ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, November 27, 2011

Cushing’s disease (ကူရှင်းစ်) ရောဂါ

Sat, Sep 10, 2011 at 10:30 AM
Dear sayar,
What is Cushing disease? Doctor said that my mother is suffering from Cushing disease.

Cushing’s disease (ကူရှင်းစ်) ရောဂါ ဆိုတာ ဦးနှောက်ထဲက ဟော်မုန်းတွေ အမျိုးမျိုး ထုတ်ပေးနေတဲ့ နေရာကနေ (ACTH) ဆိုတဲ့ ဟော်မုန်းကို အများကြီး ထုတ်ပေးနေတဲ့ ရောဂါ ဖြစ်တယ်။ Cushing syndrome လို့လဲ ခေါ်တယ်။ ဆိုလိုတာက ရောဂါဖြစ်ရင် ရောဂါလက္ခဏာတွေ အများကြီးရှိနေလို့ပါ။

Pituitary gland (ပစ်ကျူထရီ-ဂလင်း) နေရာမှာ Hyperplasia ပွါးများလာရာက အကျိတ် ဖြစ်လာလို့ ရောဂါဖြစ်တယ်။ Adrenocorticotropic hormone (ACTH) ဟော်မုန်းကနေ Cortisol ဆိုတဲ့ Stress hormone ဆိုတာတွေ များစေတယ်။ လူတွေ ဖိအား သက်ရောက်ခံလာရတိုင်း ဒီဟော်မုန်းက ထွက်နေကျပါ။ အခုဟာက လိုတာထက် အဆမတန် များနေတာ။ သူကနေ (ကာဗွန်ဟိုကိဒရိတ်)၊ အဆီ နဲ့ (ပရိုတင်း) တွေရဲ့ အလုပ်ပေါ်မှာလဲ သက်ရောက်စေတယ်။ နောက်ပြီး ခုခံအားဖြစ်စဉ်ထဲက Inflammation ရောင်ရမ်းခြင်းဖြစ်စဉ်ကိုလဲ အားနည်းသွားစေတယ်။

(ကော်တီဇုမ်း) ဆေးတွေ သောက်နေရသူတွေမှာ ဆင်တူလက္ခဏာတွေဖြစ်တယ်။ ဒါကို Iatrogenic Cushing's syndrome လို့ သတ်မှတ်တယ်။

Symptoms ရောဂါလက္ခဏာတွေကတော့ -
• Upper body obesity ကိုယ်အထက်ပိုင်းက ထူးပြီးဝလာမယ်။
• Moon face မျက်နှာက မျက်နှာက လပြည့်ဝန်းကြီးလို ဖြစ်လာမယ်။
• Slow growth rate ကလေးဆိုရင် ကြီးထွားတာ နှေးမယ်။
• Acne or skin infections အရေပြားမှာ ဝက်ခြံထွက်မယ်။ အနာအဆာ ပေါက်မယ်။
• Purple marks ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အစဉ်းကြောင်းတွေ ပေါ်မယ်။
• Thin skin အရေပြားက ပါးလို့ နဲနဲထိခိုက်တာနဲ့ သွေးခြည်ဥ ဖြစ်လွယ်မယ်။
• Backache, which occurs with routine activities ခါးနာလွယ်မယ်။
• Bone pain အရိုးတွေနာမယ်။
• Buffalo hump ပခုံးတွေကြား အဆီတွေ များလာတာကို ကျွဲပခုံး ခေါ်တယ်။
• Thinning of the bones အရိုးအားနည်းလို့ ကျိုးလွယ်မယ်။
• Weak muscles ကြွက်သားတွေ အားနည်ဒးမယ်။
• အမျိုးသမီးတွေမှာ လာဖြစ်ရင် မျက်နှာ-လည်ပင်း-ဗိုက်-ပေါင်တွေမှာ အမွှေးတွေ ပိုပေါက်နေမယ်။ ရာသီနည်းမယ်။ ရာသီမလာ ဖြစ်မယ်။
• ယောက်ျားတွေမှာဖြစ်ရင် ကလေးမရဖြစ်မယ်။ လိင်စိတ်နည်းမယ်။ ပန်းသေ-ပန်းညှိုးဖြစ်မယ်။

တခြားလက္ခဏာတွေကတော့ -
• Depression, Anxiety, Changes in behavior စိတ်ဓါတ်ကျ၊ စိုးရိမ်စိတ်ကဲလွန်၊ စိတ်မူမမှန်ဖြစ်မယ်။
• Fatigue အားယုတ်မယ်။
• Headache ခေါင်းကိုက်မယ်။
• High blood pressure သွေးဖိအား တက်မယ်။
• Increased thirst and urination ရေငတ်ပြီး ဆီးခဏခဏသွားမယ်။
• Sleep disturbances အိပ်ရေးပျက်မယ်။
• Baldness ထိပ်ပြောင်မယ်၊
• Hypercholesterolemia (ကိုလက်စထော) များနေမယ်။

Exams and Tests ဆေးစစ်ရင်
• urine cortisol ဆီးထဲက ဟော်မုန်းစစ်မယ်။
• Dexamethasone suppression test (low dose) နည်း၊
• Blood ACTH level သွေးစစ်မယ်။
• Brain MRI ရိုက်မယ်။
• Corticotropin-releasing hormone test, which acts on the pituitary gland to cause the release of ACTH
• Dexamethasone suppression test (high dose)
• Petrosal sinus sampling - measures ACTH levels in the veins that drain the pituitary gland

Complications ဒီရောဂါကနေ ဆက်ဖြစ်စေနိုင်တဲ့ရောဂါတွေ ရှိသေးတယ်။
- Compression fractures အရိုးကျိုး၊
- Diabetes ဆီးချို၊
- High blood pressure သွေးတိုး၊
- Infections ရောဂါပိုးဝင်၊
- Kidney stones ကျောက်ကပ် ကျောက်၊
- Psychosis စိတ်ရောဂါ။

Treatment ဘယ်လိုကုသသလဲ
- ဖြစ်နိုင်ရင် Surgery ဦးနှောက်ထဲက အကျိတ်ကို ခွဲစိတ်ထုတ်ပြစ်မယ်။
- လိုအပ်ရင် ကြားကာလမှာ Cortisol replacement ဆေးပေးတာ လုပ်ရသေးတယ်။
- တချို့ကို Radiation ဓါတ်ကင်မယ်။
- ခွဲစိတ်တာနဲ့ ဓါတ်ကင်တာ အဆင်မပြေသူတွေကို Medications (Ketoconazole, Metyrapone) ဆေးပေးကုသမယ်။
- ဒါနဲ့မှ မရသေးရင် ကျောက်ကပ် အထက်မှာရှိတဲ့ တခြား ဒီလိုဟော်မုန်း ထုတ်ပေးနေတဲ့ Adrenal glands တွေကိုပါ ထုတ်ပေးမယ်။

Outlook အလားအလာ
- ဆေးမကုဘဲထားရင် အကြီးအကျယ် နေမကောင်းရာကနေ သေဆုံးနိုင်တယ်။
- အကျိတ်ကို ခွဲထုတ်တာနဲ့ Full recovery လုံးလုံး နေကောင်းနိုင်တယ်။

Dr. တင့်ဆွေ
၁ဝ-၉-၂ဝ၁၁