ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Wednesday, November 30, 2011

Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး

19-11-2011 Taking Antibiotics For Viral Infections Can Do More Harm Than Good
(ဗိုင်းရပ်စ်) တမျိုးမျိုး ကူးစက်ခံရတာကို ပဋိဇီဝဆေး သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်။

အမေရိကန် Centers for Disease Control and Prevention ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ သတိပေးထားတာဖြစ်ပါတယ်။

ကလေးတွေအများစုဟာ အရေးပေါ်ဌာနတွေကို ဆေးမတည့်လို့ လာကြတာဟာ အများဆုံးဖြစ်တယ်။ ဒီသတင်းဟာ အခုရက်သတ္တပါတ်တွေအတွင်း ကမ္ဘာတဝှမ်းမှာ Antibiotic resistance ပဋိဇီဝဆေးမတိုးတော့တာကို သတိထားစေဘို့ တွန်းအားတရပ်လဲ ဖြစ်ပါတယ်။ (ဗက်တီးရီးယား) တွေကို နိုင်တဲ့ ဆေးမျိုးကနေ ကျန်းမာရေးပြဿနာ ပိုစေပါတယ်။

အမှန်က ဗိုင်းရပ်စပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။

အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့်ဖြစ်ကြရတာ မဟုတ်ပါ။ Antibiotics ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။ ဒါပေမဲ့ မလုဘဲသုံးနေတြာ များနေဆဲဖြစ်တယ်။

မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။

Life-threatening bacterial infections အသက်ကိုရန်ရှာနိုင်လောက်တဲ့ (ဗက်တီးရီးယား) ပိုးဝင်တာအတွက် Antibiotics တွေကအတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေး ပြဿနာကြီး ဖြစ်ပါတယ်။

Colds နှာစေ-အအေးမိတာ၊ Most sore throats အများစုလည်ချောင်နာတာ၊ Acute bronchitis လေပြွန်ရက်တိုရောင်တာ၊ Many sinus ဆိုင်းနပ်စ် အများစု၊ Ear infections နာကိုက်တာ အများစုတွေဟာ Viral infections ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါ မပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်-ဆိုးကျိုးတွေ ရစေမယ်။