ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, August 10, 2011

Q and A August 2011 (9)

၁။ ဖန်ပြွန်သန္ဒေသား အဖြစ်နဲ့ ကလေးမွေးချင်တာ၊
၂။ ပါးတွေချိုင့်တာ ပြည့်ချင်ပါတယ်။
၃။ ကိုယ်ဝန် ၆ လခွဲကျော်နေပါပြီ။
၎။ ကိုယ်ဝန်အတွက် ပြဿနာရှိနိုင်လား။
၅။ အရေးပေါ်အခြေနေမို့လို့ Reply မြန်စေချင်ပါတယ်

24 Aug 11, 14:37
သမီး အဒေါ်တို့ လင်မယားက အိမ်ထောင်သက်တမ်း ၁ဝ နှစ်ကျော်ပြီ အခုထိကလေးမရနိုင်သေးဘူး ဖန်ပြွန်သန္ဒေသား အဖြစ်နဲ့ ကလေး မွေးချင်တာ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်သိချင်ပါတယ်။ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးပါဦးရှင်။

နေတဲ့ နိုင်ငံ၊ မြို့မှာ ဒီလိုလုပ်ပေးနိုင်တဲ့ ဌာနရှိ-မရှိ မသိပါ။ ကရိကထများတယ်။ အချိန်ယူရမယ်။ အသေးစိတ်သဘော မရေးဖြစ်သေးဘူး။ အချိန်ရတော့ ရေးပါမယ်။ ကလေးမရနိုင်သေးခြင်း ၂-၃ ပုဒ် ရေးထားပါတယ်။ မေးရင် ပါသင့်တဲ့ အချက်အလက် စုံအောင်ထည့်မေးပါ။ တခါထပ်မေးနေရတာ ၂ ယောက်လုံး မကုန်သင့်ဘဲ အချိန်ကုန်တယ်။ ဘယ်လိုမေးပါဆိုတာ ထိပ်ဆုံးမှာ ရေးထားပါတယ်။

24 Aug 11, 08:45
ကျွန်တော့် အသက်က ၁၉ ပါ။ ပါးတွေချိုင့်တာ ပြည့်ချင်ပါတယ်။ ဝလည်းဝချင်ပါတယ်။ ဆေးလိပ် တစ်နေ့ကို ၅ လိပ်လောက်တော့ သောက်ဖြစ်ပါတယ်။ ဝအောင်နဲ့ ပါးပြည့်အောင် ဘယ်လိုလုပ်ရမလည်း ပြောပြပေးပါ။

ရောဂါတော့ မဟုတ်ပါ။ ဆေးလိပ်ကို လျှော့ပါ။ အောက်ခံအရိုး အနေအထားအရ ပုံပေါ်တာ ဖြစ်တယ်။ ပြည့်ချင်ရင် ပါးက ကြွက်သားနဲ့ အဆီကိုသာ သန်အောင်၊ များအောင်လုပ်နိုင်တယ်။ (ပလပ်စတစ်-ဆာဂျရီ) လဲ လုပ်နိုင်ပါမယ်။ Weight gain လှယုံမက ၀ချင်သေးရင် ကို ရေးထားပါတယ်။

25 Aug 11, 09:23
ကျွန်တော် အဆီများ၊ အဆီသန်အောင် အစားအစာအနေနဲ့ ဘာတွေစားရင် အမြန်ဆုံး ပြည့်နိုင်ပါလည်း။ အဲလို အစားစာအနဲ့ ပြုလုပ်ရင် ဘယ်လောက်အကြာမှာ ပြည့်လာနိုင်ပါသလည်း။

ယေဘုယျ လူဝလာစေဘို့လိုမယ်။ အစားအစာထဲမှာ အသား-ငါး-ပဲ၊ အသီးအရွက်၊ အနှံ၊ သစ်သီးဝလံတွေ စုံတယ်။ အဆီများတာတော့ သိမှာပေါ့။ ကြာမှာကို မှန်းပြောမရပါ။

24 Aug 11, 02:37
သမီးအခု ကိုယ်ဝန် ၆ လခွဲကျော်နေပါပြီ။ အန်တာက လုံးဝမပျောက်သေးပဲ၊ တပတ် ၁ ရက် ၂ ရက် အန်သေးတယ်ရှင့်။ အခု လနဲနဲ ရင့်လာမှ ထမင်းစားလဲ တော်တော်နဲလာပါတယ်။ နေ့လည် ၁ ခါစားရင်လဲ ညမစားလဲရတဲ့အခြေနေဖြစ်နေပါတယ်။ ညစာကို ရသလောက်တော့ စားဖြစ်ပါတယ်။ ပြီးတော့ ရင်သား ၂ ခုအောက် အလည်တဲ့တဲ့နေရာက အခုရက်ပိုင်း ၂ ရက် ၃ ရက် ဝန်းကျင်မှာ အောင့်သလိုလို စဖြစ်နေပါတယ်။ ထမင်းစားပြီးတိုင်း ပိုနာသလိုပဲရှင့်။ ထို့နည်းအတူ နောက်ကျောရိုးမလဲ ညောင်းညောင်း နေတတ်ပါတယ်။ ညဘက် အိပ်ခါနီး ပိုဆိုးတယ်ရှင့်။ အိပ်မရတဲ့အခြေနေထိ တခါတရံ ဖြစ်နေပါတယ်။ သက်သာစေတဲ့ နည်းလမ်းလေးများ ရှိမလားရှင့်။ ကိုယ်ဝန်လရင့်လာနဲ့အမျှ ဒီလိုဖြစ်တတ်ပါသလား။ ညဘက် မနက် ၂ နာရီ ဆီးထသွားပြီးတိုင်း ပြန်မပျော်ဘူး ဖြစ်နေပါတယ်။ မိုးလင်းခါနီး မနက် ၅ နာရီကျော်မှ အိပ်ပျော်ပါတယ်။ ဒီလို အိပ်မပျော်တာ သမီးရဲ့ သားဦးကိုယ်ဝန်နဲ့များ ဆိုင်လားရှင့်။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း ရေးထားတဲ့ စာတပုဒ် ပို့လိုက်ပါတယ်။ ဖတ်ပြီး လိုက်နာပါ။ ရင်ခေါင်းနေရာနာတာကလဲ ဆက်စပ်နေလို့ တခုသက်သာရင် ကျန်တာလဲ သက်သာမှာပါ။ နောက်ကျောရိုး ညောင်းတာ၊ ခါးနာတာက ကိုယ်ဝန်ရင့်လေ နာလေဖြစ်နိုင်တယ်။ အနာသက်သာဆေး ရွေးပြီး အစာလေးတခုခုနဲ့ တွဲသောက်ပါ။ ကိုယ်ဝန်ရှိတာနဲ့ ဆီးသွားတာ ပိုများတယ်။ ဆီးချိုကိုတော့ စစ်ဖြစ်အောင်စစ်ပါ။ ကိုယ်ဝန်ဆောင်နဲ့ အိပ်ဆေးလဲ ရေးထားတာ ပို့လိုက်ပါတယ်။ တခြားကိုယ်ဝန်ဆောင်တွေ သိဘို့ ရေးထားတာတွေ မနည်းပါ။ အချိန်ယူ ဖတ်စေချင်ပါတယ်။ http://www.yamunaclinic.org/ မှာ ရှာပါ။
- Pregnancy and Vomiting
- Pregnancy and Vomiting ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
- Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန်

Tue, Aug 23, 2011 at 2:46 PM
အချင်း နေရာမှားတယ်ဆိုတာ လူကြောင့် ဖြစ်တတ်ပါသလား။ ကိုယ်ဝန်ရှိမှန်း မသိလို့ အတူတူနေမိသေးတယ်။ ရာသီရက်မှာ မလာတော့ အမျိုးသမီး ဆီးစစ်ကြည့်တာ ကိုယ်ဝန်မရှိဖူးဆိုတာ ပြတော့ သူ့က ကေသီပန်တွေ သောက်မိတယ်။ ကိုယ်ဝန် ၂ လ ကျော်ကျော်လောက်မှာ ကော်ဖီရောင်တွေ ဆင်းလို့ ကျနော်တို့ ဆရာဝန်နဲ့ သွားပြကြပါသေးတယ်။ ဟိုမုန်းကြောင့်လိုဆိုပြီး ဟိုမုန်းဆေးသောက်ရပါတယ်။ လူရဲ့ အမှားဖြစ်နိုင်လား။ ဒါမှမဟုတ် ကံကြောင့်ဖြစ်တာပါလား။ တစ်ခါတစ်ရံ စိတ်ဖိစီးမှုရှိခဲ့ရင် ကိုယ်ဝန်ပေါ် ထိခိုက်မှု ရှိပါလား။ ကြာကြာထိုင်ရင် ကိုယ်ဝန်အတွက် ပြဿနာရှိနိုင်လား။

အချင်းရှေ့ရောက်ဖြစ်တာ အတူနေတာနဲ့ မဆိုင်ပါ။ Pregnancy and Sex ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၇) ကိုဖတ်နိုင်ပါတယ်။
အချင်းနေရာ ဘာလို့ အဲလိုဖြစ်တယ်ဆိုတာ ဆေးပညာမှာတော့ သီအိုရီတွေရှိပါတယ်။ ပညာရပ်အတွက်သာ စိတ်ဝင်စားဘို့ကောင်းလို့ မရေးတော့ပါ။
ကိုယ်ဝန်ဆောင်ရတယ်ဆိုတာ အလွန်မတန် အဖြစ်များတဲ့ ဖြစ်စဉ်တရပ်မို့ လူ့ခန္ဓာကိုယ်ကနေ အဆင်အပြေဆုံးဖြစ်အာင် လုပ်ပေးနိုင်ပါတယ်။ တချို့မှာတော့ အသက်လွယ်ရသလိုပေါ့။ ဘယ်နေရာမှာမဆို ဒီသဘောရှိတာပါ။ ပူပင်မှုကို လိုတာထက် မထားသင့်ပါ။ လိုတာကိုလဲ မပေါ့ရပါ။

2011/8/24
Mifepristone သုံးတာ ၁ဝ ရက်လောက် ကြာနေပါတယ်။ အလယ် ၄ ရက်လောက်က အခဲတွေဆင်းပါတယ်။ များတယ် နည်းနည်းစီ ဆင်းနေတုန်းပါဘဲ။ အကျိုးဆက် ဘယ်လောက်ထိ ရှိအုန်းမလဲ။ နောင်တစ်ချိန် ဘာမှမဖြစ်အောင် နေခြင်ပါတယ်။ ဆောင်ရန် ရှောင်ရန် သိချင်ပါတယ်။ အရေးပေါ်အခြေနေမို့လို့ Reply မြန်စေချင်ပါတယ်။

မေးတာ မရှင်းပါ။ "Mifepristone သုံးတာ ၁ဝ ရက်လောက် ကြာနေပါတယ်" ဆိုတာ ဆေးသောက်ထားတာလား။ သွေးဆင်း နေတာလား။ ထပ်မေးရအုံးမယ်။ ရာသီ ဘယ်လောက် ထိန်ခဲ့သလဲ။ လာရမဲ့ရက်ထက် ဘယ်လောက် နောက်ကျသလဲ။
ဗိုက်နာသလား၊ ဆီးစစပ်နာသလား။ ကိုယ်ပူသလား။ အရင်က ဒီဆေးမျိုး သုံးဘူးသလား။ ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ ကလေး (ပြောနိုင်တာသာ ပြောပါ)။
- ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက