ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, November 27, 2011

Lung Cancer (1) အဆုပ် ကင်ဆာ (၁)

Sep 29, 2011 at 6:45 PM
ကျွန်တော့် အဖေဟာ အသက် ၅၅ နှစ်ရှိပါပြီ။ သူ့မှာ ဆီးချိုရောဂါရှိတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး သိခဲ့ရပါတယ်။ အခုတခါ ဆေးစစ်ကြည့်လိုက်တော့ အဆုတ်မှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ၁၃-၅-၂၀၁၁ မှာ ရန်ကုန်မှာ မှန်ပြောင်းကြည့် အသားစယူပြီး သိလိုက်ရတာပါ။ အဲတာ ဆရာဝန်က ခွဲရမယ်လို့ ပြောပါတယ်။ အဖေက ဘယ်လိုမှ ခွဲဖို့ကို ပြောလို့ မရတော့ပါဘူး။

(စီးပွားရေး အခြေအနေကြောင့်လဲ ပါပါတယ်) အခုဆို ၉ လပိုင်းလောက် ရောက်ရော ချောင်းဆိုးရင် သွေးပါ ပါလာပါတယ်။ အဆုတ်ကင်ဆာနဲ့ ပတ်သတ်လို့က ဘာဆေးမှ မတိုက်ရသေးပါဘူး။ ဘယ်လို ကုသရင် ကောင်းမယ်ဆိုတာလေး သိချင်ပါတယ်။ ကျွန်တော်တို့က နယ်မြို့လေးတမြို့ကပါ ဆေးပညာ ဗဟုသုတလဲ နည်းပါတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိပါဘူး။

• ကင်ဆာကြောင့် သေဆုံးရမှုထဲမှာ အများဆုံး ဖြစ်တယ်။ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ရှူမိတာနဲ့ ဆက်စပ်မှု ရှိတယ်။
• အသက်ကြီးသူတွေမှာ အများဆုံးဖြစ်တယ်။ အဆုပ်ကင်ဆာ လူနာတွေရဲ့ ၇ဝ% ဟာ အသက် ၆၅ နှစ်ကျော်တွေ ဖြစ်တယ်။ ၄၅ နှစ်အောက်မှာ ၃% သာဖြစ်တယ်။
• US National Cancer Institute အမေရိကန် အမျိုးသား ကင်ဆာဌာနရဲ့ ခန့်မှန်းချက်အရ ယောက်ျား-မိန်းမ ၁၄ ယောက်မှာ ၁ ယောက်ဟာ တချိန်ချိန်မှာ အဆုပ်ကင်ဆာ ဖြစ်နိုင်တယ်။
• အလားအလာ မကောင်းပါ။ ၅ နှစ်အထိ အသက်ရှင်နှုန်း ၁၆% သာရှိတယ်။
• အဆုပ်မှာ ကင်ဆာ စဖြစ်တာနဲ့ တခြားနေရာမှာ ကင်ဆာဖြစ်နေရာကနေ အဆုပ်ကိုကူးလာတာလဲရှိတယ်။ ဥပမာ ဆီးကျိတ် ကင်ဆာကနေ သွေးကတဆင့် အဆုပ်ကို ရောက်လာတယ်။
• အဆုပ်ရဲ့ နေရာတကာမှာ ကင်ဆာ ဖြစ်နိုင်ပေမဲ့ ၉ဝ-၉၅% ဟာ Bronchi နဲ့ Bronchioles ဆိုတဲ့ လေပြွန်တွေကို ဖုံးပေးထားတဲ့ Epithelial cells တွေကနေဖြစ်တယ်။ ဒါ့ကြောင့် အဆုပ်ကင်ဆာကို Bronchogenic cancers or Bronchogenic carcinomas လို့ ခေါ်တယ်။
• အဆုပ်ကိုဖုံးပေးထားတဲ့ Pleura အလွှာကဖြစ်တာကို Mesotheliomas လို့ခေါ်တယ်။

ဘယ်လိုလူတွေမှာ အဖြစ်များသလဲ။
• Smoking ဆေး-ဆေးလိပ် သောက်သူ၊ သုံးသူ၊
• Passive smoking တဆင့်ခံ ဆေးလိပ်ငွေ့ရှူမိသူ၊
• Asbestos fibers မီးခံကျောက်ပြား၊
• Radon gas (ယူရေနီယမ်) အဟောင်းအဆွေးကနေဖြစ်လာတဲ့ ဓါတ်ငွေ့၊
• မျိုးရိုးလိုက်နိုင်တယ်။
• COPD နာတာရှည် လေဝင်လမ်းကြောင်းပိတ် အဆုပ်ရောဂါရှိနေသူတွေဟာ ၄-၆ ဆ ပိုတယ်။
• အရင်က အဆုပ်ကင်ဆာဖြစ်ဘူးသူ ၁-၂% နောက်ထပ်ဖြစ်နိုင်တယ်။
• Air pollution လေထုညစ်ငြမ်းမှု၊

Types of lung cancer အဆုပ်ကင်ဆာ အမျိုးအစားတွေ
• Small cell lung cancers (SCLC) နဲ့ Non-small cell lung cancers (NSCLC) (ဆဲလ်) အသေး-အကြီး ဆိုပြီး ၂ မျိုး ရှိတယ်။
• SCLC ဖြစ်တာ ၂ဝ% ရှိပေမဲ့ ရောဂါတိုးတာမြန်တယ်။ တခြားနေရာတွေကို ပြန့်တယ်။ ဆေးလိပ်နဲ့ဆက်စပ်တယ်။ ၁% သာ ဆေးလိပ်မသောက်သူမှာ လာဖြစ်တယ်။ (ဆဲလ်) ပုံပန်းကြည့်ပြီး Oat cell carcinomas လို့လဲ ခေါ်တယ်။
• NSCLC အမျိုးအစားက ၈ဝ% ဖြစ်တယ်။ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။ Adenocarcinomas အမျိုးအစားက ၅ဝ%၊ Squamous cell carcinomas အမျိုးအစားက ၃ဝ%၊ Large cell carcinomas နဲ့ အမျိုးအစားတွေ ရောဖြစ်တာလဲ ရှိတယ်။
• NSCLC နဲ့ SCLC အပြင် တခြားရှားတဲ့ အမျိုးတွေလဲ ၅-၁ဝ% ရှိသေးတယ်။ ဥပမာ Bronchial carcinoids ၅% ရှိတယ်။
• အဆုပ်ထဲက တခြား (တစ်ရှူး) တွေကနေလဲ ကင်ဆာဖြစ်လာတာရှိတယ်။ ဥပမာ ကြွက်သားနုနဲ့ သွေးကြော စတာတွေ ကနေ ဖြစ်တယ်။

Symptoms and Signs ရောဂါလကဏာတွေဟာ ဖြစ်တဲ့နေရာအပေါ်မူတည်ဖြစ်လာစေတယ်။ ၂၅% လောက်ဟာ ဆေးစစ်လို့ X-ray or CT scan ဓါတ်မှန်၊ (စီ-တီ-စကင်) ရိုက်မှ ကင်ဆာရှိနေမှန်း သိလာရတယ်။ ဘာမှ မခံစားရဘူး။ ခံစားရနိုင်တာတွေက အသက်ရှူရ ခက်တယ်။ ချောင်းဆိုးမယ်။ အသက်ရှူသံက စီစီနဲ့ ဖြစ်လာမယ်။ ရင်ပတ်နာမယ်။ ချောင်းဆိုး သွေးပါမယ်။ အာရုံကြော ထိခိုက်လာရင် ပခုံးကနေ လက်မောင်းအပြင်ဘက်အထိ နာမယ်။ အသံဖြစ်စေတဲ့ Vocal cords ထိခိုက်လာရင် အသံဝင်မယ်။ Esophagus အစာမျိုပြွန် ထိခိုက်လာရင် အစာမြိုရ ခက်လာမယ်။

Infections ရောဂါပိုးဝင်ရင် Abscesses ပြည်တည်တာတို့ Pneumonia နူမိုးနီးယားတို့ ဆက်ဖြစ်နိုင်တယ်။ အဆုပ်က တခြားနေရာအထိ ရောက်မယ်ဆိုရင် နေရာအလိုက်ခံစားရမယ်။ ဥပမာ အရိုး၊ ဦးနှောက်၊ Paraneoplastic symptoms ဘေးထွက် လက္ခဏာတွေလဲ ရှိတတ်တယ်။ ဥပမာ ဟော်မုန်းနဲ့တူတာတွေ ထွက်တတ်တယ်။ Nonspecific symptoms ယေဘုယျဆန်တဲ့ လက္ခဏာတွေလဲ ရှိမယ်။ ဥပမာ ကိုယ်အလေးချိန်ကျတာ၊ အားယုတ်တာ၊ စိတ်ဓါတ်ကျတာနဲ့ စိတ်မူပြောင်းတာတွေ ဖြစ်တယ်။

အဆုပ်ကင်ဆာသေခြာအောင် စမ်းသပ်နည်းတွေအများကြီးလုပ်နိုင်တယ်။
• Chest X-ray
• CT (computerized tomography, computerized axial tomography, or CAT) scans
• Magnetic resonance imaging (MRI) scans
• Positron emission tomography (PET) scanning
• Bone scans
• Sputum cytology
• Bronchoscopy
• Needle biopsy
• Thoracentesis
• Blood tests

Staging of lung cancer အဆုပ်ကင်ဆာ အမျိုးအစားတွေ
ကိုယ်ခန္ဓာထဲ ဘယ်လောက်အထိ ပြန့်နေပြီလဲ ဆိုတာကို ကြည့်ပြီး အဆင့်သတ်မှတ်တယ်။ NSCLC အမျိုးအစားကို အဆင့် ၁ ကနေ ၄ အထိခွဲထားတယ်။

Treatment for lung cancer ဘယ်လိုကုသသလဲ။
• Surgery ခွဲစိတ်ကုသတာ၊ Chemotherapy ကင်ဆာဆေးပေးတာ နဲ့ Radiation therapy ဓါတ်ကင်တာတွေ လုပ်တယ်။ Experimental methods စမ်းသပ်ကုသနည်းတွေလဲ လုပ်ပါသေးတယ်။
• ကင်ဆာမှန်သမျှကို ကုသနည်းအတိုင်း Curative ပင်ရင်းအကြောင်းကို ကုသမှုပေးတာနဲ့ Palliative ခံစားနေရမှု ဒုက္ခသက်သာစေအောင် လုပ်ပေးတာလို့ ရှိတယ်။
• Surgery ခွဲစိတ်တာကို stage I or II NSCLC အတွက်လုပ်ပေးတယ်။ အဆုပ်ကင်ဆာထဲက ၁ဝ-၃၅% ကို ခွဲစိတ်ထုတ်ပြစ်လို့ရတယ်။ ခွဲလို့ရပေမဲ့ ပျောက်သွားပြီလို့တော့ မဆိုလိုပါ။ အဖြစ်နှေးတဲ့အမျိုးအစား၊ စတွေတာက ပိုက်ဆံစေ့လို သီးခြားဟာမျိုးလေးသာဆိုရင် ၂၅-၄ဝ% ဟာ ၅ နှစ်ခံဖြစ်နိုင်တယ်။
• Radiation therapy ဓါတ်ကင်ကုသတာကို NSCLC နဲ့ SCLC နှစ်မျိုးလုံးအတွက်လုပ်တယ်။
• Curative therapy ကင်ဆာပျောက်စေဘို့ရော၊ Palliative therapy ခံစားရတာတွေ သက်သာစေဘို့ရော၊ Adjuvant therapy ခွဲစိတ်ကုသမှုနဲ့ဖြစ်ဖြစ် ဆေးပေးတာနဲ့ဖြစ်ဖြစ် တွဲပြီးတော့ရော လုပ်ပေးတယ်။ လူနာက ခွဲစိတ်တာမခံချင်ဘဲ ငြင်းနေရင်လဲလုပ်တယ်။
• Chemotherapy ကင်ဆာဆေးပေးနည်းကိုလဲ NSCLC နဲ့ SCLC အတွက်ပါ လုပ်ပေးတယ်။ SCLC လို ပြန့်နှံ့တာ မြန်တဲ့ အမျိုးအစား အတွက် နည်းကောင်းဖြစ်တယ်။ Pills စားဆေး၊ IV infusion ထိုးဆေးတွေ လုပ်တယ်။
• Prophylactic brain radiation ဆိုတာ SCLC အမျိုးအစားက ဦးနှောက်ကိုပြန့်တာ ဖြစ်မလာအောင် ကာကွယ်တဲ့ အနေနဲ့ ဓါတ်ကင်ပေးတယ်။

• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html
• Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://dts-medicaleducation.blogspot.in/2012/07/lung-cancer.html

Dr. တင့်ဆွေ
၂၉-၉-၂ဝ၁၁