ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Tuesday, April 29, 2014

Eczema Medicine နှင်းခူနာဆေး

Eczema cure comes closer to reality နှင်းခူနာအတွက်ဆေး ပေါ်နိုင်တော့မည်

24-11-2011 Cure for eczema comes closer to reality
ပျောက်ခဲလှတဲ့ နှင်းခူနာအတွက်ဆေး ပေါ်နိုင်တော့မည်

ကနေ့လာတဲ့ ကျန်းမာရေး သတင်းတခုအရ နှင်းခူလိုမျိုး ပျောက်နိုင်ခဲတဲ့ အရေပြားရောဂါတွေအတွက် ဆေးဖေါ်စပ်လာနိုင်စရာ ရှိပါတယ်။

ပညာရှင်တွေကနေ အဲလိုအနာမျိုး ဖြစ်စေတဲ့ Yeast (ရိစ်) မှိုတမျိုးကို တွေ့ရှိ ဖေါ်ထုတ်လာနိုင်လို့ပါ။ ဒါကို Peptides (ပက်ပ်တိုက်) တမျိုးမျိုးနဲ့ ဆေးဖေါ်နိုင်စရာ ရှိလာပါပြီ။

ကလေး၊ လူငယ်၊ လူကြီး၊ ကျာ-မ မရွေး ဖြစ်တတ်ကြတဲ့ နာတာရှည် အရေပြားရောဂါအတွက် ဆေးကောင်း လိုနေပါတယ်။ ဗြိတိန်နိုင်ငံမှာ ကလေး ၂ဝ% မှာ Atopic eczema နှင်းခူနာတမျိုး ဖြစ်ကြတယ်။ လူကြီး ၇% မှာလဲ ရှိတာက တချို့မှာ သေရာပါအနာ ဖြစ်တယ်။

နှင်းခူနာတွေက အရေပြားမှာ ခြောက်သွေ့၊ ယားယံ၊ ကွာကျတတ်တာမျိုး၊ ပျောက်ခဲတာမျိုး၊ ပေါ်လိုက်-ပျောက်လိုက်၊ နာတာရှည်တယ်။ ဘာလို့ဖြစ်သလဲ အသေအခြာ မပြောနိုင်ပေမဲ့ Malassezia sympodialis yeast နဲ့ပတ်သက်တာ သေခြာတယ်။

လူအတော်များများမှာ ရောဂါမပေါ်ပေမဲ့ ဒီ (ရိစ်) က ရှိနေတတ်တယ်။ ကြာတော့ အရေပြား အားနည်းလာပြီး၊ အပေါက်အပြဲဖြစ်ရာကနေ ပိုးကနေ ရောဂါ ရစေတော့တယ်။

ဆွီဒင်မှာ ရှိတဲ့ Karolinska Institute ကပညာရှင်တွေကနေ (ပက်ပ်တိုက်) ၂၁ မျိုးနဲ့ စမ်းသပ်နေကြတယ်။ ကောင်းနေတဲ့ အရေပြား (ဆဲလ်) တွေကိုလဲ မထိခိုက်စေအာင် ကြည့်ရတယ်။ သတ္ကိ ၂ မျိုးရှိတယ်။ (ဆဲလ်) အဖုံးလွှာကို ဖေါက်ဝင်နိုင်တာ နဲ့ ပိုးတွေကို သေစေတာ။

၂၁ မျိုးထဲက ၆ မျိုးဟာ (ရိစ်) တွေကို သေစေနိုင်တာ တွေ့လာရတယ်။ တခြား (ဆဲလ်) တွေကို မထိခိုက်စေဘူး။ ဆေးအဖြစ်အသုံးချနိုင်ဘို့ရာ မေးခွန်းတွေ အများကြီးတော့ ရှိပါသေးတယ်။ ဒါပေမဲ့ အခုလို ဆေးနဲနဲ နဲ့ ပိုးကိုသေစေပြီး လူကို မထိခိုက်တာဟာ Antifungal agents (ဖန်းဂတ်စ်) ဆေး ဖေါ်ဘို့ အလွန် အလားအလား ကောင်းပါတယ်။

အခုတွေ့ရှိချက် အသစ်ကို Society for Applied Microbiology ဂျာနယ်မှာ Letters in Applied Microbiology ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Eczema နှင်းကူနာ http://dts-medicaleducation.blogspot.com/2011/05/eczema.html

Dr. တင့်ဆွေ
၂၅-၁၁-၂ဝ၁၁