ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, August 2, 2011

Q and A August 2011 (2)

၁။ ဓါတ်မှန်နဲ့ ဆေးစာကို ပို့ပေးလိုက်ပါတယ်။
၂။ မျက်နှာသစ်လိုက်တာနဲ့ နှာခေါင်း ပိတ်သွားပြီ။
၃။ နောက်ပိုင်း အနည်းငယ် သေးနေတာ
၎။ ဖြစ်နေတာက နှလုံးရောဂါထင်တယ်။
၅။ ဆေးထိုးပေးတဲ့ ဆရာကို ဖုန်းဆက်ပြီး မေးကြည့်တော့
၆။ သွေးကင်ဆာ ဖြစ်လို့ ဆေးရုံတင်ထားရတယ်တဲ့။

2011/8/2
သမီးရဲ့ အမ လည်ချောင်းမှာ အကြိတ်တွေ့လို့ အဲဒါ ခွဲရင်လည်း အသံအိုးနဲ့ အသက်ရှုလမ်းကြောင်းနဲ့ ကပ်နေလို့ တာဝန် မယူနိုင်ဘူးတဲ့။ တကယ်လို့ မခွဲရင်လည်း တဖြေးဖြေး ကြီးလာပြီး အသက်ရှုလမ်းကြောင်းပေါ် ပိသွားမယ်လို့ ပြောတယ်။ အကြိတ်က မာမာကြီး နာလည်း မနာဘူးတဲ့ရှင့်။ ဆရာ အားရင် နဲနဲလောက် ဖြေကြားပေးစေလိုပါတယ်ရှင်။ ဘာလုပ်ရကောင်းမှန်း မသိလို့။ ဓါတ်မှန်နဲ့ ဆေးစာကို ပို့ပေးလိုက်ပါတယ်။

Solidary Nodular Goiter ဆိုတာ လည်ပင်းကြီး တခုထဲသော အကျိတ် လို့ ဆိုလိုတယ်။ ကင်ဆာ မဟုတ်တာ သိပ်ကံကောင်းတယ်။ဆရာ့အမြင်အရ အသက်ရှူလမ်းကို ဖြစ်ဖြစ် အစာမျိုပြွန်ကို ဖြစ်ဖြစ် ပိတ်လာလိမ့်မယ် မထင်ပါ။ ဒီနေရာမှာ ဖြစ်တာ အားလုံးက သွေးကြောတွေ၊ အာရုံကြောတွေနဲ့ ထိကပ်နေတာချည်းပါဘဲ။ မခွဲလဲ နေနိုင်သေးတယ်။ ခွဲလဲရတယ်လို့ ဆရာယူဆပါတယ်။ ဆရာက လည်ချောင်း အထူးကုဆရာဝန် မဟုတ်ပါ။ လူနာကို ကိုယ်တိုင် မေးရ စမ်းရသူလဲ မဟုတ်ပါ။ ဆရာ့အမြင်ကိုသာ ပြောတာ ဖြစ်ပါတယ်။စိုးရိမ်စရာ မရှိပါ။

Aug 2, 2011 at 8:19 PM
ကျေးဇူးအထူးတင်ပါတယ် ဆရာ။ ကင်ဆာ မဟုတ်ဘူးဆိုလို့ ပိုပျော်သွားပါတယ်။

Aug 3, 2011 at 7:33 AM
ကျမ နှာအမြဲစေးတယ် မျက်နှာသစ်လိုက်တာနဲ့ နှာခေါင်း ပိတ်သွားပြီ။ နှာခေါင်းပိတ်ပြီး လည်ချောင်းပါ ယားတယ်။ အရမ်း နေရခက်တယ်။ ရေချိုးရင် ပိုဆိုးတယ်။ အလုပ်နဲ့ဆိုတော့ ရေမချိုးလို့လဲ မရဘူး။ ဆေးခန်းကို တစ်ပါတ်တစ်ခါ သွားရတယ်။ ဆေးကုန်တာနဲ့ ပြန်ဖြစ်ရော။ ဒီလိုဝေဒနာ ခံစားရတာ ၂ နှစ်ကျော်လာပြီ။ ဘယ်လို ကုသပျောက်ကင်းနိုင်မယ် ဆိုတာကို ကျေးဇူးပြုပြီး ပြောပြပါနော်။
၁။ Sinusitis သို့မဟုတ် ကိုရီးယား ကလာသည့် မေးခွန်းအား ဖြေကြားခြင်း
၂။ Allergy သို့မဟုတ် မတည့်အတူနေ
၃။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ နဲ့
၎။ Allergic rhinitis အလာဂျီ နှာခေါင်း တွေကို ဖတ်ပါ။

3 Aug 11, 09:25
ကျားလိင်တံက အရှေ့ပိုင်းတုတ်ပြီး နောက်ပိုင်း အနည်းငယ် သေးနေတာ ကောင်းပါသလား။ တပြေးညီးတည်း ဖြစ်ချင်ရင် လုပ်လို့ရပါသလား။
ရောဂါမဟုတ်ရင် ဘာမဆို မွေးရာပါ အတိုင်းက အကောင်းဆုံးပါ။ အခုဖြစ်နောက သူလုပ်ရမဲ့ အလုပ် ၂ မျိုးလုံး ပုံမှန် လုပ်နိုင်နေတာ ဆိုရင် မပြင်တာ ကောင်းပါမယ်။ အသစ်ပြင်တာ မှန်သမျှ အကောင်းအဆိုး တွဲတာချည်းဘဲ။ ဒီလိုနေရာမျိုးက အမှား မခံပါ။

1 Aug 11, 18:02
ကျနော် ဖြစ်နေတာက နှလုံးရောဂါထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိတ်လန့်တာ ဖြစ်နေသလို နောက်ပြီး တခါတလေ နှလုံးခုန်နှုန်းကလဲ အရမ်း မြန်နေသလို ခံစားနေရတယ်။ နောက်ကြောက အမြဲတမ်း အောင့်နေတာ။ ကျနော်က ပြည်ပရောက်နေလို့ ဆေးကုတာ အခက်အခဲရှိနေလို့ ဆေးဝယ်သောက်မယ်ဆိုရင် ဘယ်လို ဆေးမျိုး သောက်သင့်သလဲ။ ကျနော် သောက်နေတဲ့ဆေးက အဝေးရာ နှလုံးအားတိုဆေးပါ။ ဆက်သောက်သင့် မသောက်သင့် ပြောပြစေချင်။

ကျန်းမာရေး အကြောင်း မေးရင် ဘာတွေ လိုတယ် ဆိုတာ ထိပ်မှာ ရေးထားပါတယ်။ တခြားလူတွေကိုလဲ အဲလိုပြန်ပြန် မေးနေရတာ နှစ်ဘက်လုံးအတွက် မလိုအပ်ဘဲ အချိန်ကုန်ရတယ်။ အပြည့်အစုံနဲ့ တိုက်ရိုက် မေးပါ။ ဒီနေရာလေးမှာ နှလုံးဆိုတဲ့ ရောဂါအတွက် သေးငယ် ကျဉ်းမြောင်း လွန်းလှပါတယ်။

2011/8/1
စာပြန်ပေးလို ကျေးဇူးတင်ပါတယ်ရှင့်။ သမီးကို Depro ဆေးထိုးပေးတဲ့ ဆရာကို ဖုန်းဆက်ပြီး မေးကြည့်တော့ အဖြူ နှင့် အဝါ ရောထားတဲ့ ဆေးကဒ်ကို ပြောင်းသောက်ခိုင်းနေတယ်။ ဒါကြောင့် ဆရာဆီမှ အကြံညဏ် ပြန်တောင်းပါတယ်ရှင့်။ ဆရာ ပေးတဲ့ အကြံညဏ်ကို သမီးလက်ခံပါမယ်

ဆရာဝန်တဦး ကုသနေတာကို နောက်တဦးက ဝင်မစွက်သင့်ပါ။ အရင်ဆရာ ပြောတာကို လိုက်နာတာ ကောင်းပါမယ်။

2011/8/1
သမီး ညီမဝမ်းကွဲလေး သွေးကင်ဆာ ဖြစ်လို့ ဆေးရုံတင်ထားရတယ်တဲ့။ သူက (့) မှာ (့) ကျောင်းတက်နေတာပါရှင့်။
ဆရာဝန်ကြီးတွေကတော့ ပြောတယ်၊ ကုသလို့ ပျောက်နိုင်တယ်တဲ့။ ညီမလေးကို အရမ်းသနားတာပဲ။ သူက စာအရမ်းတော်တယ် (့) မှာ နံပါတ်တစ်တဲ့ ဆရာ။ ဒုတိယနှစ်လောက်တော့ ရောက်ပြီထင်တယ်။ အခု ရန်ကုန်မှာ ဆေးရုံတက်တော့ ဆရာဝန်ကြီးက ညီမလေးကို မွေးစားလိုက်တယ်တဲ့။ ရောဂါ ပျောက်အောင် ကုသပေးမယ်တဲ့။ ညီမလေးတို့ မိသားစုက မပြည့်စုံဘူးဆရာ။ သမီး ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတာတော့ သွေးကင်ဆာဆို သေသွားတာချည်းပဲ။ ခုဆရာဝန်ကြီးကတော့ ကုလို့ ပျောက်တယ်တဲ့။ သမီးကို အဲဒီရောဂါအကြောင်းလေး ရှင်းပြပေးပါဆရာ။

ရောဂါနာမယ်ကို အင်္ဂလိပ်စာနဲ့ သိရင် ပြောပါ။ သေခြာချင်လို့ပါ။ Leukemia ဆိုတာ ဟုတ်သလား ဟုတ်ရင် ဖတ်ဘို့ ပို့လိုက်ပါတယ်။
Leukemia (လူကီးမီးယား) သွေးကင်ဆာ ကို ဖတ်ပါ။