ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 9, 2011

Q and A December 2011 (2)

၁။ သားဦး ကိုယ်ဝန် ၁၄ ပတ်ထဲမှာပါ။
၂။ Cypon syrup က အရည်လားအခဲလား။
၃။ ကြွက်သက်ဆေးသောက်လိုက်တာ

2011/11/10
ကျွန်တော့် အမျိုးသမီးက အသက် ၃၇၊ သားဦး ကိုယ်ဝန် ၁၄ ပတ်ထဲမှာပါ။ ကျွန်တော်တို့က (့) နိုင်ငံမှာနေပါတယ်။ အခုရေကြီးနေတော့ ဆေးခန်း မသွားရတာ ၄ ပတ်ရှိနေပါပြီ၊ ဆရာဝန်ဆေးခန်းမထိုင်တာလည်း ပါလို့ပါ။ လူကတော့ နေကောင်းပါတယ်။ အစားအသောက်တော့ ခံတွင်းသိပ်မလိုက်ပါဘူး။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျွန်တော့်ဇနီး အအေးမိပြီး နှာစေးချောင်းဆိုးဖြစ်ပါတယ်။
မေးခွန်း (၁)။ ချောင်းဆိုးပျောက်ဆေး PIRITON (အရည်) သောက်ပါတယ်။ အန္တရယ်ရှိပါသလား။ ရှိရင် သောက်သင့်တဲ့ဆေးကို ညွှန်ကြားပေးပါ။ ချောင်းခဏခဏ ဆိုးတာကရော သန္ဓေသားအပေါ်မှာ ဆိုးကျိုးဖြစ်ပေါ်စေနိုင်ပါသလား။ ချောင်းဆိုးဖို့ အားယူတိုင်း ဗိုက်ကလှုပ်လှုပ်နေလို့ပါ။
မေးခွန်း (၂)။ ဆီးစပ် အထက်နား ဘယ်/ညာ နှစ်ဘက်လုံးက လေထိုးသလို စူးကနဲ စူးကနဲ အောင့်ပါတယ်။ မခံမရပ်နိုင်မဟုတ်ပါဘူး။ အဲဒီလိုအောင့်တာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလား၊ စိုးရိမ်စရာရှိပါသလား။ အမျိုးသမီးက Hepatitis B carrier patient ပါ။ ဆရာ့ကို အရင်ကမေးထားဖူးပါတယ်။ OBIMIN ကို သံဓာတ်များလို့ မသောက်ပါဘူး။ Folic Acid 5mg တစ်မျိုးတည်းကိုပဲ နေ့စဉ်သောက်ပါတယ်။ အစားအသောက်က သိပ်မဝင်ပါဘူး။ ဒါ့ကြောင့် သူက အားနည်းသလို အားမရှိသလို ခံစားရပါတယ်တဲ့။ သူ့ကို အာဟာရ ပြတ်နေမှာ စိုးပါတယ်။
မေးခွန်း (၃)။ Folic Acid သောက်ပြီး နေ့စဉ် အစားအစာ ပုံမှန်ယုံလေး စာတာနဲ့ ကိုယ်ဝန်ဆောင်အတွက် ပြည့်စုံပါရဲ့လား။ မပြည့်စုံသေးရင် ဘာတွေများ လုပ်ရပါမလဲ။

ကိုယ်ဝန် ၁၄ ပတ်မှာ အစားပျက်နိုင်သေးတယ်။ ကိုယ်ဝန်ရင့်နဲ့ ကောင်းလာပါမယ်။

ကလေးလှုတ်တာ ကောင်းပါတယ်။ ချောင်းဆိုးပေမဲ့ ကလေးကို မထိခိုက်စေပါ။ ချောင်းဆိုင်းတိုင်း စအို၊ သားအိမ်၊ ဆီးအိမ်၊ ဗိုကိတွေကို ထိန်းပါ။

Piriton ထဲမှာ Chlorphenamine maleate ဆေးပါတယ်။ symptoms of allergies (အလာဂျီ) ရတာတွေအတွက် သုံးတယ်။ hay fever, insect bites and food allergies တွေအတွက်လဲသုံးတယ်။ decongestant ပါရင် အအေးမိတာ၊ နှာစေတာ၊ ချောင်းဆိုတာတွေအတွက်လဲသုံးနိုင်တယ်။ antihistamine က အိပ်ချင်စေတဲ့ အမျိုးအားဖြစ်တယ်။

Common Side Effects သာမန် ဆိုးကျိုးတွေ
Mild dizziness and drowsiness နဲနဲအိပ်ချင်မယ်၊ Dry mouth အာခေါင်ခြောက်မယ်၊ Upset stomach အစာမကျေဖြစ်မယ်၊ Nausea ပျို့မယ်၊ Constipation ဝန်းချုပ်မယ်၊ Diarrhea ဝမ်းလျှောမယ်၊ Restlessness ဂနာမငြိမ်ဖြစ်မယ်၊ Mild stomach pain ဗုက်နဲနဲအောင့်မယ်၊ Mild insomnia နဲနဲအပ်ရေးပျက်မယ်၊ Headache ခေါင်းကိုက်မယ်။

Serious Side Effects ဆိုးဝါးတဲ့ ဆိုးကျိုးတွေ
Irregular heartbeat နှလုံးခန် မမှန်ဖြစ်မယ်၊ Severe insomnia လုံးဝအပ်မပျော်ဖြစ်မယ်၊ Severe headache ခေါင်းအတင်းကိုက်မယ်၊ Seizures တက်မယ်၊ Hallucinations သူများမမြင်တာတွေ မျက်စိထဲမြင်မယ်၊ Vision changes မျက်စိကြည့်မကောင်းဖြစ်မယ်၊ Severe dizziness ခေါင်းအရမ်းမူးမယ်၊ Ringing in the ears နားအူနေမယ်၊ Difficulty breathing အသက်ရှူခက်မယ်။

Ambien, Ativan, Benadryl, Flexeril, Midrin, Risperdal, Topamax, Valium, Xanax, Zoloft and Zyrtec ဆေးတွေနဲ့ တွဲပေးရင်သတိထားရမယ်။

ဗိုက်အောင့်တာကို စမ်းသပ်မှ အသေအခြာပြောလို့ရမယ်။ လေဆေးတခုခုနဲ့ သိပ်နာရင် Buscopan သောက်နိုင်ပါတယ်။

ပုံမှန် အစားအစာကို လုံလောက် မျှတရင် ဆေးတွေမလိုတတ်ပါ။ စားနိုင်လာချိန်မှာ အဆင်ပြေသွားပါလိမ့်မယ်။

2011/11/10
ဆရာ တခေါက်တုန်းက လမ်းညွန်တဲ့ Cypon syrup က အရည်လားအခဲလား။ ပြီးတော့ ဘယ်ကထုတ်ထာလဲကော သိလို့ရမလား။ ဘေးထွက်ဆိုးကျိုးကော ရှိနိုင်လား။ မှားဝယ်မိမှာစိုးလို့ပါ။

Cypon syrup ဆေးရည်ထဲမှာ Cyproheptadine Hydrochloride, Tricholine citrate နဲ့ Sorbitol တွေပါတယ်။
- Appetite Enhancers အစာစားချင်စိတ်ရှိစေဘို့ နဲ့ Antihistamines Antiallergics (အလာဂျီ) သက်သာစေမဲ့ဆေးမျိုးဖြစ်တယ်။
- ဘေးထွက်-ဆိုးကျိုး = နဲနဲကနေ အသင့်အတင့် အိပ်ချင်မယ်၊ အားယုတ်သလိုနေမယ်၊ အာခေါင်ခြောက်မယ်၊ အစာမကျေသလိုနေမယ်၊ ပျို့မယ်၊ သတိရှိနေတဲ့အကျင့် ပြောင်းစေနိုင်တယ်။ ကိုယ်အလေးချိန်တိုးမယ်၊
- မျက်စိ ဒေါင့်ကျဉ်း-ရေတိမ်ရောဂါရှိနေသူ၊ ပန်းနာထနေသူ၊ အစာအိမ်နာလမ်းကျဉ်းနေသူ၊ အစာလမ်းပိတ်နေသူ၊ MAOIs ဆေးပေးနေသူတွေ၊ ဆေးနဲ့မတည့်သူတွေ၊ ကလေးသိပ်ငယ်နေရင်၊ နို့တိုက်မိခင်ဆိုရင် မပေးသင့်ပါ။
- အသက်သိပ်ကြီးသူတွေ၊ အတက်ရောဂါရှိသူ၊ ယောက်ျား-ဆီးကျိတ် ရောင်နေသူ၊ အရက်စွဲသူ၊ ကိုယ်ဝန်ဆောင်တွေကိုလဲ မပေးသင့်ပါ။ ကိုယ်ဝန်ဆောင် အဆင့် ဘီ သတ်မှတ်ထားတယ်။ အထဲကကလေးကို ထိခိုက်မလား တိတိကျကျ မပြောနိုင်သေးလို့ ဖြစ်တယ်။ ကိုယ်ဝန်ပျက်မလားဆိုတာတော့ သက်သေ မပြနိုင်သေးဘူး။
- Aminoglycosides and antibiotics ပိုးဆေးတချို့နဲ့ တွဲပေးရင် သတိထားရမယ်။ Scopolamine, Belladonna Alkaloids, Dicyclomine, Oxybutynin, Benztropine, Trihexyphenidyl, Furazolidone, Isocarboxazid, Linezolid, Moclobemide, Phenelzine, Procarbazine, Rasagiline, Selegiline, Tranylcypromine, Fluoxetine, Citalopram ဆေးတွေနဲ့ တွဲမပေးသင့်ပါ။
- အရက်၊ Barbiturates အိပ်ဆေး၊ Sedatives စိတ်ငြိမ်ဆေး၊ Opioid analgesics ဘိန်းပါတဲ့ဆေး၊ Atropine (အထိုပင်း)၊ Tricyclic antidepressants စိတ်ကျသက်သာဆေးတွေနဲ့တွဲရင် အထူး(အထူး) သတိထားရမယ်။ သေတဲ့အထိဖြစ်သွားတာရှိတယ်။
- Cyproheptadine ဆေးဟာ (အင်တီဟစ်တမင်း) ဆေး အမျိုးအစားဖြစ်တယ်။ အလားတူဆေးမျိုးပါနိုင်တဲ့ တခြား အအေးမိသက်သာဆး၊ အယားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ စတာတွေနဲ့ တွဲမပေးသင့်ဘူး။

2011/12/9
ဆရာ ရှင့် ညီမသူငယ်ချင်းတဦးက ကြွက်သက်ဆေးသောက်လိုက်တာ သားအိမ်တုတ် လိုက်ရတယ် ပြောပါတယ်။ အဲဒါဖြစ်နိုင်ပါလားရှင့် အရေးကြီးလို့ အမြန်သိချင်ပါတယ် ဆရာ။

ကြွက်သတ်ဆေး နာမည် သိဘို့လိုတယ်။ ဆေးထဲမှာပါတဲ့ ဆေးနာမည်ကပိုအရေးကြီးတယ်။ အများဆုံးသုံးကြတာက သွေးမခဲဆေးအမျိုးအစားဖြစ်လို့ သွေးယိုပြီး ကြွက်တွေ သေစေတယ်။ တခြားအမျိုးအစားတွေလဲ ရှိသေးတယ်။