ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, November 27, 2011

Voice problems အသံ ပြဿနာ

2011/9/9
ကျွန်မ ဇွန်လထဲမှာ အလုပ်ကိစ္စ (့) ကို ခရီးသွားရပါတယ်။ ဟိုတယ်မှာ အဲကွန်း ဖွင့်ထားတဲ့ အခန်းထဲမှာ ရေချိုး၊ ခေါင်းလျှော်ပြီးတော့ အိပ်လိုက်ပါတယ်။ နောက်နေ့ကစပြီး ကျွန်မ အသံ ပုံမှန်မဟုတ်တော့ဘူးလို့ ခံစားရပါတယ်။ ကျွန်မအလုပ်က ဟောပြောပွဲမှာ ကျွန်မတို့ Company က စီစဉ်ထားတဲ့ Program ကို ရှင်းပြရတာဖြစ်ပါတယ်။ အမြဲတမ်း မဟုတ်ပေမယ့် တစ်လကို အနည်းဆုံး တစ်ခါတော့ ပုံမှန် ဟောပြောပွဲလုပ်ရတာမျိုးပါ။ အသံပုံမှန် မဟုတ်ဘူးဆိုတာက ကျွန်မ စိတ်ထင်တာ ပြောရရင် အသံကြိုး တစ်ခုခုရောင် သွားတယ်လို့ ထင်ပါတယ်။

နဂိုပုံမှန်အသံက မသေးပေမယ့် စူးပါတယ်။ ပြတ်သားပါတယ်။ ကျွန်မအရင်က အိမ်အလုပ်လုပ်ရင်းနဲ့ သီချင်း ညီးနေကျ ဆိုတော့ သိသာပါတယ်။ အခုဆိုလို့မရတော့ပါဘူး။ အသံက မထွက်ချင်ထွက်ချင်နဲ့ ဗလုံဗထွေး ဖြစ်နေပါတယ်။ ပြီးတော့ မသိမသာ အားစိုက်ပြီး ပြောနေရတာပါ။ ရင်လည်း မကျပ်ပါဘူး။ ချောင်းလည်း မဆိုးပါဘူး။ ဝမ်းလည်း မချုပ်ပါဘူး။ မြန်မာဆေးတွေလည်း သောက်ပါတယ်။ မှန်ချို၊ အဆုပ်သန့်ဆေး၊ သံပုရာသီးနဲ့ ဆားရည်လည်းသောက်ပြီးပါပြီ။ ဆီကြော်မုန့်တွေလည်း ရှောင်ထားပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါဦး ဒေါက်တာရယ်။

အသံပြဿနာတွေဆိုတာ ဘာလဲ။
အသံရဲ့ Pitch အနိမ့်-အမြင့်၊ Loudness အတိုး-အကျယ်၊ Quality အရည်အသွေးတွေကို ထိန်းပေးဘို့ အခက်အခဲရှိတာ၊ ဒါမှမဟုတ် အဲလိုလုပ်ရင် နာတာကို ခေါ်တယ်။ အသက်ရှူထုတ်လိုက်ရင် လေဟာ လည်ချောင်းထဲကနေ ပွင့်နေတဲ့ Vocal cords အသံကြိုးတွေ ကြားထဲကနေ ပါးစပ် နဲ့ နှာခေါင်းကနေ ထွက်ရတယ်။ စကားပြောရင် တဝက်တပျက် ပိတ်နေတဲ့ အသံကြိုးတွေ ကြားကနေ လေဖြတ်စီးတယ်။ ဒီလိုလုပ်တိုင်း Vibrations တုံခါမှုဖြစ်စေပြီး၊ Unique sound ကိုယ်ပိုင်အသံ ထွက်လာတော့တယ်။ အသံထွက်အောင် Lungs အဆုပ်၊ Voice box အသံအိုး နဲ့ Mouth ပါးစပ်တွေကနေ လုပ်ဆောင်ပေးရတာ ဖြစ်တယ်။ ဒီအထဲက တနေရာရာမှာ တခုခုဖြစ်ရင် အသံပြဿနာ ရှိလာမယ်။

ဘယ်သူမဆို အသံပြဿနာတက်နိုင်တယ်။ အဆိုတော်၊ ကျောင်းဆရာ၊ သင်တန်းပေးသူ စသူတွေဟာ အသံကြိုးတွေကို အသုံးများသူတွေမို့ ဖြစ်နိုင်ခြေ ပိုများတယ်။ အသက်အရွယ် ရလာသူတွေလဲ ပါသေးတယ်။ အသံကို ကျယ်ကျယ်ပြောရ၊ အော်ရသူတွေမှာ ပိုဖြစ်မယ်။ အသံဖြစ်ရာ နေရာနဲ့နီးနီး ခွဲစိတ်ကုသတာခံရရင်လဲ ဖြစ်မယ်။ ဆေးလိပ်သောက်သူ၊ လည်ချောင်း-ကင်ဆာ ရှိသူတွေလဲ ပါတယ်။

ဆိုးသလား၊ မဆိုးဘူးလား၊
အအေးမိရာကနေ Laryngitis လည်ချောင်းရောင်တာ အဖြစ်များတယ်။ ဒီလိုဖြစ်တာ ခဏသာကြာပြီး ပြန်ကောင်းမယ်။ ၂-၃ ပါတ် နေလို့မှ မပျောက်ရင် ဆရာဝန်လိုပြီ။ ဖြစ်လိုက်-ပျောက်လိုက်ဆိုရင်လဲ ဆေးကုသရမှာဘဲ။ စစ်ဆေးတဲ့အခါ နောက်ဆုံး Flexible or Rigid endoscopy လည်ချောင်းထဲကို ပါးစပ် ဒါမှမဟုတ် နှာခေါင်းကနေ ကရိယာထည့်ကြည့်တာ လုပ်ရတယ်။

ဘယ်လို ပျောက်အောင်လုပ်မလဲ၊
အတော်များများ အသံမထွက်အောင် နားနေလိုက်တာနဲ့ ကောင်းသွားပါမယ်။ ပြောတာပြောရ တချို့ နားမရသူတွေ ရှိတယ်။ ရက်ကြာလို့ မပျောက်ရင် Medicines ဆေးဝါး၊ Surgery ခွဲစိတ်တာ၊ Voice therapy အသံကုသမှုခံယူတာ နဲ့ Combination အဲဒါတွေ တွဲလုပ်ရတာတွေ လိုမယ်။ အချိန်ယူရတတ်တာအတွက် စိတ်ရှည်ပါ။

1. Medications to treat sinus drainage အအေးမိရာကနေ (ဆိုင်းနပ်စ်) တွေထဲကနေ ထွက်စရာတွေ ကောင်းကောင်း မထွက်နိုင်သူတွေအတွက် Decongestants, Antihistamines, or Steroid nasal sprays ဆေးတွေပေးတယ်။ (အလာဂျီ အကြောင်းရေးတာထဲမှာ ဆေးတွေအကြောင်း ပါတယ်။)
2. Medications to treat acid reflux အစာအိမ်ကနေ အက်စစ်ဓါတ်တွေ အထက်ဆန်ရာဖြစ်ရသူတွေအတွက် Zantac or Prilosec ဆေးတွေပေးမယ်။ (GERD အကြောင်း ရေးထားပါတယ်။)
3. Medications to reduce inflammation of the vocal folds အသံကြိုးနေရာ ရောင်နေသူတွေအတွက် Oral steroids (စတီရွိုက်) ဆေး ပေးမယ်။ အကြာကြီးတော့ မသုံးရဘူး။
4. Medications to thin secretions အရည်ထွက်များပြီး လည်ချောင်း ခဏခဏရှင်းနေတာ သက်သာဘို့ Guaifenesin ဆေးပေးမယ်။
5. ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရနိုင်တဲ့ဆေးတွေ သုံးနိုင်တယ်။ Saline nasal irrigation, Steamers နဲ့ Sucking on hard candies တွေဖြစ်တယ်။ Saline nasal sprays နဲ့ Guaifenesin (Robitussin expectorants) တွေကလဲ အထောက်အကူ ပြုတယ်။
6. Surgical Treatment တချို့ ခွဲစိတ်ကုသမယ်။
7. Functional Voice Therapy အသံ အထူးကုသမှုခံယူမယ်။

အသံကို ဒုက္ခပေးတဲ့ အမျိုးအစားတွေ၊
၁။ Structural Disorders အင်္ဂါအစိတ်အပိုင်းမှာ ဖြစ်တာတွေ၊
- Contact Ulcers ဆိုတာ Vocal fold (Vocal cord) အသံကြိုး နောက်ပိုင်း ဒါမှမဟုတ် Arytenoid cartilage အရိုးနုမှာ အနာဖြစ်တာ။ နာမယ်။

- Cysts (ဆစ်စ်) အိတ် ဆိုတာ Vocal fold ရဲ့အပေါ်ဖုံးလွှာအောက်မှာလာဖြစ်တယ်။ အသံကြိုး ၂ ခု အကွာအဝေး မညီတော့ဘူး။ တုံခါမှု ပြောင်းသွားမယ်။ လိုအပ်ရင် ခွဲစိတ်ကုသရမယ်။

- Granuloma (ဂရင်နူလိုးမား) ကင်ဆာ မဟုတ်တဲ့အသားပို၊ Larynx နောက်ပိုင်းမှာဖြစ်တယ်။ Vocal fold ရဲ့ အဖုံးလွှာ အောက်ဖြစ်ဖြစ် အနီးအနားမှာဖြစ်ဖြစ် ဖြစ်လာတယ်။ Glottic ဆိုတဲ့ ပါးစပ်ဟရင် မြင်ရတဲ့ အထက်ကနေ တန်းကျနေတဲ့ အသားနုအသီးလေး ဖွင့်တာ-ပိတ်တာကို အနှောင့်အယှက် ဖြစ်လာစေမယ်။ တုန်ခါမှု အားနည်းမယ်။ ဒါမှမဟုတ် တုန်ခါမှု မဖြစ်တော့ဘူး။Breaks in the voice စကားပြောရင်း ရပ်သွားတာဖြစ်လာမယ်။ ဒါမှမဟုတ် အသံကြမ်းပြီး အညီမညာ ဖြစ်လာမယ်။ ကြာကြာပြောလေ ဆိုးလေဖြစ်မယ်။ ဒီဟာမျိုးက အနာကျက်သလိုဖြစ်တာပါ။ အရိုးနုကို ပိုးဝင်ရာကနေ အနာကျက်စေအောင် ဖြစ်လာတယ်။ ခိုက်မိတဲ့ ဒဏ်သဘောကနေလဲ ဖြစ်တာဘဲ။ ချောင်းဆိုးပြင်းလို့၊ ကရိယာထည့်ခံရလို့၊ အစာအိမ်က အက်စစ်ရည် ဆန်တက်လို့၊ လည်ချောင်းရှင်းတာ များလွန်းလို့ စတာတွေကနေ ဖြစ်လာတာကို ပျောက်အောင်လုပ်တဲ့ ဖြစ်စဉ်ပါဘဲ။ ကုသရတာ မလွယ်လှဘူး။ ခွဲစိတ်ထုတ်ရင် ပြန်ဖြစ်တတ်တယ်။ ဆေးပေးနည်းကို အရင်သုံးတယ်။ Anti-reflux medications အစာခြေရည် ဆန်တက်တာ သက်သာဆေး၊ Steroids (စတီရွိုက်) ဆေး၊ Antibiotics ပဋိဇီဝဆေးတွေ ပေးပြီး Speech therapy လုပ်ပေးတာ ကောင်းတယ်။ ဒါတွေနဲ့ မရရင် မေ့ဆေးပေးပြီး Surgery ခွဲစိတ်မယ်။

- Hemorrhage သွေးယိုခြင်း၊ Vocal fold က သွေးကြော သေးသေးလေးကနေ သွေးယိုတာကြောင့်လဲ ဖြစ်တယ်။ ရုတ်တရက် ဖြစ်တယ်။ သွေးကျဲဆေး Aspirin (အက်စ်ပရင်) Vasodilator သွေးကြောကျယ်ဆေးတွေကြောင့် ဖြစ်ရင် တဖြေးဖြေး ဖြစ်လာမယ်။ အမျိုးသမီးတွေ လစဉ်ရာသီလာချိန်နဲ့ တွဲဖြစ်တတ်တယ်။ ဒါ့ကြောင့် ရာသီလာတုံး နာတတ်သူတိုင်း (အက်စပရင်) အသောက်မခိုင်းပါ။ သွေးနဲနဲ ထွက်တာ သူ့အလိုလို ကောင်းမယ်။ အသံကိုသုံးတာ အတတ်နိုင်ဆုံး နားနေရမယ်။ လုံးဝ မထွက်လေကောင်းလေ ဖြစ်တယ်။ ကံမကောင်းရင် သွေးခဲကို အဖုံးဖြစ်လာပြီး Cyst or Polyp အလုံး-အကျိတ် ဖြစ်လာနိုင်တယ်။

- Laryngitis လေပြွန်ရောင်ခြင်း၊ Viruses ဗိုင်းရပ်စ် နဲ့ Bacteria ဗက်တီးရီးယားတွေကနေ ဖြစ်စေတယ်။ Cold အအေးမိ၊ Flu တုပ်ကွေး၊ Bronchitis လေပြွန်ရောင်ကနေ ဆက်ဖြစ်တတ်တယ်။ Chronic laryngitis နာတာရှည်ဖြစ်တာက ဆေးလိပ်များ ၊အရက်သောက် လွန်ကဲတာနဲ့ Acid reflux (GERD) အစာအိပ်က အရည်တွေ အထက်ဆန်တာတွေကနေ ဖြစ်တယ်။ အသံကို အသုံးပြုတာ များသွားရင်လဲ ဖြစ်တယ်။ Lifestyle လူနေမှုပုံစံ ပြောင်းပါ။ ဆေးလိပ်ဖြတ်၊ အရက်ဖြတ်၊ စကားနည်းပါ။ Humidifier or inhale steam ရေငွေ့ဓါတ်သုံးပါ။ Lozenges or chewing gum သုံပါ။ Gargle ပါးစပ် ပလုပ်ကျဉ်းတာ များများလုပ်ပါ။ ဗိုင်းရပ်အတွက် သေးစေတဲ့ဆေးမရှိလို့ Antihistamines or inhaled steroids အထောက်အကူဆေးတွေသာ သုံးရတယ်။ ဗက်တီးရီးယားအတွက် Antibiotics ပေးပါ။ Honey ပျားရည်၊ Zinc lozenges ငုံဆေးတွေလဲ သုံးနိုင်တယ်။ (ဟာဗယ်) နည်းတွေလဲ ရှိတယ်။ Eucalyptus (Eucalyptus globulus), Licorice (Glycyrrhiza glabra), Marshmallow (Althea officinalis), Peppermint (Mentha x piperita) နဲ့ Slippery elm (Ulmus fulva) ဖြစ်တယ်။ Homeopathy (ဟိုမီယိုပသီ) နည်းလဲ ရှိပါတယ်။

- Singer's Nodes အဆိုတော် အကျိတ်၊ Vocal folds ရဲ့ မျက်နှာပြင်လွှာအောက်မှာ မီးလောင်ဖူးလို ဖြစ်တာကို ခေါ်တယ်။ အသံကြိုး နှစ်ချောင်းလုံးမှာ ဆင်တူဖြစ်တတ်တယ်။ အသံပြောင်းမယ်၊ အသံအနိမ့်-အမြင့်မတူ ဖြစ်မယ်၊ ကြာကြာ အသံအထွက်နိုင်ဘူး၊ သီချင်းဆိုပြီး မောနေတော့မယ်။ အသံကို အကြာကြီး ခပ်ကျယ်ကျယ် သုံးရသူတွေ ဖြစ်တယ်။ Functional voice therapy နဲ့ ကောင်းတာများတယ်။ တခါတလေမှ ခွဲစိတ်ရတယ်။

- Papilloma, Polyps (ပေါလစ်ပ်) အညှာပါအသီး၊ Cysts (ဆစ်စ်) နဲ့ တူတယ်။ အထဲမှာ အရည်-အစိုင်အခဲ အောင်းနေမယ်။ အရွယ်အစား ကြီးရင် ကြီးသလို ခံစားရမယ်။ သူ့အလိုလို မပျောက်ရင် ခွဲစိတ်ရမယ်။ ဆေးလိပ်သောက်သူဆိုတာ ခွဲရမှာဘဲ။

၂။ Functional Disorders အသံဖြစ်စဉ်ချို့ယွင်းချက်များ၊
- Muscle Tension Dysphonia ကြွက်သား အားနည်းရောဂါ၊ အမျိုးကွဲတွေရှိတယ်။ Functional therapy လုပ်ရမယ်။ ဆေးပေးတာနဲ့ ခွဲစိတ်တာ တချို့မှာသာ လိုတယ်။
- Parkinson's Disease, Myasthenia Gravis နဲ့ Amyotrophic Lateral Sclerosis (Lou Gherig's disease) ရောဂါတွေနဲ့ တွဲဖြစ်နိုင်တယ်။

၃။ Neurogenic Disorders အာရုံကြောချို့ယွင်းချက်များ၊
- Paralysis/Paresis အာရုံကြောတွေ အလုပ်မလုပ် လေဖြတ်မယ်။ Brain ဦးနှောက်ကနေ Larynx အသံအိုးသွားတဲ့ အာရုံကြော ၂ ချောင်း ရှိတယ်။ Recurrent laryngeal nerve ဆိုတာကို ထိခိုက်တာ များတယ်။ Functional voice therapy နည်းနဲ့ Surgical options ခွဲစိတ်နည်းတွေရှိတယ်။ Injections ဆေးထိုးနည်း၊ Implants နဲ့ Reinnervation နည်းတွေလဲရှိတယ်။
- Spasmodic Dysphonia (Laryngeal Dystonia) ဆိုတာ Vibration တုံခါမှုကို သက်ရောက်တဲ့ အာရုံကြောရောဂါ၊ Adductor Spasmodic Dysphonia နဲ့ Mixed Spasmodic Dysphonia ဆိုပြီးရှိတယ်။ Botox injections ဆေးထိုးပေးနိုင်တယ်။
- Tremor (Benign Essential Tremor) အတုံရောဂါ၊ ကုဘို့ခက်တယ်။ Botox ဆေးထိုးနိုင်တယ်။

၎။ Psychogenic Disorders စိတ်နဲ့ဆိုင်တဲ့ရောဂါတွေ၊ Juvenile Voice/Mutational Falsetto/Puberphonia ဆိုတာ စိတ်အခြေခံရောဂါ ရှိနေသူတွေမှာ ဖြစ်တယ်။

Laryngeal cancer လေပြွန်-ကင်ဆာဖြစ်ရင် အသံပြောင်းမယ်။ ကုသတာမှာ ကင်ဆာကို ကုရတယ်။ ဘာလို့မှန်းမသိဘဲ အသံသြလာ-ပြောင်းလာရင် စစ်ဆေးသင့်တယ်။ ဆေးလိပ်လဲသောက်၊ အရက်လဲသောက်တဲ့ မိတ်ဆွေတယောက် အဲလိုဖြစ်တယ်။ ဆေးသေခြာကုသတော့ ကောင်းနေပြီ။ ရေဒီယိုမှာ သူ့အသံ မကြာမကြာ ကြားနေရတယ်။ အသံတော့ အရင်လို မဟုတ်တော့ပေမဲ့ လူကောင်းပါဘဲ။

Dr. တင့်ဆွေ
၁၁-၉-၂ဝ၁၁