ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Sunday, November 27, 2011

HPV vaccine ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး

တနှစ်တနှစ်မှာ စအို-ကင်ဆာ လူနာပေါင်း အမေရိကားမှာ ၆ဝဝ ရှိပြီး၊ ၈ဝဝ နီးနီးသေဆုံးနေကြရတယ်။ လိင်ကတဆင့် ကူးစက်တဲ့ သားအိမ်ဝ-ကင်ဆာရောဂါ ကာကွယ်ဆေး HPV vaccine ဟာ (ဂေး) တွေမှာ အဖြစ်များတဲ့ စအို-ကင်ဆာကိုပါ ကာကွယ်နိုင်တယ်လို့ နိုင်ငံတကာ သုတေသန တခုက ဆိုလိုက်ပါတယ်။

ယောက်ျားတွေကို ဒီကာကွယ်ဆေး ထိုးပေးထားရင် Human papillomavirus ဗိုင်းရပ်စ် ရောဂါဖြစ်မှာကို ၇၅% သက်သာစေတယ်လို့ The New England Journal of Medicine မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဒီထုတ်ဖေါ်ချက်ဟာ Centers for Disease Control and Prevention အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဗဟိုဌာနကနေ အသက် ၁၁-၁၂ နှစ်ရှိတဲ့ ယောက်ျားလေးမှန်သမျှ ဒီ HPV ကာကွယ်ဆေးထိုးကြဘို့ အကြံပြုအဖွဲ့ကနေ တိုက်တွန်းချက် ထွက်တဲ့နေ့ရဲ့ နောက်ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ဒီပိုး ကူးစက်ခံရရင် အရွယ်ရောက်သူ ထက်ဝက်နီးနီးမှာ လိင်လမ်းကြောင်း-ကြွက်နို့ ဖြစ်စေတယ်။ တချို့မှာ ရောဂါ လက္ခဏာ မပြပေမဲ့ ပိုးက အထဲမှာ ရှိနေနိုင်တယ်။ အသက်ငယ်ငယ်နဲ့ ပိုးကူးစက်ခံရရင်၊ ပိုးကလဲ အပြင်းစား ၄ မျိုး ဖြစ်နေပေမဲ့ ကင်ဆာ မဖြစ်စေတတ်ပါ။

California San Francisco တက္ကသိုလ်က သုတေသနလုပ်သူ Joel Palefsky ပြောတာက “ဒီလေ့လာမှုကြောင့် အခုလို စအို-ကင်ဆာ ဖြစ်တာ သေတာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။” သူဟာ Anal Neoplasia Clinic ဌာနဒါရိုက်တာလဲ ဖြစ်ပါတယ်။

သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ ခရိုရေးရှား၊ ဂျာမနီ၊ စပိန် နဲ့ အမေရိကားက အသက် ၁၆ နှစ်ကနေ ၂၆ နှစ်အရွယ်ရှိတဲ့ (ဂေး) ပေါင်း ၆ဝ၂ ယောက်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်ခံသူတွေဟာ ၁ ကြိမ်ကနေ ၅ ကြိမ်အထိ၊ ယောက်ျားချင်း လိင်တူ ဆက်ဆံဘူးသူတွေ ဖြစ်ကြတယ်။ အုပ်စုခွဲပြီး၊ Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေး ၃ ကြိမ် ထိုးပေးတယ်။

စမ်းသပ်မှုကို ၂ဝဝ၆ ကနေ ၂ဝဝ၈ အထိ လုပ်ခဲ့တာပါ။ ၃ နှစ်လဲ ဆက်ပြီး လေ့လာနေပါသေးတယ်။ တွေ့ရှိချက်ကတော့ HPV ပိုးနဲ့ မတွေ့သူတွေမှာ HPV infections ပိုးဝင်ခံရတာ နဲ့ Precancerous anal lesions စအိုမှာ ကင်ဆာ မတိုင်ခင် အဆင့် ဖြစ်လာတာကို ၇၅% ကာကွယ်ပေးနိုင်တာ တွေ့ရှိရတယ်။ HPV တမျိုးမျိုး ကူးစက်ခံရသူတွေကိုလဲ Gardasil ကာကွယ်ဆေး မထိုးသူတွေနဲ့ စာရင် ၅၄% ပိုမိုကာကွယ်ပေးနိုင်မယ်လို့ မျှော်မှန်းပါတယ်။

ကာကွယ်ဆေးထိုးဘို့ အကောင်းဆုံး အရွယ်ကတော့ Sexual activity လိင်မှုအလုပ် မလုပ်သေးခင်ဖြစ်ပါတယ်။ နောက်ကျသွားလဲ ထိုးဘို့ကောင်းပါတယ်။

အမေရိကားမှာ -
- HIV-positive men (အိတ်ခ်ျအိုင်ဗွီ) ပိုးရှိနေတဲ့ ယောက်ျားတွေမှာ HPV လဲ ရှိတတ်ကြတယ်။
- Anal cancer စအို-ကင်ဆာဟာ ယောက်ျားရော မိန်းမပါ အဖြစ်များကြတယ်။
- မိန်းမ ၁ သိန်းရှိတိုင်း Cervical cancer သားအိမ်ဝ-ကင်ဆာ ဖြစ်တာ လူနာသစ် ၉ ယောက် တွေ့နေရတယ်။
- HIV (အိတ်ခ်ျအိုင်ဗွီ) ပိုးရှိတဲ့ ယောက်ျား ၁ သိန်းမှာ Anal cancer စအို-ကင်ဆာ လူနာ ၁ဝဝ တွေ့နေရတယ်။

နှစ်တိုင်း Cervical cancer သားအိမ်ဝ-ကင်ဆာ အမျိုးသမီးလူနာ ၁၃ဝဝဝ ယောက်မှာ HPV ပါရှိနေတယ်။ သူတို့ထဲက ၄၃ဝဝ ယောက်က သေနိုင်တယ်။ Oral sex ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုရာကနေ ခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်ကြမယ်လို့ သံသယ ရှိတယ်။

- Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေးဟာ ယောက်ျားလေး-မိန်းကလေးတွေအတွက် HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ် တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။
- GlaxoSmithKline ကထုတ်တဲ့ Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေ အတွက်ဆေး ဖြစ်တယ်။
- Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်းထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့ပါပါ။ ယောက်ျားလေးတွေကိုတော့ အဲဒီအရွယ်တွေမှာဘဲ ထိုးစေဘို့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ကစပြီး သတ်မှတ်ပါတယ်။
- GlaxoSmithKline ကထုတ်တဲ့ Cervarix ကာကွယ်ဆေးကိုတော့ မိန်းကလေး ၁ဝ နှစ်ကနေ ၂၅ နှစ်အရွယ်တွေကို ထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။

၂၅-၁ဝ-၂ဝ၁၁ နေ့ကစပြီး CDC ရဲ့ Advisory Committee on Immunization Practices ကာကွယ်ဆေး အကြံပေး ကော်မတီကနေ HPV vaccine ကာကွယ်ဆေးကိုလဲ ယောက်ျားလေးတိုင်း ၉ နှစ်ကနေ ၂၁ နှစ်အထိ ထိုးကြဘို့ အကြံသစ် ပြုလိုက်ပါပြီ။ နောက် ၂ လ ဆိုရင် တရားဝင် သတ်မှတ်ချက် ဖြစ်လာဘို့ ရှိပါတယ်။

Dr. တင့်ဆွေ
၂၇-၁ဝ-၂ဝ၁၁