ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, November 27, 2011

Dark lips နှုတ်ခမ်းတွေ မဲနေတာ ဘာလုပ်ရမလဲရှင်

Oct 4, 2011 at 8:24 AM
Hi Saya! My lips color is changed to black color because of lipstick. How to care my lips to change natural red color?

• Wearing lipstick makes lips darkar နှုတ်ခမ်းဆိုးဆေးကနေ မဲစေပါသလား။ နှုတ်ခမ်းဆိုးဆေး အမျိုးအစား ကောင်းတာနဲ့ ရက်စွဲ မလွန်တာ သုံးရင် မဖြစ်စေတတ်ပါ။ နာမည်မကြားဘူးတာ၊ မသေခြာတဲ့ အမျိုးအစား မသုံးပါနဲ့။ ကောင်းတာဖြစ်ပါစေ ဆိုးပြီးရင် အကြာကြီး မထားပါနဲ့။ Clean out the lipstick ရှင်းပြစ်ပါ။

• ကျမ နှုတ်ခမ်းတွေ မဲနေတာ ဘာလုပ်ရမလဲရှင်။ Tea လက်ဖက်ရည်၊ Coffee ကော်ဖီ၊ Smoking ဆေးလိပ်ကြောင့်လဲ နှုတ်ခမ်း မဲတတ်တယ်။ အဲဒါတွေ လျှော့ပါ၊ ရှောင်ပါ။ Vaseline (ဗက်ဆလင်း) ပုံမှန်လိမ်းပေးပါ။ Ghee မခမ်း-ထောပတ်ကို ညပိုင်းမှာ လိမ်းနိုင်တယ်။ Lemon juice သံပုရာအရည် တနေ့တကြိမ် လိမ်းနိုင်တယ်။ Lipstick with sunscreen နေရောင်ခံ နှုတ်ခမ်းဆိုးဆေး သုံးပါ။
• Black spots all over my bottom lip နှုတ်ခမ်းအောက်နားမှာ အမဲစက်လေးတွေပေါ်လာလို့ပါရှင်။ သူများမမြင်အောင် နှုတ်ခမ်း ကိုက်တဲ့အကျင့် ဖြစ်လာတယ်။ နှုတ်ခမ်းအမဲစက်အတွက် ဆရာဝန်ပြပါ။ နှုတ်ခမ်းကိုက်တဲ့အကျင့်ဖျောက်ပါ။ Vaseline petroleum jelly လိမ်းပါ။ Oilve oil သံလွင်ဆီလဲလိမ်းနိုင်တယ်။ Lipstick နှုတ်ခမ်းဆိုးဆေး Expired ရက်လွန်တာ မသုံးမိပါစေနဲ့။
• အသက် ၂၅ နှစ်။ ကျမ နှုတ်ခမ်းအနားသတ် နေရာတွေက အရောင်ပိုမဲနေပါတယ်။ ကျန်တာတွေကတော့ ပန်းရောင်ပါဘဲ။ နှုတ်ခမ်းဆိုးဆေး အမျိုးအစား ကောင်းတာနဲ့ ရက်စွဲ မလွန်တာ သုံးပါ။ Vaseline (ဗက်ဆလင်း) ဒါမှမဟုတ် Ghee မခမ်း-ထောပတ် လိမ်းပေးပါ။ အိပ်ရာဝင်ချိန်မှာ Almond oil သံလွင်ဆီနဲ့ Lemon juice သံပုရာဆီ ရောလိမ်းပေးပါ။ လောလောဆယ် နှုတ်ခမ်းဆိုးဆေး မသုံးဘဲ နေပါ။
• Dark color at corner of my lips ကျမနှုတ်ခမ်းဘေးစွန်းတွေမှာ မဲနေတယ်ရှင့်။ Dryness ခြောက်သွေ့တာ နဲ့ Allergies (အလာဂျီ) ရတာကနေ ဖြစ်နိုင်တယ်။ Good quality lipsticks အမျိုးအစားကောင်း နှုတ်ခမ်းဆိုးဆေးသာ သုံးပါ။ Old lipsticks ဆီပါတာမျိုး မသုံးပါနဲ့။ ကော်ဖီ၊ လက်ဖက်ရည် လျှော့သောက်ပါ။ Vaseline ဗက်ဆလင်း ဒါမှမဟုတ် Ghee မခမ်း-ထောပတ် လိမ်းပေးပါ။ အိပ်ရာဝင်ချိန်မှာ Almond oil သံလွင်ဆီနဲ့ Lemon juice သံပုရာဆီ ရောလိမ်းပေးပါ။ Glycerine အလှဆီ သန့်တာ လိမ်းနိုင်ပါတယ်။
• ကျမနှုတ်ခမ်းတွေက dark lips အရောင်ရင့်နေလို့ အရောင်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ။ Glycerin အလှဆီ နဲ့ Lemon သံပုရာ လိမ်းတာလဲ မရဘူး။ နောက်ပြီး Thick long eyelashes မျက်တောင်မွှေး ရှည်ချင်-ထူချင်တာ ဘာလုပ်ရမလဲရှင့်။ Naturally dark နဂုံကတည်းက မဲတာကို သက်သာစေဘို့ နဲနဲသာ တတ်နိုင်မယ်။ မျက်တောင်မွှေး ရှည်ချင်-ထူချင်တာ မဖြစ်နိုင်ပါ။ Mascara ကို သုံးကြည့်ပါ။
• ကျမနှုတ်ခမ်းတွေ မဲလာတာ ၄ နှစ်ရှိပြီ။ အရင်ကတော့ ပန်းရောင်ပါ။ ဆေးလိပ်လဲ မသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည် သောက်တာလဲ မများပါ။ Dermetologist ကိုပြတော့လဲ မသက်သာပါ။ Sun exposure နေရောင်နဲ့ ထိတွေလို့ဖြစ်ဖြစ်၊ Hormones ဟော်မုန်း အပြောင်းအလွဲကြောင့်ဖြစ်ဖြစ် နှုတ်ခမ်းအရောင် ရင့်လာစေတယ်။ နေရောင်နဲ့ တတ်နိုင်သလောက် မထိပါစေနဲ့။ Good quality lipsticks အမျိုးအားကောင်း နှုတ်ခမ်းဆိုးဆေးသာ သုံးပါ။ Glycerine အလှဆီ ညတိုင်းမှန်မှန် လိမ်းပေးပါ။ နှုတ်ခမ်းကို ခြောက်မနေစေပါနဲ့။ နှုတ်ခမ်းကို မကိုက်ပါနဲ့။
• ကျမနှုတ်ခမ်းတွေ မဲမဲလာနေတယ်။ ကျမ TB medication တီဘီ ဆေးတွေလဲ သောက်နေရပါတယ်။ နှုတ်ခမ်းဆိုးဆေး မဆိုးရင် အကြည့်ရ အင်မတန်ဆိုးလှပါတယ်။ Black spots အမဲစက်လေးတွေပါ ဖြစ်နေတာပါ။ Lemon သံပုရာက Natural bleach သဘာဝ အရောင်ချွတ်ဆေး ဖြစ်ပါတယ်။ Glycerin အလှဆီ နဲနဲနဲ့ တွဲလိမ်းပေးပါ။ အဲဒါမှမရရင် Skin specialist အရေပြား အထူးကုနဲ့ပြပါ။
• ကျမနှုတ်ခမ်းတွေ မဲလာတယ်။ ခြောက်လာတယ်။ Lipstick နှုတ်ခမ်းနီဆိုးရင်ဖြစ်ဖြစ် Lip gloss သုံးရင်ဖြစ်ဖြစ် Moisture feeling စိုစွပ်တာခံစားရတယ်။ Herpecin-L lip balm သုံးနေပါတယ်။ မကောင်းသေးပါဘူး။ Lemon juice သံပုရာ နဲ့ Glycerine အလှဆီ ညတိုင်း ရောလိမ်းပါ။ မနက်ရောက်ရင် ဆေးပြစ်ပါ။ အရောင် လျှော့လာပါလိမ့်မယ်။ ကော်ဖီ၊ လက်ဖက်ရည်အစား သစ်သီးရည် သောက်ပါ။ နှုတ်ခမ်းကို မကိုက်ပါနဲ့။ သုံးနေတဲ့ Lipstick or Gloss နှုတ်ခမ်းဆိုးဆေးတွေ မသုံးပါနဲ့တော့။ Herpecin-L ဆေးက ဖျားလို့၊ နေလောင်လို့ကနေ chapped lips နှုတ်ခမ်းကွဲနေတာ၊ Cold sores ရေယုံပေါက်တာ၊ Blisters အပူဖူးပေါက်တာတွေအတွက် မပျောက်စေနိုင်ပါ။ ခံစားရတာတော့ သက်သာရာရစေနိုင်ပါမယ်။ Vaseline (ဗက်ဆလင်း) သာသုံးပါ။ Dermatologist အရေပြား-အထူးကုပြရင် Mild topical steroid သိပ်မပြင်းတဲ့ (စတီရွိုက်) လိမ်ေးဆေး ပေးနိုင်တယ်။ ရက်အကြာကြီးတော့ မသုံးပါနဲ့။
• ကျမ နှုတ်ခမ်းဆိုးဆေး တမျိုးသွားသုံးမိတာ (အလာဂျစ်) ဖြစ်လာတယ်။ နှုတ်ခမ်းတွေရောင်လာတယ်။ စိုရွှဲနေတယ်။ ယားသေးတယ်။ နောက်တော့ မဲလာရော။ နှုတ်ခမ်းတွေလဲ ကွဲလာတယ်။ နှုတ်ခမ်းဆိုးဆေးသာမက နေရောင်၊ ဆပ်ပြာကနေလဲ မတည့်ထာ ဖြစ်သေးတယ်။ တချို့မှာ ဆိုးဆိုးဝါးဝါးဖြစ်တယ်။ Mild steroid သိပ်မပြင်းတဲ (စတီရွိုက်) လိမ်းဆေးကို ပုံမှန် ၃-၄ ပါတ်လိမ်းပါ။

Topical steroids (စတီရွိုက်) လိမ်းဆေးများ
Class 1 အဆင့် (၁) အပြင်းစားဖြစ်တယ်။ Hydrocortisone အဆ ၆ဝဝ ရှိတယ်။
- Clobetasol propionate (Dermol™ Cream/Ointment
- Betamethasone dipropionate (Diprosone™ OV Cream/Ointment)

Class 2 အဆင့် (၂) Hydrocortisone အဆ ၁ဝဝ-၁၅ဝ ရှိတယ်။
- Betamethasone valerate (Beta™ Cream/Ointment/Scalp Application, Betnovate™ Lotion/C Cream/C Ointment, Daivobet™ 50/500 Ointment, Fucicort™)
- Betamethasone dipropionate (Diprosone™ Cream/Ointment)
- Diflucortolone valerate (Nerisone™ C/Cream/Fatty Ointment/Ointment)
- Hydrocortisone 17-butyrate (Locoid™ C/Cream/Crelo Topical Emulsion/Lipocream/Ointment/Scalp Lotion)
- Mometasone furoate (Elocon™ Cream/Lotion/Ointment)
- Methylprednisolone aceponate (Advantan™ Cream/Ointment)

Class 3 အဆင့် (၃) Hydrocortisone ၂-၂၅ ဆရှိတယ်။
- Clobetasone butyrate (Eumovate™ Cream)
- Triamcinolone acetonide (Aristocort™ Cream/Ointment, Viaderm KC™ Cream/Ointment, Kenacomb™ Ointment)

Class 4 အဆင့် (၄) Mild အပြော့စားအမျိုးအစား။
- Hydrocortisone 0.5-2.5% (DermAid Cream/Soft Cream, DP Lotion-HC 1%, Skincalm, Lemnis Fatty Cream HC, Pimafucort Cream/Ointment)

Topical steroids (စတီရွိုက်) လိမ်းဆေးတွေကို Salicylic acid နဲ့ရောထားတာတွေရှိတယ်။ Penetration အရေပြားထဲ ဝင်တာ ကောင်းအောင်၊ Antibacterial ဗက်တီးရီးယား နဲ့ Antifungal မှိုတွေကိုလဲ နိုင်အောင်လုပ်တာ ဖြစ်တယ်။ မျက်နှာအတွက် သုံးတာတွေက လက်ဝါးလိုမှာသုံးရင် အရေပြားထဲ ကောင်းကောင်း မဝင်နိုင်ဘူး။ ပြင်းတာကမှ အရေထူအတွက် သုံးနိုင်တယ်။ ဆေး အထဲကို စုပ်နိုင်စွမ်းတွေ မတူကြဘူး။
• Eyelids and genitals မျက်ခွံနဲ့ လိင်အင်္ဂါတွေ 30%
• Face မျက်နှာ 7%
• Armpit ချိုင်း 4%
• Forearm လက်ဖျံ 1%
• Palm လက်ဖဝါး 0.1%
• Sole ခြေဖဝါး 0.05% စုပ်ယူနိုင်ကြတယ်။

ခက်တာက ဆေးပြင်းပြန်ရင် ဘေးထွက်-ဆိုးကျိုးတွေ အထူးသတိထားရမယ်။ တပါတ်မှာ Clobetasol propionate 50g or Hydrocortisone 500g သာသုံးပါ။ များသွားရင် အထဲအင်္ဂါတွေအပေါ် သက်ရောက်စေလို့ Adrenal gland suppression နဲ့ Cushing's syndrome ရောဂါတွေ ဖြစ်စေနိုင်တယ်။

Skin side effects လိမ်းတဲ့ အရေပြားနေရာမှာလဲ သက်ရောက်မှုတွေ ဖြစ်နိုင်တယ်။
• အရေပြားပါးမယ်။
• စုပ်ပြဲလွယ်မယ်၊ သွေးထွက်လွယ်မယ်။
• ပါးစပ်ဘေးမှာ အရေပြားရောင်မယ်။
• သွေးကြောတွေ ကြီးလာမယ်။
• အရေပြား ပိုးဝင်လွယ်မယ်။
• Allergy ဆေးမတည့်တာဖြစ်မယ်။

Side effects ဘေးထွက်-ဆိုးကျိုးတွေ အထူးသတိထားရမယ်။ ဆေးပြင်းတာ နဲ့ ကြာကြာ သုံးတာအပေါ် မူတည်တယ်။ ၁% ဆေးကို အနှစ် ၂ဝ လိမ်းလို့တော့ ဘာမှမဖြစ်စေပါ။ အဲ့ ပိုက်ဆံတော့ ကုန်မှာပေါ့။

Dr. တင့်ဆွေ
၎-၁ဝ-၂ဝ၁၁