Monday, July 18, 2011

Q and A July 2011 (18)

၁။ သားလေး အတွက်လည်း စိုးရိမ်လို့ပါ
၂။ Post Comment တင်တာ မရလို့
၃။ ကိုယ်ဝန်ဆောင် တစ်လရှိလျင် ဗိုက်ထဲမှာ
၎။ မထင်မှတ်ပဲ ကိုယ်ဝန်ရှိနေပါပြီ
၅။ ဆီးလမ်းကြောင်းမှာ အနယ်ရှိတယ် ပြောပါတယ်
၆။ ကိုယ်ဝန် ရှိမှန်း မသိရှိတာတွေ ရှိပါတယ်

2011/7/28
ခုတလော (့) မှာ တော်တော်လေးကို ပူပါတယ်။ သားလေးက သုံးလကျော်ပဲရှိသေးတော့ အပြင်ကို မထွက်ရဲလို့ အိမ်ထဲမှာပဲ နေတာ ဆယ်ရက်ကျော်လောက် ရှိပါပြီ။ အရမ်းပူတော့ အဲကွန်းကို ၂၄ နာရီ ဖွင့်ထားပါတယ်။ အအေးဒီဂရီ ၂၇-၂၈ လောက်ပဲ ထားပါတယ်။ ခု ကျွန်မ နှာခေါင်းက သွေးတွေယိုပါတယ်ဆရာ။ ချွဲဟတ်လိုက်ရင်လည်း သွေးတွေ ပါပါတယ်။ နှစ်ရက်လောက် ရှိပါပြီ။ စိုးရိမ်ရပါသလား။ ကျွန်မ အဲလိုဖြစ်လာတော့ သားလေးအတွက်လည်း စိုးရိမ်လို့ပါ။

ဖတ်ပြီးသလား မသိဘူး ရေးပြီးသားတခု ပို့ပါတယ်။ အကောက်အကူရမှာပါ။ ကလေးကို မစိုးရိမ်ပါနဲ့။ မိခင်မှာ မျိုးရိုးလိုက်တဲ့ သွေးယိုရောဂါ ဟုတ်-မဟုတ် ဆေးသေခြာ စစ်မှာ သိမယ်။
Nosebleed နှာခေါင်းသွေးယိုရင် ဘာလုပ်မလဲ

2011/7/29
Post Comment တင်တာ မရလို့ mail send လိုက်ရပါတယ် ခင်ဗျာ။ ကျနော့ရဲ့ ပေါင်ခြံမှာ မိတ်ဖုလေးတွေလို အဖုလေးတွေပေါက်ပြီး ယားနေပါတယ်။ SKINEAL ကို နှစ်ရက်၊ သုံးရက်လိမ်းလိုက်ရင် ပျောက်သွားပြီး၊ လိင်ကထွက်တဲ့ အရည်နည်းနည်း ပေသွားရင် ပြန်ပေါက် လာပါတယ်။ ပျောက်သွားတဲ့ နေရာမှာ အညိုကွက်ဖြစ်ပြီး ကျန်ခဲ့ ပါတယ်။ အဖုပေါက်ရင် အညိုကွက်ရဲ့ အနားစပ်မှာ ပေါက်တာ များပါတယ်။ အဲဒါ ဘယ်လိုရောဂါဆိုတာရယ်၊ ဘယ်လိုကုသရမယ် ဆိုတာလေးရယ်ကို ကျေးဇူးပြုပြီး ညွှန်ပြပေးပါ ခင်ဗျာ။

Post Comment က ဘယ်ထဲမှာလဲ မသိပါ။
http://dts-medicaleducation.blogspot.com/ ကိုယ်ပိုင် Blog C-box မှာ မတွေ့ပါ။ မနက်-ည ဖတ်ပါတယ်။
http://www.yamunaclinic.org/ ကိုယ်ပိုင် Website မှာလဲ ရေးမရပါ။ တခြားမှာ ကူးယူ တင်တာတွေကိုတော့ ကျွန်တော်က အကုန် မသိပါ။ ဆောရီး။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

29 Jul 11, 09:05
ကိုယ်ဝန်ဆောင် တစ်လရှိလျင် ဗိုက်ထဲမှာ အရေအဆင့်နဲ့ပဲ မျိုးအောင်သေးတာလား။ အသားတစ်ရူးစ အဖြစ် ရောက်နေပြီလား။

ကိုယ်ဝန်ဆောင် ပဌမဆုံးလမှာ ရာသီ မလောတော့ပါ။ သူ့ရဲ့ ရာသီစက်ဝန်း အလည်ရက်မှာ ထွက်ခဲ့တဲ့ မျိုးဥက ၂၄ နာရီအတွင်း ကျား-ပိုးနဲ့ သားအိမ်ပြွန်ရဲ့ အဖျားနားမှာ တွေ့ဆုံ-ပေါင်းစပ်ခဲ့ကြပြီ။ ချက်ချင်းဘဲ သားအိမ်ထဲကို ဆင်းလာတယ်။ (ဆဲလ်) တခုထဲကနေ ဆတိုး ပွါးနည်းနဲ့ စဉ်တက်မပြတ် ပွါးလာ-များလာနေတယ်။ ၇-၁ဝ ရက် အတွင်း သားအိမ်ထဲ ကောင်းကောင်း ရောက်လာခဲ့တယ်။ သားအိမ်ရဲ့ အတွင်းဆုံးအလွှာမှာ တွယ်ကပ်-မြုတ်ဝင် လိုက်တာနဲ့ ဓါတ်သဘောတွေ စဉ်တိုက် ဆက်တိုက်ပို့လွှတ်တယ်။ သူ့ကိုက သိပြီ ကိုယ်ဝန်ရှိလာပြီ။ နောက်လ မျိုးဥ မထွက်နဲ့တော့၊ ရာသီဆင်းစရာလဲ မလိုတော့ဘူး။ ဒီအချိန်မှာ Blastocyst လို့ သန္ခေပညာအရ ခေါ်တယ်။ အရွယ်အစားက ဝ့၁ ကနေ ဝ့၂ မီလီမီတာ ရှိတယ်။ ၄ ပါတ်ရှိချိန်မှာ Chorionic villi ဖြစ်လာမယ်။ Yolk sac ပေါ်လာမယ်။ Placenta အချင်းဆိုတာ ပေါ်မလာခင်အထိ အာဟာရဓါတ်တွေ ဖြည့်ပေးနေလိမ့်မယ်။ မခင်လောင်းကိုယ်တိုင် ငါ ကိုယ်ဝန်ရှိပြီ ထင်တယ်လို့ သိနိုင်တယ်။ နောက်လထဲမှာ Embryo တကယ့် သန္ခေဆိုတာ ဖြစ်လာတော့မယ်။

Jul 29, 2011 at 12:13 PM
ဆရာရှင့် ကျွန်မနဲ့ ကျွန်မချစ်သူ အတူတူနေရင်းနဲ့ မထင်မှတ်ပဲ ကိုယ်ဝန်ရှိနေပါပြီ။ ရာသီလာရမည့်ရက်ထက် ၂ ပတ်ကျော်နေပြီ မလာလို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာပြနေပါတယ်။ ကူညီပါဦးဆရာရယ်။ ဒီအချိန်မှာ ကလေးယူလို့ မဖြစ်သေးလို့ပါ။ ဆေးသောက်ရုံနဲ့ပဲ ဒီကိုယ်ဝန်ကို ဖျက်ချချင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ၁ လလောက်ပဲ ရှိသေးတယ်လေ။ အဲဒါကြောင့် ထိရောက်မယ့် ဆေးနည်းကောင်း လေးများပေးပါဦး ဆရာရယ်။
အရင် မေးဘူးတာတွေကို ဖြေသလိုဘဲ။ ကျွန်တော်က မြန်မာပြည်က ဆေးပညာသင်ထားသူမို့ တမင် ကိုယ်ဝန် ပျက်စေတာကို မခိုင်း-မလုပ်ပေးပါ။ ပညာအရသာ ဆေးခန်းက ဆရာမတွေ တတ်သိ နားလည်ကြအောင် ကိုယ်ဝန်ဖျက်တဲ့အကြောင်းတွေ ရေးပါတယ်။

30 Jul 11, 11:11
ကျွန်မ ဗိုက်ဘယ်ဖက် အောက်ခြမ်း နာနေပါတယ်။ ဆီးမကြာမကြာ သွားချင်တယ်။ ဆီးစပ်မှာ စစ်စစ်ဖြစ်နေပါတယ်။ ခါးလည်း အနည်းငယ် ကိုက်ပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆီးလမ်းကြောင်းမှာ အနယ်ရှိတယ် ပြောပါတယ်။ X ray result က clear ပါ။ antibiotic တွေပေးလို့ သောက်ပေမယ့်လည်း သိပ်မသက်သာပါ။
ဖြစ်နေတဲ့သူ အသက်၊ ရာသီ၊ အိမ်ထောင်ရေး (လိုအပ်ရင်) သိဘို့ လိုပါတယ်။ ဘယ်ဘက်မှာ ဖြစ်နိုင်စရာ ၃ မျိုး။ (၁) ဝမ်းနဲ့ ပတ်သက်တာ (အဖြစ်နည်းပြီး ခဏနဲ့ ပျောက်မယ်။ (၂) သားအိမ်ပြွန်ရောင်တာ (အဖြူဆင်းတာ ရှိနိုင်တယ်။) နဲ့ (၃) ဆီးလမ်း (ဆီးအောင့်မယ်)။ နောက် ၂ ခုက ပိုးသေဆေး နဲ့ အနာသက်သာဆေးတွေ လိုတယ်။ ဆေး တမျိုးမရသေးရင် ပြောင်းရမယ်။ ဆေး တမျိုးမက တွဲလဲပေးရတတ်တယ်။

30 Jul 11, 11:21
တစ်ခါတစ်လေ အမျိုးသမီးတစ်ချို့ပာာ သူတို့မှာ ကိုယ်ဝန်ရှိမှန်း မသိရှိတာတွေ ရှိပါတယ်။ ရာသီ မလာတဲ့အခါ ဆရာဝန်က ရာသီ ပြန်ပေါ်ရန် ထိုးဆေးများ ထိုးပေးတယ်။ မျိုးအောင်ဥနဲ့ နောက်ဆက် ပြဿနာ ရှင်းပြပါဦးနော။
မှန်ပါတယ်။ ကိုယ်ဝန်ရှိတာကိုရော ပျက်သွားတာကိုပါ မသိလိုက်သူတွေ ရှိတယ်။ ကောင်းတာက ဘာမှ မကုသခင် (ဆေးစား-ဆေးထိုး မလုပ်ခင်) စစ်ဆေးသင့်တယ်။ ကိုယ့် ကျန်းမာရေး ရာဇဝင် အတိအကျ သိနေသင့်တယ်။ ရာသီပေါ်ဆေးဆိုတာ ကျွန်တော် သိပ်သဘော မပေါက်ဘူး။ အဲဒီနာမည်နဲ့ဆေး မရှိဘူးတောင် ပြောချင်တယ်။ ပြောသူ-ရေးသူ-မေးသူတွေကတော့ အများကြီးဘဲ။ တကယ်ပြောရရင် ရာသီ ဘာလို့ ထိန်နေသလဲ သိမှ ကုတဲ့ဆေးကိုသာ ပေးရ-ထိုးရတယ်။ ထိန်စေနိုင်တဲ့ အကြောင်းတွေ အများကြီးဘဲ။ စိတ်-အလုပ်-ဟော်မုန်း-ကိုယ်ဝန်။

Sunday, July 17, 2011

Q and A July 2011 (17)

၁။ အူအတက်ပါ တစ်ခါတည်း
၂။ ယောက်ျားလေး အသက် ၁၉ ပါ
၃။ ဆေးတွေ သောက်တော့ ခေါင်းမှုးနောက်ပြီး
၎။ ခါးထုံဆေးနည်း ထိုးပါတယ်

2011/7/26
၁၈၊ ၇ လမှာ ကလေးမွေးထားပါတယ်။ ခွဲမွေးတော့ အူအတက်ပါ တစ်ခါတည်း ဖြတ်ပေးလိုက်တယ်။ (့) နိုင်ငံ၊ (့) မြို့မှာပါ။ အရမ်းနာပြီး လေလည်း တအားထိုးတယ်။ အစားအသောက်လည်း ဘာမှမစားရဲဘူး။ အဲဒါ ဘာဆေးစားသင့်ပြီး ဘယ်လို အစားစာတွေ စားသင့်လဲဆိုတာ ကူညီပါအုံးနော်။

နောက် ကျန်းမာရေးအကြောင်း စာရေးရင် တိတိကျကျနဲ့ စာကို ဖတ်တဲ့သူ စဉ်းစားပြီး မှန်းဆ မနေရအောင် ရေးသင့်တယ်။ (အထက်က မေးခွန်းက ပြုပြင်ထားပြီး ဖြစ်တယ။်) အခုစာကို ၃-၄ ခေါက် ဖတ်ရတယ်။ ဥပမာ နေ့စွဲရေးတာ။ စာရိုက်ရင် စကားစုတခုနဲ့ နောက်တခုကြား (စပေ့စ်) ခြားမှ ဖတ်ရသူ သဘောပေါက်တယ်။ ဖြစ်တဲ့သူရဲ့ အသက်၊ ကလေး ဘယ်နှစ်ယောက် ပါသင့်တယ်။ အခုခွဲတဲ့ကလေး အခြေအနေလဲ ပါသင့်တယ်။

ဆေးရုံက ဆေးပေးတာတွေ ကုန်ပြီလား။ ဆေးရုံဆင်းတော့ ဘယ်အစာမျိုး အစားခိုင်းပြီလဲ။ မသိတာတွေ ဖယ်ထားပြီး အကြံပေးရရင် ခွဲပြီးရက်ကို ၁၈-၇-၂၀၁၁ လို့ယူဆရင် ၉-၁၀ ရက်ရှိလို့ အစာမာကို စားလို့ရပြီ။ ဖြေးဖြေးချင်း တိုးတက်စားပါ။ ကောက်ညှင်းလို ထမင်းကျော်လို မသင့်သေးပါ။ နာတာက ခွဲတာကြောင့်ရယ် အထဲက ခွဲစိတ်တဲ့ နေရာတွေ ပူးကပ်မှုကြောင့်ရယ် ဖြစ်နိုင်တယ်။ အပေါ်ယံသဘော လေထတဲ့အစာ၊ ၀မ်းကြောင့်တွေလဲ စဉ်စားရမယ်။

အနာ နာသလိုအတွက် Ibuprofen ဆေးကို တခါသောက် ၁ လုံး၊ တနေ့ ၂-၃ ကြိမ်၊ အစာနဲ့ သောက်နိုင်တယ်။ ရစ်နာတာဆိုရင် Buscopan ဆေးကို တခါသောက် ၁ လုံး၊ လိုတဲ့အခါ သောက်နိုင်တယ်။ ကလေးကို စိုးရိမ်စရာ မရှိပါ။ ၀မ်းနုတ်ဆေးမျိုး မသောက်သင့်ပါ။ ၀မ်းမချုပ်အောင် ရေ-အရည် များများသောက်၊ အသီးအရွက် နဲ့ အသီးအနှံ စားပေးပါ။ လေထတာအတွက် Antacid, Digene တခုခုသောက်နိုင်သေးတယ်။

2011/7/27 Nano Nano
ယောက်ျားလေး အသက်၁၉ ပါ။ ဒီနေ့မနက် ရေချိုးတာ ရေချိုးရင်း ညာဖက်ခါးရဲ့ ကျောဘက်က အရမ်းနာပါတယ်။ ရေချိုးပြီးလည်း နာပါတယ်။ ပြီးတော့ ပျောက်သွားတယ်။ နောက် ဆီးအောင့်လာပါတယ်။ တစ်ခါမှမဖြစ်ဖူးပါ။ ရေကလည်းခါတိုင်းလိုပဲ ပုံမှန် သောက်ပါတယ်။ ဆီးသွားတဲ့အချိန်ဘာမှမဖြစ်ပါ။ ဒီတိုင်းသာမန်နေနေရင် ဂျိုးရဲ့ခေါင်းထိပ်နားမှာ နာသလိုလို အောင့်သလိုလို ဖြစ်နေတာပါ။ အဲ့ထိပ်နားမှာပါပဲ။ ပိုးများဝင်တာလား။ ကျွန်တော်ကျောင်းလည်းရှိသေးတယ်။ project တွေလည်း ရှိသေးတယ်။ မြန်မြန် စာပြန်ပေးနိုင်ရင် ကောင်းမှာပါပဲ။ ရေတွေ အရမ်းသောက်နေလို့ ဆီးကတော့ အရောင်မရှိပါဘူး။

ပြောတာတွေ အားလုံးခြုံလိုက်ရင် ဆီးလမ်းကြောင်း စစ်ဘို့လိုမယ်။ နောက်ကျော-ခါးက နာတာနဲ့ ဆက်ပြီး ဆီးအောင့်သလို၊ ပန်းအဖျား ဆိုတာတွေက ဆက်နေတဲ့ သဘောရတယ်။ ကျောက်ကပ်-ကျောက် ရှိ-မရှိ စစ်သင့်တယ်။ ပိုးဝင်တာဆိုရင် တနေရာ သတ်သတ် မှတ်မှတ်မှာ စဖြစ်တယ်။ ဆေးမစစ်ခင် နာတာသက်သာချင်ရင် Buscopan စားဆေး သောက်နိုင်တယ် တခါသောက် ၁ လုံး၊ တနေ့ ဘယ်နှစ်ကြိမ်ရယ်မဟုတ်ဘူး၊ နာတဲ့အချိန် သောက်နိုင်တယ်။ ၂-၃ ကြိမ်၊ ဆိုပါစို့။ အဲဒါတောင် နာပြီး အော်နေရရင် အဲဒီဆေးကိုဘဲ IV ထိုးရတယ်။ လူကောင်ကြီးရင် ၃ လုံး တွဲတောင် ထိုးရတာ။ ဒါက နာတာအတွက် သက်သက်ဖြစ်တယ်။ ဆေးစစ်ရင် X-ray, Ultrasound တခုခုခိုင်းမယ်။ မရိုက်ခင် ၀မ်းခြူပြီးမှ လုပ်ရတာလဲ ရှိမယ်။ ပိုးထင်ရင် Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ။ ဆီး အက်စစ်ဓါတ် နည်းစေအာင် Antacid ၁ ပြားစီ တွဲသောက်ပါ။ ရေများများ၊ အသီးဖျော်ရည် သောက်ပါ။ လိမ်မော်ရည် အစစ်ကောင်းတယ်။ ကိုကာ စတာတွေ မကောင်းပါ။

2011/7/27
အခုလို အရေးတယူ ပြန်လည်ဖြေကြားပေးသည့်ဆရာကို အထှုးကျေးဇှုးတင်ပါသည် ဆရာ ဖြေကြားပေးသည့် အထဲမှာ ပါသည့် နှာခေါင်းရောဂါထဲမှ (နှာခေါင်းထဲတွင် အသားပိုရှိသည့် sign နှင့်တှုညီမှုရှိပါသည်)။ လည်ချောင်းနာခြင်း၊ အသက်ရှု အဆင်မပြေ ဖြစ်ခြင်းတွေဟာ ဒါတွေကြောင့်လို့ ဆိုရပေါ့နော်။ မျက်ရိုးတိုရ နှာဖှုးတို့မှာ ဘာမှ နာကျင်ခံစားမှု မရှိသေးပါ ဒီက ဆရာဝန်ပေးသည့် ဆေးတွေ သောက်တော့ ခေါင်းမှုးနောက်ပြီး ကားစီးရင်လည်း မူးပါသည်။ လည်ချောင်း နာသည့် အခြေအနေမှာ မည်သည့်အဆင့် ရောက်နေသည်။ မည်သို့ ကုသလျင် ပျောက်ကင်းနိုင်မည် ဆိုသည်ကိုလည်း သိချင်ပါသည်။

နှာခေါင်းထဲ မီထိုးကြည့်နိုင်တယ်။ မှန်ထဲ ကြည့်လို့ရရင် ရတတ်တယ်။ တဖက်နဲ့တဖက် မတူဖြစ်နေတတ်တယ်။ နှစ်ဖက်လုံးလဲ ဖြစ်တတ်တယ်။ ဒီရောဂါအတွက် ပေးတဲ့ ဆေးတွေက များသောအားဖြင့် အိပ်ချင်စေတယ်။ အလုပ်-ကျောင်း အခြေအနေအရ သတိနဲ့ သောက်ပါ။ နောက်ခါရေးရင် အရင်စာနဲ့ ဆက်မေးပေးပါ။ ပြန်ရှာနေရတာ တခါတလေ ကြာတယ် စာတွေက အများကြီး။

2011/7/28
သမီး ကလေးမွေးပြီးတာ ၈ လရှိပါပြီ။ ရိုးရိုးမွေးတာပါ။ အရမ်းနာလို့ Epidural analgesia (အပီဂျူရယ်) ခါးထုံဆေးနည်း ထိုးပါတယ်။ ခုအဲဆေးထိုးထားတဲ့ နေရာက နာနေပါတယ်။ တင်းပြီးနာတာပါ။ ကျောလည်ကနေ ခါးထိ နာနေတာပါ။ အဲလိုပဲ ဖြစ်တက်ပါသလား။
သက်သာအောင် ဘယ်လိုလုပ်ရပါမလဲ။

ဆောရီး။ ဖြစ်တတ်တယ်။ ခါးကိုထိုးရတဲ့ဆေးတွေက နောက်ပိုင်းဆက်ဖြစ်တာ အဖြစ်များတယ်။ ဒဏ်ဘဲဆိုပါတော့။ တချို့မှာ ဆိုးတယ်။ ဆေးထိုးရတဲ့နေရာလေးက သိပ်ကျဉ်းမြောင်း-တိကျတယ်။ နဲနဲ စောင်တာ၊ တိမ်းတာ မခံဘူး။ ဘေးမှာ အာရုံကြောမကြီးရှိတယ်။
များသောအားဖြင့်က ကြာရင် သက်သာ ပျောက်ကင်းပါတယ်။ ၈ လအထိဆိုတော့ ကြာတော့ ကြာနေပြီပေါ့။ အနာအကိုက်ပျောက်ဆေး သောက်နိုင်ပါတယ်။ အစာနဲ့ တွဲသောက်ပါ။ နာတာကိုရော ရောင်နေတာကိုပါ သက်သာစေပါမယ်။ Neurobion စားဆေး လဲ တွဲသောက်နိုင်ပါတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။ ခါးအနေအထား သတိထားနေပါ။ လိုမယ်ထင်ရင် မေ့ဆေးဆရာဝန်ကို ပြန်ပြပါ။

Saturday, July 16, 2011

Q and A July 2011 (16)

၁။ သကြားဓာတ် ၉့၁ ရှိနေတယ် ပြောပါတယ်
၂။ ကိုယ်ဝန် ၂ လအရွယ်လောက်ရှိတယ်
၃။ သွားနဲနဲခေါနေပါတယ်
၎။ လိင်တံအလယ်ပိုင်း အရေပြားပေါ်မှာ

27 Jul 11, 10:44
ကျနော့် အမျိုးသမီးမှာ ကိုယ်ဝန် ၁၈ ပတ်ပါ။ သွေးစစ်တော့ သွေးထဲမှာ သကြားဓာတ် ၉့၁ ရှိနေတယ် ပြောပါတယ်။ အဲဒါ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်လဲ ဆရာ။
သွေးထဲက သကြားဓါတ်ဟာ ပုံမှန် 70 - 110 mg/dl ဒါမှမဟုတ် 3.6 - 5.8 mM (mmol/L) ရှိတာ ပုံမှန် ဖြစ်တယ်။ ကိုယ်ဝန် ဆောင်ချိန်ကျမှ ဆီးချိုဖြစ်တာလဲ ရှိတယ်။ မွေးပြီး နောက်ပိုင်း သက်သာ-ပျောက်ကင်း နိုင်ပါတယ်။ ကလေးထွားနိုင်တယ်။ ဆီးချိုအကြောင်းဖတ်ပါ။ ရေးထားပါတယ်။ အစားအသောက်ဆင်ခြင်တာနဲ့ အများကြီး သက်သာရာရပါမယ်။

27 Jul 11, 09:02
ကျမ အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ ကလေးမရဘူး ဆေးခန်းလည်းပြပါတယ် အခုဆရာဝန်ကပြောတယ် ကျမရဲ့ သားအိမ်က ပုံမှန်ထပ် ကိုယ်ဝန် ၂ လအရွယ်လောက်ရှိတယ်။ အဲဒါကြောင့် ကလေးမရတာလား၊ ဘယ်လို ကုသလို့ရပါသလဲ။
ကလေးမရသေးနိုင်တဲ့ အကြောင်းတွေက များတယ်။ အသေအခြာ စစ်ဆေးရတယ်။ ဆေးစာ၊ ဆေးစစ်ချက်မှာ ရေးထားတာကို ပြောပါ။ အခုလောက်နဲ့ မှန်းဘို့ခက်တယ်။ တိုက်ရိုက် အီးမေးလ် နဲ့ မေးပါ။ အသက် ကျန်းမာရေး ရာဇဝင်၊ ခင်ပွန်း ကျန်းမာရေး၊ ဆေးစစ်ချက်တွေ ပါသင့်ပါတယ်။

26 Jul 11, 17:37
ကျွန်တော့် ညီလေးမှာ သွားနဲနဲခေါနေပါတယ်။ ကုသလို့ရပါသလား။ ကုသလို့ရရင် ကုန်ကျစရိတ် ဘယ်လောက်ကျသလည်း။ ခန့်မှန်း ဘယ်လောက်များ ရှိသလည်း။
သွားကို အထူးကုဆရာဝန်တွေလို မသိပါ။ သွားဆရာဝန်တွေကနေ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ကုန်ကျစရိတ်လဲ မသိပါ။ နိုင်ငံအလိုက်၊ နေရာအလိုက် ကွာပါမယ်။ သူများဆီမှာတော့ ဈေးကြီးတယ်။

26 Jul 11, 14:51
ကန်တော့ဆရာ။ လိင်တံအလယ်ပိုင်း အရေပြားပေါ်မှာ ဝက်ခြံပေါက်လာပါတယ်။ အဲဒီ ဝက်ခြံက ပြည်တည်လို့ ပေါက်သွားပြီးနောက် ၎င်းနေရာမှာပဲ နောက်ထပ် ဝက်ခြံနှစ်လုံး ထပ်ပေါက်လာပါတယ် ဆရာ။ အဲဒါစိုးရိမ်လို့ ဘာဆက်လုပ်သင့်ပါသလဲ။
အဲဒီနေရာ ပါက်တဲ့အနာကို ဝက်ခြံလို့တော့ မခေါ်ဘူး။ နာမယ်ထက်အရေးကြီးတာက ပျောက်ဘို့ဘဲ။ အနာ (ပြည်တည်နာ) ကို ကုသသလို ကုရတယ်။ Abscess, Boil အကြောင်းမှာ ရေးထားတဲ့ ဆေးအတိုင်း လုပ်ရပါမယ်။ STD ဆိုရင် အဲဒီစာထဲကအတိုင်း ကုသရပါမယ်။

Friday, July 15, 2011

Q and A July 2011 (15)

၁။ ဆေးခန်းမှာ သွားဖျက်မှရမှာလား
၂။ အရိုးတီဘီဆိုတာ
၃။ လစဉ်လတိုင်း အဖြူဆင်းတတ်တယ်
၎။ အာသီးယောင်တာလို့ ယူဆပါတယ်
၅။ အဲဒါ ဘာဖြစ်တာလည်း

18 Jul 11, 15:09
ကိုယ်ဝန်ဆောင်တာ တစ်လနဲ့ ဆယ်ရက်လောက် ရှိတဲ့အချိန်မှာ ဖျက်ချင်တယ်ဆိုရင် ဆေးခန်းမှာ သွားဖျက်မှရမှာလား။ ကိုယ်တိုင် သောက်ဆေး ဝယ်သောက်ပြီး ဖျက်လို့ရပါသလား။ နောက်ပြီး အဲလိုဖျက်ရင် အသက်အန္တရယ် ရှိပါသလား။
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ ရေးထားပါတယ်။ ကျွန်တော် မြန်ပြည်က ဆေးစာသင်ထားသူမို့ ဘယ်သူ့ကိုမှ ဖျက်ဘို့ မပြောပါ။ လုပ်မပေးပါ။

18 Jul 11, 15:06
အရိုးတီဘီဆိုတာ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကုသရမလဲ။ ဘာတွေ ရှောင်ရမလဲဆိုတာ သိချင်လို့ပါ။ လေ့လာလိုရမယ့် စာအုပ်ရှိရင်လည်း သိချင်ပါတယ်။ တခြားတီဘီတွေလို ကူးစက်တတ်ပါသလား ဆရာ။
အရိုးတီဘီ ကို ဓါတ်မှန်နဲ့ သိနိုင်တယ်။ ဆေးကုရတာ ၆ လကနေ ၁ နှစ်ကြာနိုင်တယ်။ ဖြစ်တဲ့အရိုးအပေါ်မူတည်တယ်။ သူများကို မကူးပါ။ တီဘီ ဆေးတွေနဲ့ ကုပါမယ်။ စာအုပ်ရယ်လို့ ဆရာမသိပါ။ အားတော့ ရေးပါမယ်။

12 Jul 11, 19:59
ကျွန်တော့် အမျိုးသမီးရဲ့ရောဂါလက္ခဏာကို ကြည့်ပြီး ဘာဖြစ်တာလဲ။ ဘာဆေး သောက်ရမလဲ ဆိုတာကို ပြောပြပေးပါခင်ဗျား။ လစဉ်လတိုင်း အဖြူဆင်းတတ်တယ်။ အဖြူဆင်းရင် ဆီးခုံအထက်က နာတယ်။
ကျေးဇူးပြုပြီး အီးမေးလ် နဲ့ တိုက်ရိုက်မေးပါ။ ဖြစ်တဲ့သူ အသက်၊ အိမ်ထောင်-သားမွေး အချက်အလက်တွေ စုံအောင် ထည့်မေးပါ။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း နဲ့
Vaginitis မွေးလမ်း-ရောဂါ တွေကို ဖတ်ပါ။

2 Jul 11, 21:38
ကျွန်တော့် ကလေးက အသံကောင်းကောင်း မထွက်တာ ၁ ပတ်လောက်ရှိပါပြီ။ ဆရာဝန်က အာသီးယောင်တာလို့ ယူဆပါတယ်။ ဘာဆေးတိုက်ရမလဲ ပြောပေးပါဦး။ ကလေးက တစ်နှစ်ခွဲပါ။
ဖြေတာ ကြာသွားတယ်။ ဆောရီး။ အာသီးရေင်တာဆိုရင် Amoxacillin 125 mg တနေ့ ၃ ကြိမ်တိုက်ပါ။ Paracetamol လဲ အရည် ဇွန်းသေး တဝက် တနေ့ ၃ ခါတိုက်ပါ။ စုစုပေါင်း ၄-၅ ရက် တိုက်ပါ။

30 Jun 11, 22:14
ကျတော်ရဲ့ ဘယ်ဘက် လက်သူကြွယ်နှင့် လက်ခလယ် အဖုဖုအချိုင့် အသေးလေးများ ပေါ်နေပါတယ်။ အဲ့ဒါ ဘာဖြစ်တာလည်း၊ ပျောက်ကင်းအောင် မည်သို့ ပြုလုပ်ရမည်ကို ညွန်ကြားပေးစေလိုပါသည်။
ကျား-မ၊ အသက်၊ ဖြစ်နိုင်ရင် ဓါတ်ပုံပို့ အီးမေးလ် နဲ့ မေးပါ။

Thursday, July 14, 2011

Q and A July 2011 (14)

၁။ ဆရာရေ မင်္ဂလာပါ။
၂။ Hi Doctor,
၃။ အသက်က ၃၁ ပါ။ အပျိုပါ။
၎။ ကျွန်တော့် အသက် ၂၉ ပါ။

2011/7/25
ဆရာရေ မင်္ဂလာပါ။ ကျွန်တော့်ရဲ့ Pennis က သေးပါတယ်။ အဲဒါ ကြီးအောင် ဘယ်လိုလုပ်ရမလဲ၊ ဆေးသောက်ရမလား၊ ဆေးထိုးရမလား၊ ဒါမဟုတ် Pump နဲ့ ဝယ်ကျင့်ရမလား။ အခုကျွန်တော် Pump တော့ ဝယ်ထားတယ်၊ ဘယ်လိုကျင့် ရမလဲ ဆိုတာမသိလို့ ဒီအတိုင်းဘဲ ထားထားပါတယ်။ ကျွန်တော် ကြားဖူးတာ အခန့်မသင့်ရင် သွေးကြော ပေါက်တတ်တယ်ဆိုလို့ပါ။ အဲဒါကြောင့် ဆရာအနေနဲ့ အကောင်းဆုံး အကြံဥာဏ်လေးပေးပါလား။ Side effect လည်း မဖြစ်အောင်ပေါ့။
၁။ Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၅)
၂။ Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၂)
၃။ Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၃)
၎။ Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၁)

Jul 25, 2011 at 8:48 PM,
Hi Doctor,
I like to ask about my husband's problem. He is 37 years old and his left and below eyelid is shaking for 5 months. May I know why it is shaking for so long and is there any health problem?

Has he consulted any physician? Is it twitching? That means sudden and involuntary movement of the muscles. His BP! Any relevant previous medical history!

2011/7/24
ဆရာရှင့် ကျွန်မ အသက်က ၃၁ ပါ။ အပျိုပါ။ ခုရာက်နေတာက (့) မှာပါ။ ခုဖြစ်နေတာက နှာခေါင်းသွေးယိုလာလို့။ အရင်က တခါမှမယိုဘူးပါဘူးရှင့်။ ခုယိုတာ နှစ်ခါရှိပါပြီ။ ပထမတခါတုံးက ရေခဲမုန့် စားပြီး အိပ်တာ မနက်ထမှာယိုတာပါ။ ခုတခါက ကျတော့ နားနဲ့ မနာ ဖဝါးနဲ့ နာပါဆရာ သွေးဆင်းနေတဲ့ အချိန်ပါဆရာ။ ညဘက်ပါဆရာ။ ဒီတခါယိုတာ နဲနဲကြောက်လို့ ဆရာ။ နှာခေါင်းသွေး ယိုပြီးတော့ တံတွေးထွေးလိုက်တာ သလိပ်တွေမှာ သွေးတွေပါလာလို့ဆရာ။ ဘာများဖြစ်နိုင်လဲဆရာ အဲဒါ။

၁။ Nosebleed နှာခေါင်းသွေးယိုရင် ဘာလုပ်မလဲ

2011/7/24
ကျွန်တော့် အသက် ၂၉ ပါ။ အခု (့) မှာနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်းက တုပ်ကွေးဖျားပြီး ဆေးသောက်လိုက်လို့ ပျောက်သွားပေမဲ့ နှာခေါင်းက ပိတ်ြပီး ယားယံကာ တော်တော်အခံရခက်ပါသည် ဆရာဝန်တွေပေးတဲ့ ဆေးကလည်း သောက်သောက်ချင်း ပျောက်ပေမဲ့ ဆေးမသောက်ရင် အရင်လိုဘဲ နှာခေါင်းပိတ်ပြီး ယားပါသည် အဲဒီနောက်ပိုင်း နဲနဲ သက်သာလာပြီ ဆိုတာနဲ့ ချောင်းတဟွတ်ဟွတ်နဲ့ ဆိုးပါသည်။ တခါတလေ ရင်ဘတ်ကနေ အပှုတက်လာပြီး ခေါင်းတွေ ကိုက်နေပါသည်။ သလိပ်စစ်ပြီး ဓါတ်မှန်ရိုက်တော့လဲ ဘာမှမသိခဲ့ပါ။ city scan ရိုက်ပေမဲ့လည်း ဘာမှမတွေ့ရှိခဲ့ပါ။ အဲဒီတုန်းက သလိပ်ထဲမှာ သွေးစကလေး ပါဘူးပါသည်။ အရက် ဆေးလိပ်လည်း မသောက်ဘဲ ဖြစ်နေသည့်အတွက် တခုခုများ ဖြစ်နေသလားလို့ စိုးရိမ်မိပါသည် အဲဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က စပြီး လည်ချောင်းထဲမှာ အရာတခုခု ရှိနေသလို ခံစားရပြီး မျိုချရန် ကြိုးစား သော်လည်း မရပါ။နောက်ပိုင်း တဖြေးဖြေးနဲ့ လည်ပင်း ညှစ်သလိုခံစားရပြီး အသက်ရှုသည့်အချိန်မှာ ရှုလိုက်သည့် လေက အေးခနဲ ဝင်သလို ခံစားရပါသည်။ တခါတလေ အသက်ရှု ကြပ်သလို ခံစားရပြီး အာသီးအောက်ပိုင်းမှာ ချောက်ကပ်သလို ခံစားရပါသည်။ နား၊ နှာခေါင်း လည်ချောင်း ဆရာဝန်နဲ့ ပြပေမဲ့လည်း ညာဘက် လည်ချောင်းတွေ ယောင်နေတယ်လို့ ပြောပြီး ဆေးတွေပေးပေမဲ့ ဘာမှ ထှုးခြားမှု မရှိခဲ့ပါ။ အခု ညာဘက် လည်ချောင်း ကနေတဆင့် ညာဘက် ရင်ဘက်အထိ အသက်ရှုရင် ကြပ်ချင်သလို ဖြစ်ပြီး အောင့်နေသလို ခံစားရပါသည်။ ထမင်းစား ရေသောက်သည့် အခါမှာတော့ ပြသနာမရှိပါ။ သလိပ်လည်းကပ်ပြီး allergy လည်း အ၇င်ကတည်းက ရှိခဲ့ပါသည်။ အစားအသောက် ရာသီဥတုနဲ့ မတဲ့သည့်အချိန်မှာ ယားယံပါသည်။ အခုအချိန်မှာတော့ ချောင်းမဆိုးတော့ဘဲ လည်ချောင်း ပြဿနာသာ ကျန်ပါတော့သည်။ ကျေးဇှုးပြုပြီး မြန်မာပြည်မှ လိုအပ်သည့် ဆေးများ မှာယူလို့ ရနိင်ရန် အကှုအညီတောင်းခံအပ်ပါသည်။

ရေးပြီးသား စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ အားလုံးနဲ့ မတူပေမဲ့ အများကြီး အထောက်အကူ ပေးပါလိမ့်မယ်။ ဆေးလဲ စစ်ထားတော့ ရောဂါကြီးတာ မတွေ့လို့ စိက်သက်သာရပါ။ သွေးပါတာဟာ နှာချေ၊ နှပ်ညှစ်ရာက သွေးကြေားလေးတွေ ပေါက်လို့ ဖြစ်မှာပါ။ စိုးရိမ်စရာ မရှိပါ။ ရာသီဥတုကို ရိုးမယ်ဖွဲ့ရဘို့ များပါတယ်။
၁။ Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
၂။ Allergic rhinitis အလာဂျီ နှာခေါင်း

Wednesday, July 13, 2011

Q and A July 2011 (13)

၁။ ရာသီမလာတာ ၃ ရက်တောင် ရှိနေပြီရှင့်။
၂။ သံဓါတ် + ဖေါလစ်အက်စစ် ကို
၃။ သမီး နားမလည်တာတစ်ခုက
၎။ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။

2011/7/26
24.7.2011 မှအစ၍ 26.7.2011 ထိ သမီးရာသီမလာတာ ၃ ရက်တောင် ရှိနေပြီရှင့်။ 17.7.2011 တုန်းက (3) လခံ Depo ဆေး ထိုးထားပါတယ်ရှင့်။ အခုလောက်ဆို သမီးအမျိုးသားနဲ့ အတူတူပြန်နေလို့ ရပြီးလား။ 25.6.2011 ရက်တုန်းက ကိုယ်ဝန်ဖျက်ထားသူပါ။ ဒါမှမဟုတ် (3) လ မပြည့်ခင် အခြား ကာကွယ်နည်းသုံးဖို့ လိုသေးလား။ နောက်ထပ် ဘာတွေ လုပ်ဖို့ လိုသေးလဲရှင့်။

ရာသီလာတာနဲ့၊ သွေးဆင်းတာနဲ့ နောက်လတခုစပြီ။ ရာသီလာတဲ့နေ့ကနေစပြီး လတခုရဲ့ ပဌမနေ့လို့ တွက်ရတယ်။ ၃ လခံဆေးလဲ ရာသီမလာခင်ကတည်းက ထိုးထားတယ်ဆိုရင် အခုကတည်းက အတူနေလို့ရပါပြီ၊ ကိုယ်ဝန်အတွက် ဘာအကာအကွယ်မှ မလိုပါ။ STD အတွက်သာ (ကွန်ဒွမ်) သုံးပါ။ မိန်းကလေးတိုင်း သောက်သင့်တဲ့ သံဓါတ် နဲ့ ဖေါလစ်အက်စစ် သောက်တာ ကောင်းတယ်။

Jul 26, 2011 at 9:23 AM
သံဓါတ် + ဖေါလစ်အက်စစ် ကို အင်္ဂလိပ်လို စာလုံးပေါင်း ဘယ်လိုရေးရမှာလဲ။ တနေ့ကို ဘယ်နှစ်ကြိမ် သောက်ရမှာလဲ။
၁။ Iron supplement or Ferrous sulfate or Ferrous fumarate
၂။ Folic acid
တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။

2011/7/26
သမီး နားမလည်တာတစ်ခုက (လတခုရဲ့ ပဌမနေ့ဆိုတာ) ဘာကိုဆိုလိုတာလဲရှင့်။

ရာသီအကြောင်း၊ ကိုယ်ဝန်အကြောင်း ပြောရင် နေ့တွေ ပြောတဲ့အခါ ပဌမ၊ ဒုတိယ စသဖြင့် သတ်မှတ်တဲ့အခါ အဲလိုတွက်ချက်ရမယ်။ သွေးဆင်းပြီးတဲ့နေ့ကို မပြောရဘူး။ ရာသီစဆင်းတာကို လူတိုင်းသိတယ်။ နောက်ဆုံးနေ့ဆိုတာ မသေခြာဘူး မဟုတ်လား။ ကိုယ်ဝန်ဆောင်တွေ ဗိုက်အပ်တဲ့အခါ LMP (Last menstrual period) မေးလိမ့်မယ်။ ဘယ်တုံးက နောက်ဆုံးရာသီပေါ်ခဲ့လဲ။ အဲဒီအခါမျိုးမှာ နောက်ဆုံးရာသီပေါ်ခဲ့တဲ့လမှာ အစဆုံး ရာသီဆင်းတဲ့နေ့ကို ပြောရတယ်။ ကိုယ်ဝန်တားဆေး အညွှန်းတွေကို ဖတ်ပြီး ဆေးသောက်ရင်လဲ အဲဒီတွက်-မှတ်နည်းအတိုင်း လုပ်ရမယ်။

2011/7/25
ကျမအသက် ၂၅ ပါရှင့် အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျမ ရာသီထိန်လို့ဆိုပြီး အာထရာဆောင်း ရိုက်ကြည့်တာ ကိုယ်ဝန် ၇ ပတ် ရှိနေတယ်လို့ ပြောတယ်ဆရာ။ အခုကိုယ်ဝန်က သားဦးပါရှင့်။ ကျမနဲ့ အမျိုးသားက ကလေးယူဖို့အဆင်သင့် မဖြစ်သေးပါဘူးရှင့်။
အဲဒါ ကျမ Misoprostol ဆိုတဲ့ဆေးကို သောက်ပါတယ်။ တရုတ်ကလာတာပါ ဆရာ။ သုံးလုံးပါပါတယ်။ နစ်လုံးကိုသောက်ပြီး တလုံးကို (ဗဂျိုင်းနားထဲ ထည့်ပါတယ်) ကန်တော့ပါဆရာ။ ရာသီကတော့လာပါတယ်ဆရာ ကျမသိချင်တာက ရာသီ ကျန်-မကျန် ဆိုတာ ဘယ်လိုသိနိုင်မလဲဆရာ။ ဆရာရဲ့ ကိုယ်ဝန်ကို ဆေးသုံးဖျတ်ခြင်း ဆိုတဲ့ ပို့စ်မှာ အားလုံး ပျက်မကျသူတွေကို Aspiration စုပ်ထုတ်ပေးရတယ်။ အဲလိုရေးထားတာတွေ့လို့ပါဆရာ။ ကျမ ဆေးသောက်ပြီး 5 နာရီအတွင်းမှာပဲ ရာသီလာပါတယ်။ ရာသီက ပုံမှန်လာတာထက် နည်းနေပါတယ်။ နောက်ပြီး ရာသီက တရက်ပဲလာပါတယ်။ ကျမက ရာသီကျန်မှာကိုစိုးရိမ်လို့ပါ။ အမှားပါ ရင်ခွင့်လွတ်ပါရှင့်။

ဆင်းစရာ မကုန်အချင်း ဆင်းပါမယ်။ ဆရာဝန်ဆီမှာ လုပ်တာဆိုရင် ဆရာဝန်ကနေ ခေါ်ယူစစ်ဆေးမယ်။ စမ်းသပ်ပြီးမှာ လိုတာ ဆက်လုပ်မယ်။ စောင့်ကြည့်နိုင်ပါတယ်။ ပျက်သွားပြီးလို့ ယူဆနိုင်တယ်။ ဆင်းတာက တရက်မက ကြာရမှာပါ။ ပဌမကိုယ်ဝန်မှာ အဲလိုလုပ်ရသူဟာ နောက်ဆို ပိုဂရုစိုက်သင့်တယ်။ ကြိုတင်ကာကွယ်မှု လုပ်ထားပါ။ ဆင်းတာ ယုတ်တရက်များခဲ့ရင် လှုတ်ရှား သွားလာတာ ဆင်ခြင်ပါ။ သွေးဖိအား ယုတ်တရက်ကျရင် မူးတာ မောတာတွေ ဖြစ်တတ်တယ်။ နာပါ၊ေ၇-အရည် များများသောက်ပါ။ ဖျားရင်တော့ ပိုးသေဆေးလိုမယ်။

Tuesday, July 12, 2011

Q and A July 2011 (12)

၁။ သားဥပြွန် ဖြတ်ထားရတဲ့သူပါ
၂။ နှာစေးနေပါသည်
၃။ ရပ်ထိ စောင့်နေရမှာလား
၎။ ခြေမျက်စေ့ ရောင်လာပါတယ်
၅။ ရေယုံအကြောင်း
၆။ တအားအန်နေပါတယ်

2011/7/20
သမီးက 3.5.11 နေ့မှာ Ectopic Pregnancy ဖြစ်လို့ သားဥပြွန်ဖြတ်ထားရတဲ့သူပါ။ 19.7.11 နဲ့ 20.7.11 နေ့မှာ အကာအကွယ်မပါပဲ နေလိုက်မိပါတယ်။ ရာသီက 14.7.11 နေ့မှာလာပြီး 17.7.11 နေ့မှာ ပြီးသွားတာပါ။ ကိုယ်ဝန်ရသွားနိုင်မလား။ ဗိုက်ခွဲထားပြီးသူဆိုတော့ ဘာဆေးသောက်ရင် ကောင်းမလဲသိချင်ပါတယ်။

၁၇ ရက်နေ့အထိ ရာသီလာသေးရင် အဲဒီရက်အထိ အတူနေခဲ့သမျှ ကိုယ်ဝန် မရလိုက်ပါ။ သားအိမ်ပြွန်ကို တဖက်ထဲ ဖြတ်သလား၊ ၂ ဖက်လုံးလား။ တဖက်ကျန်ရင် ကိုယ်ဝန် ရနိုင်သေးတယ်။ ကိုယ်ဝန်တားနည်း ပေါင်းစုံ ရေးထားပါတယ်။ ရှာပြီး ဖတ်ပါ။ Search ထဲမှာ မြန်မာလိုရိုက်ရိုက်၊ အင်္ဂလိပ်လိုရိုက်ရိုက် ရှာနိုင်ပါတယ်။ အဆင်အပြေဆုံးနဲ့ လက်လှမ်းမီတာကို ရွေးပါ။

2011/7/20
ကျွန်တော်၏ အစ်မသည် အမြဲတမ်းလို နှာစေးနေပါသည်။ ကျွန်တော်၏ အစ်မနောက်တစ်ယောက်ကလည်း ချောင်းဆိုးနေပါသည်။နှာစေးနဲ့ ချောင်းဆိုး ပျောက်ကင်းအောင် မည်သည့် ဆေးမျိုးသောက်သင့်သလဲ ဆိုတာ ညွန်ကြားပေးပါခင်ဗျား။

နောက်မေးရင် ဖြစ်တဲ့သူရဲ့ အသက် စတာတွေပါ ထည့်ရေးပါ။
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
• Rhinitis နှာခေါင်းရောဂါ
• Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
• Allergic rhinitis အလာဂျီ နှာခေါင်း
• Allergy သို့မဟုတ် မတည့်အတူနေ တွေကိုလဲ အချိန်ရရင် ဖတ်စေခြင်ပါတယ်။

2011/7/20
အခု လို သမီးတို့ကို စာပြန်ပေးလို ကျေးဇူးတင်ပါတယ်ရှင့်။ ကိုယ်ဝန်ကို ဆေးခန်းမှ ထည့်ဆေးသုံးပြီး ဖျက်တာပါရှင့်။ ဘာဆက် လုပ်ရမှာ၊ သွေးဆင်တာ ရပ်ထိ စောင့်နေရမှာလား။ ဒါမှမဟုတ် (အာလ်ထွာဆောင်း) ရော ရိုက်ကြည့် ရအုံးမှာလားရှင့်။

ဆရာဝန်တဦး ကုသနေတာကို တခြားတဦးကနေ ဝင်မလုပ်ရပါ။ လူနာကို အကြံပေးတာတော့ လုပ်ရပါတယ်။ ဆေးကုပေးတဲ့ ဆရာဝန်ကို ပြန်ပြောတာ အကောင်းဆုံးဖြစ်ပါမယ်။ ဆေးကုပေးတဲ့ ပြောပြီးဖြစ်သလို ဆင်းစရာ မကုန်မချင်း ဆင်းမှာပါ။

24 Jun 11, 19:28
ကျွန်မ ၈-၆-၂ဝ၁၁ ရက်နေ့ကစပြီး ခြေဖမိုးနဲ့ ခြေမျက်စေ့ ရောင်လာပါတယ်။ လမ်းလျှောက်ရင် နာပါတယ် ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေး သောက်ခဲ့ဘူးပါတယ်။ အဲဒီရောဂါဖြစ်နိုင်ပါသလားရှင့်။ ကျန် မည်သည့် ရောဂါမှ မဖြစ်ပါရှင့်။
• အသက်၊ လူပိန်-ဝ၊ သွေးဖိအားတွေ မသိရပါ။ တိုက်ရိုက် အီးမေးလ်နဲ့ စုံအောင်ရေး မေးစေချင်ပါတယ်။

20 Jul 11, 16:43
ရေယုံအကြောင်း သိချင်လို့ပါ။ ပါးစပ်နားမှာ ပေါက်တဲ့ဟာကို ပြောတာပါ။ ဘာကြောင့် ပေါက်တာလဲ သိချင်ပါတယ်။
• ရေယုံ Herpes နဲ့ ပါးစပ်ထဲကအနာ Aphthous ulcer တမျိုးစီဖြစ်တယ်။ ရေးထားပါတယ်။ yamunaclinic.org/ Search မှာ ရိုက်ရှာပါ။

20 Jul 11, 09:16
ု့ကျွန်မက ကိုယ်ဝန်လေးလပါ။ သားဦးပါ။ အသက်က ၂၈ နှစ်ပါ။ အစာစားလျင်ဖြစ်စေ ရေသောက်လျင်ဖြစ်စေ တအားအန်နေပါတယ်။ စိုးရိမ်ရပါသလား။ ဆေးသောက်လည်း မသက်သာလို့ပါ။ ဖြေကြားပေးပါဆရာရှင့်။
• Pregnancy and vomiting ရေးထားပါတယ်။ yamunaclinic.org/ Search မှာ ရိုက်ပြီးရှာပါ။

Monday, July 11, 2011

Q and A July 2011 (11)

၁။ မျက်လုံးသားတွေဟာ သူများတွေလို ဖြူဖြူစင်စင်ရှိမနေဘူး
၂။ အရေပြားပေါ်တွင် မကြာခဏဆိုသလို
၃။ နောက်ကျနေပြီလားတောင် မသိပါဘူး
၎။ ရိုင်းတယ်ဆိုရင် ခွင့်လွတ်ပါ
၅။ လည်ပင်း-အကျိတ် ခွဲပြီးတာ

2011/7/18
ကျွန်တော့် ကောင်မလေးရဲ့ မျက်လုံးသားတွေဟာ သူများတွေလို ဖြူဖြူစင်စင်ရှိမနေဘူး။ အရက်သောက်တဲ့ သူတွေရဲ့ မျက်လုံးတွေလို ဝါညစ်ညစ်တွေ ဖြစ်နေတယ်။ အထူးသဖြင့် အပြင်ထွက်ဖို့ မိတ်ကပ်လိမ်းလိုက်ရင် မျက်လုံးတွေက နဂိုဝါညစ်ညစ်ဖြစ်တာထက် ပိုပြီး ဝါညစ်ညစ် ဖြစ်လာပါတယ်။ အဲဒါ ဘယ်လိုရောဂါကြောင့် ဖြစ်တာလဲဆိုတာ သိချင်ပါတယ်။ ဘယ်လိုဆေးတွေ စားရင် ပျောက်ကင်း နိုင်ပါသလဲ။ ဘယ်လို ပြုမူနေထိုင်သင့်ပါသလဲ။ အပူအစပ်တွေ အခုနောက်ပိုင်း မစားတော့ပါဘူး။ သူ့အသက်က ၂၇ နှစ်ပါ။

မျက်လုံးဝါတယ်ဆိုတာ သိတဲ့အတိုင်း အသားဝါ Jaundice ကို အရင်စဉ်းစား ဖယ်ထုတ်ရမယ်။ မျက်လုံးရဲ့ အနက်ရောင်ပေးပတ်လည် အဖြူရောင်နေရာက နဂိုလိုမဟုတ်ဘဲ ဝါလာမှ။ တပြိုနက်ထဲမှာ ဆီးလဲ ဝါ-နီ လာမှာ၊ အသားအရေလဲ ဝါလာမှ အသားဝါလို့ အကြမ်းဖျင်း ခေါ်တယ် သွေးစစ်မှာ သေခြာတယ်။ အသားဝါ မဟုတ်ဘဲ ခပ်ဝါဝါ-ခပ်ညစ်ညစ်ဆိုတာ Dirty sclera လို့ ခေါ်တယ်။ ဒါပေမဲ့ ရောဂါ မဟုတ်ပါ။ ပတ်ဝန်းကျင်ကနေ ညစ်ထေးစေတာသာ ဖြစ်တယ်။ ပြညန်ပြင်လို့ မရဘူးပြောရမှာဘဲ။ ပတ်ဝန်းကျင် (လေ-ရေ-အနံ့) ကို ဆင်ခြင်ရင် အနာများလိုဘဲ ကြာရင် သက်သာသက်သာ လာပါလိမ့်မယ်။ ဆေးသောက်ဘို့ မလိုပါ။ ပုံမှန် ဗီတာမင် ဘီ၊ မိန်းကလေမို့ သံဓါတ်၊ နောက်ပြီး အေ နဲ့ စီ ကိုပါသောက်ခိုင်းပါ။

2011/7/19
အသက် ၃၃ နှစ်ပါ။ ယောက်ျားအင်္ဂါံ အရေပြားပေါ်တွင် မကြာခဏဆိုသလို အရေကြည်ဖု သေးသေးလေးများ ဖြစ်လာတတ်ပါတယ်။ (ခပ်သေးသေး ၁ဝ ဖုခန့် အစုလိုက်) ပြီးလျင် ယားယံလာပြီး ဖြစ်ညှစ် ထုတ်လိုက်ပါက သက်သာ ပျောက်ကင်း သွားတတ်ပါတယ်။ သတိထားမိသလောက် ဝမ်းချုပ်ပြီး အပူများလာပြီဆို ဖြစ်လာတတ်ပါတယ်။ ဝမ်းကလဲ အမြဲလိုလို ချုပ်နေတတ်ပါတယ်။ အိမ်ထောင် ရှိသူဖြစ်တဲ့အတွက် အမျိုးသမီးကိုကော ကူးစက်တတ်ပါသလား။ အပျော်အပါး လိုက်စားတာတော့ ရှိခဲ့ဘူးပါတယ်။ အမြဲလိုလို အကာအကွယ်ပါ ပါတယ်။ ဒါကလဲ အတော်ကြာပါပြီ။ မပျော်ပါးတာ ၃ နှစ်ခန့် ရှိပါပြီ။

• Itchy penis ပန်းအဖျား ယားခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၃)
• Genital herpes လိင်လမ်း ရေယုံ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၉)
• Genital Warts လိင်အင်္ဂါကြွက်နို့ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉)

2011/7/19
နောက်ကျနေပြီလားတောင် မသိပါဘူးဆရာ။ ကျွန်တော်ယူမယ့် ကောင်မလေးက ကိုယ်ဝန်ရှိနေလို့ပါဆရာ။

• Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၂)
• Abortion (1) မလိုချင်တဲ့ ကိုယ်ဝန် (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၉)
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ

24 Jun 11, 22:08
ကျတော် ပြောတာ ရိုင်းတယ်ဆိုရင် ခွင့်လွတ်ပါ။ နေ့တိုင်း ကိုယ်တိုင်လက်နဲ့ အာသာဖြေခြင်းဟာ ကျန်းမာရေးအတွက် သင့်မသင့် ပန်သေရောဂါ ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားစေချင်ပါတယ်။
• Masturbation (မာစတာဘေးရှင်း) ကို ရေးထားပါတယ်။ မေးတဲ့သူက အီးမေးလ် မပါလို့ ပို့ပေးလို့မရပါ။ ရှာပါ၊ မတွေ့ရင် မေးလ် နဲ့ မေးပါ။

24 Jun 11, 22:19
ကျွန်မ လည်ပင်း-အကျိတ် ခွဲပြီးတာ ၁၃ ရက်ရှိပါပြီ။ ညာဘက်မှာ ပါရာ-သိုင်းရွိုက် ၁ ခုထဲ ကျန်ပါတယ်။ အသံနဲနဲဝင်နေပါတယ်။ ခွဲပြီးထဲက ဆေးနံ့ ၁ မျိုး အမြဲရနေပါတယ်။ အခြား ဘာအနံ့မှ မရတော့ပါ။ အဲ့ဒါဘာဖြစ်လို့လဲ ဆိုတာသိချင်ပါတယ်။
• ဒီလိုခွဲစိတ်ပြီး အသံဝင်တာ ဖြစ်တတ်တယ်။ (နာ့ဖ်) ထိသွားတတ်တာလဲ ရှိတယ်။ ဆေးနံ့ကတော့ ပျယ်ပါလိမ့်မယ်။

Sunday, July 10, 2011

Q and A July 2011 (10)

၁။ အရိုး-တီဘီဆိုတာ
၂။ ကြွက်နို့ ပေါက်နေတာ
၃။ အမျိုးသမီးမှာ အစာအိမ်ကင်ဆာ
၎။ ဖျက်ချင်တယ် ဆိုရင်
၅။ အင်္ဂလိပ်လို ဘယ်လိုခေါ်
၆။ ပိုးဝင်ခြင်းဖြစ်သည်ဟု ပြောပါတယ်
၇။ ဝက်ခြံလို အဖုတွေ

18 Jul 11, 15:06
အရိုး-တီဘီဆိုတာ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လို ကုသရမလဲ။ ဘာတွေ ရှောင်ရမလဲဆိုတာ သိချင်လို့ပါ။ လေ့လာလို့ ရမယ့် စာအုပ်ရှိရင်လည်း သိချင်ပါတယ်။ တခြားတီဘီတွေလို ကူးစက်တတ်ပါသလား ဆရာ။
* သလိပ်ထဲမှာ ပိုး ပါမနေရင် သူများကို မကူးပါ။ တီဘီ ဆေးတွေနဲ့ ကုပါမယ်။ စာအုပ်ရယ်လို့ ဆရာမသိပါ။ အချိန်ရှာပြီး ရေးပါမယ်။

18 Jul 11, 18:35
ကျွန်တော့် ဘယ်ဘက် လက်ညှိုးမှာ ကြွက်နို့ ပေါက်နေတာ သုံးနှစ်လောက် ရှိပါပြီ။ ပေါက်တာ ကတော့ တလုံးထဲပါပဲ။ ဆက်ပြီးတော့ မပွားပါဘူး။ ပြည်ပ မှာနေတာဆိုတော့ ကုဖို့ ခက်နေတယ်ဆရာ။
* Warts ကြွက်နို့ ကိုဖတ်ပါ။

18 Jul 11, 18:18
ကျတော့် အမျိုးသမီးမှာ အစာအိမ်ကင်ဆာ ရှိပါတယ်။ သူက ကလေးယူချင်တယ် ပြောနေပါတယ်။ အဲဒါ ယူရင်ကောင်းမလား၊ မကောင်းဘူးလား။ ဆရာအနေနဲ့ အကြံပေးစေချင်ပါတယ်။
* ပြည့်စုံအောင်ရေး၊ အီးမေးလ် နဲ့ မေးပါ။

18 Jul 11, 15:09
မင်္ဂလာပါဆရာ၊ ကိုယ်ဝန်ဆောင်တာ တစ်လနဲ့ ဆယ်ရက်လောက် ရှိတဲ့အချိန်မှာ ဖျက်ချင်တယ် ဆိုရင် ဆေးခန်းမှာ သွားဖျက်မှရမှာလား။ ကိုယ်တိုင် သောက်ဆေးဝယ်သောက်ပြီး ဖျက်လို့ ရပါသလား။ နောက်ပြီး အဲလိုဖျက်ရင် အသက်အန္တရယယ် ရှိပါသလား။
18 Jul 11, 17:19
(့) မေးတဲ့ မေးခွန်းလေးဖြေပေးပါ။
* Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ ရေးထားပါတယ်။ ကျွန်တော် မြန်မာပြည်က ဆေးစာသင်ထားသူမို့ ဘယ်သူ့ကိုမှ ဖျက်ဘို့ မပြောပါ။ လုပ်မပေးပါ။

22 Jun 11, 22:06
ခြေတွေလက်တွေ မလှုပ်ချင်တာ၊ အားနည်းပြီးလမ်းမလျောက်ချင်တာ၊ အိပ်ယာထမှာလက်ကျဉ်နေတာ။ ဇက်ကျောတက်တာ တွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်-
• ခြေတွေလက်တွေ မလှုပ်ချင်တာ၊ = Lethargy, feeling of no-movement, doesn't want to move arms and legs
• ဇက်ကျောတက်တာ = Ache and pain over neck and nape
• အားနည်းပြီးလမ်းမလျောက်ချင်တာ၊ = Lethargy, doesn't want to walk
• အိပ်ယာထမှာ လက်ကျဉ်နေတာ = Tingling sensation when getting out of bed

22 Jun 11, 14:00
နဖူးတွင် ပေါက်သည့် ဝက်ခြံမှာ ပိုနက်သောကြောင့် လက်ဆိပ်တက်ကာ ပိုးဝင်ခြင်းဖြစ်သည်ဟု ပြောပါတယ်။ ဆေးပြောင်းပေးပါတယ်။ ယနေ့ မနက်ထလာသောအခါ ပို၍ ရောင်လာပါတယ်။ ဤဝက်ခြံမျိုးမှာ တကယ်ပင် လက်ဆိပ်ကြောင့် ရောင်တတ်ပါသလား။ နှာဖူးတွင် ပေါက်သောဝက်ခြံမှာ အခြားနေရာတွင်ပေါက်သော ဝက်ခြံများထက် ပို၍ အန္ထာရယ်ရှိနိင်ပါသလား။ ယခု နဖူးမှဝက်ခြံကို ညှစ်ပြီးနောက် ဆရာဝန်ပေးသော ဆေးကို အုံထားပါတယ်။ DG Glinda Gel ပါ။ မနက်ထလာချိန်တွင် နဖူးနှင့် မျက်ခွံတဝိုက် ဖောရောင်နေပါတယ်။ ခဏအိပ်ပြီး ထလာသောအခါ ပိုပြီးဖောရောင်လာပါတယ်။ ဆေးခန်းထပ်သွားပြတော့ ဆရာဝန်က ဆေးကြောင့် မဟုတ်ဘဲ အရောင်ကျစေရန် ဘယ်လိုမျိုး လုပ်ဆောင်ရလဲ။
• ဝက်ခြံရော၊ အနာစိမ်းရော ရေးထားပါတယ်။ ရှာပါ။ မတွေ့ရင် ပြောပါ။

22 Jun 11, 08:02
ကျွန်တော့် ခေါင်းမှာ ဝက်ခြံလို အဖုတွေ အများကြီး ပေါက်နေပါတယ်။ အပူများလို့ လား ဘာလားမသိဘူး။ တခေါင်းလုံးနီးပါး ဆံပင် ကြားထဲမှာ ထွက်နေပါတယ်။ ကျွန်တော်က (့) ကပါ။ ဆရာအကြံပေးပါအုံးဆရာ။
• ဝက်ခြံရော၊ အနာစိမ်းရော ရေးထားပါတယ်။ ရှာပါ။ မတွေ့ရင် ပြောပါ။

Saturday, July 9, 2011

Q and A July 2011 (9)

၁။ သူလဲ အရမ်းကို ပြတ်ချင်နေပြီ
၂။ Staphylococcus ဆိုတာ ဘာ Bacteria ပါလဲ
၃။ အမျိုးသမီးမှာ အောက်ပါလက္ခဏများ ဖြစ်နေပါတယ်

2011/7/11
ကျွန်မရော အမျိုးသားပါ ယခု (့) နိုင်ငံတွင် ရှိနေပါတယ်။ ဆေးကုသရင်လဲ ပိုက်ဆံအရမ်းကုန်ပြီး ဘာသာစကား အခက်အခဲ အရမ်းရှိပါတယ်။ ဖြစ်ချင်တော့ သူ ချောင်းဆိုးတဲ့အတွက် ချောင်းဆိုးရင် အလုပ်က မလာနဲ့ ပြောတဲ့အတွက် မြန်မြန် ပျောက်ချင်လို့ BRON ဆိုတဲ့ ဆေးကို များများသောက်မိတယ်။ နောက်ပိုင်း စိတ်လေတဲ့အချိန်တွေမှာရော အဲဒီ့ဆေးပဲ သောက်နေရာကနေ ဆေးကို စွဲသွားတော့တာပဲ။ ကြိုးစားပြီး ဖြတ်ဖို့ ကြိုးစားချိန်မှာ မသောက်ပဲ နေရင် ခါးတွေ ကိုက်တာ၊ကိုယ်လက်တွေ နာတာ၊ နောက် သမ်းဝေပြီး ဒေါသတွေထွက်တာ၊ အဆိုးဆုံးက အလုပ်ကောင်းကောင်း မလုပ်နိုင်တာဖြစ်တဲ့ အတွက် သူက အလုပ်နေ့တိုင်း သွားနေရတာ ဖြစ်တဲ့အတွက် ဆေးကို မရပ်ပဲ ဆက်သောက်နေရပါတယ်။ သူတို့ လူမျိုးတွေအတွက် အဲဒီဆေး ဖြတ်ချင်ရင် စနစ်တကျ ဖြတ်ဖို့ သောက်ဆေးတို့ ဆေးကုသမှုတို့ ရှိပေမဲ့ အမျိုးသားမှာ့။ သူလဲ အရမ်းကို ပြတ်ချင်နေပြီး ကျွန်မကလဲ ဖြတ်ပြန်ရင်လဲ သူ ခံစားနေရတာ တစ်ဖက် အလုပ်ပင်ပန်းပြီး သွားလုပ်နေတာကို ကြည့်ပြီး သနားတာ တစ်ဖက်နဲ့ စိတ် အရမ်းဆင်းရဲရပါတယ်။အကြံကောင်းနဲ့ သက်သာစေဖို့ ဆေးမျိုးပဲဖြစ်ဖြစ် နောက်ဆုံးနည်းလမ်းပဲဖြစ်ဖြစ် ဖြေကြားပေးပါလို့ အကူညီ တောင်းပါတယ်။

BRON ကို အပြားရော အရည်ပါ ဆိုင်တင်ရောင်းကြတယ်။ Methylephedrine, Dihydrocodeine, Chlorpheniramine နဲ့ Caffeine တွေပါတယ်။ အတော်ကြီး စွဲစေတယ်။ မသုံးရအနေနိုင်အောင်အထိ ဖြစ်ကြရတယ်။ ဆေး-အရက် စွဲသူတွေကိ ဖြတ်ရတာ လွယ်တာတော့ မဟုတ်ဘူး။ မဖြစ်နိုင်တာလဲ မဟုတ်ပါ။ အထူးကုသမှု လိုတယ်။ အဝေးကနေ လှမ်းအကြံပေးရတာ ထိရောက်လှမယ် မထင်ပါ။ စိတ်တော့ မငယ်ပါနဲ့။ ကာယကံရှင်က စိတ်နိုင်အောင် ကြိုးစားရမယ်။ ဖြတ်ချင်စိတ် မွေးရမယ်။

2011/7/12
Staphylococcus ဆိုတာ ဘာ Bacteria ပါလဲခင်ဗျား။ ဘယ်လို အခြေအနေမျိုးမှာ ကူးနိုင်ပါသလဲ။ ပြီးခဲ့တဲ့ တပတ်က ကျွန်တော့် အမျိုးသမီးမှာ အဖြူဆင်းတာနဲ့ ဆေးခန်းသွားတော့ ပိုးမွေးကြည့်တာ Staphylococcus ပိုးတွေ့တယ်လို့ ပြောပါတယ်။ Gram positive cocci seen morderate growth of staphylococcus species isolated လို့ ပြောပါတယ်။ အဲဒါ Co-trimozole ဆိုတဲ့ဆေးကို ၂ ပတ်စာ ပေးလိုက်ပါတယ်။ နောက်ပြီး ဆရာမက အမျိုးသားက အပြင်မှာ ရှုပ်သလားလို့လဲ မေးပါတယ်။ လွန်ခဲ့တဲ့ ဆယ်လလောက်က အမျိုးသမီးက ကိုယ်ဝန်ဖျက်ချထားပါတယ်။ လေဟာနယ်ဆေး ထိုးအပ်နည်းနဲ့ပါ။ ပျက်ပြီး ၂ လလောက်ကို Period လဲ မှန်ပါတယ်။ ၂ လနောက်ပိုင်းကို ဗိုက်ထဲကအောင့်လို့ OG နဲ့ ပြပြီး ဆေးစစ်ကြည့်တော့ သားအိမ်ခေါင်း ရောင်တာလို့ ပြောပါတယ်။ ဖျက်ထားတဲ့ ဒဏ်တွေလို့လဲ ပြောပါတယ်။ အဲဒါနဲ့ OG ပေးတဲ့ဆေး Antibiotic ရော အားဆေးရော သောက်နေတာပါ။ ပြီးခဲ့တဲ့လက ကျွန်တော် ရန်ကုန် ပြန်ရောက်တော့ အမျိုးသမီးနဲ့ အတူနေဖြစ်ပါတယ်။ အတူနေစဉ်မှာ နာတယ်လို့လဲ ပြောပါတယ်။ အဲဒီကနေ ၃ ပတ်မြောက်မှာ ရှေ့က ပြောခဲ့သလို ဖြစ်တာပါ ခင်ဗျား။ OG က အမျိုးသမီးကို မေးပါတယ်။ ကျွန်တော်က လိင်ကိစ ရှုပ်သလားလို့။ ဒီကြားထဲ ၁ဝ လ အတောအတွင်းမှာ ဘယ်မိန်းမ အဖော်နဲ့မှလဲ အတူမနေခဲ့ဘူးပါဘူးခင်ဗျား။

Staphylococcus ဆိုတာ (စတက်ဖလို-ကော့ကပ်စ်) = (ဂရမ်-ပေါ့ဇေးတစ် ကော့ကိုင်း) ဗက်တီးရီးယား တမျိုးပါဘဲ။ တွေ့တတ်လေ့ ရှိတယ်။ Streptococcus လောက်တော့ မများပါ။ ဆေးပေးတဲ့အခါ ရွေးရတာသာ ကွာပါတယ်။ ဆေးသောက်ရင် ပျောက်တာပါ။
ဖတ်ကြည့်ရတာတွေအရ အမျိုးသမီးမှာ မွေးလမ်း တနေရာရာမှာ ပိုး အကင်းမသေသေးပါ။ Co-trimoxazole ဆေးနဲ့ မရရင် ပြောင်းရမယ်။ Vaginal tablets လဲ ထည့်ဘို့ လိုနိုင်တယ်။
ယောက်ျားကနေ မဟုတ်ဘဲလဲ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ မှိုပိုးဝင်လွယ်ကြတယ်။
ယောက်ျားဆီကလာရင် အများအားဖြင့် Gonorrhea ဖြစ်တယ်။ Syphilis, HIV နဲ့ Hepatitis B တွေလဲ ရှိတာပေါ့။ စုံအောင်ရေးရရင် ကြွက်နို့လဲ ပါသေးတာ။
ရှင်းရှင်းပြောရရင် မွေးလမ်းမှာ လူ့ပါးစပ်မှာလိုဘဲ ဗက်တီးရီးယားဆိုတာတွေ အမြဲရှိနေတာပါ။ သူတို့ အခြေအနေ ပြောင်းသွားချိန်မျိုးမှာ မှိုဝင်တတ်တယ်။ အဖြူဆင်းမယ်။ ယားချင် ယားမယ်။ ဆက်ဆံရင် နာနိုင်တယ်။ လူတိုင်းတော့ မဟုတ်ဘူး။ ဆီးစပ်နေရာနာမယ်။
ဆရာဝန်နဲ့ ပြနေတာမို့ ဆေးမရေးတော့ပါ။
2011/7/12
ကျွန်တော့် အမျိုးသမီးမှာ အောက်ပါလက္ခဏများ ဖြစ်နေပါတယ်။ လစဉ်လတိုင်း အဖြူဆင်းတတ်တယ်။ အဖြူဆင်းရင် ဆီးခုံအထက်က နာတယ်။ ဆေးသောက်လိုက်ရင်တော့ အဖြူဆင်းတာ သက်သာတယ်။ တလကျော်ပြီ ခြေထောက်တွေ ပေါင်ရင်းကနေ ညောင်းတယ်။ မကိုက်ခဲဘူး။ တစ်ခါတလေ ဘယ်ဖက် အခြမ်း ခါးကနေ နာတယ်။ နားလိုက်ရင်တော့ သက်သာတယ်။ မတ်တပ်ကြာကြာ မရပ်နိုင်။ ကားစီးလို့ မတ်တပ်ရပ်လို့ပဲဖြစ်ဖြစ် သိပ်ကြာလာရင် ညောင်းပြီး ခါး ဘယ်ဖက်နာတယ်။ ဆေးခန်းပြတော့ အတွင်းဖျားရှိတယ်ဆိုပြီး ဆေးပေးတယ်။ 99.3 ဖာရင်ဟိုက် ရှိတယ် ပြောတယ်။ လူကတော့ ဘယ်လိုမှ မနေဘူး။ ညောင်းတာ ကလွဲလို့။ အစာလဲ မပျက်ပါ။ ဆေးခန်းကဆေး နစ်ခွက်မြောက်မှ အရမ်း မူးလာတယ်။ ဒါနဲ့ ဆက်မသောက်တော့ပါ။ နင်းနိပ်တာမျိုးလုပ်ရင်တော့ လုပ်တဲ့နေ့ သက်သာတယ်။ အမြဲတမ်း နင်းနိပ်တာမျိုး မလုပ်ဘူးပါ မျက်လုံးတွေလဲ ဖွင့်လို့ မကောင်းပါ။ ဇက်ကလဲ ဘက်ဖက် တစ်ခြမ်းတက်ပါသည်။ ဖြစ်သူရဲ့အသက်ကတော့ ၃၅ နှစ်ရှိပါပြီ။ကလေး တယောက် ရှိပါတယ်။ ၉ နှစ်ရှိပါပြီ။ အလုပ်က မပင်ပန်းပါဘူး။ ဆေးကတော့ ဘာဆေးသောက်ရမှန်း မသိသေးပါဘူး BP ကတော့ မတိုင်းဖူးပါဘူး။ လူကတော့ ဝပါတယ်။ ဆေးမစစ်ဖူးသေးပါဘူး။
၁။ အဖြူဆင်းတာနဲ့ ဆီးစပ်နာတာအတွက် ဆေးလိုတယ်။ Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ၂-၃ ရက်နေလို့ သက်သာတယ်လို့ မထင်ရင် ဆေးလဲ ဆက်သောက်ပါ။ တပါတည်း Cotrimazole Vaginal tablet မွေးလမ်းထဲ ထည့်တဲ့ဆေးကို တည ၁ ပြား၊ ၅-၆ ည ဆက်တိုက် ထည့်ပါ။ နာတာသက်သာဘို့ Ibuprofen စားဆေးကို လိုတဲ့အခါမှာ ၁ပြာ၊ အစာနဲ့ တွဲသောက်ပါ။ လိုအပ်ရင် တနေ့ထဲ ၃ ခါအထိ သောက်နိုင်တယ်။
BP တိုင်းကြည့်ပါ။ ကောင်းတယ်ဆိုတာတောင် အနည်းဆုံး ၂ ခါတိုင်းပါ။ ကောင်းတယ်ဆိုတာ အကြမ်းဖျင်းပြောရရင် အထက်ဂဏန်း ၁၄ဝ မကျော်တာ နဲ့ အောက်ဂဏန်း ၉ဝ မကျော်တာကို ပြောတာပါ။
လူကို မဝစေအာင် အဆီ၊ အချို လျှော့စားပါစေ။

Friday, July 8, 2011

Q and A July 2011 (8)

၁။ အလုံးနဲ့ ကိုယ်ဝန်ဆိုတာကို ခွဲခြားသိနိုင်ပါသလား
၂။ သူငယ်နာ ဆိုတာ ဘာလို့ ဖြစ်တာပါလဲ
၃။ ကလေးလိုချင်တာ မရသေးဘဲ ဖြစ်နေပါတယ်ဗျာ
၅။ ကန်တော့ပါရဲ့ ဆရာ

ဆရာရှင့် ဟိုတစ်ပတ်က (28.6.2011) က ရာသီလာတယ်လို့ ကျမ ထင်လိုက်လို့ ဆရာကို မေးလိုက်ပါတယ်။ ဒါပေမယ့် ရာသီက အတွင်းခံ စိုယုံလေးပဲ ခဏပဲလာလိုက်ပြီး နောက်ရက်ဆက်မလာတော့ပါ။ ဒါနဲ့ နောက်ရက်တွေလည်း ရာသီမလာတော့ ကျမလည်း (7.7.11) နေ့က urine test နဲ့စစ်လိုက်တာ positive ပြလို့ ဆရာဝန်ကို သွားပြလိုက်ပါတယ်။ အဲဒါနဲ့ ကိုယ်ဝန် 5 ပါတ်လောက် လောက်ရှိပြီလို့ ပြောပါတယ်။ ကိုယ်ဝန်ခိုင်ဆေးတစ်လုံး ထိုးပေးပြီး ကိုယ်ဝန်အားတိုးဆေး များပေးလိုက်ပါတယ်။ နောက်ပြီး သားအိမ်က လန်နေတယ်ဆိုလား မှောက်အိပ်ခိုင်းပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။ ကိုယ်ဝန်ကို စိုးရိမ်ရပါသလား။ အာထရာဆောင်းရိုက်တာ အရမ်း သေးသေးတယ်လို့တော့ ပြောပါတယ်။ သွေးတွေတော့ စစ်ထားပါတယ်။ အဖြေတော့ မရသေးပါ။ နောက်ပြီး ကျမက ကိုယ်ရှိတဲ့ လက္ခာဏာတွေမှာ ရာသီမလာတာ တစ်ခုပဲ ရှိပါတယ်။ ဆရာ့စာထဲတွေက ရေးပြထားသလို ရင်သားထွားလာတာမျိုး မူးတာ၊ အန်ချင်တာ တခြား လက္ခာဏာတွေလည်း မပြဘူး။ အဲဒါ ကိုယ်ဝန်နုသေးလို့လား။ ကျမက တစ်ခုစိုးရိမ်နေတာက ကိုယ်ဝန်မဟုတ်ပဲ သားအိမ် အလုံးဖြစ်နေမှာကိုပါ။ အလုံးနဲ့ ကိုယ်ဝန်ဆိုတာကို ခွဲခြားသိနိုင်ပါသလား ဆရာရှင့်။
Congratulations! မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ဆောင်သူတိုင်း ခံစားရတာတွေ နည်းနည်းလေးသာရှိသူ၊ အသင့်အတင့်နဲ့ ဆိုးဝါးသူ မတူကြပါ။ သားအိမ် အနေအထား ၂ မျိုးရှိတယ်။ ၂ မျိုးလုံး Normal ပါဘဲ။ AV နဲ့ RV လို့ ဆေးစာမှာ ရေးလေ့ရှိတယ်။ မွေးကတည်းက အနေအထားပါ။ လူအနေအထား ပြင်ပေမဲ့ ပြန်မပြင်ပါ။ Ultrasound မှာ ကိုယ်ဝန်နဲ့ တခြားဟာ ခွဲသိနိုင်ပါတယ်။ သားအိမ်အလုံးဆိုရင် Urine test negative သာဖြစ်ပါမယ်။

2011/7/8
သားက ခုသုံးလပြည့်တော့မှာပါ အသိတွေကပြောတော့ သူငယ်နာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ သူငယ်နာ ဆိုတာ ဘာလို့ ဖြစ်တာပါလဲဆရာ။ မဖြစ်အောင် ဘယ်လိုလုပ်ပေးရပါမလဲဆရာ။
ကျွန်တော်တို့ လူမျိုးက ကလေးမှာ တခုခုဖြစ်တိုင်း သူငယ်နာလို့ ပြောတတ်ကြတယ်။ ဆရာတို့ရဲ့ မိဘ၊ လူကြီးတွေ အပါအဝင်ပေါ့။ ဗမာဆရာတွေ အလိုအရတော့ ကလေးမှာ နေမကောင်း ခဏခဏဖြစ်ရင်၊ ကိုယ်ပူရင်၊ တက်ချင်သလိုဖြစ်ရင်၊ ရောဂါပြင်းရင် သူငယ်နာစာရင်းထဲ ထည့်ပုံရတယ်။ တိုင်းရင်းဆေပညာကို သိပ်တော့ မသိပါ။ တချို့ မြန်မာဆေးတွေကလည်း အသုံးကျတာ လက်တွေ့ သိရတယ်။

Date: 2011/7/6
ကျွန်တော် အိမ်ထောင်ကျတာ ၂ နှစ်လောက်ရှိပါပြီး။ မိန်းမနဲ့ ပေါင်းရတာက ၁ နှစ်မှာ ၂ လပါ။ ကျွန်ကော်က နိုင်ငံခြားသွားနေရလို့ပါ။ ကလေးလိုချင်တာ မရသေးဘဲ ဖြစ်နေပါတယ်ဗျာ။ ဘာလို့ မရတာလဲဆိုတာ သိချင်ပါတယ်။ တားဆေးလည်း မသုံးဖူးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချွတ်ယွင်းချက်များ ရှိနေမလားလို့ သံသယလည်း ဖြစ်မိပါတယ်။ နောက်ပြီး ကျွန်တော်ဟာ နိုင်ငံခြားမှာ welding လုပ်ငန်းကို လုပ်နေပါတယ်။ welding ကတော့ CO2, Arcon အစသဖြင့် gas တွေ သုံးပါတယ်။ သံထည်ဆိုတော အလေးတွေ “ မ“ ရတဲ့အခါလည်း ရှိပါတယ်ခင်ဗျာ။ Gas အငွေ့တွေ ရှုရှိုက်ခြင်း အလေးတွေ “မ“ ခြင်းအားဖြင့် ကျွန်တော်ရဲ့ သုက်တွေ ထိခိုက်မှု ရှိနိုင်ပါမလား။ ဘာတွေထိခိုက်မှု ရှိနိုင်ပါသလဲခင်ဗျာ။ အဲဒါကြောင်းများ ကလေးမရသေးတာလား မသိပါဘူးဗျာ။ ထိခိုက်ရှိရင် ဘာတွေများ စားသင့်ပါသလဲခ။ သုက်ပိုးအားကောင်းဖို့ ဘာတွေများ စားရပါမလဲခင်ဗျာ။
welding အကြောင်း ပြီးမှ ရေးပါရစေ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄)
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)

2011/7/10
ကန်တော့ပါရဲ့ ဆရာ ကျနော့် လိင်တန်က ပုံမှန်ထက် နည်းနည်းသေးနေတယ်။ အဲဒါ လိင်တန်တုတ်စေမယ့် အကောင်းဆုံးနည်းလမ်းကို
ပြောပြပေးပါခင်ဗျား။
ရေးပြီးသားတွေ ရှိပါတယ်။ တဦးချင်း၊ တခုချင်းမပြန်ပါရေစေနဲ့။ http://www.yamunaclinic.org/ ဒီနေရာမှာ ရှာဖတ်ပါ။ လိုက်နာပါ။

Thursday, July 7, 2011

Q and A July 2011 (7)

၁။ ချွဲတွေလည်း ဟစ်ထုတ်နေရတာ
၂။ စိတ်မချရသေးဘူးဆိုရင် သွေးစစ်နေကြတာက အလကား သက်သက်ဖြစ်မသွားဘူးလား
၃။ ကလေးကျောကို ပုတ်ပြီး ထုတ်ပေးရမှာလား
၎။ B ပိုး နဲ့ C ပိုး ကာကွယ်ဆေး ထိုးချင်ပါတယ်

2011/7/8
ကျနော် အသက်၂၃ နှစ်ပါ။ အသက် ၁၅ နှစ်မှာ လူပျိုဖော်ဝင်ပြီး နောက်ပိုင်း အသံတွေ အောလာတယ်။ အဲဒီနောက်ပိုင်း စကားပြောရင် လည်ချောင်းထဲမာ တခုခုခံနေသလိုဖြစ်ပြီး အသံတွေလုံးနေသလို ဖြစ်နေပါတယ်။ အဲဒီလို ဖြစ်တာ ၃ နစ်လောက် ရှိသွားပါပြီ။ စကားပြောရင် ၂ ခါ ပြန်ပြောရတာတွေ တော်တော်များပါတယ်။ လည်ချောင်းမှ ချွဲတွေလည်း ဟစ်ထုတ်နေရတာ ၃ နစ်လောက် ရှိသွားပါပြီ။
လူပျိုဖြစ်စ အသံသြလာတာ ပုံမှန်ပါ။ အသံတွေ လုံးထွေတာက တမျိုးဖြစ်မယ်။ အလေ့အထကြောင့်လဲ ဖြစ်တတ်တယ်။ ကိုယ့်ဖါသာ ဂရုစိုက်ပြင်ပေးပါ။ လည်ချောင်ထဲက ချွဲက နောက်တမျိုးဖြစ်မယ်။ ချွဲဆိုတာ နည်းနည်းတော့ ပုံမှန်လိုလိုရှိတယ်။ များရင် တခုခု ထူးနေလို့။ ထုတ်ယူရတာဆိုရင် ယယီ ပိုးဝင်ခံရတာဖြစ်မယ်။ Amoxacyllin 500 mg တခါသောက် တတောင့်၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ။ ချွဲပျော်စေချင်ရင် Solvant စာလုံးပါတဲ့ ချောင်းဆိုးပျောက်ဆေးပါ တွဲသောက်နိုင်တယ်။။ ရေနွေးငွေ့ရှူပေးရင် ခွဲကျဲစေတယ်။

2011/7/5
အမျိုးသမီး ကိုယ်ဝန်ရှိလို့ (့) နိုင်ငံရဲ့ အထင်ကရ ဆေးရုံတစ်ခုမှာ ကိုယ်ဝန်အပ်တော့ သွေးစစ်တယ်။ အိတ်ခ်ျအိုင်ပိုးတွေ့တယ်။ စစ်တာက ELISA စစ်နည်းနဲ့ပါ။ ခင်ပွန်းဖြစ်တဲ့ ကျွန်တော့်ကိုပါ ခေါ်စစ်တယ်။ မတွေ့ဘူးလို့ ပြောတယ်။ နောက်သုံးလ ထပ်ချိန်း သွေးပြန်ဖောက်တယ်။ ဒီနေ့အဖြေရတယ်။ မတွေ့ဘူးတဲ့ ပုံမှန်ပဲလို့ပြောတယ်။ ထုံးစံအတိုင်းပေါ့ နောက်ထပ် ခြောက်လမှ ထပ်စစ်ပါလို့ ပြောထားပါတယ်။ ကျွန်တော့်မှာ ဒီပိုးမကူးပါဘူးလို့ ဆရာတို့ရဲ့ ဆေးပညာ သဘောအရ ဘယ်နှစ်ရာခိုင်နှုန်းမျှ စိတ်ချလို့ရပါပြီလဲ။ ဒါမှမဟုတ် ရာခိုင်နှုန်း အနည်းငယ်တောင် စိတ်ချလို့ မရဘူးလား။ စိတ်ချလို့ မရဘူးဆိုရင် ဥပမာ လက်မထပ်ခင် သွေးစစ်ကြည့်ကြဖို့ ပြောတတ်ကြတာ ကိုယ့်အဖော်မှာ နှစ်ကြိမ်တိုင်တိုင် မတွေ့ဘူး ပြောလည်း စိတ်မချရသေးဘူးဆိုရင် သွေးစစ်နေကြတာက အလကား သက်သက်ဖြစ်မသွားဘူးလား။ ကျွန်တော် အဲလိုတွေးမိတာပါ။ နပ်စ်က သူ့ရဲ့ အတွေ့အကြုံမှာ အခုလိုပဲ မိန်းမဖြစ်ပြီး ယောက်ျား မဖြစ်တာလည်း ခဏခဏ တွေ့ခဲ့ဖူးတယ်လို့ ပြောပြပါသေးတယ်။ လုံးဝမဖြစ်တော့ဘူးလို့ စိတ်ကို ဒုံးဒုံးမချထားဖို့ ပြောပါတယ်။ နောက်ထပ် ခြောက်လမှ ထပ်စစ်လို့ မတွေ့ရင် လုံးဝမကူးဖို့လို့ ပြောနိုင်ပြီလား။ မကူးဘူးဆိုရင်တောင် ဘာလို့မကူးတာလဲ ဆိုတာက စိတ်ဝင်စားစရာကိစ္စ ဖြစ်နေပါတယ်။ အဓိကတော့ ကျွန်တော် ဒီအိပ်မက်ဆိုးထဲက လွတ်မြောက်ပြီလို့ ကိုယ့်ကိုကိုယ် စိတ်ရှင်း သွားချင်ပါပြီ။ ကံသေကံမ ပြောလို့မရတဲ့ အနေအထားတွေကို ကောင်းစွာ သဘောပေါက်ပါတယ်။ ဘယ်အတိုင်း အတာထိ စိတ်ချထားနိုင်ပြီလဲ။

HIV စမ်းသပ်နည်းများ

2011/4/28
ကျွန်မအသက် ၂၅ နှစ်ပါ။ (့) နိုင်ငံမှာ နေထိုင်ပါတယ်။ သားဦးလေးကို ပြီးခဲ့တဲ့ ၁၃ ရက်နဲ့နေ့ကပဲ ခွဲမွေးခဲ့ပါတယ်။ ဆေးရုံမှာ ဆယ်ရက်လောက် နေခဲ့ရပါတယ်။ ဆေးရုံမှာတုံးက သားကို သုံးနာရီခြားတခါ နို့တိုက်ခဲ့ရပါတယ်။ နို့စို့ပြီးတာနဲ့ သားကအိပ်ပါတယ်။ အိမ်ပြန်ရောက်ပြီးလည်း ပုံမှန်စို့ပါတယ်။ ခုသုံးရက်လောက်ရှိပြီ နို့ကို အသက်တောင်မရှူပဲ အငမ်းမရစို့ပါတယ်။ ပြီးရင် နို့တွေ သီးနေပါတယ်။ နို့ထွက်တာ အရမ်းများနေလို့လား။ ဒါမှမဟုတ် နို့တိုက်တဲ့ပုံစံမှားနေလို့လား။ ခါတိုင်းလို နို့အများကြီး မစို့တော့သလိုပါပဲ။ ကောင်းကောင်းလည်း မအိပ်တော့ဘူး။ ခဏခဏ ငိုသလို ညည်းသလိုလုပ်ပြီး နာရီဝက် တနာရီဆို နိုးပါတယ်။ ပြီးရင် နို့နဲနဲ ထပ်စို့ပါတယ်။ ကလေးနို့စို့ပြီးရင် လေထုတ်ပေးရမယ် ပြောပါတယ်။ ဆေးရုံက သင်ပေးတဲ့အတိုင်း လုပ်ပါတယ်။ ဒါပေမဲ့ သူများတွေ ပြောသလို အေ့ဆိုပြီး မထွက်ပါဘူး။ အေ့မဖြစ်မချင်း ထုတ်ပေးရမှာလားဆရာ။ အေ့ဆိုပြီးလေထွက်တာ ခုထိ နှစ်ခါပဲ ရှိဖူးပါတယ်။ လေထုတ်တာက ကလေးကျောကို ပုတ်ပြီး ထုတ်ပေးရမှာလား။ သပ်ချပြီးထုတ်ပေးရမှာလားဆိုတာလည်း သိချင်ပါတယ်။ မရိုမသေ အီးတော့ အရမ်းပေါက်ပါတယ်။ အဲဒါ ကောင်းတာလား မကောင်းတာလား။
ကလေးငယ်လေးတွေ အဲလိုပါဘဲ။ မစိုးရိမ်ပါနဲ့။ လေထုတ်တာက ခေါင်းပိုင်းကို အပေါ်မှထားတာနဲ့ရပါတယ်။ လေဆိုတာပေါ့ပါးလို့ အထက်တက်ပါတယ်။ လေထွက်သံ မကြားလဲ ထားလိုက်ပါ။ လေလည်တာ ကောင်းပါတယ်။ ဝမ်းလဲ ခဏခဏသွားမှာဘဲ။ အထိန်းတွေ မသန်မာသေးလို့ပါ။ တဖြေးဖြေး နည်းပြီးမှန်လာလိမ့်မယ်။ နို့တိုက်တာလဲ ဆေးရုံကပြောသလိုလုပ်ပါ။ ကလေးဆိုတာ လူတွေလိုဘဲ အကျင့်လုပ်ပေးရသေးတယ်။ အကျင့်မရခင်၊ မမှန်ခင် သူကြိုက်သလိုနေတယ်။ သားဦးဆိုရင် နို့ထွက်များမှာဘဲ၊ ကောင်းပါတယ်။ ကလေးက နိုင်အောင်မစို့နိုင်လို့ နို့တင်းနေရင် ညှစ်ပြစ်ရသေးတယ်။

2011/7/10
B ပိုး နဲ့ C ပိုး ကာကွယ်ဆေး ထိုးချင်ပါတယ်။ ဆေးစစ်ရင် cost ဘယ်လောက်ကုန်ပါသလဲ။ ကာကွယ်ဆေးထိုးရင်ကော ဘယ်နှစ်ခါ ထိုးရပါသလဲ တစ်လက်ကိုကော ဘယ်လောက် ပေးရပါသလဲ။ အကယ်လို့ တစ်လက်ထိုးပြီးရင် နောက်တစ်လက် ထပ်ထိုးဖို့ မေ့နေရင်ကော effect တွေက ဘယ်လိုရှိပါသလဲ။ သားအိမ်ခေါင်းကင်ဆာကကော ဘယ်ကနေစဖြစ်တာပါလဲ ကာကွယ်ဆေး ထိုးရင် ဘယ်လောက်ကုန်နိုင်ပါသလဲ။
မေးတာတွေအားလုံး ရေးပြီးသာဖြစ်လို့ တဦးချင်း၊ တခုချင်း မပြန်ပါရစေနဲ့။ ဆေးကုန်ကျစရိတ် နေရာ မတူရင် မတူပါ။ ကိုယ်နေရာ တိုင်းပြည်၊ မြို့ မှာသာ မေးပါ။ အလကားထိုးပေး တဲ့နေရာတွေလဲ ရှိပါတယ်။
http://www.yamunaclinic.org/ ဒီနေရာမှာ ရှာဖတ်ပါ။

Wednesday, July 6, 2011

Q and A July 2011 (6)

၁။ နို့ဖြတ်ချင်ပါတယ်။
၂။ အိမ်ထောင်ကျတာ မကြာသေးပါဘူး။
၃။ ဆေးသောက်ဖို့ ညွှန်ကြားထားတာ
၎။ ခဏခဏ သွေးထွက်ပြီး နာဘူးပါတယ်။
၅။ မြန်မာလိုပြန်ပေးတဲ့အတွက်
၆။ ဝမ်းပျော့ဆေး သောက်ရပါတယ်။
၇။ သားအိမ် ထုတ်ထားသော အမျိုးသမီးတွင်

2011/6/21
ကျွန်တော့် တူမလေးသည် အသက်တစ်နှစ်နဲ့ သုံးလခန်ရှိပါပြီ။ အစားများများမစားပဲ အမြဲတမ်းလိုလို နို့စို့နေပါတယ်။ နို့ဖြတ်ချင်ပါတယ်။ ဆေးခါး သုတ်လိမ်းပြီး နို့ဖြတ်သော်လည်း မရပါ။ နို့ပြတ်စေသည့် နည်းလမ်း သိချင်ပါသည်။

• ၁ နှစ် ၃ လဆို သိပ်တော့ နောက်မကျပါ။ နို့ဖြတ်ဆေးဆိုတာတော့မရှိပါ။ နို့ဖြတ်နည်း အခြေခံက အစာဝအောင် စားစေတာနဲ့ ကလေးရဲ့ အကျင့်ကို ပြင်ဘို့ပါဘဲ။ ကျွေးတာတော့ မခက်ဘူးပေါ့။ အလေ့ကိုပြင်ရတာ စိတ်ကိုပြင်ပေးရတာမျိုးဖြစ်တယ်။ ချော့-ခြောက် နည်းတွေသုံးရမယ်။ လှည့်စားတာလဲ သုံးရတတ်တယ်။ အရပ်နည်းတွေကိုလည်း အားကိုးနိုင်ပါတယ်။ ရသွားမှာပါ။

2011/6/17
ကျမ အိမ်ထောင်ကျတာ မကြာသေးပါဘူး။ ယခု (့) မှာပါ။ ငွေရေးကြေးရေးကြောင့် ကလေးမယူချင်သေးတာနဲ့ ရက်ရှောင်နည်းကို ကျင့်သုံးပါတယ်။ ဆေးလဲ မစားမစားချင်ပါ။ ဘာလို့ လဲဆိုတော့ ကျမအခု AKT4 TB ဆေးသောက်နေရလို့ပါ။ ရက်ရှောင်နေရာကနေ လလည်လောက်မှာ အတူနေမိလို့ Levonogestrel ကို သောက်လိုက်ပါတယ်။ ဆေးသောက်ပြီး ၂ ပါတ်လောက်မှာ ရာသီလာမဲ့ရက် မတိုင်မီ ၄ ရက်နေ့မှာ စိတ်ချလက်ချဆိုပြီး။ အတူနေကြတယ်။ ဒါပေမယ့် ဒီနေ့ ၁၇ ရက်မှာ ရာသီလာရမှာ မလာဘူးဖြစ်နေတယ်။ ကိုယ်ဝန်များ ရှိသွားသလားဆေးကြောင့်လား Levonogestrel ဘဲ ဆက်သောက်ရမလား။ အဲဒီဆေး သောက်ရင် ထိန်များသွားမလား စိုးရိမ်မိတယ်။ အခုဟာက ပုံမှန်ထိန်သလားမသိလို့ ဘယ်လိုလုပ်ရမယ်ဆိုတာ အမြန်ဆုံးဖြေကြားပေးပါ။ အတူနေတာ ဒီနေ့ဆို ၄ ရက် ရှိသွားပါပြီ။

• Urine for pregnancy test လုပ်ပါ။

2011/6/18
ကျွန်မ အမျိုးသားကို ဆေးသောက်ဖို့ ညွှန်ကြားထားတာ ZEGASo မနက်တစ်လုံး၊ ည တစ်လုံး PROFERTIL ညတစ်ခြမ်း သောက်ဆိုတာ ဘာအတွက် ကောင်းတာလဲ သိချင်လို့ပါ။ PROFERTIL က ဝယ်လို့မရ ဖြစ်နေပါတယ်။ အဲဒါနဲ့ အမျိုးအစားတူတဲ့ဆေး ဘာသောက်ရမလဲလို့လဲ သိချင်ပါတယ်ရှင်။ ကျွန်မတို့က သားသမီးမရသေးလို့ ရချင်လို့ ဆေးသောက်နေတာပါ။

• ZEGASo ဆိုတာကို ပြန်ပြီး စာလုံးပေါင်း အတိအကျ ပြောပါအုံး။ တခုခု လွဲနေပုံရတယ်။ နေတဲ့ နိုင်ငံနာမည်ကိုလဲ ပြောနိုင်ရင် ပြောပါ။

2011/6/15
ကျွန်တော့် အသက် ၂၅ ပါ။ အခုထိ လိင်ဆက်ဆံတဲ့အခါ ကျွန်တော်ရဲ့ လိင်တံက အရမ်းနာပါတယ်။ သူငယ်ချင်းတွေကိုလဲ ပြောမိပါတယ်။ ကျွန်တော် ဖြစ်နေတာက လိင်တံအပေါ်က အရေပြားကို လိင်စိတ်ထလာတဲ့အခါ အောက်ဆွဲချမရဖြစ်နေတာပါ။ လိင်တံနဲ့ အရေပြားကြားမှာ ခဏခဏ သွေးထွက်ပြီး နာဘူးပါတယ်။ လိင်တံ အပေါ်က အရေပြား တိုနေတာလို့လဲ ပြောတယ်။

• ပန်းငုံနေသလား။ ပန်းငုံတယ်ဆိုတာ မွေးကတည်းက လိင်တံထိပ်ကိုဖုံးနေတဲ့ အရေပြားက ကွမ်းသီးခေါင်း ပေါ်အောင်အထိ လှန်လို့မရတာကို ပြောတာ။ တချို့မှာ အဲလိုရှိနေပမဲ့ အိမ်းထောင်ကျတာ။ ကလေးရတာ အခက်အခဲမဖြစ်ဘူး။
• အခုလိုနာနေရင်တော့ ပန်းငုံတာလဲ ဖြစ်နေရင် ခွဲစိတ်ပြုပြင်ရမယ် ကောင်းသွားမှာဘဲ။
• အနာအဆာ၊ တခုခု (အရည်-သွေး-ပြည်) ဆင်းတာမျိုး ရှိသလား။

2011/6/18
အလုပ်များနေတဲ့ကြားက Open wound of trunk NEC ကို မြန်မာလိုပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ် မေးခွန်း ၂ ခု အတွက် ကူညီပေးပါဦး။
Head injury NOS (NOS stands for Not Otherwise Specified)
Open wound of trunk NEC (NEC stands for Not Elsewhere Classified)

• ကိုယ်ထည်မှာ အပြင်ကိုပွင့်နေတဲ့ ဒဏ်ရာ-အနာ လို့ပြန်နိုင်ပါမယ်။ NEC အတိုကောက်က မသေခြာတော့ မှန်းပြန်ရတာပါ။
• Head injury NOS = ဦးခေါင်း ထိခိုက်ဒဏ်ရာ (သည်းခြားသတ်မှတ်ထားချက်မရှိသော)၊ ဦးခေါင်ကလွဲရင် ဘာမှမဖြစ်သဘောပါသည်။
• Open wound of trunk NEC = ကိုယ်ထည်မှာ ပွင့်နေတဲ့ဒဏ်ရာ (အခြားးနေရာများတွင် သတ်မှတ်ထားချက်မရှိသော)၊ ကိုယ်ထည်ကလွဲလျင် တခြားဒဏ်ရာမရှိ သဘောပါသည်။

2011/6/20
ကျမက ဝမ်းအရမ်းချုပ်ပါတယ်။ ဝမ်းပျော့ဆေး မသောက်ရင် ဝမ်းမသွားပါ။ ဒါကြောင့် ညတိုင်း ဝမ်းပျော့ဆေး သောက်ရပါတယ်။ ဆေးက English ဆေးရော မြန်မာဆေးရော ကြုံရင်ကြုံသလို သောက်ပါတယ်။ ဝမ်းပျော့ဆေးသောက်တာ တစ်နှစ်ကျော်ပြီ။ ဒါကြောင့် ကြောက်မိပါတယ်။ အန္တရာယ် ရှိ-မရှိ သိပါရစေ။ ဆေးကြောင့် ဘာတွေဖြစ်လာနိုင်သလဲ သိပါရစေ။ပြီးတော့ ရာသီလာချိန် ခေါင်းလျော်ရင် ဘာဖြစ်နိုင်ပါသလဲ။ အလုပ်ကြောင့် ခေါင်းလျော်ပါတယ်။

• ဝမ်းပျော့ဆေးက ဘယ်ဆေးလဲ။ ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။ အစားအသောက်နဲရ ရေ ဂရုစိုက်မယ်ထင်ပါတယ်။
• ရာသီလာချိန် ခေါင်းလျှော်တာ ဘာမှမဖြစ်စေပါ။ တခြားအကြောင်းတွေနဲ့ တိုက်ဆိုင်ရင်တော့ တမျိုးဖြစ်ချင်ဖြစ်ပါမယ်။

2011/6/18
သားအိမ် ထုတ်ထားသော အမျိုးသမီးတွင် လိင်ဆက်ဆံရာတွင် အရည်ထွက်ခြင်း ရှိပါသေးသလား။ ဆက်ဆံလိုစိတ်လည်း စိတ်ရနိုင်ပါသေးသလား။ မိန်းမ၊ ယောက်ကျား (၂)ဦးလုံးအတွက် ကောင်းကျိုး ဆိုးကျိုးလေးများကိုဖြေကြားပေးစေလိုပါတယ်။

• သားအိမ်ကို ဘာ့ကြောင့် ထုတ်ရသလဲ။ ထုတ်တုံးက ဘာတွေချန်ထားသေးလဲ။
• သားအိမ်ဝ ချန်ထားရင် အချွဲရည် ထွက်နိုင်တယ်။ ဆက်ဆံခါနီး စိတ်ပါလို့ ထွက်တဲ့အရည်က သားအိမ်ကလာတာ မဟုတ်ပါ။ • ဗဂျိုးင်းနား အဝနားက အိတ်ကနေလာတယ်။ သားအိမ်ထုတ်ရင် ဒါကို ထုတ်မပြစ်ပါ။
• ဆက်ဆံလိုစိတ်က မျိုးဥအိမ်ကျန်နေသေးရင် ပုံမှန်စိတ်ရှိမယ်။ တခုရှိတာက စိတ်ဖိစီးမှု မများအောင်လုပ်ဘို့ လိုနိုင်တယ်။ ငါ့မှာ ရောဂါကြောင့် ခွဲထားရတယ်။ သားအိမ် ထုတ်လိုက်ရတယ် ဆိုတာမျိုး မတွေးသင့်ပါ။
• မျိုးဥအိမ် ထုတ်ရအုံးတော့ သွေးဆုံးသူများအတွက်ပေးတဲ့ ဟော်မုန်ဆေးပေးကုသရင် စိတ်အခြေအနေ အရင်လို ဖြစ်နိုင်ပါတယ်။ စားဆေးရော ထည့်ဆေးပါရှိတယ်။

နောက်ဆက်တွဲအဖြစ် မေးခွန်းလေး တစ်ခုလောက် မေးချင်ပါသေးသည်။ အမျိုးသမီး ပြီးမြောက်ခြင်းရော ယခင်အတိုင်း ဖြစ်နိုင်ပါသေးသလား၊
သေခြာပေါက် ဖြစ်နိုင်ပါတယ်။

Tuesday, July 5, 2011

Q and A July 2011 (5)

၁။ ရောင်နေရင် စိုးရိမ်ရပါသလား။
၂။ ဘယ်လိုဝိတ်လျှော့သင့်ပါသလဲ။
၃။ နေရထိုင်ရ အနေကျပ်ပါတယ်။
၎။ ခံစားချက်လည်းမရဘူး ဖြစ်နေတယ်။
၅။ Today we had unprotected sex

2011/6/15
ကျွန်တော့် အမေသည် အသက် ၆၂ နှစ်ခန့်ရှိပါပြီ။ သွေးတိုးရှိပါသည်။ ဆေးခန်းလည်း သွားပြနေပါသည် ဆရာဝန်မှ အစာအိမ် ရောင်နေတယ်လို့ ပြောပါသည်။ အစာအိမ်ရောင်လျှင် ခြေလက်များ ရောင်နေတတ်သလား။ ခြေလက်များ ရောင်နေရင် စိုးရိမ်ရပါသလား။

• သွေးတိုးနဲ့ ကိုယ်ရောင်တာ ဆက်စပ်နေပါတယ်။ အစာအိမ်ရောင်လို့ ကိုယ်မရောင်ပါ။
• ငန်တာကို လုံးဝဖြတ်စေပါ။ လူမဝအောင်ဂရုစိုက်ပါ။ ငန်တာ၊ အဆီ၊ ဆီ နဲ့ အချိုတွေ ရှောင်ပါစေ။
• သွေးကျဆေးကို အမြဲမပြတ်သောက်ရမယ်။ နည်းတာ များတာသာ ကွာမယ်။

2011/6/15
ကျွန်တော်တို့ လူငယ်လောကမှာ ခေတ်စကားအရ ပြောနေကြတာတွေရှိပါတယ်။ အမျိုးသမီးတွေမှာ ဂျီစပေါ့ဆိုတာ ရှိတယ်တဲ့။ အဲဒါ အမှန်ပဲလား။ တကယ်တန်း ရှိခဲ့ရင်လည်း ဘယ်နေရာမှာရှိပြီး အဲဒါက ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ သိလိုပါတယ်။
ကျွန်တော့် အသက်က ၃၀ ထဲရောက်နေပါပြီ။ လက်ရှိကိုယ်အလေးချိန်က အရမ်းကို သိသိသာသာ တက်နေပါတယ်။ ကီလို ၉၅ လောက် ဖြစ်နေပါတယ်။ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်ပါဘူး။ အလုပ်ကလည်း ထိုင်ပြီးလုပ်ရတဲ့ အလုပ်ဖြစ်နေပါတယ်။ အစားကို လျှော့စားပေမဲ့ သိသိသာသာ ကျမသွားပါဘူး။ ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုဝိတ်လျှော့သင့်ပါသလဲ။ ဘယ်လိုဆေးမျိုးကို သောက်သင့်ပါသလဲ။ တလတကြိမ်လောက် ဝမ်းနှုတ်ပြီး ဝိတ်ချဖို့ ကြိုးစားကြည့်ပေမဲ့ သိပ်အဆင်မပြေပါ။ ဆေးပညာရှုထောင့်အရ မှားမယ်လို့ ထင်ပါတယ်။

• Weight loss ပိန်ချင်သလား
• Female orgasm အမျိုးသမီး ပြီးခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၃)

2011/6/15
အုန်းလွဲသလို ဖြစ်နေတယ်ဆိုတဲ့ တယောက်ပါ။ အခု အဲဒါဟာက မပျောက်သေးလို့ပါဆရာ။ အခုဆိုရင် ၂ လ ကျော်ကျော်လောက် ရှိနေပါပြီ။ နိုင်ငံခြားမှာ ပညာသင်နေတဲ့ ကျောင်းသားပါ။ ဆေးရုံကို ပြပြီးပါပြီ။ သူတို့က ဆေးစစ်သလို ချွဲ၊ သလိပ်၊ ဆီး၊ သွေးတွေ စစ်ပါတယ်။ ဓာတ်မှန်ကတော့ တော်တော်များများ ရိုက်ပြီး စစ်ပါတယ်။ လည်ပင်းနေရာလဲ ရိုက်ပါတယ်။ သူတို့က ketonal (ketoprofen) ဆေးလိမ်းဖို့ ပြောပါတယ်။ ကျွန်တော်ဖြစ်တာ Хондроз (Hondroz) နာတာရှည်လို ပုံစံမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။ ဂုတ်ပိုးက အကြောနေရာမှာ ရောင်ရမ်းတာ၊ ဖုနေတာ ဖောင်းနေတာ တခုမှ မရှိပါဘူး။ နာကျင်တာ အရမ်းကြီးလဲ မခံစားရပါဘူး။ ဒါပေမယ့် နေရထိုင်ရ အနေကျပ်ပါတယ်။ တခါတလေတော့ ပခုံးက အကြောတက်သလို ခံစားရပါတယ်။ ရာသီဥတု အေးတဲ့အချိန်မှာ ဆိုရင်တော့ သာမန်ထက် ပိုပြီး pain ကို ပိုခံစားရပါတယ်။ ဆိုးမသွားသလို ပျောက်လဲ ပျောက်မသွားလို့ စိတ်ညစ်နေလို့ပါ။ ရေနွေးအပူလဲ ပေးပါတယ်။ ဆေးလဲ လိမ်းပေးပါတယ်။ ခေါင်းအုံးကို ပါးပါးလေးပဲ အုန်းပါတယ်။ သောက်ဆေးတော့ မသောက်ဖြစ်ပါဘူး။ ဆေးက အင်္ဂလိပ်ဆေးလိုမျိုးဆိုရင် ဒီမှာ အရမ်းဝယ်ရခက်ပါတယ်။ ဘယ်လိုနေထိုင်ပြီး ဘယ်လိုကုသလျှင် ပိုပြီး သက်သာ ပျောက်ကင်းမလဲဆို လမ်းညွန်ပေးပါ။
• Хондроз Hondroz ဆိုတဲ့ မူရင်း ရုရှားကို အင်္ဂလိပ်ပြန်ရင် Osteochondrosis ခေါ်တယ်။ အရိုး-အရိုးနုရောဂါ တမျိုး ဖြစ်တယ်။ (ပုံမှာ ပြထားပါတယ်။)
• နာတာရှည်တတ်တယ်။ လူသာမက အကောင်တွေမျာပါ ဖြစ်ကြတယ်။
• တဆက်ထဲ လည်ပင်းရိုးဆစ်ကြားထဲက အရိုးနုနဲ့ အာရုံကြောကိုပါ ထိရင် ပိုဆိုးတယ်။
• လူတိုင်း အဲလောက်မဆိုးပါ။ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်စိဝေဝါးတာတွေနဲ့တွဲတာက ဆိုးတယ်။ ရင်ခေါင်းမှာဖြစ်ရင် အထဲ အင်္ဂါတွေ။ ခါးပိုင်းဆိုရင် ဗိုက်ထဲကအင်္ဂါတွေကို သက်ရောင်စေနိုင်တယ်။
• ဆိုးလာချိန်မှာ နာတာပိုခံစားတယ်။
• နေတာ၊ ထိုင်တာ၊ အိပ်တာ ဂရုးစိုက်ပါ။ သက်သာတဲ့ အနေအထားရွေးပါ။ မွေ့ယာ-ပြော့တာ မသင့်ပါ။
• နာတဲ့နေရာ ဥပမာ ပခုံးနေရာမှာ ဖန်ပုလင်းနဲ့ ထုနှက်ပေးဘို့ ခိုင်းတာ ဖတ်ရတယ်။ ဖိအားကို နည်းနည်းကနေ တိုးတိုးပေးရမယ်။ ဘယ်ရော ညာပါလုပ်ပေးရမယ်။ ညအချိန် တီဗွီကြည့်ရင်းလုပ်နိုင်တယ်။
• ကြမ်းမာမာပေါ်မှာ ပက်လက်အိပ်ပါ။ ကျောအောက်မှာ rolling pin ပိုက်လုံးအမာထားပြီး ရှေ့-နောက် ရွေ့ရှားပေးပါ။ တရက်မှာ ၁၅ မိနစ် လုပ်ပါ။ ဒီနည်းက ရုရှားရိုးရာနည်းဖြစ်တယ်။
• ရိုးရိုး အနာ-အကိုက်ပျောက်ဆေးတွေ သုံးနိုင်ပါတယ်။ ဥပမာ Tylenol, Panadol, Exdol ဖြစ်တယ်။ ဒီလိုအနာသက်သာဆေးကို သောက်မှ ကောင်းတယ်။ နာတာကိုခံနိုင်လို့ မသောက်ချင်တာ မကောင်းပါ။ ရောင်တာကိုပါ သက်သာစေလို့ သောက်သင့်ပါတယ်။
• Cortisone (Corticosteroid) ဆေးကိုလဲ ခံစားရတာ ဆိုးတဲ့အခါမျိုးမှာ သုံးနိုင်တယ်။
• တချို့ကို ခွဲစိတ်ကုသရတယ်။

2011/6/16
ကျွန်တော် ဆက်ဆံတိုင်း မပြီးဘူး။ လက်နဲ့ဆို ပြီးတယ် သူနဲ့ဆက်ဆံရင် မပြီးဘူး။ ဘာဖြစ်လို့လည်းဆိုတာ ပြောပြပေးပါ။
ခံစားချက်လည်းမရဘူး ဖြစ်နေတယ်။ ကျွန်တော် တအားသိချင်နေလို့ပါ။

• Male orgasm ယောက်ျား ပြီးခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅)

Jun 17, 2011 at 2:57 AM,
I would like to ask ya a question regarding with the possibility of having pregnancy. I'm 24 yrs old n my gf is just 22/ Today we had unprotected sex while she was on her period. I didn't know that she was starting menstruation. We had 3 times having sex that night but the last time. I have noticed that there were some blood on my penis which freaked me out. I then asked her about it and she said that it was menses blood. It was her first day of this month she said. Can she get pregnant while on period? How many days does it take to be known that she has got pregnant after sex? But obviously I ejaculated my sperms out every single time when we had sex. I would like to know your answer as fast as possible. Please sir as it makes me so worried

• No, not at all Pregnancy after sex during menstruation is impossible It is theoretically safe to have sex 5 days before, during and next 5 days after menstruation

Monday, July 4, 2011

Q and A July 2011 (4)

၁။ ယားယံသဖြင့် ကုပ်သောကြောင့်
၂။ အိမ်ထောင်ရှင် သားတစ်ယောက် မိခင်ပါ။
၃။ ကိုယ်ဝန်ရှိချိန်မှာ အတူနေလို့
၎။ ဥအိတ်ထဲမှာ တစ်လုံးပဲရှိတာကို
၅။ အင်္ဂလိပ်လို ရေးထားတဲ့ဟာလေး ပို့ပေးပါနော်။

2011/6/8
ကျွန်တော် လွန်ခဲ့သောလ အနည်းငယ်က ချွေးမှတဆင့် ပေါင်ခြံနေရာလေးများတွင် အဖုလေးများထွက်ခဲ့ပါသည် ချွေးထွက်သည့် အချိန်တွင် ယားယံသဖြင့် ကုပ်သောကြောင့် ပွေးကဲ့သို့ အကွက်ပုံစံများ ထွက်လာရာမှ နောက်တင်ပါး၊ ကျောနှင့် ပေါင်ခြံတွင် အကွက်တစ်ခုမှ များစွာထွက်ရှိခဲ့ပါသည်။ ထို့နောက် ဆရာဝန်ထံသွားပြခဲ့ပါသည်။ ဆေး ၄ ရက်ခန့်ထိုးပြီး စားဆေးအနည်းငယ်စာရာ သက်သာခဲ့ပါသည်။ လိမ်းဆေးများမှာ Getelen-C, Skron ဆိုသောဆေးများ ဆက်လက် လိမ်းနေပါသည်။ သို့သော် ယခုအခါ ချွေးအနည်းငယ် ထွက်လျှင် ပြန်ထွက်လာပါသည်။ ယားယံခြင်း လည်းဖြစ်ပါသည်။
• ရေးပြတဲ့ဆေး ၂ မျိုးလုံးကို ဘာတွေဆိုတာ မသိပါ။ ရှာလဲ မရပါ။ ဆေးနာမည်တွေ မဟုတ်ဘဲ ရောင်းဘို့ ပေးတဲ့ နာမည်တွေ ဖြစ်နေလို့ပါ။
• ပွေးဆိုတာ အနားသတ်ရှိမယ်။ ယားမယ်။ ပွါးမယ်။ Grisufulvin စားဆေးသောက်ရတယ်။
• ဗက်တီးရီးယား ပိုးထပ်ဝင်တာ မဟုတ်ရင် ထိုးဆေးမလိုပါ။ မပျောက်ပါ။ Ring Guard လိမ်းဆေးလဲ တွဲသုံးနိုင်တယ်။ ရက်တိုဖြစ်ရင် လိမ်းတာနဲ့ ရတယ်။
• ယားတာသက်သက် သက်သာအောင် Calamine lotion လိမ်းနိုင်တယ်။ ပွေး၊ ယားနာ ဆိုရင် သု့ဆေးနဲ့သူ ဆေးလိမ်းမှ-ဆေးသောက်မှသာ ပျောက်မယ်။ ဖြစ်နိုင်ရင် ဖြစ်တဲ့နေရာကို ဓါတ်ပုံရိုက်ပို့ပါ။

2011/6/9
ကျွန်မ အသက်၃ဝ ရှိပါပြီ။ အိမ်ထောင်ရှင် သားတစ်ယောက် မိခင်ပါ။ ကျန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီး ဆီးသွားရင် ကျင်ပြီး ပူပါတယ်။ မနေ့က ညနေကစပြီး ဆီးသွားရတာ မဝသလို ခဏခဏ သွားချင်ပါတယ်။ နောက်ဆုံး ဆီးမှာ သွေးပါသလိုထင်ရပါတယ်။ ဆီးအနံလည်း နဲနဲနံတယ်လို့ ထင်လာရပါတယ်။ အခု ရေကို များများ သောက်ပေးပါတယ်။ ကျန်တဲ့ အပတ်က လက်သုတ်စုံ လုပ်စားတာမှာ ငရုတ်သီးမှုန့် များများနဲ့ သုတ်ထားတာ စားမိပါတယ်။ ပြီးတော့ ရေခဲရေ သောက်မိပါတယ်။

• Urinary tract infections ဆီးလမ်း (လိင်လမ်း) ပိုးဝင်ခြင်း

2011/6/9
ကျွန်မက အမိမြေရဲ့အဝေးကို ရောက်နေလို့ သင်ပြပေးပါရှင်။ ကိုယ်ဝန်ရှိချိန်မှာ အတူနေလို့ ရပါသလား။ နေရင် ဘယ်လို ပုံစံမျိုးနဲ့ နေရင် သင့်တော်ပါသလဲရှင်။ ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်လို့ ရပါသလဲရှင်။ ကျွန်မက သားဦး ကိုယ်ဝန်ပါရှင်။ အသက်က ၂၃ နှစ်ပါဆရာ။

• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း
• Positions during pregnancy ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၂)

2011/6/14
ကျွန်တော့်ခေါင်းရဲ့ နောက်ထောင့် နှစ်နေရာက လက်နဲ့ဖိရင် ကျိန်းသလိုခံစားရပါတယ်။ ဒီတိုင်းနေ ရင်တော့ မကိုက်ပါဘူး။ဖြစ်နေတာတော့ ကြာပါပြီ။ တစ်နှစ်ခွဲကျော်လောက်ရှိနေပြီ။ အပြင်ပန်း အနေနဲ့လဲ ခေါင်းမှာ ဖုထစ်မနေပါဘူး၊ အိပ်တဲ့ အချိန်မှာလဲ ခေါင်းဦးနဲ့ သေချာ အိပ်ပါတယ်၊ တခါတလေ ခေါင်းကိုက်ပြီဆို အိပ်လိုက်မှ သက်သာသွားတယ်။ ငယ်ငယ်တုန်းကတော့ ခြင်းလုံးခတ် ကစားခဲ့ဖူးပါတယ်၊ အဲ့ဒီတုန်းကတော့ ခေါင်းတိုက် ကစားတာမျိုးတော့ ကစားဖူးပါတယ်။ ထူးခြားတဲ့ ထိခိုက်မှု မရှိခဲ့ဖူးပါ။ စိုးရိမ်တာက ဦးခေါင်းမှာ တစ်ခုခု ထိခိုက်နေမှာ၊ အတွင်းပိုင်း တစ်ခုခု ဖြစ်နေမှာ စိုးပါတယ်။ တခါမှလဲ checking မလုပ်ဖူးပါဘူး။

• လက်နဲ့ဖိလို့နာတာမျိုးက ဦးရေခွံမှာ တခုခုဖြစ်တာ။ အတွင်းထဲကဆို အဲလို မနာပါ။ အပေါ်ယံလို့ပြောနိုင်တယ်။ သိပ်စိုးရိမ်စရာ မရှိပါ။
• Neurobion tablet ဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁ဝ-၂ဝ ရက်လောက်သောက်ပါ။
• နာတာကိုက်တာ အခံရခက်ရင် Paracetamol ကို နာတဲ့အချိန် ၁ ပြားသောက်ပါ။
• ခေါင်းကိုက်တာအတွက်တော့ စစ်ဆေးသင့်တယ်။
• စစ်ဆေးချင်ရင်လဲ ဆရာဝန်ပြပါ။ မစိုးရိမ်ပါနဲ့။

2011/6/10
G6PD အကြောင်းအသေးစိပ်ကို အင်္ဂလိပ်လို ရေးထားတဲ့ဟာလေး ပို့ပေးပါနော်။ ကျွန်မဆီမှာ ဆရာတစ်ခါပို့ပေးတဲ့ မြန်မာလိုဟာနဲ့ မလေးလိုပဲ ရှိလို့ပါ။ ရွေဥက ဥအိတ်ထဲမှာ တစ်လုံးပဲရှိတာကို အဲတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲရှင့်။ လျှာခင်တွဲနေတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲရှင့်။

• What is glucose-6-phosphate dehydrogenase deficiency?
• လျှာခင်တွဲနေတာကို Tongue-tie ခေါ်ပါတယ်။
• ဥအိတ်ထဲမှာ တစ်လုံးပဲရှိတာကို အဲတာကို Undescended testes ခေါ်ပါတယ်။

Sunday, July 3, 2011

Q and A July 2011 (3)

၁။ မနက်အိပ်ယာနိုးတာနဲ့ နှာအရမ်းချေပါတယ်။
၂။ TB ဆေး စားခိုင်းပါသည်။
၃။ ခရုသင်း၊ သမင်ဖြူ အကြောင်းကို
၎။ မည်သည့် Link တွင် ဖတ်ရမည်ကို
၅။ အဲဒီဂေါက်ရောဂါ ဖြစ်နေတာလို့ ထင်ပါတယ်။
၆။ ကွန်ဒုံးလည်း မသုံးချင်ပါသဖြင့်
၇။ အိမ်ထောင်ရှိပါတယ်။

2011/6/21
ကျွန်မရဲ့အမျိုးသားက မနက်အိပ်ယာနိုးတာနဲ့ နှာအရမ်းချေပါတယ်။ နှာခေါင်းက တရွှတ်ရွှတ်နဲ့။ အဲဒီလိုဖြစ်နေတာ တနှစ်ကျော်ပါပြီ။ ဆေးခန်းသွားလဲ ခဏပဲ။ နောက်ပြန်ဖြစ်တာပဲ။ အရင်တုန်းက ဆေးလိပ်သောက်ပါတယ်။ အခု ဆေးလိပ်ဖြတ်လိုက်တာ သုံးလေးလ လောက်ရှိပါပြီ။ နှာချေပြီး လည်ပင်းကချွဲအကြည်နဲနဲထွက်ပါတယ်။ အမောင်စလင်ကိုစွဲသောက်လဲမပျောက်ပါဘူး။ အဲဒီလို စဖြစ်ဖြစ်ချင်း ဓာတ်မှန်ရိုက်ကြည့်သေးတယ်။ ဘာမှမထူးခြားပါဘူး။ သူငယ်ချင်းတယောက်က သူလဲဖြစ်ဖူးတယ်။ (၈ နှစ်လောက် ကြာတယ်လို့ ပြောတယ်။ ဆေးကို စွဲသောက်ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီသူငယ်ချင်းက အဆုတ်ကို ဓာတ်မှန်ရိုက်ကြည့်တော့ (စပေါ့)တွေ့ရတယ်။ အရင်တုန်းကသူလဲ ဆေးလိပ်၊ အရက်မကင်းဘူးပေါ့။ ကျွန်မက အခု (့) မှာ နေပါတယ် စကားကို မကျွမ်းကျင်တော့ ဆေးခန်းသွားရင် ဆရာဝန်ကို ပြောရတာ အခက်အခဲတွေ ရှိပါတယ်။ ဆရာကဘယ်မှာနေပါသလဲ။ ဖြစ်နိုင်ရင်တော့ မြန်မာဆရာဝန်နဲ့ ပြချင်တာပေါ့။ အရင်တခေါက်ကဆရာ့ဆီကို ကျွန်မစာရေးဖူးပါတယ်။ လေးဘက်နာရောဂါနဲ့ ပတ်သက်ပြီး ဆေးနံမည်တွေဆရာပြန်ရေး ပို့ပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မတို့လဲ မိသားစုစီးပွားရေးအခြေအနေကြောင့်သာ သူများနိုင်ငံမှာ အလုပ်လာလုပ်ကြရတာ။ ကိုယ်တကယ် ကျန်းမာရေး မကောင်းဖြစ်လာရင် ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ကြရပါတယ်။ အဲဒါကြောင့်မို့ ဆေးဝယ်သောက်ရမလား။ ဒါမှမဟုတ် ဆရာအသိအကျွမ်း ဆရာဝန်များ (့) မှာ ရှိမလား။ ဒီလိုရောဂါဟာ အခြားသူကိုရော ကူးစက်လွယ်သလား။ နှာချေရင် အဲဒီပိုးမွှားတွေက လေထဲကတဆင့် တခြားသူတွေ ကူးမှာ စိုးလို့ပါ။

ဆရာက နယူးဒေလီမှာ နေရတယ်။ မေးတဲ့သူလိုပေါ့။ နှာချေတာက တီဘီ မဟုတ်ဘို့ များတယ်။ (အလာဂျီ) ဖြစ်ဘို့ များတယ်။ တီဘီ ဆိုရင် ဆေးစွဲသောက်ရတယ်ဆိုတာ မှန်တယ်။ ၆ လ ကနေ ၉ လ သောက်ရတယ်။ (အလာဂျီ) ရေးထားတာတွေ ပို့လိုက်ပါတယ်။ ဖြစ်တဲ့သူတွေ များလွန်းလို့ ၄ ပုဒ်ရေးထားတာ ၃ ပုဒ် ပို့လိုက်ပါတယ်။
Allergic rhinitis အလာဂျီ နှာခေါင်း
Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
Allergy သို့မဟုတ် မတည့်အတူနေ

2011/6/21
ကျွန်တော် အသက် ၂၃နှစ်ရှိပါပြီ။ (့) မှာနေပါသည်။ ချောင်းဆိုးတာ တော်တော်ကြာပါပြီ။ ဆေးစားလိုက်ပျောက်သွားလိုက် ပြန်ဖြစ်လိုက် ဖြစ်နေပါတယ်။ ဆရာမ ဒေါ်(့) နဲ့ပြပါတယ်။ ချောင်းဆိုးပျောက်ဆေးတပတ် စားခိုင်းပါတယ်။ မပျောက်ရင် ဓါတ်မှန်ရိုက်ပြီး ပြန်လာခဲ့လို့ ပြောပါတယ်။ ရောဂါမသက်သာလို့ ဓါတ်မှန်၇ိုက်ပြီး ပြန်သွားပြပါသည်။ ဓါတ်မှန်ကြည့်ပြီး TB ဆေး စားခိုင်းပါသည်။ TB ဆေး AKT-4 ကို ညအိပ်ယာဝင်ခံနီးတိုင်း မှာကြားသည့်အတိုင်းစားပါသည်။ နံနက်မှာ အသည်းအားဆေးဖြစ်တဲ့ Livolin တစ်လုံးလဲ စားခိုင်းပါသည်။ ဒါပေမယ့် ဆေးစားတာ ၁ လကျော်ပါပြီ ချောင်းဆိုးရောဂါ မပျောက်သေးပါ။ နံနက် အိပ်ယာမှ ထရင် အသက်ရူလို့ကောင်းပြီး ထပြီးအနည်းငယ်ကြာရင် လည်ချောင်းယားလာပါသည်။ သလိပ်ချွဲ ထွေးရင် မသက်သာပါ။ နောက်ပြီး သလိပ်က အဖြူရောင်ဖြစ်ပါသည်။ ဒီနှစ် ၉ လပိုင်းမှာ (့) မှာ ကျောင်းသွားတက်ဖို့ရှိပါသည်။ တစ်ဖက် အလုပ်လုပ် တစ်ဖက် ကျောင်းတက်ရမှာမို့ ဒီချောင်းဆိုးရောဂါကြီး ပျောက်ချင်လှပါပြီ။

TB သေခြာရင် ဆေးပါတ်စေ့အောင်သောက်ရပါမယ်။ တလနဲ့ မသိသာသူလည်းရှိတယ်။ သက်သာလာရင် လူက ညိုပြီး အလေးချိန် တက်လာမယ်။
TB ရှိနေရင်း တခြားပိုးလည်း ဝင်နိုင်တယ်။ အဲဒါဆိုရင် တခြားပိုးသေဆေး ၅-၁ဝ ရက် သောက်ရတတ်တယ်။ TB ဆေးလည်း မရပ်ရပါ။
ပြထားတဲ့ ဆရာဝန်ကို ပြနိုင်ရင်ပြပါ။ ဒါမှမဟုတ် တီဘီဆေးနဲ့အတူ Amoxacillin 500 mg တနေ့ ၂ ကြိမ်သောက်ပါ။ ချောင်းဆိုးပျောက်ဆေး ရွေးရမယ်။ ချွဲရှိသူတွေက Expectorant ဆိုတာမျိုးသောက်နိုင်တယ်။ ပိုးသေဆေးက ပိုအရေးကြီးပါတယ်။
ချွဲရှိနေတာ ကပ်နေရင် အထုတ်ရ ခက်မယ်။ အဲဒါအတွက် ရေနွေးငွေ့ရှူပေးရင် ချွဲက ကျဲမယ်။ ထွက်စရာရှိတာက ထွက်မှကောင်းတယ်။
အစားအစာလဲ လုံလောက်-မျှတ-ပြည့်ဝအောင်စားပါ။ လေသန့်တာရှူနိုင်အောင် ကြိုးစားပါ။

2011/6/22
အရေပြားရောဂါနှင့် ပတ်ပြီး ခရုသင်း၊ သမင်ဖြူ အကြောင်းကို သိချင်ပါတယ်ရှင့်။ ဖြစ်ရင် ကုသလို့ ရ၊ မရလည်း သိချင်ပါတယ်ရှင့်။
အဲဒီရောဂါ ရှိရင် သား၊ သမီးယူတဲ့ အခါမှာရော ကလေးကို ကူးဆက်ပြီး ဖြစ်ပွားနိုင်သလားဆိုတာ သိချင်ပါတယ်ရှင့်။

Leukoderma (Vitiligo) သို့မဟုတ် ခရုသင်း

2011/6/23
ဂေါ်လီ ထည့်ခြင်းနှင့် ပတ်သတ်သော link များကို ကျွန်တော် ရှာကြည့် ပါတယ်။ မတွေ့ဘူး ဆရာ။ မည်သည့် link တွင် ဖတ်ရမည်ကို ညွန်ကြားပေးပါ။

Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၂)

2011/6/23
http://foruploadfileswordpresscom/2011/05/e180a1e18099e180bae180b3e180ade180b8e1809ee180ace180b8e180b1e18090e180bc-e180a1e180bbe18096e18085e180b9e18099e180bae180ace180b8e18090pdf
အထက်ပါ လိန့်ကို ကျနော် ဖတ်ကြည့်တော့ ကျနော်လည်း အဲဒီဂေါက်ရောဂါ ဖြစ်နေတာလို့ ထင်ပါတယ်။ ဒါပေမဲ့ အဆစ်တွေ ရောင်ရမ်းခြင်းတော့ လုံးဝမရှိပါဘူး။ ဖြစ်တာ ၅ နှစ်လောက်ရှိပါပြီ အဆစ်တွေအကုန်နာပါတယ် မနက်အိပ်ရာကထပြီး တရား တနာရီ ထိုင်ပြီးတာနဲ့ တံတောင်ဆစ် ဒူးဆစ် ခြေဆစ် လက်ဆစ် အကုန်နာပါတယ်။ တနေ့ ကိုတစ်နာရီ နီးပါးလမ်းလျောက် ပြီး မိနစ်၂ဝ လောက် ပြေးပါတယ် သိပ်မသက်သာပါဘူး ညာဘက်ရင်အုံနဲ့ နောက်ကျော ညာဘက်ခြမ်းအလယ်လောက်က အမြဲ အောင့်ပါတယ်။ သွေး နေ့စဉ်လိုလို တိုင်းပါတယ်။ ပုံမှန်ပါဘဲ။ အမြဲတမ်း ခြေနဲ့လက်က ပေါ့နေသလို၊ အကြောလိုက်ချင်သလို ခံစားနေရပါတယ်။ အသက်က ၄၅ နှစ် ပါ။ အစားအသောက်က နေ့စဉ်လိုလို ကြက်ဥ နဲ့ ပန်းသီး လိမ်မော်ရည် သစ်သီးဖျော်ရည်တွေ သောက်ပါတယ်။ ဘာတွေ လုပ်သင့်သလဲဆိုတာကို အကြံပေးစေချင်ပါတယ်။

Gout ဂေါက်

2011/6/23
ကျနော် အိမ်ထောင်သည် တစ်ယောက်ပါ။ oversea မှာ အလုပ် လုပ်ပါတယ်။ ဇနီးနဲ့ ကလေးက မြန်မာပြည်မှာနေပါတယ်။ ကျနော်က တနှစ်မှာ နှစ်ပတ် ခွင့်ရပါတယ်။ ကျနော်တို့မှာ သားဆက်ခြားလိုတဲ့ အစီအစဉ် ရှိလို့ ပြန်သွားတဲ့ နှစ်ပတ်အတွင်းမှာ ကိုယ်ဝန်မရအောင် ဘယ်လို ဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ။ ကွန်ဒုံးလည်း မသုံးချင်ပါသဖြင့် အကောင်းဆုံး နည်းလမ်းရှိရင် ပြောပြပေးပါခင်ဗျာ။

Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄)

2011/6/24
သမီးအသက်က ၂၅ ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်။ ယောက်ျားနဲ့တူတူနေရင် ECEE2 ပဲ အမြဲသောက်ဖြစ်ပါတယ်။ သူက နယ်မှာ နေရသူမို့လို့ပါ။ တလကို ၂ ကြိမ်ပဲ အများဆုံး နေဖြစ်တာပါ။ ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းက ဆေးတခါသောက်ခဲ့ပါတယ်။ သောက်ပြီး တပတ်အကြာမှာ ရာသီလာခဲ့ပါတယ်။ ပုံမှန်အတိုင်း များပြီး ၇ ရက်ကြာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အမျိုးသားက သင်တန်း တက်နေရလို့ မလာနိုင်တော့ မနေဖြစ်ပါဘူး။ ဒါပေမဲ့ ခုထိရာသီမလာသေးတာ ၂လရှိပါပြီ။ ဒီကြားထဲ ဆေးလည်း ထပ် မသောက်ဖြစ်သလို တူတူလည်း ထပ်မနေဖြစ်တာလည်း ၂ လရှိသွားပါပြီ။ ပြီးခဲ့တဲ့တပတ်တုန်းက အပြင်းဖျားပါတယ်။ ဆေးတွေ သောက်ရလို့မလာနိုင်တာလို့ထင်လို့သွေးပေါ်ဆေးထိုးလိုက်ပါသေးတယ်။ အခုဆို တပတ်ပြည့်ပါပြီရာသီမလာသေးပါ။ ECEE2 သောက်ပြီးရာသီလည်းပေါ်လိုက်သေးသောကြောင့်ကိုယ်ဝန်ဖြစ်နိုင်ပါသလား။ အဲဒီနောက်ပိုင်းတူတူလည်းမနေဖြစ်သေးပါ။ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်သလား သိချင်ပါတယ်။ ECEE2 ကို ပုံမှန်လိုသောက်နေလို့ မမှန်တော့တာများလားဆရာ။

Ecee2 ဆေးဆိုတာ

Saturday, July 2, 2011

Q and A July 2011 (2)

၁။ Pap Smear စစ်ကြည့်တာ
၂။ ကလေးရချင်လို့ စိတ်မောရတာ ကြာတော့
၃။ ဖြည့်စွက်စာ စားလို့ရတယ်လို့ ပြောပါတယ်။

Jun 30, 2011 at 4:45 AM
သမီးက OG နဲ့ပြတာ သူတို့ medroxyprogesterone တနေ့ (၂)လုံး တပတ်စာပေးပါတယ်။ တရက်သောက်ပြီး နောက်နေ့မနက်ထိ သွေးဆင်းပြီး နောက်ပိုင်း မဆင်းတော့ပါ။ Pap Smear စစ်ကြည့်တာ မကျည်းစေ့အရွယ် အလုံးလေးတွေ အစုလိုက်တွေ့တယ်လို့ ပြောပါတယ်။ စစ်တဲ့နေ့မှာ သွေးကပြန်ဆင်းပြီး နှစ်ရက်လောက်ကြာမှာ သွေးက နဲနဲချင်းစီ ပြန်ဆင်းလာပါတယ်။ သမီးကလေးလဲ လိုချင်သေးတယ်။ ကလေးယူလို့ကော ဖြစ်ရဲ့လား။ ကလေးကော မြဲပါ့မလား။ သားအိမ်ခြစ်ရင်ကော ရနိုင်ပါ့မလား။ အခု သွေးဆင်းတာကို ဘယ်လိုရပ်အောင်လုပ်ရမလဲ။ ကလေးမှာ ဥာဏ်ရည်မမှီရောဂါ ပါလာမှာ စိုးပါသည်။ အရမ်းသိချင်ပါသည်။ ကိုယ်ဝန်ရှိလာရင် ဘယ်လို ကာကွယ် စောင့်ရှောက်ရမလဲဆိုတာကိုလည်း သိချင်ပါသည်။ သန်ချတာကို အင်္ဂလိပ် ဘယ်လိုခေါ်ပါသလဲ။
• Pap Smear စစ်ကြည့်တာ မကျည်းစေ့အရွယ် အလုံးလေးတွေဆိုတာ မရှင်းပါ။ မိုက်ခရိုစကုပ်နဲ့သာ ကြည့်တာမို့ အရွယ်ပြောဘို့ အဲလိုမဟုတ်ပါ။ မျက်စိအမြင်ဆို တမျိုးနေမယ်။
• သားအိမ်ခြစ်ဘို့ လို-မလို ဆေးပေးတဲ့ ဆရာဝန်က ပြောမှာပါ။
• သွေးဆင်းတာရပ်အောင် လိုအပ်ရင် ဆရာဝန်ကနေ ပြောပါလိမ့်မယ်။ ကိုယ့်အသိနဲ့ မလုပ်တာကောင်းပါတယ်။
• နောက် ရှိလာမဲ့ကလေးကို မထိခိုက်စေနိုင်ပါ။ ကိုယ်ဝန်-ရာသီ ဆိုတာ တလ-တယောက် တကန့်စီသာ ဖြစ်ပါတယ်။
• ကိုယ်ဝန်ဆောင်တွေအတွက် ဆရာရေးထားတာတွေ မျာမှများရှိနေပါတယ် ရှာပါ။ မတွေ့မှ ပြောပါ။ သိပ်မအားလို့ တခါတည်း မပို့နိုင်ပါ။
• သန်ချတာကို Deworming, worming or drenching လို့ ခေါ်ပါတယ်။

Jun 28, 2011 at 2:28 PM
Profertil ဆေးနဲ့ Fertomid ဆိုတဲ့ဆေးကအမျိုး အစား၊ အာနိသင်အတူတူပါဘဲလားရှင့်။ ဘယ်လောက်လောက် ကြာကြာ စွဲသောက်လို့ရပါသလဲရှင့်။ အမျိုးသားကအခု မနက်ခင်းမှာ One A Day ဆေးတစ်လုံးနဲ့ ညဘက်မှာ Fertomid ဆေး တစ်ခြမ်းကို 25 ရက်သောက် 5 ရက်နားနဲ့ သောက်နေပါတယ်။ အစတုန်းကတော့ အိုဂျီက Ora Zinc ဆိုတဲ့ဆေးကို မနက်တစ်လုံး ညတစ်လုံး သောက်ခိုင်းတာပါ။ အဲဒီဆေးသောက်လို့ရှိရင် အန်ချင်လို့ဆိုပြီး သောက်ခိုင်းလို့မရပါဘူး။ အခုသောက်နေတဲ့ဆေးက သား-သမီးရဖို့ အဆင်ပြေနိုင်ပါသလားရှင်။ ကလေးရချင်လို့ စိတ်မောရတာ ကြာတော့ စိတ်ဓါတ်ကျလာပါပြီ။
• ကလေးရစေတဲ့ဆေးတွေ အာနိသင် ခပ်ဆင်ဆင် ဖြစ်ကြတယ်။ ဆေးမတူရင် ဘေးထွက် မတူကြဘူး။
• ကလေးရဘို့ဆိုတာ လွယ်တဲ့သူတွေ သိပ်လွယ်ပြီး၊ ခက်တဲ့သူတွေ ကြိုးစားကြရတယ်။
• ဆရာရေးတာ ဖတ်ဖြစ်မယ်ထင်ပါတယ်။ ၂ ပုဒ်ရှိနေပြီ။ ဆေးတနည်းထဲမက ကြိုးစားပါ။ စိတ်မမောပါနဲ့။

6 Jun 11, 12:19
မွေးပြီးစ ကလေး ၄ လ ကျော်ရင် ဖြည့်စွက်စာ စားလို့ရတယ်လို့ပြောပါတယ်။ ဘယ်လို အစာတွေကို ကလေးကို ကျွေးသင့်ပါသလဲ။ လည်ပင်းခွဲတဲ့တယောက်လဲ အကျိတ်ထုတ်ထားတာ သက်သာသွားပါပြီ။ အဲဒီအတွက်လဲ ကျေးဇူးပါ။ နောက်ပြီး အရင်တခါပြောတဲ့ ကိုယ်ဝန်သည်အမရဲ့ ခြေထောက်အကြောထုံးတာလဲ ကလေးမွေးပြီးတာနဲ့ ပျောက်သွားပါပြီ။ နောက်တခုက ကျွန်တော့် ညီရဲ့ ခြေမက ခြေစွယ် ငုတ်သလို ဖြစ်နေပါတယ် အဲဒီခြေမဟာ ရောင်နေပါတယ်။ အကြံပေးပါအုံး။ အဲဒါ ၁ လကျော်ပီး ၂ လထဲမှာ ရောက်နေပြီ ခုထိမကောင်းသေးပါဘူး။ ခြေသည်းပိုးဝင်တယ်ထင်ပါတယ်။ ဆရာဝန်နဲ့ ပြသင့်မသင့် ဘယ်လို ကုသသင့်လဲဆိုတာ သိချင်ပါတယ်။
• ဖြေတာ အတော်အချိန်ကြာသွားလို့ တောင်းပန်ပါတယ်။ ဝက်ဘ်ဆိုဒ် ရေးနေတာမို့ နှစ်ခုလုံးက အာရုံအတော်စိုက်ရတယ်။ ပြီးစလွယ်လဲ မရေးချင်ပါ။
• ခြေစွယ်ငုတ်တာအတွက် ထည့်ပေးလိုက်ပါတယ်။ Paronychia ကျမမှာ ခြေစွယ် ငုတ်ငုတ်နေလို့ပါ
• ဖြည့်စွက်စာကို တပ်ုရေးဘို့ပြင်ထားတာ မဆက်နိုင်သေးပါ။ လွယ်လွယ်ပြောပါရစေ။ ကလေး ၆ လအထိ မိခင်နို့ကလွဲရင် မလိုပါ။ ၆ လကျော်ရင် လိုကိုလိုလာပါပြီ။ သွားမပေါက်ခင် တခါထဲမြိုချနိုင်တာကို ကြွေးရပါမယ်။ ဆိုင်ကအသင့်လုပ်တွေ အမျိုးမျိုး အဆင်ပြေတာ သုံးနိုင်ပါတယ်။ အိမ်မှတင်လဲ လူကြီးထမင်းဝိုင်းက ကလေးနဲ့ မပူ-မစပ်တာကို အရည်ကို တိုက်နိုင်တယ်။ အသီးအနှံထဲကလဲ ဝါးစရာမလိုတာကို သေးသေးလေးတွေလုပ်ပြီး ကြွေးနိုင်ပါတယ်။ ကလေးဆိုတာ တနေ့မှာ အကြိမ်များများ၊ တခါမှာ နည်းနည်း ကြွေးရမယ်။ ပျားရည်၊ ကြက်ဥ၊ အာလူး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ သင်္ဘောသီး စတာတွေ ရပါပြီ။

Friday, July 1, 2011

Q and A July 2011 (1)

၁။ ဖြစ်နေတဲ့ရောဂါက ဝမ်းချုပ်တာပါ။
၂။ ကလေးယူဖို့ လုံးဝအဆင်မပြေသေးလို့
၃။ လည်ပင်းကြီးရောဂါ ရှိပါတယ်။
၎။ အားနာလို့ ဘာအတွက် ကောင်းလဲ မမေးမိပါဘူ။

2011/6/27
ဖြစ်နေတဲ့ရောဂါက ဝမ်းချုပ်တာပါ။ ဒီမှာက ပူလိုက်အေးလိုက်နဲ့ ရာသီဥတုက ပြင်းပါတယ်။ မေ့လောက်ရှိတစ်ခါတစ်ခါ ဖျားပါတယ်။ MC ယူရတာလဲ တစ်ခါ ယူရင်၂ရက် ၃ရက်။ မြန်မာပြည်မှာတုန်းက တစ်ခါမှတောင် မဖျားဖူးခဲ့တဲသူပါ။ ဝမ်းကတော့ အရင်တည်းက ချုပ်တတ်ပါတယ်။ အခုဆို အထိုင်များတာကြောင့်ပိုဆိုးနေပါတယ်။ ရေသောက်မနည်းပါ၊ အသီးအနှံများလဲ စားပါတယ်။ချဉ်ရေဟင်းတွေလဲ ချက်စားပါတယ်၊ မန်ကျီးရေက မကြာမကြာ သောက်ပါတယ်။ အဲဒါမှမရလို့ ချုပ်နေရင် ရုံးပိတ်ရက်ကို ဝမ်းနှတ်ဆေး သောက်ရပါတော့တယ်။ အခုက အကျင့်တောင် ဖြစ်နေသလို အပတ်စဉ် သောက်နေရပါတယ်။ ဆေးကြောင့် လားတော့မသိ အညစ်အကြေးတွေက စအိုနားရှိနေပြီး သွားလို့ မရ၊ ညှစ်လို့မရနဲ့ တော်တော်ဆိုးနေပါတယ်။

• သိတဲ့အတိုင်း ဝမ်းဆိုတာ အကျင့်ဘဲ။ အစားအသောက်ရော ဆေးရော အကျင့်ပါတတ်တယ်။
• ကောင်းမယ်ထင်တာက မြန်မာ ဝမ်းနုတ်ဆေး ရွေးသောက်ကြည့်ပါ။ တလောက အမျိုးသမီးကြီး တယောက် မုံရွာ-ဦးမိုး ဆေးသောက်တာ အဆင်ပြေတယ်ပြောတယ်။ တခြားဆေးတွေလဲ ရှိတာပါဘဲ။ လက်လှမ်းမီတာ သုံးကြည့်ပေါ့။
• ဆရာဝန်တွေ ညွှန်တတ်တာတော့ သိမှာပေါ့။ Ducolax စတာတွေ။

Jun 28, 2011 at 1:52 PM
ကလေးယူဖို့ လုံးဝအဆင်မပြေသေးလို့ 25.6.2011 တုန်းက ဆေးခန်းမှ ကိုယ်ဝန်ဖျက်ချနိုင်တဲ့ ဆေးကို သွားထည့်လိုက်တယ်။ ၂၅ ရက်နေ့ ညဖက်မှာဘဲ ရာသီပြန်လာတယ်။ ပထမတရက်ဘဲ အများကြီးလာတယ်။ နောက်ရက် နည်းနည်းလာတယ်။ တနေထက်တနေ့ နည်းလာတယ်။ (ကိုယ်ဝန်ကတော့ ၁ လကျော် လောက်ဘဲ) အထဲမှာ ကျန်သေးလားလို့ ဘယ်လိုသိနိုင်မှာလဲ။ (အာလ်ထွာဆောင်း) ရိုက်ကြည့်ရမှာလား။ ဘယ်တော့ မှ အတူတူ ပြန်နေရမှာလဲ။ တကယ်လို ၃ လ ကာကွယ်ဆေး ပြန်ထိုးမယ်ဆိုရင် ဘယ်တော့ ပြန်ထိုးရမှာလဲ။ ၁ လ ကာကွယ်ဆေး ဆိုရင်တော့ စိတ်ချလိုရလား။ ပိုးတွေ ဝင်နိုင်လား။ နောက်ပြီးသားအိမ်ကင်ဆာ ဖြစ်နိုင်လား။ နောက်ပိုင်း ဆိုးကျိုးတွေ မဖြစ်လာအောင် ဘယ်လို ကာကွယ်ရမှာလဲ။

• ဆေးနဲ့ ပျက်စေအောင် တချို့က ဆေး ၁ မျိုး၊ တချို့က ၂ မျိုးသုံးတယ်။ ၂ မျိုးသုံးတာက မြန်မြန်ဆင်းစေဘို့ဖြစ်တယ်။
• ပျက်တယ် ဆိုတာနဲ့ ဆင်းတော့တာပါဘဲ။ ကျန်နေတယ်မရှိပါ။ သားပျက်တာက ကျန်နေသေးရင် ဆက်ဆင်းနေမယ်။ ဆီးစပ်နေရာလဲ နာမယ်။
• ကိုယ်ဝန်ပျက်ပြီးနောက် အတူနေတာရော နောက်ကိုယ်ဝန်အတွက်ပါ သိပ် အကြာကြီးမစောင့်ရပါ။ ခဏခဏပျက်သူဆိုရ်ငတော့ သူများတွေထက် ဆင်ခြင်ရမယ်။
• ပိုးဝင်-မဝင်ဆိုတာ ကိုယ်ပူတာ၊ ဆီးစပ်-ဗိုက် နာတာနဲ့ ဆင်းတာ အနံ့ရတာတွေကနေ သိမယ်။
• အဲလိုလုပ်လို့တော့ သားအိမ်ကင်ဆာ မဖြစ်စေပါ။
• ရာသီပြန်မှန်လာရင် လုံးဝကောင်းသွားပြီလို့ ပြောနိုင်ပါတယ်။ နောက်ကိုယ်ဝန် မဆောင်သေးချင်ရင် ကာကွယ်နည်းတခုခု ဆက်လုပ်ရပါမယ်။ ရာသီလာပြီး ၁၄ ရက်မှာ မျိုးဥထွက်ရင် ကိုယ်ဝန်ဆောင်နိုင်ပြန်ပြီ ဖြစ်တယ်။ ထွက်-မထွက် အလွယ်နဲ့ပြောမရပါ။ သေခြာအောင်သာ ကာကွယ်ပါ။

2011/7/4
ကျမအသက် ၂၃ ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ (့) မှာပါ။ ကျမ မှာငယ်ငယ်ကတည်းက လည်ပင်းကြီးရောဂါ ရှိပါတယ်။ ကျောင်းမှာ လာစစ်ပေးတဲ့ ကျန်းမာရေးမှူးက ပြောလို့ သိရတာပါ။ ၃-၄ တန်းတုန်းကလောက်ပါ အဲ့ဒီတုန်းကတော့ အိုင်အိုဒင်းဆား စားရုံကလွဲလို့ ဘာမှမကာကွယ်ဖြစ်ပါဖူး။ (့) ကိုရောက်တော့မှ လည်ပင်းအထူးကုနဲ့ ပြတော့ ဆေးပေးစားပါတယ် လည်ပင်းက သိသိသာသာကြီးတာတော့ မဟုတ်သေးပါဖူး။ ဆေးနာမည်တော့ မမှတ်မိတော့ပါဖူး။ အဲ့ ဒါကလွန်ခဲ့တဲ့ ၂ နှစ်ကပါ။ ဆေး ၁ နှစ် လောက်စားပြီးတော့ ဆေးစားတာ နားခိုင်းလိုက်ပါတယ်။ ကျမလည်း ပျောက်ပြီးထင်သွားပါတယ်။ ဒါပေမဲ့ ဆေးဖြတ်ပြီး ၂ နှစ်လောက် ရှိတော့မှ လည်ပင်းက အရင်ကထက် နည်းနည်း ပိုကြီးလာတယ်ထင်လို့ ပျောက်-မပျောက် သေချာသွားမေးမယ်ဆိုပြီး ထပ်သွားတော့ အရင်ပြတဲ့ အထူးကုပါပဲ သူထပ်ပြောတာက နည်းနည်းပိုကြီးလာတယ် ဆေး ၁လစာ ထပ်ပေးစားပါတယ်။ ဆေးနာမည်က thyrosit 100mcg ပါ။ နံနက်အစာ စားပြီး ၁ လုံးသောက်ခိုင်းပါတယ်။ ဆေးစားပြီး မသက်သာရင်တော့ အသားကို ယူစစ်မယ် ပြောပါတယ်။ သွေးတော့ စစ်ပြီးပါပြီး။ ကျမသိချင်တာက ကျမ လည်ပင်းက တဖြည်းဖြည်း ကြီးလာမဲ့သဘော ရှိပါသလား။ အသားကို စစ်ရင်ရော ပိုက်ဆံ အရမ်းကုန်မှာလား။ ခွဲရမဲ့ အနေအထားရော ရှိနိုင်ပါသလား။

• လည်ပင်းကြီးနဲ့ဆိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိတယ်။ ငယ်ကတည်းကဆိုရင် နေရာဒေသအလိုက် ဖြစ်တတ်တဲ့ အိုင်အိုဒင်းဆား နည်းရာ အရပ်ဒေသမှာ နေခဲ့ရသူဖြစ်မယ်။
• အရွယ်အစားကြီးနေမယ်။ Simple Goiter ရိုးရိုးလည်ပင်းကြီးရောဂါလို့ ခေါ်တယ်။ ကြည့်ရတာ တမျိုးဖြစ်နေတာကလွဲရင် ဘာမှ စိုးရိမ်စရာ မလိုဘူး။ အိုင်အိုင်ဒင်းဆား အမြဲစားနေရမယ်။
• ကြီးလာတာကို တချိန်ချိန်မှာ ခွဲရတယ်။ ကင်ဆာလဲမဖြစ်ဘူး၊ မျိုရတာလဲမခက်ဘူး၊ အသက်ရှူလဲမခက်ဘူး။ ပြန်သေးသွားတယ်ဆိုတာ မရှိသလောက်ဘဲ။
• နောက်အမျိုးတွေက ဟော်မုန်းတွေနဲ့ ဆိုင်တယ်။ နည်းသူရှိတယ်၊ များသူရှိတယ်။ များသူမှာ အရွယ်အစား မသိမသာသာ ကြီးနေနိုင်တယ်။ နှစ်မျိုးလုံး ဆေးအမြဲသောက်ရတယ်။
• များသူဆိုရင် ခွဲတာလဲ လုပ်ရနိုင်တယ်။ အနုမြူဆေးလဲ သောက်ရတတ်တယ်။ နည်းနေသူဆိုရင် တသက်လုံးလိုလို ဆေးသောက်နေရမယ်။
• နောက်အမျိုးတွေလဲ ရှိပြန်သေးတယ်။ အသားပိုလို အကျိတ်ဖြစ်တာ။ ကြီးနေမယ်။ ကင်ဆာ နဲ့ ကင်ဆာမဟုတ်တာ နှစ်မျိုးရှိပြန်တယ်။ ခွဲရမယ်။ ဆေးနဲ့မရပါ။
• ပြောပြတဲ့ဆေးက ဟော်မုန်းနည်းနေသူအတွက်ပေးတာဖြစ်တယ်။ ဆရာရေးထားတာရှိတယ်။ လည်ပင်ကြီးခွဲပြီးနောက် ဟော်မုန်းနည်းသွားလို့ ဖြစ်တဲ့အကြောင်း ရေးဘူးတယ်။ Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)
• ဆေးစစ်ရင် သွေးလည်းစစ်ရတယ်။ ဟော်မုန်း အနည်း-အများ စစ်တာပြောတာပါ။ နည်းနေသူကို အဲဒီဆေး Thyrosit ပေးမယ်။
• အသားစကို ထုတ်စစ်တာ ကုန်ကျစရိတ် အဲဒီနိုင်ငံမှာ ဘယ်လောက်လဲ ဆရာ မသိပါ။ အများကြီး ကုန်စရာမျိုးတော့ မဟုတ်ပါ။

Jul 1, 2011 at 11:41 AM
ကျွန်မ အသက်ရှူမဝလို့ ဆေးခန်းသွားပြတော့ ဆရာမက အကြောဆေး ထိုးပေးရင် ကလေးရှိလားလို့ မေးတော့ ကလေး မရသေးတဲ့ အကြောင်း ပြောမိပါတယ်။ အဲဒါအဲဆရာဝန်က ဒီဆေးကို သူ့ဆေးခန်းဘေးက ဆိုင်မှာ ဝယ်ခိုင်ပါတယ် သောက်ကြည့်ဖို့ ပေါ့နော်။ ကျွန်မအတွက် ကလေးရဖို့ အထောက်အကူရမယ်လို့ ထင်ပြီး သောက်ပါတယ်။ အားနာလို့ ဘာအတွက် ကောင်းလဲ မမေးမိပါဘူ။ ကျွန်မအသက် ၃ဝ အဝင်၊ အရပ်က ၄ ပေ ၉ လက္မ၊ ပုပြီးဝပါတယ်။ ဆေးသောက်တာ ၃ နှစ်နီးပါး ရှိတဲ့အတွက် ဒီဆေးသောက်ရင်၊ အများအပြော သားအိမ် ကျုံ့သွားတာကို အထောက်အကူ ပြုမလား။ အရမ်းဝမှာကိုလဲ စိုးရိမ်လို့ပါ။ သောက်ဖို့မလိုဘူး ဆိုရင် ရပ်လိုက်မလို့ပါ။

• ကလေးရစေအောင်ပေးတဲ့ဆေးမျိုးကလူကို ဝစေ၊ ပိန်စေ ဖြစ်နိုင်ပါတယ်။
• သားအိမ်ကို ကျုံ့စေအာင်မလုပ်ပါ။ မျိုးဥထွက်စေဘို့အတွက် လုပ်တာဖြစ်ပါတယ်။
• ပိန်မယ်၊ ဝမယ်ဆိုတာလဲ တယောက်နဲ့ တယောက်မတူပါ။
• ဆေးနာမည်သိရမှ ဒါထက်ပိုပြောနိုင်ပါမယ်။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...