2011/7/15
Move free ဆေးက ဒူးနာရင် သောက်လို့ ရပါသလား။ တခြားနေရာတွေ နာရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း သိချင်လို့ပါ။ သောက်နည်း အညွန်းရော တနေ့ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်လုံး သောက်ရမှာပါလဲ အစာအိမ်ရောဂါ ရှိရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း ရှင်းပြပေးပါရှင့်။
• ဆရာဝန်တွေ သုံးတဲ့ဆေး အမျိုးအစား မဟုတ်ပါ။ ဆေးဆိုတာ အညွှန်း အတိအကျ ပါရမယ်။ ညွှန်တဲ့ ဆရာကလည်း ပြောပြနိုင်ရမယ်။ အညွှန်း ဆိုတာကလဲ ကြော်ညာရေးသလိုတွေ များနေရင် ဈေးရောင်းချင်လို့ ဖြစ်နိုင်သေးတယ်။ ဖတ်ပြီး ရေးပေးလို့တော့ ရပါတယ်။ ဒါက ဘာသာပြန်တာဘဲ ဖြစ်တယ်။
• Move Free ဆေးဟာ Dietary supplement အစာအာဟာရ ဖြည့်ပေးတဲ့ဆေးအမျိုးအစား ဖြစ်တယ်။ Glucosamine hydrochloride 1500 mg, Chondroitin sulfate 200 mg, Uniflex 250 mg, နဲ့ Hyaluronic acid 3.3 mg တွေပါတယ်။ အဲဒီထဲက Uniflex ဟာ Chinese Scullcap နဲ့ Black Catechu ဆေးဘက်ဝင်ကရတာ ဖြစ်တယ်။ ဆေးကို မကောင်းတဲ့ အဆစ်တွေ ကောင်းကောင်း လှုတ်ရှားစေဘို့ ဆိုပြီး ရောင်းချတာ ဖြစ်တယ်။
• Osteoarthritis and Cartilage စမ်းသပ်မှု အသေးစားတခု နဲ့ ဆေးထုတ်လုပ်သူတွေ အဆိုအရ ဆေးသောက်သူတွေဟာ ၈ ပါတ်နေရင် အစွမ်းပြတယ်လို့ ပါရှိတယ်။ ၈၃% မှာ အဆစ်တွေ အနေရ သက်သာလာတယ်။ ၇၈% မှာ တနေ့တာ အဆစ်တွေ အလုပ်လုပ်ရာ တိုးတက်လာတယ်။ ၇၂% မှာ လှုတ်ရှားမှု ပိုကောင်းလာတယ်။
• ဆေးညွှန်ကတော့ တရက်မှာ တခါသောက် ဆေး ၂ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၂ လုံးသာ အစာနဲ့သောက်ပါ။
• နောက်တနည်းက တရက်မှာ တခါသောက် ဆေး ၃ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၃ လုံးသာ အစာနဲ့သောက်ပါ။
• ဆေးကြော်ညာထဲမှာ မဟုတ်ဘဲ အင်တာနက်မှာ ဆေးသုံးဘူးသူတွေက ရေးကြတာတွေလဲ သိသင့်တယ်။ တဦးချင်း အတွေ့အကြုံတွေ ဖြစ်တယ်။ သုတေသနတော့ မဟုတ်ဘူး။
၁။ Acute Liver Toxicity အသဲကို ထိခိုက်တယ်။
၂။ ၄ ရက်သောက်ပြီး ရင်ပြည့်ပြီး အစာမစားနိုင် ဖြစ်တယ်။
၃။ Move Free Advanced Triple Strength ကို တလလောက်သောက်ပြီး အစာအိမ် လေနာတာ၊ ရင်ပြည့်တာနဲ့ ဝမ်းပျက်တာတွေ ဖြစ်တယ်။
၎။ Move Free Advanced ဆေးကို နာမည်ပြောင်းတာ သောက်ပြီး ဝမ်းပျက်တယ်။
၅။ အတူတူဘဲ အဲလိုဖြစ်တယ်။
၆။ ကျမအမေ အသက် ၇၉ နှစ်၊ ဝမ်းအရည်တွေ ဒလဟော သွားတယ်။
၇။ Move Free diarrhea pills ဝမ်းနုတ်ဆေးလို့ ခေါ်သင့်တယ်။
၈၊ ဝမ်းပျက်၊ ဗိုက်နာဖြစ်ပါတယ်။
၉။ အသက်ရှူမရ၊ ပါးစပ်မှာ အနာပေါက်၊ ဘာမှ မစားနိုင်။
၁ဝ။ တလသောက်ပြီး လေထတယ်၊ ဝမ်းပျက်တယ်။
၁၇-၇-၂ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/