ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, May 24, 2011

Q and A May 2011(6)

1. ခါးနာရောဂါအတွက် ဖြစ်ပါတယ်
2. အကောင်းဆုံး (ကွန်ဒွမ်) ကို လမ်းညွှန်ပေးလို့ရမလား
3. ကိုယ်ဝန်ရှိတာ ၁ လကျော်မှ သိတော့
4. ကျမရောဂါက ဂရင်ဂျီနာများလား
5. RAI SCAN လုပ်စေချင်တယ်တဲ့
6. ကလေးရဲ့ ကျန်းမာရေး ထိခိုက်မှာကိုစိုးတဲ့အတွက်
7. Salmon fish နှင့် ငါးမြင်း ငါးများဟာ Sardines လို Purine-rich ငါးများ ဖြစ်ပါသလား

2011/5/24
Q 1: သူငယ်ချင်း မိန်းကလေးရဲ့ ခါးနာရောဂါအတွက် ဖြစ်ပါတယ်။ သူက (့) မှာ ကွန်ပျူတာဖြင့် အလုပ်လုပ်ပါတယ်။ ခါးနာနေပါတယ်။ ဆေးလိမ်းလို့လည်း မသက်သာဘူးလို့လည်း ပြောပါတယ်။ ကြာကြာထိုင်ပြီး အလုပ် မလုပ်နိုင်ပါဘူးတဲ့။ အထိုင် ကြာလျှင် ခါးနာလာလို့ပါ။ အသက်က ၂၆ နှစ်ပါ။ ကိုယ်အလေးချိန်က ၁၆ဝ ကျော်လောက် ရှိပါတယ်။ တော်တော် ဝပါတယ်။ သူ့မှာ သွေးတိုးလည်း ရှိပါတယ်။ သွေးတိုးကြောင့်များ ကျောက်ကပ် ထိခိုက်မှာ စိုးပါတယ်။ ကျောက်ကပ်ကြောင့်များ ခါးနာသလား ဒါမှမဟုတ် ရိုးရိုးပဲလားဆိုတာ သိချင်ပါတယ်။ ကျောက်ကပ်ကြောင့် ခါးနာလျင် ဘယ်လို လက္ခဏာများ သိရန်လိုအပ်ပါသလဲ။

ခါးနာသက်သက်အတွက် ရေးထားတာ ပို့လိုက်ပါတယ်။ စာမဖတ်ခင် တောင်းပန်ရအုံးမယ်။ အဲဒီစာရေးတုံးက ဆေးပညာစာ သက်သက် မဟုတ်ခဲ့ဘူး။ (ဘလော့ခ်) တခုမှာ စာရေးရင်း ကျန်းမာရေး အသိလေးပါ ပေးချင်လို့ ထည့်လိုက်တာ။ အပိုအဆာတွေကို ရှောင်ဖတ်ပေတော့။ ကိုယ်အလေးချိန် များသူတွေ ရောဂါ ပိုများတတ်တယ်။ အလေးချိန် လျော့နည်းလဲ ရေးထားတာလေး ပို့လိုက်မယ်။ ကျောက်ကပ်ဆိုရင် ဆီးမှာ တခုခု လာဖြစ်မယ်။ ဆီးစစ်ပါ။ လိုအပ်ရင် (အာလ်ထွာဆောင်း) ရိုက်စေပါ။ လိုသေးရင်မေးပါ။ ကျောက်ကပ် ရောင်ရင်၊ ကျောက်ရှိရင် ခါးနေရာမှာ နာနိုင်တယ်။ ဘယ်-ညာ တဖက်ဖက်ဖြစ်နိုင်တယ်။ ကျောက်ကပ်ဟာ ခါးရိုးမကြီး အလည်မျဉ်းကနေ ၂့၅ နဲ့ ၉့၅ စင်တီမီတာအတွင်း၊ နံရိုးနံပါတ် ၁၁ နဲ့ ခါးဆစ်ရိုးနံပါတ် ၃ ကြားမှာ ရှိတယ်။
1. Back Pain ခါးကောင်းမောင်းသန်ကြစေ၊
2. Weight loss ပိန်ချင်သလား တွေကို ဖတ်ပါ။

2011/5/24
Q 2: Safe အဖြစ်ဆုံးနဲ့ အကောင်းဆုံး (ကွန်ဒွမ်) ကို လမ်းညွှန်ပေးလို့ရမလား။ တချို့ (ကွန်ဒွမ်) တွေမှာ အချိန်ကြာတဲ့ ထုံဆေးတွေ ထည့်ထားတယ် ပြောတယ်။ အဲဒါ သုတ်လွှတ်မြန်တဲ့လူတွေအတွက် အဆင်ပြေနိုင်ပါသလား။ မသုံးကြည့်ရသေးလို့ပါ။ KY jelly က ထုတ်တဲ့ ကြာတဲ့လိမ်ဆေးတွေရှိတယ် ပြောတယ်။ ဘယ်လောက် ကြာကြာထိ ဆက်ဆံလို့ရလဲ။ အဲဒီဆေးတွေ လိမ်းထားရင် ခံစားမှုကို သိရှိနိုင်ပါ့မလား။ အကယ်လို့ အဲဒီဆေးလိမ်ပြီး ကွန်ဒုံ မစွပ်ရင် အမျိုးသမီးရော အဲဒီဆေးကြောင့် သူရောခံစားမှုရှိနိုင်ပါ့မလား။ သူပါ ထုံနေမှာ စိုးလို့ပါ။ အကောင်းဆုံး နည်းလမ်းများ ရှိရင် အချိန်ကြာကြာ နည်းလမ်းများကို ညွှန်ပြပေးစေလိုပါတယ်။ ဆက်ဆံတဲ့နေရာမှာ အချိန် အတိုင်းအတာ ပမာဏ လိုအပ်ပါသလား။ တစ်ချို့က အချိန်ကြာကြာ ဆက်ဆံတာကို ကြိုက်သလို။ တစ်ချို့က အချိန်ကြာကြာ FOREPLAY လုပ်တာကို ကြိုက်ကြတယ်။ ဘယ်ဟာက ကျေနပ်မှု အထိရောက်ဆုံးလို့ ထင်ပါသလဲ။

• တရားဝင် အသိအမှတ်ပြုတဲ့ (ကွန်ဒွမ်) ထဲမှာ ကြာစေမဲ့ဆေး နဲ့ ထုံဆေး ထည့်မသုံးပါ။
• ဒါပေမဲ့ စီးပွါးရေးသမားတွေက သိတဲ့အတိုင်းဘဲ၊ ငွေရပြီးရော လုပ်ချင်တာ လုပ်ကြတယ်။ အဲလိုအမျိုးအစားတွေ သိပ်မသိပါ။ သုတေသနလဲ မရှိသေးပါ။
• ထုံးဆေးရဲ့သဘောက ထုံနေတာမို့ နာတာ-ကျင်တာ-ထိတာ-ကိုင်တာကအစ မသိစေပါ။ တယောက်အင်္ဂါမှာ သုတ်ထားရင် ထိတွေ့မဲ့ အဖေါ်ရဲ့ အင်္ဂါကိုလဲ ထုံဆေး ကူးရောက်စေနိုင်တယ်။ သူ့ဆေးအစွမ်းက ကြာတော့ မကြာပါ။ ပိုးသန့်တာဆိုရင် ရောဂါမရနိုင်ပါ။
• ဆက်ဆံတာမှာ အချိန်လိုအပ်ပါတယ်။ လူတွေက မတူကြဘူး။ ယေဘုယျ ပြောရရင် ဒီစိတ်မျိုးဟာ အလွန်မတန် ပြင်းပြတာမို့ ကြာသထက် ကြာစေချင်မယ်။ တချို့မှာ အချိန်တိုလွန်းတော့ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်တယ်။
• တိတိကျကျ ပြောရရင် အချိန်ဆိုတာထက် Orgasm and pleasure စိတ်ကျေနပ်မှုက ပိုအရေးကြီးပါတယ်။ အချိန်၊ ကျေနပ်မှု စတာတွေကလဲ တသမတ်ထဲတော့ မဟုတ်ပြန်ပါ။ လူ့စိတ်ဆိုတာ တယောက်တမျိုး၊ တခါတမျိုး ဖြစ်တတ်တယ်။ နှစ်ဦးနှစ်ဘက် နားလည်ကြလေ ဆက်ဆံရေး သာယာ-ကောင်းမွန်လေ ဖြစ်ပါမယ်။
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) ကို ဖတ်ပါ။

2011/5/24
Q 3: ကိုယ်ဝန်ရှိတာ ၁ လကျော်မှ သိတော့ ဘာတိုက်ရဘာလဲ။ ချစ်သူတွေဆိုတော့ ဆေးခန်းလဲမပြရဲလိုပါ။ ဆေးနာမည်နဲ့ ဘယ်ဆိုင်တွေမှာ ရနိုင်ပါလဲ။

ကိုယ်ဝန်ကို ဘာလုပ်ချင်တာလဲ မသိရပါ။ ဖျက်ချင်တာဆို ဆရာ ဆေးမညွှန်းပါ။ လုပ်လဲ မပေးပါ။ ဆေးပညာ သုတ အတွက်တော့ စာရေးပါတယ်။
1. Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၉)
2. Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ တွေကို ဖတ်နိုင်ပါတယ်။

2011/4/12
Q 4: စအိုပေါက်နှင့် အမျိုးသမီး-အင်္ဂါ ကြားတွင် အဖု မာမာလေး ဖြစ်နေပါသည်။ သတိထားမိသည်မှာ ၃ ပတ်ခန့် ရှိပါပြီ။ နာတော့ မနာပါ။ ဒါပေမယ့် အဖုက အနည်းငယ် မာပြီး ကြီးလာသည်ဟု ထင်မိပါသည်။ အဖု၏တနေရာတွင် ဝက်ခြံကဲ့သို့ အခေါင်းပေါက် သေးသေးလေး ဖြစ်နေပါသည်။ ဆရာရေးထားသော ဂရင်ဂျီနာ အကြောင်းကိုလည်း ဖတ်ပြီးပါပြီ။ ကျွန်မရဲ့ ရောဂါက ဂရင်ဂျီနာ များလား။ ခွဲစိတ်ဖို့ အမြန်ဆုံးလိုအပ်ပါသလား။ ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား။ (့) မှာ နေပါတယ်။ အသက်က ၃ဝ နှစ် ပါ။ ဆရာ့ဆေးခန်းတွင် ခွဲပေးလျှင် ခွဲစိတ်နှုန်းထား၊ ခန်းမှန်း ကုန်ကျငွေနှင့် အချိန် ဘယ်လောက်ယူရမည်ကို သိချင်ပါတယ်ရှင်။

ဖြစ်နိုင်ပါတယ်။ မသေခြာသေးပါ။ အနာဖြစ်မယ်၊ မန်းရည်-ပြည် ထွက်မယ်။ ပျောက်မယ်၊ ပြန်ဖြစ်မယ်။ ပိုးသေဆေး အရင်သောက်ပါ။ Ampicillin + Cloxacillin 500 mg x 5 days, Paracetamol 1 tablet 2-3 times day, Vitamin C 1 tablet 2 times a day တွေ သောက်ပါ။ ဆရာက နယူးဒေလီမှာ နေရပါတယ်။ ဆောရီး။ ထူးတာရှိရင်ပြောပါ။

2011/5/21
Q 5: ဆရာပြောတဲ့အတိုင်း ကျွန်မ ပိုးသေဆေးကို ၃ ရက်ဆက်သောက်ပြီး မသက်သာတာနဲ့ ဆေးခန်းကို သွားပြတော့လည်း Sporidex 250mg ကို ၃ ရက်ဆက် သောက်ခိုင်းပြီး၊ Forsuderm ointment (Sodium fusidate 20mg) လိမ်းဆေး ပေးပါတယ်။ ဆေးသောက်နေတုံးမှာ အနာက တဖြည်းဖြည်း သေးသွားပါတယ်။ ဆေးရပ်ပြီးတော့ ၃-၄ ရက် လောက် နေရင် ပြန်ကြီးလာပါတယ်။ ကြီးလာတော့ နာလာပါတယ်။ ဒါနဲ့ သွားပြန်ပြတော့ ပိုပြင်းတဲ့ဆေးပေးမယ်ပြောပြီး Prednislone၊ Amoxil နဲ့ တခြားတစ်မျိုး ရောထားတာ ၃ ရက် ဆက်သောက်ခိုင်းပြန်ပါတယ်။ မသက်သာရင် Specialist ထပ်ပြရမယ် ဆိုပြီး ပြောပါတယ်။ ခွဲပြီး ထုတ်ချင် ထုတ်ရလိမ့်မယ်လို့လည်း ထင်ပါတယ်တဲ့။ ဆေး ဆက်သောက်ပါတယ်။ ဆေးသောက်နေတုံး အရမ်းနုံးတာပါပဲ။ အနာကတော့ သေးသွားပြန်ပါတယ်။ ဆေးကုန်သွားပြီး ၃၊ ၄ ရက်နေတော့ ပြန်ကြီးလာတာနဲ့ ဒီက (့) မှာ Gyane နဲ့ သွားပြဖြစ်ပါတယ်။ စမ်းသပ် ကြည့်ပြီးတော့ Syringe နဲ့ ၅ချက်လောက် စုပ်ထုတ်ကြည့်ပါတယ်။ ဘာမှ မတွေ့ပါဘူးတဲ့။ သေချာအောင်ဆိုပြီး US small part ultrasound ရိုက်ခိုင်းပါတယ်။ Infection ဝင်တယ်ထင်တယ်လို့ ဆိုပြီး Gentrisone cream (Betamethasone dipropionate, Clotrimazole, Gentamicin sulfate) ကို တနေ့ နှစ်ကြိမ် လိမ်းခိုင်းလိုက်ပါတယ်။ Syringe နဲ့ စုပ်ထားတဲ့နေရာမှာ အနာ သက်သာအောင် Paracetamol သောက်ခိုင်းပါတယ်။ နောက် ၂ရက်နေ ထပ်ချိန်းတဲ့နေ့မှာတော့ Ultrasound result က (No discrete mass was identified in the area of clinical concern) လို့ ပြောပါတယ်။ RAI SCAN လုပ်စေချင်တယ်တဲ့။ ရောဂါက ရှာမတွေ့လို့ ပြောပါတယ်။ ဈေးကလဲကြီးတော့ တခြား Option မရှိဘူးလားဆိုတော့ ဒိလိမ်းဆေးကိုပဲ ၁ လ ပြည့်အောင် ဆက်လိမ်းပြိး Follow up လာလို့ မှာလိုက်ပါတယ်။ ဇွန်လ ၂ ရက်နေ့မှာ ၁ လပြည့်ပါတော့မယ်။ အနာကတော့ ဘာမှ မထူးခြားသလိုပါပဲ ကြီးလည်း မကြီးသလို သေးလည်း မသေးသွားပါဘူး။ အနာက 0.5 cm ပတ်လည်လောက် ရှိမှာပါ။ အနာက နာလည်း မနာတော့ ကင်ဆာများလို့ ထင်မိပြီး စိတ်အင်မတန် ဆင်းရဲနေမိပါတယ်။ ဘာရောဂါ ဖြစ်နိုင်ပါသလဲ။ ဘာဆက် လုပ်သင့်သလဲ ဆိုတာ အကြံပေးပါအုံး။ ဒီအနာ မဖြစ်ခင် ၃ ပတ်လောက်တုံးကတော့ Yeast infection ဝင်ဖူး ပါသေးတယ်။ အရင်စာမှာ ရေးထားတဲ့ အဖု အခု မတွေ့တော့ပါ။ RAI SCAN က Side effect ရှိပါသလား။ ဘယ်လို ရောဂါမျိုးတွေကို ရိုက်ခိုင်းလေ့ ရှိပါသလဲ။ ကင်ဆာရောဂါတွေဟာ ကုလို့ မပျောက်နိုင်တဲ့ ရောဂါလား။

အပြည့်အစုံရေးလို့ အများကြီး အထောက်အကူရတယ်။ တတ်နိုင်သလောက် လုပ်ထားတာမို့ မစိုးရိမ်ပါနဲ့။ အဖြေတွေကလဲ ကောင်းတယ် မဟုတ်လား။ Sporidex ဆေးက ပိုးသေဆေးဖြစ်တယ်။ နောက်ဆေး Gentrisone က ကော်တီဇုံးပါတယ်။ RAI SCAN ကို ဘာ့အတွက် လုပ်ချင်လဲ မပြောတတ်ပါ။ Radioactive iodine scan (RAI) ရေဒီယို ဓါတ်ကြွ အိုင်အိုဒင်းနဲ့ ဆိုင်တယ်။ Scan တွေက စိုးရိမ်စရာ မရှိပါ။ MRI ဆိုရင်တော့ ဓါတ်ရောင်ခြည် နည်းနည်းလေး ပါတယ်။ ဆရာထင်တာ ကင်ဆာ မဟုတ်လောက်ပါ။ ပိုးသေဆေးနဲ့ အနာ-အရောင်သက်သာဆေးတွေနဲ့ ကောင်းမယ်ထင်ပါတယ်။ ဗီတာမင် စီ သောက်ပါ။ ဖိထိုင်တာကို လျှော့နိုင်သလောက် လျှော့ပါ။ ထူးခြားရင်လဲ ပြောပါ။

ကျေးဇူး အများကြီး တင်ပါတယ်၊ ဆရာ့စာကို ဖတ်ပြီး ကျွန်မ အားတက်မိပါတယ်။

2011/5/23
Q 6: အခုဆိုရင် အိမ်ထောင်ကျတာ ၃ နှစ်ထဲကို ရောက်နေပါပြီ။ စီးပွားရေး အခြေအနေ ခိုင်မာမှ ကလေးယူဖို့ ဆုံးဖြတ်ထား ကြပါတယ်။ တားဆေး ဖြစ်ဖြစ် ထိုးဆေးဖြစ်ဖြစ် သုံးချင်ပါတယ်။ ဒါပေမယ့် သမီးအမျိုးသားက ကလေးယူရင် ကလေးရဲ့ ကျန်းမာရေး ထိခိုက်မှာကို စိုးတဲ့အတွက် သူက ကွန်ဒွမ်ကို အသုံးပြုဖို့ အားသာပါတယ်။ အဲဒီမှာပါတဲ့ အဆီက သမီးအတွက် ရေရှည်ဆိုရင် မကောင်းဘူးလို့လဲ ထင်ပါတယ်။ အဲဒါကြောင့် သမီးက ရက်ရှောင်ရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သမီးက ဘယ်လို ရက်ရှောင်ရမလဲ ဆိုတာကို မသိလို့ပါ။ သမီးက တခါလာရင် ၆ ရက်ကြာပါတယ်။ ပြီးတော့ ရက်ကို တိုချင်ရင်ရော ဘယ်လို ဆေးမျိုး သောက်သုံးလို့ ရပါသလဲရှင့်။

(ကွန်ဒွမ်) မှာ ပါတဲ့ Lubricant ချောဆီက ရောဂါ မရစေပါ။ ကလေး အတွက်လဲ စိုးရိမ်စရာ မရှိပါ။ (ကွန်ဒွမ်) အရည် အသွေး ကောင်းတာ သုံးပါ။ ထူးဆန်းတာတွေ ရှောင်ပါ။ ရာသီရက်ကို မလိုအပ်ဘဲ မတိုချင်၊ မရှည်ချင်ပါနဲ့။ လုပ်လို့တော့ ရပါမယ်။ ဒါပေမဲ့ ဟော်မုန်းဆေးတွေ သောက်ရမှာမို့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်။
1. Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄) ကို ဖတ်ပါ။

May 24, 2011 at 3:48 PM
Q 7: Salmon fish နှင့် ငါးမြင်း ငါးများဟာ Sardines လို Purine-rich ငါးများ ဖြစ်ပါသလား။

Gout Foods လို့ခေါ်တဲ့ (ဂေါက်) အဆစ်နာရောဂါနဲ့ မသင့်တဲ့ သား-ငါးတွေ -
• Red meat အမဲသား၊ ဆိတ်သား၊ ဝက်သား၊ Liver အသဲ၊ Kidney ကျောက်ကပ်၊ Brain ဦးနှောက်၊ Bacon ဝက်ပေါင်ခြောက်၊ Veal နွားလေးသား၊ Venison သမင်-ဒရယ်သား-ဆတ်၊ Turkey ကြက်ဆင်သား၊
• Purines အများဆုံးပါတဲ့ ငါးတွေ = Sardines ဆာဒင်းငါး (ငါးသေတ္တာငါး၊ ငါးပိန္နဲစေ့) နဲ့ Anchovies ငါးပါးနီတွေ ဖြစ်ကြတယ်။
• Purines များတဲ့ တခြား ငါးအမျိုးအစားတွေ = Mackerel (မက်ကာရယ်လ်) ငါး၊ Herring မြောက်အတ္တလန္တိတ် ငါးသလောက်တမျိုး၊ Codfish ပင်လယ်ငါးကြီး၊ Trout (ထရောက်) ရေချိုငါးတမျိုး၊ Haddock ငါးကြီးဆီ ထုတ်ယူနိုင်တဲ့ ပင်လယ်ငါး၊ Salmon (ဆဲလ်မွန်) ငါး၊ Tuna (ကျူနာ) ငါး၊ Shellfish အခွံမာငါးများ (ဥပမာ Mussels ယောက်သွား၊ Scallops ခုံးကောင်၊)
• Purines အသင့်အတင်းများတဲ့ ငါးတွေ = Lobster ပုစွန်ထုပ်ကြီး၊ ကျောက်ပုစွန်၊ Shrimp ပုစွန်-ပုစွန်ဆိတ်၊ Crab ကဏန်း၊ Oysters ကမာ-မုတ်ကောင်၊ (မှတ်ချက်၊ Catfish ငါးမြင်း ကို Purines များစာရင်းထဲမှာ ရှာမတွေ့သေးပါ။)