ကျနော် နာမည်က (့) ပါ။ ကျနော့် ကောင်မလေး နာမည်က (့) ပါ။ အသက်က ၂၆ နှစ်ရှိပါပြီ အပျိုပါဆရာ။ ခန္ဓာကိုယ် အနံနဲ့ ပက်သတ်ပြီး သိချင်လို့ပါ။ သူ့မှာ ဘာမှန်းမသိတဲ့ အနံတစ်ခု ရနေလို့ပါ။ သူနဲ့ ရည်းစားမဖြစ်ခင် အချိန်တွေ တုန်းကတော့ သိပ်ပြီးအနံ မရမိဘူး။ ရည်းစားဖြစ်ပြီးတော့ ပူးပူးကပ်ကပ်လဲ ရှိလာတော့ သူ့ဆီက အနံ့တစ်ခုကို သတိထားမိလားတယ်။ ကျနော်ထင်တာ သူခံတွင်းနံ့ ဆိုးတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ သူ့ကို Listerine နဲ့လဲ ပလုပ်ကျင်းခိုင်းပါတယ်။ အနံ့က ပျောက်မသွားပါဘူး။
နောက်တော့မှ သူအိပ်နေတဲ့အချိန် ပါးစပ် ပိတ်နေတုန်း နှာခေါင်းကလေကို အထုတ်အသွင်း လုပ်တိုင်း အဲဒီအနံဆိုး ထွက်နေတာပါ။ သူ့ခံတွင်းအနံ့က လုံးဝ မဆိုးပါဘူး။ အသက်ရှူတဲ့အချိန် ခန္ဓာကိုယ်တွင်းက ထုတ်တဲ့လေက အနံ့ဆိုးပါလားတယ်လို့ ထင်ပါတယ်။ အနံစပြီး ရခါစက မြင်းရဲ့ မစင်အနံနဲ့ တူပါတယ်။ နောက် တစ်ဖြေးဖြေးနဲ့တော့ မျှစ်ချဉ်နံ့လိုလို ဘာလိုလိုနဲ့ ချဉ်စူးစူး အနံရပါတယ်။ ကျနော်ပဲ အနံ့ ယဉ်လာတာလား သူအနံ့ကပဲ ပြောင်းတာလားတော့ မသိပါခင်ဗျာ။ ဘယ်လို့ ကုသရင် ပျောက်ကင်းနိုင်မယ် ဆိုတာကို လမ်းညွန် ပေးပါခင်ဗျာ။
ဆိုးတဲ့ လူ့ကိုယ်နံ့ကို Smell of bacteria ဗက်တီးရီးယားနံ့လို့ ပြောနိုင်တယ်။ ချွေးထွက်ရင် ဒီအကောင်တွေက ပေါက်ပွါးတယ်။ ချွေးနံ့သက်သက်မှာ အနံ့မရှိပါ။ ကိုယ်နံ့တွေကို Bromhidrosis, Apocrine Bromhidrosis, Bromidrosis, Osmidrosis, Ozochrotia, Fetid sweat လို့ ဆေးပညာအရ အမျိုးမျိုး ခွဲထားတယ်။
- Diet စားတဲ့အစားအသောက်၊
- Lifestyle လူနေမှုပုံစံ၊
- Gender ကျား-မ၊
- Genetics မျိုးဗီဇ၊
- Health ကျန်းမာရေးအခြေအနေ၊
- Medication ဆေးဝါး တွေကနေ သက်ရောက်စေတယ်။
ကိုယ်ကနေ ချင်စူးစူး၊ Vinegar-like smell (ဗနီဂါ) နံ့လိုရတာဟာ Propionic acid ဖြစ်လာ-ရှိလာလို့ပါ။ ဗက်တီးရီးယားကနေလာတယ်။
Staphylococcus ဗက်တီးရီးယားကနေ ဖြစ်ရင် Isovaleric acid ဆိုတာမျိုး ရှိနေမယ်။ cheese types ဒိန်ခဲနံ့လို ဖြစ်နေမယ်။
Skin flora အရေပြားမှာ နေကြတဲ့ ပိုးတွေထဲမှာ Corynebacterium တွေပါတယ်။ Lipases enzymes (အင်ဇိုင်းမ်) တွေထွက်စေတယ်။ ဒါတွေကနေ ချွေးထဲက အဆီနဲ့ ဓါတ်ပြုမယ်။ ထွက်လာတာတွေကနေ Body odor ကိုယ်နံ့ရဲ့ Characteristic aroma ထူးခြားမှုကို ရစေတယ်။
Genetics မျိုးဗီဇ ကနေလဲ သက်ရောက်တယ်။ Major histocompatibility complex (MHC) (မော်လီကျူး) တွေကနေ ဖြစ်စေတယ်။ ရောဂါပြီးစနစ်နဲ့ ဆိုင်တယ်။ စမ်းသပ်တဲ့အခါ လူတွေမှာရော အကောင်တွေမှာပါ MHC composition ကွဲပြားမှု များရင် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာ တွေ့ရတယ်။
သုတေသနတခု အလိုအရ မျိုးဗီဇတခုဟာ Earwax နားဖါလိုဘဲ အနံ့ကို ဖြစ်စေတဲ့ Codes မျိုးရှိတယ်။
အနံ့မကြိုက်တာ သက်သာချင်ရင်
- Deodorants အနံ့ပျောက်ဆေး၊
- Antiperspirants ချွေးထွက်သက်သာဆေး၊
- Disinfectants (Triclosan) ပိုးသတ်ဆေး၊
- Antiseptic plant extracts ပိုးသေဆေးတွေပါတဲ့ သဘာဝထွက်ကနေလုပ်ထားတဲ့ Special soaps or foams အထူး-ဆပ်ပြာ ဥပမာ Ribwort and Liquorice တွေသုံးနိုင်တယ်။
- Chlorophyllin ointments လိမ်းဆေး၊ ဖျန်းဆေး၊
- Chlorophyllin supplements စားဆေး တွေကိုလဲ သုံးနိုင်တယ်။
- Hygiene practices တကိုယ်ရေ သန့်ရှင်းရေး ပိုလုပ်ရမယ်။
- Changes in diet အစားအသောက် ရွေးရမယ်။
အဆင်ပြေရင် သက်သာမယ်။ မပြေရင် ပိုဆိုးနိုင်တာ သတိပြုရမယ်။
- Hyperhidrosis ချွေးထွက် များလွန်းလို့
- Pheromone (ဖီရိုမုန်း) တွေနဲ့ တွဲဖတ်ပါ။
နှာခေါင်ကနေ အနံ့မကောင်းတာ ရတယ်ဆိုတာ ရောဂါပိုးဝင်လို့ ဖြစ်တယ်။ ပိုက ဦးခေါင်ခွံထဲမှာ ရှိနေကြတဲ့ လေခိုအိတ်ကလေးတွေကို ၀င်တာဖြစ်တယ်။ ရောင်ရမ်းဖြစ်စဉ်ကြောင့် Sinus block ထွက်ပေါက်တွေ ပိတ်ရာကနေ အနံ့ဆိုးတာ ရစေတယ်။ CT scan ရိုက်မှ ဟုတ်-မဟုတ်သိရမယ်။ အပြင်ကနေ စစ်လို့ မရဘူး။ ရောဂါဟုတ်ရင် ကုသနည်းတွေ ရှိတယ်။ ရေးထားတာတွေ ရှိပါတယ်။
Dr. တင့်ဆွေ
၂၇-၈-၂ဝ၁၁
