Sunday, November 27, 2011

Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း

Sat, Sep 10, 2011 at 4:11 PM
Engeric (B) B ပိုးကာကွယ်ဆေးကို 2009 မှာ 0-1-6 သုံးကြိမ်ထိုးပြီး 10.8.2011 မှာ HBs Antibody ပြန်စစ်ပါတယ်။ Result က 99% (positive) နှင့် Reference Value က 8-12 mIU/ml ဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးက ဆေးတစ်လုံး ထပ်ထိုးရမယ် ပြောပြီး တစ်ဦးကတော့ နောက်ငါးနှစ်နေမှ ထိုးဖို့လိုတယ်လို့ ပြောပါတယ်။ ဘယ်ဟာမှန်မှန်း မသိလို့ပါဆရာ။

Engerix B (Hepatitis B Vaccine) ပဌမ-ဆေးညွှန်း
ဘီိပိုး-ကာကွယ်ဆေးကို နည်းလမ်း ၂ မျိုးနဲ့ ထိုးနိုင်တယ်။
(၁) ပဌမ ၁ လုံး၊ နောက် ၁ လ အကြာ ဒုတိယ ၁ လုံး၊ နောက် ၅ လ (ပဌမ ဆေးထိုးပြီးနောက် ၆ လ) အကြာ တတိယ ၁ လုံး။ ဒီနည်းသုံးရင် ဆေးစထိုးပြီးနောက် ၇ လနေရင် ဘီပိုးကို ကာကွယ်နိုင်သွားပြီ ဖြစ်တယ်။
(၂) ဆေး ၃ လုံးကို တလစီခြား ထိုးနိုင်တယ်။ ဒီနည်းက မြန်မြန်တော့ ကာကွယ်နိုင်ပေမဲ့ ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။
(၃) အရေးတကြီး ဘီပိုးများတဲ့ ဒေသတွေကို ခရီးထွက်ရမယ်ဆိုရင် ဝ - ၇ -၂၁ ရက် နည်းသုံးနိုင်တယ်။ နောက် ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။
တချို့ကာကွယ်ဆေးက ဒီနည်းနဲ့ အကာကွယ် ယူထားရင် တသက်တာ စိတ်ချနိုင်တယ်။ တချို့ဆေးတွေက ထပ်ထိုးဘို့ လိုတယ်။
ဆေး ၃-၄ လုံး ထိုးထာပြီးနောက် ဘယ်တော့အထိ ကာကွယ်နိုင်သလဲဆိုတာ အတိအကျ မပြောနိုင်သေးပါ။
ဒါ့ကြောင့် တချို့က ၅ နှစ်နေရင် တခါ Booster dose ဆိုပြီး ထပ်ထိုးဘို့ သတ်မှတ်တယ်။

ဒုတိယ-ဆေးညွှန်း
ကိုယ်သုံးတဲ့ဆေးရဲ့ ဆေးညွှန်းကို အတိအကျ လိုက်နာရပါမယ်။
ကာကွယ်ဆေး ၃-၄ လုံးကို ၆-၁၂ လအတွင်း ထိုးပါ။
ကိုယ့်ဆရာဝန်နဲ့ တိုင်ပင်နေပါ။ ဆေးထိုးပြီးလို့ တခုခု (ဖျားတာ) ဖြစ်ရင် ဆရာဝန်ကနေ ဆေးထိုးဇယား ပြင်ပေးလိမ့်မယ်။ နောက်ကျထိုးတာမျိုး ပြောတာပါ။
အသက်၊ ကျန်းမာရေးအေခြအနေ နဲ့ အန္တရာယ်အပေါ် မူတည်တယ်။ ဆေးအမျိုးအစားပေါ်လဲ မူတည်တယ်။
တကယ်လို့ ဘီပိုးဝင်တာ ခံရလောက်တယ်လို့ ယူဆရင် ကာကွယ်ဆေးနဲ့အတူ Hepatitis B immune globulin (HBIG) ကိုပါ တခါတည်း ထိုးပေးမယ်။ ဒီဆေးက Antibodies ဖြစ်တယ်။ အကြာကြီး မခံဘူး။ ကာကွယ်ဆေးကိုသာ ဆေးပါတ်လည်အောင် ထိုးရမယ်။

တတိယ-ဆေးညွှန်း
Engerix B ဆေးဟာ Intramuscular (IM) အသားဆေးအဖြစ်သာ သုံးရမယ်။
ဆေးကို အသေအခြာ လှုတ်ပြီးမှ ထိုးပါ။ မျက်စိနဲ့ အသေအခြာ ကြည့်ပါ။ လှုတ်လိုက်ရင် နဲနဲနောက်လာမယ်။
တခြားဆေးတွေနဲ့ ဆေးထိုးပိုက် တခုထဲမှာ ရောမထိုးပါနဲ့။
ဝ - ၁ - ၆ လ ထိုးပါ။
အမြန်နည်းလိုအပ်ရင် ဝ -၂ -၁၂ လ နည်းထိုးပါ။
ဆေး ၃ လုံးပြည့်သူတွေမှာ ၁ဝဝ% ကာကွယ်နိုင်တယ်။
အသက် ၁၂ နှစ်ကနေအထက် 20 micrograms (1 ml) IM ထိုးပါ။
မွေးစကလေးနဲ့ ၁၂ နှစ်အောက် ကလေးတွေ 10 micrograms (0.5 ml) IM သာထိုးပါ။
Deltoid region ပခုံးနေရာမှာ မထိုးပါနဲ့။ ကလေးငယ်လေးတွေဆိုရင် Antero-lateral thigh ပေါင်ရှေ့-ဘေး နေရာ ထိုးနိုင်တယ်။
HBsAg positive mothers ဘီပိုး ရှိတဲ့ မအေကနေ မွေးတဲ့ကလေးကို ဘီ ကာကွယ်ဆေး နဲ့အတူ Hepatitis B immunoglobulin ဆေးကိုပါ မွေးပြီး ၁၂ နာရီအတွင်းမှာ တပြိုင်ထဲ နေရာခွဲထိုးပါ။

Engerix-B ဟာ Hepatitis B အသဲရောင် (ဘီ) ကာကွယ်ဆေးဖြစ်တယ်။ ကြွက်သားမှာထိုးမယ်။ ပဌမအကြိမ်နောက် ၁ လမှာ ဒုတိယနဲ့ ၆ လမှာ တတိယဆေးထိုးမယ်။ တကယ်လို့ (ဘီ) ပိုးကူးစက်မှု အန္တရာယ်များသူကိုဆိုရင် ပဌမအကြိမ် နောက်မှာ ၂ လခြာတလုံးကိုပါထိုးတယ်။ ဆေးထိုးနည်းက နေရာအလိုက်မတူတာတွေရှိနိုင်တယ်။ ကာကွယ်ဆေးထိုးလို့ နာနေရင် အနာသက်သာဆေး acetaminophen or ibuprofen တမျိုးမျိုးသောက်နိုင်တယ်။

Dr. တင့်ဆွေ
၁၁-၉-၂ဝ၁၁

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...