ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, November 27, 2011

Leprosy Complications အနာကြီးရောဂါ နောက်ဆက်တွဲဖြစ်တတ်သည်များ

2011/11/14
ကျနော်တွင် လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျနော့်တွင် အနာကြီးရောဂါ ဖြစ်ခဲ့ဘူးပါသည်။ ဆေး (၆) လသောက်သုံးပြီး ယခုအခါ ပျောက်ကင်းသက်သာနေပါပြီ။ ယခုအခါတွင် (့) နိုင်ငံတွင် နေထိုင်လျှက်ရှိသည်။ ကျနော် ခြေမအောက်တွင် အနာ မကြာခဏဖြစ်တတ်ပါသည်။ ထိုနေရာတွင် ထုံကျင်မှုများ ခံစားနေရဆဲ ဖြစ်ပါသည်။

အနာဖြစ်လျှင်လည်း ချက်ချင်းပျောက်သွားမှုများ မရှိပါ။ ဆေးလဲ စုံလင်စွာထည့်ပါသည်။ တော်ရုံနှင့် သက်သာပျောက်ကင်းမှု မရှိပါ။ ဆေးခန်းလဲ ပြပါသည်။ သွေးစစ်မှုများလည်း ပြုလုပ်ခဲ့ဘူးပါသည်။ အနာမှာ တော်ရုံနှင့် သက်သာပျောက်ကင်းမှုမရှိပါ။ ထို့ကြောင့် အနာကြီးရောဂါ ဝေဒနာ ရှင်များ အနာဖြစ်လျှင်ထည့်သင့်သည့် ဆေးဝါးများရှိလျှင် ညွှန်ကြားပြသပေးရန် အကြံဥာဏ် တောင်းခံအပ်ပါသည်။

အနာကြီးရောဂါဟာ အာရုံကြောတွေ ပျက်စီးသွားရတယ်။ တဆက်ထဲ အနာဖြစ်ရင် မပျောက်နိုင်ဖြစ်စေတယ်။ ထည့်ဆေးတခုထဲမရပါ။

၁။ Type 1 reaction အမျိုးအစား (၁)
Reversal reaction ခေါ်တယ်၊ Lepra type 1 reaction လို့လဲခေါ်တယ်။ ဆေးကုနေရင်း ကြားအဆင့်ကနေ ဖြစ်နေတာမျိုး။ နီဖေါင်းလာတယ်။ ကြာမှ ထုံနေရာကနေ အထိမခံသလို ဖြစ်လာတယ်။ ရောဂါပြီးစနစ်ကနေ လုပ်တာ။ အနာသစ် ဖြစ်လာတယ်။ Neuritis အာရုံကြော ရောင်လာတယ်။ Sensory loss နာတာကိုသိတာရော Motor loss လှုတ်ရှားမူ ချို့ယွင်းတာပါ တွဲဖြစ်မယ်။ ၃ဝ% ဖြစ်နိုင်တယ်။
NSAIDs ရိုးရိုး အနာ-အကိုက်ပျောက်ဆေး ပေးရတယ်။ Prednisone ကို 40-60 mg/day ကနေ စပေးပြီး လျှော့လျှော့ပေးရမယ်။ ၂-၄ ပါတ်မှာ 5 mg ကျနဲ့ ပျောက်တဲ့အထိ လျှော့သွားရတယ်။

၂။ Type 2 reaction အမျိုးအစား (၂)
Erythema nodosum leprosum (ENL) ခေါ်တယ်။ Lepra type 2 reaction လို့လဲခေါ်တယ်။ အရေပြားအောက်မှာ ရောင်နေတဲ့ အနာဖြစ်တာ။ ကိုယ်ပူနိုင်တယ်။ ဆိုင်ရာနေရာမှာ Lymphadenopathy တက်စေ့တွေ ရောင်နိုင်တယ်။ Arthralgias အဆစ်တွေ နာနိုင်တယ်။
(က) Mild ENL သာမန်ဖြစ်တာကို Aspirin 600-1200 mg/day ကို တနေ့တာအတွက် ၄-၆ ခါခွဲသောက်စေတယ်။
(ခ) Severe ENL ဆိုးတာကို Prednisone ဆေးကို 60-80 mg/day ကနေ စပေးပြီး လျှော့လျှော့ပေးရမယ်။ ၂-၄ ပါတ်မှာ 5-10 mg ကျနဲ့ ပျောက်တဲ့အထိ လျှော့သွားရတယ်။
(ဂ) Clofazimine (Lamprene) ဆေးကို 50 to 100 milligrams တနေ့ တခါသောက်ရတယ်။
(ဃ) Thalidomide 100 mg တနေ့ ၄ ကြိမ်၊ အနာသိပ်ကြီးသူတွေ၊ အဆစ်သိပ်နာသူတွေ၊ ကိုယ်ပူများသူတွေကို ပေးတယ်။

Prednisolone ဆိုတာ (စဆီရွိုက်) ဆေးဖြစ်တယ်။ လူ့ကိုယ်ရဲ့ ရောင်ရမ်းခြင်းဖြစ်စဉ် ဆိုတာကို တားဆီးပေးတယ်။ ဆေးအနေနဲ့ နေရာ အများကြီးမှာ သုံးတယ်။ (အလာဂျီ) ရတာတွေ၊ နာတာရှည်အရေပြားနာတွေ၊ နာတာရှည်အူရောင်တာ၊ အဆစ်နာရောဂါ၊ Lupus, Psoriasis နဲ့ Breathing disorders တွေပါဝင်ကြတယ်။ ကိုယ်ဝန်ခဏခဏပျက်နေသူတွေကို Steroid ဆေးပေးကုတာလဲ လုပ်နိုင်တယ်။

ဆရာဝန်က မညွှန်းဘဲ ဆေးမသောက်သင့်ဘူး။ ဆရာဝန်ပြောတဲ့အတိုင်းလဲ အတိအကျလိုက်နာရမယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျက်စိအမြင်ကို ထိခိုက်နိုင်တယ်၊ ကိုယ်အလေးချိန် တိုးမယ်၊ မျက်နှာပြည့်ဝိုင်းလာမယ်၊ စိတ်ဓါတ် ကျနိုင်တယ်၊ တက်နိုင်တယ်၊ သွေးယိုလို့ ချောင်းဆိုးတာထဲဖြစ်ဖြစ် ဝမ်းသွားတာထဲဖြစ်ဖြစ် ပါလာမယ်၊ သရက်ရွက် ရောင်နိုင်တယ်၊ ပိုတက်ဆီယမ် နည်းစေနိုင်တယ်၊ သွေးဖိအား တက်စေနိုင်တယ်၊ အိပ်ရေးပျက်မယ်၊ စိတ်မူ မတူဖြစ်တတ်တယ်၊ ဝက်ခြံထွက်၊ အရေပြားပါး၊ အရောင်ပြောင်း၊ အနာကျက်နှေးကွေး၊ ချွေးထွက်များ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့-အန်ချင်။

Dr တင့်ဆွေ
၁၄-၁၁-၂ဝ၁၁

Tue, Nov 15, 2011 at 7:56 PM
များစွာ ကျေးဇူးတင်ပါတယ်။ ကျနော် သိပ်နားမလည်သည်မှာ ဆရာယခု ပြောပြသည့်အချက်များမှာ ဆေးသောက်ပြီးလျှင်လည်း ထိုလက္ခဏာများ ဆက်လက် ဖြစ်တတ်သည်ကို ဆိုလိုတာဟု ပြောတာပါလား။ ကျနော် (့) ဆေးရုံတွင်လည်း ပြသပြီး ဆေးစစ်ဘူးပါသည်။ မည်သည့် ရောဂါမျှ မတွေ့ရှိဟု ပြောပါသည်။ ကျနော်ကိုယ်တိုင်လဲ သံသယရှိမိနေပါသည်။ ထိုအာရုံကြောများ ပျက်စီးသွားသည်ဟု ပြောဆိုခြင်းမှာ ဆေး ထပ်မံသောက်သုံးလျှင် ပြန်လှည် ကောင်းမွန်နိုင်ပါသလား။ တသက်လုံးထိုသို့ ဖြစ်သွားမည်ဟု ဆိုလိုသလားဆိုတာ ထပ်မံ ပြောပြပေးပါခင်ဗျား။ ကျနော် မည်သည့် ဆရာဝန်မျိုးနှင့် ပြသသင့်သည်ကိုလဲ အကြံဥဏ်များပေးပါ။ ဒီဇင်ဘာကုန်လျှင် မြန်မာပြည် ပြန်ပါတော့မည်။ မြန်မာပြည်တွင်လည်း မည်သို့သော ဆရာဝန်မျိုးနှင့် ပြသသင့်သည်ကို အကြံဥာဏ်များ ပေးစေချင်ပါသည်။ ကျနော်ရောဂါအတွက် အရမ်းစိတ်ညစ်၍ စိတ်ဓါတ်များ ကျဆင်းနေမိပါသည်။ ကျေးဇူးပြု၍ အကြံဥာဏ်များ ပေးစေချင်ပါတယ် ဆရာခင်ဗျား။

ဒီရောဂါမျိုးဟာ အာရုံကြောနဲ့ဆိုင်တယ်။ အာရုံကြောမှန်သမျှ ပျက်သွားတာဟာ အသားနုတက်၊ အမာရွတ်လို မဖြစ်ပါ။ (ဆဲလ်) အသစ်ပြန်မဖြစ်ပါ။ အာရုံကြောရောဂါ မှန်သမျှကို ထပ်မတိုးစေအောင်သာ ဦးတည်လုပ်ပေးရတယ်။

မေးတဲ့သူမှာ ရောဂါဆေးကို ဆေးပတ်လည်အောင်သောက်ထားလို့ ပိုးတွေသေသွားပါမယ်။ ပျက်စီးပြီးသားတွေ၊ တဝက်တပျက်သာ ကောင်းနေတာတွေဆက်ရှိနေမယ်။ ထုံတာ၊ ကျင်တာမျိုး ရှိတဲ့နေရာတွေမှာ ရှိနေမယ်။

အရေပြား အထူးကုဆရာဝန်နဲ့ သက်ဆိုင်ပါတယ်။ အနာကြီးတိုက်ဖျက်ရေးဌာနက ဆရာဝန်တွေလဲ အထူးတတ်သိကြပါတယ်။

စိတ် လုံးဝ မညစ်ပါနဲ့။ ဆေးသောက်ထားလို့ သူများလဲ မကူးစေပါ။ အသက်အတွက်လဲ စိုးရိမ်စရာမရှိပါ။ ဆေးကုလို့ရတဲ့ရောဂါ ဖြစ်ခဲ့တာလို့သာ အပေါင်းဘက်ကနေ မြင်သင့်ပါတယ်။

မြန်မာနိုင်ငံသားပီပီ စိတ်ကောင်း၊ စေတနာတွေ ပိုထားပြီး ကိုယ့်ဝေဒနာကို သက်သာရာရစေမယ်လို့ ယုံကြည်သင့်ပါတယ်။

ချောင်းဆိုးတိုင်း ဆေးရုံတက်စရာ မလိုပါ။ ပိုအရေးကြီးတာက တီဘီ ပြန်ဖြစ်တာ မဟုတ်ဘို့ များပါတယ်။ ဒီရောဂါ သက်သာလာရင် ပျောက်ကင်းသွားရင် လူက ကိုယ်အလေးချိန် တိုးလာတယ်။ စားချင်စိတ်လဲ ပိုလာမယ်။ အသေားအရေတော့ နဲနဲ ညိုချင်သလိုဖြစ်တတ်တယ်။