့ ဆေးကို ခွဲစိတ်ကုသရာမှာအန်တာ၊ ကင်ဆာ-ဆေးတွေပေးလို့ အန်တာ အပါအဝင် အန်ချင်တာမှန်သမျှပေးတယ်။ ဆေးတခုခုကြောင့် အန်ချင်သူဆိုရင် အန်ချင်တဲ့ဆေး မသောက်ခင် နာရီဝက်ကြိုသောက်ရတယ်။ ဓါတ်ကင်လို့ အန်ချင်သူဆိုရင် ၁-၂ နာရီ ကြိုသောက်ရတယ်။ ခွဲစိတ်တာကြောင့် ဆိုရင် ၁ နာရီ ကြိုးပေးတယ်။ အားနဲ့ နီးနီး-ဝေးဝေး သောက်နိုင်တယ်။ တနေ့ကို ၃ ကြိမ်အထိ ပေးနိုင်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်၊ အိပ်ချင်၊ ဝမ်းချုပ်၊ ဗိုက်နာ၊ မျက်စိဝေဝပါး၊ ကြွက်သားလှုတ်၊
• ခံစားနေရသူ ORS ဓါတ်ဆားသောက်ရမယ်။ လိုသေးရင် RL drip သွင်းရမယ်။ ၁ ပုလင်းထဲ မရရင် ထပ်-ဆက် သွင်းဘို့ လိုနိုင်တယ်။
• အစဉ်အလာသုံး အန်တာသက်သာနည်းတွေလဲ သုံးသင့်တယ်။
• ပိုတိကျတဲ့အကြံကတော့ ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန် OG ကို ပြောပြပါ။

2011/5/18
Q 5: သမီးနာမည်က(့) ပါ။ (့) ကပါ။ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ ဝက်ခြံတွေ အများကြီး မျက်နှာရော ကျောပြင်မှာပါ ပေါက်နေတာ အရမ်း စိတ်ညစ်တယ်။ သမီးက ပိန်လည်းပိန်တယ်။ ရာသီကလည်း သိပ်မမှန်ဘူး။ အဲဒါ ဝက်ခြံပျောက်ပြီး ရာသီမှန်အောင် ဘယ်လို နေထိုင် စားသောက် သင့်သလဲဆိုတာ စာပြန်ပေးပါ။

• Acne ဝက်ခြံ ရောင်စုံ ကို ဖတ်ပါ။

2011/5/18
Q 6: မိန်းကလေးတွေက ရာသီလာရင် ဘယ်နှစ်ရက်ကြာတာလဲ။ ရာသီလာလို့ မပြီးသေးဘဲနဲ့ တူတူနေရင်ရော နေလို့ ရလား။ ရာသီလာပြီးမှ နေရမှာလား။ ရာသီမလာလို့ မပြီးသေးဘဲနဲ့ရော နေလို့ ရလား။ ရာသီလာပြီးမှာ နေရင် ကိုယ်ဝန် ရနိုင်လား၊ မပြီးသေးဘဲနဲ့ နေရင်ရော ကိုယ်ဝန်ရနိုင်လား။ ကိုယ်ဝန်တော့ မလိုချင်သေးဘူး။ သူလဲငယ်သေးတယ်။ ကျနော်လဲ ငယ်သေးတယ်။

• ရာသီလာတာ မိန်းကလေး တယောက်နဲ့ တယောက် ကြာချိန် မတူကြပါ။ ၂ ရက်ကနေ ၇ ရက်အထိ ကြာနိုင်တယ်။ အများဆုံးက ၃ ရက်ဖြစ်မယ်။
• ရာသီလာနေတုံး ဆက်ဆံရင် သန့်ရှင်းမှုကိုသာ ဂရုထားဘို့လိုပါမယ်။
• ရာသီလာနေတုံး ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ပါ။
• ရာသီ ပဌမရက် မတိုင်ခင် ၅ ရက်ကနေ ရာသီလာနေတုံးရော၊ လာပြီး ၅ ရက်အထိ ကာလအတွင်း အတူနေပေမဲ့ ကိုယ်ဝန်မရဘို့ သိပ်များတယ်။
• ကိုယ်ဝန်တားနည်းတွေ အားလုံး ရေးထာပါတယ်။ ရှာဖတ်ပါ၊ လိုက်နာပါ။

May 5, 2011 at 7:48 PM
Q 7: ကျွန်တော်တို့ ဇနီးမောင်နှံမှာ သားအကြီးတစ်ယောက်၊ သမီးငယ် တစ်ယောက် ရှိပါတယ်။ နောက်ထပ် သားသမီး တားလိုကြပါသည်။ တစ်ခါတစ်လေ Ecee2 နှင့် အလားသဏ္ဍာန်တူသော ဆေးများကို သောက်ပါတယ်။ တစ်ခါတစ်လေ တစ်လအတွင်း ၃-၅ ကြိမ်အထိ ဆေးသောက်လိုက်ရတာ ရှိပါတယ်။ အမျိုးသမီးရဲ့ ရာသီလာချိန်များ မမှန်တော့ပါ။ လွန်ခဲ့တဲ့ ငါးလလောက်ကစပြီး သွေးအနည်းငယ် ဆင်းတတ်တာက လွဲရင် ပုံမှန် ရာသီသွေးဆင်းမှု မရှိတော့ပါ။ ရာသီသွေး မလာတာ (5) လ ခန့်ရှိပါပြီး။ ဆီးစစ် ကြည့်သောအခါ ကိုယ်ဝန်မရှိပါ။ OG ပြကြည့်သောအခါ ပြသာနာမရှိဟု ပြောပါသည်။ အသားစ စစ်ဆေး ကြည့်မည်ဆိုကာ စစ်ဆေးပါသည်။ အဖြေက ကလေး မွေးပြီးစ မိခင်တစ်ယောက်ရဲ့ ဟော်မုန်းမျိုး ထွက်တာ များနေလို့ ဖြစ်တာလို့ ပြောပါတယ်။ အမျိုးသမီးက ကလေးငယ်ကို နို့တိုက်စဉ်ကလို နို့သီးခေါင်းလေးကို ညှစ်ကြည့်သောအခါ နို့ရည်ကြည်လေး အနည်းငယ်ထွက်ပါသည်။ အသေးစိပ် သိလိုပါသည်။ အမျိုးသမီးပြခဲ့တဲ့ OG အနေနဲ့ နားလည်တဲ့အထိ ရှင်းပြဖို့ သူ့ရဲ့ ဆေးခန်းမှာ မဖြစ်နိုင်ဘူးထင်ပါသည်။ ဘာဖြစ်လို့ ဖြစ်ရတာပါလဲ။ ဘာတွေ အန္တရာယ် ရှိပါသလဲ။ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။ ဘယ်လိုနေထိုင် စားသောက် ရမှာပါလဲ။ ဘယ်လို ကုသမှုမျိုး ခံယူရမှပါလဲ။ ဒီ (5) လအတွင်းမှာ သူ့ရဲ့လက္ခဏာက မကြာခဏ ကိုယ်လက် ကိုက်ခဲ ဖျားနာတတ်ပါသည်။ အဖျားမကြီးပါ။ အကြိမ်ရေ များခြင်းပါ။ ရာသီဥတုက မကြာခဏပြောင်းလဲနေလို့ ဖြစ်တာလို့ ထင်ခဲ့ကြပါသည်။ တုပ်ကွေးလိုလို ဖြစ်တာမျိုး ထင်ပါတယ်။ ဆေးခန်းပြကြည့်လျှင် အာသီးရောင်လို့ ဆိုတာမျိုး အဖြေရခဲ့ပါသည်။ ဘိုင်အိုဂျပ်စစ်၊ အမောက်စလင်၊ သောက်လေ့ သောက်ထ ရှိပါသည်။

• ကိုယ်ဝန်တားဆေးတွေကြောင့် ရာသီကို သက်ရောက်တယ်။ နဲတာ၊ များတာ၊ မလာတာ၊ စတာတွေဖြစ်နိုင်တယ်။
• သိပ်မစိုးရိမ်ပါနဲ့။ OG လဲ ပြထားလို့ စိတ်အေးနိုင်ပါတယ်။
• ဟော်မုန်းတမျိုး များတာအတွက် Hyperprolactinaemia နို့ထွက်-ဟော်မုန်းများခြင်း ကို ရေးထားပါတယ်။ ရှာရတာ ခက်မှာ စိုးလို့ ထည့်ပေးလိုက်ပါတယ်။
• အာသီးရောင်တာ မှန်ရင် (အမောက်ဆာစလင်) ကောင်းပါတယ်။ တပါတ်သောက်ရင် ၄ ရက်ထက် မနည်းစေပါနဲ့။ (ပါရာစီတမော) လဲ သောက်ပါ။