ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Sunday, November 27, 2011

Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း

Wed, Aug 31, 2011 at 7:30 PM
ဆရာရှင့် သမီးရဲ့ အန်ကယ်က ရန်ကုန်မှာနေပါတယ်။ အသက် ၅ဝ လောက်ရှိပါပြီ။ ဟိုတစ်လောက နေမကောင်းဖြစ်လို့ ဆေးခန်း သွားပြတာ အသဲမှာ အဆီဖုံးနေတယ်လို့ ပြောပါတယ်။ အရင်ကတော့ တစ်ခါတစ်ရံ အရက်တို့ ဘီယာတို့ သောက်တတ်ပါတယ်။ အခုတော့ လုံးဝမသောက်တော့ပါဘူး။ အခု အသဲအဆီဖုံးတာဟာ သူ့ ကျန်းမာရေးကို ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲ။ အသဲအဆီဖုံး နေတဲ့လူတစ်ယောက်ဟာ ကျန်းမာ အသက်ရှည်ဖို့အတွက် ဘယ်လိုနေထိုင် စားသောက်ရမလဲ ဆိုတာကို ဆောင်ရန်နှင့် ရှောင်ရန်တို့ကို ဖြေကြားပေးပါ။ သမီးက နိုင်ငံခြားမှာ ကျောင်းတတ်နေတဲ့အတွက် ပြန်ပြီး မပြုစုပေးနိုင်သေးလို့ ဆရာ့ရဲ့ဖြေကြားချက်ကို အန်ကယ်ဆီပို့ ပေးချင်လို့ပါ။

အသဲ နဲ့ အရက် ဆက်နေတာ လူတိုင်း သိကြပါတယ်။ ခက်တာက သိပေမဲ့ မဆင်ခြင်နိုင်ကြဘူး။ အရက်ဖြတ်စာ ရေးမှာ မဟုတ်ပါ။ အရက် မသောက်ဘဲလဲ အသဲမှာ ရောဂါဖြစ်နိုင်တာ ရေးပါရစေ။

FLD အသဲအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလို ဖြစ်နေမယ်။ အရက် မသောက်သူတွေက ၃၅% ပါတယ်။ အသဲမှာ အဆီလာဖုံးနေတဲ့ Fatty liver ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်မ အားလုံးမှာ ဖြစ်နိုင်တယ်။ အသဲမှာ အဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသဲ (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လို မလုပ်နိုင်တာ ဖြစ်လာတယ်။

(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရ ပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသဲမှာ လာစုနေလို့၊ အူထဲက အဆီကို အသဲကနေ များများစုပ်ယူလို့၊ အသဲကနေ အဆီကို ချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီ များများစားတိုင်း အသဲမှာ အဲလို အဆီမများစေပါ။

Alcohol အရက်၊ Obesity အဝလွန်တာ၊ Starvation အစာငတ်ခံတာ၊ Diabetes mellitus ဆီးချို၊ Corticosteroids (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာ အဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသဲ အဆီများနေတာမျိုးကတော့ Valproic acid နဲ့မသင့်တာ၊ Tetracycline (တက်ထွာ ဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာ နဲ့ Pregnancy ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။

Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲ ဆက်ဖြစ်နိုင်တယ်။

အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ဒါမှမဟုတ် Non-alcoholic fatty liver disease (NAFLD) ခေါ်ပြီး၊ အရက်ကနေ ဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitis နဲ့ Non-alcoholic steatohepatitis (NASH) လို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes, Hypertension, Obesity and Dyslipidemia နဲ့ တခြား ရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသဲရောင်တာနဲ့ တွဲနေသူလဲ ရှိတယ်။

လူအတော်များများ အသဲအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလို နေကြသေးတယ်။ စမ်းသပ်တဲ့အခါ Enlarged liver အသဲ ကြီးနေတာ တွေ့ရနိုင်တယ်။ အသဲလုပ်ငန်းကို သိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ Liver enzyme (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာက အသဲရောဂါရမှသာ ဖြစ်တာ မဟုတ်ပါ။ Muscle damage ကြွက်သားရောဂါ ကြောင့်လဲ ရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသဲက အသားစ ထုတ်ယူစစ်ဆေးမှ ရောဂါရှိတာ သေခြာမယ်။

အသဲနေရာ တချို့မှာ နာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။ အားယုတ်မယ်။ အစားပျက်မယ်။ Jaundice အသား-ဆီး ဝါနေမယ်။ Oedema ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။ ပိုဆိုးလာရင် အသဲ (ဆဲလ်) တွေ သေတော့ အမာရွတ်ဖြစ်တာကြောင့် Liver cirrhosis အသဲခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသဲအစားထိုးရမယ်။ ဆေးမကုဘဲနေရင် တချိန်မှာ Hepatic encephalopathy ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။ အရက်ကြောင့်ဖြစ်တဲ့ အသဲခြောက်နေသူတွေထဲက ၁ဝ% ဟာ တချိန်မှာ Hepatocellular carcinoma အသဲကင်ဆာ ဖြစ်လာနိုင်တယ်။

Boston မှာရှိတဲ့ Beth Israel Deaconess Medical Center က အသဲအထူးကု ဆရာဝန် Dr. Michael Curry ကနေ ပြောတာက "Non alcoholic fatty liver disease ကနေ အသဲရောဂါမဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ Non alcoholic steatohepatitis (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ Liver cirrhosis နဲ့ End stage liver disease တွေ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် အမေရိကားမှာ မကြာခင် အနာဂတ်မှာ လူ ၆ သန်းလောက်က အသဲ အစားထိုးရဘို့ ရှိနေတယ်။"

ဘာလို့ဖြစ်သလဲကို သိမှ ကုသတာ မှန်မယ်။ ရိုးရိုး အသဲအဆီဖုံးတာကို ကုစရာမလိုပါ။ Steatosis ကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။Fatty liver disease ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာ များတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် Simple steatosis ကနေ Dietary and lifestyle changes အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။

• Lose weight ကိုယ်အလေးချိန် လျှော့ချပါ။
• Exercise ကိုယ်လက်-လေ့ကျင့်ခန်း လုပ်ပါ။
• Low fat, No sugar အဆီ လျှော့စားပါ။ အချိုပါ လျှော့စားပါ။
• No alcohol အရက်ဖြတ်ပါ။
• Epsom salts ဆားခါး၊ Vitamins C and E ဗီတာမင် စီ နဲ့ အီး တွေက အထောက်အကူပေးနိုင်တယ်။
• Ursodeoxycholic acid ဆေးက အကျိုးများစေနိုင်တယ်။
• Brown rice ဆန်လုံးညို၊ Whole grains သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေက ကောင်းတယ်။ Phytic acid ပါနေလို့ ဂျုံက မကောင်းပါ။
• White bread, Egg noodles, Cakes, and Desserts ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာ တချို့တွေကို ရှောင်ပါ။
• Fruits အသီးတွေနဲ့ Vegetables အသီအရွက်တွေကို နေ့တိုင်းစားပါ။
• နွားနို့ထဲမှာ အဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
• Deep fried, Fatty, processed foods ကြကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• Sausage and Hot dogs ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• Eggs ကြက်ဥ နဲနဲသာစားပါ။
• Sugary fruit juices, Energy drinks, Coffee, Alcohol အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• Beef or Pork အမဲသား၊ ဝက်သား နဲ့စာရင် Chicken or Turkey ကြာက်ဆင်နဲ့ ကြက်သားတွေက တော်သေးတယ်။
• Steroids, Growth hormones, Antibiotics (စတီရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာ ရွေးစားပါ။
• Drink plenty of water 2 liters per day ရေများများ သောက်ပါ။

Dr. တင့်ဆွေ
၁-၉-၂ဝ၁၁