Friday, September 9, 2011

Q and A September 2011 (9)

၁။ က်ားအဂါၤမွာ အသီးသေးသေးလေး နှစ်ခု
၂။ I wanna know something about Viagra
၃။ Vagina အဝမှာ အသားတစ်လေးတစ်ခုက
၎။ သမီး သွားအရမ်းနာနေလို့ပါ။
၅။ မူးယစ်ဆေး စွဲနေလို့
၆။ သုံးလခံတားဆေး
၇။ English လို ခန္ဓာကိုယ်နှင့် ပတ်သက်၍
၈။ စီလီကွန်ထိုးထည့်ခြင်း ဖြစ်သည့်အတွက်
၉။ ဘယ်အချိန်တွေ သောက်ရမလဲ။
၁ဝ။ IVF နဲ့ ကလေးယူမလို့ ရှိတယ်။
၁၁။ ဘာဆေးလိမ်းရမလဲဆရာ။


2011/9/26
ကျွန်တော့်နာမည် (့) ပါ။ (့) မှာ နေပါတယ်။ အသက်ကတော့ ၂၆ နှစ်ရှိပါပြီ။ ကျားအဂါင်္မှာ အသီးသေးသေးလေး နှစ်ခု ဖြစ်နေပါတယ်ခင်ဗျာ။ အပေါ်အရေခွံမှာ မဟုတ်ပါခင်ဗျာ။ အတွင်း (ကန်တော့ပါဆရာ) (့) အောက်နားလေးမှာတစ်ခု၊ မှိုဖူး မျက်နှာပြင်ပေါ်မှာ တစ်ခုပါ။ အဲဒီအသီးလေးတွေဖြစ်တာ ၅ ရက်လောက်တော့ရှိပါပြီ။ အဲဒါ စိုးရိမ်လို့ စိုးရိမ်စရာရှိ/မရှိနှင့် မည်သည့် ဆေးဝါးသုံးစွဲလျှင် ပျောက်ကင်းနိုင်ကြောင်းအား ဖြေကြားပေးစေချင်ပါတယ်။ ပျောက်ကင်းနိုင်သော ဆေးဝါးရှိလျှင် ဆေးအမည်နှင့် ဝယ်ယူရနိုင်သည့်ဆိုင်၊ ဆေး၏ဈေးနှုန်းတို့အား ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်။

နာသလား။ ယားသလား။ အရောင်။ လိင်ဆက်ဆံတာ ရှိဘူးသလား။ ကြွက်နို့လို့ ထင်သလား။

Sep 26, 2011 at 11:40 AM,
I wanna know something about Viagra that I don’t know clearly. How many medicines (doses) does it have? How many medicines must I take? Just only one medicine? Before making love (45mins), I must take it? Can I buy it here (YGN)? How much is it? Cheap? Plz explain clearly and details.
- Viagra သန်မာစေတဲ့ဆေး
- Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) တွေကို ဖတ်ပါ။
ရန်ကုန်ဈေးနှုန်း မသိပါ။

2011/9/24
ကျွန်တော့် အမျိုးသမီး ကလေးမွေးထားတာ ၃ လ ရှိပါပြီ၊ ရိုးရိုးမွေးတာပါ။ ကလေးခြားဖို့ ၃ လဆေးထိုးထားပါတယ်။ မွေးပြီးမှ အတူနေတာ ၃၊ ၄ ကြိမ်ရှိပါပြီ။ အတူနေတိုင်းလည်း မိန်းမကိုယ်အဝက အရမ်းနာပါတယ်။ သေသေချာချာကြည့်မိတော့ Vagina အဝမှာ အသားတစ်လေးတစ်ခုက သွေးခြေဥသလိုနီနေပါတယ်။ ဆီးပေါက်ပြီးတိုင်း ဆေးတဲ့အခါမှာလည်း စပ်နေပါတယ်တဲ့။ တားဆေး ထိုးပြီးကတည်းက ရာသီ အဆက်မပြတ်လာနေလို့ OG နဲ့လည်း ပြန်မပြဖြစ်သေးပါဘူး။ သားအိမ်ခေါင်းကင်ဆာတွေ ဘာတွေကော ဖြစ်နိုင်သလား။ ဘာလုပ်သင့်တယ်ဆိုတာ အကြံဥာဏ်လေးပေးပါ။

ကလေးအမေရဲ့ အသက်၊ ကလေး ဘယ်နှစ်ယောက်မွေးပြီး၊ မွေးတုံးက ချုပ်ရသလား။ နဲနဲဖြစ်ဖြစ် စုပ်ပြဲတာဖြစ်သေးလား။ အရင်ကကော တားဆေး-ထိုးဆေး ထိုးဘူးသလား။ အဖြူဆင်းသလား။ မေးတာတွေ ပြန်မသိရခင် ပြောရရင် ကင်ဆာ မဟုတ်ဘို့ များပါတယ်။

2011/9/24
အသက်က (၃ဝ) ပါ၊ သားဦးလေးမွေးတာပါ။ ချုပ်ရပါတယ်။ ချုပ်ရိုးဖြည်တော့ အနာကသိပ်မကျက်ချင်သေးဘူးလို့ ပြောပါတယ်။ အရင်က တားဆေးမထိုးဖူးပါဘူး။ ရာသီမှန်တဲ့ဆေးနဲ့ တားခဲ့တာပါ။ အဖြူမဆင်းဘူး။

ဒါဆိုရင် လမ်းကြောင်းချဲ့ပြီး ပြန်ချုပ်တဲ့နေရာက အကင်းမသေသေးတာဖြစ်မှာပါ။ တခါတလေ ချုပ်ရိုးစ ထွက်လာတတ်တယ်။ အတွင်းချုပ်ကြိုး၊ အပြင်ချုပ်ကြိုး တခုခုထွက်စရာရှိရင်လဲ နဂိုအနေ မရောက်နိုင်သေးတတ်ဘူး။ ကြိုးစလိုလို စမ်းမိ၊ မြင်မိရင် ပြန်ပြပါ။ အသာလေး ဆွဲထုတ်ပေးပါလိမ့်မယ်။ အနာနဲနဲရင်းသူဆိုရင်လဲ အမာရွတ် ကြီး-မာ နေတတ်တယ်။ ကြာရင် ကောင်းတာပါ။ တားဆေး-ထိုးဆေးက အမျိုးမျိုးဖြစ်စေနိုင်တယ်။ ရာသီ နည်းသူက များတယ်။ ရေးထားတဲ့စာ ဖတ်နိုင်ပါတယ်။

2011/9/26
အနာက အကင်းမသေသေးရင်ဘာလုပ်သင့်လဲ။ လွန်ခဲ့တဲ့ တစ်လကျော်လောက်က OG နဲ့ပြတာ လိမ်းဆေး Gel တစ်မျိုးတော့ ပေးလိုက်တယ်။ အနာကျက်ဖို့ အဲ့ဒီလောက် ကြာတတ်လား။ ကလေးမွေးပြီးတာ သုံးလ ရှိပြီ။ ပြန်ချုပ်ဖို့ကော လိုအပ်ပါသလား။ ကျွန်တော်နဲ့ အတူနေပြီးရင် အင်္ဂါအဝက စပ်ပြီး နာနေလို့ ဆီးသွားရမှာတောင် သူကြောက်နေတယ်။

အနာအကင်းမသေတာ၊ ရင်းတာ နဲ့ ပြန်ချုပ်သင့်တာ တခုခုဖြစ်နေမယ်။ အနာ ရင်းစေမဲ့ ပိုးဝင်တာမျိုးက ပိုးသေဆေးတွေက ကောင်းကောင်းနိုင်ပါတယ်။ ၁ လဆိုရင် အနာ ကောင်းကောင်းကျက်ရမှာပါ။ ချုပ်ကြိုးကျန်တာလဲ ဖြစ်နိုင်တယ်။ Muscle အတွင်းသားက Vaginal skin အပြင်မှာ ပေါ်နေတာလဲ ဖြစ်နိုင်တယ်။ အဲဒါမျိုးထင်ရတယ်။ တနေ့ကဘဲ ဆရာ့ဆေးခန်းလေးမှာ အစိုးရဆေးရုံမှာသွားမွေး၊ ချုပ်ပေးထားသူ အဲလိုဖြစ်နေလို့ လာပြတယ်။ ညာဘက်ဘေးမှာ အသားစလိုတွေလို့ ထုတ်ပေးရတယ်။ သူ ဒုတိယတခေါက် ပြန်လာရသေးတယ်။ အခုကောင်းနေပါတယ်။ OG နဲ့ပြတာ ကောင်းပါတယ်။ ဖြစ်တာပြောပြပါ။ ပြန်ချုပ်ရမှာမျိုးတော့ မဖြစ်လောက်ပါ။

Mon, Sep 26, 2011 at 4:16 PM
သမီး သွားအရမ်းနာနေလို့ပါ။ ကိုက်တာလား နာတာလား သေချာမပြောပြတတ်ဖူး။ သွားအသစ်၊ အံသွားက (အောက်သွား ဘယ်ဖက်) သွားဖုံးကိုထိုးပြီး နာနေတာပါ။ အဲ့ဒီ သွားက ထွက်နေတာ ၁ နှစ်ကျော် ရှိပြီထင်ပါတယ်။ နဲနဲ နဲနဲနဲ့ အခုထိ တဝက်တောင် ပြီးအောင် မထွက်သေးတာ။ ပြီးခဲ့တဲ့ ၂ရက်က ညက နိုးလာတော့ အဲ့ဒီ နောက်ဆုံးသွားနေရာမှာ သွေးဖတ်လေးတွေ့တယ်။ သွေးထွက်နေတာမျိုး မဟုတ်ဘဲ တနေရာကနေ သွေးအဖတ်ထွက်လာတာမျိုး။ နောက်ရက်ကျတော့ အဲ့ဒီနောက်ဆုံးသွား နာနေတဲ့နေရာကို တစ်ရူးကို ၄ ခေါက်ခေါက်ပြီး ထိကြည့်တော့ တစ်ရူးမှာ ပြည်လိုလို အဝါရောင်လေးတွေပါလာတယ်။ အဲ့ဒီသွားကို ဒီတိုင်းကြည့်ရင်တော့ အရမ်း ဆိုးဆိုးဝါးဝါးပုံမျိုး မဟုတ်ဖူး။ ပုံမုန် အတိုင်းပဲ။ ဒါပေမယ့် မခံနိုင်အောင် နာနေတယ်။ သွားဆေးခန်းသွား၊ သွားနှုတ်ဖို့ကလည်း နောက် ၁ဝ ရက်လောက်နေမှ သွားနိုင်မှာမို့ အနာသက်သာအောင် ဘာလိမ်းဆေး၊ သောက်ဆေးတွေ သုံးရမယ်။ ဘာတွေလုပ်ရမယ်၊ ဘာတွေ ရှောင်ရမယ် ဆိုတာပြောပြပါလား။ သမီးက စာမေးပွဲ ဖြေနေတာမို့ပါ။ သွားနာနေတာ ကြာပါပြီ။ မခံနိုင်အောင် နာတာတော့ ၃ ရက်၊ ၄ ရက်လောက်ပဲ ရှိပါသေးတယ်။ သွားနာတာနဲ့အတူ နားပါကိုက်နေပါတယ်။ ၁ ပတ်၊ ၁ ပတ်ကျော်တာင် ရှိပြီထင်ပါတယ်။ မနေ့ညနဲ့ ဒီနေ့ဆို သွားနဲ့ နားတင်မကဘဲ ခေါင်းပါကိုက် နေပါတယ်။ ဘာဆေးသောက်ရမယ်၊ ဘာ ointment or cream သုံးရမယ် ဆိုတာ ပြောပေးပါရှင့်။

ဆောရီး၊ ဖြေတာ နဲနဲကြာသွားတယ်။ သွားတောင် အတော်ကိုက်နေမယ်ထင်တယ်။
Wisdom teeth အံဆုံးပေါက်တာ တချို့မှာ အတော်ခံရတယ်။ လိုအပ်ရင် ခွဲစိတ်တာအထိလုပ်ရတတ်တယ်။ လူတိုင်းမဟုတ်ပါ။
Pain နာမယ်။ jaw stiffness မေးလှုပ်မရဖြစ်မယ်။ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အတွင်းအဖြစ်များတယ်။
အစာအထဲဝင်တာနဲ့ Gum infection ပိုးဝင်တတ်တယ်။
တချို့က Wrong direction လားရာလွဲပေါက်တတ်တယ်။ တချို့မှာ
သွားဖုံးထဲကနေ Impacted wisdom teeth မထွက်လာနိုင်ဘဲနေတယ်။ ဒီလိုဖြစ်တာလဲ အမျိုးအစားကွဲတွေ ရှိတယ်။ Mesioangular impaction (44%), Vertical impaction (38%), Distoangular impaction (6%) နဲ့ Horizontal impaction (3%) ဖြစ်တယ်။
Partial eruption အကုန်မထွက်နိုင်တာဖြစ်နိုင်တယ်။
အနာ-အကိုက်ပျောက်ဆေး အားကိုးရတယ်။
Hydrogen peroxide ဆေးနဲ့ ခံတွင်းကို သန့်ပေးရတယ်။
Infection (အင်ဖက်ရှင်) ဝင်ရင် Pericoronitis ရောဂါဖြစ်နိုင်တယ်။
လိုအပ်ရင် နုတ်ပြစ်ရတယ်။ ဒီသွားမျိုးကိုနုတ်ပြီးရင် တချို့ကို ချုပ်ပေးရတယ်။

23 Sep 11, 11:42
Q: ကျွန်တော် မူးယစ်ဆေး စွဲနေလို့ ဘယ်လိုဖြတ်သင့်လဲဆိုတာ ကူညီပါဆရာ။
A: ဆောရီး။ စာသပ်သပ် မရေးဖြစ်သေးပါ။ ဖြတ်ချင်စိတ်ရှိရင် ဖြတ်လို့ ရပါတယ်။ ဆိုင်ရာ ဆရာဝန် နဲ့ စနစ်တကျလုပ်ပါ။ စိတ်ကို နိုင်ပါစေ။

25 Sep 11, 19:25
Q: ကျမ သုံးလခံတားဆေး ထိုးထားပါတယ်။ ထိုးပြီးပြီးချင်း လိင်ဆက်ဆံရင် ကလေးရနိုင်ပါသလား။ ထိုးပြီး ဘယ်နှစ်ရက်မှာ စနေလို့ရှိရင် ကိုဝန်မရနိုင်ပါသလဲ သိချင်ပါတယ်ရှင့်။
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=450:depo-provera-&catid=34:adult-readings&Itemid=49 Depo Provera သုံးလခံ ထိုးဆေး ကိုဖတ်ပါ။

25 Sep 11, 22:24
Q: ကိုယ်ခန္ဓာ အတွင်းအပြင် တစ်ခုလုံးကို ဘယ်အရာကို ဘာလိုခေါ်သလဲဆိုတာကို English လို Point လုပ်တဲ့ ရုပ်ပုံနှင့်တကွ ပေးလို့ ရမလား။ English လို ခန္ဓာကိုယ်နှင့် ပတ်သက်၍ လုံးဝမသိလို့။
A: မေးတာကို နားမလည်ပါ။

26 Sep 11, 09:56
Q: ကျားအင်္ဂါကြီးဆေးကို ထိုးဆေးထိုးခြင်းပာာ စီလီကွန်ထိုးထည့်ခြင်း ဖြစ်သည့်အတွက် ကင်ဆာ ဖြစ်စေနိုင်ပါသလား။ တခြား ဆိုးကျိုးတွေ သိပါရစေ။
A: http://www.yamunaclinic.org/index.php?option=com_content&view=category&layout=blog&id=34&Itemid=49 မှာ ရှာဖတ်ပါ။

23 Sep 11, 18:50
Q: ၇ ရက်နေ့ မနက် ၁ဝ နာရီနဲ့ ၁ဝ ရက်နေ့ မနက် ၆ နာရီအတွင်း လိင်ဆက်ဆံဖြစ်မယ်ဆိုရင် emergency contraceptive ကို ဘယ်အချိန်တွေ သောက်ရမလဲ။
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2756:different-methods-of-contraception-&catid=34:adult-readings&Itemid=49 Different Methods of Contraception ပဋိသန္ဓေတားနည်းများ နဲ့ http://www.yamunaclinic.org/index.php?option=com_content&view=article&id=436:emergency-contraception-2-&catid=34:adult-readings&Itemid=49 Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) တွေကိုဖတ်ပါ။

24 Sep 11, 15:32
Q: ဆရာရှင့် ကျမ IVF နဲ့ ကလေးယူမလို့ ရှိတယ်။ အဲ့ဒါ ဘာတွေပြင်ဆင်းထားရမလဲရှင့်။ ကျမသိသင့်သိထိုက်တာလေးတွေကို ဖြေကြားပေပါရှင့်။
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2772:infertility-1-&catid=34:adult-readings&Itemid=49 Infertility (1) ကလေးမရနိုင်သေးခြင်း (၁) နဲ့ http://www.yamunaclinic.org/index.php?option=com_content&view=article&id=453:infertility-2-&catid=34:adult-readings&Itemid=49 Infertility (2) ကလေးမရနိုင်သေးခြင်း (၂) တွေကိုဖတ်ပါ။

17 Sep 11, 23:06
Q: ကျွန်တော့် လိင်တံ ထိပ်ဖူးမှာ အနီစက် သေးသေးလေးတွေ ပေါက်နေပါတယ်။ ဘာရောဂါလဲဆိုတာ သိချင်လို့ပါ။ ပျောက်အောင် ဘာဆေးလိမ်းရမလဲဆရာ။ ညွှန်ကြားပေးပါ။
A: ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။

Q and A from C-box September 2011 (2)
၁။ Please suggest me Antibiotic cream
၂။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါခင်ဗျာ။
၃။ အမည်လေးသိချင်ပါတယ်။
၎။ အနံမရှိ၊ ယားယံခြင်းမရှိ။
၅။ Can I take pills for 3 to 4 years doctor?
၆။ နှလုံးရောဂါ နဲ့ ပတ်သက်တဲ့
၇။ သွေးလေးဘက်နာအကြောင်းကို

18 Sep 11, 23:56
Q: Please suggest me Antibiotic cream which is suitable for face. Before dermaroller, can I use 70% alcohol to clean my face? I plan to use dermaroller on my face. After dermaroller, I have to use antibiotics cream.
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2957:dermaroller---&catid=30:medical-writings-&Itemid=46

17 Sep 11, 19:47
Q: ကျွန်တော့် အမျိုးသမီး တကိုယ်လုံး (ခြေ၊ လက်၊ ကိုယ်၊ နဖူး) မှာ အပိန့်တွေလိုမျိုး ထပြီး ယားယံနေတာ ၄ ရက်ခန့်ရှိပါပြီ။ဆေးထိုးတာလဲ မသက်သာပါဘူး။ အဲဒါ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါခင်ဗျာ။
A: http://www.yamunaclinic.org/ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။

17 Sep 11, 11:48
Q: ကိုယ်ဝန် ရှိ-မရှိ တိုင်းကိရိယာကို ဘယ်လိုပါသလဲ။ အမည်လေးသိချင်ပါတယ်။
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=276:pregnancy-tests-&catid=34:adult-readings&Itemid=49 Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

16 Sep 11, 21:56
Q: ရာသီမလာပဲ အဖြူအများကြီး ဆင်းနေလို့ပါ။ အနံမရှိ၊ ယားယံခြင်းမရှိ။ အိမ်ထောင်သက် ၉ လ။ အတူနေစဉ် ကွန်ဒုံးသုံးပါတယ်။ တားဆေး မသုံးပါ။ ဆီးစစ်ချက်မှာ တလိုင်းသာပေါ်ပါတယ်။
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=433:vaginal-discharge-&catid=34:adult-readings&Itemid=49 Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

13 Sep 11, 09:06
Q: I used birth control pills for over 2 years and I don't want to use it anymore. But I dont know which way is the best way to prevent pregnant. So please tell me which way is the best way. Can I take pills for 3 to 4 years doctor?
A: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2928:faqs-hormonal-birth-control-&catid=30:medic FAQs Hormonal birth control pills ကိုယ်ဝန်တား ဟော်မုန်းပါ စားဆေး အမေး-အဖြေများ ကို ဖတ်ပါ။

12 Sep 11, 15:07
Q: နှလုံးရောဂါ နဲ့ ပတ်သက်တဲ့ ရှောင်ရန် ဆောင်ရန်လေးတွေ ပြောပြပါနော်။
A: နှလုံးရောဂါက အမျိုးမျိုး။ အတိအကျ သိချင်တာ တခုကို မေးပါ။ Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) နဲ့ Lown–Ganong–Levine syndrome (LGL) နှလုံးခုန်မြန်တဲ့ ရောဂါဆန်း ရေးထားပါတယ်။

12 Sep 11, 13:47
Q: ညီမက သွေးလေးဘက်နာအကြောင်းကို သိချင်ပါတယ်ရှင့်။ ဒီရောဂါက ဘယ်လိုစဖြစ်တယ် ဘယ်လိုကုသရမယ်ဆိုတာ သိချင်လို့ပါဆရာ။
A: မြန်မာလိုခေါ်တဲ့ ရောဂါနာမည်က တနေရာတမျိုးမို့ သိချင်တဲ့ရောဂါရဲ့ လက္ခဏာတွေ ပြောပြပါ။
12 Sep 11, 15:45
Q: ဟုတ်ကဲ့ဆရာ ညီမသိချင်တာက အဲ့ရောဂါက သွေးလေးကယောင်ခြောက်ခြားဖြစ်တတ်ပါသလား။ ညီမ အသိတယောက်က အဲ့ရောဂါဖြစ်နေပါတယ်ခု သူစိတ်တွေက မတည်ငြိမ်တာကို တွေ့နေရပါတယ်ဆရာ။ အဲ့ရောဂါ က အဲ့ဒါမျိုး ဖြစ်တတ်ပါသလား။ ဆရာ
A: မဟုတ်သေးဘူး။ ဘာရောဂါကို ပြောချင်တာလဲ မသိသေးဘူး။ လေးဘက်နာ ဆိုရင် ရေးထားတာရှာပါ. သွေးလေးဘက်နာ ဆိုတာ ဆရာ မသိပါ။

Thursday, September 8, 2011

Q and A September 2011 (8)

၁။ ပိန်ဆေးအကြောင်း (ကောင်းကျိုး၊ ဆိုးကျိုး) သိချင်ပါသည်ရှင်။
၂။ I would like to know the menstruation period and
၃။ ထိပ်ခတ်နာလား၊ ထိပ်ကွက်နာလား၊

2011/9/26
Figger 1000 (Nutri Master) ပိန်ဆေးအကြောင်း (ကောင်းကျိုး၊ ဆိုးကျိုး) သိချင်ပါသည်ရှင်။ အစာစားပြီး ၁ လုံး၊ တနေ့ ၂ ကြိမ် သောက်လို့ရသည် ညွန်းပါတယ်။ အသက် ၂၇ ကျော်၊ အရပ် ၅ ပေ ၂ လက်မမှာ ပေါင်ချိန် ၁၃၂ ဖြစ်နေပါတယ်ရှင်။ ပေါင်ချိန် ၁၁ဝ လောက်ဖြစ်ချင်ပါသဖြင့် ဆေးကောင်းနည်းကောင်းများ ရှိလျှင် ညွန်ပြပေးစေချင်ပါသည်ရှင်။ ဆရာဝန်တယောက်ညွန်းသည်မှာ Orlistart ပိန်ဆေးဖြစ်ပါသည်။ ၄င်းဆေး၏ ကောင်းကျိုးဆိုးကျိုးများလည်း သိချင်ပါသည်ရှင်။

Figger 1000 VLA and (Vitamin E) ကို ပိန်ဆေးဆိုပြီး ဆေးကုပ္မဏီ ကြော်ညာမှာ ဖတ်ရတယ်။ ဆေးကို Safflower ကနေ ထုတ်တာလို့ ပါတယ်။ ဓါတုနာမည်ကတော့ Conjugated linoleic acids (CLA) ဖြစ်တယ်။ ဒီအက်စစ်ဓါတ်ဟာ အမဲသား ကနေရတယ်။ သားပိုက်ကောင် အသားကလဲရတယ်။ Trans fatty acids ဖြစ်ပေမဲ့ လူကို အကျိုးပြုနိုင်ပုံရတယ်လို့ ဆိုတယ်။ အစတုံးက ကင်ဆာဆေး ဖြစ်နိုင်တယ်လို့ အကောင်တွေကို စမ်းသပ်ရာကနေ သိလာတယ်။ နောက်ပိုင်းမှာ Belly firmness ဗိုက်ချပ်အောင် သုံးလာတယ်။ ဒိနောက်မှာ Weight management ကိုယ်အလေးချိန်ကျအောင် သုံးလာတယ်။ အစွမ်းသတ္ကိက အသင့်အတင့် ရှိတယ်လို့ဆိုတယ်။ 3.2g/day သောက်ရတယ်။ ဒါထက်ပိုလဲ မထူးဘူး။ အမှန်က အဆီကို သက်ရောက်စေတယ်။ အလေးချိန် သိပ်ကျဘို့တော့ကတော့ နဲနဲသာဖြစ်စေတယ်။ Obesity အဝလွန်နေတာကိုတော့ မကာကွယ်နိုင်ဘူး။ ဆီးချို ဖြစ်လာစေနိုင်တယ်။ ဆီးချိုကို သက်သာစေတယ်လို့ ဆိုတာလဲ ရှိသေးပြန်တယ်။ သည်းခြေကျောက် ဖြစ်နိုင်ခြေ ပိုများတယ်။ ချုပ်ပြောရရင် ဒီဆေးကို ပိန်ဆေးအဖြစ်သုံးတာ ထိရောက်မှု အသင့်အတင့် ရှိနိုင်တယ်။ ဆီးချို ဖြစ်မလာအောင် စစ်နေသင့်တယ်။

Orlistat (Xenical) ဆေးက Tetrahydrolipstatin ပါတယ်။ ပိန်ဆေးအဖြစ်ရောင်းတယ်။ စားတဲ့အစာထဲက အဆီကို အူကနေ စုပ်ယူမှာကို တားဆီးပေးတယ်။ လူပိန်စေအောင် အသင့်အတင့်ကောင်းတယ်။ Lifestyle modifications လူနေမှုပုံစံ ပြောင်းတာနဲ့
တွဲရတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်တာ။ ကြာမှ အစွမ်းပြတယ်။ တနှစ်နေရင် ၂-၃ ကီလို လျော့တယ်။ ဆေးဖြတ်ရင် အလေးချိန် ပြန်တက်နိုင်တယ်။ သွေးတိုလဲသက်သာစေတယ်။ ဆီးချိုလဲ သက်သာစေတယ်။ ဒီဆေးသောက်ရင် ဝမ်းထဲမှာ အဆီတွေ ပါနေမယ်။ Steatorrhea ခေါ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မပေးရဘူး။

Sep 26, 2011
I would like to know the menstruation period and when is the safe period to avoid pregnancy and is there any charts related to this for a clear explanation? Can you please reply just by Myanmar language?

- Calendar method ပြက္ခဒိန်နည်း
- Different Methods of Contraception ပဋိသန္ဓေတားနည်းများ တွေကိုဖတ်ပါ။

2011/9/26
ဗမာအခေါ် ထိပ်ခတ်နာလား၊ ထိပ်ကွက်နာလား၊ ရှင်းရှင်းလင်းလင်း မခေါ်တတ်ပါခင်ဗျာ။ နှာခေါင်းဟာ အမြဲတမ်း နှာစေးနေတာကို ပြောတာပါ။ ကျွန်တော့် မိတ်ဆွေ မိန်းခလေးတစ်ယောက်မှာ ဖြစ်နေပါတယ်။ နှာခေါင်းထဲမှာ နှာရည်တွေ အမြဲတမ်း ရှိနေပြီး၊ တစ်ရှုးလိပ်ကိုကိုင်ကာ အမြဲတမ်း နှပ်ညှစ်နေရပါတယ်။ ဘာ့ကြောင့် အဲဒီလိုဖြစ်နေတာလဲ၊ ဘယ်လိုကုသရင် ပျောက်ကင်းမလဲ၊ ဘယ်လိုဆေးမျိုး သုံးသင့်သလဲ စသည်ဖြင့်ပေါ့ ဆရာ။

-Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
- Allergic rhinitis အလာဂျီ နှာခေါင်း တွေကို ဖတတ်ပါ။
- ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။

Wednesday, September 7, 2011

Q and A September 2011 (7)

၁။ ပဋိသန္ဓေတားဆေး သောက်နေတာ ၂ ကဒ်ကုန်လို့
၂။ လူတောထဲ မသွားရဲဘူးဖြစ်လာတယ်။
၃။ ပျော့နေတယ် မသန်နိုင်တော့သလိုမျိုးပဲ။
၎။ ကလေးမွေးထားတာ ၃ လ ရှိပါပြီ။

Sat, Sep 24, 2011 at 10:54 AM
သမီးအခု ဆရာဝန်ပေးတဲ့ ပဋိသန္ဓေတားဆေး သောက်နေတာ ၂ ကဒ်ကုန်လို့ ၃ ကဒ်သောက်နေပါတယ်။ ၃ ကဒ်မြောက်ဆေးကဒ်ရဲ့ ၅ လုံးလောက်သောက်ပြီးတဲ့အခါ ရာသီသွေး နဲနဲဆင်းနေတယ်။ ၄၊ ၅ ရက်လောက်ရှိပြီ။ နေ့ပိုင်းနည်းနည်းဆင်းချင်ဆင်းတယ်၊ ည ပိုင်းမှာလည်း နည်းနည်းဆင်းချင်ဆင်းတယ်။ နေ့ဘက်ဆင်းရင် ညဘက်မဆင်းဘူးဆရာ။ အဲ့ဒီလိုဖြစ်နေတာ ၆ ရက်လောက်ရှိပြီ။ တားဆေးကိုတော့ ဆက်သောက်နေပါတယ်။ တားဆေးသောက်နေရက်နဲ့ ဘာဖြစ်လို့ အဲ့ဒီလို ဖြစ်ရတာလဲဆရာ။ သမီးဆေးကဒ်ရဲ့ နောက်ဆုံးတန်းက ၅ လုံးကိုလည်း မသောက်မိပါဘူး။ အခုလိုဖြစ်နေတော့ ခေါင်းလျှော်လို့ရ/မရ ကိုလည်းသိချင်ပါတယ်။

တားဆေးတွေက ရာသီကို ကပြောင်းကပြန်ဖြစ်တတ်ပါတယ်။ ၆ ရက်ဆိုတော့ နဲနဲ များသလိုဘဲ။ စောင့်ကြည့်နိုင်ပါတယ်။ ဆေးကိုတော့ မရပ်ပါနဲ့။ နောက်ဆုံးတန်းက ၇ လုံး မဟုတ်လား။ မသောက်လဲ ကိစ္စမရှိပါ။ ခေါင်းလျှော်လို့ ရပါတယ်။

Sat, Sep 24, 2011 at 8:51 AM
2010 နိုဝင်ဘာလ လောက်ကဖြစ်မယ် (့) မှာ Haze တွေ ဖြစ်သွားပြီးထဲက နှာခေါင်းက နှာရည်ယိုတယ်။ နှာဆက်တိုက်ချေတာတွေ ဖြစ်လာပြီး အလုပ်လုပ်ရတာ ပတ်ဝန်းကျင်ထဲ သွားလာရတာကိုတောင် ထိခိုက်လာတယ်။ လူတောထဲ မသွားရဲဘူးဖြစ်လာတယ်။ Cetrize လောက်ပဲသောက်ပြီး ၁ ပတ်လောက် သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ပဲ။ ၃ လလောက် အကြာမှာ ဆရာဝန်က Nasal Rhinitis ဆိုပြီး Loratadine နဲ့ နှာခေါင်းထဲ ဖြန်းဆေးအပြင် တခြားဆေးတွေ အွန်ခဲ့တယ်။ အဲ့ဒီ ဆေးကို ၁ လတိတိ သောက်ပြီး နောက်ပိုင်း သက်သာတယ်လို့ ဆိုရမယ်။ ဒါပေမယ့် တခါထဲ ပြတ်မသွားဘူး။ အမြဲလိုလို ပြန်ဖြစ်နေပါတယ်။ ရေချိုးတာ အအေးခံတာတွေကအစ ဆင်ခြင်ပါတယ်။ ကိုယ့်ကိုယ်ကို နာတာရှည် လူမမာ တစ်ယောက်လို ခံစားလာရတယ်။ အနေအထိုင် ဆင်ခြင်လျက်နဲ့တောင် အဲဒီ နှာခေါင်းရောဂါက ပျောက်မသွားဘူး။ အဲ့ဒါနဲ့ Therapy green tea fragrance ထည့်ပြီး air revitalize သုံးတယ်။ အိမ်မှာကော အလုပ်ထဲမှာကော ကိုယ်နဲ့ပတ်သက်ရင် ဒီအနံ့ပဲ ပတ်ဝန်းကျင်မှာ ရှိနေအောင်နေတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလဲ သန့်ရှင်းအောင် ထားတယ်။ အရင်ကလောက် serious မဖြစ်ပေမယ့် ဖြစ်မြဲထပ်ဖြစ်နေတဲ့အခါ Loratadine ဆေးကဒ်ကို ဝယ်ပြီး တနေ့ ၂ ကြိမ် သောက်ပစ်တယ်။ ဒီကနေ့အထိပဲ။ နှာထပ်စေးလာတိုင်း ဘာမီတွန် သို့မဟုတ် Loratadine ကို သောက်နေရတယ်။ အဲ့ဒါက တခါတလေမှ မဟုတ်ပဲ နေ့ရက်တွေက စိပ်တယ်။ နှာခေါင်းထဲလဲ အမြဲမရှင်းဘူး။ ဒါပေမယ့် ပုတ်တော့ မပုတ်သေးပါဘူး။ အိပ်ရင်လဲ နှာခေါင်းက အသက်ရှူတာ မဝတော့ ပါးစပ်နဲ့ ရှူမိတယ်ထင်တယ်။ ငယ်ငယ်ထဲက အိပ်ရင် မဟောက်တတ်တာ အခု အိပ်ရင် အသံထွက်နေပြီ။ ပြီးတော့ အနံ့ခံတာကလဲ တခါတလေ အရမ်းပြင်းထန်တဲ့ အနံ့ကို ရချင်မှ ရတတ်သလို၊ တခါတလေကျ ဟိုး အိမ်အောက်က ဆေးလိပ်သောက်တဲ့ အနံ့ကိုတောင် ရချင် ရနေတတ်တယ်။ Disorder ဖြစ်နေပြီ ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းလာတယ်။ စိတ်ဓါတ်လဲ ကျလာတယ်။ သူငယ်ချင်းတွေက ချန်ထားတာခံလာရပြီ။ ဝဋ်နာကံနာ ဆိုတာကို မယုံကြည်ဘူး။ ကောင်းတာတွေပဲ လုပ်ပါတယ်။ စိတ်ကောင်းပဲ ထားပါတယ်။ ဘယ်လိုဖြစ်လို့ အဲဒီ နှာခေါင်းနဲ့ အသက်ရှူတဲ့ နေရာကျမှ မကောင်းခဲ့တာလဲ မသိပါဘူး။ အခု ဆက်ပြီး ဆေးမသောက်ချင်တော့ဘူး။ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တာတွေ ဖြစ်နိုင်သလား။ ဘာကြောင့် ဘယ်လို အခြေအနေမျိုးတွေက အဲ့ဒီ ရောဂါကို ဆိုးစေသလဲ၊ နာတာရှည်စေလဲ။ အနံ့ပြင်းသော ရေမွှေး၊ lotion/cosmetic တစ်ခုမှ မသုံးပါ။ Melaleuca က ပစ္စည်း အတော်များများကိုပဲ သုံးပါတယ်။ မေမေနဲ့ ညီလေးမှာလဲ ဖြစ်လေ့ ရှိပါတယ်။ အဲ့ဒီ ရောဂါဟာ မျိုးရိုး လိုက်ပါသလား။

ဆောရီး။ ဆရာရေးထားတာတွေ ဖတ်ဖြစ်မယ်ထင်ပါတယ်။ ကုသနည်း၊ ရှောင်နည်းတွေ ပါတယ်။ မေးတဲ့သူလုပ်တာတွေက အမှန်အတိုင်းဖြစ်ပါတယ်။ အဲလို ရောဂါမျိုးက နာတာရှည်ဖြစ်တယ်။ ပါတ်ဝန်းကျင်ပါ ပြောင်းချင်ပြောင်းရတတ်တယ်။ ဒါတောင် အာမခံချက်က ရာနှုံးပြည့်တော့ မဟုတ်ဘူး။ (အလာဂျီ) အခြေခံက ကိုယ့်မှာရှိနေပြီ။ မျိုးရိုးလိုက်တယ် ပြောရင်လဲ မမှားဘူး။ ဒါလဲ မွေးလာသူတိုင်းမှာ ဖြစ်တာတော့မဟုတ်ပါ။ (ကော်တီဇုန်း) ဆေးတွေက ယာယီသက်သာစေတယ်။ ကြာကြာသုံးလို့တော့ မကောင်းပြန်ဘူး။ လိုအပ်လာဂင်တော့ သုံးသင့်တယ်။ စားဆေး၊ ရှူဆေးတွေ ရှိတယ်။ ဖြစ်နေရင်း ဗက်တီးရီးယား ဝင်တတ်တယ်။
စိတ်ဓါတ်တော့ မကျပါနဲ့။ ကိုယ်လိုလူတွေ တလှေကြီးရှိတယ်။ ကိုယ်လောက် ဂရုမစိုက်နိုင်သူတွေလဲ အများကြီး။ အနေအထိုင်နဲ့ လူမှုဆက်ဆံရေးကို ထိခိုက်တာ မှန်ပေမဲ့ အသက်ကို မထိခိုက်ဘူး။ သူများကိုလဲ ကိုယ်ကနေ ရောဂါဖြန့်ဝေနေတာ မဟုတ်ဘူး။
ဘာကနေ ဆိုးစေသလဲဆိုတာ ကိုယ်တိုင်ပိုသိလိမ့်မယ်။ အနံ့အသက်၊ အမှုံအမွှား၊ အစားအသောက်၊ သတိနဲ့ စူးစမ်းကြည့်ပါ။ တ မျိုးထဲမဟုတ်ဘဲ တွဲပြီး မသင့်တာလဲ ရှိနိုင်တယ်။ ရှောင်ရင်း ရှောင်းရင် တခုမှမကျန် ရှောင်ရတာတော့ မဖြစ်စေနဲ့။ ကိုယ်ခံအား ကောင်းအောင် နေထိုင်စားသောက်ပါ။

Sat, Sep 24, 2011 at 12:08 PM
ကျွန်တော် အသက် ၂၈ ရှိပါပြီ၊ သေးပေါက်ရင် ချက်ချင်းမထွက်ဘဲ တစ်ခါတစ်လေ တစ်မိနစ်လောက်ထိ ကြာမှထွတ်လာပါတယ်။
ပုံမှန် မိနစ်ဝက်လောက် ကြာတတ်ပါတယ်၊ ၈ နှစ်လောက်ရှိပါပြီ။ နာတာကျင်တာတော့ ဘာမှမရှိပါ။ အဲဒါ ရောဂါတစ်ခုတစ်ခုများ ဖြစ်နေပြီလား စိုးရိမ်နေပါတယ်။ ဘာရောဂါဖြစ်နိုင်လဲ။ တကယ်လို့ ရောဂါဖြစ်ခဲ့ရင်ကော ဘယ်လိုကုသရမလဲ။ ကျွန်တော့် လိင်တံလဲ နည်းနည်း ပျော့နေတယ် မသန်နိုင်တော့သလိုမျိုးပဲ။ တစ်ခါတစ်လေ ဆက်ဆံရင်းနဲ့လဲ ပြန်ကျနေတတ်ပါတယ်။ ဆေးသုံးရမလား လေ့ကျင့်ခန်း လုပ်ရင်ကော ရနိုင်ပါသလား။ သွားမှာလဲ သွားပိုးစားထားတာရှိတယ်။ အရင်းမှာ သွားဖုံးသားမှာ အဖုကလေးအမြဲရှိတယ်။ တစ်ခါတစ်လေ ပြည်တည်နေတတ်တယ်။ ကင်ဆာတို့ တီဘီတို့ ဖြစ်နိုင်ပါသလား။ အိမ်ထောင်ပြုတာ ၈ လရှိပါပြီ။ ပထမ တစ်လမှာ တုန်းကတော့ ဘာမှမဖြစ်ခဲ့ပါဘူး နှစ်လမြောက်ကစပြီး ဆက်ဆံနေရင်း အနံ့နံလာပါတယ်။ ခုချိန်ထိ ဖြစ်နေတာပါ။ ဖြစ်တတ်တဲ့ အရာလား ရောဂါလက္ခဏာလား ပြောပြပေးပါ။

၁။ ဆီး တော်တော်နဲ့ မထွက်တာ တခုနဲ့ ရောဂါတော့ မဟုတ်နိုင်ပါ။ ဆီးအနည် ပါ-မပါ ကြည့်ပါ။ ၈ နှစ်ကြာပြီဆိုတော့ ဆီးကျောက်ရှိရင် ထူးခြားရမှာမို့ မဟုတ်လောက်ပါ။
၂။ ဒီအရွယ်မှာ ပန်းသေ-ပန်းညှိုး မဖြစ်ပါ။ စိတ်မှာ စိုးရိမ်တာ မရှိပါနဲ့။ လိင်အရေးစာတွေ အများကြီးရေးထားပါတယ်။ ဆိုင်တာကို ရှာဖတ်နိုင်ပါတယ်။ Kegel exercise (ကီဂယ်) လေ့ကျင့်ခန်းလုပ်ရင် လိင်အတွက်ရော ဆီးအဆွက်ပါ အကျိုးရှိနိုင်ပါတယ်။
၃။ သွားဖုံးအတွက် ခံတွင်းသန့်ရှင်းရေးလုပ်ပါ။ လိုအပ်လာရင် သွားအထူးကုနဲ့ ပြပါ။ plaque ဆိုတာကို ရှင်းပေးမယ်။ chlorhexidine ဒါမှမဟုတ် hydrogen peroxide ပါတဲ့ mouth washes သုံးပါ။ ဆိုးလာတဲ့အခါ ပိုးသေဆေးလိုမယ်။
၎။ အမျိုးသမီးကို ဆေးကုရမယ်။ အဖြူဆင်းခြင်းအကြောင်းလဲ ရေးထားပါတယ်။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ (၅၈)
Vaginitis မွေးလမ်း-ရောဂါ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၃)
Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၉)


2011/9/24
ကျွန်တော့် အမျိုးသမီး ကလေးမွေးထားတာ ၃ လ ရှိပါပြီ။ ရိုးရိုးမွေးတာပါ။ သန္ဓေခြားဖို့ ၃ လဆေး ထိုးထားပါတယ်။ မွေးပြီးမှ အတူနေတိုင်း မိန်းမကိုယ်အဝက အရမ်းနာပါတယ်။ သေသေချာချာကြည့်မိတော့ Vagina အဝမှာ အသားတစ်လေးတစ်ခုက သွေးခြေဥသလို နီနေပါတယ်။ ဆီးသွားပြီးတိုင်း ဆေးတဲ့အခါမှာလည်း စပ်နေပါတယ်တဲ့။ တားဆေး ထိုးပြီးကတည်းက ရာသီ အဆက်မပြတ် လာနေလို့ သားအိမ်ခေါင်း ကင်ဆာတွေ ဘာတွေကော ဖြစ်နိုင်သလား။ ဇနီးအသက်က (၃ဝ) ပါ။ သားဦးလေးမွေးတာပါ။ ချုပ်ရပါတယ်။ ချုပ်ရိုးဖြည်တော့ အနာက သိပ်မကျက်ချင်သေးဘူးလို့ ပြောပါတယ်။ အရင်က တားဆေးမထိုးဖူးပါဘူး။ ရာသီမှန်တဲ့ဆေးနဲ့ တားခဲ့တာပါ။ အဖြူမဆင်းဘူး။

မွေးလမ်းကြောင်းချဲ့ပြီး ပြန်ချုပ်တဲ့နေရာက အကင်းမသေသေးတာဖြစ်မှာပါ။ တခါတလေ ချုပ်ရိုးစ ထွက်လာတတ်တယ်။ အတွင်းချုပ်ကြိုး၊ အပြင်ချုပ်ကြိုး တခုခုထွက်စရာရှိရင်လဲ နဂိုအနေ မရောက်နိုင်သေးတတ်ဘူး။ ကြိုးစလိုလို စမ်းမိ၊ မြင်မိရင် ပြန်ပြပါ။ အသာလေး ဆွဲထုတ်ပေးပါလိမ့်မယ်။ အနာနဲနဲရင်းသူဆိုရင်လဲ အမာရွတ် ကြီး-မာ နေတတ်တယ်။ ကြာရင် ကောင်းတာပါ။
တားဆေး-ထိုးဆေးက အမျိုးမျိုးဖြစ်စေနိုင်တယ်။ ရာသီ နည်းသူက များတယ်။ ရေးထားတဲ့စာ ဖတ်နိုင်ပါတယ်။

Tuesday, September 6, 2011

Q and A September 2011 (6)

၁။ Piriton ချောင်းဆိုး ပျောက်ဆေး သောက်နေပါတယ်။
၂။ အဲဒါကြောင့်များလားဆရာ။
၃။ ဆရာ့အကြံကို အသုံးပြုခဲ့တဲ့အတွက်
၎။ ဘီပိုး ရှိနေတော့ ကျွန်တော့်ကို လက်မထပ်ချင်တော့တဲ့အကြောင်း

2011/9/23
ကျွန်မမှာ ကိုယ်ဝန် ၇ လရှိပါပြီ။ အခုတလော ချောင်းတွေ တအားဆိုးနေလို့ပါ။ ချောင်းဆိုးတာ ၃ ရက်လောက်ရှိပါပြီ။ Piriton ချောင်းဆိုး ပျောက်ဆေး သောက်နေပါတယ်။ Amoxicillin နဲ့တွဲသောက်ပါတယ်။ ကိုယ်ဝန်ကို ထိခိုက်စေပါသလား။ ဆရာဝန် ညွန်ကြားထားတဲ့ ဆေးပါပဲ။ ဆေးသောက်ပြီး နောက်ပိုင်း ကလေးက သိပ်မလှုပ်ဘူးလို့လည်း ခံစားရပါတယ်။ အစိုးရိမ် ကြီးနေလို့ပဲလားလည်း မသိပါဘူး ချောင်းဆိုးပျောက်ဆေးတွေက ကိုယ်ဝန်ဆောင် မသောက်သင့်ဘူးလို့လည်း ပြောကြလို့ပါ။ သေချာသိချင်ပါတယ်။ Piriton ဆေးညွန်းမှာ Unnecessary administration of drugs during the first trimester of pregnancy is undesirable.လို့ ရေးထားပါတယ်။ သေချာနားမလည်လို့ပါ ကိုယ်ဝန် ၇ လထဲ ရောက်နေတာတောင် အန်လည်း အန်နေသေးလို့ အအန်ပျောက်ဆေးတွေလည်း သောက်နေရပါတယ်။ ဖြစ်နိုင်ရင် ဘာဆေးမှလည်းမသောက်ချင်ပါ။ Nauseate ပါ။ ကလေး ထိခိုက်မှာ စိုးလို့ပါ။

Piriton ဆေး ဘေးထွက်-ဆိုးကျိုးများ
၁။ Common Side Effects အများဆုံးဖြစ်တတ်သည်များ
ခေါင်းနဲနဲမူးဝေ၊ နဲနဲအိပ်ချင်၊ အာခေါင်ခြောက်၊ အစာမကျေ၊ ပျို့၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဂနာမငြိမ်ဖြစ်၊ ဗိုက်နဲနဲနာ၊ နဲနဲအိပ်ရေးပျက်၊ ခေါင်းကိုက်။
၂။ Serious Side Effects ဆိုးဝါးတာတွေ
နှလုံးခုန် မမှန်၊ လုံးဝအိပ်မရ၊ ခေါင်းအကြီးအကျယ်ကိုက်၊ ဗိုက်နာ၊ တက်၊ သူများမမြင်တာတွေမြင်-ကြား၊ အမြင်ထိခိုက်၊ ခေါင်းအတင်းမူး၊ နားထဲအသံတွေကြား၊ အသက်ရှူခက်၊ severe allergic reaction ဆေးမတည့်တာဖြစ်။
၃။ Possible Drug Interactions တွဲမသောက်သင့်တဲ့ဆေးတွေ
Ambien, Ativan, Benadryl, Flexeril, Midrin, Risperdal, Topamax, Valium, Xanax, Zoloft and Zyrtec
၎။ Warning သတိထားစရာတွေ
အရက်နဲ့ တွဲမသောက်သင့်၊ ကလေးငယ်တွေနဲ့ အသက်သိပ်ကြီးသူတွေကို သတိနဲ့ပေး။ ကိုယ်ဝန်အတွက် ထူးပြီး သတိပေးတာ မပါ။

- First trimester of pregnancy ဆိုတာ ကိုယ်ဝန် ပဌမ ၃ လကိုဆိုလိုပါတယ်။
- အအန်ပျောက်ဆေးတွေကိုလဲ ထည့်စဉ်းစားရပါမယ်။
- ORS ဓါတ်ဆားရည် သောက်ပါ။ ကိုယ်ဝန်နဲ့ အန်ခြင်း ရေးထားတာရှိပါတယ်။
- ကလေးသိပ်မလှုပ်ရုံနဲ့တော့ မစိုးရိမ်ပါနဲ့။ လိုအပ်ရင် Ultrasound ရိုက်ပါမယ်။

2011/9/23
ကျေးဇူးတင်ပါတယ်ဆရာ။ အဲဒါဘာကြောင့်ဖြစ်နိုင်မလဲ။ ပါးစပ်နဲ့လဲ ဆက်ဆံမိတယ်။ အဲဒါကြောင့်များလားဆရာ။
ဆက်ဆံရာမှာ သုံးတဲ့နည်းလမ်းတွေကနေ ဖြစ်စေတာတွေက နည်းလမ်းမတူရင် ကူးစေမှာလဲ မတူပါ။ အိမ်ထောင်ကျကာစ ဒါမှမဟုတ် ဆက်ဆံဘူးကာစ ကာလတွေမှာ ဆီးအောင့်တာကအစ ရောဂါရလွယ်ကြတယ်။ မိန်းကလေးရဲ့ ဗဂျိုင်းနားထဲမှာ အမြဲရှိနေတဲ့ ဗက်တီးရီးယား နဲ့ အက်စစ်ဓါတ် အခြေအနေက အသစ်တွေနဲ့ တွေ့လာလို့ ဖြစ်ရတယ်။ ဆေးပါတ်လည်အောင် သောက်စေပါ။ မွေးလမ်းသန့်ရှင်းနည်းလဲ ရေးထားတာ တွေ့မှာပါ။ လိုက်နာစေပါ။

2011/9/22
ကျေးဇူးတင်လှစွာဖြင့် စာရေးလိုက်ပါတယ်ခင်ဗျာ။ ဒီတစ်ခါကတော့ ဆရာ့အကြံကို အသုံးပြုခဲ့တဲ့အတွက် အဆင်ပြေသွားလို့မို့ ကျေးဇူးတင်ကြောင်း ပြောတာပါဆရာ။ အောက်ပါအကြံပြုစာအရ ကွက်တိကျနေတဲ့ ၁၄ ရက်မြောက်နေ့ကို ကောင်းကောင်း အသုံးချလိုက်တဲ့အတွက် မနေ့ကဘဲ အမျိုးသမီးဆီမှ ကိုယ်ဝန်ရှိနေပြီဆိုတာ စစ်ဆေးကိရိယာလေးနှင့် တိုင်းလိုက်လို့ သေချာသွားပြီ ဖြစ်ကြောင်း ပြောပြလာပါတယ်။ အခုဆိုရင် ကလေးလိုချင်နေတဲ့ သူငယ်ချင်းတွေက လာမေးနေကြတာကို ကြွားနေရတယ်ဆရာရေ။

ဆရာလဲ အတူတူဘဲ ၀မ်းသာတယ်ဗျာ။ (ကွန်ဂရက်ကျူလေးရှင်း)။

Sep 22, 2011 at 6:29 PM
ဝါကျွတ်ရင် လက်ထပ်ဖို့ အတွက် အားလုံးလဲ ပြင်ဆင်ပြီးပါပြီ။ တစ်ရက် ကောင်မလေးက အကြံပေးလို့ ကျွန်တော်တို့ လက်မထပ်ခင် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးခန်းတစ်ခုမှာ သွေးစစ်ခဲ့ကြပါတယ်။ စစ်ဆေးသောရလဒ်တွင် ကျွန်တော့် ကောင်မလေးတွင် အသည်းရောင် ဘီပိုး ရောဂါ ရှိနေကြောင်း အဖြေထွက်ပါတယ်။ ကျွန်တော့တွင်တော့ အားလုံးကင်းရှင်းပါတယ်။ အဲဒီမှာ ကျွန်တော့် ချစ်သူက သူ့ မှာ ဘီပိုး ရှိနေတော့ ကျွန်တော့်ကို လက်မထပ်ချင်တော့တဲ့အကြောင်း ငိုပြီး ပြောပါတယ်။ ကျွန်တော်က နောက်မဆုတ်ပါ။ ကွန်ဒုံးဖြင့် လင်မယားကိစွပြီးရလဲ ကိစွမရှိပါ။ သို့သော် ကျွန်တော်တို့၏ life plan တွင် ကလေးတစ်ယောက် လောက်တော့ ယူမည်ပာု စိတ်ကူးယဉ်ခဲ့ကြဖူးသည်။ ကျွန်တော်ထံကို မကူးရအောင် သားသမီးလည်း ထွန်းကားအောင် ချစ်သူ၏ စိတ်ပြေရာပြေကြောင်း ဖြစ်အောင် မေးလ်းပို့ လိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် ဘီပိုးကာကွယ်ဆေး ထိုးထားပါသည်။ ငါးနစ်ပြည့် ဆေးကိုတော့ မထိုးရသေးပါ။ လိုအပ်ပါက ဆေးထပ်မံထိုးနိင်ပါသည်ခင်မျာ။

Sorry! ဘီပိုးအကြောင်း အတော်များများ ရေးထားပါတယ်။
Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း
Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း
Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး
Hepatitis B (1) အသဲရောင် ဘီ ပိုး (၁)
Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)

ကလေးယူလို့ မရဘူးတော့ မဟုတ်ပါ။ ကြိုတင်ကာကွယ်နည်းတွေကို စနစ်တကျ လုပ်ရပါမယ်။ ခင်ပွန်းအတွက်လဲ လုပ်ရမယ်။
ဘီပိုးက ကိုယ့်ကလေး၊ ကိုယ့်ဇနီး-ခင်ပွန်းကိုသာမက သူများတွေကိုလဲ ကူးစေတယ်။ ဆိုချင်တာက သတိမထားမိရင် ဖြစ်တတ်သလို သတိထားရင် အများကြီး သက်သာရာ ရစေတယ်ဆိုတာနဲ့ အားပေးနိုင်ပါတယ်။ ကျန်းမာ-ချမ်းသာ အဆင်ပြေကြပါစေ။

Monday, September 5, 2011

Q and A September 2011 (5)

၁။ ကိုယ်ဝန်လည်း ဆောင်ထားပါတယ်။
၂။ ကျနော့် ပြဿနာက ဒီလိုပါ။
၃။ I also do appreciate for your articles regarding medical and sex education.
၎။ သားအိမ်ကို ခြစ်ရတာ အကြောင်း ဘယ်နှစ်မျိုးရှိတယ်ဆိုတာကို
၅။ Miscarriage ဖြစ်ပြီး ဖယ်ထုတ်ထားရပါတယ်။

2011/9/15
ကျွန်တော့် ဇနီးသည်ဟာ အသက် ၄ဝ ရှိပါပြီ။ ကိုယ်ဝန်လည်း ဆောင်ထားပါတယ်။ သူအခုပြောနေတာ ခါးအောက်ပိုင်းတွေ ကိုက်တယ်လို့ ပြောပါတယ်။ တစ်နည်းအားဖြင့်ပြောရင် ဆီးစပ်ပေါ့ခင်ဗျာ။ ကိုယ်ဝန်က ၂ လကျော်ပဲ ရှိပါသေးတယ်။ ပြီးတော့ သူဘယ်လို အစားအသောက်မျိုး စားသင့်တယ် ဆိုတာ ပြောပြပေးပါခင်ဗျာ။

ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ကိုယ်ဝန် ၂ လမှာ ဆီးစပ်နေရာက နာတာကို စစ်ဆေးသင့်တယ်။ OG နဲ့ ပြနိုင်ရင်ပြပါ။ ဆီးအောင့်လို့ နာတာလဲ ဖြစ်နိုင်တယ်။ ဆေးလေးသောက်တာနဲ့ ပျောက်မယ်။ လိုအပ်ရင် Ultrasound ရိုက်ခိုင်းမယ်။ ကိုယ်ဝန်က ပုံမှန်နေရာဆိုတာကို သေခြာချင်လို့။ လောလောဆယ် Painkiller တမျိုးမျိုးကို အစာနဲ့ သောက်နိုင်ပါတယ်။

2011/9/6
ကျနော့်အသက်က ၂၅ နှစ်ပါ။ ကျနော့် ချစ်သူလည်း ၂၅ နှစ်ပါခင်ဗျာ။ ၁ လ ကိုယ်ဝန်တားစားဆေးတွေကို ရာသီစပေါ်တဲ့နေ့ နဲ့ ပေါ်ပြီး ၅ ရက်အတွင်း စစားရမယ်လို့ဖတ်မိပါတယ်။ စစားတဲ့နေ့ကစပြီး အကာအကွယ်မပါဘဲ အတူနေလို့ရပါလား။ ၁ လ ကိုယ်ဝန်တား စားဆေးတွေကို ကြားနေ့တွေမှာလည်း စားလို့ရပါသလား။ စားလို့ရရင် စစားတဲ့နေ့ကစပြီး အကာအကွယ်မပါဘဲ အတူနေလို့ရပါလား။ ကျနော့် ပြဿနာက ဒီလိုပါ။ ကျနော့် အိမ်ကလည်းသဘောတူပြီး ကျနော့်ချစ်သူနဲ့ ရက် (့) ခန့် ခရီးတစ်ခုကို ဒီလ (့) ရက်နေ့မှာ စထွက်ရမှာပါဆရာ။ သူ့ရဲ့ရာသီလာတဲ့ရက်က ၆ ရက်နေ့ပါ။ ချစ်သူနဲ့ အတူနေရတဲ့ ရက် ၂ဝ ခန့်အတွင်းမှာ အကာအကွယ်လည်း မသုံးချင်ပါ။ ကိုယ်ဝန်လည်း မရစေချင်ပါခင်ဗျာ။ အပြင်ကိုလည်း သုက်စွန့်ထုတ်ဖို့အတွက်လည်း ခက်ခဲပါတယ်ဆရာ။ မည်သည့် နည်းလမ်းနဲ့ မည်သည့် ဆေးဝါးတို့ကို အသုံးပြုရင် အဆင်ပြေဆုံးဖြစ်ပါမည်လဲ သိချင်ပါတယ်ခင်ဗျာ။

မိန်းကလေးကို အခုကတည်းက တနေ့ ၁ လုံး၊ ၂၁-၂၈ ရက်သောက်ရမဲ့ဆေး သောက်စေပါ။ ဒီကနေ့က ၈ ရက်ဖြစ်လို့ နောက်မကျပါ။ ရာသီလာပြီးလဲ အတူနေဖြစ်မယ်ဆိုရင် အခုဆေးကပ်အပြီး နောက်လအတွက် ရာသီလာမယ်။ ရာသီလာတဲ့ရက်ကနေစပြီး ဆေးကပ်သစ် သောက်ပါ။ ၂၁-၂၈ လုံးဆေးကပ်တွေ အတူတူပါဘဲ။ အရောင်ဖြူ-အရောင်နု ၂၁ လုံးကသာ ဟော်မုန်း ၂ မျိုးပါတယ်။ အရောင်ရင့်ဆေး သောက်နေရင်း ရာသီလာတယ်ဆိုရင် အဒီအရင့်ကို ဆက်မသောက်တော့ဘဲ ဆေးကပ်သစ်က အရောင်နုဆေး စသောက်စေပါ။ ခရီးပြန်လာလို့ အတူမနေဖြစ်လဲ ဆေးကပ်ကုန်အောင် ဆက်သောက်စေပါ။ ရပ်လိုက်ရင် သွေးပြန်လာလို့ ရက် ကမောက်ကမ ဖြစ်သွားမယ်။

2011/9/14
ဆရာ့စာကို ၁၂ ရက်နေ့မှာ ဖတ်ရပါတယ်ခင်။ ကျနော်တို့ မြို့မှာက အင်တာနက်လိုင်းကျသွားပြီး ဒီနေ့မှ ပြန်ရလို့လို့ စာမပြန်ဖြစ်တာ ခွင့်လွှတ်ပါခင်ဗျား။ ၁၂ ရက်နေ့မှာပဲ Marvelon 28 ဆိုတဲ့ဆေးကို သောက်စေပါတယ်။ ရာသီလာပြီး ၅ ရက်မြောက်နေ့ပါ။ ကျနော်တို့က ၁၉ ရက်နေ့မှာ အတူနေမယ်ဆိုရင် အကာအကွယ်မပါဘဲ အတူနေလို့ရပါပြီလား။ မိန်းကလေးက ဆေးသောက်နေတာ ခေါင်းမူးတယ်လို့ ပြောပါတယ်။ နဲနဲမူးချင်သလိုလို ဖြစ်နေတယ်လို့ပြောပါတယ်။ အရမ်းအဆိုးကြီးလဲ မဟုတ်ပါခင်ဗျား။ ဆေးသောက်နေသ၍ အမြဲ ခေါင်း နဲနဲမူးနေမှာလားခ။ ခေါင်းမူးသက်သာအောင် ဘယ်ဆေးတွေနဲ့များ တွဲသောက်ရမှာပါလဲ။ ဆေးကို ည ၈ နာရီမှာသောက်စေပါတယ်။ အဲဒါ မနက်ပိုင်း အားဆေး တစ်မျိုးမျိုး သောက်လို့ရပါလား။

၁။ ပြောတဲ့အတိုင်း ဆေးသောက်ပြီးရင် ပြောတဲ့နေမှာ အကာကွယ်မပါဘဲ အတူနေလို့ရပါပြီ။
၂။ Brand Name ဆေးကုမ္ပဏီပေး နာမည် = Marvelon (မာဘလွန်)၊ Common Name ဆေးနာမည် = desogestrel - ethinyl estradiol ကိုယ်ဝန်တားဆေးရဲ့ အောက်ကရေးတဲ့ side effects ဘေးထွက်-ဆိုးကျိုးတွေကို ဆေးသောက်သူ ၁% မှာ ခံစားရတယ်။
• abdominal cramping or bloating ဗိုက်နာ၊ ဗိုက်ကယ်၊
• acne ဝက်ခြံထွက်၊
• breast pain, tenderness, or swelling ရင်သား နာ-ရောင်-တင်း၊
• brown, blotchy spots on exposed skin နေရောင်တွေ့တဲ့ အရေပြားမှာ အညိုပြောက်ဖြစ်၊
• dizziness ခေါင်းမူး၊
• gain or loss of body or facial hair ကိုယ်မွှေး ပိုပေါက်-ပိုနည်း၊
• increased or decreased interest in sexual intercourse လိင်စိတ် နည်း-များ၊
• increased sensitivity of skin to sunlight နေရာင်ကို သိပ်မခံနိုင်၊
• nausea ပျို့၊
• swelling of ankles and feet ခြေခြင်းဝတ်ရောင်၊
• unusual tiredness or weakness မောပန်း-အားယုတ်၊
• vomiting အန်၊
• weight gain or loss ကိုယ်အလေးချိန် နည်း-များ၊

• ပိုပြီးရှားပါးတဲ့ ဘေးထွက်-ဆိုကျိုးများ၊
• breast lumps ရင်သားအကျိတ်၊
• breakthrough bleeding or spotting between periods ကြားရက်သွေးဆင်း၊
• complete stop of menstrual bleeding for several months ရာသီမလာဘဲနေ၊
• decreased bleeding during periods ရာသီသွေးအဆင်း နည်း-များ၊
• depression စိတ်ဓါတ်ကျ၊
• mild increase of blood sugar ဆီးချိုရှိနေသူ ဆီးချိုတက်၊
• headaches or migraines ခေါင်းကိုက်၊ (မိုင်ဂရင်း) ခေါင်းမူး-ကိုက်ဖြစ်၊
• increased blood pressure သွေးဖိအားတက်၊
• swelling, pain, or tenderness in upper abdominal area ဗိုက်အထက်ပိုင်နေရာ ရောင်-နာ-တင်း၊
• vaginal infection မွေးလမ်းပိုးဝင်၊ အဖြူဆင်း၊

2011/9/15
ဟုတ်ကဲ့ပါဆရာ။ အလွန်ပဲ ကျေးဇူးတင်မိပါတယ်ခင်ဗျား။ ဒီ Marvelon 28 ဆေးသောက်နေရင်းနဲ့ Oramin F လိုမျိုး အားဆေးကို မနက်ပိုင်းမှာသောက်လို့ရပါလားဆရာ။

Oramin-F ဆေးဟာ ကိုရီးယား-တိုင်းရင်းဆေး အားဆေးတမျိုး ဖြစ်တယ်။ ကြော်ညာအရ ဗီတာမင် အေ၊ ဘီ ၁၊ ဘီ ၂၊ ဘီ ၆၊ စီ၊ ဒီ နဲ့ အီး ပါတယ်လို့ ဖတ်ရတယ်။ အားယုတ်နေသူ၊ ကိုယ်ဝန်ဆောင်၊ စတာတွေအတွက် ညွှန်းထားတယ်။

Mon, Sep 12, 2011 at 6:25 PM, Facebook
Dear Uncle
I'd like to thank you for your contribution to Burmese democracy and human right cause. I also do appreciate for your articles regarding medical and sex education. I'll be great honoured to be your friend on FB.

(.....)

Greetings!

My experience as a government medical officer for 15 years inside Burma taught me health education is a difficult task. So I am writing just medical articles which are not similar to conventional health education. My target audience includes patients who suffer and medical folks who help others. It is a sort of sharing knowledge.

Second, I don't mean sex education indeed. Reproductive structure is one of human's systems. A general practitioner has to deal with from head to toe. Sexual relation is a fundamental part of human life. Unfortunately for Burmese it is still taboo to talk about. I rather like to be called adult medical education. Even then I refrain from using “adult” adjective as it is dirty in many others' eyes. So I go for “over-18 readings”. I provide merely professional information.

Third, being an NLD I want to help Burmese wherever they are. Then I opened a free clinic where all comers are free to seek my expertise. Meanwhile I train volunteers. Then I created an online clinic where I try to answer all health related questions. However I am not treating them as I can't see and examine them. It is up to an individual to follow or just to forget it.

My work is not based on NGO proposal because I wanted to change some of my fellow activists who come around when fund was made available and go away if there is no money. I try to set an example of do what ought to be done for the community without relying on NGOs. If you do a good job supporters will come after you.

Yet my hands are too short.

DTS
12-9-2011

September 21, 2011 4:13 AM
ဆရာ သားအိမ်ကို ခြစ်ရတာ အကြောင်း ဘယ်နှစ်မျိုးရှိတယ်ဆိုတာကို သိခွင့်လေးများရှိရင် ပြောပြပေးနိုင်မလားရှင့်။ ပြီးတော့ ဘာလို့  ခြစ်ချရတာလဲ ဆိုတာကိုပါ သိချင်ပါတယ် ဆရာ။
D&C Dilation and Curettage သားအိမ်ခြစ်ခြင်း ဆိုတာကျု Abnormal uterine bleeding အမျိုးသမီးတွေ မွေးလမ်း (သားအိမ်) ကနေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာအတွက် Diagnosis ရောဂါရှဖွေဘို့ နဲ့ Treatment ရောဂါကုသဘို့ရာ လုပ်ပေးပါတယ်။ Abortion/Miscarrage ကိုယ်ဝန်ပျက်တာနဲ့ Uterine cancer သားအိမ်ကင်ဆာ သံသယရှိတာတွေအတွက် လုပ်ရတာများပါတယ်။

2011/9/21
သမီးက (့) မှာနေပါတယ်၊ ပြီးခဲ့တဲ့လမှာ Miscarriage ဖြစ်ပြီး ဖယ်ထုတ်ထားရပါတယ်။ ကိုယ်ဝန်ရှိပြီး ၆ ပတ်မြောက်မှာ OG နဲ့ Ultrasound ရိုက်ကြည့်တော့ ကလေးကအထဲမှာ နှလုံးမခုန် လှုပ်ရှားမှုမရှိတဲ့အတွက် တပတ်ဆေးစား စောင့်ကြည့်ပြီး ဖယ်ထုတ်ခဲ့ရပါတယ်။ အိမ်ထောင်ကျပြီး ဘာတားဆေး ဘာဆိုဘာမှ မသုံးပါဘူး။ ၂ ပတ် အကြာမှာ ဆရာဝန်က စမ်းသပ်ပြီး အားလုံး OK ပါတဲ့။ အခုဆို တလနီးပါးရှိပါပြီ။ ဒါပေမဲ့ အခု သားအိမ်နေရာက ကျိန်းအောင့်အောင့်ကြီး ဖြစ်နေပါတယ်။ အခု အသက် ၃၅ ရှိပါပြီ။ စိတ်ထဲမှာ နောက်ထပ်ကလေး မရတော့မှာ၊ ကိုယ်မကျန်းမာမှာ စိုးပါတယ်။ လေးရက်လောက် နားပြီး အလုပ်ပြန်ဆင်းဖြစ်ပါတယ်၊ ဒီအလုပ်ကြောင့် ဒဏ်ဖြစ်နိုင်ပါသလား။ ဆောင်ရန် ရှောင်ရန်နဲ့ နောက်ထပ် အောင်မြင်တဲ့ ကိုယ်ဝန်ကို ရရှိနိုင်ဖို့ ကျန်းမာစွာနေနိုင်ဖို့ စပ်လျဉ်းမဲ့ ဗဟုသုတလေးတွေပါ တဆက်တည်း ဖော်ပြပေးပါ။

D and C သားအိမ်ခြစ်တာ ဖြစ်မယ်ထင်ပါတယ်။ တချို့ကို စုပ်တုတ်ယူနည်းလုပ်တယ်။ ဘယ်နည်းဖြစ်ဖြစ် ခွဲစိတ်မှုတမျိုးမျိုးသာ ဖြစ်ပါတယ်။
အခုဖြစ်နေတဲ့ သားအိမ်နေရာမှာ ခံစားနေရတာအပြင် ဆီးအောင့်တာ၊ အဖြူဆင်းတာ ဖြစ်သေးလး။ ဘယ်လိုနေရင် ပိုခံစားရသလဲ။ ဥပမာ ဆီးသွားတဲ့အခါ၊ ဖိနှိပ်ကြည့်တဲ့အခါ။ အလုပ်လုပ်တဲ့အခါ၊ အတူနေတဲ့အခါ။
မေးတာတွေ မသိရခင် ပြောရရင် Painkiller တခုခုသောက်နိုင်ပါတယ် ဥပမာ Ibuprofen နဲ့ Diclofenic တခါသောက် ၁ ပြား၊ တနေ့ ၂-၃-၄ ကြိမ်၊ အစာနဲ့သောက်ပါ။
တခါကိုယ်ဝန်ပျက်တိုင်း နောက်မပျက်သူအလွန်များပါတယ်။ နောင် ဆင်ခြင်ဘို့ဆိုတာလဲ သိပ်တော့ အထူးမှာစရာတော့မရှိပါ။ ပျက်ချင်ပျက်သွားတတ်တာက ပိုများလို့ အလုပ်အကိုင်၊ အနေအထိုင်ကြောင့် မပျက်တတ်ပါ။
ပုံမှန် အစားအသောက်၊ သက်သာတဲ့အလုပ်အကိုင်၊ သံဓါတ်၊ ဖေါလစ်အက်စစ်၊ ဗီတာမင် ဘီ အုပ်စုတွေသောက်သင့်တယ်။ စိတ်ဓါတ်ကိုလဲ ခိုင်မာ၊ ကြည်လင်နေသင့်တယ်။ အကောင်းဘက်ရှုမြင်တာ လုပ်သင့်တယ်။
ကိုယ်ဝန်အကြောင်းတွေ အများကြီးရေးထားပါတယ်။ http://www.yamunaclinic.org/ က Search မှာ ရှာနိုင်ပါတယ်။

Sunday, September 4, 2011

Q and A September 2011 (4)

၁။ ကျမမှာ အမျိုးသမီးရောဂါတွေ ခံစားနေရပါတယ်။
၂။ ရာသီဓမ္မတာလည်း သိပ်မလာပါဘူး။
၃။ အသက်ရှူမဝသလို ခံစားနေရပါတယ်။
၎။ အနည်းဆုံး ဘယ်နှစ်ရက် ရှောင်ရမှာလဲ။

2011/9/13
ကျွန်မက (့) ပါ။ (့) မှာပါ။ အသက် ၂၄ ပါ။ အိမ်ထောင်ကျတာ ၁ နှစ်ရှိပါပြီ။ ကျမမှာ အမျိုးသမီးရောဂါတွေ ခံစားနေရပါတယ်။ ဒါပေမယ့် ဘာသာစကား အခက်အခဲကြောင့် ရောဂါရဲ့ ဇစ်မြစ်ကို နားမလည်သည့်အပြင်၊ ပျေက်ကင်းခြင်းလည်း မရှိပါ။ ကျမ မိန်းမကိုယ်သည် အမြဲလိုလိုစိုစွတ်နေပါသည်။ အဖြူလည်း ခဏခဏ ဆင်းပါသည်။ အဖြူဆင်းချိန်တွင် တခါတလေ ငံပြာရည်ကဲ့သို့ အနံ့ပြင်းပြင်း ရှိပါသည်။ တခါတလေ ဒိန်ချဉ်ကဲ့သို့ အဖတ်များရှိ၍ ယားယံပါသည်။ အိမ်ထောင်ကျပြီး ပိုဆိုးလာသည်မှာ တခါတလေ အဖြူဆင်းချိန်တွင် ဆီးပါအောင့်ပါသည်။ ဆီးခဏခဏ သွားပြီး၊ ပူပြီးအောင့်ပါသည်။ တခါတလေ လိင်ဆက်ဆံပြီး၊ ရေဆေးချိန်တွင် စပ်ပါသည်။ အပျိုစဖြစ်ကတည်းက အဖြူဆင်းတတ်ခြင်း ဖြစ်ပါသည်။ အပျိုဘဝတွင် မိန်းမကိုယ် (စအို) ဘက်အခြမ်း မိန်းမကိုယ် နှုတ်ခမ်းတွင် အဖုသေးသေးလေး ၁ ဖု၊ ၂ ဖု၊ ၃ ခါလောက် ပေါက်ဖူးပါသည်။ ထိုအဖုလေးများသည် ယားယံပါသည်။ ၅ ရက်၊ ၆ ရက်နေလျှင် အလိုလို ပျောက်ကင်းသွားပါသည်။ ယခု ဆီးစစ်သော်လည်း ရောဂါမရှိ၊ ultrasound ရိုက်သော်လည်း ရောဂါမရှိ၊ အဖြူကိုယူ၍ စစ်သော်လည်း ရောဂါမရှိပါ။ သို့သော် အဖုလေးများ ထပ်ပေါက်လာချိန်တွင် ထိုအဖုလေးဖြတ်၍ စစ်သောအခါ ရောဂါပိုး တွေ့သည်ဟု ပြောပါသည်။ သွေးစစ်သောအခါတွင်လည်း ထိုရောဂါပိုးတွေ့သည်ဟု ပြောပါသည်။ Virus ဟုသာ ပြော၍ စိုးရိမ်စရာမလိုကြောင်း၊ မိန်းကလေးတိုင်းတွင် အနည်းနှင့် အများရှိသည် ဟုပြောပါသည်။ မိန်းမကိုယ်တွင် ထည့်သည့် ဆေးသာ ပေးပါသည်။ ၇ ရက် ထည့်ခိုင်းပါသည်။ ပျောက်သွားပြီး၊ ၁ လ လောက် နေလျှင် ပြန်ဖြစ်ပါသည်။ ဆေးခန်းပြောင်းပြသော်လည်း၊ ဒီအတိုင်းပြော၍ ဒီဆေးသာ ပေးပါသည်။ ဆေးနံမည်မှာ (့) လိုရေးထားပါသည်။ 100 mg ပါ။ English ဖြင့်ရေးထားသော နံမည် ၁ ခုပါရှိပါသည်။ ထိုနံမည်မှာ B- Streptococcus 2+ ပါ။ ဖြစ်နိုင်မည်ဆိုလျှင် ကျွန်မဆီသို့ reply အမြန်ဆုံးလုပ်ပေးပါဟု တောင်းဆိုပါသည်။ ယခုလည်း၊ ပြီးခဲ့သော ၂ ရက်က ဆီးအောင့်၍၊ ဆေး ၂ ရက်ဆက်တိုက် ဆေးထည့်လိုက်သောအခါ၊ ဆီးအောင့်ပျောက်သွားပြီး အခုယားယံနေပါသည်။ ဆေးကို ဆက်ထည့်နေပါသည်။ ဆေးခန်း သွားမပြရသေးပါ။ ကလေးလည်း လိုချင်နေပါသည်။ အရင်က အစွပ်သုံး၍၊ အခု ကလေးယူနေသည်မှာ ၄ လရှိပါပြီ။ အခုထိမရသေးပါ။

- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
- Vaginitis မွေးလမ်း-ရောဂါ
- Cervicitis သားအိမ်ဝ ရောင်ခြင်း တွေကို ဖတ်ပါ။

2011/9/14
ဟုတ်ပါတယ် ဆရာ။ ကလေးမရမှာ စိုးပါတယ်။ ကလေးမရရင်တော့ သမီးဘဝဆုံးပါပြီ။ ဒီလိုမိန်းမတယောက်ကို ဘယ်ယောက်ျားက ကြည်ဖြူတော့မှာလဲ ဆရာရယ်။

ဆရာပြောသလို ပေါင်မှာ အကျိတ်ယောင်တာတွေ ယားယံတာတွေ မရှိပါဘူး။ ကိုယ်လဲ မပူဘူး။ မျက်လုံး အသား မဝါဘူး။ ပျို့အံတာလဲ မဖြစ်ပါဘူး။ ဆရာ့ကိုပြတဲ့နေရာမှာ အောင့်သလိုလို ဖြစ်နေတာနဲ့ နို့စိမ်းရောင် ဆင်းတာပဲ ရှိတာပါ။ ယောကျာ်းကတော့ ဘာမှ မဖြစ်တာ။ သူ့ကိုမေးကြည့်ပါတယ်။ ယားလား အဖြူတွေဆင်းလားလို့။ သူက ဘာမှ မဖြစ်ဘူးပြောပါတယ်။ နောက်အဲလိုမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။ ယောကျာ်းကိုရော ဘယ်လို ကျင့်ကြံနေထိုင်ခိုင်းရမလဲ။ ခုရော ဘာဆေးတွေ သောက်ရမလဲ ဆရာ။ ဆက်ဆံတဲ့အခါ ဂျပန်က ထုတ်တဲ့ ကွန်ဒုံ ၁မျိုးထဲပဲ သုံးပါတယ်ဆရာ။

တခါ နှစ်ခါ ဖြစ်တာနဲ့ ကလေးမရ မဖြစ်စေသေးပါ။
လိင်လမ်းကတဆင့်ကူးစက်ရောဂါမှန်သမျှ လိင်ဆက်ဆံရာကနေဖြစ်တယ်။
(ကွန်ဒွမ်) က ကူးစက်ရောဂါ အများကြီးကို ကာကွယ်ပါတယ် (ကွန်ဒွမ်) နဲ့ မရတာတွေ ရေးထားပါတယ်။

2011/9/15
သမီး အသက်က ၂၅ နှစ်ပါ။ မျက်နှာမှာ ဝက်ခြံတွေ အများကြီး ရှိပါတယ်။ ရာသီဓမ္မတာလည်း သိပ်မလာပါဘူး။ လာတာလည်း နည်းတယ်။ လာရင်လည်း သွေးက မသန့်ပါဘူး။ နီညစ်ညစ်နဲ့ နည်းလည်း နည်းပါတယ်။ ဝက်ခြံပေါက်တာ အဲဒါနဲ့လည်း ဆိုင်မယ်ထင်လို့ပါ။ အစား ရွေးတော့ ထမင်းသိပ်မစားနိုင်ဘူး။ အဲဒါကြောင့် စိုင်ပရိုတွန် ဆေးရည် သောက်နေတယ်။ ထမင်းတော့ အရင်ကထက် ပိုစားနိုင်တယ်။ ဒါပေမယ့် ဝတော့ မဝသေးဘူး။ ဝလည်း ဝချင်တယ်။ တွေ့တဲ့ လူတိုင်းက ပြောတယ်။ အရမ်းပိန်တယ်တဲ့။ အဲဒါကြောင့် ဝချင်တယ်။ ဝချင်တာ မဟုတ်ဘူး၊ ပြည့်ပြည့် ဖြိုးဖြိုးလေး ဖြစ်ချင်တာ။ ပြီးတော့ အသားအရေက မျက်နှာကတော့ အဆီပြန်တယ်။ လက်နှင့် ခြေထောက် အသားအရေကြတော့ ခြောက်သွေ့ တယ်။ အရင်တုန်းကတော့ မျက်နှာကို Moisturizer လိမ်းတယ်။ အခုတော့ မလိမ်းတော့ဘူး။ Moisturizer က အဆီပိုပြန်တယ်ဆိုလို့။ အဲဒီတော့မျက်နှာကို ဘာလိမ်းပေးသင့်သလဲ ဆိုတာ ပြောပြပေးပါဆရာ။
သမီး ကမြန်မာနိုင်ငံ (့) မြို့ မှာ အလုပ်လုပ်နေတာပါ။ အလုပ်ကတော့ စာရင်းကိုင်ပါ။ -မနက် ရှစ် နာရီကနေ ညနေငါးနာရီအထိ ကွန်ပြူတာရှေ့ မှာ တနေကုန်ထိုင်ပြီး လုပ်ရတာပါ။ အိမ်ထောင် မရှိပါဘူး။ ရုပ်လည်းဆိုးပါတယ်။ ရုပ်ဆိုးရတဲ့အထဲ ဝက်ခြံတွေကြောင့် တော်တော်လေးကို စိတ်ညစ်ရပါသည်။ သောက်တဲ့ ဆေးတော့ မရှိပါဘူး အရင်ကတော့ Doxycycline 100 mg သောက် ဖူးပါတယ် ဘာမှမထူးခြားလို့ပါ။ ဘယ်လို ဆက်လုပ်သင့်သလဲဆရာ။

ဒီအသက်အရွယ်၊ အိမ်ထောင်မကျသေးသူတွေ ဖြစ်ကြဖြစ်တာပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ အပျိုရွယ်လကဏာတွေသာဖြစ်တယ်။ ဝက်ခြံအကြောင်းရေးတာတွေထဲက လိုက်နာနိုင်တာ လုပ်ပါ။ Doxycycline ကြာကြာသောက်ရတယ်။ မျက်နှာသန့်ရှင်းရေးကို ရိုးရိုးလေးနဲ့ မကြာမကြာလုပ်ပါ။
ရာသီမမှန်ချင်တာလဲ ဘာမှ ပူစရာမဟုတ်ပါ။ ရာသီမမှန်တဲ့အကြောင်းရေးထားတာတွေ ရှိပါတယ်။ သွေးအရောင်ကို မကြောင့်ကျပါနဲ့။ ရောဂါမဟုတ်ပါ။ အနည်း-အများလဲ ဒီလိုဘဲ။
နည်းလမ်းတခုကတော့ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးတွဲ အများဆုံး သုံနေကြတဲ့ စာဆေး သောက်ရတယ်။ ၃-၄-၅ လ သောက်တာ ကောင်းတယ်။ လလဲ မှန်မယ်။ ဆင်းတာလဲ မှန်မယ်။ ဝက်ခြံပေါက်တာကိုလဲ သက်ရောက်စေနိုင်တယ်။ ဘေးထွက်-ဆိုးကျိုး ဆိုတာတွေလဲ အရင်ဖတ်ပါ။ လိုရင်တော့ ထပ်မေးပေါ့။ မနေ့တနေ့ကဘဲ တယောက်ကို ဖြေထားရသေးတယ်။ ရှာတွေ့မှာပါ။
ပိန်တာလဲ စိတ်မပျက်နဲ့။ နေကောင်းဘို့က ပိုအရေးကြီးတယ်။ အသားအရေဆိုတာ အစားအစာနဲ့ ပတ်ဝန်းကျင်ပေါ် မူတည်တတ်တယ်။ မျှတတဲ့ အစာစားပါ။ အဆီပိုလိုတယ်။ လူက မဝတော့ အဆီကို သိပ်ရှောင်စရာမလိုတာ ကံကောင်းတာပေါ့။ အဆီမှာလဲ အသီးအနှံ-အစေ့အဆံထွက်ဆီက ပိုကောင်းတယ်။
ရုပ်ဆိုးတယ်ဆိုတာ ဘာနဲ့တိုင်းမလဲ။ လူဆိုတာ တနေရာရာ အားနည်းကြသူချည်းဘဲ။ တခြားနေရာမှာ အားသာအောင် လုပ်လို့ရတယ်။

2011/9/15
သမီး အခုတလော အသက်ရှူမဝ သလိုခံစားနေရပါတယ်။ အိပ်ငိုက်လို့မဟုတ်ဘဲ ခဏခဏ သန်းဝေချင်နေပါတယ်။ 12/9/2011 နှင့် 13/9/2011 ၂ ရက် ဆက်တိုက် လေ့ကျင့်ခန်း ညပိုင်းမှာ လုပ်ဖြစ်ပါတယ်။ ပိန်ချင်လို့ လုပ်တာပါ။ အစားအသောက်တော့ ပုံမှန်ပဲ စားပါတယ်။ 14/9/2011 ရက်နေ့မှာပဲ အဲဒီလို ဝေဒနာခံစားရပါတယ်။ သန်းဝေတာ တဝက်တပျက်လိုမျိုး ဖြစ်နေရင် ချောင်းခြောက် ဆိုးပါတယ်။ အပြည့်အဝ သန်းဝေမိရင် အသက်ရှူဝသွားသလိုမျိုး နေလို့ကောင်းပါတယ်။ အဲဒါလဲ ခဏလေးပါပဲ ဒီနေ့ 15/9/2011 ရက်နေ့မှာတော့ သန်းဝေတာ သိပ်မဖြစ်တော့ပေမယ့် အသက်ရှူမဝတာ ပိုဖြစ်လာပါတယ် ဖျားနာခြင်းလဲမရှိပါ။ ခေါင်းကိုက်တာတွေလဲ မရှိပါ။ အဲဒါဘာဖြစ်လို့လဲဟင်။ ဘာဆေးတွေ သောက်ရမလဲ။ ဘာလုပ်ရမလဲဆိုတာ ပြောပြစေချင်ပါတယ်။ သမီးအသက်က ၂၇ နှစ်ပါ အခု (့) နိုင်ငံမှာပါ။ ဆေးခန်းသွားပြချင်ပေမယ့် ကြောက်လဲကြောက်နေလို့ပါဆရာ။

အိမ်ထောင်ရေး၊ အမြဲ အားဆေး သောက်-မသောက်၊ သောက်ရင် ဆေးနာမည်၊ အင်္ဂလိပ်စာလုံးပေါင်း၊ ဆေးစစ်ဘူးလား၊ ဥပမာ (ဟီမိုဂလိုဘင်)။ ရာသီ မှန်-မမှန်။ အဲဒါတွေပြောပါအုံး။

2011/9/15
အိမ်ထောင်မရှိပါဘူး ဆရာ အားဆေးလဲ မသောက်ပါဘူး အရင်က enervon-c တော့ သောက်ဖူးတယ်။ ရာသီလဲ မှန်ပါတယ်။ ဆေးတစ်ခါမှ မစစ်ဖူးပါဘူး။ နေမကောင်းဖြစ်ခဲပါတယ်။ ကိုယ်ပူ ဖျားနာ ချောင်းဆိုးနှာစီးဆိုတာ မဖြစ်တာ နှစ်နဲ့ချီနေပြီ ဆရာ။ ခေါင်းကိုက်တာမျိုး အားမရှိတာမျိုးလောက်ပဲ ဖြစ်တယ်။

အသက်ရှူမဝသလို ခံစားနေရပါတယ်ဆိုတာ သွေးအားနည်းတာကို အရင်သံသယရှိတယ်။ (ဟီမိုဂလိုဘင်) နည်းနေတတ်တယ်။ မိန်းကလေးတိုင်း သံဓါတ်အားဆေး အမြဲသောက်သင့်ကြတယ်။ ဖေါလစ်အက်စစ်လဲ ပါသင့်တယ်။ ၂ မျိုးတွဲလာတဲ့ ဆေးတွေ ရှိတယ်။ ဈေးသိပ်ကြီးစရာ မလိုဘဲ ဆေးကောင်းသာ ရှာဝယ်သောက်ပါ။

BP သွေးဖိအား သိသလား။ Heart rate/Pulse rate နှလုံးခုန်နှုန်း သိသလား။

လေ့ကျင့်ခန်းလုပ်ခါစမှာလဲ အဲလိုဖြစ်တတ်တယ်။ မကြာခင် ကျင့်သားရနိုင်ပါတယ်။ ပိန်ချင်လို့ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာ ကျန်းမာရေးအတွက်ပါ ကောင်းတယ်။

ပြောပြတာတွေအရ ကျန်းမာရေး အတော်ကောင်းတယ်။ သီလအကျိုး၊ ကံအကျိုးပေါ့။

2011/9/15
ကျေးဇူးတင်ပါတယ်ဆရာ။ အခုမှပဲ စိတ်အေးသွားတော့တယ်။ (BP သွေးဖိအား သိသလား။ Heart rate/Pulse rate နှလုံးခုန်နှုန်း သိသလား။) အဲဒါတွေမသိဘူးဆရာ။ ဆရာပြောတဲ့အတိုင်း ဆေးရှာဝယ်လိုက်ဦးမယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။

2011/9/15
ဆရာပြောသလို စမ်းကြည့်တယ် ၇ဝ ပြည့်ရုံလေးပဲ ၂ ခါလောက်စမ်းကြည့်တယ် ရဝ မကျော်ဘူး

It is call book-picture. Perfect!

2011/9/15
သားအိမ်ခြစ်ပြီး ဖိုမ ဆက်ဆံရေးကို အနည်းဆုံးဘယ်နှစ်ရက် ရှောင်ရမှာလဲ။ သားအိမ်ခြစ်ထားပြီး ကျန်းမာရေး ကောင်း-မကောင်းကို ဘယ်လိုသိနိင်မလဲ။ အစားအသောက် ရှောင်စရာလိုပါသလားဆရာ။ သားအိမ်ခြစ်ပြီးတာ ၃ ပတ်တော့ရှိပြီ။ ဆောင်ရန်-ရှောင်ရန်ရှိရင် ဖြေပေးပါဆရာ။

သားအိမ်ခြစ်ရတာက ကိုယ်ဝန်ပျက်လို့ဖြစ်မယ်ထင်ပါတယ်။ တခြားအကြောင်းတွေလဲရှိတတ်လို့ပါ။
ကျန်းမာရေးကောင်း-မကောင်းက လူနာက ဘယ်လိုနေသလဲ။ သွေးဆင်းသေးလား BP ကောင်းသလား စတာတွေအပေါ် မူတည်တယ်။
နေကောင်းရင် အတူနေလို့ရပါပြီ။
သံဓါတ်ပါ သွေးအားကောင်းဆေး ကြာကြာ သောက်ပါ။ အစာအစာ မျှတအောင်စားပါ။

Saturday, September 3, 2011

Q and A September 2011 (3)

၁။ သမီးလေးက ကိုးလရှိပါပြီ။
၂။ Sperm တွေက ပုံမှန်အရောင်မဟုတ်ဘဲနဲ
၃။ အခုသူက ဝချင်ပါတယ်။
၎။ (၄) လ သားဦးလေးရှိပါတယ်။

2011/9/13
ကျွန်မ သမီးလေးက ကိုးလရှိပါပြီ။ အားဆေးကို ဘယ်လိုအချိန်မှာ တိုက်သင့်ပါသလဲ။ အစာစားပြီး တိုက်ရမှာလား မစားခင် တိုက်ရမှာလား သိပါရစေရှင့်။ နောက်ပြီး သမီးလေးက အခုတလော ဝမ်းချုပ်ပြီး မနက်က ဝမ်းသွားတာ သွေးစ အနည်းငယ် ပါလာပါတယ်။ အဲဒါ စိုးရိမ်ရပါသလား။ ကလေးကတော့ ပုံမှန်ပါပဲ။ တနေ့လုံးလည်း ဝမ်းက အဲဒီတကြိမ်ပဲ သွားပါသေးတယ်။ နောက်တခုက အစားအစာကို ဘယ်လိုဟာမျိုးတွေ ကြွေးသင့်ပါလဲ။ သမီးက သားဦးဖြစ်တာကတကြောင်း နိုင်ငံရပ်ခြားမှာ မိဝေးဖဝေး နေရတာကြောင့် မေးမြန်း သင်ပြ ပေးမယ့်သူမရှိလို့ တခါတလေ ဘာလုပ်ရမှန်း မသိပါဘူး။

ကလေး ၉ လဆိုရင် ဖြည့်စွက်စာ ကောင်းကောင်းကြွေးလို့ရပါပြီ။ သွားလဲပေါက်နေပြီပေါ့။
ကလေး အားဆေးဆိုတာ အခြေခံက ဗီတာမင် ဘီ အုပ်စုဖြစ်တယ်။ သွားပေါက်ချိန်မို့ (ကယ်လ်စီယမ်) ပါပေးနိုင်တယ်။ အားဆေးတွေကို နာမည်အမျိုးမျိုးနဲ့ နေရာတကာ ဝယ်လို့ရတယ်။ ဈေးကြီးတိုင်း ပိုကောင်းမယ် မဟုတ်ပါ။ နာမည်ရတဲ့ ကုမ္ပဏီကနေ ထုတ်တာဆိုရင် ပြီးတာပါဘဲ။ အားဆေးတိုက်တာ အစာစားပြီချိန် ကောင်းပါတယ်။ လူကြီးတွေလို တနေ့ ၂ ကြိမ်၊ မနက်-ညနေ တိုက်နိုင်ပါတယ်။
ကလေးကို ရေပိုတိုက်ပေးပါ။ မအေတခါသောက်ရင် သူ့လဲတခါတိုက်တဲ့အကျင့် ကောင်းတယ်။ ပူရင် ပိုတိုက်ရမယ်။ ဝမ်းမာရင် ပိုတိုက်ရမယ်။
ဝမ်းညှစ်ရလို့ သွေးစပါတာဖြစ်မယ်။ ဒီအရွယ်မှာ ဝမ်း တကြိမ်သွားတာ နည်းတယ်။ အသီးအရွက်ပါတာ ကြွေးလို့ရပြီမို့ ဝမ်းကိုလဲ လွယ်စေတယ်။ အသီးအနှံလဲကြွေးပါ။
ဘယ်လိုအစာဆိုတာ ယေဘုယျပြောရရင် လူကြီးစားတာထဲက မမာတာ နဲ့ မစပ်တာဖြစ်တယ်။ အသား-ငါး၊ အသီး-အရွက်၊ ပဲ၊ ထမင်း။ ဆီ နဲနဲ ပါပါစေ။
ဝါးစရာ မလိုလောက်အောင် ပျော့တာ၊ နူးတာလုပ်ပြီး ကြွေးနိုင်ပါတယ်။ ဟင်းရည်၊ ပဲဟင်းရည် တိုက်နိုင်တယ်။ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ကန်စွန်းဥပြုတ် စတာတွေ ကြွေးနိုင်တယ်။ အဆင်သင့်လုပ် ကလေးစာတွေလဲ ရပါတယ်။
မိခင်နို့လဲတိုက်၊ ဖြည့်စွက်စာလဲ ကြွေးပါ။
အသီးဖျော်ရည်ကို အိမ်မှာလုပ်တာလဲ ကောင်းတယ်။ Junk food လို အစာတွေ ရှောင်ပါ။
ကလေးတွေလဲ လူကြီးတွေလိုဘဲ အကြိုက်ဆိုတာ ရွေးမယ်။

2011/9/12
ကျွန်တော့် အသက်၂၅ ရှိပါပြီ။ သုတ်လွတ်တိုင်း Sperm တွေက ပုံမှန်အရောင်မဟုတ်ဘဲနဲ့ အဝါရောင် အခဲလေးတွေ ပါလာတယ်။ နာတာကျင်တာတော့ ဘာမှမရှိပါဘူး။ ဖြစ်နေတာ ၂ဝဝ၇ လောက်ကပါ။ ခုထိဘဲ ဆေးတွေ စစ်တော့လည်း ဘာမှမတွေ့ဘူး။ လူလည်း ကျန်းမာရေး ကောင်းပါတယ်။
- Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း
- Hematospermia သုက်ထဲသွေးပါခြင်း
- Semen Analysis သုက်ရည်ရဲ့ အရည်အသွေး တွေကို ဖတ်ပါခင်ဗျား။

2011/9/12
အိမ်ထောင်ကျတာ ၅ နှစ်ရှိပါပြီ မိန်းမကနေတာက မြန်မာနိုင်ငံမှာပါ။ သူက အရင်တည်းက ပိန်ပါတယ်။ အိမ်ထောင်ကျပြီးတော့ ပိုပိန်တယ်။ အသက်က ၂၉ နှစ်ပါ။ အခုသူက ဝချင်ပါတယ်။ ဝလာအောင်ဘာတွေများ လုပ်သင့်သလဲ။
- Weight gain လှရုံမက ဝချင်သေးရင် ကို ဖတ်ပါ။

2011/9/12
အခုသမီးက အသက် ၁၉ နှစ်ရှိပါပြီ။ သမီးမှာ ၄ လ သားဦးလေးရှိပါတယ်။ သားလေးကို မွေးကတည်းက အခုထိ ရေမပေးရသေးပါဘူး။ ဘာလို့လည်းဆိုတော့ ဆရာဝန်က ကလေး ၆ လ ပြည့်တဲ့ထိ မပေးရဘူးတဲ့။ တချို့ အိမ်နားက ကလေးအမေတွေတော့ မွေးတာနဲ့ ချက်ချင်း ပေးကြပါတယ်။ သူတို့ပြောတာက ဆရာဝန်တွေက ပြောသာပြောတာ ပေးရမယ်တဲ့။ သမီးမေးချင်တာက ကလေးကို ရေ မပေးရင် ဘယ်လိုဖြစ်နိုင်လည်း (ဆိုးကျိုးနှင့် ကောင်းကျိုး)။ ရေပေးရင်ကော ဘယ်လို (ဆိုးကျိုးနှင့် ကောင်းကျိုး) ဖြစ်နိုင်မလဲပေါ့။နောက်တစ်ခုက ကလေးကို အခုထိ ရေမပေးလို့လားမသိ ကလေးက ဝမ်းသွားတာ မမှန်ဘူးဖြစ်နေတယ်။ ၃ ရက် တစ်ကြိမ်၊ ၅ ရက် တစ်ကြိမ်ပဲသွားတယ်။ ကလေးကို ရေမပေးလို့လား ဆရာ။

မွေးစကလေးကို ရေမတိုက်ခိုင်းတာ ဆရာ့အတွေ့အကြုံအရ ဘာလို့လဲဆိုတာ မသိပါ။ အတိုက်မခိုင်းတဲ့ ဆရာဝန်ကို ပြန်မေးစေချင်တယ်။ အကြောင်းရှိချင် ရှိမှာပေါ့။ ရေနည်းရင် ဝမ်းချုပ်မှာပေါ့။ ၄ လ ဆိုရင် ဖြည့်စွက်စာတောင် ကြွေးလို့ရနေပြီဘဲ။ ရေ မတိုက်ရတာတော့ သဘောမပေါက်ပါ။

Friday, September 2, 2011

Q and A September 2011 (2)

၁။ ကျွန်မက တော်တော်ပိန်တော့
၂။ ဘယ်အချိန်က သွေးဆုံးတယ် ဆိုတာ မသိပေမဲ့
၃။ ကိုယ်ဝန်တားစားဆေးတွေကို ရာသီစပေါ်တဲ့နေ့နဲ့

Wed, Sep 7, 2011 at 10:19 AM
ကျွန်မ လက်ထပ်ပြီး ကလေးတန်းယူဖို့လည်း စိတ်ကူးထားပါတယ်။ ကလေးကို မိခင်နို့ တိုက်သင့်တဲ့အကြောင်း ပိုစ်တွေလည်း ဖတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မကလေးကို မိခင်နို့ တစ်မျိုးတည်း တိုက်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ကျွန်မက တော်တော်ပိန်တော့ (ကန်တော့ပါရဲ့ရှင်) သားမြတ်က သေးသေး ကပ်ကပ်လေး ဖြစ်နေပါတယ်။ အဲဒါနို့ရည် ထွက်ပါ့မလား စိတ်ပူပါတယ်ရှင်။ ကလေးအတွက် အဆင်မပြေမဖြစ်အောင် ကျွန်မ ဘယ်လို လုပ်သင့်တယ် ဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင်။

သိပ်မစိုးရိမ်ပါနဲ့။ ရင်သားအရွယ်အစား မတူကြပါ။ ကိုယ်ဝန်ရှိတယ်ဆိုတာနဲ့ ရင်သားလဲ ပြောင်းလာတယ်။ ကိုယ်ဝန်ရင့်လာလေလေ ကြီးထားလာလေလေ ဖြစ်တယ်။ အချင်းကျတာနဲ့ နို့ရည်ထွက်နိုင်တယ်။ လူကောင်သေးလို့ နို့တိုက်ရတာ ခက်မယ်လို့ တထစ်ချ ပြောမရပါ။ ရင်သားထွားသူတွေလဲ နို့ထွက် နည်းတတ်သေးတယ်။ ရင်သား ကြီးထွားချင်တာအတွက် စာတပုဒ်ရေးထားတာ ဖတ်ချင်ဖတ်ဘူးမယ်။ လုပ်လို့ရတာ လုပ်ကြည့်ပါ။
Breast enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ ကို ဖတ်ပါ။

Tue, Sep 6, 2011 at 2:12 PM
အမေ သွေးဆုံးချိန်ဟာ သမီးသွေးဆုံးချိန်နဲ့ တူတတ်တယ်ဆိုတော့ အမေက ခုမရှိတော့ဘူး။ ဘယ်အချိန်က သွေးဆုံးတယ် ဆိုတာ မသိပေမဲ့ ၅ဝ ဝန်းကျင်ဖြစ်လိမ့်မယ်။ မမက ခုထိ ရာသီလာတုန်း။ ဒါပေမဲ့ သူက အိမ်ထောင်ရှိတယ်။ ကျမက သွေးဆုံးမှာကို မစိုးရိမ်ပါဘူး၊ ဒါပေမဲ့ အမေလို အရမ်းခံရမှာ စိုးရိမ်တယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတဦး အနေနဲ့ ကျန်းမာရေး ကောင်းမွန်နေဖို့ အရေးကြီးတာမို့ပါ။ ခုရာသီ ထိန်နေတာ ၃ လ၊ အသက် ၄၄ မှာ သွေးဆုံးခြင်းစနိုင်တယ်လေ။ ဟော်မုန်းဆေးတွေ သောက်ရမယ်ဆိုရင် ဘယ်လို ဟော်မုန်းဆေးမျိုး သောက်ရမလည်းရှင့်။ ရာသီလာအောင် ဆရာပြောသလို တစ်လခံဆေး သောက်ဖို့ လိုမလား ရှင့်။ ဘယ်လို ဘေးထွက်ဆိုးကျိုးမျိုး ရနိုင်ပါသလဲ။ နောက်ပြီး ဒီက တစ်လ ခံဆေးတွေက ကျမ မြင်ဖူးတာ ၂၁ လုံးဘဲပါတယ်။

အမေ၊ အမ နဲ့ ကျမ ၃ ယောက်အကြောင်းရေးတာ ဟုတ်ပါတယ်နော်။ တချို့က ကိုယ်နာမည်ကိုယ် ထည့်ထည့်ပြောတာ မမ တို့ ဘာတို့ ဆိုတော့ ရောထွေးတယ်။ သူငယ်ချင်းချင်းရေးတာတော့ ကောင်းတာပေါ့။ တစိမ်းတရံကို အဲလိုရေးတော့ ဖတ်ရတာ ရောထွေးနေလို့ပါ။ ဆေးပညာမေးခွန်းနဲ့တော့ ရောနေလဲ ရောဖြေလိုက်လို့တော့ ရပါတယ်။ တချက်ကလေးဘဲ သူက အိမ်ထောင်ရှိတယ် ဆိုတော့ ကျန်တယောက်က မရှိသလို ယူဆတယ်။ သိချင်တဲ့သူက ဘယ်သူလဲ မပြောတတ်ဘူး ဖြစ်နေလို့ပါ။
၂၁-၂၈ လုံးဆေးကပ်တွေ အတူတူပါဘဲ။ အရောင်ဖြူ-အရောင်နု ၂၁ လုံးကသာ ဟော်မုန်း ၂ မျိုးပါတယ်။ Menopause သွေဆုံး-သားဆုံး ကို ဖတ်ပါ။

Tue, Sep 6, 2011 at 12:21 AM
ကျနော့် အသက်က ၂၅ နှစ်ပါ။ ကျနော့် ချစ်သူလည်း ၂၅ နှစ်ပါခင်ဗျာ။ ၁ လ ကိုယ်ဝန်တားစားဆေးတွေကို ရာသီစပေါ်တဲ့နေ့နဲ့ ပေါ်ပြီး ၅ ရက်အတွင်း စစားရမယ်လို့ ဖတ်မိပါတယ်။ စစားတဲ့နေ့ကစပြီး အကာအကွယ်မပါဘဲ အတူနေလို့ရပါလားဆရာ။ ၁ လ ကိုယ်ဝန်တား စားဆေးတွေကို ကြားနေ့တွေမှာလည်း စားလို့ရပါသလား။ စားလို့ရရင် စစားတဲ့နေ့ကစပြီး အကာအကွယ်မပါဘဲ အတူနေလို့ ရပါလား။ သူ့ရဲ့ရာသီလာတဲ့ရက်က ၆ ရက်နေ့ပါ။

မိန်းကလေးကို အခုကတည်းက တနေ့ ၁ လုံး၊ ၂၁-၂၈ ရက်သောက်ရမဲ့ဆေး သောက်စေပါ။ ဒီကနေ့က ၈ ရက်ဖြစ်လို့ နောက်မကျပါ။ ရာသီလာပြီးလဲ အတူနေဖြစ်မယ်ဆိုရင် အခုဆေးကပ်အပြီး နောက်လအတွက် ရာသီလာမယ်။ ရာသီလာတဲ့ရက်ကနေစပြီး ဆေးကပ်သစ် သောက်ပါ။ ၂၁-၂၈ လုံးဆေးကပ်တွေ အတူတူပါဘဲ။ အရောင်ဖြူ-အရောင်နု ၂၁ လုံးကသာ ဟော်မုန်း ၂ မျိုးပါတယ်။ အရောင်ရင့်ဆေး သောက်နေရင်း ရာသီလာတယ်ဆိုရင် အဒီအရင့်ကို ဆက်မသောက်တော့ဘဲ ဆေးကပ်သစ်က အရောင်နုဆေး စသောက်စေပါ။ ခရီးပြန်လာလို့ အတူမနေဖြစ်လဲ ဆေးကပ်ကုန်အောင် ဆက်သောက်စေပါ။ ရပ်လိုက်ရင် သွေးပြန်လာလို့ ရက် ကမောက်ကမ ဖြစ်သွားမယ်။

Thursday, September 1, 2011

Q and A September 2011 (1)

Q and A September 2011 (1)
၁။ နှာခေါင်း တစ်ပေါက်နဲ့ပဲ အသက်ရှုလို့ရပါတယ်။
၂။ ချော်လဲပြီး သွေးနဲနဲ ဆင်းတယ်။
၃။ ဘယ်လိုနည်းနဲ့ သားသမီးထပ်ယူလို့ ရနိုင်မလဲ။

2011/9/4
ကျနော် အသက်က ၂၉ နှစ်ရှိနေပါပြီ။ လူပျိုပါ။ ငယ်စဉ်အရွယ်ကတည်းက နှာခေါင်း တစ်ပေါက်နဲ့ပဲ အသက်ရှုလို့ရပါတယ်။ ဘယ်အပါက်ရယ်တော့ အတိအကျမရှိဘူး။ ဟိုဘက်နဲ့ ဒီဘက်ကို ပြောင်းပြောင်းပြီး တစ်ဖက်က ပိတ်ရင် တစ်ဖက်က ပြန်ပွင့်ပါတယ်။ ကူးပြောင်းချိန် စက္ကန့်ပိုင်းလောက်ပဲ နှာခေါင်း နှစ်ပေါက်လုံးနဲ့ အသက်ရှုလို့ရပါတယ်။ အချိန်ကြာလာပြီ ဆိုတော့ နှခေါင်းတစ်ပေါက်ထဲနဲ့ အသက်ရှုရတာ ဘာမှတော့ အခက်အခဲ မရှိပါဘူး။ ဒါပေမယ့် အေးလွန်းတဲ့အချိန်တွေဆို ခဏခဏ နာစေးတတ်ပါတယ်။ နှာချေရင်လဲ ဇတ်တိုက်ချေပါတယ်။ အလုံပိတ်အခန်းထည်းမှာလဲ ပူလွန်းရင် နှာချေတတ်ပါတယ်။ အရမ်းအေးတဲ့ မိုးကုတ်တို့ တောင်ကြီးတို့လို ဒေသတွေ သွားရင်တော့ အားတိုင်း နှာချေရပါတယ်။

နား-နှာခေါင်-လည်ချောင်း အထူးကုဆရာဝန်ကို ပြဘူးသလား။ နှာခေါင်းထဲမှာ အသီး-အဘုံးလိုဟာ ရှိသလား။ မှန်ထဲကြည့်ရင် မြင်နိုင်တတ်တယ်။ ဘာဆေးတွေသုံးရင် သက်သာသလဲ။ စားဆေး၊ ပန်းဆေး၊ အစက်ချဆေး။ ဖြစ်နိုင်တာ (အလာဂျီ) ဖြစ်နိုင်တယ်။ ကြာတော့ အသီးလိုဖြစ်လာနိုင်တယ်။ လိုလိုမယ်မယ် စာတပုဒ်ပါးလိုက်ပါတယ်။
Allergic rhinitis အလာဂျီ နှာခေါင်း ကိုဖတ်ပါ။

2011/9/5
ကျွန်တော် တို့အိမ်ထောင်ကျတာ မကြာသေးပါဘူး။ တားဆေး မသုံးဘူး။ ကလေးယူဖို့ဆုံးဖြတ် ထားကြတယ်။ ဇနီးသည်က ဓမ္မတာ မလာတာ ၂ ပတ် ကျော်သွားတဲ့အချိန်မှာ ချော်လဲပြီး သွေးနဲနဲ ဆင်းတယ်။ အဲဒါ စိတ်မချတာနဲ့ ဆရာဝန်နဲ့ ပြကြည့်ပြီး စုပ်ထုတ် လိုက်တယ် ပြောတယ်။ အဲ့လို စုပ်ထုတ်ပြီး ၂ ရက် ကျော် ၃ ရက် လောက်မှာ ပြန်ဆင်းတယ်။ ဆရာဝန် ပြန်ပြတော့ ဆေးတစ်လုံးကို သူ့ထဲ ထည့်ပေးတယ်။ ခု သွေးနဲနဲချင်း ပြန်ဆင်းနေတာ ၁၁ ရက်လောက် ရှိပြီ။ ဒီညမှာတော့ များတယ်။ ကျွန်တော်တို့တွေ ကြောက်နေပြီ။ မနက်ဖြန်တော့ ဆေးခန်း ပြောင်းပြမယ်။ ကလေး ရနိုင်ပါဦးမလား။

သိပ်မစိုးရိမ်ပါနဲ့။ လက်ရှိ ကိုယ်ဝန် ပျက်တယ်လို့ ယူဆနိုင်တယ်။ ဆင်းစရာတွေ မကုန်သေးလို့ ကုန်အောင်လုပ်ပေးတာ ဖြစ်ပါမယ်။ ကလေးရချင်သူအတွက် စိတ်သက်သာရာ ရစေတာက ကိုယ်ဝန်ရနိုင်တယ်ဆိုတာ သိသွားရပြီပေါ့။ တချို့ အိပ်ထောင်သည်တွေ ရာသီ မထိန်လို့ ကလေးရဘို့ခက်ကြတယ်။ တခါကိုယ်ဝန်ပျက်တိုင်းတော့ နောက်လဲ ပျက်မယ်လို့ မယူဆနိုင်ပါ။ အကောင်းမွေးဖွါးသူတွေ အများကြီးရှိတယ်။ နောက်တခါ ရာသီထိန်တာနဲ့ ပိုဂရုစိုက်ပါ။ ဘယ်အအရပ်မှာ နေတယ်ဆိုတာ။ အသက် ဘယ်လောက် မပါလို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။

2011/9/4
သားကြောဖြတ်ထားတဲ့ ကျွန်တော့ အမျိုးသမီးကို ဘယ်လိုနည်းနဲ့ သားသမီးထပ်ယူလို့ ရနိုင်မလဲ။ အခုလက်ရှိနေနေတာ (့) မှာပါ။
Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် ကို ဖတ်ပါ။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...