Wednesday, November 30, 2011

Cervical cancer test DIY သားအိမ်ဝ-ကင်ဆာကို ကိုယ့်ဖါသာ စမ်းသပ်နည်း

7-11-2011 DIY cervical cancer test could prevent thousands of cases
Cervical cancer သားအိမ်ဝ-ကင်ဆာကို Smear tests နည်းလုပ်ဘို့ လက်လှမ်းမမီသူတွေ Do-it-yourself (DIY) test ကိုယ့်ဖါသာ စမ်းသပ်နည်းနဲ့ လုပ်နိုင်တယ်လို့ ၂-၁၁-၂ဝဝ၁၁ လန်ဒန်ကလာတဲ့ ကျန်းမာရေး သတင်းကောင်းတခုက ဆိုပါတယ်။

သားအိမ်ဝ-ကင်ဆာ ဖြစ်စေတဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်ကို DIY test နည်းနဲ့ စမ်းသပ်မှုကို မက်ဆီကိုမှာ အမျိုးသမီးပေါင်း ၂ဝဝဝဝ ပါဝင် လုပ်ဆောင်ခဲ့တယ်။ ရောဂါရှာတာ ထိရောက်မှုရှိတာ တွေ့ရတယ်။ အစဉ်အလာ Smear tests ထက်တောင် ပိုနိုင်သေးတယ်။

ဗြိတိသျှ သုတေသနလုပ်ကြသူတွေကနေ Lancet medical journal (လန်းဆက်) ဆေးပညာ ဂျာနယ်မှာ အဲလို ရေးလိုက်တာပါ။

Smear tests ကို ဆရာဝန် ဒါမှမဟုတ် သူနာပြုဆရာမကနေ လုပ်ပေးမှ ရတယ်။ ပြီးမှ Cytologist အထူးကုကနေ အနုကြည့် မှန်ဘီလူးနဲ့ စစ်ဆေးရမယ်။ အခုနည်းကတော့ သူ့ဖါသာသူ နမူနာယူပေးတာဖြစ်တယ်။

တကမ္ဘာလုံးမှာ သားအိမ်ဝ-ကင်ဆာဟာ အမျိုးသမီး ကင်ဆာတွေထဲမယ် ဒုတိယအများဆုံးဖြစ်တယ်။ တနှစ်မှာ ၅ သိန်း လူနာသစ်တွေ့နေရပြီး ၂ သိန်းခွဲက သေဆုံးနေကြရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်ထားတယ်။

သားအိမ်ဝ-ကင်ဆာ ရောဂါကို စောစောသိအောင် လူအုပ်စုလိုက် Screening ရောဂါရှာဖွေတာမျိုး မလုပ်နိုင်တဲ့ နေရာတွေမှာ နောက်ကျမှသိလို့ သေဆုံးမှုများရတာ ဖြစ်တယ်။

ဝါရှင်တန် တက္ကသိုလ် Institute for Health Metrics and Evaluation ရဲ့ ၂ဝ၁ဝ စက်တင်္ဘာလ ထုတ်ပြန်ချက်အရ ရင်သား-ကင်ဆာ နဲ့ သားအိမ်ဝ-ကင်ဆာတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ အသေများလာနေတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ Cervical screening programs ရောဂါရှာဖွေရေး နည်းလမ်း သုံးနေတာကြာပြီ၊ National immunization programs ကာကွယ်ဆေးလဲ ထိုးပေးနေတယ်။

လန်ဒန် တက္ကသိုလ် Queen Mary molecular epidemiology က ပါမောက္ခ Attila Lorincz ဟာ နည်းသစ်ကို လေ့လာရာမှာ ပါခဲ့တယ်။ သူက “ဆင်းရဲတဲ့နိုင်ငံကသာမက ချမ်းသာတဲ့တိုင်းပြည်တွေက smear tests လက်လှမ်းမမီတဲ့ အမျိုးသမီးတွေလဲ အခုနည်းသစ် DIY test ကိုသုံးနိုင်ပြီး အကျိုးများစေမှာ ဖြစ်ပါတယ်။ HPV vaccination ကာကွယ်ဆေး ထိုးမထားသူတွေ၊ မထိုးချင်သူတွေအတွက်လဲ အသုံးဝင်ပါမယ်” လို့ ပြောတယ်။
“တခြားရောဂါတွေနဲ့ သဘာဝချင်း မတူတာက သားအိမ်ဝ-ကင်ဆာကို ကာကွယ်နိုင်တယ်။ လူအုပ်စုလိုက် စစ်ဆေးမှု လုပ်မယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ကာကွယ်ဆေးထိုးမယ်။”

စမ်းသပ်မှုလုပ်ခဲ့တဲ့ မက်ဆီကိုမှာ အမျိုးသမီး ၂ဝဝဝဝ ထဲက တဝက်က ကိုယ်တိုင် Vaginal samples မွေးလမ်းကြောင်း ကနေ ဆေးစစ်ဘို့ရာ နမူနာယူရတယ်။ ကျန်တဝက်က ဆေးခန်းမှာ Smear tests လုပ်ရတယ်။ အဖြေထုတ်လိုက်တဲ့အခါ ကိုယ်တိုင် နမူနာယူသူတွေထဲက ဆေးခန်းမှာ နမူနာယူသူတွေထက် Cervical cancer သားအိမ်ဝ-ကင်ဆာကို ၄ ဆ၊ Pre-cancer condition (Cervical intraepithelial neoplasia) ကင်ဆာ မဖြစ်ခင် အဆင့်ကို ၃ ဆ မက ရောဂါရှာလို့ရတာ တွေ့ရတယ်။ အစောကြီးဆေးကုဘို့ ဖြစ်နိုင်သွားတယ်။

တွေ့ရှိချက်တွေအရ အမျိုးသမီးတွေဟာ ကိုယ့်ဖါသာ နမူနာယူပေးရတာကို သဘောကျကြတယ်။ အခုနည်းမှာ သတိထားစရာတွေလဲ ရှိပါတယ်။ ပိုးမရှိဘဲ ရှိတယ်လို့ ပြတာမျိုးပိုများနိုင်လို့ ထပ်စစ်ဆေးဘို့ လိုမယ်။ အဲလိုမဖြစ်အောင် ဆက်ပြီး သုတေသန လုပ်ရလိမ့်မယ်။

Tuesday, November 29, 2011

Paracetamol combo drugs (ပါရာစီတမော) ပူးတွဲဆေး သတိပေးချက်

12-11-2011 Paracetamol combo drugs to carry warning
Paracetamol (ပါရာစီတမော) ပါ ပူးတွဲဆေးတွေကို သတိပေးချက်နဲ့သာ ရောင်းချရမည်

“(ပါရာစီတမော) ဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ ဤဆေးကို တနေ့တာသောက်ရမည့် ဆေးပမာဏ ထက်ကျော်သောက်ပါက အသဲကို များစွာထိခိုက်စေနိုင်သည်၊ ဆေးမတဲ့တာမျိုး ဖြစ်စေနိုင်သည်” ဆိုတဲ့ Statutory warning သတိပေးချက်နဲ့သာ ရောင်းချရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

Drug Controller General of India အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ကနေ Food and Drug Administration အစားအစာနဲ့ ဆေးဝါး အာဏာပိုင်အဖွဲ့ကို Paracetamol (ပါရာစီတမော) ဆေးကို တပြား-တတောင့်မှာ 325 mg ထက်ပိုပြီးပါတဲ့ ဆေးအတွဲမျိုး ထုတ်လုပ်တဲ့ ဆေးကိုမ္ပဏီတွေကို လိုင်စင်သက်တမ်း တိုးမပေးဘို့၊ လိုင်စင်သစ်လဲ မပေးဘို့ စာရေးသားလိုက်ပါတယ်။

ဒီအဆုံးအဖြတ်ဟာ အမေရိကန် FDA ကနေ ၁၃-၁-၂ဝ၁၁ နေ့က ထုတ်ပြန်ချက်နဲ့ အလားတူပါတယ်။

လိုင်စင်သက်တမ်းတခုကို ၅ နှစ်ပေးနေတာဖြစ်ပါတယ်။ အခုလို အမိန့်ထွက်ပြီးတော့ လိုင်စင်ရထားသူတွေဟာလဲ ၃ နှစ်အတွင်း သူတို့ကုန်ထားတဲ့ဆေးဝါးတွေကို ပြန်ပြီးစစ်ကြရမှာပါ။ လိုင်စင်သစ်ဆိုရင်တော့ အခုအမိန့်နဲ့အညီသာ ဖြစ်ရပါလိမ့်မယ်။ ဆေးပမာဏသစ်က ဆေးစွမ်းကို ထိခိုက်မှာတော့ မဟုတ်ပါ။

Central Drugs Standard Control Organization ဗဟိုဆေးဝါးစံညွှန်း ထိန်းချုပ်ရေးအဖွဲ့ ကနေ ပြီးခဲ့တဲ့လက သတိပေးချက် ထွက်ခဲ့ပါတယ်။ ဒါဟာ Drug Technical Advisory Board ဆေးဝါးနည်းပညာ အကြံပြုအဖွဲ့ကနေ ဆုံးဖြတ်ချက်တခုထဲမှာ (ပါရာစီတမော) ဟာ Liver toxicity အသဲကို ထိခိုက်စေတယ်ဆိုတာ ပါရှိခဲ့ပါတယ်။

Paracetamol Syrup (ပါရာစီတမော) အရည်

Paracetamol (ပါရာစီတမော) အရည် ၂ဝ၁၁ နိုဝင်္ဘာ လမ်းညွှန်ချက်အသစ်

(ယူကေ) နိုင်ငံ အစိုးရအဖွဲ့အစည်းတခုဖြစ်တဲ့ Medicines and Healthcare products Regulatory Agency (MHRA) ကနေ ဆေးဝါးနဲ့ ဆေးသုံးပစည်းတွေကို အမြဲမပြတ် လေ့လာဆန်းစစ်မှုတွေလုပ်ပြီး လမ်းညွှန်ချက် အသစ်တွေ ထုတ်ပြန် ပေးနေပါတယ်။ အခုအစီရင်ခံစာကတော့ (ပါရာစီတမော) အရည်အတွက် လမ်းညွှန်ချက်သစ် ဖြစ်ပါတယ်။

Paracetamol (ပါရာစီတမော) ဟာ အများကြီးသုံးပြီး နာတာနဲ့ ဖျားတာအတွက် အသက် ၂ လသားကနေ အထက် အတွက် ထိရောက်တဲ့ဆေးလဲ ဖြစ်တယ်။ Vaccination fever ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာအတွက်ပါပေးနိုင်တယ်။ တချို့ကို ဆေးကောင်တာမှာ အလွယ်ဝယ်နိုင်သလို တချို့ကြ ဆရာဝန်လက်မှတ် လိုပါတယ်။ ဗြိတိန်မှာ ၆ လသား ကလေးတွေထဲက ၈% ဟာ ဒီဆေးသောက်ဘူးကြတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီး ဆေးရည်အနေနဲ့ ရောင်းပါတယ်။ အစဉ်အလာအရ ဆေးကို ကိုယ်အလေးချိန်နဲ့ ဘယ်လောက်ပေးမလဲ ဆုံးဖြတ်ပါတယ်။ တခါတလေမှာ လက်တွေ့မကျတာ ရှိတယ်။

(က) Infant paracetamol suspension (120 mg/5 mL) (ပါရာစီတမော) ဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။
• ၂ အောက်ကလေး မပေးရ၊
• တနေ့မှာ ၂ ခါထက်ပိုမပေးရ၊
• တခါနဲ့တခါ ၄ နာရီထက် မနီးရ၊

၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
၎-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် (ပါရာစီတမော) ဆေးရည်
၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊
၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊
၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊
• ၆ နှစ်အောက်ကလေး မပေးရ၊

Side Effects ဘေးထွက်-ဆိုးကျိုးတွေ
• Paracetamol ဆေးဟာ ကတ္တရာစေးကနေ ထုတ်လုပ်တာ ဖြစ်တယ်။
• High dose-usage ဆေးများများပေးရင် (တနေ့မှာ 2,000 mg ထက်ပိုရင်) အစာလမ်းကြောင်းအထက်ပိုင်း (အစာအိမ်) ကနေ သွေးယိုလာနိုင်တယ်။
• Heavy use ဆေးကို သိပ်ကြာကြာသုံးရင် (တနှစ်မှာ 300 gm ဒါမှမဟုတ် တနေ့မှာ 1 gm) ပေးရင် Small Indented and Calcified Kidneys ဆိုတာ ဖြစ်စေနိုင်တယ်။ ကျောက်ကပ်မကောင်းရင်လဲ မပေးသင့်ဘူး။
• Hepatotoxicity အသဲကို ထိခိုက်စေတယ်။
• Habitual use ဆေးကို ခဏခဏသုံးတာ များလာရင် ဆေးအဆတိုးမှ သက်သာစေတယ်။
• အရက်သောက်တာ၊ အစာမစားဘဲနေတာ၊ အစာစားချင်စိတ် မရှိသူတွေမှာ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ပိုရစေနိုင်တယ်။
• တီဘီ ဆေးတွေထဲက Isoniazid (INH) နဲ့ တွဲမပေးသင့်ဘူး။
• ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေ ဆရာဝန်နဲ့ တိုင်ပင်သောက်ရမယ်။
• Paracetamol နဲ့အတူ တခြား အနာ-အကိုက်သက်သာဆေး (Aspirin, Ibuprofen, Mefenamic acid. Diclofenic) နဲ့ ရောထားတာသုံးရင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ရမယ်။
• ၁၂-၁၁-၂ဝ၁၁ နေ့က (ပါရာစီတမော) ဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ တပြား-တတောင့်မှာ Paracetamol 325 mg ထက် ပိုပြီး မပါစေဘို့ ထုတ်ပြန်လိုက်ပါတယ်။
• Blood thinner drugs သွေးကျဲဆေး၊ Oral contraceptives ကိုယ်ဝန်တားဆေးတွေနဲ့ အတူသောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Dr. တင့်ဆွေ
၁၅-၁၁-၂ဝ၁၁

Monday, November 28, 2011

Paracetamol (ပါရာစီတမော) လူပြောများလာပြီ

"Excess intake of Paracetamol could take away life (ပါရာစီတမော) ကို အများကြီးသောက်ရင် အသက်ကိုပင် ထိခိုက်နိုင်တယ်" လို့ ၂၃-၁၁-၂ဝ၁၁ နေ့ လန်ဒန်ကလာတဲ့ Daily Mail သတင်းတပုဒ်က ဆိုပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ကိုက်တာ-ခဲတာတွေအတွက် သုံးနေတဲ့ (ပါရာစီတမော) တခုထဲဖြစ်ဖြစ် ပူးတွဲထားတဲ့ ဆေးတွေပဲ ဖြစ်ဖြစ် များများသောက်ရင် အန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ။ သေနိုင်တာက Liver failure အသဲ အလုပ်မလုပ်နိုင်တော့လို့ ဖြစ်တယ်။ မတော်တဆ ဆေးများများသောက်မိရင် ကိုယ့်ကိုယ်ကို သတ်သေရာကျပါလိမ့်မယ်။

Edinburgh Royal Infirmary (အီဒင်ဘတ်) က သုတေသနလုပ်သူတွေ တွေ့ရှိတာက Paracetamol 500mg ဆေးပြား၊ ၈ ပြား၊ တနည်းအားဖြင့် 4gm ဟာ တနေ့မှာ အများဆုံး ဖြစ်သင့်ပါတယ်လို့ ဆိုပါတယ်။ Kenneth Simpson (က်နက်-ဆင်မ်ဆန်) ခေါင်းဆောင်ပြီး လူနာပေါင်း ၆၆၃ ယောက်ကို ၁၉၉၂ ခုနှစ် ကတည်းကနေ ၂ဝဝ၈ အထိ လေ့လာခဲ့တာ ဖြစ်တယ်။ ဒီလူနာတွေဟာ (ပါရာစီတမော) ကြောင့် Liver damage အသဲထိခိုက်ခဲ့ရသူတွေပါ။

တွေ့ရှိချက်အရ ပျမ်းမျှ အသက် ၄ဝ နှစ်ရှိသူ ၁၆၁ ယောက်မှာ ခေါင်းကိုက်၊ သွားကိုက်၊ ခါးနာ၊ ဗိုက်နာတာတွေကြောင့် (ပါရာစီတမော) ဆေးကို လိုတာထက် ပိုသောက်ခဲ့ကြတယ်။ သူတို့ထဲက ၅ ယောက်မှာ ၂ ယောက်က Liver failure အသဲ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးခဲ့ကြတယ်။ ဒါဟာ British Journal of Clinical Pharmacology မှတ်တမ်းအရ Deliberate overdosing ဆေးအလွန်အကျွံ ပိုကဲမှုကြောင့် သေဆုံးရတဲ့နှုန်းထက် မြင့်မားတာဖြစ်တယ်။

"အဲလို ဆေးအလွန်အကျွံ ပိုလွန်သောက်မိတာဟာ လူနာက နာတာမသက်သာလို့ ဆေးထပ်သောက်ရာကနေ သောက်သင့်တဲ့ ဆေးအဆကို မေ့လျှော့ ကျော်လွန် သွားတြာဖြစ်တယ်" လို့ (ဆင်ပဆင်) က ဆိုပါတယ်။ "ဒါ့ကြောင့် ဆေးဘယ်လောက် သောက်ပြီးပြီလဲဆိုတာ မှတ်တမ်း ထားသင့်ကြတယ်။"

ဆေးကို စိတ်ချရတဲ့အဆသောက်ရင် ကိုယ်ခန္ဓာက ကောင်းကောင်း ကျေချက် လက်ခံနိုင်ပေမဲ့ လွန်ကဲပြီး သောက်မိရင် မကျေချက်နိုင်တာတွေ စုဝေးပြီး အသဲကို ထိခိုက်ရာကနေ ပြန်မကောင်းနိုင်တဲ့အထိ ရောက်စေနိုင်တယ်။

၂၃-၁၁-၂ဝ၁၁ နေ့ကဘဲ နောက်သတင်း တခုကတော့ "Secrets of paracetamol could lead to safer pain medications (ပါရာစီတမော) ဆေးရဲ့ လှို့ဝှက်ချက်ကို သိလာပြီ။ ဒါကို အသုံးချပြီး စိတ်ချရတဲ့ အနာ-အကိုက်ပျောက်ဆေးကို ဖေါ်စပ်နိုင်မယ်" လို့ King’s College London လန်ဒန်၊ ဘုရင့်-ကောလိပ် သုတေသန လုပ်သူတွေက ဆိုလိုက်ပါတယ်။

Acetaminophen ဆေးကို Paracetamol (ပါရာစီတမော) လို့ ခေါ်နေကြတာပါ။ ၁၈၉ဝ ကတည်းကပေါ်ခဲ့ပြီး ဈေးကွက်ထဲကို ၁၉၅ဝ ကျော်မှာရောက်လာခဲ့ပေမဲ့ ဘယ်လိုနည်းနဲ့ အနာ-အကိုက်ကို သက်သာစေသလဲ ဆိုတာ မသိခဲ့ကြသေးဘူး။ အခုတော့ သုတေသနကနေ ဘယ်လိုဘယ်ပုံ အလုပ်ဖြစ်စေတာကို သိလာပါပြီ။

Lund University in Sweden နဲ့တွဲလုပ်ခဲ့တာ ဖြစ်တယ်။ Nerve cells အာရုံကြော (ဆဲလ်) တွေရဲ့ အဖုံးမှာရှိတဲ့ TRPA1 ဆိုတဲ့ (ပရိုတင်း) ဟာ အခရာကျတယ်လို့ သိလာရတယ်။ "ဒီ (မောလီကျူး) ကြောင့် (ပါရာစီတမော) ထိရောက်စေတာ ဖြစ်တယ်။"

"ဒီတွေ့ရှိချက်ဟာ အလွန်မတန် စိတ်တက်ကြွစရာ ကောင်းပါတယ်။ လှို့ဝှက်ချက်ရဲ့ သော့ချက်ကို တွေ့လာတာပါ" လို့ Wolfson Centre for Age Related Diseases (ဝုလ်ဖ် အသက်နဲ့ဆက်စပ်တဲ ရောဂါဌာန) က Dr David Andersson ကနေ ပြောလိုက်တယ်။

"အခုလို သိလာတဲ့အတွက် အခုလို အနာသက်သာစေတဲ့ (မော်လီကျူး) ကို အာရုံစိုက်ပြီး၊ ပိုပြီး စိတ်ချရမဲ့ဆေးမျိုး၊ ဆေးများသွားလို့လဲ မသေစေမှာမျိုးကို ရှာဘို့ဖြစ်လာပြီ" လို့ ဆက်ပြောပါတယ်။

Paracetamol (ပါရာစီတမော) ကို Brand name ဆေးကုမ္ပဏီတွေပေးတဲ့ နာမယ်တွေက (အေ-တူ-ဇက်) ရှိပါတယ်။
Acamol, Ace +, Acetalgin, Adol, Aldolor, Alvedon, APAP, Apiretal, Apiretal Flas, Atamel, Atasol, Benuron, Biogesic (Myanmar), Buscapina, Calpol, Cemol, Crocin, Dafalgan, Daleron, Dawa ya magi, Depon, Dexamol,Dexamol Plus, Dolex, Dolo, Dolgesic, Doliprane, Dolprone,Duiyixian, Efferalgan, Europain, Febrectal, Febrex Plus, Febricet, Febridol, Gelocatil, Gripin, Hedanol, Herron, Influbene, Kafa, Lekadol, Lupocet, Metacin, Mexalen, Milidon, Minoset, Momentum, Napa, Neo-Kiddielets, Pacimol, Pacol, Pamol, Panol, Panado, Panadol, Panamax, Panodil, Para, Paracet, Paracitol, Paralen, Paramed, Paramol, Parol, Perdolan, Perfalgan, Pinex, PyongSu Cetamol, Pyrenol (Paracetamol plus caffeine), Plicet, Reliv, Rokamol, Sara, Scanol, Tachipirin, Tachipirina, Tafirol, Tapsin, Termalgin, Tempra, Treuphadol, Triaminic, Tylenol, Thomapyrin, Uphamol, Vermidon, Vitamol, Xumadol, Zolben,

Dr. တင့်ဆွေ
၂၃-၁၁-၂ဝ၁၁

SSRIs စိတ်မကျဆေးများ

Depression စိတ်ကျရောဂါအတွက် အများဆုံး သုံးနေတဲ့ ဆေးအုပ်စုဟာ Selective serotonin reuptake inhibitors (SSRIs) ဖြစ်တယ်။ စိတ်ကျရောဂါ ခံစားနေရသူတွေအတွက် ဆရာဝန်တွေကနေ ဆေးစာရေးပေးရတာထဲမှာ ဒီဆေးမျိုးက ၅၅% ရှိတယ်။ SSRIs တွေကို Depressive illness စိတ်ကျရောဂါအပြင် Anxiety disorders စိုးရိမ်စိတ်ကဲတာ၊ Obsessive–compulsive disorder စွဲလမ်းမှုများလွန်းတာ၊ Bulimia nervosa အစားအသောက်ကြူးတာတွေ အတွက်လဲ သုံးကြသေးတယ်။

SSRIs ဆေးကို တနေ့ ၁ ကြိမ်သာသောက်ရတယ်။ ဆေးနဲနဲ နဲ့ ထိရောက်တဲ့ဆေးအဆ တွက်ပေးသင့်တယ်။ ဆေးအစွမ်းက ၂ ပါတ်နေရင် ပြတယ်။ ၄-၆ ပါတ်မှာ အများဆုံး ဖြစ်တယ်။
- Citalopram = 20–40 mg daily
- Escitalopram = 10–20 mg daily
- Fluoxetine = 20–60 mg daily
- Fluvoxamine = 50–300 mg daily
- Paroxetine = 20–50 mg daily
- Sertraline = 50–200 mg daily

ဘေးထွက်-ဆိုးကျိုးတွေက ဆေးပေးစမှာ ဖြစ်နိုင်တယ်။ ဆေးဖြတ်ချိန်မှာ နဲနဲရှိနိုင်တယ်။

Principal risks အဓိက သတိထားရမဲ့ ဘေးထွက်-ဆိုးကျိုးတွေ
- Dry mouth အာခေါင်ခြောက်၊ Nausea, vomiting ပျို့-အန်၊ Diarrhoea ဝမ်းပျက်၊ Constipation ဝမ်းချုပ်၊
- Headache ခေါင်းကိုက်၊ Sleep disturbances အအိပ်ပျက်၊ Tremor ခြေ-လက်တုံ၊ Sedation အိပ်ချင်၊ Lethargy မလှုတ်ချင်၊
- Insomnia အအိပ်ပျက်၊ Grinding of teeth သွားကြိတ်၊ Uncomfortable mental sensation of tension စိတ်ဖိအားရှိတာကို မနေတတ်ဖြစ်၊ Restlessness or anxiety ဂနာမငြိမ်၊ စိုးရိမ်၊ Severe agitation ဒေါသကြီး၊
- Reduce libido လိင်စိတ်နည်း၊ Difficulty achieving orgasm in men and women ယောက်ျား-မိန်းမ၊ (အော်ဂဇင်) နှေး၊ ရာသီမမှန်၊ ရင်သား အရွယ်အစား ပြောင်း၊ ရင်သားနာ၊
- Sweating ချွေးထွက်၊ Parastesia ထုံကျင်၊ Joint and muscle pain အဆစ်-ကြွက်သားနာ၊
- Withdrawal effects ဆေးဖြတ်လို့ဖြစ်ရတာတွေ။

ဆိုးဝါးပေမဲ့ ရှာပါးတဲ့ ဆိုးကျိုးလဲ ရှိနိုင်တယ်။
- Serotonin syndrome (ဆီရိုတိုနင်-ဆင်ဒရုမ်း)၊
- Hypomania/mania or psychosis တခြားစိတ်ရောဂါတွေ၊
- Suicide risk and severe agitation ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်ခြင်း၊
- Hyponatraemia ဓါတ်ဆား အချိုးပြောင်းလဲ၊
- Haemorrhage အစာလမ်းကနေ သွေးယိုခြင်း၊
- Convulsions တက်ခြင်း၊
- Bone fractures အရိုးကျိုးခြင်း၊
- Anticholinergic effects မျက်စိကြည့်မကောင်း၊ နှလုံးတုန်၊ ဆီးအသွားရခက်၊

Important drug interactions တခြားဆေးတွေနဲ့ တွဲပေးတာကို သတိထားပေးရမယ်။
- Antidepressants (MAOIs), Lithium တခြားစိတ်ဆေးတွေ၊
- 5HT1 agonists (မိုင်ဂရင်း) ဆေး၊
- Antiepileptics အတက်သက်သာဆေး၊
- Aspirin, Clopidogrel သွေးကျဲဆေးတွေ၊
- Linezolid ဗက်တီးရီးယားအတွက်ဆေး၊
- Rasagiline, Selegiline တခြားစိတ်မကျစေတဲ့ဆေး၊
- Non-steroidal anti-inflammatory drugs (စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊
- Warfarin သွေးမခဲဆေးတွေ၊
- Pimozide စိတ်ဆေး၊
- Tamoxifen မျိုးဥထွက်ဆေး၊
- Tramadol ဘိန်းပါတဲ့ အနာသက်သာဆေး၊

Pregnancy and breast-feeding ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်ချိန်မှာ SSRIs ဆေးတွေကို သတိထားပေးရတယ်။

Dr. တင့်ဆွေ
၂၅-၁၁-၂ဝ၁၁

Vitamin K ဗီတာမင် (ကေ)

28 Nov 11, 02:29
ဆရာရှင့် ကျေးဇူးပြုပြီး ဗိုက်တာမင် K ဆိုတာကို ရှင်းပြပေးပါ။ သူပါဝင်သော အစားအစာများကို ဖော်ပြပေးပါရှင့်။

ဗီတာမင် (ကေ) ကို ၁၉၂၉ ကတည်းက ဒိန်းမတ်-ဆရာဝန်တဦးက စတွေ့ခဲ့တယ်။ Vitamin K1 နဲ့ Vitamin K2 ဆိုပြီး ၂ မျိုးရှိတယ်။ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အမျိုးအစား ဖြစ်တယ်။ ဆီမစားသူတွေမှာ နည်းစေနိုင်တဲ့သဘော ဖြစ်တယ်။ အူထဲမှာ နေတဲ့ ဗက်တီးရီးယားတွေကနေလဲ လုပ်ပေးတယ်။

Vitamin K1 က သွေးခဲစေတယ်။ ဒါ့ကြောင့် Clotting vitamin လို့ခေါ်တယ်။ သွေးတိတ်စေတယ်။ Vitamin K2 က အရိုး-တစ်ရှူးတွေနဲ့ ဆိုင်တယ်။
ဓါတ်ခွဲခန်းမှာ လုပ်ယူတဲ့ Vitamins K3, K4 နဲ့ K5 တွေရှိတယ်။ သဘာဝ ဗီတာမင် (ကေ) လောက်တော့ မကောင်းဘူး။

အစိမ်းရောင် အသီးအရွက်တွေမှာ ပါတယ်။ ဟင်းနုနွယ်၊ မုံလာ၊ မုံလာစိမ်း၊ ကညွတ်၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ စထောဘယ်ရီ၊ ပဲသီး၊ အမဲသား၊ အသဲ၊ နွားနို့၊ ပဲပုပ်၊ ပဲအမျိုးမျိုး၊ ဂျုံ၊ စတာတွေမှာ ပါတယ်။ Vitamin K2 ဟာ အသား၊ ဥတွေမှာပါတယ်။ ပဲပုတ်ဆီမှာ ပါတယ်။

ဗီတာမင် (ကေ) နည်းတတ်တာဟာ ရှားတယ်။ ပုံမှန် အစာစားနေရင် မချို့တဲ့ပါ။ အသဲမကောင်းရင်၊ အရက်သောက်များရင်၊ အူလမ်းမကောင်းရင် နည်းနိုင်တယ်။ ကျား-မ အတူတူ ဖြစ်နိုင်တယ်။ တချို့ မွေးကာစ ကလေးငယ်လေးတွေကို ထိုးပေးရတယ်။ Salicylates, Barbiturates နဲ့ Cefamandole ဆေးတွေကနေ နည်းစေနိုင်တယ်။

Osteoporosis အရိုးအားနည်းရောဂါ၊ Coronary heart disease နှလုံးရောဂါတွေနဲ့ K2 (Menaquinone) ဆက်စပ်နေတယ်။ Anticoagulant/Antiplatelet drugs သွေးကျဲဆေးတွေ သောက်နေရသူတွေဖြစ်လို့ပါ။ Antibiotics (အင်တီဘိုင်အောတစ်) ဆေး ကြာကြာပေးရသူတွေမှာ နည်းတတ်တယ်။

အသက်၊ တနေ့တာ လိုအပ်ချက်၊
0 - 6 months: 2.0 mcg/day
7 - 12 months: 2.5 mcg/day
1 - 3 years: 30 mcg/day
4 - 8 years: 55 mcg/day
9 - 13 years: 60 mcg/day
14 - 18: 75 mcg/day
19 and older: 90 mcg/day

နှာခေါင်း၊ သွားဖုံးကနေ သွေးယိုတတ်သူတွေ၊ ရာသီလာတာ များလွန်းသူတွေကို ဒီဓါတ် နည်း-မနည်း စစ်ရတယ်။ မစစ်ဘဲလဲ ပေးတယ်။ Vitamin K ထိုးဆေးကို နာမည် အမျိုးမျိုးနဲ့လာတယ်။ ဥပမာ Aqua-Mephyton ဖြစ်တယ်။

Dr. တင့်ဆွေ
၂၈-၁၁-၂ဝ၁၁

Sunday, November 27, 2011

Mole မှဲ့

27 Nov 11, 14:41
i just noticed that there's a really small but dark spot which appeared to be mole on one of my toes. I have like 5 to 6 moles on my face and some on my body as well. One of the moles from my face got bigger so we cut it out when I was like 14 which was 10 yrs ago. Do you think it's just normal mole or should i be checking out with doctors?

မှဲ့ ကို ဆေးစာနဲ့ Melanocytic naevus လို့ခေါ်တယ်။ လူတိုင်းလိုလို Congenital naevi မွေးရာပါရော နောက်မှ ပေါက်တာရော အများကြီးဖြစ်တယ်။ နောက်ပေါက်တွေက နေရောင်နဲ့ထိရာကနေဖြစ်လာတယ်လို့ ယူဆတယ်။ နေရောင် မထိတဲ့ နေရာတွေလဲ ပေါက်တာပါဘဲ။ အသက်ရမှ ပေါက်လာတတ်သလို တချို့ ပေါက်ပြီးသာလဲ ပျောက်တတ်တယ်။

အနုကြည့်မှန်ဘီလူးနဲ့ ကြည့်ရင် ပုံမှန်မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ ဘာမှ စိုးရိမ်စရာမလိုဘူးပြောရင် ရပါတယ်။ Melanocytes လို့ခေါ်တဲ့ Pigment cells အရောင်ဖြစ်စေတဲ့ (ဆဲလ်) တွေ ဖြစ်တယ်။

စိုးရိမ်စရာ ဘာရှိလဲ။ လူနည်းနည်းလောက်မှာ ကံမကောင်းရင် တချိန်မှာ Skin cancer အရေပြား-ကင်ဆာ ဖြစ်နိုင်တယ်။ Malignant melanoma ဖြစ်ရင် ဆိုးတယ်။ စောစောသိရင် ခွဲစိတ်ပြစ်မှ ကောင်းတယ်။ ကိုယ်မှာ မှဲ့တွေများနေတာ မကောင်းဘူး ကြည့်မကောင်းတာ မဟုတ်ဘူး။ မှဲ့အစိတ်လောက် ပေါက်ရင် ကင်ဆာ ဖြစ်နိုင်တယ်။ နေရောင်နဲ့ မထိနိုင်အောင်ကြိုးစားတာဟာ ကာကွယ်နည်းတခုဖြစ်တယ်။ မိသားစုထဲမှာ အရေပြား-ကင်ဆာ သတိထားရမယ်။

- ကင်ဆာမှန်း ဘယ်လိုသိမလဲ Clinical photographs ပုံရိုက်စစ်ဆေးရတယ်။
- Halo naevi အရောင်နုတဲ့မှဲ့ ကင်ဆာမဟုတ်ပါ။ Vitiligo တခြားအရေပြားရောဂါကို ကူးသွားတာလဲ ရှိတယ်။
- Blue naevus အပြာရောင်မှဲ့ West Indian ကလေးငယ်တွေမှာ ရှိတတ်တယ်။ ဘာမှမထူးခြားပါ။
- Juvenile melanoma (Spitz naevus) ပန်းရောင်ကနေ ခပ်ညိုညိုအရောင်ရှိတယ်။ ကင်ဆာမဟုတ်ပါ။
- မှဲ့က ခြေဖဝါးမှာပေါက်ရင်၊ အမွှေးပေါက်ရင် ကင်ဆာဖြစ်မယ်ဆိုတာ မဟုတ်ပါ။

ဘာကို သတိထားနေရမလဲ။
- ယားမယ်၊ နာမယ်၊
- အရွယ်အစား ကြီးလာမယ်၊ ပုံသဏ္ဌာန် (ဘေးနှုတ်ခမ်းနေရာတွေမှာ) မညီမညာဖြစ်လာမယ်၊
- အရောင်ပြောင်းလာမယ်၊ ပိုမဲနက်လာမယ်၊
- ယုတ်တရက် သွေးထွက်လာမယ်၊

Mole Removal Introduction ခွဲစိတ်နည်းတွေ
၁။ Excision followed by stitches ခွဲထုတ်-ပြန်ချုပ်နည်း နဲ့
၂။ Excision with cauterization မီးရှို့-ဖြတ်ထုတ်နည်း။
၃။ Laser removal လေးဆာသုံးနည်း။ အကောင်းဆုံးနည်း မဟုတ်ပါ။ ရောင်ချယ် (ဆဲလ်) တွေက အရေပြား အတွင်းပိုင်းမှာရှိလို့ လေဆာက မရောက်နိုင်တာ ဖြစ်တတ်တယ်။

- Birthmarks ဆိုတာ မွေးရာပါအမှတ်၊
- Hemangiomas သွေးကြောအစုအဝေး၊
- Keratoses အသက် ၃ဝ ကျော်ရင် ဖြစ်လာတတ်တဲ့ အစက်အပျောက်၊ ကင်ဆာမဟုတ်ဘူး။ နောင်မှာ ရှားရှားပါးပါး ဖြစ်တတ်တယ်။

Dr. တင့်ဆွေ
၂၇-၁၁-၂ဝ၁၁

Welding fume health hazards ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး

Jul 10, 2011 at 7:32 PM
ဒေါက်တာခင်ဗျာ Welding (Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။

၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ "အမေရိကန်မှာ ဂဟေဆော် လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ လုပ်ငန်းခွင်-ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့ မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်" လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့ ရှိတယ်လို့လဲ ဆိုပါတယ်။

၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့ ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့ ကျန်းမာရေး စာတမ်း အဆိုအရ Bronchitis လေပြွန်ရောင်ခြင်း၊ Airway irritation အသက်ရှူလမ်း ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။ တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြောကြတယ်။ အထောက်အထားတွေတော့ မပြည့်စုံပါ။

ဂဟေဆော်ရာကနေ ထွက်တဲ့ အငွေ့ထဲမှာ Nickel နစ်ကယ်လ် Chromium ခရိုမီယမ် နဲ့ Manganese မင်းဂနီးစ်တွေ ပါနေနိုင်တယ်။ အမေရိကန် ပြည်နယ်၊ ကောင်တီ နဲ့ မြူနီစပယ် အလုပ်သမားမားအဖွဲ့ American Federation of State, County, and Municipal Employees (AFSCME) ကနေထုတ်တဲ့ သတိပေးစာထဲမှာ ပိုပြီး ပြည့်စုံအောင် ပါတယ်။ Chromium, Nickel, Manganese တွေအပြင် Arsenic, Asbestos, Silica, Beryllium, Cadmium, Nitrogen oxides, Phosgene, Acrolein, Fluorine compounds, Carbon monoxide, Cobalt, Copper, Lead, Ozone, Selenium, Zinc တွေ ပါနေတာဟာ အဆိပ်အတောက်တွေ ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ အတိအကျ ပြောရတာတော့ ခက်တယ်လို့ ဝန်ခံပါတယ်။

Short-term Effects ရေတို ဖြစ်နိုင်တာတွေကတော့
• Metal fume fever ၄-၁၂ နာရီအတွင်း ကိုယ်ပူမယ်၊ ချမ်းမယ်၊ ရေငတ်မယ်၊ ကြွက်သားတွေ နာမယ်၊ ရင်ပတ် နာမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူကြပ်သံထွက်မယ်၊ အားယုတ်မယ်၊ ပျို့ချင်မယ်၊ သတ္တုနံ့ ရနေမယ်။
• အငွေ့ကနေ မျက်စိ၊ နှာခေါင်း၊ ရင်ပတ်နဲ့ အသက်ရှူလမ်းကို ကလိမယ်။ ချောင်းတိုး၊ ရင်ကြပ်ကနေ အဆုပ်ရောင်တာ ဖြစ်နိုင်တယ်။
• အငွေ့ထဲမှာ Cadmium (ကက်ဒမီယမ်) ပါနေတာက သေစေနိုင်တဲ့အထိ ဆိုးဝါးတယ်။
• လေထဲက Ultraviolet rays ခရမ်းလွန်ရောင်ခြည်နဲ့ ဓါတ်ပြုပြီးတော့ ခေါင်းမူတာ၊ ချမ်းတာ၊ ချောင်းဆိုးတာတွေ ဖြစ်စေနိုင်တယ်။

Long-term Effects ရေရှည် သက်ရောက်မှုတွေထဲမှာ
• Lung cancer အဆုပ်-ကင်ဆာကိုလဲ စဉ်းစာနိုင်တယ်။ Larynx လေပြွန် နဲ့ Urinary tract cancer ဆီးလမ်း ကင်ဆာတွေကိုလဲ ဖြစ်စေမလား သံသယရှိတယ်။
• နာတာရှည် အသက်ရှူလမ်းရောဂါတွေ ဖြစ်ကြတဲ့ Bronchitis လေပြွန်ရောင်၊ Asthma ပန်းနာ၊ Pneumonia နူမိုးနီးယား၊ Emphysema အင်ဖိုက်ဆီးမား၊ Pneumoconiosis နူမိုကော်နီယိုးဆစ် ရောဂါတွေလဲ ဖြစ်နိုင်တယ်။
• တခြားဟာတွေလဲ ဖြစ်နိုင်သေးတယ်။ Heart disease နှလုံးရောဂါ၊ Skin diseases အရေပြားရောဂါ၊ Hearing loss နားထိခိုက်တာ၊ Chronic gastritis နာတာရှည်အစာအိမ် ရောင်တာ၊ အူထိခိုက်တာတွေ ပါတယ်။
• Reproductive risks မျိုးပွါးလမ်းကို ဘယ်လိုသက်ရောက်နိုင်သလဲ။ Stainless steel လုပ်ငန်း လုပ်သူတွေမှာ Poorer sperm quality သုတ်ပိုး-အရည်အသွေး ကျတာ သူများတွေထက် များတယ်။ သူတို့ ဇနီးတွေမယ် သူများတွေထက် ကလေးပျက်တာ၊ ကလေးရဘို့ နောက်ကျတာတွေ ပိုဖြစ်နိုင်တယ်။
• Parkinson's Disease (ပါကင်ဆန်) ရောဂါကို ပြောခဲ့တဲ့ သတိပေးစာတမ်းမှာတော့ မပါဘူး၊ ဆက်စပ်နိုင်မလား ထင်ရတယ်။

Reducing the Hazards အန္တရာယ် နည်းအောင် ဘယ်လို လုပ်မလဲ AFSCME fact sheet ထဲမှာ ဖေါ်ပြထားတာတွေ ကတော့ -
• ဒီလုပ်ငန်းမလုပ်ခင် လုပ်ငန်းရဲ့သဘာဝကို သိထားပါ။ Metals, Surface coatings, Electrodes ဘယ်လို သတ္တုတွေ သုံးတာလဲ။
• Material safety data sheet (MSDS) အန္တရာယ်-ကာကွယ်နည်းကို တောင်းယူပါ။
• ဖြစ်နိုင်ရင် Cadmium-free silver solders, Asbestos-free electrodes, Gloves, Hot pads အန္တရာယ် နည်းတာတွေ သုံးပါ။
• Adequate ventilation လေဝင်-လေထွက် ကောင်းပါစေ။ ဥပမာ Local exhaust ventilation လေထုတ်စက်။ Ventilated workbench သုံးပါ။ Hoods တွေကလဲ Point of welding နဲ့ နီးတာ၊ တိုတာကိုသာ သုံးပါ။ Ventilation systems ကို သန့်ရှင်းပေးတာ ပုံမှန်လုပ်ပါ။
• Fire-resistant materials မီးမလောင်စေနိုင်တာတွေ ဖြစ်ပါစေ။

Dr. တင့်ဆွေ
၁၃-၇-၂ဝ၁၁

Pityriasis rosea အရေပြားနာတမျိုး

Sir, about "Pityriasis rosea" pls, rgrd..
(ဘလော့ခ်) ကနေ (ဝက်ဘ်-ဆိုက်) ကို ပြောင်းလိုက်ပေမဲ့ မသိသေးသူတွေက အဟောင်းနေရာမှာဘဲ ဆက်သွယ်နေကြလို့ ပြန်ကြည့်နေရတယ်။ ကြာကြာတော့ အဟောင်းမှာ အလုပ်လုပ်နိုင်မယ် မထင်ပါ။ အထက်က အင်္ဂလိပ်လို ရေးတားတာကို C-box မှာ ဖတ်ရတော့ မေးတယ် ထင်တာနဲ့ ဒီစာလေး ရေးပါတယ်။

SMS နဲ့ ဆေးမကုချင်ပါ။ ဆေးပညာလဲ မပေးချင်လှပါ။ ဆရာဝန်တွေက အတိုကြိုက်တယ် ပြောရင် မှန်ပါတယ်။ ဆေးညွှန်းကို တိုနိုင်သမျှ အတိုဆုံး ရေးကြတယ်။ တနေ့ ၁ ကြိမ် ဆိုတာကို OD လို့၊ တနေ့ ၂ ကြိမ်ကို BD လို့ စသဖြင့် ရေးပါတယ်။ ခုခေတ် မိုဘိုင်း-ဖုန်းတွေမှာ Short Message Service (SMS) ထက် အရင် ဆရာဝန်တွေက အတိုလုပ်တာ စောတယ်ပေါ့။

ဒါဖြင့် တိုတိုမေးတာ ဖတ်ရတဲ့ ဆရာဝန် အချိန်သက်သာတာပေါ့၊ ဘာလို့ မဖြေချင် လုပ်နေသလဲ မေးနိုင်တယ်။ ဒီလိုပါ့၊ OD, BD, TDS ဆိုတဲ့ အသုံးကို တကမ္ဘာလုံးမှာ ဆေးပညာသည် မှန်သမျှက နားလည်ကြတယ်၊ လက်ခံပြီးသားလဲ ဖြစ်တယ်။ ဆရာဝန် ရေးလိုက်တာကို သူနာပြုတွေက အကုန်သိတယ်။ (ကွန်ပေါင်ဒါ) တွေက အားလုံးနားလည်တယ်။ ဆေးဆိုင်က (ခဲမစ်စ်) တွေကလဲ အတိအကျ ဆေးရာင်းတတ်တယ်။

ခေတ်လူငယ်တွေ လက်ခံကြပြီးသား SMS တွေကို ခေတ်ဟောင်း ဆရာသမားများ နားသိပ်မလည်လှပါ။ "အောက်တယ်" ပြောလဲ ခံရမှာဘဲ။ အတိုကောက်က ကောင်းပါတယ်။ သူ့နေရာနဲ့သူပေါ့။ ဆေးစာ၊ ကျန်းမာရေး မေးတာ-ဖြေတာဆိုရာမှာတော့ နည်းနည်းလေးမှ အတိမ်းမခံတာ ဖြစ်လို့ မှန်းဆပြီး အဓိပ္ပါယ်ဖေါ်နေရရင် တခါမဟုတ် တခါ လွဲသွားနိုင်တယ်။ ဒါ့ကြောင့် အကျင့်မလုပ်ဘဲကို တမင်နေပါတယ်။ စာရေးရင် မြန်မာစာ-အင်္ဂလိပ်စာ စာကြောင်း (ဝါကျ) ပြည့်အောင် ရေးပါတယ်။ ကိုယ့်နာမည်ကိုဘဲ တခါတခါ အတိုလေး ရေးတယ်။ ဆေးနာမည်တွေကိုလဲ အခေါ်မတူတာတွေပါ ထည့်ရေးပေးပါတယ်။

တချို့ မေးလာတာကို မပြည့်စုံသေးတာမို့ အသက်၊ ကျား-မ၊ ပြောပြပါအုံး ဆိုလိုက်ရက် ပြန်မလာတော့တာလည်း ရှိသေးတယ်။ ကိုယ့်ဝေဒနာကို အလေးထားပုံ မရဘူးထင်ရဲ့လို့ အပြစ်တင်မိတယ်။ ဖြစ်နိုင်တာက (အင်တာနက်) ခက်တာလဲ ဖြစ်နိုင်သေးတော့ စိတ်လျော့ပါတယ်။

• Pityriasis rosea ဆိုတာ လူရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့ အရေပြား အနီပြင် ရောဂါတခု ဖြစ်တယ်။
• Pityriasis rosea Gibert လို့လဲ ခေါ်တယ်။ ဘာလို့ဖြစ်လဲ အသေအခြာ မပြောနိုင်ဘူး။ ဗိုင်းရပ်စ် လို့ ထင်ရတယ်။
• တအိမ်ထဲမှာ တယောက်မက ဖြစ်တာ တွေ့တတ်ပေမဲ့ တယောက်ကနေ နောက်တယောက်ကို ကူးတာတော့ မဟုတ်ပါ။
• အနီကွက် တခုထဲကနေ စတယ်။ ဗိုက်၊ ရင်ပတ်၊ ကျော၊ လက်၊ ခြေတွေမှာ ပေါ်နိုင်တယ်။
• ခပ်ဝိုင်းဝိုင်းနေမယ်။ မျဉ်းကြောင်းတွေလို ပေါ်တတ်လို့ (ခရစ်စမတ်) သစ်ပင်လို့ တင်စား ခေါ်ကြတယ်။
• ပန်းရောင်ကနေ နီရဲရဲ ဖြစ်မယ်။
• ယားနိုင်တယ်။
• မသင်ကာလို့ သွေးစစ်ရင် (ဆစ်ဖလစ်) မဟုတ်တာ သိရမယ်။
• ဆေးမကုဘဲလဲ ပျောက်မယ်။ သာမန်ကာ ဆေးသုံးနိုင်တယ်။
• ရေချိုးပြီး lubricants or creams ခရင်တခုခု၊ mild hydrocortisone creams ကော်တီဇုန်းဆေး ခပ်ပြာ့ပြော့ လိမ်းနိုင်တယ်။
• ယားတာ သက်သာချင်ရင် Antihistamines စားဆေးသောက်ပါ။ calamine lotion လိမ်းနိုင်တယ်။
• နေရောင်နဲ့ အကြာကြီးမဟုတ်ဘဲ တွေ့ပေးရင် အပျောက် မြန်မယ်။
• ၆၉% အသက်ရှူလမ်းမှာ ရောဂါတခုခု ရနေရာကနေ ဒီရောဂါရလာတတ်တယ်။ ဥပမာ လည်ချောင်းနာ။
• စဖြစ်တဲ့ အနီကွက်ကို herald patch ခေါ်တယ်။ လူတိုင်းမယားဘူး။ ၂၅% သာယားတယ်။ နဲနဲဖျားနိုင်တယ်။
• ဖြစ်ရင် ၄-၈ ပါတ် ကြာတတ်တယ်။ ကံဆိုးရင် ၁၂ ပါတ်အထိ ကြာနေနိုင်တယ်။

၁၃-၇-၂ဝ၁၁

Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး

Jul 4, 2011 at 4:23 PM
ကျမအသက် ၂၃ ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ (့) မှာပါ။ ငယ်ငယ်ကတည်းက လည်ပင်းကြီးရောဂါ ရှိပါတယ်။ ကျောင်းမှာ လာစစ်ပေးတဲ့ ကျန်းမာရေးမှူးက ပြောလို့သိရတာပါ။

၃-၄ တန်းတုန်းကလောက်ပါ အဲ့ဒီတုန်းကတော့ အိုင်အိုဒင်းဆား စားရုံကလွဲလို့ ဘာမှ မကာကွယ်ဖြစ်ပါဖူး။ ကျမ (့) ကို ရောက်တော့မှ လည်ပင်းအထူးကုနဲ့ ပြတော့ ဆေးပေးပါတယ်။ လည်ပင်းက သိသိသာသာ ကြီးတာတော့ မဟုတ်သေးပါဖူး။ ဆေးနာမည်တော့ မမှတ်မိတော့ပါဖူး။ အဲဒါက လွန်ခဲ့တဲ့ ၂ နှစ်ကပါ။ ဆေး ၁ နှစ်လောက် စားပြီးတော့ ဆေးစားတာ နားခိုင်းလိုက်ပါတယ်။ ကျမလည်း ပျောက်ပြီ ထင်သွားပါတယ်။ ဒါပေမဲ့ ဆေးဖြတ်ပြီး ၂ နှစ်လောက် ရှိတော့မှ လည်ပင်းက အရင်ကထက် နည်းနည်း ပိုကြီးလာတယ် ထင်လို့ ပျောက်-မပျောက် သေချာသွားမေးမယ်ဆိုပြီး ထပ်သွားတော့ အရင်ပြတဲ့ အထူးကုပါပဲ၊ ဆေး ၁ လစာ ထပ်ပေးစားပါတယ်။ ဆေးနာမည်က Thyrosit 100mcg ပါ။ နံနက်အစာ စားပြီး ၁ လုံးသောက်ခိုင်းပါတယ်။ ဆေးစားပြီး မသက်သာရင်တော့ အသားကိုယူ စစ်မယ်ပြောပါတယ်။ သွေးတော့ စစ်ပြီးပါပြီ။ သိချင်တာက ကျမလည်ပင်းက တဖြည်းဖြည်း ကြီးလာမဲ့သဘော ရှိပါသလား။ အသားကို စစ်ရင်ရော ပိုက်ဆံ အရမ်းကုန်မှာလား။ ခွဲရမဲ့အနေအထားရော ရှိနိုင်ပါသလား။

• လည်ပင်းကြီးနဲ့ ဆိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိတယ်။ ငယ်ကတည်းကဆိုရင် နေရာဒေသအလိုက် ဖြစ်တတ်တဲ့ အိုင်အိုဒင်းဆား နည်းရာ အရပ်ဒေသမှာ နေခဲ့ရသူဖြစ်မယ်။ အရွယ်အစားကြီးနေမယ်။ Simple Goiter ရိုးရိုး-လည်ပင်းကြီးရောဂါလို့ ခေါ်တယ်။ ကြည့်ရတာ တမျိုးဖြစ်နေတာကလွဲရင် ဘာမှ စိုးရိမ်စရာ မလိုဘူး။ အိုင်အိုင်ဒင်းဆား အမြဲစားနေရမယ်။ ကြီးလာတာကို တချိန်ချိန်မှာ ခွဲရတယ်။ ကင်ဆာလဲ မဖြစ်ဘူး၊ မျိုရတာလဲ မခက်ဘူး၊ အသက်ရှူလဲ မခက်ဘူး။ ပြန်သေးသွားတယ်ဆိုတာ မရှိသလောက်ဘဲ။
• နောက်အမျိုးတွေက ဟော်မုန်းတွေနဲ့ ဆိုင်တယ်။ နည်းသူရှိတယ်၊ များသူရှိတယ်။ များသူမှာ အရွယ်အစား မသိမသာသာ ကြီးနေနိုင်တယ်။ နှစ်မျိုးလုံး ဆေးအမြဲသောက်ရတယ်။ များသူဆိုရင် ခွဲတာလဲ လုပ်ရနိုင်တယ်။ အနုမြူဆေးလဲ သောက်ရတတ်တယ်။ နည်းနေသူဆိုရင် တသက်လုံးလိုလို ဆေးသောက်နေရမယ်။
• နောက်အမျိုးတွေလဲ ရှိပြန်သေးတယ်။ အသားပိုလို အကျိတ်ဖြစ်တာ။ ကြီးနေမယ်။ ကင်ဆာ နဲ့ ကင်ဆာ-မဟုတ်တာ နှစ်မျိုး ရှိပြန်တယ်။ ခွဲစိတ်ရမယ်။ ဆေးနဲ့မရပါ။
• ပြောပြတဲ့ဆေးက ဟော်မုန်း နည်းနေသူအတွက်ပေးတာ ဖြစ်တယ်။ ရေးထားတာရှိတယ်။ လည်ပင်ကြီး ခွဲပြီးနောက် ဟော်မုန်းနည်းသွားလို့ ဖြစ်တဲ့အကြောင်း ရေးဘူးတယ်။ Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁)
• ဆေးစစ်ရင် သွေးလည်းစစ်ရတယ်။ ဟော်မုန်း အနည်း-အများ စစ်တာပြောတာပါ။ နည်းနေသူကို အဲဒီဆေး Thyrosit ပေးမယ်။

Jul 5, 2011 at 10:34 AM
ကျမ ဒီရောဂါနဲ့ ကလေးယူလို့ ရ-မရ သိချင်ပါတယ်။ ကျမ (့) ပြည်နယ် (့) ကပါ။ ကျမ ရောဂါက ခွဲမှ အဆင်ပြေမှာလား။ မခွဲရင် တဖြည်းဖြည်း ကြီးလာမဲ့သဘောရှိတယ်။ နောက်ပြီး ဒီရောဂါက အစားအသောက် ရှောင်ရမလား။ ကော်ဖီ၊ လက်ဖက်၊ ice tea သောက်လို့ ရ-မရ။

• မေးတာတွေ မဖြေခင် သွေးစစ်တော့ လည်ပင်းကြီး ဟော်မုန်း အနည်း-အများ သိချင်သေးတယ်။ များများ၊ နည်းနည်း ကလေးယူလို့ ရပါတယ်။ တိတိကျကျတော့ အသေအခြာသိရမှ ပြောပါမယ်။ အစားအသောက် ရှောင်စရာ မလိုပါ။ ခွဲဘို့ဆိုတာလဲ အဲဒါသိမှ ပြောပါမယ်။ ရိုးရိုးကြီးနေသူတွေဟာ လှပချင်လို့သာ ခွဲရတာ များပါတယ်။

Jul 14, 2011 at 10:10 AM
တစ်ချို့လူတွေက ကျမကို ဒီအခုပြနေတဲ့ဒေါက်တာနဲ့ မသက်သာရင် နောက်အသစ်တစ်ယောက်နဲ့ ပြဖို့ အကြံပေးပါတယ်။ အဲ့လို ဒေါက်တာပြောင်းတာ ဘာတွေ ထူးခြားသွားပါသလဲ။ ပြောင်းဖို့ သင့်မသင့် ဖြေကြားပေးပါ။ ကျမ Thyrosit ဆေး သောက်နေတာ 10 လုံး ရှိနေပါပြီ။ ကျမပြနေတဲ့ (့) ဒေါက်တာက တစ်လစာ အလုံး 30 သောက်ခိုင်းပါတယ်။ ဆေးကုန်ပြီးမှ ဆေးရုံကို ပြန်လာခိုင်းပါတယ်။ ဆေးက မနက်အစာစားပြီး သောက်ခိုင်းပါတယ်။ ဒါပေမဲ့ ကျမအလုပ်ချိန်ရဲ့ အခြေအနေကြောင့် နေ့လယ် ၁၂ ခွဲ ၁ နာရီလောက်မှ သောက်ဖြစ်ပါတယ်။ အခု ကျမ ဖြစ်နေတာက ဆေးသောက်ပြီး နောက်ပိုင်း မနက်အိပ်ရာထတဲ့ အချိန်ကစပြီး မောပြီး ရင်တွေ တုန်နေတယ်။ ခေါင်းမူးနေတယ်။ နောက် နည်းနည်း သက်သာလို့ အလုပ် နည်းနည်းပါးပါး ပြန်လုပ်တာနဲ့ ပြန်မောပြီး မလုပ်နိုင် ဖြစ်နေပါတယ်။ အဲ့လိုဖြစ်နေတာ ဆေးနဲ့ ဆိုင်ပါသလား။ ဒါမှမဟုတ် ကျမ အားနည်းလို့ ဖြစ်တာပါလား။ ဆေးနဲ့ ဆိုင်ရင် ကျမဆေးရုံကို ပြန်သွားသင့်သလား။ အားနည်းနေရင်လည်း ဘာတွေ လုပ်သင့်ကြောင်းကို ညွန်ကြားပေးပါရှင့်။

• Thyrosit = Levothyroxine sodium salt ဆေးကို Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်း ရောဂါ အတွက် ပေးတယ်။
• ဆေးစသောက်ပြီး ၄-၆ ပါတ်နေမှ ဆေးအစွမ်းပြတယ်။
• ကီလို ၇ဝ ရှိသူတယောက်ကို 100-125 mcg/day ပေးတယ်။ အသက်ကြီးရင် နည်းပေးမယ်။ 200 mcg/day အထိ ပေးရတယ်ဆိုတာ ရှားတယ်။ လူနာမှာ နှလုံးရောဂါအခံရှိနေရင် 25-50 mcg/day ကနေစပေးမယ်။
• Thyroid cancer လည်ပင်းကြီး-ကင်ဆာဖြစ်နေသူတွေကိုလဲ ခွဲစိတ်တာ၊ ဓါတ်ကင်တာတွေအပြင် ဒီဆေး ပေးတယ်။
• ကိုယ်ဝန်ရှိနေလဲ သောက်နိုင်တယ်။ ဆေးနည်းနည်းပိုပေးရတတ်တယ်။
• ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အအိပ်ပျက်၊ စိတ်တို၊ စိုးရိမ်စိတ်ကဲ၊ စိတ်လှုတ်ရှာမှုများ၊ ကိုယ်ပူ၊ မျက်နှာနီမြန်း ချွေးထွက်၊ အစားအသောက် စားချင်စိတ်ပြောင်း (ပိုစားချင်လာ)၊ လူပိန်တတ်တယ်။ အပူကို သူများလောက် မခံနိုင်။ ခြေ-လက်တုန်၊ ရင်တုန်၊ ရင်ခုန်နှုန်းမြန်၊ သွေးဖိအားတက်၊ နှလုံးရောဂါ အခံရှိသူ ဆိုးလာနိုင်။ အသက်ရှူကြပ်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ ဆံပင်ကျွတ်၊ အရိုးအားနည်း၊ ရာသီရက်မမှန်၊ ကလေးရဘို့ ခက်ခဲ၊
• အများသုံးလေ့ရှိတဲ့ Antacids လေနာသက်သာဆေး (Aluminum & Magnesium Hydroxides) နဲ့ Ferrous Sulfate သွေးအားကောင်းဆေးတွေကြောင့် ဆေးစုပ်ယူမှာကို ထိခိုက်စေနိုင်တယ်။ ဒီဆေးတွေနဲ့ ၄ နာရီခြား သောက်ပါ။
• ဆေးမသောက်ခင် ဆရာဝန်ကို အသိပေးဘို့လိုမှာတွေ ရှိတယ်။ ကိုယ်ဝန်ရှိနေ-မနေ၊ ကလေးကိုနို့တိုက်နေ-မနေ၊ ကိုယ်ဝန်ဆောင်ချင်တယ်။ နှလုံးရောဂါရှိ-မရှိ၊ ဆီးချို၊ သွေးမခဲတတ်တဲ့ရောဂါ၊ တခြားထူးခြားရောဂါတွေ ရှိ-မရှိ။
• ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း အတိအကျသောက်ပါ။
• ဟော်မုန်းကို အစာထိုး သောက်ရတဲ့ဆေးဖြစ်လို့ transient hypothyroidism ရောဂါကလွဲရင် တသက်လုံး သောက်နေရတတ်တယ်။
• ဆေးကို အများအားဖြင့် တနေ့မှာ တကြိမ်ထဲ သောက်ခိုင်းတယ်။ ဆေးကို အစာမရှိချိန်မှာ သောက်သင့်တယ်။

• Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2012/05/thyroid-function-tests.html
• Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
• Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
• Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html

Dr. တင့်ဆွေ
၁၄-၇-၂ဝ၁၁

Move free တိုင်းရင်းဆေး တမျိုး

2011/7/15
Move free ဆေးက ဒူးနာရင် သောက်လို့ ရပါသလား။ တခြားနေရာတွေ နာရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း သိချင်လို့ပါ။ သောက်နည်း အညွန်းရော တနေ့ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်လုံး သောက်ရမှာပါလဲ အစာအိမ်ရောဂါ ရှိရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း ရှင်းပြပေးပါရှင့်။

• ဆရာဝန်တွေ သုံးတဲ့ဆေး အမျိုးအစား မဟုတ်ပါ။ ဆေးဆိုတာ အညွှန်း အတိအကျ ပါရမယ်။ ညွှန်တဲ့ ဆရာကလည်း ပြောပြနိုင်ရမယ်။ အညွှန်း ဆိုတာကလဲ ကြော်ညာရေးသလိုတွေ များနေရင် ဈေးရောင်းချင်လို့ ဖြစ်နိုင်သေးတယ်။ ဖတ်ပြီး ရေးပေးလို့တော့ ရပါတယ်။ ဒါက ဘာသာပြန်တာဘဲ ဖြစ်တယ်။
• Move Free ဆေးဟာ Dietary supplement အစာအာဟာရ ဖြည့်ပေးတဲ့ဆေးအမျိုးအစား ဖြစ်တယ်။ Glucosamine hydrochloride 1500 mg, Chondroitin sulfate 200 mg, Uniflex 250 mg, နဲ့ Hyaluronic acid 3.3 mg တွေပါတယ်။ အဲဒီထဲက Uniflex ဟာ Chinese Scullcap နဲ့ Black Catechu ဆေးဘက်ဝင်ကရတာ ဖြစ်တယ်။ ဆေးကို မကောင်းတဲ့ အဆစ်တွေ ကောင်းကောင်း လှုတ်ရှားစေဘို့ ဆိုပြီး ရောင်းချတာ ဖြစ်တယ်။
• Osteoarthritis and Cartilage စမ်းသပ်မှု အသေးစားတခု နဲ့ ဆေးထုတ်လုပ်သူတွေ အဆိုအရ ဆေးသောက်သူတွေဟာ ၈ ပါတ်နေရင် အစွမ်းပြတယ်လို့ ပါရှိတယ်။ ၈၃% မှာ အဆစ်တွေ အနေရ သက်သာလာတယ်။ ၇၈% မှာ တနေ့တာ အဆစ်တွေ အလုပ်လုပ်ရာ တိုးတက်လာတယ်။ ၇၂% မှာ လှုတ်ရှားမှု ပိုကောင်းလာတယ်။
• ဆေးညွှန်ကတော့ တရက်မှာ တခါသောက် ဆေး ၂ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၂ လုံးသာ အစာနဲ့သောက်ပါ။
• နောက်တနည်းက တရက်မှာ တခါသောက် ဆေး ၃ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၃ လုံးသာ အစာနဲ့သောက်ပါ။
• ဆေးကြော်ညာထဲမှာ မဟုတ်ဘဲ အင်တာနက်မှာ ဆေးသုံးဘူးသူတွေက ရေးကြတာတွေလဲ သိသင့်တယ်။ တဦးချင်း အတွေ့အကြုံတွေ ဖြစ်တယ်။ သုတေသနတော့ မဟုတ်ဘူး။
၁။ Acute Liver Toxicity အသဲကို ထိခိုက်တယ်။
၂။ ၄ ရက်သောက်ပြီး ရင်ပြည့်ပြီး အစာမစားနိုင် ဖြစ်တယ်။
၃။ Move Free Advanced Triple Strength ကို တလလောက်သောက်ပြီး အစာအိမ် လေနာတာ၊ ရင်ပြည့်တာနဲ့ ဝမ်းပျက်တာတွေ ဖြစ်တယ်။
၎။ Move Free Advanced ဆေးကို နာမည်ပြောင်းတာ သောက်ပြီး ဝမ်းပျက်တယ်။
၅။ အတူတူဘဲ အဲလိုဖြစ်တယ်။
၆။ ကျမအမေ အသက် ၇၉ နှစ်၊ ဝမ်းအရည်တွေ ဒလဟော သွားတယ်။
၇။ Move Free diarrhea pills ဝမ်းနုတ်ဆေးလို့ ခေါ်သင့်တယ်။
၈၊ ဝမ်းပျက်၊ ဗိုက်နာဖြစ်ပါတယ်။
၉။ အသက်ရှူမရ၊ ပါးစပ်မှာ အနာပေါက်၊ ဘာမှ မစားနိုင်။
၁ဝ။ တလသောက်ပြီး လေထတယ်၊ ဝမ်းပျက်တယ်။

၁၇-၇-၂ဝ၁၁

Rheumatoid arthritis လေးဘက်နာ (၂)

Jul 20, 2011 at 8:29 AM
သမီးမှာ RA positive ဖြစ်နေပါတယ်။ မည်သည့် အစားအစာများကို ရှောင်ရမလဲ။ RA သည် လေးဘက်နာနှင့် အတူတူဘဲလား။ အဆစ်တွေ အားလုံး နာနေပါတယ်။ နံက် အိပ်ရာထချိန် အဆိုးဆုံးပါ။

Arthritis အဆစ်နာ အမျိုးအစားပေါင်းက ရာကျော်ရှိတယ်။ ရောဂါရာဇဝင် နဲ့ ဆရာဝန်ကနေ စစ်ဆေးတာနဲ့ စမယ်။ စစ်ဆေးရင် -

1. အဆစ်နေရာမှာ နီနေမယ်၊ ရောင်နေမယ်၊
2. နာနေ၊ တင်းနေမယ်၊
3. အဆစ်ထဲမှာ အရည်ပိုဖြစ်လာလို့ ရောင်နေမယ်၊
4. အလုံးလို-အကျိတ်လို ဖြစ်လာမယ်၊
5. တဖက်ထဲလဲ ဖြစ်နိုင်၊ ဘယ်-ညာလဲ ဖြစ်နိုင်တယ်၊
6. လှုတ်ရှားရတာ အရင်လောက်မရ ဖြစ်လာမယ်၊
7. ကိုယ်ပူနိုင်တယ်၊
8. အားယုတ်နေမယ်။

အဆစ်နာဖြစ်နေသူတွေကို သွေးစစ်တယ်။ RF positive ဒါမှမဟုတ် CCP ရှိနေသူဆိုတာ Rheumatoid arthritis (RA) ဖြစ်နေတယ် ဆိုတာကို သေခြာစေတယ်။ မရှိတိုင်း မဖြစ်ဘူး မဟုတ်ပြန်ပါ။ ၃ဝ% မှာ RA antibodies ဆိုတာ မတွေ့ဘူး။ အထူးသဖြင့် ရောဂါဖြစ်တာ စောသေးရင် မရှိကြဘူး။ Anti-CCP antibody ရှိနေသူက ပိုသေခြာတယ်။

• Blood tests = Rheumatoid Factor ၇ဝ-၈ဝ% မှာ ရှိနေမယ်။
• Erythrocyte Sedimentation Rate (ESR) မြင့်မားနေမယ်။
• C-reactive Protein (CRP) အသင့်ကနေ များနေမယ်။
• Anti-cyclic Citrullinated Peptide Antibody Test (anti-CCP) အသင့်ကနေ များနေမယ်။
• Antinuclear Antibodies (ANA) အသင့်ကနေ များနေမယ်။ Systemic Lupus Erythematosus ဖြစ်နေရင် ၉၅% သေခြာတယ်။
• Scleroderma ဖြစ်နေရင် ၆ဝ-၈ဝ% သေခြာတယ်။ Sjogren’s syndrome ဖြစ်နေရင် ၄ဝ-၇ဝ% သေခြာတယ်။ Rheumatoid arthritis ဆိုရင် ၃ဝ-၅ဝ% သေခြာတယ်။
• Complete Blood Count လုပ်မယ်။ White blood cell သွေးဖြူဥ များနေနိုင်တယ်။
• Human Leukocyte Antigens (HLA) တချို့မှာ ရှိတယ်။
• Uric Acid များနေနိုင်တယ်။ ဂေါက်ဖြစ်နေသူတွေမှာ သေခြာတယ်။
• X-rays ဓါတ်မှန် နဲ့ Magnetic Resonance Imaging (MRIs) လဲလုပ်နိုင်တယ်။

• Rheumatism လေးဘက်နာ (၁) http://dts-medicaleducation.blogspot.com/2010/06/rheumatism_08.htmlနဲ့
• Arthritis အဆစ်နာ http://dts-medicaleducation.blogspot.com/2010/06/arthritis_08.htmlစာတွေကိုလဲ တွဲဖတ်ပါ။

Dr. တင့်ဆွေ
၂ဝ-၇-၂ဝ၁၁

Randomized Controlled Trial (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုပြီးထွက်လာတဲ့ ရလဒ်တွေအရ သိရတာတွေကတော့ -

(၁) ထိရောက်တဲ့ ဆေးတွေ
- Disease Modifying Anti-Rheumatic Drugs (DMARDs) = Adalimumab, Azathioprine, Chloroquine and Hydroxychloroquine, Ciclosporin (Cyclosporin A), D-penicillamine, Etanercept, Golimumab, Gold salts (sodium aurothiomalate, auranofin), Infliximab, Leflunomide, Methotrexate (MTX), Minocycline, Rituximab, Sulfasalazine (SSZ) ဆေးတွေ စောစောပေးတာ သက်သာစေတယ်။
- Anti-Malarial drugs (Chloroquine and Hydroxychloroquine) ငှက်ဖျာဆေးတွေပေးတာ သက်သာတယ်။
- Methotrexate (ကင်ဆာဆေး) ပေးတာ သက်သာစေတယ်။
- Minocycline ပေးတာ သက်သာစေတယ်။
- Sulfasalazine ပေးတာ သက်သာစေတယ်။
- Corticosteroid ရက်တိုနဲ့ နည်းနည်း ပေးတာ သက်သာစေတယ်။

(၂) ကောင်းစေနိုင်တယ်လို့ ယူဆတဲ့ ဆေးတွေ
Auranofin ဆေးဟာ (DMARDs) ဆေးတွေလောက်တော့ မထိရောက်ဘူး။ မဆိုးပါ။
Leflunomide ဆေးကလဲ သက်သာလောက်မယ်လို့ ထင်ရတယ်။ ရေရှည်ပေးတာတော့ မသေခြာပါ။
(DMARDs) ဆေးတွေကို တမျိုးနဲ့တမျိုးတွဲပေးတာလဲ ကောင်းနိုင်တယ်။

(၃) မသုံးသင့်တော့တဲ့ ဆေးတွေ
- Azathioprine
- Ciclosporin
- Cyclophosphamide
- Corticosteroid lone term use
- Parenteral gold
- Penicillamine

Dr. တင့်ဆွေ
၁၅-၈-၂ဝ၁၁

Gout (2) ဂေါက်-ရောဂါ (၂)

Jul 22, 2011 at 9:08 PM
ကျွန်တော့်ရဲ့  အဆစ်များသည် အစား မှားတဲ့အခါ ယောင်ရမ်းပြီး မခံနိုင်အောင် နာပါသည်။ ခရမ်းချဉ်သီး၊ ပဲပင်ပေါက် နဲနဲ စားမိရင် ဖြစ်ပါသည်။ အစားမှားတဲ့အခါ အထူးသဖြင့် ခြေဖမိုးက အရိုး၊ ခြေမျက်စိ၊ ခြေဖနောင့် ယောင်လာပြီး အခံနိုင်အောင် နာပါသည်။ တခါတလေ တတောင်ဆစ်အရိုး၊ လက်ကောက်ဝတ်အရိုး နဲ့ ဒူးခေါင်းအရိုးတို့ နာပါသည်။ အခုလို ဆိုးဆိုးဝါးဝါး ဖြစ်လာတာ ၆ နှစ်ခန့် ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဆရာဝန် ညွန်ကြားချက်ဖြင့် Allouprinol 100 mg ကို တနေ့တလုံး နေ့စဉ် သောက်ပါသည်။

သို့ပါသော်လဲ အစားရှောင်သည့် ကြားမှာ တခါတရံ ယောင်ရမ်း နာလာပါသည်။ ထိုအခါ Colchicine 0.6mg ကို ၆ လုံးခန့် သောက်ပြီးရင် လုံးဝ ကောင်း သွားတတ်ပါသည်။ ပုံမှန် ဆေးသောက်နေပါလျက်နဲ့ ဘာကြောင့် ခဏခဏဖြစ်ရပါသလဲ။ ဒီလိုဖြစ်တာဟာ သေသည်အထိ ဖြစ်သွားမှာလား။ လုံးဝ ပျောက်ကင်းအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိပါသလား။

အမေရိကားမှာ လူ ၅ သန်း ခံစားနေကြရတယ်။ ယောက်ျားတွေက မိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာ ယူရစ်-အက်စစ် များနေတာကို ခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာ ရှိသလို တမူထူးတဲ့ အခြေအနေတွေကြောင့်လဲ ဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာ များတာ၊ သွေးတိုး ရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီး ဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutol ဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါး စေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစား လွန်လွန်ကဲကဲ စားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေ ရောဂါကို ထစေနိုင်တယ်။

လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကို ကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲ ရှိနေနိုင်တယ်။ ဂေါက်ကို မခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာ ထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်က အဖြစ် အများဆုံး ဖြစ်တယ်။ Podagra လို့ ခေါ်တယ်။ တခြားအဆစ်တွေက ခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။

နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုး ဆိုးဆိုး လာတတ်တယ်။ အဆစ်က အရင်လို အလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲ အလုပ် နည်းလာနိုင်တယ်။ ကျောက်လဲ တည်လာနိုင်သေးတယ်။

ရုတ်တရက် ဖြစ်လာရင် အဆစ်နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်၊ ပူနေမယ်။နာတာက အတော်ကိုနာမယ်။ အပေါ်ယံ အရေပြာကို လာထိတာတောင် မခံချင်ဘူး။ ကိုယ်ပူနိုင်တယ်။ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိ ခံစားနေရနိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ နာတာရှည် ဖြစ်လာတာကို Tophaceous gout လို့ ခေါ်ပြန်တယ်။ ခြေမ၊ လက်ချောင်း၊ တတောင်ဆစ်၊ နားရွက် စတဲ့ အဆစ်နဲ့ နေရာတွေမှာ သာမက တချို့မှာ Vocal cords အသံအိုး Spinal cord ခါးရိုးတွေမှာပါ ဖြစ်နိုင်တယ်။ အဆစ်ထဲက အရည်ကို စုပ်ထုတ်ပြီး စစ်ရင် Uric acid crystals တွေ့ရင်တော့ ဂေါက်ရောဂါသေခြာတယ်။

ဆေးကုတဲ့အခါ အရေးအကြီဒဆုံး အချက် ၂ ချက်ကို ဦးတည်ရမယ်။
၁။ ရောင်-နာ နေတဲ့ အဆစ်ကို ရပ်တန်းးကရပ်စေရမယ်။
၂။ ရေရှည်အတွက် ကုသရမယ်။
၃။ တပါထဲလုပ်စရာတွေ ရှိတယ်။ ရေ-အရည် သောက်တာ မနည်းစေနဲ့။ ကိုယ်အလေးချိန် လျှော့ပါ။ အစားအသောက် ဆင်ခြင်ပါ။ အရက်လျှော့ပါ-ရှောင်ပါ။ ဆေးသောက်ပါ။

• ဆေးတွေထဲမှာ Acetaminophen ကနေစသင့်တယ်။ အမေရိကားမှာ (Tylenol) ခေါ်ပြီး တခြားနိုင်ငံတွေမှာ Paracetamol လို့ ခေါ်တာ များတယ်။
• ဒုတိယလိုက်တာက NSAIDS ဆေးအုပ်စုဝင် ဆေးတွေဖြစ်တယ်။ ဒါ့အပြင် Colchicine (Colcrys) နဲ့ Corticosteroids ဆေးတွေကိုလဲ သုံးနိုင်တယ်။ တမျိုးထဲမရပါ။ သွေးထဲမှာ Uric acid များစေတာကို ချပေးမဲ့ဆေး လိုနိုင်တယ်။
• NSAIDS တွေထဲမှာ Indomethacin (Indocin) နဲ့ Naproxen (Naprosyn) တွေပါတယ်။ သက်သာတာနဲ့ ဆေးကို လျော့ပေးမယ်။ NSAIDS ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ မသတိထားဘို့က အစာအိမ်-လေနာနဲ့ သွေးယိုတာတွေ ပါတယ်။
• Colchicine (Colcrys) ဆေးသောက်ရင် ယုတ်တရက်ရောင်-နာနေတာတွေသက်သာစေမယ်။ Allopurinol (Zyloprim) နဲ့ Febuxostat (Uloric) ဆေးတွေက Hyperuricemia ကို ပြင်ပေးမယ်။ တကယ်တန်း နာနေသူတွေကို Colchicine (Colcrys) ဆေး ၁ နာရီတခါ၊ ၂ နာရီတခါအထိ ပေးရတတ်တယ်။ ဘေးထွက်-ဆိုးကျိုးကြောင့် ဝမ်းပျက်နိုင်တယ်။ ပျို့-အန်တတ်တယ်။
• Corticosteroids ဆေးဆိုတာ Prednisone ဖြစ်တယ်။ ရက်တိုအတွက်သာ သုံးရမယ်။ စားဆေး၊ ထိုးဆေး သုံးနိုင်တယ်။ အဆစ်ထဲပါ ထိုးနိုင်သေးတယ်။
• နာတာ သက်သာဆေးမျိုးကို ရက်တိုတိုသာ သောက်ရပေမဲ့ Uric acid ကျစေမဲ့ဆေးက ကြာကြာ ဆက်သောက်ရတယ်။
• Probenecid (Benemid) နဲ့ Sulfinpyrazone (Anturane) ဆေးတွေက အများဆုံသုံးနေတဲ့ uric acid ကို ဆီးထဲကနေ များများ စွန့်ထုတ်ပေးပြီး သွေးထဲမှာ နည်းသွားစေတဲ့ဆေးတွေဖြစ်တယ်။ ကျောက်ကပ်-ကျောက် ရှိဘူးကိုတော့ ဒီဆေးမျိုး သတိကြီးရမယ်။ ဆေးသောက်ရင် ရေများများသောက်ရမယ်။
• Allopurinol ဆေးဆိုတာက လူ့ကိုယ်ကနေ Uric acid ထုတ်လုပ်မှာကို နည်းစေတယ်။ အသဲနဲ့ ကျောက်ကပ် ကောင်းနေသူတွေ ဖြစ်ဘို့သင့်တယ်။
• Febuxostat ဆေးကိုတော့ နာတာရှည်သမားတွေအတွက် ၂ဝဝ၉ ကတည်းက FDA ကနေ ခွင့်ပြုထားတယ်။ ယုတ်တရက် နာသူတွေအတွက် Allopurinol ထက်ထိရောက်တယ်။ ဒီဆေးပေးသူဟာ Uric acid ဘယ်လောက် ရှိလဲ၊ အသဲကောင်းလာ စစ်သင့်တယ်။
• သတိထားဘို့က ရက်တိုယုတ်တရက် နာသူတွေကို Allopurinol နဲ့ Febuxostat ဆေး မပေးသင့်သေးဘူး။ တချို့မှာ ဆိုးတောင် လာတတ်တယ်။ ယုတ်တရက် ဖြစ်တဲ့အဆင့် ကျော်လာမှ ပေးပါ။ ဒီဆေး သောက်လက်စ သမားတွေကတော့ ဆေးနည်းနည်းကို အဲလို ယုတ်တရက် ဖြစ်နေချိန်မှာ ဆက်သောက်လို့ ရပါတယ်။
• ထိုးဆေးသစ် တမျိုးရှိတယ်။ PEGylated uricase (Pegloticase or Krystexxa) နာတာရှည်သမားတွေအတွက် သွေးပြန်ကြေထဲ ထိုးရတာပါ။ သုံးနေကြဆေးတွေနဲ့မတိုးသူတွေကို ၂ ပါတ်တခါ သွင်းပေးနိုင်တယ်။ ဆေးကြောင့် ရှော့ခ် မဖြစ်အောင်သတိနဲ့ပေးရမယ်။ စိုးရိမ်ရင် Antihistamines နဲ့ Cortisone medications ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်တယ်။

Prognosis အလားအလာ
ဆေးမကုဘဲ နေရင်လဲ ၅-၇ ရက်မှာ သက်သာလာမှာပါဘဲ။ ဒါပေမဲ့ ၆ဝ% လောက်က တနှစ်အတွင်းမှာ နောက်တခါ ထပ်ဖြစ်လိမ့်မယ်။ နောက်ပြီး နာတာရှည်ဘက် ဆက်ဖြစ်နိုင်တယ်။ အဆစ်ဖုံးတွေ ထိခိုက်ရာကနေ Joint deformity အဆစ်တွေ ပုံပြောင်းသွားမယ်။ ဆေးကုမနေသူထဲက ၃ဝ% မှာ ၅ နှစ်အတွင်း Painless tophi အကျိတ် ပေါ်လာနိုင်တယ်။ ဆေးသေသေခြာခြာ ကုရင် ဒါတွေ ပျယ်သွားစေနိုင်တယ်။ ၁ဝ-၄ဝ% မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်-ကျောက်ရှိနေရင် တမျိုးဆိုးစေနိုင်တယ်။ မနိုင်ဝန် ထမ်းရသလို ယူရစ်-အက်စစ်ကြောင့် Urate ပုံဆောင်လဲ သေးသေး လေးတွေ ဖြစ်လာမယ်။

နာနေတဲ့အဆစ်ကို အခုအခံနဲ့ထားပါ။ အိမ်မှာ နားပါ။ ရေခဲတင်တာ မကောင်းလှပါ။ Aspirin ပါတဲ့ဆေး ရှောင်ပါ။ ကျောက်ကပ်ကနေ Uric acid ထုတ်မှာတို နှေးစေနိုင်လို့ပါ။ သုတေသနတွေ ဆက်လုပ်နေပါတယ်။ အသားစားတာ လျှော့သင့်တယ်။ Calcium နဲ့ Vitamin C တွေ အစားအစာထဲမှာပါတာ သက်သာစေတယ်။ အချိုရည်တွေထဲမှာ Fructose (ပြောင်း-သကြား) တွေပါတာနဲ့ မတည့်ပါ။

Dr. တင့်ဆွေ
၂၃-၇-၂ဝ၁၁

Bartholin's cyst (ဘာသိုလင်-ဆစ်စ်)

Bartholin's cyst အကြောင်း ပြောပြပါလား။ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရတာလဲနဲ့ ခွဲစိပ်ကုသမှ ပျောက်ကင်းတဲ့ ရောဂါလား။ ဒီကနေတဆင့် အမြစ်တွယ်ပြီး ကင်ဆာတွေ ဘာတွေရော ဖြစ်သွား နိုင်ပါလား။ ဒီမှာ ဆေးခန်း ပြတာတော့ ခွဲစိပ် ကုသရမယ်ဆိုလို့ပါ။ ဆေးပညာနဲ့ ပက်သက်တဲ့ အင်္ဂလိပ် စကား အခေါ်အဝေါ်တွေနဲ့ ဘာသာစကား အခက်အခဲကြောင့် ဆရာဝန် ရှင်းပြတာရော Online မှာ English လို ပြန်ဖတ်တာတွေရော ပေါင်းပေမယ့် သိချင်သလောက် မသိရပါဘူး။

အဲဒါဖြစ်နေချိန်ရော ခင်ပွန်းသည်နဲ့ အတူနေလို့ ရပါလား။ မခွဲတဲ့နည်းနဲ့ ကုလို့ရရင် ကုချင်လို့ပါ။ ခွဲစိပ်ရမှာ ကြောက်ပါတယ်။ ဒီတနည်းပဲ ရှိတယ် ခွဲမှရမယ်ဆိုလဲ နောင်ဆက် ဖြစ်လာမယ့် အကျိုးဆက်ကို သိချင်ပါတယ်။ အခုလောလောဆယ်တော့ Antibiotic သောက်ပြီး ရေနွေးနဲ့ စိမ်ပါတယ်။ နဲနဲတော့ သေးလာတယ်လို့ ထင်ရပါတယ်။ အရှင်း ပျောက်မယ့် နည်းများ ရှိမလားဆရာ။

မိန်းကလေး-အမျိုးသမီးတိုင်းမှာ မိန်းမအင်္ဂါ အဝနားမယ် တဖက်တချက်မှာ စမ်းလို့မရ၊ မမြင်ရတဲ့ အကျိတ်လေး တစုံစီ ရှိကြတယ်။ အဲဒီ Bartholin's glands ခေါ်တာကနေ (ဗဂျိုင်းနား) မွေးလမ်းကြောင်းကို စိုနေစေအာင် အရည်လေးတွေ ထုတ်ပေးနေတာမို့ အတော် အသုံးကျတယ်။

အရည်ထွက် ပြွန်ငယ်လေး Duct က ဆို့ပိတ်နေရင် (ဆစ်စ်) ဖြစ်လာမယ်။ အကျိတ်ပါဘဲ။ STD လိင်ကတဆင့်-ကူးစက်ရောဂါ မဟုတ်ပါ။ အနေမတတ်လို့လဲ မဟုတ်ပါ။ ရှက်စရာ မဟုတ်ပါ။ အရွယ်အစား ပဲစေ့လေး လောက်ကနေ ကြက်ဥလောက်ထိ ရှိနိုင်တယ်။ ဘာလို့ ဖြစ်သလဲ ကံမကောင်းလို့ ပြောရင် ငြင်းမရပါ။

အရွယ်ကောင်းတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့ မပြောချင်ပါ။ တခြားအရွယ်တွေက မကောင်းသလို ပြောရာကျနေမယ်။ အိမ်ထောင်ပြု၊ မီးဖွါးနိုင်တဲ့ အရွယ်လို့ တိတိပပ ပြောချင်တယ်။ နဲနဲအရွယ်ကြီးသူမှာ လာဖြစ်ရင် လိုလိုမယ်မယ် Biopsy အသားစ စစ်ဆေးတာပါ လုပ်မယ်။ ကင်ဆာ မဟုတ်တာ သေခြာချင်လို့ပါ။

သူကနေ ဆက်ပြီး ကင်ဆာ စတဲ့ ရောဂါကြီး မဖြစ်စေပါ။ သိပ်ကြီးရင် အနေ-အသွားခက်နိုင်တယ်။ ရောဂါပိုး ဝင်လို့ဖြစ်လာတာ မဟုတ်ပေမဲ့ ဖြစ်နေသူမှာ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာရင်တော့ Bartholin's abscess ခေါ်တော့တယ်။

ဝင်တဲ့ပိုး အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တဲ့ Chlamydia (ကလာမိုင်ဒီးယား) နဲ့ Gonorrhea (ဂနိုးရီးယား) အပြင် Escherichia coli လို အူလမ်းမှာ နေတတ်တဲ့ (ဗက်တီးရီးယား) တွေကနေလဲ ဖြစ်နိုင်တယ်။ သတိထားမိမှာပေါ့ ဥရောပက အီး-ကိုလိုင် သတင်း။

ကုသဘို့ရာ အရွယ်အစားပေါ်လဲ မူတည်တယ်။ သေးသေးလေးဆို ထားလိုက်ပါအုံး။ တချို့က အကြီးမမြန်ဘူး။ ပိုးမဝင်သေး၊ မနာသေးရင် အေးအေးဆေးဆေးပေါ့။ အလုပ်ချိန်၊ ကျောင်းချိန် လွတ်တာရွေး၊ စိတ်ချ-အားကိုးချင်တဲ့ ဆရာဝန်ရှာ။ ဘာသာရေးလုပ်၊ ကံကောင်းအောင်။

(ဆစ်စ်) ဖြစ်လာပေမဲ့ ပိုးမဝင်မချင်း မနာဘူး။ တချို့ကြ အင်ဖက်ရှင်ဝင်ပြီး အနာပေါက်သလို ပေါက်ထွက်၊ အမာရွတ် ဖြစ်သွားတတ်တယ်။ စမ်းလို့ တွေ့လာရင် ဆရာဝန်ပြပါ။ OG မဟုတ်လဲ Surgeon ခွဲစိတ်ဆရာဝန်နဲ့ လဲရပါတယ်။ ကျွန်တော်တို့လို စပါယ်မရှယ်တွေလဲ လုပ်ပေးရတာပါဘဲ။

အိမ်မှာတင် လုပ်နည်းလဲ ရှိတယ်။ သူများတွေဆီမှာတော့ Sitz baths ရေချိုးနည်းဆိုတာ ညွှန်းမယ်။ စပါယ်ရှင် ရေချိုးကန် ဆိုတာတောင် ရှိသေးတာ။ ဘာမှ ထွေလီကာလီ လုပ်စရာ မလိုပါ။ ဖြစ်တဲ့နေရာကို ရေနွေး (ခံနိုင်ယုံ) အပူထဲမှာ စိမ်နေခိုင်းတာပါ။ ၁ဝ-၁၅ မိနစ်ကြာ၊ တနေ့ ၃-၄ ခါ။ နာတာကို Painkiller အနာသက်သာဆေး တခုခုသောက်ပါ။

ပိုးဝင်ရင် ပဋိဇီဝဆေး သောက်ပါ။ ဒါပေမဲ့ သုတေသန လုပ်ကြည့်တော့ Antibiotics ဆေးက အလုံပိတ်နေတဲ့ နေရာအထိ လုံလောက်အောင် မရောက်တာ သိရတယ်။ ဒါ့ကြောင့် ခွဲစိတ်မှု တကယ်လိုတယ်။ ပြည်ဆိုတာ ဘယ်နေရာမှာ ရှိရှိ ထုတ်ပြစ်ရတယ်။ "ပြီပေါက် ပျောက်ပြီ" ဆိုတာ ကာရံရှာ ပြောတာ မဟုတ်ပါ။

ကံက အတော် မကောင်းရင် ပြန်ဖြစ်တာ နှစ်ခါမကသူလဲ ရှိတယ်။ ခွဲစိတ်တာနဲ့ Laser လေဆာနည်းလုပ်လို့ ကောင်းတယ်ဆိုတာက အခုပျောက်တာရော နောက်ထပ်မဖြစ်ဘို့ရော ပြောတာပါ။

Local anesthetic ထုံဆေးထိုးမယ်။ Incision ခွဲမယ်။ Drain ရှိတာတွေ ထုတ်မယ်။ Gauze ပိတ်ကျဲစနဲ့ ဆေးထည့်မယ်။ ဒါမှမဟုတ် Catheter ပိုက်ငယ်လေး ထည့်ချင်ထည့်မယ်။ ပိတ်ကျဲစကို ၂၄-၄၈ နာရီမှာ ပြန်ထုတ်မယ်။ Catheter ဆိုရင် ကြာကြာ ထားမယ်။

ထပ်ပြီး ကံမကောင်း ပြန်တာက ပိုးဝင်နေရင် ထုံဆေး မတိုးတတ်ဘူး။ ဘယ်လို ရင်းနေတဲ့ အနာမှာဖြစ်ဖြစ် အဲလိုဘဲ။ လူနာက နာတာ သိပ်မခံနိုင်ရင် မေ့ဆေး-အိပ်ဆေး လိုနိုင်တယ်။ အဲလိုလုပ်ပြီးရင်တော့ Antibiotic ဆေးက ကောင်းကောင်း အလုပ်ဖြစ်ပြီ။ (ကို့စ်) ကုန်အောင် သောက်ပါ။

Marsupialization ခွဲစိတ်နည်းကတော့ တမူထူးတယ်။ ရာသက်ပန် အရည်ထွက်နေစေအောင် ပြန်ချုပ်ရာမှာ တမျိုး လုပ်ရတယ်။ ဘယ်နည်းနဲ့ခွဲခွဲ အိမ်ထောင်သည်ဆိုရင် ၂-၃ ပါတ်လောက် ဝေရာမဏိ လုပ်နေရလိမ့်မယ်။

အဲ့ မြန်မာလို၊ အားလုံး လက်ခံတာ မရှိသေးဘူး ထင်ပါတယ်။ တိုင်းရင်းဆရာတွေ ရေးတာလဲ မဖတ်ဘူးသေးပါ။ မမြင်ကွယ်ရာမှာ အနာ ဖြစ်တာလို့ ပြောရင် ဆရာဝန် နားလည်ပါတယ်။

Dr. တင့်ဆွေ
၂၅-၇-၂ဝ၁၁

Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁)

29 Jun 11, 21:20
ဆရာခင်ဗျား အဆုတ်ပွခြင်းနဲ့ ပက်သက်ပြီး သိချင်ပါတယ်ခင်ဗျား။ ဖြစ်နိုင်ရင် အဆုတ်အကြောင်း သိကောင်းစရာဆိုပြီး ရေးပေးပါလား။

ကျွန်တော်တို့ လူမျိုးတွေ အလွယ်ခေါ်တဲ့ အဆုပ်ပွတယ်ဆိုတာကို ဆေးပညာနဲ့ ဘာလဲတန်းပြောဘို့ မရေရာဘူး။ (နူမိုးနီးယား) ကို ပြောချင်သူ များမယ်။ ဆေးပညာအရ ထွေးခဲသွားတာမှ နူမိုးနီးယား။ (သပ်သပ် ရေးထားပါတယ်။) အဆုပ်ပွတာနဲ့ တူတာတွေက Pleural effusion အဆုပ်ထဲ ရေဝင်တာနဲ့ Pneumothorax အဆုပ်ထဲလေများတာ။ ဒါ့ကြောင့် အသက်ရှူလမ်း ရောဂါတွေ တန်းစီပြီး ရေးပါမယ်။

နှာခေါင်းထိပ်ကစပြီး အဆုပ်ထဲက မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်လှတဲ့ နေရာလေးအထိ ရှိတဲ့ အသက်ရှူလမ်းကို လေ့လာဘို့ရာ Upper respiratory tract infection အထက်ပိုင်းနဲ့ Lower respiratory tract infection အောက်ပိုင်းလို့ ခွဲခြားထားတယ်။

Upper respiratory tract infections (URI or URTI) အသက်ရှူလမ်း အထက်ပိုင်း ပိုးဝင်ခြင်းကို Throat infections လည်ချောင်း ရောင်ခြင်း လို့လဲ သတ်မှတ်တယ်။

အသက်ရှူလမ်း-အထက်ပိုင်း ရောင်တာတွေ ဖြစ်ရင် နှာစေး၊ နှာချေ၊ ချောင်းဆိုး၊ အသံနာ၊ အာခေါင်နာ၊ မျိုချရင်နာ၊ ခေါင်းကိုက်၊ ကိုယ်ပူ စတာတွေ ခံစားရမယ်။ ဖြစ်ရင် တပါတ်-ဆယ်ရက်ကြာမယ်။ Group A beta hemolytic streptococcal ခေါ်တဲ့ ဗက်တီးရီးယား က တရားခံဖြစ်တာ များတယ်။

နားရောင်တာလဲ ဒီအုပ်စုထဲမှာ ပါသလို၊ Viral Conjunctivitis ဗိုင်းရပ်စ်ကြောင့် မျက်စိနာကလဲ ဆက်စပ်နေနိုင်သေးတယ်။ Seasonal allergies ရာသီဥတုကြောင့် အလာဂျီ ရတာ၊ Influenza တုပ်ကွေးတွေလဲ ဒီအုပ်စုထဲကဘဲ။

Treatment ကုသတဲ့အခါ (ဗိုင်းရပ်စ်) ဆိုရင် အထောက်အကူပေးတဲ့ ဆေးတွေသာ ရှိတယ်။ Antibiotics ပိုးသေဆေးတွေ၊ မလိုဘဲ မသုံးတာ ကောင်းတယ်။ ပဋိဇီဝဆေးကို စောင်ကြည့်ပြီးမှ ပေးတာဟာ ရောဂါအတွက်နဲ့ လူနာ စိတ်သက်သာ ကျေနပ်မှု နှစ်မျိုးလုံးကို ကြည့်ချိန်ဆရတယ်။

• Epiglottitis ဆိုတာလဲ သိပ်မကွာဘူး၊ Superior portion of the larynx and supraglottic area နေရာတွေပါ ရောင်နိုင်တယ်။ Severe difficulty breathing အသက်ရှူခက်မယ်။ Noisy breathing (Stridor) အသက်ရှူသံ ကျယ်မယ်။ hoarseness အသံသြနေမယ်၊ Drooling and difficulty swallowing မျိုချရတာ ခက်မယ်။ Epiglottitis ဖြစ်ရင် Urgent tracheal intubation အရေးပေါ် ပြွန်ထည့်ဘို့ လိုနိုင်တယ်။ ကလေးတွေဖြစ်တာ ပိုသတိထားရမယ်။ Antibiotics ပေးရမယ်။ Cephalosporins တမျိုးထဲဖြစ်ဖြစ် Penicillin ဒါမှမဟုတ် Ampicillin ကို တွဲပေးရမယ်။

• Laryngitis အသံအိုး ရောင်တာနဲ့ Laryngotracheitis ဆိုတဲ့ Larynx, Trachea, and Subglottic area နီးစပ်တာတွေပါ ရောင်တာတွေ ဖြစ်တယ်။ hoarse voice အသံသြနေမယ်၊ croup ကလေးဆိုရင် အဟွတ်-အဟွတ် နေမယ်၊ Steroids 20-40 mgs စတီရွိုက် ရှူနိုင်တယ်။ Steam ရေနွေးငွေ့ရှူတာ ကောင်းတယ်။ Laryngitis အသံအိုးရောင်တာက Gastroesophageal reflux အစာချေရည် အထက်ဆန်လို့ ဖြစ်ရတာဆိုရင် Ranitidine (Zantac) နဲ့ Omeprazole (Prilosec) ဆေးတွေကိုပါ ၄-၆ ပါတ်ကြာအောင် ပေးရမယ်။

• Nasopharyngitis (Rhinopharyngitis or Common cold) အအေးမိတာကို ခေါ်တာပါဘဲ။ Nares, Pharynx, Hypopharynx, Uvula, and Tonsils ဘေးနားတဝှိုက်က အရာတွေလဲ ရောင်နေနိုင်တယ်။

• Otitis media = Ear infections နား အလည်ပိုင်းရောင်တာ၊ Antibiotics နဲ့ Pain killers ပေးရမယ်။ ခွဲစိတ်ဘို့ လိုလာနိုင်တယ်။ Decongestants နဲ့ Antihistamines ဆေးတွေကိုလဲ နှာခေါင်းထည့်ဆေးဖြစ်ဖြစ် စားဆေးဖြစ်ဖြစ် သုံးနိုင်တယ်။ Oral and topical analgesics နာတာသက်သာစေမဲ့ စားဆေး၊ လိမ်းဆေး၊ Ibuprofen, Paracetamol (Acetaminophen) နဲ့ Narcotics ပြင်းတဲ့ဆေး ပေးနိုင်တယ်။ Antipyrine နဲ့ Benzocaine ear drops တွေ ခပ်နိုင်တယ်။

Otitis Media နားအလည်ပိုင်း ရောင်ခြင်းအတွက် ဆေးများ
၁။ ပဌမတန်းစား ပဋိဇီဝဆေးများ
Amoxaccillin 45-60 mg/kg TDS x 10 days
Trimethoprim-Sulfamethoxazole 8-10 mg/kg x 10 days
Erythromycin/Sulfisoxazole 50 mg/kg x 10 days

၂။ ဒုတိယတန်းစား ပဋိဇီဝဆေးများ
Amoxacillin 80-100 mg/kg x 10 days
Amoxicillin-clavulanate 45 mg/kg x 10 days
Celpodoxime 10 mg.kg x 10 days
Cefuroxime 20 mg/kg x 10 days
Azithromycin 10 mg/kg x 4 days
Ceftriaxone 50 mg/kg x 1-3 doses

• Sore throat လည်ချောင်းနာ နဲ့ Tonsillitis အာသီးရောင်တာကို ဖြစ်စေတဲ့ ပိုး (ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယား) တွေထဲက Group A beta-haemolytic Streptococci (GABHS) ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ် အဖျားရောဂါ နဲ့ Kidney disease (Post-Streptococcal Glomerulonephritis) ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Antibiotics ပေးရတယ်။ သုတေသနတချို့က ဒီလိုဆေးပေးတာ အကျိုး နည်းနည်းသာ ရှိတယ်တဲ့။ တာရှည်ပေးဘို့လိုသူကို Azithromycin ပေးနိုင်တယ်။ Tympanostomy tube ပြွန်ထည့်ဘို့လိုသူကို ထည့်ပေးရမယ်။

• Pharyngitis အာခေါင် ရောင်တာထဲမှာ Pharynx, Hypopharynx, Uvula, and Tonsils တွေလဲ ဆက်တွဲ နေနိုင်တယ်။ ပါးစပ် နောက်ပိုင်း နဲ့ လည်ချောင်း အပေါ်ပိုင်းရောင်တာ ဖြစ်တယ်။ Pharyngitis အာခေါင် ရောင်တာအတွက် NSAIDs and acetaminophen အနာသက်သာဆေး၊ Steroids (dexamethasone) စတီရွိုက်ဆေး၊ Viscous lidocaine ထုံဆေး နဲ့ Antibiotics တွေပေးရတယ်။

• Gonococcal Pharygitis ဂနိုးရီးယားပိုးကြောင့် အာခေါင်ရောင်ခြင်းကို ကုသရန်ဆေးများ
1. Ceftriaxone 125 mg IM < 45 kg; 250 mg IM > 45 kg
2. Spectinomycin (40 mg.kg IM x 7 days) and Erythromycin (40 mg/kg IM x 7 days) or Doxycycline (100 mg BD x 7 days)

• Non-Gonococcal Pharygitis ဂနိုးရီးယားပိုးကြောင့် မဟုတ်သော အာခေါင်ရောင်ခြင်းကို ကုသရန်ဆေးများ
1. Penicillin V (1 Gm BD x 10 days);
2. Amoxicillin (750 mg QID x 10 days; 60 mg/kg TDS x 10 days);
3. Benzathine PCN 1.2 million Unit IM);
4. Erythromycin 20-40 mg/kg TDS x 10 days);
5. Cephalexin 25-50 mg/kg BD x 10 days);
6. Ceffadroxil 30 mg/kg BD x 10 days);
7. Azithromycin 12 mg/kg QID x 5 days)

• Rhinitis ဆိုတာ နှာခေါင်း အဖုံးလွှာတွေ ရောင်တာ၊
• Rhinosinusitis or Sinusitis ဆိုတာ Nares and Paranasal sinuses (Frontal, Ethmoid, Maxillary, Sphenoid) နှာခေါင်းဘေး၊ နဖူး၊ ပါးရိုး၊ နာထင် စတဲ့နေရာတွေက ဆိုင်းနပ်စ်တွေ ရောင်တာတွေ ဖြစ်တယ်။

• Tonsillitis အာသီးရောင်၊ ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင်ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ acute tonsillitis ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။ Recurrent tonsillitis ခဏခဏဖြစ်နေသူဟာ allergy ဖြစ်နိုင်တယ်။ Acetaminophen/Paracetamol and/or Ibuprofen တွေကို နာတာ သက်သာအောင် ပေးမယ်။ Salt water gargle, Lozenges, Warm liquids ငုံဆေး၊ ပလုပ်ကျဉ်းတာတွေနဲ့ ရောင်တာ သက်သာစေမယ်။ Group A streptococus ကြောင့်ဖြစ်တာအတွက် Penicillin နဲ့ Amoxicillin တွေက ပဌမတန်းစား Antibiotics တွေ ဖြစ်တယ်။ ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။ မသက်သာသူတွေကို Clindamycin or Amoxicillin-clavulanate ပေးနိုင်တယ်။ Virus ကြောင့်ဖြစ်တာ ကြာမယ်။ Chronic cases နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။

• Tracheitis လည်ပင်းမှာ အလည်တည့်တည့် အထက်-အောက် တန်းနေတဲ့ လေပြွန်ကြီး ရောင်တာ။

Sore throat လည်ချောင်းနာ နဲ့ Tonsillitis အာသီးရောင်တာကို ဖြစ်စေတဲ့ ပိုး (ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယား) တွေထဲက Group A beta-haemolytic Streptococci (GABHS) ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ် အဖျားရောဂါ နဲ့ Kidney disease (Post-Streptococcal Glomerulonephritis) ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Antibiotics ပေးရတယ်။ သုတေသနတချို့က ဒီလိုဆေးပေးတာ အကျိုး နည်းနည်းသာ ရှိတယ်တဲ့။

• Common cold အအေးမိတာ
အဖြစ်များလွန်းတယ်။ အေးတဲ့အချိန်မှာ ပိုဖြစ်တယ်။ Flu တုပ်ကွေး နဲ့ Cold အအေးမိတာ အတော်ဆင်တယ်။ တွဲဖြစ်တာလဲရှိတယ်။ ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ ဖြစ်စေတဲ့ ဗိုင်းရပ်စ် အမျိုးပေါင်း ၂ဝဝ ကျော်တယ်။ Rhinoviruses ကနေ အများဆုံး ဖြစ်စေတယ်။ Antibiotics မလိုဘူး။ Warm drinks ပူတာ တခုခု သောက်ပါ၊ Lozenges ငံဆေးငုံပါ၊ Nasal sprays နှာခေါင်းထဲပန်းဆေးသုံးပါ။ Paracetamol သောက်ပါ။ကလေးတွေကို Aspirin မပေးပါနဲ့။ Over-the-counter ဆေးဆိုင်တွေမှာ အလွယ် ဝယ်လို့ရတဲ့ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးတိုင်းကို ကလေးငယ်တွေ မပေးပါနဲ့။

• Influenza (Flu) တုပ်ကွေး
အလွန်မတန် ကူးစက်လွယ်တယ်။ Influenza type A or B ဗိုင်းရပ်စ်တွေ ကနေဖြစ်တယ်။ C လဲ ရှိတယ်။
Good personal hygiene အနေအထိုင်တတ်ဘို့သာလိုတယ်။ ကမာမှာ Influenza pandemics ကပ်ရောဂါလိုဖြစ်တာ ၃ ခါရှိပြီ။ 1918, 1957, 1968 နှစ်တွေကဖြစ်ခဲ့တယ်။

• Severe Acute Respiratory Syndrome (SARS) (ဆားစ်) ရောဂါ
ကူးစက်တဲ့ နူမိုးနီးယားတမျိုးဖြစ်တယ်။ ၂ဝဝ၂ တရုပ် နိုင်ငံ တောင်ပိုင်းမှာ စတွေ့ခဲတယ်။

• Sinusitis (ဆိုင်နူဆိုက်တစ်စ်)
(ဆိုင်းနပ်စ်) လို့သာ ခေါ်တာများတယ်။ လူ့မျက်နှာ အရိုးထဲက လေခိုအိတ်လေးတွေကို ပိုးဝင်တာ ဖြစ်တယ်။ ကလေး-လူကြီးဖြစ်တယ်။ sinuses ဆိုင်းနပ်စ် တွေက နေရာ အမျိုးမျိုးမှာ ရှိတယ်။ Maxillary ပါးရိုး၊ Frontal နဖူးရိုး၊ Ethmoidal မျက်ခုံး-နားထင်ရိုး၊ Sphenoidal နားထင်ရိုး အအေးမိပြီးဆက်ဖြစ်တာ။ နှာခေါင်းကနေ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း အရည်တွေ ကျနေမယ်။ မျက်နှာရိုးတွေ နာ-ကိုက်နေမယ်။ Pain relief နာတာသက်သာဆေး၊ Antibiotics ပဋိဇီဝဆေး နဲ့ Surgery လိုအပ်လာရင် ခွဲစိတ်ပေးရတယ်။ နှာခေါင်းနောက်နားက တက်စေ့တွေရောင်တာကို Adenoids ခေါ်တယ်။ Blocked nose နှာခေါင်းပိတ်နေမယ်၊ Snoring အိပ်ရင်ဟောက်မယ်၊ Sore throat လည်ချောင်းနာမယ်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း အရည်တွေ နှာခေါင်းက ကျမယ်။ ကလေးတွေမှာ ဖြစ်ရင် Middle ear infections နား အလည်ပိုင်း ရောင်တာ ဆက်ဖြစ်ပြီး Glue ear နားပိတ်နေမယ်။ Sinusitis လဲ ဆက်ဖြစ်တယ်။ Chronic rhinosinusitis ရက်ရှည် (ဆိုင်းနပ်စ်) ဖြစ်တာ Antibiotics ဘယ်ပိုးသေဆေးပေးမလဲ။ သြစတြေးလျ သုတေသနတခုအရ Roxithromycin က ပိုကောင်းတာ တွေ့ရတယ်။ ပိုးသေဆေးဟာ လူ ၁ဝဝ ဖြစ်တာမှာ တယောက် နှစ်ယောက်လောက် အတွက်သာ လိုတယ်။

• Decongestants ဆေး
နှာခေါင်းပိတ်နေတာကို သက်သာစေတယ်။ စားဆေး၊ ထည့်ဆေးရှိတယ်။ Steroid drops or sprays (စတီရွိုက်) အစက်ချ နဲ့ ပန်းဆေး၊ Mucus-clearing drugs (Mucolytics) အချွဲပျော်ဆေး၊ Antihistamines (အင်တီဟစ်စတမင်း) ဆေး နဲ့ Antibiotics (Penicillin, Amoxycillin) ပဋိဇီဝဆေးတွေနဲ့ ကုသတယ်။ Saline nasal spray နှာခေါင်းထဲ ဆားရည်ဖြန်းတာလဲ သက်သာစေတယ်။ Sinus puncture and lavage ခွဲစိတ်တာလဲ လုပ်ရတတ်တယ်။ Functional endoscopic sinus surgery (FESS) နည်းသုံးနိုင်တယ်။ Endoscopic modified Lothrop procedure (EMLP) နည်းလဲရှိတယ်။

• Croup (ခရော့ပ်)
Throat = Voice box (Larynx) လည်ချောင်း နဲ့ Windpipe (Trachea) လေပြွန်မကြီး ရောင်တာကို Croup (Viral laryngo-tracheo-bronchitis) လို့လဲ ခေါ်တယ်။ ဗိုင်းရပ်စ် ကနေဖြစ်တယ်။ Hoarse voice အသံသြမယ်၊ Noisy breathing အသက်ရှူသံ ဆူညံနေမယ်၊ Harsh barking cough စူရှပြီး ဟောင်သလို ချောင်းဆိုးမယ်။ ၅ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ သူ့ဖါသူလဲ ပျောက်တယ်။ Glucocorticoids (စတီရွိုက်) ဆေးပေးနိုင်တယ်။ ရောင်နေတာတွေ လျှော့စေမယ်။ Nebulized epinephrine (Adrenaline) ဆေးကိုလဲ သုံးနိုင်တယ်။

• Diphtheria ဆုံဆို့နာ
Nose နှာခေါင်း Throat လည်ချောင်း နဲ့ Windpipe (Trachea) လေပြွန်မကြီးမှာ Corynebacterium diphtheriae ဗက်တီးရီးယား ဝင်တာ ဖြစ်တယ်။ ကလေးတွေမှာ စိုးရိမ်စရာ ကောင်းတဲ့ ကူးစက်ရောဂါ ဖြစ်တယ်။ Runny nose နှာရည်ယိုမယ်၊ Severe sore throat လည်ချောင်းအတင်းနာမယ်၊ Fever ဖျားမယ်၊ Swollen lymph nodes လည်ချောင်းက တက်စေ့တွေရောင်မယ်၊ Furry grey or black coating လည်ချောင်းအထဲမှာ အဖြူရောင်၊ မီးခိုးရောင်၊ အနက်ရောင် အဖုံးလွှာလိုပေါ်လာမယ်။ အစာမြိုတာခက်မယ်၊ အသက်ရှူရ ခက်မယ်။ suffocation ဆို့နေသလိုဖြစ်လာမယ်။ Diphtheria vaccine ကာကွယ်ဆေးရှိတယ်။ DTP ဆိုတာ ဆုံဆို့-ကြက်ညှာ-မေးခိုင် ရောဂါ ၃ မျိုးအတွက် ကာကွယ်ဆေးဖြစ်တယ်။ DTP-HBV-HIB ဆိုတာလဲ Diphtheria ဆုံဆို့၊ Tetanus မေးခိုင်၊ Pertussis ကြက်ညှာ၊ Hepatitis B အသဲရောင် ဘီ နဲ့ Haemophilus influenzae B တုပ်ကွေး ကာကွယ်ဆေးတွေ တွဲထားတာ ဖြစ်တယ်။ ၂ နှစ်အောက် ကလေးတွေကို ထိုးပေးတယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
၂၇-၇-၂ဝ၁၁

Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂)

Chest infections အသက်ရှူလမ်းရောင်ခြင်း
1. Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ ကလေးတွေမှာသာ ဖြစ်တယ်။ အသက်ရှူတာ မြန်မယ်၊ ကိုယ်ပူမယ်။
2. Bronchitis လေပြွန် အလတ်စားတွေ ရောင်တာကိုသာ Chest infection လို့ ခေါ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ အပေါ်ပိုင်းကနေ အောက်ဆင်း ရောင်လာတာ။ ချောင်းတိုး၊ ဖျား၊ နေမကောင်း။
3. Bronchiectasis နာတာရှည် ကနေ ဆိုးလာတယ်။ Antibiotics ပေးရမယ်။

4. Pneumonia နူမိုးနီးယား။ ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူမဝ၊ နေမကောင်း၊ ရင်ပတ်နာ၊ ဆိုးဝါရင် ဆေးရုံတက်ရမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။
5. Pleurisy အဆုပ်ကို ဖုံးထားတဲ့ အလွှာရောင်တာက နာမယ်။ တခြားအကြောင်းတွေကြောင့် နာတာနဲ့ ခွဲခြားရမယ်။ ဥပမာ pulmonary embolus အဆုပ်-သွေးကြောထဲ အခဲပိတ်တာ။
6. Tuberculosis တီဘီ၊ သပ်သပ်ရေးထားပါတယ်။

Chest infections အသက်ရှူလမ်းရောင်ခြင်းတွေထဲက Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ၊ Bronchitis လေပြွန် အလတ်စားတွေ ရောင်တာ Bronchiectasis နာတာရှည် ကနေ ဆိုးလာတာတွေကို တပုဒ်ရေးပါမယ်။ တီဘီ၊ သပ်သပ်ရေးထားပါတယ်။

Pleurisy (Pleuritis) အဆုပ်ဖုံးအလွှာ ရောင်ခြင်း
အဆုပ်တွေကို Pleura အလွှာ နှစ်ထပ်နဲ့ ဖုံးထားတယ် အလွှာက Sac အိတ်လိုဖြစ်ပြီး အထဲမှာ အရည်ပါးပါးလေး အမြဲရှိနေတယ်။ အသက် အရှူ-အထုတ် လုပ်လို့ လှုတ်ရှားတဲ့အခါ (၁) နှလုံး၊ (၂) (ဒိုင်ယာဖရမ်) ခေါ်တဲ့ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းထားတဲ့ ကြွက်သားကြီး၊ (၃) နံရိုးတွေရှိတဲ့ ရင်ပတ်နံရံတွေနဲ့ ထိခိုက် ပွန်းပဲ့တာ မဖြစ်စေအောင် အရည် ရှိနေရတာပါ။ အိတ်ရောင်တာကို Pleurisy (ပလူရယ်စီ) လို့ ခေါ်တယ်။ နဲနဲဖြစ်ရင် ပျောက်သွားနိုင်တယ်။ အမာရွတ် ကျန်ရစ်မယ်။

ဘာလို့ ဖြစ်ရသလဲ
Viral infection (ဗိုင်းရပ်စ်) ကြောင့် အများဆုံး ဖြစ်ရတယ်။ Bacteria, ဗက်တီးရီးယား၊ Fungus ဖန်းဂတ်စ်၊ Tuberculosis တီဘီ၊ Parasites (ပါရာဆိုက်) တွေကြောင့်လဲ ဖြစ်တယ်။ Mesothelioma ကင်ဆာကနေ ဆက်ဖြစ်နိုင်တယ်၊ Lupus, Rheumatoid arthritis, Sarcoid disease, Scleroderma ရောဂါတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။

Broken ribs နံရိုးခိုက်မိလို့လဲ ဖြစ်နိုင်တယ်။ Pancreatitis, Peritonitis, Pus under the diaphragm ရောဂါတွေ ကနေလဲ ဆက်ဖြစ်နိုင်တယ်။ Methotrexate နဲ့ Penicillin ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။

တခြားအကြောင်းတွေလဲ ရှိသေးတယ်။ Uremia ကောက်ကပ်အလုပ်မလုပ်နိုင်တော့တာ၊ Blood clot in lung အဆုပ်ထဲ သွေးကြော ပိတ်တာ၊ Radiation therapy ဓါတ်ကင်တာ၊ Sickle cell disease သွေးအားနည်းရောဂါ၊ Chemotherapy drugs ကင်ဆာဆေး၊ Asbestos မျက်နှာကျက်လုပ် အမှုံတွေဝင်တာ နဲ့ HIV ပိုးဝင်တာတွေကနေလဲ ဖြစ်စေနိုင်တယ်။

ဘယ်လို ခံစားရမလဲ
• ရောင်နေတဲ့ အလွှာနှစ်ထပ် ထိခိုက်ကြလို့ နာတယ်။ Sharp or stabbing pain in the chest စူးရှပြီး ထိုးသလို ရင်ပတ်နာတာက လက္ခဏာတရပ်ဘဲ။ အသက်ပြင်းပြင်း ရှူရင်၊ ချောင်းဆိုးရင်၊ နှာချေရင်၊ ရယ်မောရင် နာတာ ပိုဆိုးမယ်။
• Shortness of breath အသက်ရှူအောင့်၊
• Cough ချောင်းဆိုး၊ ချောင်းခြောက်လဲဖြစ်နိုင်တယ်၊ သလိပ် နဲ့ သွေးလဲ ပါနိုင်တယ်၊
• Fever and chills ကိုယ်ပူ၊ ချမ်း၊
• Rapid, shallow breathing အသက်ရှူမြန်၊
• Unexplained weight loss လူကပိန်လာ၊
• Sore throat followed by pain and swelling in the joints လည်ချောင်းတွေ အဆစ်တွေနာ၊
• Diarrhea ဝမ်းပျက်၊
• Ventricular tachycardia နှလုံးခုန်မြန်၊
• Erectile dysfunction ယောက်ျား အင်္ဂါသန်မာမှုနည်း၊
• Vomiting blood အန်တဲ့အထဲ သွေးစပါ၊
• Vaginal discharge မွေးလမ်းက အဖြူဆင်း၊
• Shortness of breath အသက်ရှူမဝဖြစ်မယ်၊

Physical examination ဆရာဝန်က မေးမြန်း-စစ်ဆေးတာတွေ အကုန်လုပ်မယ်၊ Blood pressure သွေးဖိအား၊ Heart rate နှလုံးခုန်နှုန်း၊ Respiratory rate အသက်ရှူနှုန်း၊ Temperature ကိုယ်ပူချိန်၊ X-ray chest ဓါတ်မှန် နဲ့ Electrocardiogram (ECG) ရိုက်နိုင်တယ်။ Blood test သွေးထဲက အောက်စီဂျင် အခြေအနေ စစ်နိုင်တယ်။

နာတာသက်သာအောင် Indomethacin (Indocin), or Naproxen (Naprosyn), Ibuprofen (Motrin) နဲ့ Aspirin တွေ သောက်နိုင်တယ်။ ဒါနဲ့ မသက်သာသေးရင် Codeine, Hydrocodone (Vicodin), or Oxycodone (Percocet) တွေ လိုနိုင်တယ်။ အရေများနေရင် စုတ်ထုတ်ရမယ်။ Viral infections ကြောင့် ဖြစ်တာဆိုရင် တပါတ်နဲ့ ပျောက်ပါမယ်။ ဖြစ်စေတဲ့ အကြောင်းခံအလိုက် ဆေးကုသမှုတွေလိုမယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
၂၈-၇-၂ဝ၁၁

Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃)

Pneumonia နူမိုးနီးယား

အဆုပ်ပိုးဝင်ရောဂါပါ။ Bacteria ဗက်တီးရီးယား၊ Viruses ဗိုင်းရပ်စ် နဲ့ Fungus ဖန်းဂတ်စ် တွေကနေ ဖြစ်စေနိုင်တယ်။ ဖြစ်ရင် ချောင်းဆိုး၊ သလိပ်ထွက်၊ ကိုယ်ပူ၊ အသက်ရှူသွင်းချိန်မှာ စူးပြီး ရင်ပတ်နာတာတွေ ခံစားရမယ်။ နားကြပ်နဲ့ နားထောင်ရင် မူမှန်မဟုတ်တဲ့ Crackling sounds အသံကြားရမယ်။ Wheezing ရင်ကြပ်သံလဲ ကြားရနိုင်တယ်။ လေဝင်သံ တိုးနေနိုင်တယ်။

ပဋိဇီဝဆေးတွေ မပေါ်ခင်က နူမိုးနီးယား ဖြစ်တဲ့သူ ၃ ယောက်မှာ ၁ ယောက် သေခဲ့ရတယ်။ အခုထိ အမေရိကားမယ် တနှစ်မှာ လူ ၃ သန်း နူမိုးနီးယား ဖြစ်နေတယ်။ ၅% သေဆုံးနေတုံးဘဲ။ သူတို့ဆီမယ် လူသေစာရင်းမှာ နံပါတ် ၆ လိုက်တယ်။

အသက်ရှူရာကနေ ပိုးဝင်တာ ဖြစ်တယ်။ ပိုးတမျိုးမျိုးပါနေတဲ့ Droplets အမှုံလေးတွေကို ရောဂါရှိနေသူက ချောင်းဆိုး၊ နှာချေရင်း ထုတ်နေတာကို ရှူသွင်းမိသူ ကူးမယ်။ တချို့ကြ သူ့ကိုယ်ပိုင် ပါးစပ်ထဲ၊ နှာခေါင်းထဲ၊ လည်ချောင်းထဲ နေတဲ့ ပိုးက အဆုပ်ထဲ ဝင်လာရာကနေ ဖြစ်တယ်။ အိပ်နေရင်း အဲလို ဝင်တတ်တယ်။ လူရဲ့ Reflex response တုံ့ပြန်မှု သဘော ဖြစ်တဲ့ ချောင်းဆိုး၊ နှာချေပြီး မကြိုက်တာကို ထုတ်ပြစ်နိုင်တာ ကောင်းတယ်။ ပိုးဝင်သူတိုင်းတော့ ရောဂါမရပါ။ အားနည်းနေချိန်၊ တခြားရောဂါတခုခု ခံစားနေချိန်မှာ ရနိုင်တယ်။ ကလေးငယ်၊ အသက်ကြီးလွန်းသူ၊ ခွဲစိတ်ခံထားရသူ၊ အရက်သေစာ-မူးယစ်ဆေးဝါး သောက်စားထားသူ၊ ဆေးလိပ် သောက်သူတွေမှာ ဖြစ်တတ်တယ်။

များသောအားဖြင့် တုပ်ကွေးလိုနဲ့ စတယ်။ ဖျားလာမယ်။ ချမ်းနိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထွက်မယ်။ သလိပ်က အရောင်ရှိနိုင်တယ်။ ဖြစ်တဲ့နေရာအလိုက် လက္ခဏာ မတူတတ်ဘူး။ တချို့က ချောင်းပိုဆိုးမယ်။ တချို့က အသက်ရှူမဝ ဖြစ်မယ်။ ပြာနှမ်းနေမယ်။

အဆုပ်ကို ဖုံးထားတဲ့အလွှာ Pleura မှာသာ နာတာကို ခံနိုင်တဲ့ အာရုံကြောရှိလို့ အဲဒီနေရာ ရောဂါလာဖြစ်ရင် နာမယ်။ နာရင် စူးရှပြီးနာတာ။ Pleurisy ခေါ်တယ်။ အဆုပ်ဆိုတာ Lobes အစိတ်အပိုင်းတွေ ရှိတယ်။ ဘယ်မှာ ၂ ခု၊ ညာမှာ ၃ ခု။ တခုမှာသာ ဖြစ်တာကို Lobar pneumonia ခေါ်တယ်။ အဆုပ် နှစ်ဘက်လုံးမှာလဲ ဖြစ်နိုင်တယ်။ Double pneumonia လို့ ခေါ်ခဲ့ကြတယ်။

ထွက်တဲ့ သလိပ်ကို စစ်ဆေးရင် ဖြစ်တဲ့ပိုးသိမယ်။ ပိုးကိုနိုင်တဲ့ဆေးကိုလဲ ရှာနိုင်တယ်။ Blood cell count (WBC) သွေးဖြူဥတွေ များနေမယ်။ Neutrophils များနေရင် ဗက်တီးရီးယားကြောင့်၊ Lymphocytes များနေရင် ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ တီဘီပိုး ကြောင့် ဖြစ်ဘို့များတယ်။

ဓါတ်မှန် ရိုက်ကြည့်ရင် သိမယ်။ Bronchoscopy ကရိယာထည့် စစ်ဆေးတာလဲ လုပ်နိုင်တယ်။ အဆုပ်အိတ်ထဲ အရည် အောင်း-များနေတာကို Pleural effusion ခေါ်တယ်။ များရင် Thoracentesis လုပ် စုပ်ထုတ်ရမယ်။ Empyema ဆိုတာ ဖြစ်ရင် ခွဲစိတ်တန် ခွဲစိတ်ရတယ်။ Thoracoscope ကရိယာသုံးပြီး Video-assisted thoracoscopic surgery or VATS ဆိုတာ လုပ်လာနိုင်နေပြီ။

အများဆုံးတရားခံက Streptococcus pneumoniae ဗက်တီးရီးယားဘဲ။ အခု Pneumococcal conjugate vaccine (PCV13) နဲ့ Pneumococcal polysaccharide vaccine (PPV23; Pneumovax) ကာကွယ်ဆေး ၂ မျိုး ပေါ်နေပြီ။
Pneumococcal conjugate vaccine ကာကွယ်ဆေးကို အမေရိကားမှာ ပုံမှန်ကာကွယ်ဆေး စာရင်းထဲ ထည့်တယ်။ ၂ နှစ်အောက် ကလေးတွေကို ထိုးပေးတယ်။ နူမိုးနီးယား ဖြစ်နိုင်ခြေရှိတဲ့ လူကြီး (နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ အရက်သမား၊ စီးကရက်သောက်သူ၊ ဘေလုံးထုတ်ထားသူ၊ အသက်အိုသူ) တွေကို Pneumococcal polysaccharide vaccine ထိုးပေးတယ်။ ၅-၇ နှစ်ကြာတခါ ထပ်ထိုးတယ်။

ပဋိဇီဝဆေးတွေနဲ့ ကုသမယ်။ Penicillin, Amoxicillin and Clavulanic acid, Erythromycin, Azithromycin နဲ့ Clarithromycin တွေ ဖြစ်ကြတယ်။

နာတာရှည် အသက်ရှူလမ်းဆို့ရောဂါ Chronic obstructive pulmonary disease (COPD) နဲ့ Alcoholism အရက်သမားတွေမှာ Klebsiella pneumoniae နဲ့ Hemophilus influenzae ပိုးတွေကြောင့် နူမိုးနီးယား ဖြစ်နိုင်တယ်။
Third-generation Cephalosporins, Amoxicillin, Vlavulanic acid, Fluoroquinolones နဲ့ Sulfamethoxazole + Trimethoprim ဆေးတွေ ပေးမှရမယ်။

ဖြေးဖြေးချင်းဖြစ်တဲ့ Mycoplasma pneumoniae နူမိုးနီးယားကို Erythromycin, Clarithromycin, Azithromycin နဲ့ Fluoroquinolones ဆေးတွေ ပေးရတယ်။ သုတေသန တခုအရ ပဋိဇီဝဆေးနဲ့အတူ Dexamethasone စတီရွိုက်ပါ ပေးတာ ရက်တိုစေတယ်။

Legionnaire's disease ဆိုတာ Legionella pneumoniae ဗက်တီးရီးယားကြောင့် ဖြစ်တယ်။ အဆိပ်ဖြစ်စေတဲ့ ဓါတ်ရှူမိရင် Chemical pneumonitis ဖြစ်နိုင်တယ်။

Viral pneumonias ဗိုင်းရပ်စ်ကြောင့် နူမိုးနီးယားဆိုရင် ပြောခဲ့တဲ့ဆေးတွေ မတိုးပါ။ Adenoviruses, Rhinovirus, Influenza virus (flu), Respiratory syncytial virus (RSV) နဲ့ Parainfluenza virus ကြောင့်ဖြစ်ရတယ်။ ကိုယ်ခံအား ကောင်းရင် ပျောက်လိမ့်မယ်။ ဗက်တီးရီးယားလဲ တွဲနေတတ်သေးတယ်။ H1N1 Swine influenza A ဝက်တုပ်ကွေးနဲ့ နူမိုးနီးယား တွဲဖြစ်နိုင်တယ်။

Fungal pneumonia ဖန်းဂတ်စ် နူမိုးနီးယားဟာ Histoplasmosis, Coccidiomycosis, Blastomycosis, Aspergillosis, နဲ့ Cryptococcosis တွေကနေဖြစ်တယ်။ Amphotericin B, Fluconazole, Penicillin နဲ့ Sulfonamides ဆေးတွေ ပေးရမယ်။

လည်ချောင်းနာ အသက်ရှူလမ်း အထက်ပိုင်းရောင်တာတွေဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ များတယ်။ မလိုအပ်ဘဲ Antibiotics သုံးရင် ဆေးယဉ်တာတွေ ဖြစ်စေနိုင်တယ်။ ဆေးရုံတွေကနေ ဆိုးတဲ့ ပိုးတွေဝင်လို့ Nosocomial pneumonia ဖြစ်နိုင်တယ်။ လူစုလူဝေးတွေကနေလဲ ဝင်စေနိုင်တယ်။ တချို့ အစုအဝေးတွေမှာ ဖြစ်တဲ့ Staph aureus infections က ၅ဝ% Methicillin ဆေးမတိုးဘူး။ MRSA (Methicillin-resistant Staph aureus) ခေါ်တယ်။ ဆိုးတဲ့ Pneumonia ကနေ သေစေနိုင်တယ်။

Legionnaires disease (လီဂျွန်နဲရိစ်) ရောဂါ
ဗက်တီးရီးယား ကနေဖြစ်တဲ့ အဆုပ်ရောဂါ နူမိုးနီးယားတမျိုးဖြစ်တယ်။ သေနိုင်တယ်။ ချောင်းဘေး၊ မြောင်းဘေး ရေအိုင်ဘေးတွေမှာ ဖြစ်တယ်။ Legionella pneumophila, Legionella longbeachae အမျိုးကွဲတွေ ရှိတယ်။

Pneumonia နူမိုးနီးယား၊ Bronchiolitis (ဘရောင်ခီယိုလိုက်စစ်) စတဲ့ Acute lower respiratory tract infections (LRTIs) အသက်ရှူလမ်းောအာက်ပိုင်း ရက်တို ပိုးဝင်ရောဂါတွေဟာ ၅ နှစ်အောက်ကလေးတွေ သေဆုံးစေတဲ့ အကြောင်းတွေမှာ ထိပ်က ပါတယ်။ Global Burden of Disease 2000 project အဆိုအရ Measles ဝက်သက်၊ Whooping cough ကြက်ညှာချောင်းဆိုး နဲ့ Neonatal deaths မွေးကင်းစသေဆုံးမှု တွေမပါဘဲ တွက်ချက်ရင် Acute respiratory tract infection (ARTI) ရက်တို အသက်ရှူလမ်း ပိုးဝင် ရောဂါတွေကြောင့် ၅ နှစ်အောက် ကလေးပေါင်း ၂့၁ သန်း သေဆုံးရတယ်လို့ သိရတယ်။ နောက် စစ်တမ်းတခု အလိုအရ ၁့၉ သန်း ရှိတာ တွေ့ရတယ်။ ဒီအထဲက ၇ဝ% ဟာ အာဖရိကနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြစ်တယ်။ ဒီဒေသတွေ ဒီအရွယ် ကလေးတွေဟာ အစာအာဟာရချို့တဲ့ကြတယ်။ အစားအစာထဲက Vitamin A deficiency နည်းတာလဲပါလို့ ဗီတာမင် အေ ပေးတာ အစက်ရှူလမ်း ရောဂါတွေအတွက် ပိုကောင်းမလား ၇ နှစ်အောက်ကေလးတွေကို စမ်းသပ်တော့ မထူးခြားတာ တွေ့ရတယ်။ ကောက်ချက်တွဲတဲ့အခါ Vitamin A ကို သတိထားပေးပါလို့ ထွက်လာတယ်။

Acute cough ရက်တိုချောင်းဆိုးတာနဲ့ Over-the-counter (OTC) medications အလွယ်ဝယ်ရ ချောင်းဆိုးပျောက်ဆေးများ
ဆန်းစp်မှုလုပ်တော့ မကောင်းတာ သိလာရတယ်။

Diffuse panbronchiolitis (DPB) လေပြွန်ငယ်လေူတွေ အများကြီးရောင်ရာကနေ ပျက်စီးတာကိုခေါ်တယ်။ Recurrent respiratory tract infection (RTI) အသက်ရှူလမ်းမျာ ခဏခဏပိုးဝင်ရာကနေ ဆက်ဖြစ်တာပါ။ ဂျပန်မှာတောင် လူ တသိန်းမှာ ၁၁ ယောက် ဖြစ်တယ်။ Macrolides အုပ်စုဝင် Antibiotics ပဋိဇီဝဆေးတွေ ၁၉၈ဝ ကျော်ကတည်းက သုံးတယ်။

Throat infection လည်ချောင်းနာတာကနေဆက်ပြီး Rheumatic fever (ရူမက်တစ်) အဖျားရောဂါ ဖြစ်တာ နည်းပါတယ်။ သူကနေ ဆိုးလှတဲ့ နှလုံးရောဂါဆက်မဖြစ်ရလေအောင် ကာကွယ်တဲ့အနေနဲ့ Penicillin ပနယ်စလင်ကို ထိုးဆေး၊ စားဆေး ပေးတယ်။ ထိုးဆေးက ပိုကောင်းပါတယ်။ ၄ ပါတ်တခါ ထိုးတာထက် ၂-၃ ပါတ်တခါထိုးရင် ပိုကောင်းတယ်လို့ ဆိုတာလဲရှိတယ်။ တလ တခါထိုးပါကို အပြင်မခိုင်းသေးပါ။

Acetylcysteine နဲ့ Carbocysteine ဆေးတွေဟာ mucolytic drugs အများဆုံးသုံးတဲ့ ချွဲပျော်ဆေးတွေဖြစ်တယ်။
Anticholinergic drugs ဆေးတွေက ကလေးငယ်တွေမျာ ရင်ကြပ်လို့ Wheeze အသံထွက်တာအတွက်ပေးတယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
၂၈-၇-၂ဝ၁၁

Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄)

လေပြွန်များ ရောင်ခြင်း

1. Bronchiectasis (ဘရောင်ခီရက်တဆစ်)
2. Bronchiolitis (ဘရောင်ခီယိုလိုက်တစ်)
3. Haemoptysis (ဟီမော့ပ်တဆစ်)
4. Bronchitis (ဘရောင်ခိုက်တစ်)

1. Bronchiectasis (ဘရောင်ခီရက်တဆစ်)
လေပြွန်လမ်း တလျှောက်မှာ ပျက်စီးပြီးပြီး ကြီးလာမယ်။ လေကိုသန့်စေအာင်လုပ်ပေးဘို့ (ကလပ်စည်း) လေးတွေမှာ Cilia အမွှေး သေးသေးလေးတွေ ရှိနေတယ်။ ဒါတွေပါ ပျက်စီးလာမယ်။ ဆက်ပြီး Mucus အချွဲတွေ Sputum သလိပ်တွေကို ရှင်းထုတ်ဘို့ ခက်ခဲ ဖြစ်လာမယ်။ ပိုးဝင်လာစေမယ်။ လေပြွန်လမ်း ပိုမိုပျက်စီးလာမယ်။ ဒီရောဂါအတွက် Diagnosis ရောဂါရှာဖွေရေး၊ Antibiotic ပိုးသေဆေး နဲ့ Physiotherapy ရုပ်ပိုင်းကုသပေမှုတွေ အရင်ကထက် ကောင်းလာတယ်။

2. Bronchiolitis (ဘရောင်ခီယိုလိုက်တစ်)
၆ လ တနှစ် အောက်ကလေးငယ်လေးတွေမှာ Viral chest infection ဗိုင်းရပသ် ပိုး၉င်ရာကနေဖြစ်တယ်။ လေပြွန် သေးသေးလေး တွေမှာ လာထိခိုက်မယ်။ Coughing ချောင်းဆိုးမယ်။ Wheezing ရင်ကြပ်တဲ့အသံကို နားထောင်လို့ကြားရမယ်။ Asthma ပန်းနာနဲ့ မှားနိုင်တယ်။ ဆောင်းရာသီမှာ အဖြစ်များတယ်။

3. Haemoptysis (ဟီမော့ပ်တဆစ်) ချောင်းဆိုးသွေးပါ၊
TB တီဘီ၊ Bronchitis (ဘရောင်ခိုက်တစ်)၊ Lung cancer အဆုပ်-ကင်ဆာ နဲ့ Pneumonia နူမိုးနီးယား ကနေဖြစ်နိုင်တယ်။

4. Bronchitis (ဘရောင်ခိုက်တစ်)
Chest infection လို့လဲ ခေါ်တယ်။ ကလေးတွေမျာ အအေးမိရာကနေ ချောင်းဆိုးမယ်၊ Bronchitis ကြောင့်လဲ အဲလို ဖြစ်တာဘဲ။ Trachea လေပြွန်အကြီးကြီးနဲ့ Bronchi လေပြွန်အလတ်စားအတွင်းဖုံးအလွှာရောင်မယ်။ နီရဲ-ရောင်ပြီး အချွဲတွေ ထွက်လာမယ်။

Acute ရက်တို နဲ့ Chronic နာတာရှည်ဖြစ်နိုင်တယ်။ Viral ဗိုင်းရပ်စ် နဲ့ Bacterial ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ ဆေးလိပ်သောက်ရင် ပိုဆိုးတယ်။ ချောင်းဆိုးမယ်၊ သလိပ်ထွက်မယ်။ Acute bronchitis ရက်တို (ဘရောင်ခိုက်တစ်) ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာ ၉၅% ရှိတယ်။ ဗက်တီးရီးယားကြောင့် သေတဲ့အထိ ဆိုးနိုင်တယ်။

Chronic bronchitis and emphysema နာတာရှည် (ဘရောင်ခိုက်တစ်) နှင့် (အင်ဖိုက်ဆီးမား) ဖြစ်ရင် Shortness of breath အသက်ရှူမဝ ဖြစ်မယ်။

နှာရည်ယိုမယ်၊ လည်ပင်းနာမယ်။ ကိုယ်ပူမယ်။ ချောင်းဆိုးစမှာ ချောင်းခြောက် ဆိုးမယ်။ နောက် အချွဲ-သလိပ်ပါလာမယ်။ Barking cough အကောင် ဟောင်သလို ဆိုးနိုင်တယ်။ Slight wheeze နဲနဲလဲ ကြပ်သံကြားရမယ်။ Shortness of breath အသက်ရှူမဝ ဖြစ်နိုင်တယ်။ ရက်တိုဖြစ်တာက ၅-၁ဝ ရက်ဆို ပျောက်သွားမယ်။ မျေပာက်ရင် နာတာရှည် ဖြစ်တော့မယ်။ allergies (အလာဂျီ) ကြောင့်ရော Smoking ဆေးလိပ်သောက်လို့ရော ဖြစ်စေနိုင်တယ်။ လုပ်ငန်းခွင်က အပွေ့၊ အနံ့၊ အမှုံတွေကြောင့်လဲဖြစ်စေနိုင်တယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာကို ပိုးသေဆေး မလိုပါ။ Cough medicines ချောင်းဆိုးပျောက်ဆေးတွေကလဲ သိပ်မထူးပါ။ တချို့ဆေးကြောင့် ပိုအိပ်နိုင်စေမယ်။ နောက်တွေ့ရှိချက်တခုအရ ချောင်းဆိုးပျောက်ဆေးထပ် ပျာရည်စစ်က ပိုကောင်းတယ်။ တနှစ်အောက်ကလေးတွေကို မပေးသင့်ဘူးလို့ ဆိုတယ်။ Honey ပျားရည်အပြင် Lemon သံပုရာ၊ Ginger ချင်း၊ ကလဲကောင်းတယ်။ Steam ရေနွေးငွေ့ကို သုံးတာ ကောင်းတယ်။ အသက်ငယ်လွန်းသူ၊ ကြီးလွန်းသူတွေမှာ အဖြစ်များတယ်။ နှလုံး-အဆုပ်မကောင်းသူတွေလဲ ဖြစ်လာနိုင်တယ်။ ရေ-အရည်တွေ များများသောက်ပါ။ နားပါ။ လေကောင်း လေသန့် ရှူပါ။

ကိုယ်ပူတာအတွက် Acetaminophen, Aspirin, Ibuprofen, or Naproxen သောက်နိုင်တယ်။

Complications နောက်ဆက်တွဲ အနေနဲ့ Pneumonia နူမိုးနီးယားဖြစ်လာနိုင်တယ်။ Emphysema ဖြစ်နိုင်သေးတယ်။
Right-sided heart failure or cor pulmonale နှလုံးညာဘက်ခြမ်း အလုပ်မလုပ်နိုင်တာ ဖြစ်နိုင်တယ်။
Pulmonary hypertension အဆုပ် ဖိအားများတာ ဖြစ်နိုင်တယ်။
Asthmatic bronchitis ပန်းနာနဲ့ တွဲပြီး လေပြွန်ရောင်တာ ဖြစ်နိုင်တယ်။
Viruses တွေထဲမှာ Influenza A and B တွေ ပါတယ်။
Mycoplasma pneumoniae ကြောင့် ဖြစ်တာကို Walking pneumonia လို့ ခေါ်တယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
၂၈-၇-၂ဝ၁၁

Volatile organic compounds (VOCs) ညှော်နံ့

ကျွန်တော်တို့ လူမျိုးတွေက ညှော်နံ့ ကနေ ရောဂါတွေ ရစေ-ဆိုးစေတယ်လို့ ဘာ သုတေသနမှ မလုပ်ဘဲ ယုံကြည်ကြတယ်။ သိပ္ပံပညာ သင်သူ လူငယ်တွေက တွင်တွင် ငြင်းတယ်။ ဆရာဝန် ဖြစ်စတုံးကလဲ မေးလာရင် ဟိုလို-ဒီလိုလို ဖြေဘူးခဲ့တယ်။


Volatile organic compounds (VOCs) ဆိုတာ လေထဲမှာ Organic chemicals (အော်ဂဲနစ်) ဓါတ်တွေ ပါနေတာကို ခေါ်တယ်။ Organic ဆိုတာ ကာဗွန်ပါတဲ့ ဒြပ်ပေါင်းတွေပါ။ ကျန်းမာရေးကို ရေတို-ရေရှည် ထိခိုက်စေမှာတွေကို ပြောတာပါ။ ရေရှည်ဖြစ်စေတာက ပိုများတယ်။ ဆောင်းတွင်းမှာ ပိုဆိုးတယ်။

သုတ်ဆေးတွေ၊ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ သန့်ရှင်းရေးသုံး ဓါတုဆေးတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ ရုံးသုံး စက်ကရိယာ ပစ္စည်းတွေ၊ စာရေးကရိယာတွေ၊ အလှအပ အသုံးအဆောင်တွေ၊ စတာ စတာတွေကနေ လေထဲမှာ VOCs တွေ ပါနေတယ်။ ကုန်ကုန် ပြောရရင် Air fresher လေသန့်စေတဲ့ ဆေးထဲမှာ လေမသန့်တာတွေ ပါတယ်။

VOCs တွေဟာ တခြားဟာတွေထက် ရေဆူအမှတ် နိမ့်လို့ အငွေ့အနေနဲ့ ထွက်နေတာ ဖြစ်တယ်။ ဥပမာ သုတ်ဆေး၊ ပလာစတာ၊ နံရံ၊ မျက်နှာကျက်တွေထဲမှာ ပါတဲ့ Formaldehyde ဟာ –19 ºC (–2 ºF) ဆိုရင် ဆူပြီ။ Formaldehyde အပြင် Decane, Butoxyethanol, Isopentane, Limonene, Styrene, Xylenes, Perchloroethylene, Methylene chloride, Toluene နဲ့ Vinyl chloride တွေ ပါဝင်တယ်။

လူလုပ်တာတွေသာမက Molds and Fungi မှိုတွေ ကနေလဲ ဖြစ်စေတယ်။ အနံ့နဲ့သိနိုင်တယ်။ Aldehydes, Alcohols နဲ့ Ketones တွေ ပါနေတယ်။ တခါတလေ Geosmin, Hexanone နဲ့ Octanols တွေလဲ ပါတတ်တယ်။

Health risks ကျန်းမာရေး အန္တရာယ်
• ကလေးတွေမှာ အသက်ရှူလမ်း၊ နဲ့ ရောဂါပြီးစနစ်တွေကို ထိခိုက်နိုင်တယ်။ (အလာဂျီ) ရနိုင်တယ်။
• မျက်စိ၊ နား၊ လည်ချောင်းတွေ ထိခိုက်ရာကနေ ခေါင်းကိုက်မယ်၊ ပျို့အန်မယ်၊
• အသဲ၊ ကျောက်ကပ်၊ ဗဟိုအာရုံကြောစနစ် ထိခိုက်မယ်။
• အားယုတ်မယ်၊ ခေါင်းမူးမယ်၊ နှာခေါင်းသွေးထွက်မယ်၊ စိတ်မကြည် ဖြစ်မယ်။
• Leukemia နဲ့ Lymphoma ရောဂါတွေ ပိုဆိုးစေတာ သိရတယ်။
• တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်တာ သိရတယ်။ လူတွေမှာ ဖြစ်တာလဲ သံသယ ရှိတယ်။
• ဒီအိမ်၊ ဒီရုံး၊ ဒီအခန်းထဲဝင်မှ ဒါတွေ ဖြစ်တာမျိုးကို Sick building syndrome လို့ ခေါ်ကြတယ်။

ဘယ်လို လျော့နည်းအောင် လုပ်မလဲ
ဥပဒေလုပ်ပြီး ကန့်သတ်၊ တားဆီးရတယ်။ ၁၉၈၅ မှာ အမေရိကန် Environmental Protection Agency က ထုတ်တဲ့ Total Exposure Assessment Methodology Study အရ အခန်းထဲမှာ အပြင်ထက် VOCs ၂ ဆကနေ ၅ ဆ အထိများတာ တွေ့ရတယ်။ မြို့မှာက တောထက် ပိုဆိုးတယ်။ VOCs Sensors ဆိုတာတွေ တပ်ဆင်ထားရတယ်။ Smoke alarm ဆိုတာ အိမ်တိုင်း၊ ရုံးတိုင်း၊ အခန်းတိုင်းမှာ တပ်ထားကြရတယ်။ မြန်မာ အခြေချ နေထိုင်သူတွေ (အလမ်း) ထ မည်လို့ ပြဿနာတက်ကြတာ အမြဲ ကြားနေရတယ်။

ကျွန်တော်တို့ လူမျိုးတွေ ချက်ပြုတ်ကြော်လှော်တာတွေထဲမှာ ပါတာတွေကို သုတေသန လုပ်တာ မကြားသေးဘူး။ အစဉ်အလာ ယုံကြည်နေကြတာကို လက်တွေ့ ပြနိုင်ဘို့ ကြိုးစားကြရမယ်။

လူတွေ အသက်ရှူထုတ်ရင်လဲ VOCs ဆိုတာတွေ ရာနဲ့ချည်ပြီး ပါနေနိုင်တယ်။ ကိုယ်နံ့ မကောင်းသူတွေကို အနား မကပ်ချင်ကြတာ အဲဒါကြောင့် နေမယ်။ “အလှူပေးခြင်း၊ ဣနြေ္ဒကို ဆုံးမခြင်း၊ ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်းကြောင့် စကြဝတေးမင်း ရဲ့ ကိုယ်နံ့ဟာ စန္ဒကူးနံ့၊ ခံတွင်းနံ့ဟာ ကြာညိုနံ့ သင်းတယ်” လို့ မဟာသုဒဿနသုတ် မှာ ဖတ်ရပါမယ်။

အဆုပ်-ကင်ဆာ ရှိသူကနေ 22 VOCs ပါတယ်လို့ သုတေသနက ဆိုတယ်။ ဒီကနေ့ နောက်ဆုံးရ ကျန်းမာရေးသတင်းမှာ Promising urine test tells how effective Tuberculosis treatment is လို့ ပါလာတယ်။ တီဘီ ဖြစ်နေသူတွေကို ဆေးကုသတာ ထိရောက်မှု ရှိ-မရှိ ဆီးစစ်ပြီး အလွယ်နဲ့ သိမယ်တဲ့။ ဒီသုတေသန ဆရာဝန်တွေ ပြောတာက လူနာတွေကနေ ထုတ်ပေးနေတဲ့ VOCs တွေက မတူကြဘူးတဲ့။ လူတွေရဲ့ Fingerprint patterns လက်ဗွေလို တီဘီ-လူနာတွေက ထူးခြားတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစာကို သိပ္ပံစာလို ရေးရင် ဘာတွေသာ လုပ်ပါ၊ ဘာတွေသာ သုံးပါ၊ တန်းစီပြီး ရှိပါတယ်။ ဖတ်ရင်လဲ ပြင်းစရာ၊ မလိုက်နာ နိုင်တာလဲ များတာမို့ တကြောင်းထဲနဲ့ အကြံပေးရရင် “သဘာဝနဲ့ မဝေးမကွာ၊ ရိုးရိုးလေးသာ နေထိုင်တာ အကောင်းဆုံးပါ။”

Dr. တင့်ဆွေ
၃-၈-၂ဝ၁၁

Giant-cell tumor of the bone (GCTOB) ကင်ဆာနဲ့တူတဲ့ အရိုး (ကျူးမား)

Fri, Aug 12, 2011 at 6:40 PM
ကျွန်မ၏ ဝမ်းကွဲညီမ ဖြစ်သူမှာ ချော်လဲရာမှ တင်ပါးဆုံမှ နာသည်ဆိုကာ ဆေးခန်းပြခဲ့ပါသည်။ ပထမဆုံး ဆရာဝန်မှ ဆေးထိုး ပေးခဲ့ရာ အနည်းငယ် သက်သာသယောင် ရှိရာမှ မသက်သာ ပြန်သဖြင့် ဒုတိယ ဆရာဝန်မှ စားဆေးများဖြင့် ကုပြန်ပါသည်။ နောက်ဆုံး မခံမရပ်နိုင်နှင့် ယခု လက်ရှိ ကုသနေသော ဆရာဝန်ဆီ အရောက် MRI ဖြင့် စစ်ဆေးစေကာ ခွဲစိတ်ကုသခဲ့ပါသည်။ အကြိမ်ကြိမ် ခွဲစိတ် ခဲ့ရပါသည်။ ထိုစစ်ဆေးချက်ကို ယူဆောင်ကာ အခြားအရိုးဆရာဝန်အား ဘာရောဂါလည်း မေးရာ ကင်ဆာပိုး လုံးဝမရှိဟု ပြောပါသည်။ ယခု ကုသနေသော ဆရာဝန်မှ အရိုးကင်ဆာဟုပင် ပေါ်တင်ပြောခဲ့ပါသည်။ Gient cell tumor ဟုတော့ ရေးထားပါသည်။


မိသားစုမှာ အလွန်စိတ်ဆင်းရဲရ ပါသည်။ ဘာရောဂါ ဆိုတာပင် ယခုထိ သေချာမသိပါ။ ယခု နောက်ဆုံးအကြိမ် ခွဲစိတ် အပြီး တော်တော် သက်သာသည်ဟု ပြောပါသည်။ ၇ဝ% လောက်သာ အောင်မြင်ပြီး ကျန်သေးသည်ကို ဆေးသောက်ရင်း ကုရမည်ဟု ပြောပါသည်။ ယခုလည်း မကြာမကြာ ကိုက်ခဲနေပြန်ပါသည်။ ဘယ်လို ဆက်ကုသရမည်၊ ဘယ်လို စိတ်ထား နှင့် နေရမည်ကို လေးစားစွာ မေးမြန်းအပ်ပါသည်။

Giant-cell tumor (ဂျိုင်းယင့်-ဆဲလ်-ကျူးမား) က ရှားတယ်။ (ကျူးမား) ဆိုတဲ့ ရောဂါဗေဒ အသုံးအနှုန်းဟာ အလုံး-အကျိတ် မှန်သမျှကို ခေါ်တယ်။ (ကျူးမား) တွေကို (၁) Benign tumor ကင်ဆာ-မဟုတ်တာနဲ့ (၂) Malignant tumor ကင်ဆာ ဖြစ်တာ ဆိုပြီး အုပ်စု ၂ ခု ခွဲတယ်။

Bone tumors အရိုး (ကျူးမား) တွေထဲမှာ Giant-cell tumor က ၄-၅% သာရှိတယ်။ Primary ဆိုတဲ့ (ကျူးမား) ဟာ အရိုးက စဖြစ်တာတွေကိုသာ တွက်တာပါ။ တခြားနေရာမှာ ကင်ဆာ ဖြစ်လို့ အရိုးကို ကူးစက်လာတဲ့ Secondary တွေ မပါဘဲ တွက်တာပါ။ အရိုး-ကင်ဆာ မဟုတ်တာထဲမှာ ၂ဝ% ရှိတယ်။

ဒီရောဂါက အာရှမှာ ပိုအဖြစ်များတယ်။ သူများဆီမှာ ၄-၅% ရှိပေမဲ့ တရုပ်ပြည်မှာ ၂ဝ% အထိရှိတယ်။ အမျိုးသမီးတွေက နဲနဲ ပိုဖြစ်တယ်။ အသက် ၃ဝ-၄ဝ နှစ်ကြား များတယ်။ ဗမာပြည်မှာတော့ စာရင်းဇယား ရှာမရသေးဘူး။ (မေးတဲ့သူရဲ့ ညီမ အသက်ကို ထည့်မရေးပါ။)

Benign ဆိုတာ အန္ကရာယ် မရှိဘူး ဆိုတဲ့သဘော သက်ရောက်တယ်။ ဒီရောဂါမှာ တခုရှိတာက Unpredictable behavior ပြောမရဘူး၊ အမှန်းရ ခက်တယ်။ Malignancy ခေါ်တဲ့ (ကင်ဆာ) ဖြစ်တာ မများပါ။ ဖြစ်ရင်လဲ ၅% က အဆုပ်ကို ပြန့်တယ်။ ၁-၃% က Malignant sarcoma ဖြစ်နိုင်တယ်။ (ဆာကိုမား) ဆိုတာလဲ (ကင်ဆာ) ပါဘဲ။

Cancer ကင်ဆာ ဖြစ်ဖြစ် Tumor (ကျူးမား) ဖြစ်ဖြစ် ဘာလို့ ဖြစ်တယ်ဆိုတာ အသေအခြာ ဆရာတွေ မသိသေးပါ။ Risk factors ဖြစ်နိုင်ခြေ များတာတွေတော့ ပိုသိကြတယ်။
- Lung cancer အဆုပ်-ကင်ဆာ တမျိုးဖြစ်တဲ့ Giant cell carcinomas ဟာ ဆေးလိပ်သောက်တာနဲ့ သိပ်ဆက်စပ်နေတယ်။
- Giant cell tumors of the bone ဆိုတာက Pagetís disease (ပေးဂျက်စ်) ရောဂါခေါ်တဲ့ အရိုး နာတာရှည် ပုံစံပြောင်းတာနဲ့ ဆက်စပ်နေတယ်။
- Anaplastic large cell lymphoma ဆိုတာက ယောက်ျား လူရွယ်တွေမှာ ဖြစ်တယ်။

အရိုး (ကျူးမား) တွေထဲမှာ Aneurysmal bone cyst, Chondroblastoma, Simple bone cyst, Osteoid osteoma, Osteoblastoma, Osteosarcoma, Giant-cell reparative granuloma နဲ့ Brown tumor of hyperparathyroidism တွေရှိတယ်။ အမျိုးအစား ခွဲတွေ ရှိတယ်။ Giant Cell Carcinoma နဲ့ Anaplastic Large Cell Lymphoma တွေက ကင်ဆာအုပ်စု ဖြစ်ပြီး Giant Cell Bone Tumors က ကင်ဆာ-မဟုတ်တာ ဖြစ်ပါတယ်။

Signs and Symptoms ရောဂါလက္ခဏာတွေ၊
အစောပိုင်းမှာ ဘာမှ မခံစားရဘူး။ ကြာရင် အရိုးနေရာ ရောင်မယ်။ နာမယ်။ ကြွက်သားတွေ နာမယ်။ ခြေ-လက်တွေ နာမယ်။ ဗိုက်နာမယ်။ အာရုံကြောနဲ့ နီးရင် ဓါတ်လိုက်သလို ခံစားရနိုင်တယ်။ ဖြစ်တဲ့အရိုးနဲ့ နီးတဲ့ အဆစ်မှာ အရည်ပိုတွေ များလာလို့ အဆစ်က လှုတ်ရှားရတာ ခက်လာမယ်။ အရိုးကျိုးနိုင်တယ်။ ဒီလိုကျိုးတာက ထိခိုက်လို့ မဟုတ်ဘဲ Pathological fracture ရောဂါကြောင့် အရိုးကျိုးတာ ဖြစ်တယ်။

Anaplastic large cell lymphoma ဆိုရင် လည်ပင်း-ချိုင်း-ပေါင်ခြံတွေ ရောင်မယ်၊ အစားပျက်မယ်၊ ပိန်လာမယ်၊ အားယုတ်မယ်၊ ညချွေးထွက်မယ်၊ ဖျားမယ်။ Large cell lymphoma, Large cell carcinoma ဖြစ်ရင် အစပိုင်းမှာ ဘာမှမဖြစ်ဘူး။ နောက်မှာ အကြာကြီး ချောင်းဆိုးမယ်။ သွေးပါနိုင်တယ်။ ရင်ကြပ်မယ်။ အားယုတ်မယ်။

Diagnosis ရောဂါသေခြာအောင်
X-ray ရိုက်ရင် Soap bubble ဆပ်ပြာမြှုပ်လို တူတာ မြင်ရမယ်။ Chest x-ray နဲ့ CT ရိုက်ဘို့ လိုမယ်။ MRI ရိုက်နိုင်တယ်။ Biopsies အရိုးစ ထုတ်ယူစစ်ဆေးတာ နဲ့ Blood tests သွေးစစ်ရတယ်။ အနုကြည့်-မှန်ဘီလူးနဲ့ စစ်ဆေးမှ Multinucleated giant cells (နူကလီယပ်စ်) တခုမက ရှိတဲ့ (ကလပ်စည်း) အကြီးစားတွေကို တွေ့မယ်။ Anaplastic large cell lymphoma အတွက် Bone marrow စစ်ဆေးရမယ်။ Bone scans မှာ Giant cell bone tumors တွေ့မယ်။

(ဆဲလ်) ၃ မျိုး တွေ့နိုင်တယ်။ Giant-cell tumour stromal cells (GCTSC) တွေ့တာက Neoplastic cells (ကင်ဆာ-ဆဲလ်) တွေ။ Mononuclear histiocytic cells (MNHC) နဲ့ Multinucleated giant cell (MNGC) က ကင်ဆာ မဟုတ်ပါ။ ၅ဝ% မှာ ကင်ဆာ-မဟုတ်ဘဲ ပြန်ဖြစ်တတ်တယ်။

Treatment ကုသနည်းတွေဟာ လွန်ခဲ့တဲ့ အနှစ် ၃ဝ အတွင်း သိပ်မပြောင်းလဲပါ။ အရွယ်အစား၊ ဆိုး-မဆိုးအပေါ် မူတည်တယ်။
- Surgery ခွဲစိတ်လို့ ရနိုင်တာကို ခွဲစိတ်တာဘဲ။
- Curettage ခြစ်ပြစ်တာလဲ လုပ်တယ်။
- ဆေးကတော့ Bisphosphonates အုပ်စုထဲက Zoledronate ဖြစ်တယ်။ နောက်ပိုင်း စမ်းသပ်မှု ပြုနေတဲ့ ဆေးကတော့ Denosumab ဖြစ်ပြီး အဆင့် ၂ ရောက်နေပြီ။
- ခွဲစိတ် မခံနိုင်သူတွေကို Radiation therapy ဓါတ်ကင်ပေးမယ်။ သတိထားဘို့ကတော့ နောင်မှာ Malignant sarcoma phenotype ကင်ဆာကို ပြောင်းသွားသူတွေဟာ ဓါတ်ကင်သူတွေထဲကနေ ဖြစ်တာ များတယ်။
- အရိုးကျိုးရင် ကုသရတာ ပိုရှုတ်ထွေးလာမယ်။ ကျိုးတာကို Immobilize မလှုတ်နိုင်အောင် လုပ်ထားပြီး၊ ဆက်အောင် စောင့်ပြီးမှ ခွဲရတယ်။
- ခွဲစိတ်ပြီး Grafting အရိုး-အစားထိုးတာ လုပ်ဘို့ လိုရင် လုပ်မယ်။
- ခွဲစိတ်ပြီး Physical therapy (ဖီဇီယို) ဆက်လုပ်တာ ကောင်းတယ်။
- တချို့မှာတော့ Amputation ဖြတ်ပြစ်ရနိုင်တယ်။
- Giant cell carcinoma ဖြစ်ရင် အရွယ်သေးသေးရင် ခွဲတာကောင်းတယ်။
- တချို့ အဆုပ် တစိတ်တပိုင်းပါ ထုတ်ရမယ်။
- Surgical resection ခွဲပြီးရင် Radiation ဓါတ်ကင်တာ၊ Chemotherapy ဆေးပေးတာတွေ ဆက်လုပ်ရနိုင်တယ်။
- တခြား နေရာတွေအထိ ပြန့်နေသူတွေကို Chemotherapy ဆေးပေးတာ နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်တယ်။
- Giant cell carcinoma, Anaplastic large cell lymphoma တွေကို Chemotherapy ဆေးပေးတာ နဲ့ Radiation therapy ဓါတ်ကင်တာ လုပ်တယ်။

Dr. တင့်ဆွေ
၁၂-၈-၂ဝ၁၁

Internal fixation အရိုးထဲက သံချောင်း

Sun, Aug 14, 2011 at 9:00 AM
ကျွန်တော် အလုပ်ခွင်မှာ ထိခိုက်မိလို့ ဘယ်ခြေထောက် ကျိုးပြီး၊ ညာဖက် ခြေဖမိုး လိမ်ကောက်သွားပါသည်။ ဆေးရုံမှာ ခွဲစိတ်ကုသပြီး အိမ်မှာ ၆ လ နားရပါသည်။ ပထမအကြိမ်က ဆေးရုံဆင်းလို့ အိမ်မှာနားချိန် ခြေထောက် ရောင်ရမ်းပြီး နာကျင်နေလို့ ဆရာ့ကို မေးမြန်းခဲ့ရာ ဆရာပြောသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ရာ သက်သာပျောက်ကင်းခဲ့ပါသည်။ ခုတစ်ကြိမ် ခြေထောက်ထဲတွင် ထည့်ထားသော ဆခရူချောင်းများကို ပြန်ထုတ် ရ-မရ၊ ပြန်မထုတ်ပဲ နှစ်ကြာကြာထားလျှင် မည်သို့ ဆိုးကျိုးများ၊ ကောင်းကျိးများ ရှိနိုင်သည်ကို သိချင်ပါသည်။


ယခုနှစ် ဒီဇင်ဘာတွင် မြန်မာပြည်သို့ ပြန်ပါတော့မည်။ ထည့်ထားသည်မှာ ၁ နှစ်နှင့် ၇ လလောက် ရှိနေပါပြီ။ ခုချိန်မှာ ပြန်ထုတ်လို့ ရနိုင်ပါပြီလား။ ကျွန်တော့် ဆန္ဒကတော့ မထုတ်ပဲထားလျှင် ဘာမှ မဖြစ်ပါက မထုတ်ချင်ပါ။ ထုတ်မှ ကောင်းမည်ဆိုပါက ဒီမှာနေတုန်း ထုတ်သွားချင်ပါသည်။ မြန်မာပြည် ပြန်ရောက်လျှင် လက်ရှိ ကုန်ဈေးနှုန်းနဲ့ဆို ထုတ်နိုင်တော့မည် မဟုတ်ပါ။ ကျွန်တော်က (့) မှာ အလုပ်လုပ်နေသူပါ။ အသက်က ၃၉ နှစ်၊ လူပျိကြီးပါ။ ဒီမှာက ဘာသာစကား အခက်အခဲကြောင့် ဆရာဆီမှာ အကူအညီ တောင်းခံမေးမြန်းရခြင်းဖြစ်ပါသည်။ ဆေးရုံက ဆင်းပြီး နောက်ဆုံး ရိုက်ခဲ့သည့် ဓါတ်မှန် တွေကိုပါ ပူးတွဲ ပေးပို့လိုက်ပါသည်ခင်ဗျာ။

ပို့လိုက်တဲ့ ဓါတ်မှန်ထဲမှာ လုပ်ပေးထားတာမျိုးကို Internal fixation အတွင်းထဲမှာ အနေတော်-အဆင်ပြေအောင် ပြုပြင်-တပ်ဆင် ပေးနည်း ခေါ်ပါတယ်။ ဟိုအရင်က အရပ်ထဲမှာ ကြပ်စည်းတာ၊ ဆေးရုံတွေမှာ ကျောက်ပတ္တီးသာ လုပ်နိုင်ခဲ့တယ်။ ခေတ်နည်းတွေက ပိုကောင်းပါတယ်။ ဘာကောင်းသလဲ။ ဆေးရုံတက်ရက် တိုစေမယ်။ Nonunion အရိုးမဆက်ဘဲနေတာ မဖြစ်စေဘူး။ Malunion အရိုး လွဲဆက်တာ မဖြစ်စေဘူးဆိုတဲ့ အကျိုးတရားတွေ ရစေမယ်။

Implanted metal လို့ခေါ်တဲ့ အရိုးကျိုးလို့ ထည့်သုံးရတဲ့ ပစ္စည်းတွေက အကြိမ်းဖျင်း အမျိုးအစား ၅ မျိုးရှိပါတယ်။
၁။ Metal plates သတ္တုပြား၊
၂။ Pins ပင်၊
၃။ Nails or Rods သတ္တုချောင်း။
၎။ Wires ဝိုင်ယာ၊
၅။ Screws ဝက်အူ၊

အရိုးကျိုးလို့ ထည့်ထားရတဲ့ ပစ္စည်းတွေကို ဘယ်တော့ ထုတ်ရမလဲ။
Implanted metal လို့ခေါ်တဲ့ အရိုးကျိုးလို့ ထည့်ထားရတဲ့ သတ္တုချောင်းစတာတွေဟာ အရိုးကျိုးသွားတာကို မြန်မြန်ဆက်အောင် လုပ်ပေးတာ မဟုတ်ပါ။ အရိုးက သူ့အလိုလို ဆက်မှာကို တည့်တည့်မတ်မတ် ဆက်စေအောင် တည့်ပေး၊ ထိန်းပေးတာသာ ဖြစ်တယ်။
အရိုးဆက်သွားပြီဆိုရင် တည့်ပေး၊ ထိန်းပေးတဲ့ သူ့တာဝန် ကုန်ဆုံးတာနဲ့ ဆက်လုပ်စရာ မလိုတော့ပါ။

ဒါဖြင့် ထုတ်ရတော့မှာလား။ ထုတ်ကို ထုတ်ရမယ် ဆိုတဲ့ ဥပဒေသ မရှိပါ။ အရိုးအထူးကု ဆရာဝန်ကနေ ထုတ်ရမယ်လို့ ညွှန်ကြားချက် ရှိရင် ထုတ်ပါ။ ဥပမာ High ankle sprains ခြေပွတ်တိုင်လည်လို့ ထည့်ပေးထားတဲ့ Syndesmotic screws ဝက်အူတွေကို ကိုယ်အလေးချိန် ပြန်ဖိတာကို ခံဘို့ အချိန်ကျပြီဆိုရင် ထုတ်ပြစ်ရလိမ့်မယ်။

ဘာလို့ ထုတ်ဘို့ လိုသလဲ၊
တချို့လူတွေမှာ Metal implants တွေကနေ ဘေးမှာရှိတဲ့ (တစ်ရှူး) တွေကို Irritation ကလိနေစေမယ်။ Bursitis အဆစ်ဖုံးရောင်တာ၊ Tendonitis အရွတ်ချောင်းရောင်တာ၊ Irritation အနေရခက်တာတွေ ဖြစ်စေနိုင်တယ်။ သူတို့အတွက် ထုတ်လိုက်မှ ဖြစ်နေတာတွေ သက်သာလိမ့်မယ်။ ခေတ်သုံးပစ္စည်းတွေကနေ (အလာဂျီ) မရစေတတ်ပါ။

ထုတ်လိုက်ရင် အားလုံး ပျောက်မှာလား၊
ပြောခဲ့တဲ့ ခံစားနေရတာတွေ ရှိနေသူအတွက် ထုတ်လိုက်ရင် လုံးဝဥသုံ ပျောက်မယ်လို့တော့ အာမခံချက် မပေးချင်ပါ။ မှန်းဆဘို့ ခက်တတ်တယ်။ သက်သာမှာတော့ အမှန်ပါ။ ထုတ်မယ်ဆိုရင်လဲ သိပ်နောက်မကျချိန်မှာ ထုတ်တာ ပိုကောင်းတယ်။ ဘယ်တော့ဆိုတာ အတိအကျ ပြောဘို့ ခက်တယ်။ အရိုးမှန်သမျှ ၂ လထက် နောက်မကျဘဲ ဆက်တယ်။ ၆ လနေထုတ်နိုင်တယ်ပြောတာလဲ မှန်တယ်။ အေးအေးဆေးဆေး ၁ နှစ်၊ ၂ နှစ်လဲ ဖြစ်တယ်။ ကြာနေတာ ထုတ်ရင် ခက်နိုင်တယ်လို့ ဆိုပေမဲ့ တချို့မျာခက်၊ တချို့ကြ မခက်ပြန်ဘူး။

ထုတ်လိုက်ရင် ဘာပြဿနာ ရှိလဲ၊
ပြဿနာ မရှိဘူးတော့ မဟုတ်ပါ။ ထည့်တုံးကလိုဘဲ ခွဲစိတ်ပြီးမှ ပြန်ထုတ်ရမှာမို့ ခွဲစိတ်တာမှန်သမျှကနေ ဖြစ်နိုင်တာတွေ နဲ့ မေ့ဆေး၊ ခါးထုံဆေးတွေကနေ ဖြစ်နိုင်တဲ့ Potential complications ဖြစ်နိုင်လောက်တဲ့ မကောင်း-ကျိုးဆက်တွေကို ထည့်တွက်ရမယ်။ အတွင်း နက်နက်မှာ ထည့်ထားတာမျိုး၊ နောက်ပြီး အကြာကြီး ထည့်ထာတာမျိုးတွေက ပိုပြီး သတိထားရတယ်။ ထည့်ပေးထာတဲ့ အရာနဲ့ အံကျပန်ကျ ဖြစ်နေတာကို ထုတ်လိုက်တော့ အားနည်းသွားစေနိုင်တာလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ဥပမာ အပေါက်လိုကျိုးတဲ့အထဲ Screws (ဆခရူ) ထည့်ပေးထားတာမျိုး ထုတ်လိုက်တော့ အားနည်းသလို ဖြစ်နိုင်တယ်။

ဒါဖြင့်ရင် အခြေခံသဘောကို ဘယ်လို နားလည်ရမလဲ၊
ထည့်ထားသူမှာ Symptoms တခုခု ခံစားနေရရင်၊ အရိုးအထူးကု ဆရာဝန်က ထုတ်ပါ ပြောရင် ထုတ်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်တာ ဖြစ်ပေမဲ့ ဆရာဝန်ကချည်း ဆုံးဖြတ်တာမျိုး မဖြစ်သင့်ပါ။ ဖြစ်စေချင်လဲ မဖြစ်တတ်ပါ။ ဆရာဝန့် စကား နားမထောင်တာမျိုး ရှိတတ်သလို၊ ချင့်ချိန်စရာတွေလဲ ထည့်စဉ်းစားကြရလို့ ပြောတာပါ။ အခုမေးသူ ရေးတာဟာ ဆေးပညာစာပါ အတိုင်း အမှန်ပါဘဲ။ ငွေ နဲ့ အချိန် ချင့်ချိန်ဘို့ လိုတယ်။ အခုလို အရိုးကျိုးလို့ ထည့်ထားရတဲ့ အရာကို ပြန်ထုတ်ဘို့ ဆုံးဖြတ်တဲ့အခါ၊ ဆရာဝန်က ထုတ်ကို ထုတ်ရမယ်လို့ ကံသေကံမ မပြောရင်၊ Economic implications စီးပွါးရေးတွက် တွက်ရလိမ့်မယ်။ ဆေးရုံတက်ရမဲ့ ကုန်ကျစရိတ်၊ အလုပ်ပျက်ရမဲ့ကာလ စတာတွေ။

အရိုးကျိုး ဗဟုသုတ မျှပြီး နိဂုံးချုပ်ပါရစေ၊
ခေတ်နည်းတွေမှာ သုံးတာတွေက Metal alloys သတ္တုရော၊ High-grade plastics ပလပ်စတစ် အကောင်းစား၊ Polymeric materials (ပေါ်လီမက်ထရစ်)၊ Stainless steel သံမဏိတွေ ဖြစ်တယ်။ Metallic alloys သတ္တုရောတွေမှာ Iron သံ၊ Cobalt (ကိုဘော့လ်)၊ Chromium (ခရိုမီယမ်)၊ Titanium (တိုင်တေနီယမ်)၊ Tantalum (တင်န်တလမ်) တွေကို သုံးတယ်။

Prosthetic implants အစားထိုး ပစ္စည်းတွေလဲ သုံးရတဲ့ ပစ္စည်းတွေ အမျိုးမျိုးရှိတယ်။ Ivory ဆင်စွယ်၊ Wood သစ်သား၊ Rubber ရာဘာ၊ Acrylic (အခရဲလစ်) နဲ့ Bakelite (ဘကီလိုက်) တွေပါတယ်။ ပေါင်ရင်းကျိုးတာကို ဆင်စွယ်သုံးပြီး အစားထိုးနည်းကို မြန်မာ ဆရာဝန်ကြီး တီထွင်တယ်။ ပေါင်ရင်းရိုး လည်ပင်းကျိုးတာမှာ အစားထိုးဘို့ရာ သစ်မာ သုံးတာကိုလဲ မြန်မာဆရာဝန် တဦးကဘဲ တီထွင်တယ်။

၁၉၆ဝ မှာ ဆရာကြီး ဦးစံဘော် (၂၉-၆-၁၉၂၂ - ၇-၁၂-၁၉၈၄) ဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ သီလရှင် ဆရာကြီး ဒေါ်ပုည ရဲ့ Ununited fractures of the neck of femur ပေါင်ရင်း ရိုးကျိုးပြီး ပြန်မဆက် ဖြစ်နေတော့တာကို Ivory prosthesis ဆင်စွယ် အရိုးတု သုံးပြီး အောင်အောင်မြင်မြင် ခွဲစိတ် ကုသပေးနိုင်ခဲ့လို့ ဆေးပညာသမိုင်း တွင်ခဲ့တယ်။ ဆရာကြီးရဲ့ဇနီးဟာ ပါမောက္ခ ဒေါ်မြင်မြင့်ခင် ဖြစ်ပါတယ်။ ကနေ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ လူထု အကျိုးပြုစာတွေကို သတ္တိရှိရှိ ရေးနေတဲ့ ကျွန်တော်တို့ရဲ့ ချစ်-ကြောက်-ရိုသေ၊ အားကျ-အားရတဲ့ သမားတော်ကြီးလဲ ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁၄-၈-၂ဝ၁၁

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...