ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Tuesday, November 29, 2011

Paracetamol combo drugs (ပါရာစီတမော) ပူးတွဲဆေး သတိပေးချက်

12-11-2011 Paracetamol combo drugs to carry warning
Paracetamol (ပါရာစီတမော) ပါ ပူးတွဲဆေးတွေကို သတိပေးချက်နဲ့သာ ရောင်းချရမည်

“(ပါရာစီတမော) ဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ ဤဆေးကို တနေ့တာသောက်ရမည့် ဆေးပမာဏ ထက်ကျော်သောက်ပါက အသဲကို များစွာထိခိုက်စေနိုင်သည်၊ ဆေးမတဲ့တာမျိုး ဖြစ်စေနိုင်သည်” ဆိုတဲ့ Statutory warning သတိပေးချက်နဲ့သာ ရောင်းချရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

Drug Controller General of India အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ကနေ Food and Drug Administration အစားအစာနဲ့ ဆေးဝါး အာဏာပိုင်အဖွဲ့ကို Paracetamol (ပါရာစီတမော) ဆေးကို တပြား-တတောင့်မှာ 325 mg ထက်ပိုပြီးပါတဲ့ ဆေးအတွဲမျိုး ထုတ်လုပ်တဲ့ ဆေးကိုမ္ပဏီတွေကို လိုင်စင်သက်တမ်း တိုးမပေးဘို့၊ လိုင်စင်သစ်လဲ မပေးဘို့ စာရေးသားလိုက်ပါတယ်။

ဒီအဆုံးအဖြတ်ဟာ အမေရိကန် FDA ကနေ ၁၃-၁-၂ဝ၁၁ နေ့က ထုတ်ပြန်ချက်နဲ့ အလားတူပါတယ်။

လိုင်စင်သက်တမ်းတခုကို ၅ နှစ်ပေးနေတာဖြစ်ပါတယ်။ အခုလို အမိန့်ထွက်ပြီးတော့ လိုင်စင်ရထားသူတွေဟာလဲ ၃ နှစ်အတွင်း သူတို့ကုန်ထားတဲ့ဆေးဝါးတွေကို ပြန်ပြီးစစ်ကြရမှာပါ။ လိုင်စင်သစ်ဆိုရင်တော့ အခုအမိန့်နဲ့အညီသာ ဖြစ်ရပါလိမ့်မယ်။ ဆေးပမာဏသစ်က ဆေးစွမ်းကို ထိခိုက်မှာတော့ မဟုတ်ပါ။

Central Drugs Standard Control Organization ဗဟိုဆေးဝါးစံညွှန်း ထိန်းချုပ်ရေးအဖွဲ့ ကနေ ပြီးခဲ့တဲ့လက သတိပေးချက် ထွက်ခဲ့ပါတယ်။ ဒါဟာ Drug Technical Advisory Board ဆေးဝါးနည်းပညာ အကြံပြုအဖွဲ့ကနေ ဆုံးဖြတ်ချက်တခုထဲမှာ (ပါရာစီတမော) ဟာ Liver toxicity အသဲကို ထိခိုက်စေတယ်ဆိုတာ ပါရှိခဲ့ပါတယ်။