ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, November 27, 2011

Blood group matching before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား

Fri, Sep 23, 2011 at 2:36 PM
ဆရာရှင့် သမီးက အသက် ၂၇ နှစ်ပါ၊ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်သက်က ၁ နှစ်ပါ။ အမျိုးသားက ၂၇ နှစ်ပါ။ သူက O သွေး သမီးက AB သွေးပါ။ ကလေးယူဖို့ စဉ်းစားနေပါတယ်ရှင့်။ ဒါပေမဲ့ ကြားဖူးတာက ကလေးအဖေ နဲ့ ကလေးအမေနဲ့ သွေးမတည့်ရင် ကလေးမွေးပြီးတာနဲ့ သေတယ်လို့ ကြားဖူးထားလို့ပါ။ အဲဒါကို ကြောက်နေပါတယ်။ ကလေး မယူခင် သွေးတည့်-မတည့် စမ်းကြည့်လို့ ရပါသလားရှင့်။ သမီးက မြန်မာနိုင်ငံမှာပဲ နေတာပါ။

• Matching blood group before marriage is important လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးကြီးတယ်။
• Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။ မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။ Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက Placenta အချင်း ကတဆင့် ကလေးဆီ ကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။ Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ cells သွေးနီဥတွေ မျက်နှာပြင်မှာ D antigen ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။ ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ
• Rh negative မိခင်ကနေ Rh positive ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ မိခင်ရဲ့ Immune system ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive red blood cells သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ ဒါကိုဆန့်ကျင်တဲ့ Antibodies တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။ Sensitization ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား Antibodies တွေဟာ များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ Miscarriage ကိုယ်ဝန်ပျက်တာ၊ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာ၊ Induced abortion ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့် မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ
• မိခင်ရဲ့ ဆန့်ကျင်တဲ့ Antibodies တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပါးလို့ Anemia သွေးအားနည်းမယ်၊ Jaundice အသားဝါရောဂါရမယ်၊ Mental retardation ဦးနှောက်ညံ့မယ်၊ ကြာရင် Heart failure နှလုံးရောဂါရမယ်။
• သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီ Jaundice အသားဝါဖြစ်တာက Physiological jaundice ကလေးတိုင်း ဖြစ်တဲ့ အသားဝါထက် ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်
Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့ မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ ဘာမှ စိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

Dr. တင့်ဆွေ
၂၃-၉-၂ဝ၁၁