ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Sunday, November 27, 2011

Common Cold in children ကလေးတွေ အအေးမိရင်

2011/10/14
ကျွန်မ (့) နိုင်ငံမှာ နေပါတယ်။ ကျွန်မသားကခု ခြောက်လရှိပါပြီ။ မနေ့က အပြင်ထွက်တော့ လေအေးလို့ပဲလား၊ သူ့အဖေဆီကပဲ ကူးတာလား မသိပါဘူး။ အဖေက သုံးလေးရက်လောက် နာစေးပြီး ဖျားသလိုလိုဖြစ်ခဲ့ပါတယ်။ ခုတော့သက်သာနေပါပြီ။ ခုသားက နာခေါင်း တစ်ဖက်ထဲကနေ အရည်ကြည်လေးတွေ ယိုနေပါတယ်ဆရာ။ အပူတော့ မရှိပါဘူး။ နာလည်းချေပါတယ်။ အဲဒါ ဆေးခန်း သွားပြဖို့လိုလားဆရာ။ ဒါမှမဟုတ် ကျွန်မ ဆေးသောက်ရင်ရော ရပါသလား။ ကျွန်မမှာ ပါရာစီတမော နဲ့ စီထရင်း လောက်ပဲ ရှိပါတယ်။ ဘာဆေးတွေ သောက်ရပါမလဲ။

အအေးမိတယ်ဆိုတာ အမျိုးမျိုးသော ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတယ်။ အသက် ၆ နှစ်အောက် ကလေးတယောက်ဟာ တနှစ်ထဲမှာ ၆ ကြိမ်ကနေ ဂ ကြိမ် အအေးမိတတ်တယ်။ တခါမိရင် ၂ ပါတ်လောက် ကြာနိုင်တယ်။ စိုးရိမ်စရာ မရှိလှပါ။

အမေးမိတာက ဖြစ်ကာစ ၂-၄ ရက်အတွင်းမှာ သူများကို အလွန်ကူးစက်လွယ်တယ်။ အအေးမိနေသူတယောက်ရဲ့ လက်မှာလဲ ဗိုင်းရပ်စ် ပိုးက ပါနေရင် ၂ နာရီအတွင်း သူများဆီကူးသွားနိုင်တယ်။ လူ့ကိုယ်မှာသာမက သက်မဲ့ မျက်နှာပြင်တွေ အပေါ်မှာလဲ ပိုးကနေနိုင်တယ်။

ချောင်းဆိုးရာ၊ နှာချေရာကနေ ထွက်လာပြီး ပိုးပါနေတဲ့ Droplets အမှုံအမွှားလေးတွေကို ရှူမိရင် ကူးတော့တာဘဲ။
ပိုးဝင်ပြီး ၁-၂ ရက်အတွက်း ရောဂါလက္ခဏာတွေ စပေါ်ပြီ။ ကလေးတွေမှာဖြစ်ရင် Nasal congestion နှာခေါင်း ပွစိပွစိ ဖြစ်တာက အများဆုံးဘဲ။ ခပ်ကြည်ကြည်၊ ခပ်ဝါဝါ၊ ခပ်စိမ်းစိမ်း နှာရည်တွေယိုလာမယ်။ ဖြစ်ကာစ ၃ ရက်မှာ အပူချိန် ၁ဝဝ့၉ (၃၈) ဒီဂရီအထိ ဖျားနိုင်တယ်။ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစားပျက်တာတွေလဲ ဖြစ်လာနိုင်တယ်။

ကလေးအများစုဟာ နောက်ဆက်တွဲရောဂါတွေ မဖြစ်ကြပါ။ ဒါပေမဲ့ နားကိုက်တာ၊ ပန်းနာလိုဖြစ်တာ၊ နူမိုးနီးယား ဝင်တာတွေ ဖြစ်လာနိုင်တာကို သတိထားဘို့လိုတယ်။

Cold medications အအေးမိသက်သာဆေးတွေ အမျိုးမျိုး သုံးကြတာကတော့ Antihistamines (အင်တီ-ဟစ်တမင်း)၊ Decongestants နှာရည်ကျဲဆေး၊ Cough medicines ချောင်းဆိုး ပျောက်ဆေး၊ Expectorants ချွဲထွက်ဆေးတွေ ဖြစ်တယ်။ ဒါတွေကို ကောင်းလေမလားလို့ စမ်းသုံးတာမျိုးသာ ဖြစ်တယ်။ ဆရာဝန်တွေက မညွှန်ပါ။

Acetaminophen (ပါရာစီတမော) ဒါမှမဟုတ် Ibuprofen (အိုင်ဘူပရိုဖင်) ဆေးကို အသက် ၆ လ အထက် ကလေးတွေကို ပေးနိုင်ပါတယ်။ ကိုယ်ပူတာကျဘို့နဲ့ အနေရသက်သာစေဘို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် ကိုတော့ သေစေမှာ မဟုတ်ပါ။

အအေးမိတာ သက်သက်အတွက် Antibiotics ပဋိဇီဝဆေးတွေ မလိုပါ။ Ear infection နားကိုက်တာ၊ Pneumonia နူမိုးနီးယား၊ Sinusitis ဆိုင်းနပ်စ် တို့လို ဗက်တီးရီးယား ဝင်တာတခုခု ဖြစ်ရင်တော့ လိုမယ်။ မလိုဘဲသုံးရင် ဆေးယဉ်တာ၊ ဆေးမတည့်တာဖြစ်နိုင်သလို ဆေးဘေးထွက်-ဆိုးကျိုးတွေ ခံရနိုင်တယ်။

Zinc သွပ်ဓါတ်၊ Vitamin C ဗီတာမင် စီ နဲ့ Echinacea လို Herbal တိုင်းရင်းဆေးမျိုးတွေက ဖြစ်တာကိုရော ကာကွယ်ဘို့ အတွက်ပါ အထောက်အကူပြုစေတယ်ဆိုပေမဲ့ ဆရာဝန်တွေတော့ မတိုက်တွန်းပါ။

အအေးမိတာအတွက် ဆေးမျိုးဟာ Symptomatic treatment လက္ခဏာ သက်သာဆေးမျိုးတွေသာ ဖြစ်တယ်။ ကလေးတွေကို ကုသရတာ လူကြီးတွေနဲ့ ကွဲတယ်။ လူကြီးဆေးတွေကို ၅ နှစ်အောက်ကလေးတွေ မပေးတာ ကောင်းတယ်။ လူကြီးသုံးတွေထဲက Antihistamine (အင်တီ-ဟစ်တမင်း) ဆေးဖြစ်တဲ့ Diphenhydramine (Benadryl®) ဆေးကတော့ တနှစ်သားကလေးတွေ ကောင်းကောင်း အိပ်စက်စေနိုင်မယ်။ ဆေးကြောင့် စိတ်လှုတ်ရှားတာ၊ အသက်ရှူနှေးတာ၊ စိတ်ပိုင်း လက္ခဏာတွေဟာ ဒီလိုဆေးတွေရဲ့ဘေးထွက် ဆိုးကျိုးတွေဖြစ်တယ်။ Diphenhydramine ဆေးကိုတော့ တနှစ်အထက် ကလေးတွေကိုသာ ပေးနိုင်တယ်။ Aspirin (အက်စ်ပရင်) ဆေးကို ၁၈ နှစ်အောက် ကလေးတွေကို မပေးပါနဲ့။ ကလေးငယ်လေးတွေအတွက် နှာခေါင်းထဲ အစက်ချရတဲ့ Saline nose drops ဆားရည် ပေးရင် နှပ်-ချွဲ ကျဲစေမယ်။ ကလေး ကြီးရင် Saline nose spray ဆားရည် (စပရေး) ပေးနိုင်တယ်။

Humidified air လေကို အစိုဓါတ်လုပ်ပေးတာ Nasal congestion and runny nose နှာခေါင်းလက္ခဏာတွေကို သက်သာတယ်။ ကလေးကို ရေ၊ အရည် သောက်စေပါ။ လိုထက်တော့ ပိုစရာမလိုပါ။ Simple hygiene measures တကိုယ်ရေ သန့်ရှင်းရေးလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ လက်ဆေးတာ၊ အရက်ပြန်ပါတဲ့ လက်ဆေးရည် သုံးတာ ကောင်းတယ်။

Dr. တင့်ဆွေ
၁၄-၁ဝ-၂ဝ၁၁