ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Sunday, November 27, 2011

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း

Jul 24, 2011 at 6:45 PM
ကျနော် လွန်ခဲ့တဲ့ ၂ လလောက်စပြီး အသားအရေ ယားယံတဲ့ ဝေဒနာ ခံစားနေရပါတယ်။ ယားလို့ ကုတ်လိုက်တဲ့ အခါတိုင်း (Allergic) တွေ ဖြစ်လာပါတယ်။ အဲဒါကြောင့် အသိမိတ်ဆွေ တစ်ယောက်ရဲ့ အညွှန်း အတိုင်း Lergi (Cetrizine 10mg) ဆေးကို တစ်နေ့ တစ်လုံးကျ သောက်ပါတယ်။ ထိုဆေး သောက်ဖို့ တစ်ရက် ပျက်ကွက်ပါက နောက်တစ်နေ့တွင် ယားယံခြင်းကို ပြန်လည်ခံစားရပါတယ်။ သို့ပါကြောင့် ထိုဆေးကို ရေရက်ဆက် သောက်သင့်၊ မသောက်သင့်၊ ရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်းနှင့် ကုသခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည် ဖြေကြား ပေးစေလိုပါတယ် ခင်ဗျာ။


(အလာဂျီ) အကြောင်းတွေ ရေးထားပါတယ်။
၁။ Allergy သို့မဟုတ် မတည့်အတူနေ
၂။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
၃။ Allergic rhinitis အလာဂျီ နှာခေါင်း
၎။ Q and A နဲ့ Health News Update တွေထဲမှာလဲ အတော်များများ ပါနေပါတယ်။

• Generic name ဆေးနာမယ် = Cetirizine
• BRAND NAME ဆိုင်တင်နာမယ် = Zyrtec

(စီထရက်ဇင်း) ဟာ ပဲလှော်လို စားနေကြရတဲ့ဆေးမျိုးဖြစ်တယ်။
ဘယ်လို ဆေးလဲ
Antihistamines ဆိုတာ Allergic reactions (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Antihistamines (အင်တီ-ဟစ်တမင်း) ခေါ်တဲ့ (အလာဂျီ) အတွက် အများဆုံး သုံးကြရတဲ့ဆေး ဖြစ်တယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက် ဆေးဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲ ဆိုရင် Non-sedating အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် = 5mg နဲ့ 10mg စားဆေး၊

Allergic symptoms (အလာဂျီ) ရရင် ဘာတွေ ဖြစ်သလဲ။
၁။ Hay Fever ဆိုတာ ဖြစ်ရင် Sneezing နှာချေ၊ Itchy nose (Allergic rhinitis) နှာခေါင်းယား၊ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။
၂။ Urticaria (Hives) ဆိုတာ အနီပြင် (အင်ပြင်) တွေထွက်တာကိုခေါ်တယ်။

ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲ ရပါတယ်။
Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလဲ ပေးနိုင်တယ်။

Side effects ဘေးထွက်-ဆိုးကျိုးတွေ = Sleepiness ၁၄% မှာ အိပ်ချင်တယ်၊ Dry mouth အာခေါင်ခြောက်၊ Nausea ပျို့၊ Headache ခေါင်းကိုက်၊ Fatigue အားယုတ်၊ Sore throat လည်ပင်းနာ။
Hives အနီပြင် (အင်ပြင်) ထနေတာကို Cetirizine ဆေးတမျိုးထဲနဲ့ မရဘူး။ Epinephrine ဆေးပါပေးရတယ်။

Urticaria (Hives) အင်ပြင်ထွက်ခြင်း
အမျိုးအစားတွေခွဲခြားရင် -
Acute ရက်တိုခဏ ဖြစ်တာနဲ့ Chronic ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။
• Drug-Induced Type ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊
• Physical Type ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊
• Pressure Type ဖိအားကနေဖြစ်တာ၊
• Cholinergic or Stress (Adrenergic) အာရုံကြောတမျိုးစီကနေဖြစ်တာ၊
• Cold Urticaria အေးလို့ဖြစ်တာ၊
• Heat Urticaria ပူလို့ဖြစ်တာ၊
• Solar Urticaria နေရောင်ကြောင့်ဖြစ်တာ၊
• Water Urticaria ရေကြောင့်ဖြစ်တာ၊
• Vibratory Angioedema တုံခါမှုကြောင့်ဖြစ်တာ၊
• Exercise-Induced Anaphylaxis လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊

Causes အကြောင်းရင်းတွေ ရှာရင် -
၁။ Medication ဆေးဝါး၊
၂။ Diet အစားအစာ၊
၃။ Physical agents ရုပိပိုင်း နဲ့
၎။ Other တခြားအကြောင်းခံတွေဖြစ်နိုင်တယ်။

မတည့်တဲ့ဆေးတွေထဲမှာ ဆီးချိုဆေး Sulphonylurea glimepiride (Amaryl)၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides နဲ့ Anticonvulsants တွေ ပါတယ်။
မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ Nuts အစေ့အဆွတွေပါတယ်။ Peanuts မြေပဲ၊ Eggs ဥ၊ Wheat ဂျုံ၊ Soy ပဲပုတ်။

အင်ပြင်တွေ ဘယ်လိုဖြစ်လာသလဲ ဆိုတာ အနုကြည့် မှန်ဘီလူးနဲ့စစ်ရင် အရေပြားမှာ ရောင်ရမ်းခြင်းဖြစ်စဉ် ဖြစ်လာတယ်၊ သွေးကြော သေးသေးလေးတွေထဲကနေ အရည်တွေ စိမ့်ထွက်လို့ ဖေါင်း-ရောင်လာတာ တွေ့ရမယ်။

တကယ်တန်း ပြောရရင် အင်ပြင်ထွက်တာဟာ Allergic (အလာဂျီ) တမျိုးထဲကြောင့်တော့ မဟုတ်ဘူး။ Non-allergic တခြား အကြောင်းခံလဲ ရှိသေးတယ်။
• Allergic urticaria (အလာဂျီ) အင်ပြင်၊
• Autoimmune urticaria (အော်တို-အင်မြူး) အင်ပြင်၊
• Infections (အင်ဖက်ရှင်) အင်ပြင်၊
• Non-allergic urticaria (အလာဂျီ) မဟုတ်တဲ့ အင်ပြင်၊
• Dietary histamine poisoning အစားအစာတွေထဲမှာပါတဲ့ (ဟစ်တမင်း) အဆိပ်သင့်တာ၊ scombroid food poisoning လို့လဲ ခေါ်တယ်။ Fish flesh ငါးစားရာက ဖြစ်တာ များတယ်။ တချို့အနီပြင်တွေက အသီးထသလို မနေတာလဲ ရှိနိုင်တယ်။
• Stress urticaria စိတ်ဖိအားကြောင့်လဲ ဖြစ်နိုင်တယ်။
• Chronic idiopathic urticaria အကြောင်း ရှာမရတာမျိုးကို ခေါ်တယ်။

Cetirizine ဆေးအပြင် တခြား Antihistamines တွေထဲမှာ Fexofenadine, Diphenhydramine, Hydroxyzine နဲ့ တခြား H1 receptor antagonists ဆေးတွေ ပါတယ်။ စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေးအုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ Topical creams လိမ်းဆေးတွေလဲသုံးနိုင်တယ်။ Hydrocortisone, Fluocinonide, Desonate တွေ ဖြစ်ကြတယ်။

• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

Dr. တင့်ဆွေ
၂၄-၇-၂ဝ၁၁