Wednesday, June 15, 2011

Myanmar Health Ministry Guidelines ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်

၁။ အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည်။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း တစ်ခုခုဖြစ်နိုင်သည်။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း ထိခိုက်နိုင်သည်။
၂။ အသည်းမှာ ဒဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ။ မည်သည့်နည်းနှင့်မှ မသိနိုင်ပါ။ ကင်ဆာ အတော်များများ မဖြစ်ခင်တွင် အသည်းသည် အရင်ဆုံး ပျက်စီးရသည်။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည်။

၃။ အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည်။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိ ဗိုင်းရပ်(စ်) ပိုးများကိုလည်း တိုက်ခိုက်ရသည်။
၎။ တရုတ် လူမျိုး ၉ဝ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီ စားသုံးမှု များခြင်းကြောင့် ဖြစ်သည်။
၅။ အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၄င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည်။ ထိုအချိန်သည်၊ ည (၁၁) နာရီမှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည်။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည်။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ စားခြင်းသည် အသည်းကို အားနည်းစေသည်။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင် နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း၊ နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း၊ အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ။
၆။ အကယ်၍ ညအိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက၊ အသီးအနှံ စားသုံးနိုင်ပါသည်။ ထိုအစာများသည် အစာကျေလွယ်သည်။ အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည်။ထိုအသားကိုပင် အဆီများများနှင့် ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည်။ ထို့ကြောင့် ညအိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ။ အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များကို ဖယ်ရှားနေရသောကြောင့် မနားရပေ။ မနက်စောစောအိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ ရလဒ်ဖြစ်သည်။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည်။
၇။ အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည်။ အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည်။ ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ။ ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။
၈။ သံလွင်ဆီ၊ မုန်လာဥ၊ သခွားသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော ငါးကလေးများသည်၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည်။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည်။
၉။ အစာကို ကြာရှည်ခံစေသော ဓါတုဆေး၊ အရောင်တင်ဆေးနှင့် ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ။ ပိုးသတ်ဆေးနှင့် အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ။ ဆေးစားမှားခြင်းကြောင့် အသည်းကို ပျက်စီးစေသည်။ ကျူံ့သွားစေသည်။ မိုက်ခရိုဝေ့ မီးဖိုက ရောင်ခြည်သည်၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည်။
၁ဝ။ အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ။ မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည်။
၁၁။ ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့် စဉ်းစားဥာဏ်ကို အားနည်းစေသည်။
၁၂။ အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည်။ များများအိပ်ခြင်းဖြင့် အသည်းကို
ကောင်းမွန်စေသည်။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည်။
၁၃။ သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည်။ စည်သွပ်ဗူး စားသုံးခြင်း၊ စည်သွပ် အချိုရည် သောက်သုံးခြင်းများသည် အာဟာရ မဖြစ်ပါ။
၁၄။ စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည်။ စိတ်ဖိစီးမှုများခြင်း၊ အသံ ဆူညံခြင်း၊ ဒေါသထွက်ခြင်း၊ ကြာရှည်စွာ
အောင့်အည်းသည်းခံခြင်း၊ အဆိုးမြင်ဝါဒ၊ စိတ်ကျရောဂါ၊ ရည်ရွယ်ချက်မဲ့ဘဝ၊ တန်ဖိုးမရှိသော ဘဝနှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ခန္ဓာကိုယ်ကို အားနည်းစေသည်။ လူတစ်ယောက်၏ အသည်းသည် မကျန်းမာပါက ထိုလူသည် ဒေါသထွက်လွယ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ကောက်လွယ်ခြင်းများကို ဖြစ်ပေါ်ခံစားရသည်။
၁၅။ လေလည်ခြင်း၊ ချွေးထွက်ခြင်း၊ ဆီးသွားခြင်းတို့သည် ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည်။ လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး မကောင်းနိုင်ပါ။ သဘာဝအရ လေလည်ခြင်း၊ ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည်။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝ လေကောင်း လေသန့်များကို ရှုသင့်သည်။
၁၆။ ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင် ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါး သွားစေသည်။ ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည်။ သို့သော် နှလုံးရောဂါ ရှိသူများ သတိထားရန်မှာ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင် ရင်ဘတ်ကို မစိမ်မိပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ။
၁၇။ ဆန်လုံးတီး၊ ဂျူံကြမ်း၊ ကွေကာအုတ်၊ ကန်စွန်းဥ၊ ပိန်းဥ နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ကျန်းမာရေး အတွက် ကောင်းပါသည်။
၁၈။ သွေးအုပ်စု အေ အမျိုးအစားရှိသူများသည်၊ ကင်ဆာရောဂါဖြစ်ရန် အလားအလာများသည်။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစား ရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည်။
၁၉။ မိန်းမများသည် ပို၍ အသက်ရှည်ကြသည်။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့် ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည်။
၂ဝ။ ဝသော သူများသည် ပုံမှန်အားဖြင့် အစားအစာ တရားလွန်စားကြသည့်အတွက် အသည်း၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ ဖြစ်တတ်သည်။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည်။
၂၁။ အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်အဆီများများ စားခြင်းနှင့် ပတ်သက်သည်။
၂၂။ နှလုံးနှင့် သားအိမ်သည် ဆက်နေသည်။ တစ်နေ့လျှင် ရေ (၂) ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည်။
၂၃။ မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့်။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည်။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင်၊ ရောဂါအများစုသည် ရောဂါရင့်နေကြပေပြီ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင်၊ ဆရာဝန်(၂)ဦး၊ သို့မဟုတ်၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်တောင်းပါ။ အသည်းရောဂါဖြစ်လျှင်၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ။
၂၄။ အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည်။
၂၅။ နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည်။ သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည်။ ထိုအကြောင်းများကြောင့် ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်း ဖြစ်သည်။
၂၆။ သည်းခြေတွင် ကျောက်တည်ခြင်း၊ အသည်းနှင့် ဦးနှောက်တွင် ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ် အတောက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၂၇။ ကယ်လ်စီယမ် (ထုံး၊ ဂေါ်ဖီပန်း၊ သဘောင်္သီး) နှင့် သံဓါတ် (ထန်းလျက်၊ ဟင်းနုနွယ်) စသည်တို့သည် သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည်။
၂၈။ မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည်။
၂၉။ အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့် နှလုံးအတွက်ကောင်း၏။ အဝါရောင် ရှိသော အသီးအရွက်များသည် အစာချေခြင်းအတွက်ကောင်း၏။
၃ဝ။ သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ။
၃၁။ မျက်နှာတွင် ဝက်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။
၃၂။ နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည်။ ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ။
၃၃။ ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည်။
၃၄။ မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ် အားနည်းနေခြင်းကို ပြသည်။ ထိုအတွက်ကြောင့် ညဥ့်နက် သန်းခေါင် အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည်။
၃၅။ ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့် ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။

Tuesday, June 7, 2011

Aromasin ရင်သား-ကင်ဆာ ကုတဲ့ဆေး ရောဂါကိုပါ ကာကွယ်နိုင်

၎-၆-၂ဝ၁၁ (ရိုက်တာ သတင်း)။ အီစထိုဂျင်-ဟော်မုန်းဟာ အမျိုးသမီးတွေ ရင်သား-ကင်ဆာ ဖြစ်စေတဲ့ တရားခံ ဖြစ်တယ်။ ဒီဟော်မုန်းကို တားဆီးနိုင်စွမ်းရှိတဲ့ Aromasin ဆေးဟာ နောက်ဆုံး သုတေသန တခုအရ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ကင်ဆာမဖြစ်စေအာင် ကာကွယ်ရာမှာ ၆၅% ထိရောက်တာတွေ့လာရတယ်။

သွေးဆုံးပြီးသူ ၄၅၆ဝ ဦးကို စမ်းသပ်ခဲ့တာ ဖြစ်တယ်။ ဒီဆေးကို ၃ နှစ် ပေးပြီး စမ်းတာဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးလဲ အဆိုးကြီး မဟုတ်ဘူး။

Exemestane ဆေးကို Pfizer Inc ကထုတ်ပြီး၊ Aromasin လို့လဲ ခေါ်တယ်။ အခု အရင်ကထက် ဈေးချိုတာ ရနေပြီ။ ဒီအားတက်စရာ သတင်းကို Chicago at ချီကာဂိုမှာ လုပ်တဲ့ American Society of Clinical Oncology နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ထုတ်ပြော လိုက်တာ ဖြစ်တယ်။

တကမ္ဘာလုံးမှာ အမျိုးသမီးပေါင်း နှစ်စဉ် ၁့၃ သန်း ရင်သား-ကင်ဆာ ခံစားနေကြရတယ်။ ၅ သိန်းသေဆုံးကြရတယ်။ အဆုပ်-ကင်ဆာ ပြီးရင် သေဆုံးစေတဲ့ ကင်ဆာတွေထဲမှာ ဒုတိယ လိုက်တယ်။

အရင်တုံးက သုံးခဲ့တဲ့ ရင်သားကင်ဆာ ကာကွယ်ဆေး Tamoxifen ဟာ ဘေးထွက်ဆိုးကျိုး ဆိုးဝါးတယ်။ Exemestane ဆေးကတော့ သိပ်မဆိုးလှဘူး။ အရိုးကိုနဲနဲ ထိခိုက်မယ်။ မျက်နှာ နီမြန်းတယ်။ ချွေးထွက်မယ်၊ အိပ်ရေး ခက်တယ်။

Dr. တင့်ဆွေ
၇-၆-၂ဝ၁၁

Friday, June 3, 2011

Q and A June 2011 (4)

1. လည်ပင်းကလည်း တော်တော့်ကို နာနေတုန်းပါပဲ
2. တူမလေး ချောင်းဆိုးနေတာ ၃ ၇က်ခန့် ရှိပါပြီ
3. အစာအိမ်ကင်ဆာနဲ့ပါတ်သက်လို့ မေးချင်ပါတယ်
4. အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့်
5. သူ့ရင်သားတွေဟာ အပျိုဖြစ်ပြီးကတည်းက
6. သားကြောဖြတ်ထားတော့ ဘယ်လို ထပ်ယူရင် ရနိုင်မလဲ
7. ဆီးခုံအောက် ညာဘက်နားမှာ အကြိတ်လို
8. အိမ်သာတက်တာ သွေးပါနေလို့

Jun 3, 2011 at 7:56 AM
Q 1: ကျွန်တော့် အသက်က ၂၈ ထဲမှာပါ။ ဖျားနေတာ ၆ ရက်ရှိပါပြီ။ တောက်လျှောက်ကြီး ဖျားနေတာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲက ပူလာလိုက် ပြန်အေးသွားလိုက်နဲ့ပါ။ ခေါင်းကတော့ အဲဒီနေ့ ကတည်းကစပြီး ခုထိ အလွန်အမင်းကို မခံနိုင်အောင် ကိုက်ပါတယ်။ နားရွက်အောက်နားက ပါးစောင်ရိုးဘေးနား လည်ပင်းကလည်း ထိလိုက်ရင် နာနေပြီး တစ်ခုခု မျိုချရင်လည်း နာနေပါတယ်။ အာသီးတော့ ဖြစ်မယ် မထင်ပါ။ အာသီး ခဏခဏ ယောင်တတ်တော့ သိပါတယ်။ ခုက အာသီးနားက မဟုတ်ဘူး။ တနလာင်္နေ့ က (့) က ပိုလီ ဆေးခန်းသွားပြတော့ အပူချိန်က ၃၈့၁ ရှိပါတယ်။ Klerimed 500 (Clarithromycin 500MG Tab) နဲ့ Pain Killer ကျနော်က အစာအိမ်ရောဂါ ရှိတော့ Famotin (Famotidine USP 20mg) နဲ့ တစ်ပတ်စာ တွဲပေးပါတယ်။ ၂ ရက်လောက် သောက်ပြီး လုံးဝမသက်သာတာနဲ့ ကုမ္ပဏီမှာရှိတဲ့ ဆေးခန်းကို သွားပြပါတယ်။ Amoxicillin နဲ့ Decolgen ပေးပါတယ်။ ပိုးသတ်ဆေး ကိုတော့ မသောက်ရသေးပါ။ ပထမဆေးခန်းရဲ့  courseကို ပြီးအောင် သောက်ရဦးမှာ မို့ပါ။ တစ်ခုမှ မသက်သာဘူး။ ခေါင်းကလည်း ဘယ်ညာ ရွှေ့ ရင်တောင် ဖြေးဖြေးချင်း ရွှေ့ရပါတယ်။ လည်ပင်းကလည်း တော်တော့်ကို နာနေတုန်းပါပဲ။ မြန်မာတွေ လုပ်လေ့ရှိတဲ့ ဆားပြုတ်ရည် လည်း ငုံပါတယ်။ ခန္ဓာကိုယ်ထဲမှာလည်း ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ ပူနေပါတယ်။ အစားစာချင်စိတ်လည်း မရှိဘူး။

• Clarithromycin ဆေးက ဗက်တီးရီးယားတွေကို နိုင်တယ်။ Pneumonia နူမိုးနီးယား၊ Bronchitis လေပြွန်ရောင်၊ Infections of the ears, Sinuses, Skin, Throat နား-ဆိုင်းနပ်စ်-အရေပြား-လည်ချောင်း ရောင်တာတွေ အတွက် ကောင်းတယ်။
• Famotidine (Pepcid) ဆေးက Duodenal ulcer အစာအိမ်အထွက်နေရာ လေနာ၊ Gastric ulcer အစာအိမ်နာ၊ (GERD) အစာခြေရည် အထက်ဆန်တာတွေမှာ သုံးတယ်။
• Amoxicillin ဆေးကို ဗက်တီးရီးယား အမျိုးမျိုးအတွက် သုံးတယ်။ H. pylori ကြောင့်ဖြစ်တဲ့ အစာအိမ်လေနာ၊
• Infections of the ear, Nose, and Throat နား-နှာခေါင်း-လည်ချောင်းရောင်တာ၊ Infections of the genitourinary tract ဆီးလမ်း-မျိုးပွါးလမ်း ရောင်တာ၊ Infections of the skin အရေပြားရောင်-နာတာ၊ Infections of the lower respiratory tract အသက်ရှူလမ်း အောက်ပိုင်း ရောင်တာ၊ Gonorrhea ရိုးရိုး-ဂနိုးရီးယား၊ စတာတွေမှာ သုံးတယ်။
• ဖျားရင် ခံစားရတာတွေက တယောက်နဲ့ တယောက် မတူပါ။ နာတာကို ခံနိုင်ရည်လဲ ကွာကြသေးတယ်။ နာတာ သက်သာစေတဲ့ ဆေးကို မလွဲမသွေ သောက်ရမှာပါ။ လေနာဆေးနဲ့ တွဲသောက်တာ ကောင်းပါတယ်။
• ရောဂါ ရလာရင် ဆေးကနေ ရောဂါကို နိုင်အောင် အချိန်ယူရပါတယ်။ စိတ်ရှည်လိုက်ပါ။ ဆရာဝန် ၂ ဦးကိုလည်း ပြထားတာဘဲ။
• စားချင်စိတ်ပျက်တာလဲ ရောဂါကို ဆေးနဲ့ ခံနိုင်စွမ်းတွေက နိုင်လာတာနဲ့ ပြန်ကောင်းပါလိမ့်မယ်။

Jun 3, 2011 at 9:55 AM
Q 2: ကျွန်တော့် တူမလေး ချောင်းဆိုးနေတာ ၃ ၇က်ခန့် ရှိပါပြီ။ အသက်ကတော့ ၁ နှစ် ၂ လ ရှိပါပြီ။ နှာစေးနေတာလည်း တပတ်ခန့် ရှိပါပြီ။ ဆရာဝန်ပေးထားတဲ့ ချောင်းဆိုးပျောက်ဆေး Rhinathiol ကိုလည်း တိုက်နေပါတယ်။ မသက်သာသေးပါ။
• Rhinathiol 5 ml ထဲမှာ Carbocisteine 100 mg, promethazine HCl 2.5 mg ပါတယ်။ unproductive & irritative coughs သလိပ်မရှိတဲ့ ချောင်းခြောက်ဆိုးတာအတွက် ပေးတယ်။
• ချောင်းဆိုးတာက ရာသီဥတု၊ အနံ့အသက်၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား စတာတွေကနေ ဖြစ်တယ်။ ဗက်တီးရီးယား ကြောင့် ဖြစ်တာ ဆိုရင်တော့ ပိုးသေဆေးနဲ့ပါ တွဲရတယ်။
• ကလေးငယ် ဒီအရွယ်မှာ ဆေးရွေးရတယ်။ ၂ ရက်နဲ့မှ မသက်သာရင် ကလေးအထူးကုဆရာဝန်ပြပါ။
• လိုရမယ်ရ ဆေးနည်း ပြောရရင် Amoxacylin အရည်ပါတွဲရမယ်။ အာခေါင်-အာသီးရောင်တာနဲ့ အသက်ရှူလမ်း-အထက်ပိုင်း ရောင်တာအတွက် ၁ နှစ်သား ကလေးကို 50 mg/kg/day တနေ့ ၂-၃ ကြိမ် ခွဲတိုက်ပါ။

Jun 2, 2011 at 10:47 PM
Q 3: ကျွန်တော့် အမေရဲ့ အစာအိမ်ကင်ဆာနဲ့ပါတ်သက်လို့ မေးချင်ပါတယ်။ လိုအပ်တဲ့ documents တွေကိုပါ attach လုပ်ပေးလိုက်ပါတယ်။ ကျွန်တော့် အမေက ပြီးခဲ့တဲ့လက အစာအိမ်ထုတ်ထားပါတယ်။ သိချင်တာက Chemo ဆေးတွေနဲ့ ပါတ်သက်လို့ လက်ရှိ အနေအထားကနေ Chemotherapy မလုပ်သင့်၊ လုပ်သင့် ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။ ခွဲတဲ့ဆရာက လုပ်ပါ၊ မလုပ်နဲ့ အတင်းမတိုက်တွန်းပါ။ OT note ထဲကအတိုင်း ဆိုရင် လုပ်သင့်တယ်၊ စာထဲမှာပါတယ်ဘဲ ပြောပါတယ်။ သူခွဲခဲ့ဘူးတဲ့သူတွေထဲမှာ တစ်ယောက်ကလည်း အမေ့လိုဘဲ ၇ဝ ကျော်ပါပြီ။ လွန်ခဲ့တဲ့ ၆ နှစ်က ခွဲခဲ့တာ၊ Chemotherapy မလုပ်ဘဲ ဒီအတိုင်းနေတာ ခုထိ ကောင်းနေပါတယ်တဲ့။ Diagnosis လုပ်တဲ့ ဆရာမကတော့ အခု ဆေးမသွင်းသေးဘဲနဲနဲ fit ဖြစ်လာတော့မှ Chemo Pill ပေးမယ်ပြောပါတယ်။ ကျွန်တော်ကတော့ ဆရာရေးတဲ့ `အစာအိမ်ကင်ဆာ´ဆေးစာကိုဖတ်ပြီးပါပြီ။ ကံတရားနဲ့ နောင်တကြားထဲမှာ မဝေခွဲနိုင်ပါ။ Side Effecta နဲတဲ့ ဆေးတွေတော့ လက်လှမ်းမှီပါတယ်။ ဆရာရဲ့အမြင်ကို သိချင်ပါတယ်။

• အစာအိမ်-ကင်ဆာ လူနာ အများစုကို Chemotherapy ဆေးပေးကုသမှု လုပ်တယ်။ ကင်ဆာ (ဆဲလ်) တွေကို သတ်ပြစ်ဘို့ပါ။
• မခွဲခင် ပေးတာရှိသလို ခွဲပြီးမှလဲ ပေးတယ်။
• အများအားဖြင့် သွေးပြန်ကြောထဲကနေ သွင်းပေးနည်းဖြစ်တယ်။
• ဆေး ၁ မျိုးထဲမကလဲ တွဲသုံးတယ်။
• အပြင်လူနာ၊ အတွင်းလူနာ အနေနဲ့ လုပ်နိုင်တယ်။
• ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးဆိုတာ ဆေးအမျိုးအစား နဲ့ ဆေး အနည်း-အများအပေါ်မှာ မူတည်တယ်။
• ကင်ဆာဆဲလ်တွေကို သေစေသလို မသေစေချင်တဲ့ အလျင်အမြန် ပွါးတတ်တဲ့ ဆဲလ်တွေကိုလဲ ထိခိုက်စေတယ်။
• သွေးဥတွေကို ပျက်စီးစေတာမို့ ရောဂါပိုး ဝင်လွယ်မယ်။ ထိခိုက်ရင် သွေးခြည်ဥတာ ပိုဖြစ်မယ်။ သွေးပိုထွက်မယ်။ မောပန်းပြီး အားကုန်သလို ခံစားရမယ်။
• ဆံပင်ကျွတ်မယ်။
• အစားပျက်မယ်၊ ပျို့ချင်-အန်ချင်မယ်။ ဝမ်းပျက်မယ်။ ပါးစပ်မှာ အနာပေါက်မယ်။
• တချို့ဆေးတွေကြောင့် အရေပြားမှာ အနီပြင်ထွက်တယ်။ ခြေ-လက် ထုံကျင်နေမယ်။
• 5-fluorouracil နဲ့ Cisplatin ဆေးတွေကို အသုံးများတယ်။
• Paclitaxel, Docetaxel နဲ့ Irinotecan တွေလဲသုံးတယ်။
• ဆေးသစ်တွေကိုလဲ စမ်းသပ်နေတယ်။
• ရောဂါရဲ့ အလားအလာဟာ ဆေးကုတဲ့အချိန်မှာ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာအပေါ် မူတည်တယ်။
• Localized distal gastric cancer ၅ဝ% ကျော်ကျော် ပျောက်သွားနိုင်တာက အကောင်းဆုံး အလားအလာ ဖြစ်တယ်။
• ကံမကောင်းတာက အမေရိကားမှာတောင် ၁ဝ-၂ဝ% လောက်သာ အဲဒီအဆင့်မှာ သိကြရတယ်။
• ကျန်တဲ့အဆင့်တွေဆိုရင် ၅ နှစ်နေနိုင်နှုန်းက
• ကျွန်တော့်အနေနဲ့ မေးတဲ့သူရဲ့ မိခင်ကို Chemotherapy လုပ်ပါ-မလုပ်ပါလို့ တိုက်တွန်းလိုခြင်း မရှိပါ။
o Disseminated disease တခြားဆီပြန့်နေသူ ဝ% ကနေ
o Localized distal gastric cancers confined to resectable regional disease နေရာလေး မှာသာရှိပြီး၊ ခွဲစိတ်ထုတ်လို့ရသူ ၅ဝ% ရှိတယ်။
o Proximal gastric cancer ဆိုရင် ၁ဝ-၁၅% ရှိတယ်။
• ကင်ဆာဆေးနဲ့အတူ လိုအပ်ရင် (ခွဲစိတ်လို့ အကုန်မထုတ်နိုင်ရင်) ဓါတ်ကင်တာလဲ လုပ်နိုင်တယ်။
• ကျွန်တော့်အနေနဲ့ မေးတဲ့သူရဲ့ မိခင်ကို Chemotherapy လုပ်ပါ-မလုပ်ပါလို့ တိုက်တွန်းလိုခြင်း မရှိပါ။ ကျန်းမာရေး သုတကိုသာ ပေးပါရစေ။

Jun 3, 2011 at 6:32 PM
Q 4: ကျွန်တော့် အကိုကြီးသည် အသည်းတွင် အလုံးတွေ့သဖြင့် 2.4.2011 နေ့က ခွဲလိုက်ပါသည်။ အသည်း ကင်ဆာ အဆင့် 2 ဟု ပြောပါသည်။ သည်းခြေအိတ်တွင်လဲ ကျောက်တည်သဖြင့် သည်းခြေအိတ် ထုတ်လိုက်ပါသည်။ ယခု 2 လ ကျော် လာသောအခါ အတ်ထာစောင်း ထပ်ရိုက်ရာ အသည်းတွင် အလုံးတစ်လုံး ထပ်တွေ့ပါသည်။ ဆရာဝန်က ပြောရာ ထပ်ခွဲဖို့ မသင့်တော်ဟု ပြောပါတယ်။ ဆေးဖြင့် ပိတ်လို့ရရင်ရ ဓါတ်ကင်လို့ရရင်ရ နောက်ဆုံးအဆင့် အသည်း လဲဖို့ ပြောပါတယ်။ အသည်း ကင်ဆာ ဒီလောက် မြန်မြန် အလုံး ပြန်ထွက်တက်ပါသလား။ ယခုအချိန်ထိ ခွဲတုန်းက ဗိုက်တွင် ပလတ်စတစ် ဗူးလေးဖြင့် ပိုက်တပ်ထားရာ အထဲက အရည်သည် သွေးရောင် အနှောက်ပြစ်ပြစ်တွေ ထွက်နေသဖြင့် မဖြုတ်ရသေးပါ။ အသည်း ကင်ဆာ အစားအသောက် နေထိုင်ပုံများ ရှိရင် တဆင့်ပို့ပေးရန် အကူအညီတောင်းပါတယ်။ ဆရာရေးသော ပို့စ်များကို လေ့လာဖတ်ပါတယ်။ အသည်းအကြောင်း ရေးထားသော ပို့စ်များကို တစ်စုထဲ တင်ထားသော နေရာ ရှိပါသလား။ အကိုကြီးသည် စီပိုး ဘီပိုးလဲ ရှိပါသည်။ နောက်ဆုံးသိလိုသည်မှာ ဆက်ကုလို့ အဆင်ပြေမပြေ သိချင်ပါသည်။ ယခု သူက တချက်တချက် အောင့်နေပါတယ်။

• အသဲ-ကင်ဆာဟာ ကင်ဆာထဲမှာ ဆိုးတဲ့ အမျိုးအစားထဲမှာ ထိပ်ကရှိတယ်။ ဆောရီး။
• ကျွန်တော့် အတွေ့အကြုံအရ ရောဂါအမည် တပ်ပြီးနောက် ၆ လ သာခံတယ်။ အတွေ့အကြုံဆိုတာ လွန်ခဲ့တဲ့ ၂ဝ နှစ်ကသာ ဖြစ်ပါတယ်။ အဲဒီကာလတုံးက ဆေးတွေ၊ ဆေးအထောက်အကူတွေ၊ စမ်းသပ်နည်းတွေ အတော် နောက်ကျနေခဲ့တာပါ။ တိုင်းပြည် ကျန်းမာရေး အခြေအနေကလဲ အခု ပိုကောင်းနေ-မနေ အထဲကလူတွေက ပိုသိမှာပါ။ အသဲလဲတယ်ဆိုတာ မြန်မာပြည်မှာ မရှိသေးဘူး။ အခုဆို ကျွန်တော်နေတဲ့ တိုင်းပြည်ကို လာပြီး အသဲ လာလဲနေသူတွေ တရက်မှ မပြတ်ရှိနေတယ်။
• ခွဲစိတ်အပြီး အရည်ထုတ်ပြွန်ကို ထွက်စရာကုန်မှ ဖြုတ်ပါမယ်။
• အစားအသောက်ကတော့ ခွဲစိတ်ပြီးရင် မေ့ဆေးလဲ ပျယ်ရင် စားနိုင်ပြီလို့ ခွဲစိတ်ဆရာဝန်က ညွှန်ရင် ရှောင်စရာ များများမရှိပါ။ အသဲဆိုတာ အဆိပ်အတောက် မှန်သမျှ ချေဖျက်ပေးတယ်။ အစားထဲကနဲ့ ဆေးဝါးထဲက မသင့်တာတွေကို ချေဖျက်တယ်။ ဆေးလိပ်-အရက်ကတော့ ပြောစရာမလိုဘူးပေါ့။ ဆေးကိုလဲ ဆေးရုံက ညွှန်ရင် ကိစ္စမရှိပါ။ သည်းခြေအိတ်ပါ ဆက်နေတာမို့ ဆီ-အဆီကို နည်းစေရမယ်။
• နောက်အရေးကြီးတာ ပြောပါရစေ။ ဒီလိုမျိုး ဆိုးဝါးတဲ့ ဝေဒနာရှိသူတိုင်း ကံတရားနဲ့ စိတ်အားတွေကို အားကိုးသင့်ကြတယ်။ လူနာ စိတ်ချမ်းသာအောင်၊ စိတ်အားတက်အောင်၊ ကူညီသင့်ကြတယ်။ ကံတရား ဆိုတာတော့ ဆရာဝန်ကနေ တရားဟောစရာ မလိုလောက်ပါ။
• နောက်တချက် တိုင်းရင်းဆေး၊ မြန်မာဆေး စတာကို စမ်းရင် အသဲက အလုပ်ကောင်းကောင်း မလုပ်နိုင်တာမို့ ဆေး-ဓါတ်စာ မပြင်းစေသင့်ပါ။
• ဘီပိုး၊ စီပိုး၊ အသဲရောင် A, B, C, d, E တွေ ရေးထားပါတယ်။ ကျွန်တော့် (ဘလောခ်) မှာ Search လုပ်လိုက်ရင် တွေ့မှာပါ။ အောက်ဆုံးမှာလဲ မာတိကာ ရှိပါတယ်။

2011/6/4
Q 5: ကျမသမီးလေးက အသက်၂၂ နှစ်ရှိပါပြီ။ သူ့ရင်သားတွေဟာ အပျိုဖြစ်ပြီးကတည်းက ထိမိကိုင်မိရင် အတော်လေး နာကျင်တယ်လို့ ပြောပါတယ်။ ဒီတိုင်း မထိမကိုင်မိရင်တော့ ဘာမှ ထူးခြားမှု မရှိပါဘူး။ သူ့ဘာသာ စမ်းကြည့်တာတော့ အကျိတ် လုံးဝမတွေ့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျမဘက်က ကြီးဒေါ်၊ ဦးလေးနဲ့ အမေတွေက ကင်ဆာမျိုးစုံနဲ့ ဆုံးပါး ထားတော့ ကျမအတော် လန့်နေပါတယ်ရှင့်။

မိန်းကလေးတွေ ရာသီရက်အရ ရင်သားနာတတ်ကြတယ်။ တယောက်နဲ့ တယောက် မတူတတ်ပါ။ အလုံး-အကျိတ် စမ်းမရရင် ကောင်းပါတယ်။ သေချာအောင် စမ်းသပ်နည်းရေးထားတဲ့စာ ထည့်ပေးလိုက်ပါတယ်။ ကင်ဆာ ဆိုတာ ဒီအရွယ်မှာ မဖြစ်သလောက်ပါ။ ဖြစ်နေရင်လဲ နာတယ်ဆိုတာ ရှားသေးပါတယ်။ အခံရခက်ရင် အနာ-အကိုက်ပျောက်ဆေး တခုခုကို သောက်နိုင်ပါတယ်။ လိုသေးရင် သူ့ကို သေချာမေးပြီး ဆရာ့ကို ပြန်မေးပါ။

Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း ကိုဖတ်စေပါ။

2011/6/3
Q 6: ကျွန်မက အသက် ၃ဝ ရှိပါပြီရှင်။ အိမ်ထောင်ရှိပါတယ်။ သားကြောဖြတ်ထားပါတယ်။ ရာသီလာတာ အရင်ထဲက တလကိုတခါ လာပေမယ့် အရမ်းနည်းပါတယ်။ ခုဆို ၂ လကိုမှ တခါလောက်လာပါတယ်။ စိုးရိမ်မိလို့ပါဆရာ။
1. အဲဒီလို ၂ လမှ တခါလောက်လာတာ စိုးရိမ်စရာကောင်းလား။
2. လတိုင်း ပုံမှန်လာအောင် ဘာဆေးသောက်ရမလဲ သိချင်လို့ပါ။
3. ကျွန်မတို့ သားသမီးတယောက် ထပ်ယူချင်လို့ပါ။ သားကြောဖြတ်ထားတော့ ဘယ်လို ထပ်ယူရင် ရနိုင်မလဲ သိချင်ပါတယ်။

၁။ ရာသီမမှန်တာ သက်သက်က စိုးရိမ်စရာ မရှိပါ။ လိုအပ်ရင် OG ပြပါ။
၂။ ရာသီမှန်ချင်ရင် အလွယ်ဆုံးနည်းက ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေး သောက်ရမယ်။ ၃-၄ လ သောက်သင့်တယ်။ အဖြူပြားတွေ သောက်နေတုံး ရာသီမဆင်းဘဲ၊ ကုန်တာနဲ့ ဆင်းလိမ့်မယ်။
၃။ သားကြော ဖြတ်ပြီးသူ ကလေးပြန်လိုချင်တာ ခက်ခဲပါမယ်။ သားကြော ပြန်ဆက်နည်းလုပ်ဘို့ ကြိုးစားနိုင်ပါတယ်။ အထူးလုပ်တဲ့ ဆေးရုံ-ဆရာဝန်ကသာ လုပ်မယ်။
၎။ တခြားနည်းက ပြင်ပမှာ ပေါင်းစပ်ပြီး သားအိမ်ထဲ ပြန်ထည့်ပေးနည်းလဲ လုပ်နိုင်တယ်။

2011/6/3
Q 7: ကျွန်တော့် အသက်က ၂၄ နှစ်ပါ။ အခုနေထိုင်တာက (့) နိုင်ငံ (့) မြို့မှာ နေထိုင်ပါတယ်။ ဆီးခုံအောက် ညာဘက်နားမှာ အကြိတ်လို အဖုလေးဖြစ်နေပါတယ်။ ဖြစ်တာကတော့ တစ်ပတ်လောက်ပဲရှိပါသေးတယ်။ အရင် သေးသေးလေးကနေ အခု တစ်ဖြည်ဖြည်း ကြီးလာပါတယ်။ နာတော့ မနာပါဘူး။ အဲဒါ ဘာဆက်လုပ်ရမလဲ။

ပေါင်ခြံထိပ်မှာလား၊ ဗိုက်နံရံမှာလား။ အရေပြားမှာ ကပ်နေသလား၊ အတွင်းထဲ ကျသလား။ ရွေ့လို့ ရသလား။ တခြား ဘာဖြစ်သေးလဲ။ အပေါ်ယံအရောင်က နဂိုအတိုင်းဘဲလား၊ နီသလား ပြာသလား။

2011/6/2
Q 8: ကျနော် အိမ်သာတက်တာ သွေးပါနေလို့။ အိမ်သာ စသွားတဲ့အချိန်မှာ သွေးမပါပါဘူး။ တက်ပြီးတဲ့အချိန်ဆို သွေးတွေ ကျလာပါတယ်။ ဝမ်းလဲမချုပ်ပါဘူး။ သွေးတွေကျလာပေမဲ့ ဗိုက်ထဲမှာလဲ ဘယ်လိုမှ မနေပါဘူး။ နာလဲမနာပါဘူး။ တခါမှ မဖြစ်ဖူးတော့ ဘယ်လိုလုပ်ရမယ် မသိဘူးဖြစ်နေတယ်။ ဆေးခန်းသွားရမှာလဲ ရှက်နေလို့။ ဖြေကြားပေးပါ။ ကျွန်တော် အိမ်ထောင် မရှိပါဘူး။ ယောက်ျားလေးပါ။ အသက်က ၃ဝ ထဲမှာပါ။ (့) မှာနေပါတယ်။ ဖြစ်နေတာ နှစ်ရက်ရှိပါပြီ။

သွေးအရောင်က နီရဲသလား။ လိပ်ခေါင်းလို စအိုအဝမှာ အသားစလို စမ်းလို့ရသလား။ ဝမ်းသွားချိန်မှာ စမ်းလို့ရပြီး ပြန်ဝင်တတ်တယ်။ သွေး အနည်း-အများလဲ ပြောပါ။ တခြားနေရာ ဥပမာ သွားဖုံး၊ နှာခေါင်း စတာတွေကနေ သွေးယိုဘူးသလား။

2011/6/3
စအိုဝမှာ အသားစ မထွက်ပါဘူး။ သွားဖုံး၊ နှာခေါင်း စတာတွေကနေ သွေးယိုထွက်တာမျိုးလဲ မဖြစ်ပါဘူး။ သွေးကတော့ ၃-၄ စက် လောက် ကျပါတယ်။ နီရဲနေပါတယ်။ မစင်နဲ့သွေး ဗလုံးဗထွေးထွက်တာလဲ မဟုတ်ဘူး။ အလေးသွားပြီးမှ သွေးက follow လိုက်လာတာပါ။ ၃-၄ စက်လောက် ကျပြီး ဆက်မကျပါဘူး။

မစိုးရိမ်ပါနဲ့။ ဝမ်း မမာ၊ မချုပ်အောင် ဂရုစိုက်ပါ။ ရေအိမ်သာကိုသာ သုံးပါ။ ဗီတာမင် စီ ၅ဝဝ အား တနေ့ ၂ ကြိမ် သောက်ပါ။ အပူ-အစပ် လျှော့စားပါ။

Q and A June 2011 (3)

1. သမီးက နိုင်ငံခြား တိုင်းပြည်တခုမှာ ပညာသင်နေတဲ့သူ တယောက်ပါ။
2. ကျနော့် ကောင်မလေးအကြောင်း နည်းနည်းသိချင်လို့
3. ကျွန်တော်အသက်က ၂ဝ နှစ် ရှိပါပြီ။
4. ကျွန်မအသက်က (၄၆)နှစ်ထဲမှာပါ။
5. ကောင်မလေးနဲ့ ကျနော်လွန်ခဲ့တဲ့
6. ရန်ကုန်ကို အလုပ်က ၇ ရက်ခွင့်ရပါတယ်။
7. သမီးရဲ့အမျိုးသားက အသက် ၃၂ နှစ်ပါ။

2011/6/27
သမီးက နိုင်ငံခြား တိုင်းပြည်တခုမှာ ပညာသင်နေတဲ့သူ တယောက်ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ၃ ရက်လောက် သမီး အပြင်းအထန်ဖျားပါတယ်။ ဖျားပြီးတော့ အံ့ဆုံးလို့ ခေါ်မလား မသိဘူး နောက်ဆုံးသွားရဲ့ နောက်က သွားဖုံးက တအားနာတယ်။ တပါတ်လောက် ရှိပါပြီ။ အခုထိနာတုန်းပါ။ အစာကို မစားနိုင်ပါဘူး။ စွပ်ပြုတ်နဲ့ နွားနို့ juice တို့လို အရည်ပဲ သောက်နေရပါတယ်။ ဖျားပြီး ၃ရက်လောက်ကြာတော့ အဖျားပြတ်သွားတော့ ဆေးရုံကို သွားပြီး ပြပါတယ်။ သွားဖုံးက ဖြစ်တဲ့ ကိစ္စကို သွားပြတာပါ။ antibiotic တွေပေးပြီး သွေးစစ်ပါတယ်။ သွေးစစ်တော့ ရလာတဲ့ result က သွေးနီဥတွေ၊ သွေးဖြူဥတွေ နည်းနေတယ်တဲ့။ အဲဒါကြောင့် ထပ်ပြီး စစ်ခိုင်းလို့ ထပ်စစ်ရတယ်။ အခု ၂ခါ စစ်ပြီးပါပြီ။ နောက်တခါ စစ်ရဦးမယ်လို့လည်း ပြောပါသေးတယ်။ သမီးအနေနဲ့ သိချင်တာက ဒီဟာက စိုးရိမ်ရလား။ ဘယ်လို အနေအထားမျိုးမှာ ဖြစ်တတ်တာလဲ။ မကြာခဏဆိုသလို သွားဖုံးက နာတတ်ပါတယ်။ အထူးသဖြင့် လစဉ် ဓမ္မတာကိစ္စ နောက်ကျတဲ့ အချိန်တွေမှာ နာတတ်ပါတယ်။ အခုတခါက အတော်ကို ဆိုးပါတယ်။ အရင်က နာတာနဲ့ မတူပါဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက ပါးစောင်က တအားနာပြီး ကိုက်လို့ operation လုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ သွေးပြည်တွေ ထွက်သွားပါတယ်။ သမီးက မကြာခင်မှာ စာတမ်းလည်း ဖတ်ရတော့မှာဆိုတော့ ဘာလုပ်ရမယ် မသိဖြစ်နေတာပါ။ ဆေးစစ်ချက် result တွေကိုပါ တခါတည်း ထည့်ပေးလိုက်ပါတယ်။ လေးစာစွာဖြင့်

• အံဆုံးပေါက်ရင် နာတဲ့သူတွေမှာ အတော်နာတယ်။ Pain killer နဲ့ Antibiotics ၄-၅ ရက်ဆို ရပါမယ်။ ဆားရည်ခပ်နွေးနွေးနဲ့ ပလုပ်ကျင်းပေးပါ။
• သွေးအဖြေတွေအရ ဟုတ်တယ် နဲနဲလေး လိုတာလေးတွေ တွေ့ရတယ်။ Hb and RBC သွေးနီဥ နည်းတာ အမျိုးသမီးအတော်များများမှာ ရှိတတ်တယ်။ သံဓါတ်အားဆေး ပုံမှန် အမြဲသောက်ပါ။ Folic acid လဲသောက်ပါ။
• WBC သွေးဖြူဥနည်းတာနဲ့ သွားဖုံးနာတာနဲ့က ပြောင်းပြန်လိုဖြစ်နေတယ်။ အင်ဖက်ရှင် ဝင်နေပုံမရဘူး။
• Platelets သွေးမှုံနည်းတာတော့ ဂရုစိုက်ရမယ်။ ဒါ့ကြောင့် သွေးယိုစေတတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။ သွေးယိုတာတခုဘဲ သတိထားရတာပါ။ သွေးမှုံသွင်းလောက်အောင် မဆိုးပါ။ Vitamin C လဲသောက်ရင် ကောင်းပါတယ်။
• ဆေးဆက်စစ်စရာ စစ်ပါ။ လိုတာပြောပါလိမ့်မယ်။
• ကျန်းမာ-ချမ်းသာ၊ စာတွေ အများကြီး တတ်ပါစေ။

2011/6/28
ကျနော့် ကောင်မလေးအကြောင်း နည်းနည်းသိချင်လို့ ဖြေပေးပါနော်။ ကျနော့် ကောင်မလေးအသက်က ၁၈ နှစ်ပါ။ အဖြူဆင်းတယ်လို့ ပြောတယ်။ ဘာကြောင့် ဆင်းတယ်ဆိုတာ ပြောပြပေးပါ။ နောက်ပြီး အဲဒါဆင်းတာက အန္တရာယ် ရှိလားဆိုတာလဲ ပြောပြပေးပါ။ မဆင်းရအောင်ဘာဆေးသောက်ရမလဲဆိုတာလဲ ပြောပြပေးပါ။ ကျနော် ဖြစ်တာလဲ ဖြေပေးပါနော်။ ကျနော်က တံထွေး ခနခနထွက်နေလို့ အဲဒါဘာကြောင့်လဲ။ သူငယ်ချင်းတွေက ပြောတယ် တံထွေး ခနခနထွက်ရင် သေးခနခနထွက်တယ်လို့ ပြောတယ်။ ဟုတ်တယ်ဗျာ ကျနော်သေးခနခနတော့ ထွက်တယ်။ အဲဒါ ဘယ်လိုလုပ်ရင် ပျောက်မလဲဆိုတာဖြေပေးပါ။
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ (၅၈)

2011/6/28
ကျွန်တော်အသက်က ၂ဝ နှစ် ရှိပါပြီ။ ယောက်ျားလေးနဲ့မိန်းကလေး လိင်ပိုင်းဆိုင်ရာ ဆက်ဆံတဲ့အခါမှာ ကိုယ်ဝန် မရအောင် ကွန်ဒုံး စွတ်ပြီး ပြုလုပ်ရပါတယ်လို့သိပါတယ်။ နောက်ပြီး ဒေါက်တာ ရေးထားတဲ့ ဘဘော့လ်တွေကိုလဲ ကျွန်တော်ဖတ်ကြည့်ပါတယ်။ ကျွန်တော်သိချင်တာလေးက ကွန်ဒုံးမစွတ်ဘဲ ပြုလုပ်နိုင်တဲ့ အချိန်လေးကို သိချင်လို့ပါ။"
• Calendar method ပြက္ခဒိန်နည်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅ဝ)

2011/6/29
ကျွန်မအသက်က (၄၆)နှစ်ထဲမှာပါ။ အိမ်ထောင်သည်ပါ။ ခလေးတော့ မရှိပါဘူးရှင်။ အမျိုးသမီးများ ဘယ်အချိန်လောက် သွေးဆုံးပါလဲရှင်။ သွေးမဆုံးခင် ဘယ်လိုလက္ခဏာတွေ ပြပါသလဲ။ သွေးဆုံးကိုင်တယ်ဆိုတာ ဘာကို ပြောတာပါလဲ။ သွေးဆုံးမကိုင်အောင်ဘာတွေ ဆောင်ဖို့၊ ရှောင်ဖို့လိုပါသလဲ။ သားအိမ်ခေါင်းကာကွယ်ဆေး ထိုးချင်လို့၊ အဲဒီဆေးကို ဘယ်လို ခေါ်ပါသလဲရှင်။ ကျွန်မအသက်အရွယ်နဲ့ တခြားအမျိုးသမီးနဲ့ ပါတ်သက်တဲ့ ဘယ်လို ကာကွယ်ဆေးတွေ ထိုးသင့်ပါသလဲ။ အဲဒီဆေးတွေထိုးပြီးရင်ကော side effects ရှိပါသလား။ ကျွန်မက tonsil လဲ ရှိတယ်၊ မဖြစ်တာကတော့ (၈)နှစ်လောက်ရှိပြီးမှပြီးခဲ့တဲ့(၂)လလောက်ကထပ်ဖြစ်လို့ ဆရာဝန်ဆီသွားပြတာ Amoxicillin သောက်ရသေးတယ်။ ပြီးတော့ကျွန်မက caffeine လဲ အရမ်းများနေပါတယ်။ decaffeinated သောက်ရင်တောင် ရင်တုန်ချင်တယ်။ regular coffee သောက်မိရင်လဲ ရင်တုန်လို့ မပြီးတော့ပါဘူး၊ တခါတလေ အားပြတ်ပြီး၊ လက်ဖျားတွေ အေးစက်လာပြီး မေ့လဲတော့မလိုတောင် ဖြစ်တယ်။ အမျိုးသမီး အားဆေးတလုံးနဲ့ vitamin E တလုံး, Vitamin C တလုံး တွေကို တနေ့တလုံး ပုံမှန်သောက်ရုံနဲ့လုံလောက်ပါသလား။
• Menopause သွေဆုံး-သားဆုံး

2011/6/29
ကောင်မလေးနဲ့ ကျနော်လွန်ခဲ့တဲ့ တလလောက်က တူတူနေဖူးတယ်။ သူ ရာသီလာတဲ့အချိန်မှာ နေဖူးတာပါ။
ခနဘဲနေတာပါ။ အဖော်လဲသုံးပါတယ်။ သူနဲ့နေပြီးတော့ သူရာသီလာပါသေးတယ်။ ခုတလော အဖြူဆင်းတယ်ပြောလို့ ကိုယ်ဝန်ရှိလို့လား။ မဟုတ်လောက်ပါဘူးနော်။ ကျနော်နဲ့နေပြီး ရာသီလဲ လာပါတယ်။
• ကိုယ်ဝန် မဟုတ်နိုင်ပါ။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ (၅၈)

2011/6/30
ကျွန်တော်ရဲ့ အမျိုးသမီးဟာ အလုံးရှိသောကြောင့် သားအိမ်ကို ထုတ်ထားတာ ၁ နှစ် ခန့်ရှိပါပြီ။ သားအိမ် မရှိသောကြောင့် ကျွန်တော်တို့ ဆက်ဆံသောအခါ အရင်လို သုတ်ကို အတွင်းတွင် လွတ်လို့ရနိုင်ပါသလား။ ဒီအတွက် သူ့မှာ တခုခု နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သွားနိုင်ပါသလား။

• ရပါတယ်။ ကလေးမရတာကလွဲရင် ဘာမှ မထူးပါ။ သုတ်ပိုးက မွေးလမ်းထဲမှာသာ ရှိနေမယ်။ မကြာခင် သူ့အလိုလို ပျက်စီးသွားမယ်။ သာမှမဖြစ်စေနိုင်ပါ။ သူ့ကိုလဲ စိတ်ဓါတ်ပြောင်းစရာမလိုတာပြောပြပါ။

2011/7/1
ကျွန်တော် (့) ကနေ ရန်ကုန်ကို အလုပ်က ၇ ရက်ခွင့်ရပါတယ်။ အိမ်ပြန်လို့ အိမ်ရှင်မနဲ့ လိင်ဆက်ဆံတဲ့အခါ စရောက်သည့်နေ့မှ ပြန်ရက် ၇ ရက်အထိ ကိုယ်ဝန်မဆောင် ရအောင် မည်သည့်ဆေးကို တိုက်ရမည်ကို ပြောပြပေးပါ။ Condom လဲ မသုံးချင်လို့ပါ။
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄)

2011/7/2
သမီးရဲ့အမျိုးသားက အသက် ၃၂ နှစ်ပါ။ သမီးက အသက် ၂၅ နှစ်ပါ။ အိမ်ထောင်သက် ၃ နှစ်ရှိပါပြီ။ ချစ်သူဖြစ်ပြီးမှ အိမ်ထောင်ပြုတာပါ။ သူကောသမီးပါ စာသင်တဲ့ အလုပ် လုပ်ပါတယ်။ စီးပွားရေးလည်း အဆင်ပြေပါတယ်။ နှစ်ယောက်ထဲ နေတာပါရှင့်။ အိမ်ထောင်သက် ၁ နှစ် ၂ နှစ်တုန်းက လိင်ဆက်ဆံမှုကို တစ်ပတ် သုံးလေးကြိမ် ပြုလုပ်ပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး သုံးလေးလ မှ တစ်ခါသာ ပြုလုပ်တော့ပါတယ်။ ချစ်ချစ် ခင်ခင် ရှိရဲ့နဲ့ ဘာလို့ ဒီလိုဖြစ်တာပါလဲဆရာ။ သူနဲ့ သမီးနဲ့က တနေကုန် အတူတူရှိ နေတဲ့အတွက် သူဖောက်ပြန်နေတာ မဟုတ်ပါ။ အလုပ်ထဲမှာရော အပြင်မှာပါ သမီးအပေါ် ချစ်ချစ်ခင်ခင်ရှိပါတယ်။ အိပ်ယာထဲရောက်တာနဲ့ကိုယ်အိပ်ချင်ပြီ ဆိုပြီး ပြောပါတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ မဟုတ်ပါ။ (၁)သမီးသိချင်တာက သူ့မှာရောဂါ တစ်ခုခုရှိ နေသလား။ (၂)ရောဂါမရှိရင်လဲ ဒီပုံစံ လိင်ဆက်ဆံမှုဟာ ပုံမှန် ဟုတ်ပါသလား။ (၃)သူ့အတွက် ဘာဆေးသောက်သင့်သလဲ။ (၄)ဘယ်လို အပြုအမူတွေ အနေအထိုင်တွေ ပြုလုပ်သင့်ပါသလဲ။

• Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

Uric acid (ယူရစ်-အက်စစ်)

2 Jun 11, 16:16
Uric acid များရင် ဆိုးကျိုးက ဘာဖြစ်တတ်လဲ။ 5.7 ရှိရမှာကို 8.8 ဖြစ်နေတာပါ။ အစားအစာကရော ဘာတွေ ရှောင်ရမလဲ ဆိုတာ ပြောပြပေးပါ။

ဓါတုဗေဒ ကျောင်းသားတွေကတော့ Uric acid ဆိုတာ C5H4N4O3 လို့ ရေးကြမယ်။ ဆေးကျောင်းသားတွေကတော့ သွေးထဲမှာ (ယူရစ်-အက်စစ်) များနေရင် Gout (ဂေါက်) ဆိုတဲ့ အဆစ်နာရောဂါ ဖြစ်မယ်လို့ သင်ကြရတယ်။ ဆရာဝန်တွေက သွေးထဲမှာ ယူရစ်-အက်စစ် များနေတာကို Hyperuricemia လို့ ခေါ်တယ်။

ဘာလို့ ဒီဓါတ်များနေသလဲ။ မျိုးနဲ့ရိုးနဲ့ ဆိုသလို များတတ်တယ်လို့ ပြောရင်လဲ မမှားဘူး။ နောက်တချက်က စားတဲ့အစာပေါ်မှာ မူတည်တယ်။ တိတိကျကျ ပြောရရင် အစားထဲမှာ Purine နဲ့ Fructose များရင် Uric acid (ယူရစ်-အက်စစ်) များစေတယ်။

ဒီဓါတ်ကို ကျောက်ကပ်ကနေ စွန့်ထုတ်တော့ ကျောက်ကပ် မကောင်းရင် သွေးထဲမှာ များနေမယ်။ အစာမစားဘဲနေတာ၊ ကိုယ်အလေးချိန် အမြန် ချတာ-ကျတာ လုပ်ရင် ယာယီ များနေမယ်။ ယောက်ျားတွေမှာ အသက်ကြီးလာရင် သံဓါတ် များလာပြီး ကြေးနီဓါတ် နည်းလာတယ်။ ဒါကနေဆက်ပြီး Uric acid များစေတယ်။ ဒါကြောင့် သွေးလှူပါ၊ တနေ့မှာ Cu 2 mg သောက်ပါ။

Gout ဂေါက်ရောဂါကို ဖြစ်စေတာ Uric acid များနေလို့ပါ။ အဆစ်တွေနဲ့ သွေးကြောမျှဉ်လေးတွေ အနီးအနားမှာ (ယူရစ်-အက်စစ်) ပုံဆောင်ခဲတွေ လာစုနေတယ်။ ဒါကို အပ်နဲ့တူတဲ့ Crystals လို့ ပြောကြတယ်။ သကြားနဲ့ ချိုအောင် လုပ်ထားတဲ့ အရည်ကို တနေ့ ၂ ခွက်နဲ့ ၂ ခွက်မက သောက်နေသူတွေဟာ ဂေါက်ရောဂါ ၈၅% ပိုဖြစ်စေနိုင်တယ်။ ဂေါက်ရောဂါအပြင် Cardiovascular disease နှလုံး-သွေးကြောရောဂါ၊ Diabetes ဆီးချိုရောဂါ၊ Metabolic syndrome ရောဂါတွေနဲ့လဲ ဆက်စပ်နိုင်တယ်။ Uric acid stone ကျောက် ဖြစ်စေတတ်တယ်။

Uric acid နည်းနေတာ ဘာ့ကြောင့်လဲ။
အစာထဲမှာ Zinc သွပ်ဓါတ်နည်းရင်၊ အမျိုးသမီးတွေမှာ Oral contraceptive ကိုယ်ဝန်တား-စားဆေး သောက်နေရင် နည်းနိုင်တယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ ရှိနေရင်လဲ နည်းတယ်။ ဒီဓါတ်နည်းနေသူတွေနဲ့ Multiple sclerosis ရောဂါ ဆက်စပ်နေတယ်။ အရက် အကြာကြီး သောက်သူ။ နာတာရှည် ကျောက်ကပ် ရောဂါရှိသူ၊ ခဲဆိပ်သင့်သူတွေမှာ ဆီးထဲမယ် (ယူရစ်-အက်စစ်) နည်းနေတာ တွေ့ရမယ်။

ဒီဓါတ် များနေတယ်ဆိုတာ အမျိုးမျိုး ဖြစ်နေနိုင်တယ်။ Gout ဂေါက်ရောဂါရှိသူ၊ ကင်ဆာ နောက်ပိုင်း ရောက်နေသူ၊ ရိုးတွင်းခြင်ဆီနဲ့ သွေးဖြူဥ ရောဂါ ရှိနေသူ၊ အစားထဲမှာ ဒီဓါတ်များနေသူ၊ Rhabdomyolysis, Lesch-Nyhan syndrome, Fanconi syndrome ရောဂါ ရှိနေသူတွေမှာ များနေမယ်။

ဆီးထဲမှာ ဒီဓါတ်ကို စစ်ရင် ၂၄ နာရီခံထားတဲ့ဆီး ယူရတယ်။ ဆီးမခံခင် အရက်၊ Allopurinol, Ibuprofen, Aspirin, Thiazide diuretics, vitamin C, Probenecid ဆေးတွေ သောက်မထားရဘူး

သွေးမစစ်ခင် ၄ နာရီအတွင်း အစာမစားရဘူး။ Alcohol အရက်အပြင် Ascorbic acid, Aspirin, Caffeine, Cisplatin, Diazoxide, Diuretics, Epinephrine, Ethambutol, Levodopa, Methyldopa, Nicotinic acid, Phenothiazines နဲ့ Theophylline ဆေးတွေ မသောက်ရဘူး။ Allopurinol, Azathioprine, Clofibrate, Corticosteroids, Estrogen, Glucose, Guaifenesin, Mannitol, Probenecid နဲ့ Warfarin ဆေးတွေ ကနေလဲ သက်ရောက်စေနိုင်တယ်။

Acidosis, Alcoholism, Diabetes, Gout, Hypoparathyroidism, Lead poisoning, Leukemia, Nephrolithiasis, Polycythemia vera, Renal failure, Toxemia of pregnancy, Purine-rich diet, Excessive exercise နဲ့ Chemotherapy-related side effects တွေကြောင့် သွေးထဲမှာ များနေတာ တွေ့ရမယ်။

Fanconi syndrome, Wilson's disease, Syndrome of inappropriate antidiuretic hormone (SIADH) secretion နဲ့ Low purine diet တွေကြောင့် သွေးထဲမှာ နည်းနေတာ တွေ့ရမယ်။

• 250 to 750 milligrams per 24 hours ဆိုတာ ပုံမှန် ဆီးအဖြေဖြစ်တယ်။
• 3.0 နဲ့ 7.0 mg/dL အတွင်းရှိရင် ပုံမှန် သွေးအဖြေဖြစ်တယ်။
• သွေးထဲမှာ 6 mg/dL သာရှိပေမဲ့ Gout ရောဂါရသူနဲ့ 9.6 mg/dL အထိရှိပေမဲ့ ရောဂါမရှိတာ တွေ့ရတယ်။
• ဓါတ်ခွဲခန်းတွေ တခုနဲ့တခု ကွဲလွဲတာလေးတွေရှိတာ သတိပြုပါ။

အစားလည်းဆေး၊ ဆေးလဲအစာ
• အသား၊ ငါး၊ အသဲ၊ ဥ၊ ပင်လယ်စာ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ချဉ်တဲ့ (ခရင်မ်)၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ်ဓါတ် များစေတယ်။ ယူရစ်-အက်စစ် များတယ်။
• Cranberry ဖျော်ရည်၊ ချယ်ရီဖျော်ရည်၊ ပန်းသီးဖျော်ရည် သောက်ပါ။ ရေ များများ သောက်ပါ။
• လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီး၊ Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach, Citrus fruits, Legumes, Bananas, Celery, Tomatoes, Key Lime, Citron, Wild Orange, Pomelo, Mandarin Orange, Trifoliate Orange, Round Lime တွေကို အသင့်အတင့် စားနိုင်တယ်။

Dr. တင့်ဆွေ
၃-၆-၂ဝ၁၁

Thursday, June 2, 2011

Q and A June 2011 (2)

1. အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။
2. လည်ပင်း-အကျိတ် ခွဲပြီးတာ ၁၄ ရက်ရှိပါပြီ။
3. ကျွန်တော်၏အမေ ခြေထောက်ယောင်နေသည်မှာ
4. Hi Dr. Tint Swe,
5. ကျနော့်အသက်က ၂၃ ရှိပါပြီ။
6. ယခုလို သိချင်တာ မှန်သမျှ အသေးစိတ် ပြန်လည်ဖြေကြားပေးတဲ့အတွက်
7. ကျွန်မက အသက် ၂၇ နစ်ရှိပါပြီ။
8. အမျိုးသားက ဦးခေါင်းမှာ ဗောက်ထတဲ့အလေ့ရှိပါတယ်။
9. ဖြစ်နေတဲ့ရောဂါက ဝမ်းချုပ်တာပါ။

Apr 4, 2011 at 10:36 AM
အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အမျိုးသားနဲ့က တလမှာ ၂ ကြိမ်လောက်ပဲ အတူတူ နေဖြစ်ပါတယ်။ သူက နယ်မြို့မှာ တာဝန်ထမ်းဆောင်နေရလို့ပါ။ ပုံမှန်တားဆေး မသောက်ပါဘူး။ ECee2 ကိုပဲ သောက်ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသားက ကလေးလိုချင်ရင် မရတော့မှာ စိုးလို့ဆိုပြီး အဲဒီဆေးကို ဆက်မသောက် စေချင်ဘူး ပြောပါတယ်။ ပုံမှန် နေရတာ မဟုတ်တော့လဲ ပုံမှန်ဆေး မသောက်ချင်လို့ အရေးပေါ်-တားဆေးက ကိုယ်ဝန် မရနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်ပါသလား။ ဒီတခေါက် ဆေးသောက်တာ Second pill ကို First pill သောက်ပြီး ၁၂ နာရီ ကြာမှာ သောက်ရမှာကို မိနစ် ၃ဝ ကျော်သွားပါတယ်။ Effective ဖြစ်ပါတော့မလား။ ကိုယ်ဝန်များ ရသွားနိုင်မလား။ နောက်နှစ်ဆန်းလောက်မှ
ကလေးယူမလို့ စဉ်းစားထားလို့ပါ။ ဆက်ပြီးတော့လည်း အခုလိုပဲ နေဖြစ်မှာမို့လို့ ဘယ်လိုတားနည်း သုံးရမလဲဆိုတာ ပြောပြပေးပါ။ ကွန်ဒုံးလည်း သုံးလို့

• Ecee2 ဆေးဆိုတာ
• This message may not have been sent by: mailer-daemon@googlemail.com

2011/6/24
ကျွန်မ လည်ပင်းအကျိတ်ခွဲပြီးတာ ၁၄ ရက်ရှိပါပြီ။ ခွဲပြီး ၅ ရက်ခန့်အကြာတွင် အနံ့တမျိုး အမြဲရနေပါတယ်။ သံပုရာသီးပုပ်နံ့နှင့် ဆင်တူပါတယ်။ လေတိုက်သောအခါ ခပ်စူးစူးအနံ့များနဲ့ထိတွေ့သောအခါ မျိုးမှာပိုဆိုးလာပါတယ်။
ခွဲစိတ်စဉ်က ညာဘက် Nerve တခုကို အနဲငယ် ထိသွားတယ်လို့သိထားပါတယ်။ Parathyroid လဲ တခုသာ ကျန်တော့ တယ်လို့ သိရပါတယ်။ ခုလိုအနံ့ရသည်ကို ဆရာဝန်မှ Cetrizine o.d for 10 days သောက်ခိုင်းပါတယ်။ ၆ ရက် ခန့် ရှိနေပြီဖြစ်သော်လဲ လုံးဝမသက်သာသဖြင့် ဘာဆေးသောက်ရမလဲဆိုတာ အကြံပေးပါ။

• ဟုတ်တယ်၊ နဲနဲ ဆန်းတယ်။ အသံကိုသာ သက်ရောက်စေတယ်။ အနံ့ကိုမသက်ရောက်တတ်ပါ။
• မေ့ဆေးသုံးခွဲတယ်ထင်တယ်။ မေ့ဆေးအမျိုးအစားလဲ ကွာတယ်။ ဆေးရုံအဆင့်အရ မေ့ဆေးသုံးတာ မတူတတ်ပါ။ ဘယ်တိုင်းပြည်၊ ဘယ်မြို့၊ ဘယ်အဆင့် ဆေးရုံ မသိပါ။
• လည်ပင်းအကြိတ်ကိုခွဲလိုက်ရတဲ့ အကြောင်းလဲ မသိပါ။
• ခွဲပေးတဲ့ဆရာဝန်ကိုပြောပြတာ ကောင်းပါတယ်။
• ၁၄ ရက်ဆိုတော့ ပတ်ဝန်းကျင် အပြောင်းအလဲလဲ ရှိလောက်ပြီထင်တယ်။
• Neuribion/Neurobion Forte tablet စားဆေး နဲ့ ဗီတာမင် စီ တွေကနေ အထောက်အကူပေးပါလိမ့်မယ်။

2011/6/25 Vam Pire

ကျွန်တော်၏အမေ ခြေထောက်ယောင်နေသည်မှာ ၂ လခန့်ရှိပါပြီ။ှ အရင်တစ်ခေါက်က ဆရာ့ကို မေးဖူးပါတယ်။ သွေးတိုးကြောင့် ယောင်တတ်တယ်လို့ ဆရာမှပြန်လည်ဖြေကြားပေးဖူးပါတယ်။ ဆေးခန်းလည်း သွားပြနေပါတယ်။ ဆရာဝန်မှ သွေးတိုးကြောင့်လို့ပြောပါတယ်။ ယခုထက်ထိ ခြေထောက်ယောင်နေသည်မှာ မသက်သာသေးပါ။ အရင်တစ်ခေါက်က သွေးကျဆေး စွဲသောက်ရမည်ဟု ဆရာမှပြန်လည်ဖြေကြားပေးဖူးပါတယ်။ သွေးကျဆေး စွဲသောက်ရင် ဘယ်လိုသွေးကျဆေးမျိုး စွဲသောက်ရမလဲဆိုတာ ပြန်လည်ဖြေကြားပေးပါ။ ဗိုက်လည်း ယောင်နေပါတယ်။ အမေ့ ခြေထောက် ယောင်နေတာ ပြန်ကောင်းစေချင်ပါတယ်။

• သွေးတိုးဆိုတာ တသက်လုံး ရှိသွားမဲ့ရောဂါမျိုးဖြစ်တာ အများဆုံးဘဲ။ သွေးချိန်ပြီး ဆေးစွဲသောက်နေရမယ်။ လူနေမှုဘဝ ပုံစံကိုပါ တခါတည်း ပြောင်းလိုက်ရတော့မယ်။ ထမင်းဝိုင်းမှာ သူများတွေလို၊ အရင်ကလို စားလို့မရတော့ဘူး။ ဒါကို စိတ်ကအစ ပြုပြင်ရမယ်။ လောကကြီးမှာ စားစရာ မျိုးစုံရှိတာဘဲ။ ဒါမစားရရင် တခြားစားစရာတွေကို ကြိုက်လာအောင် လုပ်ရမယ်။ အဖြူတွေက နဲနဲလေး စပ်တာတောင် မရဘူး။ အဖြူ-အမဲတွေက ငါးပိကို အနံ့တောင် မခံနိုင်ကြဘူး။ ကိုယ့်အစားကိုသာ အစားလို့ ထင်မှတ်စွဲယူတာကို ပြောင်းပြစ်လိုက်ရတော့မယ်။ အကုသိုလ် လုပ်တာမဟုတ်ဘူး။ ကိုယ်ကျန်းမာ၊ အသက်ရှည်အောင်၊ မိသားစုအကျိုး၊ လူမျိုးအကျိုး စတာတွေအတွက် ပိုလုပ်နိုင်အောင် အကောင်းဘက်အတွက် ပြောင်းရတာလို့ စိတ်ထဲမှာ ပြောင်းယူရမယ်။ သွေးကျဆေး အမျိုးမျိုးကို တမျိုးမက တွဲတွဲသောက်ရတယ်။
• Hypertension or High Blood Pressure သွေးတိုးရောဂါ

On Sat, Jun 25, 2011 at 10:14 AM,
Hi Dr. Tint Swe, I am now 3rd day of my period after miscarriage of first pregnancy. I had done D&C on 25 May, 2011. Now my period is like previously, so can I try for my 2nd child after period? Currently I m doing workout on gym also, so when should I stop doing workout on gym to prevent miscarriage and other pregnancy related problem?

• I'm sorry for miscarriage. However after a miscarriage, normal pregnancy is mostly likely. Be encouraged.
• There are various causes of unfortunate pregnancies. Sometimes doctors do not know why. Physical activity is only one of the potential causes but not always.
• So take regular exercise, meal and work. Be positive!
• Be a good mother!

2011/6/26
ကျနော့်အသက်က ၂၃ ရှိပါပြီ။ ခုလက်ရှိ (့) မှာ အလုပ်လုပ်နေပါတယ်။ သွားနုတ်ပြီး သွားအတုနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ကျနော်ငယ်ငယ်က လှေကထစ်ပေါ်ကနေ ပြုတ်ကျခဲ့ပြီးသွားတွေတော်တော်လေး ကြည့်မကောင်းအောင် ပျက်သွားပါတယ်။ ငယ်ငယ်ကတော့ ဘာမှ ခရုမစိုက်ခဲ့ပေမယ် ခုကြီးလာတော့ လူတစ်ယောက်ရှေ့မှာ မပြုံးရဲ့ တောဘူး။
နုတ်မယ်ဆိုရင် ၄ ချောင်းလောက်နုတ်မှ အဆင်ပြေမယ်ထင်ပါတယ်။ အကယ်လို့ ကျနော်သွားနုတ်ပြီး အတုသပ်လိုက်ရင် ကြာရှည်အတွက် ကောင်းနိုင်မလား။ ပြီးတော့ သွားကို အရှင်သပ်တာမျိုးနှင့် အသေ သပ်တာဆိုပြီး ကြားဖူးပါတယ်။ ဖြစ်နိုင်ရင် အသေသပ်ခြင်ပါတယ်။ တကယ်သွားနဲ့တူနေတဲ့ ပုံစံမျိုးပေါ့။

• ကျွန်တော်က BDS ဆရာဝန်တော့မဟုတ်ပါ။ သွားစိုက်ဆရာတွေကိုမပြဘဲ၊ သွားဆရာဝန်ကိုသာပြစေချင်တယ်။ နာမည်ရတဲ့ ဆေးခန်းဆို ပိုကောင်းတယ်။ မျက်မှန်ဆိုင်တို့ သွားစိုက်ဆိုင်တို့ကတော့ လာတဲ့လူ တပ်ပေးဘို့အကြံပေး-လုပ်ပေးကြတတ်တယ်။

2011/6/26
ဆရာခင်ဗျား ယခုလိုသိချင်တာမှန်သမျှ အသေးစိတ် ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါသည်ဆရာခင်ဗျား။ ဆရာလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ဆရာခင်ဗျား။
• ဆုတောင်းပေးသူ ဆုတွေပိုရပါစေဗျာ။

2011/6/27
ကျွန်မက အသက် ၂၇ နစ်ရှိပါပြီ။ ကျွန်မ ချောင်းအရမ်းကိုဆိုးတာ ၂ လလောက် ရှိပါတော့မယ်။ ဘာဆေးသောက်သောက်အဆင်မပြေဘူး။ ဆေးရုံ ဆေးခန်းလည်း သွားပါတယ်။ ဆေးခန်းက ပေးတဲ့ ဆေးတွေလည်း သောက်ပါတယ်။ ဒါပေမဲ့ သောက်တုံးခဏဘဲ သက်သာပြီး ချောင်းက ပြန်ပြန်ဆိုးတယ်။ ချောင်းဆိုးရင်လည်း သလိပ်တွေပါတယ်။ ကျေးဇူးပြုပြီး ဘာဆေးသောက်ရမလဲဆိုတာကိုညွန်ကြားပေးပါ။

• ကျွန်တော် အတော်လေး မအားလို့ ဖြေတာ နောက်ကျသွားတယ်။ ရောဂါတောင် ပျောက်နေလောက်ပြီထင်တယ်။ ပျောက်နေပါစေ။
• ခက်တာက ပြန်ဖြစ်တတ်တယ်။ ချောင်းဆိုးတာမျိုးက အသက်ရှူလမ်းကနေ ကူးလာတာ။ အသက်က တသက်လုံး ရှူနေရတော့ ထပ်ဖြစ်တတ်တယ်။ ပတ်ဝန်းကျင်ကနေ ဖြစ်လာတာ များတယ်။
• သလိပ်လဲ ထွက်ရင် ပိုးဝင်နေတာ သေခြာတယ်။ ပိုး အမျိုးမျိုးမှာ ဗက်တီးရီးယားကနေ အများဆုံးဖြစ်တယ်။ ပိုးသေဆေးလိုတယ်။ ဗိုင်းရပ်စ် ကြောင့်ဆို မလိုဘူး။ ပိုးသေဆေး အများကြီး။ အများဆုံးသုံးနိုင်တာက Amoxacillin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ ချောင်းဆိုးပျောက်ဆေးကလဲ အမျိုးမျိုး။ နာမည်ပြောတာ မဟုတ်ပါ။ ချောင်းခြောက်၊ သလပ်ထွက်၊ ရင်ကြပ် အတွက်ဆိုးပြီး မတူကြဘူး။ သလိပ်ထွက်သူဆိုရင် Expectorant ဆိုတာ ရွေးသောက်ရမယ်။ Solvent စာလုံးပါတာက ချွဲပျော်ဆေး။ သိထားဘို့က ချောင်းဆိုး ပျောက်ဆေးမှန်သမျှ ရောဂါဖြစ်စေတာကို ကုတာ မဟုတ်ပါ။ ခံစားနေရတာကိုသာ သက်သာစေတယ်။ ဖြစ်စေတဲ့ ပိုးအတွက်ဆေးက မသောက်လို့ မဖြစ်ပါ။
• ၂ ပါတ်နေလို့ မသက်သာသူတွေ TB စစ်သင့်သေးတယ်။

2011/6/27
သမီး အမျိုးသားက ဦးခေါင်းမှာ ဗောက်ထတဲ့အလေ့ရှိပါတယ်။ အမြဲလိုလိုပါပဲဆရာ နေ့တိုင်းနီးပါးလည်းခေါင်းလျှော်ပါတယ်။ လျှော်ပြီးတိုင်းလည်း ဗောက်ထပါတယ်။ဒီလိုဖြစ်တာနဲ့ ဗောက်သတ်ဆေးဝယ်သုံးပါတယ်။ သမီးတို့က လက်ရှိ (့)မှာ နေနေတာပါ။ အဲဒီက မြန်မာဆံသဆိုင်ဆိုင်က ရောင်းတဲ့ ဆေးကိုသုံးနေတာပါ။ မထူးတာနဲ့ တလောကတင် အလှကုန်စတိုးက ရောင်းတဲ့ ဆေးဆက်သုံးကြည့်ပါတယ်။ ပိုလို့တောင်ဆိုးသွားပါတယ်။ ဆံပင်တွေ ဖွာလန် ထွက်ကုန်တော့တာပါပဲ။ ဒါနဲ့ ဘာဆက်လုပ်ရမလဲ မသိပါဘူး။ ဆေးတွေက လည်းမျိုးစုံရှိတော့ ဘာကို သုံးသင့်သလဲမသိတော့ပါဘူး။
• Dandruff ဘောက်

2011/6/27
အခုတစ်ခါ ဖြစ်နေတဲ့ရောဂါက ဝမ်းချုပ်တာပါ။ ဒီမှာက ပူလိုက်အေးလိုက်နဲ့ ရာသီဥတုက ပြင်းပါတယ်။ မေ့လောက်ရှိ တစ်ခါတစ်ခါ ဖျားပါတယ်။ MC ယူရတာလဲ တစ်ခါ ယူရင်၂ရက် ၃ရက်။ မြန်မာပြည်မှာတုန်းက တစ်ခါမှတောင် မဖျားဖူးခဲ့တဲသူပါ။ ဝမ်းကတော့အရင်တည်းက ချုပ်တတ်ပါတယ်။ အခုဆို အထိုင်များတာကြောင့် ပိုဆိုးနေပါတယ်။ ရေသောက်မနည်းပါ။ အသီးအနှံ များလဲစားပါတယ်။ ချဉ်ရေဟင်းတွေလဲ ချက်စားပါတယ်။ မန်ကျဉ်းရေက မကြာမကြာ သောက်ပါတယ်။ အဲဒါမှမရလို့ ချုပ်နေရင် ရုံးပိတ်ရက်ကို ဝမ်းနှတ်ဆေးသောက်ရပါတော့တယ်။ အခုက အကျင့်တောင် ဖြစ်နေသလို အပတ်စဉ်သောက်နေရပါတယ်။ ဆေးကြောင့်လားတော့မသိ၊ ကန်တော့နော်ဆရာ၊ အညစ်အကြေးတွေက စအိုနားရှိနေ ပြီးသွားလို့မရ၊ ညှစ်လို့မရနဲ့ တော်တော်ဆိုးနေပါတယ်။ (PS အပြေး လေ့ကျင့်ခန်း လုပ်မယ်ဆိုပြီး အချိန်မရတာရော နားချင်တာရောကြောင့် မလုပ်ဖြစ်သေးပါ)။
• သိတဲ့အတိုင်း ဝမ်းဆိုတာ အကျင့်ဘဲ။ အစားအသောက်ရော ဆေးရော အကျင့်ပါတတ်တယ်။ ကောင်းမယ်ထင်တာက မြန်မာ ဝမ်းနုတ်ဆေး ရွေးသောက်ကြည့်ပါ။ တလောက အမျိုးသမီးကြီး တယောက် မုံရွာ-ဦးမိုး ဆေးသောက်တာ အဆင်ပြေတယ်ပြောတယ်။ တခြားဆေးတွေလဲ ရှိတာပါဘဲ။ လက်လှမ်းမီတာ သုံးကြည့်ပေါ့။ ဆရာဝန်တွေညွှန်တတ်တာတော့ သိမှာပေါ့။ Ducolax စတာတွေ။

Cancer of the uterus သားအိမ်-ကင်ဆာ

2011/6/1
သားအိမ်-ကင်ဆာ နဲ့ သားအိမ်ခေါင်း-ကင်ဆာ တူတူပါပဲလား။ မတူဘူး ဆိုရင်လည်း ဘယ်လိုတွေ ခံစားရတတ်တယ်၊ ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။ ဆေးရုံမှာ စစ်မယ်၊ သွားမယ်ဆိုရင် သားအိမ်-ကင်ဆာ နဲ့ သားအိမ်ခေါင်း-ကင်ဆာ တူတူပဲ ရှိနေရင် သိရလား။ သို့မဟုတ် ၂ မျိုးခွဲ စစ်ရတာလား။ အင်္ဂလိပ်လို သားအိမ်ခေါင်း-ကင်ဆာကဘာ၊ သားအိမ်-ကင်ဆာကဘာ ခွဲပြောရလား။ အင်္ဂလိပ်လို ဘယ်လို စာလုံးပေါင်းပါသလဲ။

သားအိမ်-ကင်ဆာ Uterine Cancer နဲ့ သားအိမ်ဝ-ကင်ဆာ Cervical Cancer မတူပါ။ အခုရေးမှာက သားအိမ်-ကင်ဆာ ဖြစ်ပါတယ်။ Cervical Cancer (Ca Cx) သားအိမ်အဝ-ကင်ဆာ နဲ့ သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (HPV) တွေကို တွဲဖတ်ပါ။

သားအိမ်-ကင်ဆာမှာ ၂ မျိုးရှိတယ်။ ပိုအဖြစ်များတဲ့ Endometrial cancer နဲ့ Uterine sarcomas တွေ ဖြစ်တယ်။ စဖြစ်တဲ့ သားအိမ်အလွှာ မတူလို့ မတူကြတာပါ။ Endometrial cancer ကို Adenocarcinoma လဲခေါ်တယ်။ သားအိမ်-ကင်ဆာ ထဲမှာ ၉၅% ဖြစ်တယ်။ Sarcoma ဆိုတာက ၂-၄ % ရှိပြီး၊ Carcinosarcoma နဲ့ Endometrial stromal sarcoma တွေကတော့ ရှားတယ်။

သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အလုံးတွေ ဥပမာ Fibroids နဲ့ Endometriosis တွေ ရှိတယ်။ Endometrial hyperplasia ဆိုတာလဲ ကင်ဆာ မဟုတ်ပါ။

ရောဂါလက္ခဏာတွေ ကနေစပြီး သံသယ ရှိရတယ်။
1. ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ၊ သွေးစွန်းတာ၊ ၉ဝ% လောက်က ကြားရက် ဒါမှမဟုတ် သွေးဆုံးပြီးနောက် သွေးဆင်းတယ်။ အဲလိုဖြစ်သူတိုင်းလဲ သားအိမ်-ကင်ဆာတော့ မဟုတ်ပါ။
2. ၁ဝ% လောက်မှာ အဖြူဆင်းတာမျိုးလို တခုခု ဆင်းတတ်တယ်။
3. ဆီးသွားရတာ ပြဿနာရှိတာ၊ ဆီးစပ်နေရာ နာတာ၊ အိမ်ထောင်နဲ့ နေရင် နာတာတွေလဲ ဖြစ်နိုင်တယ်။
4. ဆီးစပ်မှာ အလုံး စမ်းလို့ရတာ၊ လူက ပိန်ပိန်လာတာဆိုရင်လဲ သတိရှိရမယ်။ ဒီလို ဖြစ်သူတွေက ရောဂါ နောက်ပိုင်းကျလာမှ ဖြစ်တတ်တယ်။

မေးမြန်းမယ်၊ စစ်ဆေးမယ်။
• Endometrial biopsy နည်းဖြစ်ဖြစ်၊ Dilation and curettage (D&C) နည်းနဲ့ဖြစ်ဖြစ် အသားစ ထုတ်ယူ စစ်ဆေးမယ်။ Endometrial biopsy ကို အများဆုံး လုပ်တယ်။
• Hysteroscopy နည်းလဲ လုပ်နိုင်တယ်။ Transvaginal ultrasound, Sonography, Cystoscopy and proctoscopy, Computed tomography (CT) နဲ့ Magnetic resonance imaging (MRI) နည်းတွေလဲ ရှိသေးတယ်။
• Positron emission tomography (PET), Chest x-ray, Complete blood count, CA 125 blood test တွေပါ ဆက်လုပ်နိုင်သေးတယ်။

ဘယ်လို အမျိုးသမီးတွေမှာ Endometrial cancer သားအိမ်-ကင်ဆာ ဖြစ်နိုင်လဲ။
• Hormone levels ဟော်မုန်း ရှိတာ မတူကြဘူး။ (အီစထိုဂျင်) များရင် ပိုဖြစ်နိုင်တယ်။ သွေးဆုံးသွားတဲ့ အမျိုးသမီးတွေကို Estrogen therapy ဟော်မုန်းပေး ကုရတတ်တယ်။ ကင်ဆာ ဖြစ်လာနိုင်တယ်။ Estrogen နဲ့အတူ Progesterone ပေးတာ ပိုကောင်းတယ်။ ဒါပေမဲ့ တခြားဟာတွေ ဖြစ်နိုင်ပြန်တယ်။ ဥပမာ ရင်သား-ကင်ဆာ၊ သွေးခဲရောဂါ။
• Birth control pills ကိုယ်ဝန်တားဆေးကြောင့် သားအိမ်ကင်ဆာ အဖြစ်နည်းစေတယ်လို့ ဆိုတယ်။
• တသက်တာမှာ ရာသီလာချိန်များရင် မကောင်းဘူး။ အပျို စောဖြစ်တာနဲ့ သွေးဆုံး နောက်ကျတာကို ပြောတာ။
• Pregnancy ကိုယ်ဝန်ဆောင်ရတာ များသူတွေမှာ အဖြစ်နည်းတယ်။
• Obesity အဝလွန်သူ အဖြစ်များမယ်။ အဆီထဲရှိနေတဲ့ (အီစထိုဂျင်) ကနေ တခုခုဖြစ်စေနိုင်တယ်။
• ရင်သား-ကင်ဆာ ကာကွယ်ဘို့နဲ့ ကုသဘို့မှာ သုံးတဲ့ Tamoxifen ဆေးကနေ နည်းနည်းလေး ပိုဖြစ်နိုင်တယ်။
• Ovarian tumors (Granulosa-theca cell tumor) ဖြစ်သူတွေမှာ ပိုဖြစ်နိုင်တယ်။
• Polycystic ovarian syndrome (PCOS) ရှိနေသူလဲ ပိုဖြစ်နိုင်တယ်။
• Intrauterine device (IUD) ကိုယ်ဝန်တား-ပစ္စည်းထည့်ထားသူတွေလဲ နဲနဲလေး ပိုဖြစ်တာတွေ့ရတယ်။
• Age အသက်ကြီးလေး ပိုလေ။
• Diet and exercise အဆီစားများသူ၊ လေ့ကျင့်ခန်း မလုပ်သူတွေ ပိုများတယ်။
• Diabetes ဆီးချို ရှိသူတွေမှာ ၄ ဆ ပိုများတယ်။
• Family history မိသားစုထဲ တယောက်မက ဖြစ်တာလဲ တွေ့ရတယ်။
• Breast or ovarian cancer နို့-ကင်ဆာနဲ့ မျိုးဥအိမ်-ကင်ဆာ ရှိသူတွေမှာ လာဖြစ်တတ်သေးတယ်။
• Prior pelvic radiation therapy တခြားရောဂါကြောင့် ဓါတ်ကင်သူတွေ ပိုဖြစ်နိုင်တယ်။
• Endometrial hyperplasia ရောဂါ ဖြစ်နေရင် ပိုနိုင်တယ်။

Endometrium Carcinoma အတွက် 2010 Figo staging system အရ ရောဂါအဆင့် သတ်မှတ်ချက်တွေက -
• IA သားအိမ်မှာသာရှိတယ်။ Myometrial invasion သားအိမ်အလည်လွှာရဲ့ တဝက်အထိ မရောက်သေးဘူး။
• IB သားအိမ်မှာသာရှိတယ်။ Myometrial invasion သားအိမ်အလည်လွှာရဲ့ တဝက်ထက် ကျော်ပြီ။
• II သားအိမ်မှာသာရှိတယ်။ Cervical stromal invasion သားအိမ်ဝထဲ ရောက်နေပြီ။
• IIIA သားအိမ်ဘေးက Serosa or Adnexa (တစ်ရှူး) တွေဆီ ရောက်နေပြီ။
• IIIB မွေးလမ်းကြောင်း (ဗဂျိုင်းနား) နဲ့ Parametrial involvement ဘေးနား ရောက်နေပြီ။
• IIIC1 Pelvic lymph node involvement အနီးအနားက တက်စေ့တွေဆီ ရောက်နေပြီ။
• IIIC2 Para-aortic lymph node involvement တခြားနေရာက တက်စေ့တွေဆီ ရောက်နေပြီ။
• IVA Bladder and/or Bowel mucosa ဆီးအိမ်၊ အစာဟောင်းအိမ်ထိ ရောက်နေပြီ။
• IVB Distant metastases တခြား အဝေးနေရာတွေဆီ ရောက်နေပြီ။

ကုသနည်းတွေ -
• Stage I = Surgery ခွဲစိတ်နည်း၊ Total Abdominal Hysterectomy and Bilateral Salpingo-Oopherectomy (TAH-BSO) ခွဲစိတ်နည်း။ ခွဲစိတ်အပြီး Radiation ဓါတ်ကင်နည်းမှာ Vaginal Brachytherapy (VB) နည်း ဒါမှမဟုတ် Pelvic Radiation ဒါမှမဟုတ် ၂ နည်းလုံး သုံးတယ်။ Chemotherapy ကင်ဆာဆေး အဖြစ် Carboplatin နဲ့ Paclitaxel, Ifosfamide with Paclitaxel ဆေးတွေ သုံးတာ များတယ်။ တခါတလေ Cisplatin, Ifosfamide နဲ့ Doxorubicin တွေကို သုံးတယ်။ ခွဲဘို့ မသင့်သူတွေကို ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် (၁) ကလေးလဲ လိုချင်သေးရင် မခွဲဘဲနဲ့ Progestin ဟော်မုန်းဆေးပေးနည်းလဲ သုံးတယ်။ အကောင်းဆုံး နည်းတော့ မဟုတ်ပါ။ ခွဲစိတ်ပြီး ထပ်ဖြစ်သူတွေမှာ ဗဂျိုင်းနားမှာ လာဖြစ်တတ်လို့ Vaginal Brachytherapy နည်းပါ လုပ်ပေးရတာ ဖြစ်တယ်။ တချို့ဆေးရုံတွေက Pelvic area တင်ပါးဆုံနေရာ တခုလုံးကို External beam radiation ဓါတ်ကင်နည်း လုပ်ပေးတယ်။
• Stage II = ခွဲစိတ်နည်းက Radical hysterectomy နည်းလုပ်ရတယ်။ သားအိမ် တခုလုံး ထုတ်မယ်။ Bilateral salpingo-oophorectomy (BSO) မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေ ထုတ်မယ်။ Pelvic and Para-aortic lymph node dissection (LND) အနီးအနားတဝှိုက်က တက်စေ့တွေပါ ထုတ်မယ်။ ပြီးရင် Radiation ဓါတ်ကင်တာ ဆက်လုပ်မယ်။ Vaginal brachytherapy နဲ့ External pelvic radiation ဓါတ်ကင်နည်း သုံးတယ်။ ဓါတ်ကင်ပြီးမှ ခွဲတာလုပ်တာမျိုးလဲ ရှိသေးတယ်။ ခွဲထုတ်တဲ့ တက်စေ့တွေကို ကင်ဆာဖြစ်နေ-မနေ စစ်ရတယ်။
• Stage III = Surgery ခွဲစိတ်မယ်။ Chemotherapy ကင်ဆာဆေး နဲ့ Radiation ဓါတ်ကင်တာတွေကို ၁ ခု ဖြစ်ဖြစ်၊ ၂ ခု ဖြစ်ဖြစ် လုပ်မယ်။ Radiation လုပ်တာကို Pelvis တနေထဲ ဖြစ်ဖြစ် Abdomen နဲ့ Pelvis နှစ်ခုလုံး ဖြစ်ဖြစ် လုပ်မယ်။
• Stage IV = Combinations of chemotherapy drugs ဆေးတွေ တွဲပေးနည်း သုံးနိုင်တယ်။ Paclitaxel (Taxol) Doxorubicin (Adriamycin) နဲ့ Carboplatin ဒါမှမဟုတ် Cisplatin ဆေးတွေ သုံးတယ်။ Cisplatin, Ifosfamide နဲ့ Paclitaxel တွေကိုလဲ တွဲတတ်တယ်။
• Papillary serous carcinoma or clear cell carcinoma ဆိုတာတွေက High-grade cancers နောက်ကျတဲ့ အမျိုးအစားတွေ ဖြစ်တယ်။ ခွဲစိတ်ရင် TH/BSO, pelvic and para-aortic lymph node dissections, and Pelvic washings တွေအပြင် Omenetectomy နဲ့ Peritoneal biopsies တွေပါ လုပ်မယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေး နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်မယ်။ Carboplatin and Paclitaxel or Cisplatin and Doxorubicin ဆေးတွေ သုံးတယ်။
• Recurrent endometrial cancer ပြန်ဖြစ်ကင်ဆာဆိုတာ အနီးအနားလဲ ဖြစ်နိုင်တယ်။ အဝေးလဲ ဖြစ်နိုင်တယ်။ Pelvis တင်ပါးဆုံမှာဖြစ်ရင် Radiation therapy ဓါတ်ကင်မယ်။ တခြားနေရာဆိုရင် အဆင့် (၄) ကုသသလို လုပ်မယ်။ Progesterone hormone therapy ဒါမှမဟုတ် Chemotherapy လုပ်နိုင်တယ်။

ကင်ဆာဖြစ်ရင် ၅ နှစ်အထိနေနိုင်သူ ရာနှုန်းဘယ်လောက်လဲဆိုတာ သတ်မှတ်ထားရတယ်။ Endometrial adenocarcinoma သားအိမ်-ကင်ဆာ ဖြစ်သူတွေမှာ -
• သားအိမ်အပြင် မပြန့်သေးသူ ၉၆%၊
• သားအိမ်အပြင် ပြန့်နေသူ ၆၆%၊
• နောက်ပိုင်းအဆင့် ရောက်နေသူ ၂၅%၊
• African American women အသားမဲ အမျိုးသမီးတွေမှာ တခြားလူတွေထက် ၁ဝ% နည်းတယ်။

5 year survival rate တိတိကျကျ အဆင့်အရ ပြောရရင် -
• I-A 90%
• I-B 88%
• I-C 75%
• II 69%
• III-A 58%
• III-B 50%
• III-C 47%
• IV-A 17%
• IV-B 15%

Uterine Sarcoma အမျိုးအစားဆိုရင် ၅ နှစ်အထိနေနိုင်သူ -
• သားအိမ်အပြင် မပြန့်သေးသူ ၅ဝ%၊
• သားအိမ်အပြင် ပြန့်နေသူ ဝ-၂ဝ%၊

အမျိုးသမီး မျိုးပွါးလမ်းမယ်ဖြစ်တဲ့ ကင်ဆာတွေ -
• Endometrial cancer သားအိမ်-ကင်ဆာက မျိုးပွါးလမ်းဖြစ်တာထဲမှာ အများဆုံးဖြစ်တယ်။ သေဆုံးရမှုမှာ သတ္တမနေရာ လိုက်တယ်။ စောစောသိရင် ကုလို့ ရတာကို ပြနေတာ ဖြစ်တယ်။ အသက် ၆ဝ ကျော်တွေမှာ အဖြစ်များတယ်။ စောသိသူတွေကို ခွဲစိတ်ပြီးနောက် Estrogen replacement ဟော်မုန်း ဆေးပါပေးရင် ပြန်ဖြစ်နှုန်း နည်းတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီနည်းရဲ့ မကောင်း ကျိုးဆက်တွေကို အသေအခြာ လေ့လာရတယ်။ Heart disease နှလုံးရောဂါ၊ Heart attacks နှလုံးသွေးနည်းတာ Stroke လေဖြတ်တာ နဲ့ Breast cancer ရင်သား-ကင်ဆာ ပိုဖြစ်တတ်တယ်။ ဟော်မုန်းဆေးကို နဲနဲလေးနဲ့ ရက်တိုတိုသာ ပေးဘို့ လုပ်လာတယ်။ လူနေမှုအဆင့်အတန်း မြင့်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အမဲ-အမျိုးသမီးတွေဟာ အဖြူတွေနဲ့ အာရှသူတွေထက် ၂ ဆ ပိုဖြစ်တယ်။
• Ovarian cancer မျိုးဥအိမ်-ကင်ဆာက ဒုတိယလိုက်တယ်။ အသက် ၅ဝ ကျော်မှအဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက ဖြစ်တယ်။
• Cervical cancer သားအိမ်ဝ-ကင်ဆာက တတိယလိုက်တယ်။ ကြားရက်သွေးဆင်းတာ နဲ့ တခုခုဆင်းတာ တွေမှာ သားအိမ်-ကင်ဆာနဲ့ တူတယ်။ သားအိမ်အဝမှာ ဖြစ်ရင် ယောက်ျားနဲ့ ဆက်ဆံအပြီးမှာလဲ သွေးထွက်လာ တတ်တယ်။ Human papillomavirus (HPV) ပိုးက လိင်လမ်းကနေ ဝင်တယ်။ စောစောသိအောင် Pap smears လုပ်နေသင့်တယ်။
• Vaginal cancer ဗဂျိုင်းနား-ကင်ဆာကလဲ ရှားတယ်။ အသက်ကြီးမှ ဖြစ်တတ်တယ်။ ဘာမှ လက္ခဏာ မရှိတာနဲ့ စတယ်။ ရှိလာရင် နာလာမယ်၊ တခုခုဆင်းမယ်၊ သွေးထွက်မယ်။
• Vulvar cancer အမျိုးသမီး အပြင်အင်္ဂါ (မိန်းမကိုယ်) ကင်ဆာက ရှားတယ်။ ဖြစ်တာလဲ နှေးတယ်။ အသက်ကြီးမှ ဖြစ်တယ်။ အသက်အကြီးဆုံးလို့ ပြောနိုင်တယ်။ ယားမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ပူလောင်နေမယ်၊ တခုခု ဆင်းမယ်။

Dr. တင့်ဆွေ
၂-၆-၂ဝ၁၁

Wednesday, June 1, 2011

Hearing problem နားတစ်ဖက် မကြားရတော့လို့ပါ

May 29, 2011 at 8:38 AM
သမီးက အသက်၂၄ ပါ။ နားတစ်ဖက် မကြားရတော့လို့ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်တုန်းက ဖြစ်ခဲ့တာပါ။ အလုပ်မှာ တနေ့လုံး အကောင်းပါ။ ညကျတာ့ ရင်ဘက်အောင့်တယ် ဆိုပြီး အိပ်ပြန်ပါတယ်။ မနက်လည်းထရော ဘယ်လိုမှ ထလို့ မရတော့ပါဘူး။ တစ်ဖက်မှတစ်ဖက်သို့ လည်းစောင်းလို့ မရတော့ပါဘူး။ ဆရာဝန် ခေါ်ပြီး အိမ်မှာပြပါတယ်။ ဒါပေမယ့် မသက်သာပါ။ ၃ ရက် ၄ ရက် လောက်နေမှ အာရုံကြော အထူးကု ဆရာဝန်နှင့် ပြဖြစ်ပါတယ်။ အာရုံကြော အားနည်းတာလို့ ပြောပါတယ်။

ဆေးထိုးပြီးတော့ နဲနဲသက်သာပါတယ်။ ၄ ရက် ၅ ရက်နေတော့ သက်သာ သွားပါတယ်။ ဒါပေမယ့် ခေါင်းကတော့ ရေးရေးလေး မူးနေတုန်းပါ။ ကြာတော့ ခေါင်းမူးတာပျောက်ပြီး နားထဲက လေထွက်သလိုလို ဖြစ်လာပါတော့တယ်။ ၁ ပတ်ကြာတော့လည်း နားကလေထွက်နေတုန်းပါပဲ။ နားတစ်ဖက်က မကြားတော့ပါဘူး။ အာရုံကြောဆရာနဲ့ ထပ်ပြတော့လည်း အာရုံကြောကြောင့် ဖြစ်တာပါတဲ့ သောက်ဆေး ရက် ၂ဝ စာ ပြန်ပေးပါတယ်။ သောက်ပြီးတော့လည်း မသက်သာဘူး ဖြစ်နေတယ်။ နားဆရာဝန်နဲ့ ပြဖြစ်ပါသေးတယ်။ နားထဲမှာလည်း ဘာမှမရှိဘူးတဲ့ နားကိုရှာတော့လည်း ဘာမှတွေ့ဘူးလို့ ပြောပါတယ်။ နားတစ်ဖက်မကြားတာ ၅ လလောက်တောင် ရှိနေပါပြီ။ ပြန်ကောင်း လာပါ့မလား။ အာရုံကြောဆရာနဲ့ပဲ ထပ်ပြရမလား။ နားကြားကိရိယာ တပ်ရတော့မလား။ သမီးက လေဆိပ်မှာ လုပ်တာပါ။ နားတစ်ဖက်မကြားတော့ သမီးမှာ နဲနဲတော့ အခတ်အခဲ ဖြစ်ရပါတယ်။

Acquired Hearing Loss အရင်က နားကောင်းပြီး နောက်မှ နားလေးရစေတဲ့ အကြောင်းတွေ -
အသက်အရွယ်၊ ကျားမ မရွေး ဖြစ်နိုင်တယ်။ ပြန်ကောင်းနိုင်တာရော မကောင်းနိုင်တော့တာပါ ဖြစ်နိုင်တယ်။
၁။ Infections ရောဂါပိုးကြောင့်၊ Viral ဗိုင်းရပ်စ် နဲ့ bacterial ဗက်တီးရီးယးကြောင့် Encephalitis ဦးနှောက်ရောင်တာ၊ Chicken pox ရေကြောက်၊ Measles ဝက်သက်၊ Mumps ပသိရောင်၊ Meningitis ဦးနှောက်မြှေးရောင်၊ Syphilis ဆစ်ဖလစ် စတာတွေကနေ ဖြစ်စေနိုင်တယ်။
၂။ Trauma ထိခိုက်မိတာ၊ Head injury ဦးခေါင်းထိခိုက်တာ၊ နားအကြားနဲ့ဆိုင်တဲ့ ခေါင်းထဲကနေရာမှာ ထိခိုက်ရာကနေ ဖြစ်စေနိုင်တယ်။
၃။ Medication ဆေးဝါးတွေကြောင့်၊ Salicylates (Aspirin), NSAID အကိုက်အခဲပျောက်ဆေးတွေ၊ Antibiotics (Aminoglycosides, Erythromycin, Vancomycin) ပဋိဇီဝဆေးတွေ၊ Diuretics ဆီးသွားစေတဲ့ဆေးတွေ၊ Chemotherapy agents ကင်ဆာဆေး၊ Quinine ငှက်ဖျားဆေးတွေ ကနေ ဖြစ်စေနိုင်တယ်။
၎။ Noise ဆူညံသံတွေကြောင့်ဖြစ်ရင် ရုတ်တရက် မဟုတ်ဘဲ တိုးတိုး ဆိုးဆိုးလာတယ်။
၅။ Age အသက်ကြီးလို့ ဖြစ်တယ်၊
၆။ Others တခြား အကြောင်းတွေကြောင့်၊ Acoustic nerve Tumour အကြားအာရုံကြော အကျိတ်၊ Otosclerosis အရိုးမာရောဂါ၊

• Conductive Hearing Loss အသံလှိုင်း သယ်ပို့စနစ်မှာ ချို့ယွင်ပြီး နားမကောင်းတာမျိုးက ပြန်ကောင်းနိုင်တယ်။
• Sensorineural Hearing Loss အကြားအာရုံကြောကြောင့် နားမကောင်းတာမျိုးက ပြန်မကောင်းနိုင်ပါ။ ဥပမာ အတွင်းနားမှာရှိတဲ့ Cochlea, Hair cells နဲ့ Nerve cells တွေမှာ ဖြစ်တာမျိုး။ ဒါမျိုးက မွေးရာရော နောက်မှ ဖြစ်တာပါ ရှိတယ်။ ဖြစ်ရင် Hearing devices နဲ့ Implants ကရိယာ သုံးနိုင်တယ်။

မေးတဲ့သူက နား-အာရုံကြော ဆရာဝန်တွေကို ပြထားတာမို့ ကောင်းပါတယ်။ ဆရာပြောတာက အထောက်အကူသာ ဖြစ်ပါမယ်။

Dr. တင့်ဆွေ
၁-၆-၂ဝ၁၁

Q and A June 2011 (1)

1. သမီးမှာ လွန်ခဲ့တဲ့ လေးနှစ်က လိပ်ခေါင်းဖြစ်ဖူး၊ ဖြတ်ဖူးပါတယ်။
2. ကျွန်တော် မြန်မာပြည်မှ ဆေးများ မှာယူတာ ရောက်ရှိလာပါပြီ။
3. အရေပြားနဲ့ပတ်သက်ပြီးတော့မေးချင်လို့ပါ။
4. I am working in overseas and I cannot type Myanmar font.

2011/6/8
သမီးမှာ လွန်ခဲ့တဲ့ လေးနှစ်က လိပ်ခေါင်းဖြစ်ဖူး၊ ဖြတ်ဖူးပါတယ်။ အခု အိမ်သာတတ်တာ သွေးနဲ့အချွဲများ ပါလာနေပါတယ်။ အများကြီးမဟုတ်ပါ။ ဝမ်းသွားရတာလဲ မဝပါ။ အသားစလဲ ထွက်လာပြီး အိမ်သာပြီးလျှင် ပြန်ဝင်သွားပါတယ်။ ဘယ်ဖက် ရင်ခေါင်းရိုး အောက်နဲ့ ဘယ်ဖက်ခါးက အမြဲတမ်း နာနေပါတယ်။ ဘယ်ဘက် ဗိုက်တစ်ခြမ်းက ပူပြီးတင်းနေပါတယ်။ အစားနဲနဲ စားလိုက်တာနဲ့ ဗိုက်ကြီးက ပူလာပါတယ်။ ဘာစားစား နဲနဲ နာနာ နေပါတယ်။ လေတွေလဲ အရမ်းပွပါတယ်၊ ဝမ်းမချုပ်အောင်စား၊ ရေများများ သောက်သဖြင့် ဝမ်းမချုပ်သော်လည်း အမြဲလိုလို အိမ်သာသွားချင်နေတတ်ပါတယ်။ မေ့ပြီး ရေများများ မသောက်၊ ဟင်းရွက်အစားနဲတာနဲ့ ဝမ်းက တအားကို ချုပ်ပါတယ်။ ရေသောက်နဲတဲ့နေ့ နောက်နေ့ အိမ်ယာထလျှင် လည်ချောင်းနဲ့ ရင်ခေါင်းတစ်လျှောက်လုံး အရမ်းကို ခြောက်ကပ်နေတာ သာမန်လိုကိုမဟုတ်ပါ။ အရင်က လိပ်ခေါင်း ရှိခဲ့ဘူးပေမဲ့ ခုလို နေရထိုင်ရမသက်မသာ မဟုတ်ပါ။ သွေးရဲရဲများသာ ထွက်ပါတယ်။ ယခုအခေါက်ဖြစ်တာ ပိုထူးနေလို့ ဘာများဖြစ်တာပါလဲဆရာ။ ဘယ်လိုများ စစ်ဆေးရင် သိနိုင်ပါသလဲ။ ဆရာဝန်က ရှေ့နှစ်က စစ်ထားရင် ဒီနှစ် စစ်ဖို့ မလိုဘူးဆိုတာ ဟုတ်ပါသလား။ ဒီလက္ခဏာတွေက ဒီနှစ်မှ ပိုပိုပြလာတာပါ။

ဓါတ်ပုံပို့ ပေးလိုက်ပါတယ်။ သမီးကို ဂဂျိုးဂဂျောင်လျောက်လုပ်နေတယ်လို့ မထင်စေချင်ပါ။ အရင်မိဘများနှင့်နေစဉ် မေမေ အမြဲ ဂရုစိုက်တာမို့ ကိုယ့်ကိုကိုယ် သိပ်ဂရုမစိုက်တတ်၊ ဘာဖြစ်နေမှန်းလဲ မသိသဖြင့် သူငယ်ချင်း ညွှန်ပြမှုဖြင့် ဆရာ့ ဆိုက်ကို တွေ့ရှိပြီး ဝမ်းသာအားရ မေးချင်၊ သိချင်သမျှတွေ မေးမိတာပါ။ ရိုင်းစိုင်းသွားလျှင် ခွင့်လွှတ်ပါဆရာ။ သမီးက ချူချာပါတယ်။ ဒီမှာက ကိုယ့်အားကိုယ်ကိုးစနစ်မို့ သိပ်နားမလည်တော့ အားငယ်မိပါတယ်။ ပြီးတော့ တကယ်ကို နေရ ထိုင်ရ မကောင်းပါ။ ဘာဖြစ်နေမှန်း မသိလို့ ဆေးခန်းသွားတော့လဲ ဆရာဝန်များက ရောဂါ ရှာမတွေ့ဘူး ပြောပါတယ်။
ဂေါက်နေတာထင်လို့ စိတ်ဆရာဝန်နဲ့ စကားပြော၊ ဦးနှောက်ကို ဓါတ်မှန်ရိုတ်တော့လဲ အကောင်းပဲလို့ ပြောပါတယ်။ သမီး တကယ်ကို နေမကောင်းတာပါ။ ခုဆို မျက်လုံးတွေအမြဲ ဝေနေပြီး စာကောင်းကောင်းသင်လို့ မရတော့ပါ။ ဘယ်ဖက် နားကလဲ အောင့်နေပြီး လေထွက်နေသံကို ပြန်ကြားနေရပါတယ်။ ရင်ခေါင်းတွေ အောင့်ပါတယ်။ အစာအိမ် (သို့) အရိုးကြောင့်လို့ ထင်ပါတယ်။ ယခုဓါတ်ပုံပါအတိုင်း နေမကောင်းတာကို ဆေးခန်းသွားပြတော့ ဘာမှ မဖြစ်ဘူးပြန်ဆိုပြီး ပြောပါတယ်။ သမီးစိုးရိမ်တာက အူကင်ဆာတို့ ဘာတို့ ဖြစ်နေတာများလားလို့ပါ။ ဘယ်လိုနဲ့များ သိနိုင်ပါသလဲဆရာ။ ဘာဖြစ်လို့ ရောဂါတွေထူနေတာပါလဲ။ အရင်လို ကျန်းမာအောင် ဘယ်လိုများလုပ်ရင်ရပါမလဲဆရာ။

• လိပ်ခေါင်းဆိုတာ ကုသပြီးနောက်ဖြစ်ဖြစ် ခွဲစိတ်ပြီးနောက်ဖြစ်ဖြစ် ပြန်ဖြစ်သူတွေမှာ ဖြစ်တတ်တယ်။ ဘယ်လိုနေရ၊ စားရမလဲ သိပြီးသားမို့ မရေးတော့ပါ။
• ဓါတ်ပုံက မှန်ပါတယ် အပြင်-လိပ်ခေါင်း ဖြစ်ပါတယ်။ ပြန်ကုဘို့ လိုတယ်။ ခွဲစိတ်အထူးကုဆရာဝန်နဲ့ ကုသပါ။
• စိတ်ရောဂါလို့ နာမည်မတပ်ချင်ပါ။ စိတ်ဖိစီးမှု၊ အားနည်းမှု၊ စိုးရိမ်မှုတော့ ရှိနေတာ သေခြာတယ်။
• ကိုယ့်ဖါသာပြင်တာနဲ့ အများကြီးသက်သာပါတယ်။ ပူပင်တာတွေ ဖါသာဖယ်ထုတ်ပါ။ အကောင်းမြင်တတ်အောင် လေ့ကျင့်ယူပါ။ ဖန်ခွက်ထဲမှာ ရေတဝက်သာ ရှိတယ်လို့ မယူပါနဲ့။ ရေတဝက်ပြည့်တာလို့ မြင်ပါ။
• ရောဂါ၊ အခြေအနေ၊ ငါ့ထက်ဆိုးတဲ့သူတွေ အများကြီး ဆိုတာ အမှန်အတိုင်း မြင်ကြည့်ပါ။ ဆရာဝန်ကို သွားမပြနိုင်သူတွေ၊ ဆရာလိုတိုင်ပင်ဘို့ ဆရာဝန် မသိသူတွေ များလွန်းတာ သိပါ။
• မဟုတ်တာ (ဥပမာ ကင်ဆာ) အတွက် ကြိုတင် ကြောင့်ကျမနေပါနဲ့။ စစ်ဆေးတဲ့ဆရာဝန်က ကောင်းတယ် ဆိုတာကို လက်ခံနိုင်အောင် လုပ်ပါ။ သူငယ်ချင်းချင်း အားပေးတဲ့ လောကွတ် စကား မဟုတ်ပါ။ ပညာရှင်ရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။
• စိတ်ဖိစီးမှု လူတိုင်းမှာ ရှိတယ်။ နေတတ်အောင် နေကြရတယ်။ ဆရာ့ဆီကို ဒိထက် ရောဂါဆိုးဝါးသူတွေ တပုံကြီး မေးကြ ရေးကြတယ်။ ကိုယ်တိုင် HIV ဖြစ်သူ၊ ယေက်ျားမှာ စီပိုး၊ မိန်းမှာ ဘီပိုးရှိသူ၊ အဖေမှာ နှလုံးရောဂါ ဆိုးနေသူ၊ အမေက လည်ပင်းကြီး ဟော်မုန်း များနေသူ၊ သူ့ကလေးမှာ ကုမရတဲ့ မွေးရာပါရောဂါ ရှိနေသူ၊ လွန်ကြွံမိလို့ ဖျက်ချင်သူ၊ စော်ကားခံရလို့ ကိုယ်ဝန်ရှိလာသူ၊ စုံလို့ပါဘဲ။ လိပ်ခေါင်းထက်ကြီးတဲ့ ဆင်ခေါင်းတွေလေ။
• ခံစားနေတာ မှန်သမျှ သူငယ်ချင်းကို ပြောပြတာ၊ ဆရာ့ဆီကို မေးရင်း ရေးတာဟာလဲ စိတ်ကုသနည်းတခု ဖြစ်ပါတယ်။

Jun 8, 2011 at 1:31 PM
ကျွန်တော် မြန်မာပြည်မှ ဆေးများ မှာယူတာ ရောက်ရှိလာပါပြီ။ ဆေးများကတော့ -
၁။ Loritab 10 (LORATADINE TABLETS USP)
၂။ Medomox 500 (AMOXICILLIN CAPSULES BP)
၃။ Flixonase (Aqueous Nasal spray) ဆေးများ သုံးစွဲပုံလေး အကြံပေးစေလိုပါတယ်။

• Loratadine ဆေးကို Claritin နာမည်နဲ့လဲ လာတယ်။ ဆေးလက်မှတ် မလိုတဲ့ဆေး ဖြစ်တယ်။ (အလာဂျီ) လက္ခဏာတွေအတွက် ပေးတယ်။ နှာရည်ယိုတာ၊ ယားယံတာ၊ မျက်ရည်ကျတာ၊ နှာချေတာ၊ နှာခေါင်း-လည်ချောင်း အနေရခက်တာ၊ အင်ပြင်ထတာ။ ဆေးတောင့်၊ ဆေးရည်၊ ဆေးပြားနဲ့ လာတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းမူး၊ အိပ်ချင်၊ ခေါင်းကိုက်၊ အာခေါင်ခြောက်၊ ချောင်းဆိုး၊ အားယုတ်၊ အစာမကျေ၊ ပျို့-အန်၊ အိပ်ပျော်ဘို့ခက်၊ ဆိုတာတွေက သိပ်မဆိုးတာတွေ ဖြစ်တယ်။ ခေါင်းသိပ်မူးတာ၊ ခြေ-လက်တုံတာ၊ ဆီးသွားရ ခက်တာ၊ ရင်ပတ်နာတာ၊ တက်တာ၊ စိတ်မူပြောင်တာ၊ နှလုံးခုန်-မမှန်-မြန်တာ၊ ဆေးနဲ့ မတည့်တဲ့ (အလာဂျီ) လက္ခဏာတွေ ဖြစ်လာတာတွေက ဆိုးဝါးတာတွေ ရှားရှားပါးပါး ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်သူ၊ အသဲ-ကျောက်ကပ် မကောင်းသူတွေကို အထူးသတိနဲ့ ပေးရတယ်။
• Flixonase aqueous nasal spray နှာခေါင်းထဲ ပန်းရတဲ့ဆေးထဲမှာ fluticasone propionate ဆေးပါတယ်။ Corticosteroid စတီရွိုက်ဆေးမျိုးဖြစ်တယ်။ နှာခေါင်းရောင်တာအတွက်သုံးတယ်။ အတိအကျဆိုရင် Allergic rhinitis ခေါ်တာ၊ Hayfever ခေါ်တဲ့ရောဂါအတွက်သုံးရတယ်။ နှာရည်ယိုတာ၊ ယားယံတာ၊ မျက်ရည်ကျတာ၊ နှာချေတာ၊ နှာခေါင်း-လည်ချောင်း အနေရခက်တာတွေ ဖြစ်တာကို ပြောတာ။ တာရှည်သုံးတာ များရင် အရိုး အားနည်းစေတယ်။ ဆိုင်းနပ်စ် ပိုးဝင်တာပါရှိနေရင် ပိုးသေဆေးနဲ့ တွဲရမယ်။ ၄ နှစ်အောက်ကလေး မပေးဘူး။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်သုံးတာ သတိထားပါ။ ဘေးထွက်-ဆိုးကျိုး = နှာခေါင်းသွေးယိုတတ်တယ်၊ နှာခေါင်းခြောက်သွေ့ပြီး အနေရခက်တတ်တယ်၊ ခေါင်းကိုက်၊ နှာခေါင်း အနံ့မကောင်းတာတွေ ဖြစ်တတ်တယ်။
• Amoxacillin ဆေးဟာ ပဋိဇီဝဆေးဖြစ်တယ်။ ပနယ်စလင် နဲ့ တူပေမဲ့ Gram-negative ပိုးတွေအတွက် ပိုကောင်းတယ်။ နားရောင်တာ၊ ဆီးအိမ်ရောင်တာ၊ နူမိုးနီးယား၊ ဂနိုရီးယား၊ E. coli or Salmonella ပိုးဝင်တာတွေကို ပေးတယ်။ အစာလမ်း (အူ) ရောင်ခြင်း၊ နားအလည်ပိုင်း (အင်ဖက်ရှင်)၊ (ဆိုင်းနပ်စ်)၊ ဆီးလမ်း-ကျောက်ကပ်-နှလုံးသား-အာသီး-လေပြွန်-သည်းခြေလမ်း ရောင်ခြင်း၊ သွေးထဲ ပိုးရောက်ခြင်း၊ အရေပြား အနာတွေအတွက် ပေးတယ်။ နောက်ပြီး Clarithromycin နဲ့တွဲပြီး Helicobacter pylori ကြောင့်ဖြစ်တဲ့ အစာအိမ်လေနာအတွက်လဲပေးတယ်။ ဒီလိုဖြစ်သူတွေကို Lansoprazole ဆေးပါတွဲသေးတယ်။ Meningitis, Bacteremia, or Endocarditis ဖြစ်ရင်င် IV ပေးတယ်။ ရောဂါလက္ခဏာ ပျောက်သွားတာသာမက ဆေးပါတ် လည်အောင် ပေးရမည်။ အစာနဲ့ နီးနီး ဝေးဝေး သောက်နိုင်တယ်။ 250 mg တနေ့ ၄ ကြိမ်၊ 500 mg တနေ့ ၂ ကြိမ်။ ၄ ရက်ကနေ ၁၄ ရက်အထိ ရောဂါလိုက်ပေးတယ်။ ဘေးထွက်-ဆိုးကျိုးများ = ဝမ်းအရည်သွား၊ ဆီး သွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။ ရင်ဘတ်ပူ၊ ပျို့၊ အန်၊ အိပ်မပျော်၊ စိတ်မကြည်၊ ဗိုက်အောင့်၊ သွေးယို၊ ဆီးနည်း၊ မွေးလမ်းမှ အဖြူဆင်းခြင်း၊ မှက်ခရု၊ Methotrexate, Sulfa drugs, Tetracycline ကိုယ်ဝန်တားဆေးတို့နှင့် တွဲမပေးသင့်။ Ampicillin, Dicloxacillin, Oxacillin, Penicillin တွေနဲ့ တွဲမပေးရပါ။ ကိုယ်ဝန်တားဆေးရဲ့ သတ္တိကို နည်းစေတတ်တယ်။ ဆေးနဲ့မတည့်ရင် အင်ပြင်ထွက်၊ အသက်ရှူခက်၊ မျက်နှာ-နှုပ်ခမ်း-လျှာ-လည်ပင်းရောင်၊ ကိုယ်ပူ၊ ချမ်းတုံ၊ မူးဝေ၊ အသက်ရှူခက်၊ ဆီးနီ၊ တက်တာဆိုရင် အရေးတကြီး ကုသရမယ်။

Jun 9, 2011 at 6:11 PM
အရေပြားနဲ့ပတ်သက်ပြီးတော့မေးချင်လို့ပါ။ ကျွန်မလက်ထိပ်မှာ အရေကြည်ဖုလေးတွေ ဖြစ်ပါတယ်။ ပြီးရင် ပေါက်သွားလိုက်ပြန်ဖြစ်လိုက်နဲ့ လက်ချောင်းတိုင်းမဖြစ်ဘူး ဘယ်ညာလက်မလက်ညှိုး ဖြစ်ပါတယ်။ ညာဘက်က အဖြစ်များပါတယ်။ ခြေထောက်လဲ အဲလို ၂ ချောင်းပဲဖြစ်တယ်။ ညာဘက်အဖြစ်များတယ်။ အရေပြားအထူးကုနဲ့ပြတော့လဲ မထူးဘူး။ ခနသက်သာတယ် ပြီးရင်ပြန်ဖြစ်တယ်။ နီကယ်လ် alleigic လို့ပြောပေမယ့် အဲဒါနဲ့ဆိုင်တဲ့ ဆိုဒ်တွေကြည့်တော့ မတူဘူးဖြစ်နေတယ်။ ပထမရက်မှာ အရေကြည်ဖုသေးသေးလေးတွေ အများကြီးမြင်တယ်။ နောက်ရက်ဆိုရင် နဲနဲပြူးလာတယ်။ ပြီးရင်ပေါက်သွားတယ်။ ခနခနအဲလိုဖြစ်တယ်။ တခါထဲအမြစ်ဖြတ်ပျောက်ချင်တယ်။

• ဖြစ်နိုင်တာ ၂ မျိုးရှိတယ်။ (၁) ရေယုံ နဲ့ (၂) မတည့်လို့ဖြစ်တဲ့ အနာ။ မတည့်တာကနေဖြစ်ဘို့များတယ်။ ပြန်ပြန်ဖြစ်နေလို့ပါ။ ကြာရင် နှင်းခူနာ သဘောဘက် ရောက်လာနိုင်တယ်။
• မတည့်တာ အမျိုးမျိုးရှိတယ်။ လက်နဲ့ခြေတွေနဲ့ ထိ-ကိုင်တာ တခုခုဖြစ်မယ်။ ဆပ်ပြာ၊ အလှသုံးပစ္စည်း၊ အဝတ်အစား၊ အစားအသောက်နဲ့ ရာသီဥတု တခုခု ဖြစ်မယ်။ တခုမကဘဲလဲ တွဲမတည့်တာ ရှိသေးတယ်။
• မတည့်တာသိရင်ရှောင်ပါ။ တခါတလေ မသိပါ။ ရှောင်လို့ ခက်တာလဲ ရှိတယ်။
• ရက်တိုဆို တမျိုး၊ နာတာရှည်ဆို တမျိုး ဆေးပေးမယ်။
• Calamine lotion ဆိုတာက အပြော့ဆုံး လိမ်းဆေး၊
• Antihistamine ဥပမာ Citrizine စားဆေး သောက်နိုင်တယ်။ ပြန်ဖြစ်နေရင်၊ ကြာနေရင် (ကော်တီဇုန်း) ပါတဲ့ လိမ်းဆေး လိမ်းရတယ်။ နာမည်တွေ အမျိုးမျိုးရှိတယ်။ နာတာရှည်သမားတွေကို (ကော်တီဇုန်း) စားဆေးပါ ရက်သိပ်မကြာဘဲ ပေးမယ်။ ထပ်ဆင့်ဖြစ်လာတဲ့ ပိုးဝင်တာ ရှိနေရင် ပိုးသေဆေး လိုမယ်။ စားဆေး နဲ့ လိမ်းဆေး။ ကော်တီဇုန်း နဲ့ ပိုးသေဆေး တခါထဲ ရောထားတာလဲ ရှိတယ်။ လိုမယ် ထင်ရင် ဖြစ်တဲ့နေရာကို ဓါတ်ပုံရိုက်ပြီး ပို့နိုင်ပါတယ်။

Jun 15, 2011 at 12:54 PM
I am working in overseas and I cannot type Myanmar font. I am just married and using Marvelon 28 to prevent pregnant. Now I am confused the usage of this pills.

Marvelon 28
• ကိုယ်ဝန်တားထားဘို့အတွက် တနေ့ ၁ လုံး ၂၁ ရက်သောက်ပါ။
• ၂၁ လုံးကုန်တဲ့နောက်မှာ အရောင်မတူဆေး ၇ လုံးကိုလဲ တရက် ၁ လုံး ဆက်သောက်ပါ။
• ပဌမဆုံး သောက်တဲ့နေ့ဟာ ရာသီ စလာတဲ့နေ့ ဖြစ်သင့်တယ်။
• မေ့လို့ တရက်ကျော်သွားရင် တခါထဲ ၂ လုံးသောက်ပါ။ ပြီးတော့ တရက် ၁ လုံးဆက်သောက်ပါ။
• ရာသီလရဲ့ ပဌမ ၂ ပါတ်မှာ ၂ ရက်မေ့တာဆိုရင် သတိရတဲ့ တတိယမြောက် နေ့မှာ ၂ လုံး၊ စတုတ္ထနေ့မှာလဲ ၂ လုံး သောက်ပါ။ နောက်ရက်တွေမှာ တရက် ၁ လုံးသာ ပုံမှန် ဆက်သောက်ပါ။
• ရက်ကျော်သွားမိတဲ့ရက်နောက် ၇ ရက်အတွင်းမှာ၊ လင်မယားအတူနေရင် (ကွန်ဒွမ်) ပါသုံးပါ။
• ဆေးသောက်ဘို့ ၂ ရက် မေ့သွားတာက တတိယပါတ်ထဲမှာဖြစ်နေရင် ဆေးပိုမသောက်ဘဲ တရက် ၁ လုံးသာ ဆက်သောက်ပါ။ ဆေးကပ်ကုန်ရင် အသစ်ဆက်သောက်ပါ။
• ဆေးသောက်ဘို့ ၃ ရက်ဆက်တိုက်ကျော်သွားရင် ဘယ်ရက်သတ္တပါတ်မှာဖြစ်ဖြစ် ဆေးစသောက်ဘို့ မမေ့အောင် သတ်မှတ်ထားတဲ့နေ့ဟာ ဥပမာ တနင်္ဂနွေဆိုရင် စနေနေ့အထိသာ တရက် ၁ လုံး သောက်ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ အသစ်ဆေးကပ်စသောက်ပါ။
• အဲလို ပုံမှန်မဟုတ်ဖြစ်သူတွေ မှားတဲ့နေ့ကနေ နောက်ထပ် ၇ ရက် (ကွန်ဒွမ်) ကိုပါသုံးပါ။
• Marvelon 28 ထဲမှာ desogestrel 0.15 mg and ethinyl estradiol 0.03 mg တွေပါတယ်။
• သွေးကြောပိတ်ရောဂါရှိသူ၊ (စထုပ်ခ်) ရဘူးသူ၊ နှလုံးသွေးကြောပိတ်ဘူးသူ၊ သွေးကြောကျဉ်းရောဂါရှိနေသူ၊ အသဲရောဂါရှိနေသူ၊ အသဲကင်ဆာရှိနေသူ၊ ရင်သားကင်ဆာရှိနေသူ၊ ဘာကြောင့်ဖြစ်မှန်းမသိဘဲ ရာသီသွေးဆင်းများနေသူ၊ ကိုယ်ဝန်ရှိနေသူတွေ ဒီဆေးမသောက်ရပါ။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...