ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Sunday, November 27, 2011

Epilepsy (2) အတက်ရောဂါ (၂)

Jul 15, 2011 at 11:35 PM
(့) မြို့တွင်နေပါသည်။ ကျွန်တော်၏ သမီးမှာ ၃ နှစ် ၁ဝ လ ရှိပါပြီ။ မွေးပြီးစကတဲက ဘာမှ ပြောရလောက်အောင် ရောဂါမရှိပါ။ ပြီးခဲ့တဲ့ မိုးဦးကာလက စပြီး မူကြိုကျောင်းသို့ ပို့ခဲ့ပါသည်။ ၂ ပတ် လောက်ကြာတော့ မိုးမိပြီး ဖျားပါသည်။ တရက် ၂ ရက်နေတော့ ကောင်းသွားပါတယ်။ တပတ် ၁ဝ ရက်ခန့် အကြာမှာတော့ ညောင်းတယ်၊ ညောင်းတယ် နဲ့ ပြောပြီး ခြေထောက် ၂ ချောင်းအား လိမ်၍ တောင့်ထားပြီး၊ လက် ၂ ဘက်ကလည်း ကွေးကောက်ပြီး၊ မျက်နှာ အမူအယာပါ ပျက်ပြီး၊ တနေ့လျှင် ၂ ကြိမ်ခန့် ဖြစ်နေတတ်တာကြောင့် ရိုးရိုးဆရာဝန်နဲ့ပဲ သွားပြန်ပြီးပြခဲ့ပါသည်။

သွေးပေါင် ကျနေသည်၊ ဓါတ်ဆားရည် တိုက်ပါဟု ဆိုသဖြင့် ၄-၅ ရက်ခန့် ဓါတ်ဆားရည် တိုက်ရာ မသက်သာပါ။ ထို့နောက် ထပ်မံ၍ ဆရာဝန်အား သွားပြသောအခါ အာရုံကြော အားနည်း၍ဟု ဆိုပြီး အားဆေး ပြောင်းတိုက်ခိုင်းပါသည်။ တနေ့လျှင် အနည်းဆုံး တကြိမ်၊ တခါတရံ ၂ ကြိမ် ပုံမှန် ဖြစ်မြဲ ခြေနှစ်ဘက်အား လိမ်ပြီး လက်ချောင်းများပါ ကောက်ကွေးပြီး အကြောတက် တွန့်လိမ် နေတတ်ပါသည်။ ချွေးများလည်း ထွက်လာတတ်ပါသည်။ ၅ မိနစ် ၁ဝ မိနစ် ခန့်ကြာတတ်ပါသည်။ ကလေးအထူးကု ဆရာဝန် (့) နှင့် ရန်ကုန်သို့ သွားရောက် ပြသပါသည်။ သွေးစစ်ပါသည်။ ထူးထူး ခြားခြား စိုးရိမ်စရာ မလိုကြောင်း နှင့် အာရုံကြော အားနည်း၍သာ ဖြစ်ကြောင်းပြောပြီး ၆ လ ခန့် သောက်ရန် အားဆေးများသာ ဝယ်ခိုင်းပြီး သောက်ခိုင်းပါသည်။ တလ နီးပါးခန့် ကြာသော်လည်း ထူးခြားတိုးတက်မှု မရှိပါ။ သမီးအား သတိထားမိသည်မှာ (၁) ထမင်း အနံ့ မခံနိုင်ဟု ဆိုသဖြင့် ဆန်ပြုတ် အထုတ်ကိုပဲ ကျွေးရပါသည်။ ပဲနို့ရည်တော့ အတော် ကြိုက်ပါသည်။ (၂) အကြော တက်ခါနီးလျှင် ဂနာမငြိမ် ဖြစ်လာတတ်ပြီး ခြေ ၂ ဘက်အား လိမ်၍ တောင့်ထားပြီး လက်ချောင်းများပါ ကွေးနေတတ်ပါသည်။ မျက်နှာမှာလည်း ပုံပျက်ပြီး မဲ့နေတတ်ပါသည်။ ခြေလက်များအား နိပ်ပေးပြီး အတင်းခေါ်တော့မှ သတိပြန်ဝင် လာတတ်ပါသည်။ ချွေးစေးများလည်း ပြန်နေတတ်ပါသည်။ မိတ်ဆွေတဦးနှင့် တိုင်ပင်ရာ ပေါင်းအိုးနှင့် ချက်သည့် ထမင်းအား မစားသဖြင့် ဗိုက်တာမင် ဘီ ဓါတ် ချို့တဲ့တာဖြစ်နိုင်သည်ဟု ဆိုသဖြင့် ဗိုက်တာမင် ဘီ အားဆေးအား တိုက်ပါသည်။ ဇနီးသည်၏ မိခင်မှာ ဆီးချို ရှိသဖြင့် သူတို့ တအိမ်လုံး ထမင်းချက်သည့်အခါ ထမင်းရည် ငှဲ့၍ ချက်သည်မှာ ကြာပြီဖြစ်ပါသည်။

• ဆီးချိုကို တမင်းရေခမ်းနဲ့ မတည့်ဘူးဆိုတာ သိပ်တော့ မမှန်ပါ။ ဆန်လုံးညို နဲ့ ဂျုံက ပိုသင့်တယ်။ ဆီးချိုသမား စားစရာတွေ ရေးထားပါတယ်။
• တမင်းရေခမ်း မဟုတ်ရာကနေ ဗီတာမင် ဘီ ၁ ဓါတ် နည်းစေတယ်ဆိုတာ မှန်ပါတယ်။ သူနည်းရင် ထုံနာ-ကျင်နာ ကိုသာ ဖြစ်စေပါတယ်။
• ကလေးမှာ အာဟာရချို့တဲ့တာ မဟုတ်လောက်ပါ။ ပုံမှန်အားဆေးတော့ တိုက်ပါ။ ကလေး အထူးကုဆရာဝန် နောက်တဦးကို ပြနိုင်ရင် ပြပါ။
• ပြထားခဲ့တဲ့ ဆရာဝန်တွေ ပြောတာနဲ့တော့ ကျွန်တော်ထင်တာ မတူဘူးဗျာ။ ကလေးလဲ မမြင်ရ၊ စမ်းသပ်တာလဲ မလုပ်ရဘဲ၊ ရောဂါအမည် တပ်ရပါလိမ့်မယ်။ Epilepsy ခေါ်တာ ဖြစ်နေမယ် ထင်ရတယ်။ ဆေးစစ်တာတွေတော့ မလုပ်ရသေးတာမို့ ကျွန်တော် ပြောတာ မှားမယ် ဆိုလဲ မှားနိုင်ပါတယ်။ ဖြစ်ပုံအားလုံး ဒီရောဂါ လက္ခဏာတွေ ပါဘဲ။ မဖြစ်ရင် လူကောင်း၊ ထဖြစ်ရင် ယုတ်တရက် ခြေ-လက်တွေ တောင့်တင်း၊ ကွေး-ကောက်၊ နောက် သတိလက်လွှတ်ဖြစ်၊ သွားရည်ကျ၊ မျက်စိအကြည့် မမှန်၊ ခဏနေရင် ပြန်လည်လာမယ်။ ဖြစ်ပြီး သူ့ခမြာ မောပန်းသွားမယ်။ မကြာခင် လူကောင်း ပြန်ဖြစ်မယ်။ ဆရာရေးထားတာ ထည့်ပေးလိုက်ပါတယ်။ ဆရာထင်တယ်ပြောတာ မဟုတ်ရင် စိတ်မဆိုးပါနဲ့။
• Epilepsy အတက်ရောဂါ ကို ဖတ်ပါ။

၁၆-၇-၂ဝ၁၁