Monday, October 10, 2011

Q and A October 2011 (10)

၁။ သမီးအခု ဝိတ်လျော့ချင်တယ်။
၂။ သမီးကတော့ အသက် ၂၅နှစ်၊ မ(့) ပါ။
၃။ ဆရာရေ မင်္ဂလာပါ၊ ကျွန်တော်သိချင်တာက
၎။ ကျွန်တော်လျှာ နောက်ဘက်ပိုင်းမှာ

2011/11/1
ဆရာရှင် သမီးက အလေးချိန် ပေါင် 180 လောက်ရှိပါတယ်။ အရပ်ကတော့ ၅ ပေ ၆ လက်မ။ သမီးအခု ဝိတ်လျော့ချင်တယ်။ လေ့ကျင့်ခန်းလည်း လုပ်တာ သိပ်မသိသာဘူး။ အစားအသောက်နဲ့ ပတ်သတ်ပြီးတော့လည်း ထမင်းတနပ်ပဲ စားတယ်။ ညနေပိုင်းဆို အသီးအနှံစားဖြစ်တယ်။ လေ့ကျင့်ခန်းအနေနဲ့တော့ သိပ်မလုပ်ဖြစ်ဘူး။ အဲတာ ဆရာအနေနဲ့ ကူညီပေးပါအုံးရှင်။ ကျေးဇူးပြုပြီးတော့ ဝိတ်လျော့အောင် ဆရာအနေနဲ့ ကူညီပေးပါအုံးရှင့်။

၁။ Weight loss ပိန်ချင်သလား
၂။ တားမြစ်ထားပေမဲ့ ဝယ်ချင်သူများနေဆဲ ပိန်ဆေး
၃။ Orlistat an Effective Weight loss Pill တွေကိုဖတ်ပါ။ လိုက်နာပါ။

2011/11/1
သမီးကတော့ အသက် ၂၅နှစ်၊ မ(့) ပါ။ လစဉ်လတိုင်း အမျိုးသမီး ဓမ္မတာလတိုင်း အမြဲတမ်းလိုလို နာကျင် ကိုက်ခဲနေပါတယ်။ အဲလို့ အချိန်မှာ မြန်မာဆေးမှီဝဲသုံးစွဲပါတယ်။ ဆေးအမည်က (မေတ္တာရှင်သွေးဆေး) သောက်လိုက်တဲ့အချိန် ခဏတော့ သက်သာပါတယ်။ ဒါပေမဲ့ မကြာပါဖူး ပြန်ကိုက်ပါတယ်။ အဲလို ဓမ္မတာဆင်းတဲ့အချိန်မှာ တစ်ခါတစ်လေ မေ့ပြီးတော့ ခေါင်းလျှော်မိပါတယ်။ အခု သမီးက (့) မှာ ပညာသင်ကြားနေပါတယ်။ ဆရာအနေနဲ့ သမီးကို ကူညီပေးပါအုံးရှင့်။

Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) ကိုဖတ်ပါ။

2011/11/1
ဆရာရေ မင်္ဂလာပါ၊ ကျွန်တော်သိချင်တာက ဦးနှောက်အမှေးရောင်ရောဂါအကြောင်းပါဆရာ။ အဲ့ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းတွေ၊ အဲ့ဒီရောဂါရဲ့ လက္ခဏာတွေကို ရှင်းပြပေးစေချင်ပါတယ်။ တလောက အသိတစ်ယောက် အဲ့ဒီရောဂါနဲ့ ဆုံးသွားလို့ အဲ့ဒီရောဂါအကြောင်း သိချင်လာလို့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

၁။ Meningitis (1) (မင်နင်ဂျိုက်တစ်)
၂။ Encephalitis ဦးနှောက်ရောင်ရောဂါ တွေကို ပို့လိုက်ပါတယ်။

Tue, Nov 1, 2011 at 11:51 AM
ကျွန်တော်လျှာ နောက်ဘက်ပိုင်းမှာ အဖြူရောင် အမွှေးတွေ ထောင်နေပါတယ်။ ဘယ်လိုလုပ်ရင် ပျောက်ကင်းနိုင်ပါသလဲ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။
Delivery to the following recipient failed permanently: bluishcornea@gmail.com

2011/10/31
Thanks for your kind reply doc. Last night also I cant sleep so I went to the doc today again. But still the same they thought because of the stress and give me sleeping pills and some sweets for sore throat. By the way doctor do you know the meaning of TSH for thyroid screen. Because that day I did test for my thyroid test and the result was Free T4 was 18.97 and Triiodothryonine (T3) was 1.71. Both within the range but TSH is higher than normal range 5.38 mLU/L. Normal range for TSH is 0.27-4.20. So I just want to ask you if you can explain so that I can control myself for healthy body.

စာရိုက်တာမှာ Full stop ပြီးရင် Space ခြားရမယ်။ အင်္ဂလိပ်လိုရိုက်တာထဲမှာ Point ဒဿမ နဲ့ Full stop တွေ ရောထွေးနေတော့ Values ကိန်းဂဏန်းတွေကို မှားစေမယ်။ ဖြစ်နိုင်ရင် Capital letter (Upper case) ကို အမှန်အတိုင်း ရိုက်သင့်တယ်။ ဖတ်တဲ့သူတွေကို လေးစားရမှာမို့ စာတွေကို Website မှာ တင်ဘို့ ပြန်ပြင်နေရလို့ အချိန်ပိုကုန်ပါတယ်။ သူငယ်ချင်းတွေအကြား ရေးတာတော့ ရေးပေါ့။ ဆေး-ကျန်းမာရေးအတွက်တော့ ဆင်ခြင်ဘို့ အကြံပြုပါရစေ။ (ဆောရီး)။

TSH ဆိုတာ Thyroid Stimulating Hormone သွေးထဲမှာ (သိုင်းရွိုက်) လည်ပင်းကြီး ကို နိုးဆွပေးတဲ့ ဟော်မုန်း အခြေအနေကို စမ်းသပ်တာ ဖြစ်တယ်။ Hypothyroidism ဟော်မုန်း နည်းနေတဲ့ရောဂါလား၊ Hyperthyroidism ဟော်မုန်း များနေတဲ့ရောဂါလာ၊ ပုံမှန်လား သိချင်လို့ စမ်းသပ်တာ ဖြစ်ပါတယ်။

၂ဝဝ၂ ခုနှစ်အထိ TSH normal range ပုံမှန်ဟာ 0.5 ကနေ 5.0 အထိလို့ တရားဝင် သတ်မှတ်ခဲ့တယ်။ ဒိနောက်ပိုင်းကစပြီး American Association of Clinical Endocrinologists (AACE) အမေရိကန် ဟော်မုန်းဆိုင်ရာ ဆေးပညာအသင်း က .3 ကနေ 3.0 အထိသာ ပုံမှန် ဖြစ်တယ်လို့ ပြောင်းလဲ သတ်မှတ်လာတယ်။

ရောဂါအခြေအနေကို ဒီမှာ စစ်ဆေးနိုင်တယ်။
TSH T4 T3 Interpretation
High Normal Normal Mild hypothyroidism
High Low Low or normal Hypothyroidism

လည်ပင်းကြီး ဟော်မုန်းနည်းနေတာ ဖြစ်နိုင်တယ်။ အရင်သောက်ရတဲ့ဆေး Sotalol (β-blocker) နဲ့ မသင့်ပါ။ စစ်ဆေး-ကုသပေးနေတဲ့ ဆရာဝန်က ညွှန်ပါလိမ့်မယ်။ ဆေးပညာ သုတအတွက် ရေးထားတာကို ဖတ်နိုင်ပါတယ်။

၁။ Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)
၂။ Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး
၃။ Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး တွေကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၁-၁၁-၂ဝ၁၁

Sunday, October 9, 2011

Q and A October 2011 (9)

၁။ I'm worried about being infected from HIV.
၂။ စီပိုး ရှိတယ်ပြောလို့ ဆေးစစ်ပါတယ်။
၃။ But, i really wanna know is how can i test for HIV in gov clinic
၎။ အာသီးရောင်တဲ့အကြောင်း ဖြေကြားစေလိုတယ်။
၅။ AIDS ရောဂါရှိသူတယောက်၏ လက္ခဏာနှင့်

On Fri, Oct 28, 2011 at 7:53 PM
I had experienced sexual intercourse with CSW about one month ago. I used condom. But, now I'm worried about being infected from HIV. Please tell me how can I confirm? Moreover, can I chat with u if u have a little free time? I hope your reply saya and please keep privacy.
၁။ HIV Summary
၂။ HIV Tests စမ်းသပ်နည်းများ
၃။ HIV and AIDS တွေကို ဖတ်ပါ။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။

Sat, Oct 29, 2011 at 8:56 AM
ကျွန်တော့် အဖေ၊ အသက် ၅၀ ကျော်ဟာ အသည်းခြောက်နေတယ်လို. ဆေးစစ်ချက်ထွက်ပါတယ်။ ပြီးတော့ စီပိုး ရှိတယ်ပြောလို့ ဆေးစစ်ပါတယ်။ ဆရာဝန်တွေ ပြောတာတော့ စီပိုးမှာကို အမျိုးအစား သတ်မှတ်ချက် အဆင့် ၁၊ ၂၊ ၃ စသည်ဖြင့် ရှိတယ်လို့ ပြောပါတယ်။ ဆေးစစ်ချက်ထွက်လာတော့ အဆင့် သတ်မှတ်လို့ မရဘူးဆိုပြီး ထွက်လာပါတယ်။ အဲဒါက ဘယ်အခြေ အနေကို ပြောတာလဲ။
၁။ Current Hepatitis C Treatments Work
၂။ Best treatment regimen for hep C
၃။ Hepatitis C and Pregnancy အသဲရောင် (စီ) နဲ့ ကိုယ်ဝန်
စီ ပိုးနဲ့ဆိုင်တာတွေ တပုဒ်စီ ရေးထားတယ်။ ဆိုင်တာကိုသာ ဖတ်နိုင်ပါတယ်။ ပိုးတွေ့တဲ့အဆင့်၊ ဘာမှ မဖြစ်သေးဘူး။ နောက် အသဲကိုထိခိုက်တဲ့အဆင့်၊ အသဲခြောက်တာ နဲ့ ကင်ဆာ။ ဆေးစစ်တာတွေကတော့ ရှုတ်ထွေးတာပေါ့။

2011/10/29
ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော် သိပ်နားမလည်ဘူးဆရာ။ အခုရှင်းပြတာတွေက ကိုယ်ဝန်ဆောင်တဲ့သူတွေနဲ့ နည်းနည်း ရောထွေးနေတယ်။ ကျွန်တော့်ကို ရှင်းလင်းလင်း ရှင်းပြပေးပါ။ စီပိုးမှာ ဘယ်လို အဆင့်တွေ ရှိတယ်၊ (ဘယ်အဆင့်ကဖြင့် ကုသရင် ပျောက်ကင်းနိုင်မယ်။ ဘယ်အဆင့်ကတော့ လွန်နေပြီ) စသည်ဖြင့်ပေါ့ဆရာ။ စီပိုး ကုသဖို့အတွက် ဘယ်နေရာတွေက အကောင်းဆုံးလဲဆရာ။ ဆရာတို့ ဆေးခန်း လိပ်စာလေးရော သိချင်ပါတယ်။

တပုဒ်ချင်း သပ်သပ်စီ ရေးထားပါတယ်။ ကျွန်တော် တိုင်းပြည် အပြင်မှာသာ နေရသူဖြစ်လို့ အထဲက ဆေးခန်းတွေကို ကောင်းကောင်း မသိပါ။ ဆောရီး။
Hepatitis C (စီ) ပိုး
Hepatitis C စီ ပိုး နောက်ဆက်တွဲ

On Sat, Oct 29, 2011 at 12:13 PM,
Firstly, i'm very glad that u reply me immediately. But, i really wanna know is how can i test for HIV in gov clinic and at what time i can relieve that i'm Retro negative surely?

Sorry, I am a person who can't reside inside the country and lack the knowledge of medical facilities over there. May I advise not to use SMS for such important subject like health because a single misinterpretation may lead to wrong decision?

2011/10/30
အာသီးရောင်တဲ့အကြောင်း ဖြေကြားစေလိုတယ်။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လို့ ကာကွယ်လို့ရလဲ။ မျိုးရိုး လိုက်တတ်ပါလား။ ဖြစ်နေတာကြာပါပြီ။ ၅ နှစ်လောက်ရှိပြီ။

Respiratory tract infections (1) အသက်ရှူလမ်း အပေါ်ပိုင်း ပိုးဝင်ခြင်း ကို ဖတ်ပါ။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးပါ။

2011/10/30
AIDS ရောဂါရှိသူတယောက်၏ လက္ခဏာနှင့် ဘယ်လိုကြောင့် ရောဂါဝင်ရောက်နှိုင်သလည်း သိပါရစေ။

၁။ HIV Summary
၂။ HIV Tests စမ်းသပ်နည်းများ
၃။ HIV and AIDS တွေကို ဖတ်ပါ။

Saturday, October 8, 2011

Q and A October 2011 (8)

၁။ အဖုသေးသေးလေးတွေ အများကြီးပါ။
၂။ သားဆက်ခြားနည်း အမျိုးမျိုး
၃။ လိမ်းဆေးတွေကို ဘယ်လိုလိမ်းရမလဲသိချင်လို့ပါ။

25 Oct 11, 21:23
ဆရာ အိပ်ပျော်နေရင်းနဲ့ သုတ်အလိုလိုထွက်တာ ဘာကြောင့်လဲဆရာ။ ရက်တွေဆက်လို့ပါ။ လူက အားနည်းသလို ခံစားရတယ်။ နောက် ပစ္စည်းရဲ့ ဖုံးထားတဲ့ အောက်မှာကျတော့ အဖုသေးသေးလေးတွေ အများကြီးပါ။ အဲဒါဘာဖြစ်သလဲဆရာ။
Lesions on penis ကျားအင်္ဂါ အနာများ http://www.yamunaclinic.org/index.php?option=com_content&view=article&id=2761:lesions-on-penis-&catid=34:adult-readings&Itemid=49 ကို ဖတ်ပါ။
Male orgasm ယောက်ျား ပြီးခြင်း http://www.yamunaclinic.org/index.php?option=com_content&view=article&id=2762:male-orgasm-&catid=34:adult-readings&Itemid=49 ကို ဖတ်ပါ။

25 Oct 11, 19:26
သားဆက်ခြားနည်း အမျိုးမျိုး သို့မဟုတ် အကုန်နည်းပါး သိချင်လိုပါ။ သင်တန်းသား တစ်ယောပ်ပါ။
http://www.yamunaclinic.org/index.php?searchword=Different+methods&ordering=&searchphrase=all&option=com_search Different Methods of Contraception ပဋိသန္ဓေတားနည်းများ ကို ဖတ်ပါ။

26 Oct 11, 12:58
Differin cream နဲ့  Fobancort cream လိမ်းဆေးတွေကို ဘယ်လိုလိမ်းရမလဲသိချင်လို့ပါ။ မျက်နှာလိမ်းဖို့အတွက် ပေးထားတာပါ။ ဆရာဝန်ပြောတုန်းက မှတ်မထားလိုက်မိလို့ပါ။

DIFFERIN® Gel, 0.3% လိမ်းဆေးကို acne vulgaris ဝက်ခြံတမျိုးအတွက်ဖြစ်တယ်။ အသက် ၁၂ နှစ်အောက်မသုံးရပါ။ မျက်စိ၊ ပါးစပ်၊ နှာခေါင်းထဲ မဝင်စေရပါ။ အနာအဆာပေါ်မလိမ်းရပါ။ နေလောက်တာကိုမလိမ်းရပါ။ ရေချိုး-မျက်နှာသစ်ပြီးမှ ဆေးလိမ်းပါ။ ဆေးသုံးကာစမှာ အနာထတတ်တယ်။ Pregnancy Category C ကိုယ်ဝန်ဆောင်ချိန် မသုံးရပါ။ မျက်နှာတခုလုံးကို ခပ်ပါးပါးသာ လိမ်းပါ။ တနေ့ ၁ ကြိမ်၊ ညနေပိုင်းလိမ်းတာ ပိုကောင်းမယ်။ နေရောင်မထိတာကောင်းတယ်။ ၁၂ ပါတ်နေလို့မှ မထူးခြားရင် ဆရာဝန် ပြန်ပြပါ။

Fobancort Cream ထဲမှာ 2.0% w/w Fusidic Acid နဲ့ 0.064% w/w Betamethasone Dipropionate with 0.15 % w/w Methyl Partition and 0.08% Propyl Paraben တွေပါတယ်။
Fobancort Ointment ထဲမှာ 2.0% w/w Sodium Fusidate နဲ့ 0.064°1. w/w Betamethasone Dipropionate တွေပါတယ်။
Fusidic Acid က Staphylococci ဗက်တီးရီးယားကိုနိုင်တယ်။ တခြားပိုးတွေကိုမနိုင်ပါ။ Betamethasone Dipropionate က (စတီရွိုက်) ဆေးဖြစ်တယ်။ ရောင်တာ၊ ယားတာတွေကို သက်သာစေတယ်။
Inflammatory dermatoses, psoriasis ဆိုတဲ့ အရေပြးနာတွေမှာ ဗက်တီးရီးယားဝင်နေသူတွေအတွက်ပေးတယ်။ မျက်စိနားမှာ မလိမ်းရပါ။ ၂ နှစ်အောက် ကလေး မပေးရပါ။ တနေ့ ၂ ကြိမ် လိမ်းပါ။

Friday, October 7, 2011

Q and A October 2011 (7)

၁။ မနက် ၄ နာရီခွဲမှာ ချွေးပြန်အောင် အောင့်တယ်
၂။ လောလောဆယ် Oramin-F သောက်နေပါတယ်။
၃။ ရင်ကျပ်ရောဂါနဲ့ ပက်သက်ပြီး ရှောင်ရန်၊
၎။ အဖြူ ခဏခဏ ဆင်းရင် မကောင်းဘူးဆိုပြီး

2011/10/24
ဖေဖေက လွန်ခဲ့တဲ့ တပတ်အတွင်းမှာ ရင်ပတ်နဲနဲ အောင့်နေတယ်။ တအားအောင့်တာက ၂၁ ရက် မနက် ၄ နာရီခွဲမှာ ချွေးပြန်အောင် အောင့်တယ် ပြောတယ်။

အဖြစ်နိုင်ဆုံးက Myocardial infarction (MI) ဒါမှမဟုတ် Acute myocardial infarction (AMI) ရောဂါခေါ်တယ်။ Heart attack ရတာလို့ ပြောကြတာများတယ်။ နှလုံးသား တနေရာရာမှာ Blood supply သွေးစီးလျှောက်မှု ရပ်တန့်သွားခဲ့တာ ဖြစ်တယ်။ Heart cells နှလုံးက (ဆဲလ်) တွေ သေသွားတယ်။ သေတာမှန်သမျှ ကြာရင် ပုပ်သွားတတ်လို့ အဲလို ခေါ်ကြတာ နေမယ်။ အခေါ်က တနေရာနဲ့ တနေရာတော့ မတူပါ။ Infarction ဆိုတာ Damage ပျက်စီးတယ်၊ Death သေတယ်လို့ အဓိပ္ပါယ်ရတယ်။ Coronary artery ခေါ်တဲ့ နှလုံးသွေးလွှတ်ကြောဟာ အစကတည်းက ထူပြီး၊ ကျဉ်းနေခဲ့မယ်။ fatty acids အဆီနဲ့ White blood cells သွေးဖြူဥတွေစုဝေးနေတဲ့ Atherosclerotic plaque ဆိုတာက ပေါက်ထွက်သွားရာကနေ သွေးကြော ပေါက်သွားမယ်။ Ischemia ခေါ်တဲ့ သွေးမလုံလောက်တာ ဖြစ်တော့ အောက်စီဂျင်မ၀ဖြစ်လာမယ်။ လူနာမှာ Sudden chest pain ရင်ပတ်နေရာ အတင်းနာတော့တယ်။ ရင်ပတ်တင်မကဘဲ ဘယ်ဘက်လောက်မောင်း၊ လည်ပင်းနေရာအထိပါ နာမယ်။ အသက်ရှူမ၀-မရဖြစ်မယ်၊ ပျို့မယ်၊ အန်မယ်၊ ရင်တုန်မယ်၊ ချွေးပြန်မယ်။ လေးပုံတပုံလောက်က အဲလောက် မခံစားရဘူး။ အထဲမှာတော့ မကောင်းတာတွေ ဖြစ်နေမယ်။ နှလုံးအထူးကုဆရာဝန်နဲ့ ကုသနေပြီ ဖြစ်လို့ ဒီလောက်ဘဲ ရေးပါမယ်။

2011/10/24
ဟုတ်ကဲ့ဆရာ တခြားခံစားရတာတော့မရှိပါဘူး။ မျက်နှာ နည်းနည်းကျနေတာပဲ ရှိတယ်။ ပါးချောင်ကျနေသလိုပါဆရာ။ ကိုယ်ထည်ကတော့ ပုံမှန်ပါပဲ။ cypon တော့ မသောက်ဖြစ်သေးဘူးဗျ။ လောလောဆယ် Oramin-F သောက်နေပါတယ်။ Oramin-F သောက်တာကော ကောင်းပါသလားဆရာ။ သူ့ကိုမေးကြည့်တော့လည်း အားဆေးလို့သာ သောက်နေတဲ့ပုံပြောပါတယ်ဆရာ။ ကျွန်တော့်အထင် သိပ်မထူးခြားဘူးထင်တယ်ဆရာ။ လမ်းညွန်ပေးပါ။

Oramin–F ဆေးဟာ သူ့ကြော်ညာအရ ကိုရီးယားက ထုတ်တဲ့ တိုင်းရင်းဆေး၊ အားဆေးလို့ဆိုတယ်။ Korean ginseng, Royal jelly, Vitamin A1, VitaminD2, Vitamin E, Vitamin B1+2+3+5+6+12, Vitamin C, Ferrous fumarate, Copper sulfate, Magnesium oxide, Zinc oxide, Calcium phosphate, Manganese, Potassium sulfate တွေ ပါတယ်လို့ ဖတ်ရတယ်။ Increase sexual astemia ဖိုမဆက်ဆံရာမှာ အားတိုးစေတယ်လို့လဲ ဆေးညွှန်းက ဆိုပါတယ်။

2011/10/25
ရင်ကျပ်ရောဂါနဲ့ ပက်သက်ပြီး ရှောင်ရန်၊ ဘာဆေးတွေသောက်သင့်လည်း သိချင်လို့ ပါခင်ဗျာ။ ရင်ကျပ်တာ ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေလို့ပါ။ ရောဂါ ထလာရင် အသက်ရှူပါကျပ်လာတယ်။ အဲဒါလေး ရှင်းပြပေးပါနော်။
၁။ Tightness of chest ရင်ကြပ်ရောဂါ
၂။ Asthma (2) ပန်းနာ အဆက်
၃။ Respiratory tract infections (4) လေပြွန်များ ရောင်ခြင်း တွေကို ဖတ်ပါ။

2011/10/25
ကျွန်တော်တို့  အိမ်ထောင်ကျတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်တော်က နိုင်ငံခြားမှာပါ၊ အမျိုးသမီးက မြန်မာပြည်မှာပါ။ အသက်က ၂၃ ပါ။ အမျိုးသမီးက အိမ်ထောင်မကျခင်နဲ့ ကျခါစတုန်းက ရာသီတစ်ခါလာရင် သုံးရက် ကြာပါတယ်။ အခုနောက်ပိုင်း တစ်ခါလာရင် ၂ ရက်ပဲ လာတော့တာ တစ်နှစ်လောက် ရှိပြီ ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က အားနည်းသလို ဖြစ်ပြီး နေမကောင်း ဖြစ်တယ် အဖြူလည်း ၄ ရက်လောက် ဆင်းတယ်။ အဲဒါ ပုံမှန်ပြန်ဖြစ်အောင် ဘာတွေ ဆောင်ရမယ် ရှောင်ရမယ် ဖြေကြားပေးပါ။ အဖြူ ခဏခဏ ဆင်းရင် မကောင်းဘူးဆိုပြီး စိုးရိမ်နေပါတယ်။ ညားခါစ တုန်းကတော့ အရေးပေါ်တားဆေးတွေ ၇ ကဒ်လောက် သောက်ဖူးပါတယ်။ နာမည်တွေတော့ မမှတ်မိတော့ပါ။ တစ်ခါသောက်ရင် နှစ်လုံး နှစ်လုံး တွဲသောက်ရတဲ့ ဆေးတွေပါ။
၁။ Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
၂။ Vaginitis မွေးလမ်း-ရောဂါ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၃)
၃။ Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
၎။ Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)
၅။ Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာ မရှိပါ (၃) တွေကို ဖတ်ပါ။

Thursday, October 6, 2011

Q and A October 2011 (6)

၁။ ထိပ်ဖူးဖုံးဖြတ်ရင် ကုန်ကျစရိတ် များလားဗျာ
၂။ ကိုရီးယား ကားတစ်ကား မပြီးခင် ဆီးသွားချင်နေပါတယ်
၃။ အစာမကျေသလို ခဏခဏဖြစ်လို့ G.I specialist နဲ့ ပြပါတယ်
၎။ အမျိုးသမီး တစ်ယောက်ထက် အမျိုးသားတစ်ယောက်နဲ့ ပိုတူပါတယ်

October 23, 2011 6:03 AM
ဆရာခင်ဗျာ ထိပ်ဖူးဖုံးဖြတ်ရင် ကုန်ကျစရိတ် များလားဗျာ။

Phimosis ပန်းငုံတာကို ပြုပြင်တာ သာမန်ခွဲစိတ်မှုသာဖြစ်တယ်။ ထုံဆေးနဲ့ ရတယ်။ ဆေးရုံမတက်ဘဲလဲ ရတယ်။ ကုနကျစရိတ် မများပါ။ အစိုးရဆေးရုံမှာ အခမဲ့ ခွဲပေးနေခဲ့တယ်။ အပြင်ဆေးခန်းတွေကို ဆရာ မသိပါ။

2011/10/23
ကျွန်မ ခုဖြစ်နေတဲ့ ပြဿနာက မကြာခဏ ဆီးသွားနေလို့ပါ။ အလုပ်လုပ်နေတဲ့အချိန်မှာ မကြာခဏ ဆီးသွားနေတော့ စိတ် အနှောက်အရှက် ဖြစ်ရပါတယ်။ တစ်ခါတစ်လေ ကိုရီးယား ကားတစ်ကား မပြီးခင် ဆီးသွားချင်နေပါတယ်။ တစ်ခါတစ်လေ တစ်နာရီကို ၂ ခါ လောက်ဆီးသွားချင်နေတော့ အရမ်းကို စိတ်ညစ်မိပါတယ်။ တစ်နှစ်လောက် ရှိပါပြီ။ ခုလိုဖြစ်တာ ဘာကြောင့်ပါလည်းရှင်။ ပျောက်ကင်းအောင် ကုသနိုင်ပါသလားရှင်။ ကျန်မမှာ တစ်ခြား ကျန်းမာရေး ပြဿနာ မကြုံဖူးပါ။ ဆေးရုံလည်း မတက်ဖူးပါ။ သွေး ငါးကြိမ်ထိ လှူဖူးပါတယ်။ အသက် ၂၈ နှစ်။ အိမ်ထောင် မရှိ။ ကျွန်မ ဖြစ်နေတဲ့ ရောဂါကိုပျောက်ကင်းအောင် ကုသနိုင်ပါသလားရှင်။ ဘာကြောင့် ဖြစ်တယ်ဆိုတာလည်း သိချင်ပါတယ်ရှင်။

Urine sugar ဆီးချို စစ်ပါ။ စစ်ပြီးရင် ပြန်မေးနိုင်ပါတယ်။

2011/10/23
သူငယ်ချင်းတစ်ယောက် အကူအညီတောင်းတာကြောင့် ဆရာ့ဆီ စာရေးအကူအညီ တောင်းလိုက်ပါတယ်။ သူက လေခဏခဏတတ်၊ အစာမကျေသလို ခဏခဏဖြစ်လို့ G.I specialist နဲ့ ပြပါတယ်။ Endoscopy ကြည့်ပြီး biospy လုပ်တာ H-pylori ပိုးတွေ့ လို့  triple therapy Clarithromycin+Amoxicillin+Rebeprazole 10 ရက်သောက်တာ အရင်က ခံစားရတာတွေ မရှိတော့ဘူးပြောပါတယ်။ အရင်ကတော့ ဝမ်းလဲ ခဏခဏပျက်တယ် ပြောတယ်။ တစ်နေ့ကို နှစ်ကြိမ် ပျော့ပျော့တွေ သွားတယ် ပြောပါတယ်။ အခုတော့ ဆေးသောက်ပြီး အဆင်ပြေတယ် ပြောတယ်။ သို့ပေမယ့် တစ်ခါတစ်ခါ ဝမ်းအမည်း ချောင်းတွေသွားတယ် ပြောတယ်။ သွေးအားလဲ နည်းသလိုပဲတဲ့။ အထိုင်အထမူး၊ လက်သည်းခွံအရောင်က တစ်ခါတစ်လေ ပန်းရောင်သန်းသန်း၊ တစ်ခါတစ်ခါ ဖြူနေတယ်ပြောတယ်။ ကျွန်တော်လဲ internet ထဲရှာပေးတော့ h-pylori ပိုးကြောင့် chronic gastritis ဖြစ်ပြီး သွေးယိုတယ်လို့ဖတ်ရတယ်။ သူ့ဆရာဝန် ပြောတာကတော့ gastritis နဲ့ Grade A GERD လို့ပြောတယ်။ ရန်ကုန်မှာရောင်းတဲ့ ferrovit အားဆေး သောက်သင့်ပါသလား။ အသက် ၁၉ နှစ် ယောက်ျားလေး။

ဝမ်းကိုစစ်လို့ သွေးနီဥတွေ့တာဆိုရင် ဝမ်းထဲမှာ သွေးပါနေလို့ဖြစ်တယ်။ သွေးက အစာလမ်း တနေရာဂာကနေ လာနိုင်တယ်။ အသဲကြောင့်၊ အရက်ကြောင့်ဆိုရင် အစာအိမ်နဲ့ အစာမြိုပြွန်ဆက်ရာနေရာကနေလာမယ်။ အစာအိမ်လေနာဆိုရင် အစာအိမ်ဖြစ်တဲ့ နေရာက လာမယ်။ ရှားပါးတဲ့ အူလမ်းကနေလဲ လာနိုင်တယ်။ ဘာအနာမှ မရှိဘဲ အကိုက်အခံပျေက်ဆေးတွေကြောင့်လဲ သွေးယိုနိုင်တယ်။ သွေးရောဂါကြောင့်လဲ သွေးယိုနိုင်တယ်။ သွေးခဲချိန်ကြာတဲ့ ရောဂါလဲရှိတယ်။ ဆေးစစ်ရင် သိမယ်။ သံဓါတ်အားဆေး နဲ့ ဗီတာမင် စီ တွေက ကောင်းပါတယ်။

2011/10/23
ကျွန်တော် အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ အသက်က ၃၄ ပါ။ အမျိုးသမီးက ၂၉ ပါ။ ကျွန်တော်တို့ ရင်သွေးမရသေးတဲ့အတွက် ဆရာဝန်ကြီး တစ်ဦးထံမှာ နှစ်ကြိမ် ပြဖူးပါတယ်။ ဆရာကြီးက အလုပ်များတာကြောင့် ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်တာတွေကို တွေ့ရတဲ့ အခိုက်အတန့်လေးမှာ စုံလင်အောင် မပြောပြနိုင်ခဲ့ပါဘူး။ သားအိမ်ကို စကန်ဖတ်တာလည်း ၂ ခါရှိပါပြီ။ သားအိမ် ကောင်းတယ်လို့ အဖြေရပါတယ်။ ကျွန်တော်လည်း ဆီမန်း စစ်တာ အောင်ပါတယ်။ အမျိုးသမီးက ရာသီမမှန်ပါဘူး။ အခု ရတာ ၂ နှစ် အတွင်းမှာ ပုံမှန်သူဖာသူလာတာဆိုလို့ သုံးကြိမ်လောက်ပဲ ဖြစ်ပြီးတော့ ဆရာဝန်ကြီးက တားဆေးနှစ်ကြိမ်သောက်ခိုင်းလို့ လာတာက ၂ ကြိမ်နဲ့ ဆို စုစုပေါင်း ၅ ကြိမ်လောက်သာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဝက်ခြံတွေပေါက်တဲ့အချိန်မှာ ဗိုက်ထဲက လာချင်သလို ဖြစ်ဖြစ်ပြီးတော့ မလာပါဘူး။ အစားအသောက်လည်း သိပ်မစားပဲနဲ့ သူဟာ မပိန်ပဲ ဝဝလာနေပါတယ်။ ရာသီမလာပေမယ့် သူ့မှာ ရာသီမလာလို့ ဖြစ်တတ်တဲ့ သဘောသဘာဝတွေ မရှိပါဘူး။ ယောက်ျားတစ်ယောက်လိုပဲ ပြောကြပါစို့ခင်ဗျာ။ မေးချင်တာက ရာသီမှန်မှ မျိုးဥကြွေနိုင်တာလား(ဝါ) ရင်သွေးရနိုင်တာလား။ အမျိုးသမီးမှာ ကျားဟိုမုန်းများနေရင် မျိုးဥကြွေဖို့ ရာသီလာဖို့ ခက်ခဲပါသလား။ အမျိုးသမီးဟာ စိတ်မြန်ပါတယ်၊ သာမာန် ယောက်ျားတွေထက်ကို စိတ်မာပါတယ်၊ နေတာထိုင်တာ ပြောတာဆိုတာက အမျိုးသမီး တစ်ယောက်ထက် အမျိုးသားတစ်ယောက်နဲ့ ပိုတူပါတယ်၊ စိတ်ရှုပ်ထွေးမှု များပါတယ် တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေ များပါတယ်။ သူ ရာသီလာဖို့အတွက် အရင်ဆရာဝန်ကြီး သောက်ခိုင်းတဲ့ တားဆေးကို သောက်ရင် အနီလုံးလေးတွေရောက်ရင် ရာသီလာမယ် ဆိုတာတော့ သိထားပါတယ်ခင်ဗျာ။ ဒါပေမယ့် ကျွန်တော်က မသောက်စေချင်ဘူး။ ဘာလို့လဲဆိုတော့ အဲဆေးတွေ သောက်တာများရင်လည်း ရင်သွေးရဖို့ ခက်ခဲတတ်တယ်လို့လည်း ဖတ်ရဖူးလို့ပါ။ ကျွန်တော့်အမြင်လွဲရင်လည်း တောင်းပန်ပါတယ်။ ဒီအရာနဲ့ ပတ်သက်ပြီးတော့ တားဆေးကဒ်ကလွဲပြီး တခြားဆေး မသောက်ဖူးသေးပါဘူးခင်ဗျ။ ခက်နေတာက ကျွန်တော်တို့နေတာက နယ်စပ်မှာဆိုတော့ အရင်ပြခဲ့တဲ့ ဆရာကြီးဆီကိုလည်း လုပ်ငန်းအနေအထားအရ မအားလပ်တာများတာကြောင့် မရောက်ဖြစ်ပါဘူး။ လိုအပ်တာလေးတွေကို ညွှန်ကြားပေးစေလိုပါတယ်။

ကလေးရဘို့ရာ ရာသီမှန်ဘို့က အရေးကြီးတယ်။ ရာသီလာပေမဲ့ မျိုးဥမထွက်တာဖြစ်နိုင်တယ်။ ရာသီမလာဘဲ မျိုးဥမထွက်ပါ။
ဟော်မုန်းတွေ အဆချိုအဆ ပြောင်းနေရင် မျိုးဥ၊ ရာသီ မမှန်ဖြစ်နိုင်တယ်။ (အိုဂျီ) က ညွှန်တာကို ယုံယုံကြည်ကြည် လိုက်နာသင့်ပါတယ်။ မဖတ်ရသေးရင် ဖတ်ဘို့ စာတွေ ပါးလိုက်ပါတယ်။

၁။ Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၈)
၂။ Infertility (2) ကလေးမရနိုင်သေးခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၈)
၃။ Weight and Fertility ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း
၎။ Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး တွေကို ဖတ်ပါ။

Wednesday, October 5, 2011

Q and A October 2011 (5)

၁။ ခုခံအားကျဆင်းမှုရောဂါက (၆)နှစ်မှ
၂။ ကလေးတွေမှာ ဖြစ်တဲ့ Meningitis ဦးနှောက်အမြှေးရောင်ခြင်း
၃။ အရိုးအဆစ် ကျီးပေါင်းရောဂါအကြောင်း
၎။ စိက်နည်းနည်း လူပ်ရှားရင် ဆီးခုံအောင့်တာ

20 Oct 11, 10:25
ခုခံအားကျဆင်းမှုရောဂါက (၆)နှစ်မှ လက္ခဏာပေါ်တယ်လို့ သိရပါတယ်။ (၆) နှစ်မတိုင်ခင်သွေးစစ်ရင်ရော မသိနိုင်ဘူးလား။ အခုအချိန်သွေးစစ်လို့ ရောဂါမရှိဘူးလို့သိရပေမယ့် တကယ်စိတ်မချရဘူးပေါ့နော်။
၁။ HIV Summary
၂။ HIV and AIDS
၃။ HIV Tests အမေး-အဖြေ
၎။ HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ
၅။ 1-8-2011 Rapid, cheap HIV test finds success HIV ရှိ-မရှိ အလျင်အမြန် စမ်းနည်းသစ် အောင်မြင်မှုရ တွေကို ဖတ်ပါ။

19 Oct 11, 20:49
ကလေးတွေမှာ ဖြစ်တဲ့ Meningitis ဦးနှောက်အမြှေးရောင်ခြင်း ရောဂါအကြောင်း ပြည့်ပြည့်စုံစုံ သိချင်ပါတယ်ရှင့်။ ၂ နှစ်သားလေးက bacterial ကြောင့် ဖြစ်နေလို့ပါဆရာ။
Meningitis (1) (မင်နင်ဂျိုက်တစ်)၊ Meningitis (2) (မင်နင်ဂျိုက်တစ်) နဲ့ Encephalitis ဦးနှောက်ရောင်ရောဂါ တွေကိုဖတ်ပါ။ Email မပါလို့ ပို့မရပါ။

19 Oct 11, 10:28
အရိုးအဆစ် ကျီးပေါင်းရောဂါအကြောင်း ပြောပြပေးပါဆရာ။
၁။ Spondylosis အရိုးကျီးပေါင်းတက်ခြင်း
၂။ Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ် တွေကို ဖတ်ပါ။

19 Oct 11, 07:09
စိက်နည်းနည်း လူပ်ရှားရင် ဆီးခုံအောင့်တာ ဘာဖြစ်တာလဲ။ နှားလုံးနဲ့ ကျောက်ကပ်သိပ်မကောင်းဘူး။သတိထားမိသလောက်တော့ စိက်နည်းနည်း လှုပ်ရှားတာနဲ့ ဆီးခုံအောင့်တယ်။ (for my brother)
ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး စတာတွေမသိရပါ။ ကျောက်ကပ်မကောင်းတာ ကို တိတိကျကျပြောပါ။

Tuesday, October 4, 2011

Q and A October 2011 (4)

၁။ အမျိုးသမီးရော ကျွန်တော်ရော အခုဆီးသွားချင်လျင်
၂။ ယောက်ျားလေးရဖို့အတွက် ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ
၃။ ဝမ်းသွားဖို့ညှစ်တဲအခါ သုတ်ရည်ပါ
၎။ အိမ်မှာနေလည်း ဆီးပူတတ်ပါတယ်

18 Oct 11, 14:54
ကျွန်တော် လက်ထပ်ပြီး ၃ လရှိပါပြီ။ ကျွန်တော့် အမျိုးသမီးရော ကျွန်တော်ရော အခုဆီးသွားချင်လျင် အရမ်းကိုပဲ အောင့်တာပဲ။ ချက်ခြင်းသွားရပါတယ် ဘာဖြစ်လို့လည်းဆရာ။
၁။ 7-9-09 Honeymoon Cystitis
၂။ Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ တွေကို ဖတ်ပါ။

18 Oct 11, 12:27
ယောက်ျားလေးရဖို့အတွက် ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ သိချင်ပါတယ်။ ကျွန်မ အမျိုးသားကရော ကျွန်မ မိဘတွေကပါ သားဦး အရမ်းလိုချင်နေကြလို့ လမ်းညွှန်ပေးပါရှင့်။
၁။ Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား ကို ဖတ်ပါ။

20 Oct 11, 20:24
ကျွန်တော် ဝမ်းသွားဖို့ညှစ်တဲအခါ သုတ်ရည်ပါ ထွက်ထွက်လာတယ်။ အခု လိုဖြစ်တာ ၃ နှစ်ရှိပြီ။ အခုလိုဖြစ်နေပြီ ၂ နှစ်ကြာတော့ ကျောက်ကပ်မှာ ကျောက်တယ်တာ ခံစားနေပါတယ်။ ဘာလုပ်ရမလဲဆိုတာ ကူညီပါ။ ကျွန်တော် အသက်က ၃၇ အိပ်ထောင် မရှိပါ။ မိန်းမ မလိုက်စာပါ။ စိတ်ဖြေတာတော့ ရှိပါတယ်။
ဖြစ်တာ ရှားပါတယ်။ ရောဂါရယ်လို့ မဟုတ်နိုင်ပါ။ လူပျိုကြီးတွေ ဖြစ်တတ်တယ်။ သူက်ထွက်ဘို့ လိုနေချိန်မှာ ထွက်တဲ့သဘောမျိုး၊ ညအပိပ်ရင်း သုက်ထွက်တဲ့သဘောမျိုး ဖြစ်နိုင်ပါတယ်။

20 Oct 11, 10:47
ကျွန်မ နေပူထဲကပြန်လာရင် (သို့) ရာသီဥတုပူရင် အိမ်မှာနေလည်း ဆီးပူတတ်ပါတယ်။ ဘာကြောင့်ပါလဲ။ အသက်က ၆၀ ကျော်ပါပြီ။ ဆီးမပူအောင် ဘယ်လိုနေထိုင်စားသောက်ရမှာပါလဲ။ လမ်းညွှန်ပေးပါရှင့်။
၁။ Acidic Urine ဆီးပူ နေရင်
၂။ Acidic Urine (2) ဆီး အက်စစ်ဓါတ်များနေခြင်း
၃။ Dysuria ဆီးခဏခဏအောင့်လို့ပါရှင် တွေကို ဖတ်ပါ။

Monday, October 3, 2011

Q and A October 2011 (3)

၁။ ဝက်ခြံလည်း မဟုတ်ပါဘူး
၂။ မျက်နှာမှာ ပေါက်တဲ့ ငါးမျက်စိအကြောင်း
၃။ ပန်းအဖျား လှီးဖြတ်ပေးခြင်း ဆိုတာကို
၎။ I felt lower stamina & enlarged breasts.
၅။ ကလေးမွေးပြီးတဲ့ မိခင်တစ်ယောက်လို နေထိုင်ရမယ်လို့ ပြောပါတယ်။
၆။ တခြားသူတွေရဲ့ အမာရွတ်လိုမျိုးမဟုတ်ပဲ

2011/10/15
မျက်နှာနဲ့ Body မှာ အဆီကျိတ်လို အဖုလေးတွေထွက်နေပါတယ်။ တော်တော်ကြာပါပြီ။ အရင်တုန်းက နည်းတော့ သတိမထားမိပါဘူး၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတာလည်း ပါပါတယ်။ အခုတော်တော်ပွားလာပါတယ်။ သူက ဝက်ခြံလည်း မဟုတ်ပါဘူး ညှစ်လို့မရပါဘူး အသားနဲ့တစ်သားတည်း ဖြစ်နေတာပါ။ အသားအောက်က အပေါ်ကို ထွက်နေသလိုမျိုးပါ။ နည်းတုန်းက ကြည့်ရမဆိုးပေမဲ့ များလာတော့ ရှိတာသိသာလာပါတယ်။ ဆေးခန်းတွေသွားပြတော့လည်း သူတို့က လေဆာနဲ့မှရမယ်လို့ ပြောကြပါတယ်။ တစ်ချို့က သွေးသားပြောင်းမှ အလိုလိုပျောက်တယ်တဲ့ သွေးလှူဖို့ကလည်း အခက်အခဲရှိနေပါတယ်။ သွေးအားနည်းလို့ပါ။ ငါးမျက်စိလည်းမဟုတ်ပါဘူး။ ကူညီပေးပါဦးနော်။
၁။ Lumps or Bumps အလုံး-အကျိတ်
၂။ Cysts (ဆစ်စ်) တွေကို ဖတ်ပါ။
၃။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်း မေးပါ။

2011/10/14
မျက်နှာမှာ ပေါက်တဲ့ ငါးမျက်စိအကြောင်း သိချင်လို့ပါ။ ငယ်ငယ်တုန်းကတော့ မျက်လုံးထောင့်စွန်း အောက်မှာ ပေါက်ပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ၃-၄ ဖုလောက်ပါပဲ။ အမြဲတမ်းလဲ မပေါက်ပါဘူး။ ဝက်ခြံလိုပဲ ဒါပေမဲ့ အရေပြားပေါ် စူပြီး ထွက်မနေပါဘူး။ မာပြီး လက်နဲ့ ညစ်လို့မရပါဘူး။ အပ်နဲ့ ထွင်းပြီး ညစ်ထုတ်မှထွက်ပါတယ်။ အဆံကလည်းဖြူဝါဝါနဲ့ မာပါတယ်။ နောက်တော့ စာအုပ်မှာဖတ်မိတဲ့အတိုင်း သဘောင်္ရိုးနဲ့ ပွတ်လိုက်တာ လုံးဝ ပျောက်သွားပါတယ်။ ဒါပေမဲ့ အစီးလောင်ပြီး နောက်ပိုင်း အညှိကွက်လေးတွေတော့ ကျန်ခဲ့ပါတယ်။ ခုနောက်ပိုင်း နားခေါင်း နားမှာ ထပ်ပေါက်လာပါတယ်။ အပ်နဲ့ ထွင်းပြီးတော့ ထုတ်ပါတယ်။ ဒါပေမဲ့ ပြန်ပြန်ထွက်လာပါတယ်။ သင်္ဘောရိုးနဲ့ ထပ်မပွတ်ရဲလို့ပါ။ စုံစမ်းကြည့်တော့ လေဆာနဲ့ကုမှ ပျောက်မှာလို့ ပြောပါတယ်။ တခြားနည်းလမ်းများ ရှိမလားလို့ သိချင်လို့ပါ။ ပြီးတော့ အဲ့ဒါက ငါးမျက်စိလား၊ အနာတခြား ဆေးတခြား ဖြစ်မှာစိုးလို့ပါ။ငယ်ငယ်ကတော့ အမတစ်ယောက် ပေါက်လို့ လူကြီးတွေက ငါးရိုးနဲ့ဖောက်ပြီး ထုတ်လိုက်တာ ထပ်မပေါက်တော့ပါဘူး။
၁။ Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း
၂။ Dermaroller မျက်နှာကို လှအောင် လုပ်တဲ့ကရိယာ
၃။ Scar အမာရွတ် တွေကို ဖတ်ပါ။

2011/10/13
ကျွန်တော့် အသက် ၂၂ ပြည့်ပြီးပါပြီ။ ဆရာ့ရဲ့ Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း ဆိုတာကို ဖတ်ခဲ့ပြီးပါပြီ။ ကျနော်ရဲ့ လိင်အင်္ဂါ ထိပ်ဖျားပိုင်း အရေပြားက ခုထိဖုံးနေသေးတဲ့အတွက် အရေးပြားလှီးဖြတ်ချင်ပါတယ်။ ကျွန်တော်က ရန်ကုန်မှာပါ။ ရန်ကုန်မှာ ဘယ်ဆေးခန်းမှာ ဖြတ်လို့ရလဲ။ သူ့အတွက် သီးသန့်ဆေးခန်းများရှိလား ဆိုတာလဲ သိချင်ပါတယ်။ အကယ်၍ လှီးဖြတ်ပြီးပြီဆို ပုံမှန် အခြေအနေပြန်ကောင်းလာဖို့ အချိန်ဘယ်လောက်ယူရလဲ ဆိုတာလေးလဲ သိချင်ပါတယ်။

၁။ ဒီလိုခွဲစိတ်မှုဟာ အသေးစားသာဖြစ်လို့ ခွဲစိတ်ဆရာဝန်တိုင်းက လုပ်ပေးနိုင်ပါတယ်။
အချိန်လဲ မကြာပါ။ ဆေးရုံမတက်ဘဲလဲ ခွဲလို့ရပါတယ်။
၂။ ကျွန်တော်က ရန်ကုန်မှာ မနေရပါ။ ကုန်ကျစရိတ်လဲ မသိပါ။

October 16, 2010 12:42 PM
Q: I want to know how to check hormone level. I am 28 years old male and single. Now I am working in Singapore. I felt lower stamina & enlarged breasts. I am waiting for your reply.
A: There are two types: Blood and Saliva. All you do is (1) obtain the appropriate home hormone test kit, (2) collect your saliva sample and send it to the laboratory, (3) visit a laboratory and tell what you want.
Q: I received blood test from laboratory yesterday. My testosterone hormone level is 12.3 nmoI/L and ref. range is (6 ~ 30). I forgot to ask them female hormone level. Could I got any advice from u, Sayar? My age is enough for this level or not?
A: Range means between two figures indicates normal. So you are absolutely within normal range. Don't worry!
A: Please read:
1. Men’s medicines ယောက်ျားသုံးဆေးများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၇)
2. Masturbation (မာစတာဘေးရှင်း) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅)
3. Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

2011/10/11
ကျွန်တော့် အမျိုးသမီး ၉-၁ဝ-၂ဝ၁၁ရက်နေ့ နံနက်က လမ်းထိပ်မှာ မုန့်စားပြီးအပြန် စက်ဘီးတစ်စီး ဝင်တိုက်မိပြီး ကတ္တရာလမ်းပေါ် ဖင်ထိုင်လျက် ကျသွားလို့ ကိုယ်ဝန်ပျက်ကျသွားပါတယ်။ ကိုယ်ဝန်က (၁၇)ပတ်တိတိပါ။ အမျိုးသမီးက အသက်(၂၆)နှစ်၊ အမည် (့)၊ သားဦးပါ။ စက်ဘီးသမားက ထွက်ပြေးသွားပါတယ်။ (့) ဆေးရုံမှာ သားအိမ်ခြစ်ရပါတယ်။ ဒီနေ့ ဆေးရုံဆင်းပါမယ်။ ဆောင်ရန် ရှောင်ရန်လေးသိချင်လို့ပါခင်ဗျား။ ဆေးရုံကတော့ ကလေးမွေးပြီးတဲ့ မိခင်တစ်ယောက်လို နေထိုင်ရမယ်လို့ ပြောပါတယ်။ သိပ်သဘောမပေါက်လို့ပါ။

Sorry! သိပ်စိုးရိမ်စရာမရှိပါ။ သွေးဆင်းလို့ သွေးအားနည်းနေလိမ့်မယ်။ သူများတွေလောက် အပင်ပန်းမခံနိုင်ဘူး။ လှုတ်ရှားတာ သိပ်များသွားရင် မောတာ၊ မူးတာဖြစ်နိုင်တယ်။ သက်တောင့်သက်သာနေပါ။ ရေများများသောက်၊ အစားအစာ လုံလောက် မျှတအောင်စားပါ။ သံဓါတ်ပါအားဆေး နဲ့ ဖေါလစ်အက်စစ် သောက်ပါ။ ရောဂါပိုးတော့ ဝင်စရာမရှိလောက်ပါ။ ဆေးရုံက ပေးလိုက်ပြီးဖြစ်မယ် ထင်ပါတယ်။ ၂-၃ ပါတ်နေရင် အတူနေလို့လဲ ရပါတယ်။ ရင်သားတင်းတာမျိုးဖြစ်ရင်လဲ ပါရာစီတမော သောက်နိုင်တယ်။ ဗိုက် (ဆီးစပ်) နေရာနာရင် Ibuprofen သောက်နိုင်တယ်။ တခါသောက် ၁ ပြား၊ အစာနဲ့သောက်၊ တနေ့ ၂-၃ ကြိမ်၊ မနာတော့ရင် မသောက်ဘဲ ရပ်နိုင်တယ်။ သွေးဆင်းတာ တပါတ်နဲ့ မရပ်ရင် ပြန်ပြပါ။ ဖျားရင် ပြန်ပြပါ။ ထိခိုက်မိလို့ ပျက်ရတာက နောက်ကိုယ်ဝန်တွေမှာ မထိခိုက်ရင် အကောင်းဖြစ်မှာပါ။

2011/10/11
ကျွန်တော့်၏ ခန္ဓာကိုယ်မှာ အနာ (သို့) ဒဏ်ရာ တစ်ခုခုဖြစ်ပြီးရင် အမာရွတ်ကျန်ခဲ့ပါတယ်။ အဲဒီအမာရွတ်က တခြားသူတွေရဲ့ အမာရွတ်လိုမျိုးမဟုတ်ပဲ အသားပိုကဲ့သို့ အဖုဖြစ်လာတတ်ပါတယ်။ အဲဒီလိုအမာရွတ်က ကျွန်တော့်အဖေနဲ့ ကျွန်တော့်အကိုမှာရော
ဖြစ်ပါတယ်။ အဲဒါဘာရောဂါလို့ ခေါ်ပါသလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်တာလဲ ဆိုတာပါရှင်းပြပေးပါ။ အဲဒီအမာရွတ်တွေကို ခွဲစိပ်လိုက်ရင်ရော နဂိုအသားအတိုင်းပြန်ရနိုင် ပါသလားဆရာ။ကျေးဇူးပြုပြီး ဒီအီးမေးကို ပို့ ပြီးဖြေပေးစေချင်ပါတယ်။
၁။ Scar အမာရွတ်
၂။ Keloid အရုပ်ဆိုးတဲ့ အမာရွတ် တွေကို ဖတ်ပါ။

Sunday, October 2, 2011

Q and A October 2011 (2)

၁။ ရာသီလာတာ ၁ လခွဲ တစ်ခါဖြစ်နေလို့ပါ။
၂။ ဆက်ဆံပြီး သုံးလေးရက် အကြာမှာ
၃။ Down syndrome ရောဂါအကြောင်း
၎။ သားသမီးကိစ္စက အကောင်အထည်မပေါ်ပါဘူး
၅။ တီဘီရောဂါလို့ ပြောလို့ရလား။

2011/10/16
သမီးအသက် ၂၆ နှစ်ပါ၊ ကန်တော့ပါဆရာ၊ ရာသီလာတာ မမှန်တာ သဘာဝပါလား၊ သမီး ရာသီလာတာ ၁ လခွဲ တစ်ခါဖြစ်နေလို့ပါ။ ပြီးရင် ခေါင်းလဲ ကိုက်ပါတယ်၊ မလာခင်တစ်ပတ်လောက်ဆို အရမ်းလဲအိပ်ပါတယ်၊ ထလာရင်လဲ မလန်းဆန်းပဲ ဝမ်းလဲနည်းပါတယ်။ ဗိုက်လဲတော်တော်လေးအောင့်ပါတယ်၊ ဆေးပညာဆောင်းပါးတွေမှာတော့ ဖြစ်တတ်တဲ့ လက္ခဏာလို့ဖတ်ဖူးပေမဲ့ တဖြည်းဖြည်း ကြောက်လာပါပြီ။ သမီးအလုပ်က ကွန်ပြူတာ ပရိုဂရမ်မာပါ၊ အလုပ်မှာလဲ အဲလိုရက်တွေဆို စိတ်ညစ်ပါတယ် အလုပ်ထဲစိတ်မပါပါဘူး။ အဲလိုကြီး တစ်သက်လုံးဖြစ်နေတော့မှာလား ဘယ်လို နေရမလဲလို့ သိချင်ပါတယ်။ ခေါင်းကိုက်တာကလဲ နောက်စိဘက်အခြမ်းက ကိုက်ပါတယ်ဆရာ။ ရာသီလာတဲ့ အချိန်မှာလဲ ကိုက်ပါတယ်၊ လာခါနီးဆိုလဲ အရမ်းသိသာပါတယ်။ ကိုက်တာက၊ ဆိုင်မဆိုင်တော့ မသိပါဘူး။

ဆရာရေးထားတာတွေ ဖတ်ပြီးပြီလား။
၁။ Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
၂။ Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)
၃။ Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃)
၎။ Migraine မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ ကို ဖတ်ပါ။
အိမ်ထောင်ရေး စတာမျိုးလဲ မဖြေခင် ဆရာဝန် သိသင့်တယ်။

2011/10/16
ကျွန်တော့် အသက် ၂၁ ရှိပါပြီ၊ မြန်မာနိုင်ငံမှာပဲ နေပါတယ်။ လူပျိုပါ။ ၂ဝ၁ဝ ၈ လ ပိုင်းလောက်က ရည်စားနဲ့ ပထမဆုံး လိင်ဆက်ဆံခဲ့ပါတယ်။ တစ်ခါပါပဲ။ အဲဒီနောက် ဆက်ဆံပြီး သုံးလေးရက် အကြာမှာ ကျွန်တော်ရဲ့ လိင်အင်္ဂါမှာ အနာလေးတွေ ပေါက်လာပါတယ်။ အဲဒီအနာလေးတွေက အလည်မှာ ပြည် လိုမျိုး အရောင်နဲ့ (ပြည်မတည်ပါဘူး} ထိမိရင် စပ်ပါတယ်။ သူဟာသူ နေရင်တော့ မစပ်ပါဘူး။ တစ်ခု နှစ်ခု လောက်ပါပဲ။ နောက် သုံးလေးပတ်လောက်ကြာတော့ ပျောက်သွားပါတယ်။ ပျောက်တာ တစ်ပတ်လောက်နေတော့ ပြန်ဖြစ်ပါတယ်။ အဲလို ပျောက်လိုက် ဖြစ်လိုက်ဖြစ်နေတာ ၂ဝ၁၁၊ ၁ဝ လ ခုချိန်ထိပါပဲ။ အနာပေါက်နေချိန်မှာ သူ့ကိုထိရင် စပ်ပါတယ်။ အဲဒီအနာလေးတွေက ကျွန်တော့် လိင်တံ အလည်လောက်မှာပဲ ပေါက်ပါတယ်။ တစ်လလောက် ပေါက်ရင် တစ်ပတ်လောက် ပျောက်ပါတယ်၊ ပြီးရင် ပြန်ပေါက်ပါတယ်။ ရှက်တာနဲ့ ဘယ်ဆေးခန်းမှ မပြရဲပါဘူး။ ကျန်တဲ့ လက္ခဏာ မပြပါဘူး။ အဲဒါ ကာလသားရောဂါလား၊ ဆစ်ဖလစ်လား၊ ကျွန်တော် ဘယ်လို ကုရမလဲဆိုတာ ကူညီပေးကျပါ ခင်ဗျာ။

၁။ ဒီ Website နဲ့ Email မှာ ဆရာတယောက်ထဲသာ ရှိပါတယ်။ ဖြေပေးကြ (ကျ မဟုတ်ပါ) ဆိုလို့ ပြောတာဖြစ်ပါတယ်။
၂။ Lesions on penis ကျားအင်္ဂါ အနာများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁) ကိုဖတ်ပါ။

2011/10/16
Down syndrome ရောဂါအကြောင်း သိရှိချင်ပါသည်။ တချို့လူတွေမှာ ထိုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ ကျန်းမာရေး ကောင်းမွန်သည့် မိဘနှစ်ပါး ဖြစ်သော်လည်း ထိုရောဂါပါလာသော ကလေးများ မွေးဖွားတတ်ကြသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ မဖြစ်အောင် မိဘနှစ်ပါးအနေဖြင့် မည်ကဲ့သို့ ပြုမူနေထိုင်ပြီး၊ မည်သည့်အာဟာရများ စားသောက်ရန် လိုအပ်သည်ဆိုသည်ကို သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။
Down syndrome (ဒေါင်းန်-ဆင်ဒရုမ်း) ကို ပို့ပေးပါတယ်။

2011/10/15
ကျွန်တော်က တိုင်းခြားမှာ အလုပ်လုပ်ပါတယ်။ ကျွန်တော် တို့ ဇနီးမောင်နှံ အိမ်ထောင်ကျတာ တနှစ်ခွဲလောက် ရှိပါပြီ။ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ အသက်ကလဲ ၃၅ ပါတ်ဝန်းကျင်တွေပါ။ လက်ထပ်ပြီး ၄ လနီးပါးလောက် အတူနေခဲ့ပါတယ်။ ဒါပေမယ့် သားသမီးကိစ္စက အကောင်အထည်မပေါ်ပါဘူး။ အခု အသက်အရွယ်မှာ သားသမီးယူရင် ဆိုးကျိုးတွေ ရှိလာနိုင်မလားဆရာ။ ဖတ်ဖူးတဲ့စာတွေထဲမှာ အသက်ကြီးမှ ကလေးယူရင် ဥာဏ်အရည်အသွေးနိမ့်၊ ရုပ်ရည်ချို့တဲ့တဲ့ ကလေးတွေ ရလာနိုင်တယ်လို့ ဖတ်ဖူးထားလို့ပါ။ နောက်ပြီး ကလေးနဲ့ မိခင်အတွက်စိုးရိမ်ရတယ်လို့ သိဖူးပါတယ်။ လာမယ့် ၁၂လပိုင်းလောက်မှာ ဆုံးဖြတ်စရာလေးတွေ ရှိနေလို့ပါ။ ဆက်ပြီးတော့ နေရမလား၊ ပြန်မလားဆိုတာကိုပါ။ ကျွန်တော်တို့ မိသားစုနှစ်ခုလုံးကလဲ တော်တော်လေးမျှော်လင့်နေကြတာမို့ပါ။

ကလေးရနိုင်သူတိုင်း အသက် အတိအကျကန့်သတ်မှု မရှိဘူးလို့ ပြောရင် ရပါတယ်။ ယောက်ျားတွေမှာ ပိုပြီး အကန့်အသတ် မရှိပါ။ အမျိုးသမီးတွေမှာ သွေးမဆုံးမချင်း သားမဆုံးပါ။ ၃၅ နှစ်ဆိုတာ သားဦးကိုယ်ဝန်ရရင် သတိပိုထားရတာ ဖြစ်ပါတယ်။ သတိထားရင် ကလေးအကောင်းမွေဘို့ ဘာမှ စိုးရိမ်စရာ မလိုပါ။ ကလေး မရနိုင်သူတွေကြတော့ အသက်ငယ်လဲ ကိုယ်ဝန်ဆောင်ဘို့ ခက်ကြတယ်။ သေခြာချင်ရင် ဆေးစစ်ရတယ်။ ယောက်ျားကိုရော မိန်းမကိုပါ စစ်ရတာပါ။ အသက်ငယ်သူ ဖခင်နဲ့ အသက်ကြီး မိဘတွေအတွက် စာရေးထားတာတွေ့ ပို့လိုက်ပါတယ်။
၁။ Elderly parents အသက်ကြီးမှ ကလေးရရင်
၂။ Young father ယောက်ျားက အသက်ငယ်နေရင် ဥာဏ်ရည်မမှီတဲ့ ကလေး မွေးတတ်သလား

2011/10/8
လွန်ခဲ့တဲ့လက ကျနော့ဇနီး ဓါတ်မှန်ရိုက်ဖြစ်တယ်။ ဓါတ်မှန်ထဲမှာ ဘယ်ဘက် အဆုတ်ရဲ့ အပေါ်ဘက်ထောင့်မှာ အဖြူကွက်လေး ပေါ်နေတယ်။ ကျနော့်ဇနီးမှာ တီဘီနဲ့ ပါတ်သက်တဲ့ ဘာလက္ခဏာမှ မရှိခဲ့ဘူး။ အဲလိုအကွက်ပေါ်တိုင်း တီဘီရောဂါလို့ ပြောလို့ရလား။ အဆုတ်မှာ စပေါ့တွေ့တာက တစ်ခြား ဘာရောဂါတွေ ဖြစ်နိုင်သေးလဲ။ နောက်တစ်ပါတ်မှာတော့ သလိပ်စစ်ဖို့ စီစဉ် ထားပါတယ်။ ကျနော်တို့က တစ်အား စိုးရိမ်နေတာပါ။ တီဘီကြောင့်လားဆိုပြီးပါ။ အနံ့အသက်ပြင်းတဲ့ ဓါတုဆေးဝါးများ (ဥပမာ အဝတ်အစား အစွန်းချွတ်ဆေး)လိုမျိုး သုံးရင်ကော အဆုတ်ကို အနာဖြစ်စေနိုင်လား။

၁။ TB ဖြစ်တာကို မစိုးရိမ်ပါနဲ့။ ဆေးကုလို့ပျောက်တယ်။ တခြားဟာကိုသာစိုးရိမ်ရမယ်။ ဖြစ်တဲ့သူရဲ့အသက်၊ ကျန်းမာရေးနောက်ခံတွေ ထည့်မရေးလို့ မှန်းမရပါ။ သလိပ် အဖြေရလို့ လိုသေးရင် မေးပါ။
၂။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်း မေးပါ။

Saturday, October 1, 2011

Q and A October 2011 (1)

8 Oct 11, 19:14
TB ရောဂါကာကွယ်တဲ့ဆေး ထိုးလို့ရပါသလားဆရာ။

တီဘီ ကာကွယ်ဆေး BCG ကို မွေးကာစမှာ တခါသာ ထိုးဘို့လိုပါတယ်။

8 Oct 11, 15:55
HI ! Saya...e-mail.....လိပ်စာလေး ပေးလို့ ရမလားခင်ဗျာ.......
drswe01@gmail.com ကျွန်တော့် (ဂျီမေးလ်) နဲ့ (အီးမေးလ်) အတူတူဘဲနော်။

8 Oct 11, 15:34
condom နဲ့ လိင် 2-3 ခါ ဆက်ဆံ မိရုံနဲ့ HIV/AIDS မကူးနိုင်ပါဘူးနော် ဆရာ။
(၁) http://www.yamunaclinic.org/index.php?option=com_content&view=article&id=464:condoms-safety-and-effectiveness-&catid=34:adult-readings&Itemid=49 Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု
(၂) http://www.yamunaclinic.org/index.php?option=com_content&view=article&id=449:stds-and-condom-&catid=34:adult-readings&Itemid=49 STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ
(၃) http://www.yamunaclinic.org/index.php?option=com_content&view=article&id=442:condom-standards-&catid=34:adult-readings&Itemid=49 Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ တွေကို ဖတ်နိုင်ပါတယ်။

7 Oct 11, 06:04
ပေါင်ရင်းမှာ ဂျွတ် လိုလို ပွေးလိုလိုနဲ့ပါ ယားနာမျိုးတွက် ဘယ်လိုဆေးကို သုံးရမလဲဆိုတာ မေးချင်တာပါ။
http://www.yamunaclinic.org/index.php?option=com_content&view=article&id=2965:ringworm-&catid=30:medical-writings-&Itemid=46 Ringworm ပွေး ကိုဖတ်နိုင်ပါတယ်။

2 Oct 11, 22:07
My right neck was inflamed 2 years and it appears mucus and joints are sometime inflamed. Please advise me what sign of disease?
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက အတိုင်းမေးစေလိုပါတယ်။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...