ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Monday, December 19, 2011

Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ

မြန်မာနိုင်ငံတွင် တီဘီရောဂါပိုးတွေ့ရှိသူ လေးဆခန့် မြင့်တက်လာကြောင်း ဒီဇင်ဘာ ၇ ရက်က ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းအတွင်း ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလှမြင့်က ပြောသည်။

"ရောဂါပိုးတွေ့ရှိခဲ့သူရဲ့ တစ်ဝက်လောက်ပဲဆေးကုသမှုခံယူတယ်" ဟု ဒေါက်တာလှမြင့်က ပြောသည်။ ၂ဝဝ၉-၂ဝ၁ဝ ပြည့်နှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ ကောက်ယူထားသော စာရင်းအရ လူ ၁ဝဝဝ လျှင် သုံးဦးမှလေးဦးအထိ တီဘီရောဂါပိုး တွေ့ရှိရကြောင်း၊ ယခင်နှစ်က လူ ၁ဝဝဝ လျှင် တစ်ဦးသာတွေ့ရှိရကြောင်း ၎င်းကဆက်ပြောသည်။ ၎င်းအပြင် တီဘီရောဂါပိုးရှိသည်ဟု သံသယရှိသူမှာ လူဦးရေ တစ်ရာခိုင်နှုန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိခြင်းကြောင့် လူဦးရေတစ်သန်းခန့်ရှိနိုင်ကြောင်း ၎င်းကခန့်မှန်းပြောကြားသည်။ "တီဘီရောဂါရှိတဲ့ သူတွေအတွက် ဆေးကိုအလကားပေးတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိကဆေးခန်းတွေနဲ့လည်း ချိတ်ဆက်ပြီး ဆေးတွေပေးနေတယ်။ ဒါပေမဲ့ တချို့က ဒီဆေးကို အခမဲ့ပေးတယ်ဆိုတာ မသိကြဘူး" ဟု ၎င်းက ဆက်ပြောသည်။ တစ်နိုင်ငံလုံးတွင် တီဘီဆေးဝါးကုသမှုခံယူသူ ၁၄ဝဝဝဝ ခန့်သာရှိကြောင်း၊ ရာခိုင်နှုန်း ၆ဝ ခန့်မှာ ဆေးကုသမှုခံယူခြင်းမရှိကြောင်း ဒေါက်တာလှမြင့်က ပြောသည်။ ယင်းအပြင် မြို့ပြနှင့် ကျေးလက်တီဘီဖြစ်ပွားမှုနှုန်းမှာ မြို့ပြတွင်ပိုမိုဖြစ်ပွားကြောင်း၊ တီဘီလူနာသစ်များတွင် ဆေးယဉ်ပါး တီဘီ ဖြစ်ပွားမှု လူနာမှာ ၂ဝဝ၂-၂ဝဝ၃ ခုနှစ်တွင် လေးရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄ ဒဿမ ၂ ရာခိုင်နှုန်းရှိကြောင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောသည်။ တီဘီရောဂါ လူနာသစ်နှင့် တီဘီရောဂါဖြစ်ပွားသူနှစ်ခုပေါင်းမှာ လူဦးရေတစ်သိန်းလျှင် ၅၂၅ ဦးနှုန်းရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး ၂၂ နိုင်ငံတွင်လည်းကောင်း၊ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု အများဆုံး ၂၇ နိုင်ငံတွင်လည်းကောင်း၊ တီဘီ-အိတ်ခ်ျအိုင်ဗီ အဖြစ်များသည့် နိုင်ငံ ၄၁ နိုင်ငံတွင်လည်းကောင်း ပါဝင်သည်။ မြန်မာပို့စ် ဂျာနယ် - အတွဲ ၃၊ အမှတ် ၄၈