ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, August 1, 2011

Q and A August 2011 (1)

၁။ ဆက်ဆံပြီး ကတည်းက အဲလိုမျိုး ဖြစ်နေတာပါ။
၂။ တစ်ညကို သုံးခါ လေးခါလောက် ဆီးသွားဖို့ နိုးပါတယ်။
၃။ Condom က ပေါက်သွားတယ်။
၎။ ဆေးကဒ် ပြောင်းသုံးရမှာလား။

2011/8/1
ကျွန်မ အသက်က ၃ဝ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အတူမနေကြပါ။ အမျိုးသားနဲ့က ၃ လမှ တစ်ခါသာ တွေ့ပါတယ်။ အိမ်ထောင်သက် မကြာသေးပါ။ အဲလို ပထမအကြိမ် ဆက်ဆံပြီးကတည်းက ကျွန်မမှာ အဖြူဆင်းသလိုမျိုး ဖြစ်နေတာ ၃ လကျော်ကျော် ရှိနေပါပြီရှင့်။ တခါတလေ ဝါညစ်ညစ် အနံနည်းနည်း မကောင်းတာဆင်းသလို၊ တခါတလေမှာ ရာသီလာတယ်လို့ထင်ရသလိုမျိုး အနီနဲ့ရောတဲ့ ပုံစံမျိုး ဖြစ်နေတက်ပါတယ်။ အရင်တုန်းကတော့ တစ်ခါမှ မဖြစ်ဘူးပါဘူး။ အမျိုးသားနဲ့ ပထမအကြိမ် ဆက်ဆံပြီး ကတည်းက အဲလိုမျိုး ဖြစ်နေတာပါ။ စိတ်ပူနေလို့ ဘယ်လို ဆေးမျိုး သောက်ရမယ်ဆိုတာလည်း မသိဘူး။ တားဆေးကို Marvelon 28 သောက်ပါတယ်။ ကျေးဇူးပြုပြီး ဘယ်လိုဆေးမျိုး သောက်ရမလဲဆိုတာ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။

မစိုးရိမ်ပါနဲ့။ အဖြူဆင်းတာ အမျိုးမျိုးဖြစ်နိုင်တယ်။
http://www.yamunaclinic.org/ ထဲက Search မှာ မြန်မာ-အင်္ဂလိပ် ကြိုက်တာ ရိုက်ပြီး ရှာပါ။ ဖတ်ပါ။ လိုက်နာပါ။ မသေခြာရင် မေးပါ။ ကိုယ်ဝန်တား နည်းပေါင်းစုံလဲ ရှာနိုင်-ဖတ်နိုင်ပါတယ်။ အဆင်ပြေဆုံးနည်း ရွေးသုံးပါ။ ဘယ်နည်းမဆို အကောင်း-အဆိုး- စိတ်ချနိုင်မှု လက်လှမ်းမီတာ စသလို အမျိုးမျိုး ရှိတာ ဖတ်ရပါလိမ့်မယ်။

2011/8/1
ကျွန်တော် ညဘက်ကို အိပ်ဆေးသောက် အိပ်ပါတယ်။ တစ်ညကို သုံးခါ လေးခါလောက် ဆီးသွားဖို့ နိုးပါတယ်။ ညဘက် ဆေးသောက်တော့ ရေတော့ သောက်ရပါတယ်။ ဆေးမသောက်လည်း ညဘက်ကို မအိပ်ခင်တော့ ရေသောက်ဖြစ်ပါတယ်။
ဆီးသွားရတဲ့အတွက် အိပ်ရေးလည်း ပျက်ပါတယ်။ အစက အဲလို မဟုတ်ပါဘူး။ စအိပ်တဲ့ အချိန်ကနေ မနက်နိုးတဲ့ အချိန်ကျမှ ဆီးသွားချင်ပါတယ်။ အိပ်ယာ မဝင်ခင် တစ်ခါလောက် ဆီးသွားထားရင် မနက်နိုးတဲ့ အချိန်ထိ အိပ်နေလို့ ရပါတယ်။ ဘာဖြစ်လို့ ဖြစ်လာတာလဲ ဆိုတာရယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာရယ် သိချင်ပါတယ်။

ဖြစ်တဲ့သူရဲ့ အသက်၊ လူက ဝ-မဝ၊ BP သွေးဖိအား၊ ဆေးစစ်ဘူးသလား၊ ဒါတွေ သိဘို့လိုတယ်။ အိပ်ဆေးနာမည်လဲ သိဘို့ ကောင်းတယ်။ ဘယ်လို့ အိပ်ဆေး သောက်ဂသလဲ။ ဆီးချို ရှိ-မရှိ ချက်ချင်း စစ်ပါ။ ပြီးရင် အချက်အလက် အစုံနဲ့ ပြန်ပြောပါ-မေးပါ။

2011/8/1
သူငယ်ချင်း တယောက်က မကောင်းတဲ့ မိန်းမနဲ့ လိင်ဆက်ဆံခဲပါတယ်။ သူပြောတော့ လိင်ဆက်ဆံတဲ့အခါမှာ Condom က ပေါက်သွားတယ်။ ပေါက်သွားတဲ့ နေရာက ထိပ်မှာ မဟုတ်ဘူး။ အလယ်လောက် ကျတယ်။ အဲလိုပေါက်တာ သိတာနဲ့ လိင်တံကို အပြင်ကို ထုတ်လိုက်တယ်။ ပြီးတော့ Condom မပါပဲနဲ့ ဆက်ပါသေးတယ်။ အဲဒါ သူ့ကိုသူ HIV ပိုး ဝင်ပြီဆိုပြီး စိတ်ဓါတ် ကျနေပါတယ်။ သူဖြစ်တာလဲ ၂ ရက်လောက်ပဲ ရှိပါတယ်။ အဲဒါ ဘယ်လိုလုပ်ကမလဲ။ သူကို ကိုယ်ချင်းစာလို့ပါ။

ဆေးစစ်ခိုင်းပါ။ သိပ်မစိုးရိမ်ဘို့လဲ အားပေးပါ။ လူတိုင်း၊ အခါတိုင်း ရောဂါမရတတ်ပါ။ HIV နဲ့ STDs အကြောင်း ဖတ်ဘို့လဲ အကြံပြုပေးပါ။ ဒီမနက်ဘဲ HIV စမ်းနည်းသစ် အကြောင်း ရေးပြီး တင်လိုက်သေးတယ်။
http://www.yamunaclinic.org/ ထဲက Search ထဲမှာ မြန်မာ-အင်္ဂလိပ် ကြိုက်တာ ရိုက်ပြီး ရှာနိုင်ပါတယ်။

2011/8/1
24.7.2011 မှအစ၍ 26.7.2011 ထိ ရာသီမလာဘူး။့ သမီးတို့ 28.7.2011 အတူတူပြန်နေကြတယ်။ ဒီနေ့ 1.8.2011 နံနက် 10 နာရီ လောက်တော့ ရာသီပြန်လာနေတယ်။ အများကြီးတော့ မဟုတ်ဘူးရှင့်။ တစက် နှစ်စက်လောက်ပါဘဲ။ 17.7.2011 တုန်းက (3) လခံ Depo ဆေး ထိုးထားပါတယ်ရှင့်။ 25.6.2011 ရက်တုန်းက ကိုယ်ဝန် ဖျက်ထားသူပါ။ ၃ လမပြည့်ခင် အခြား ကာကွယ်နည်းသုံးဖို့ လိုနေလိုလား၊ ထိုးဆေးနဲ့ မတည့်လိုလား။ ဆေးကဒ် ပြောင်းသုံးရမှာလား။

Depro ကိုယ်ဝန်တား ထိုးဆေး အကြောင်း ဖတ်ကြည့်ပါ။ ဆေးထိုးထားမှတော့ ကိုယ်ဝန် တားဘို့ နောက်နည်း မလိုပါ။ ၃ လ နေရင်တော့ လိုမယ်။ အခုဆင်းတာ မများရင် နေပါစေ။ ဘာဆေးမှ မလိုလောက်ပါ။ တားဆေးကပ်တွေ အကြောင်းလဲ ဖတ်ပါ။ တခြားနည်းတွေအကြောင်းလဲ ဖတ်ပါ။ အဆင်အပြေဆုံးကို ရွေးသုံးပါ။
http://www.yamunaclinic.org/ ထဲက Search မှာ မြန်မာ-အင်္ဂလိပ် ကြိုက်တာ ရိုက်ရှာနိုင်ပါတယ်။