ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, August 11, 2011

Q and A August 2011 (10)

၁။ လေယာဉ်ပျံစီးပြီး ပြန်လို့ရမရ သိချင်ပါတယ်။
၂။ အရပ်ပြော ဇက်ကျီးပေါင်း လားတော့မသိဘူး
၃။ လေရှုလို့ မရတဲ့ ပြဿနာ ဖြစ်တက်ပါတယ်။
၎။ Enpott ဆေးသောက်တယ်လို့ ပြောပါတယ်။
၅။ ဆရာဝန် တော်တော်များများနဲ့ ပြပြီးပါပြီ။
၆။ သမီးနားက မကြားရသေးလို့ပါ။

2011/8/26
ကျွန်တော့် အမျိုးသမီးက ပထမတစ်ခါ ကိုယ်ဝန် ပျက်ကျဖူးပါတယ်။ အခု နောက်ထပ် ကိုယ်ဝန်ကို လွယ်ထားရပါတယ်။ ၉ လပိုင်း ဒုတိယပါတ်လောက်ဆိုရင် ကိုယ်ဝန်က ၃ လပြည့်မှာပါ။ ၉ လပိုင်း ပထမ ပါတ်လောက်မှာ မြန်မာပြည်ကို ပြန်ဖို့ စီစဉ်ထားပါတယ်။ အဲဒါ လေယဉ်ပျံစီးပြီး ပြန်လို့ရမရ သိချင်ပါတယ်။ ဘာတွေ ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲဆိုတာကိုလည်း သိချင်ပါတယ်။
Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး ကိုဖတ်ပါ။

2011/8/25
ခု အနော် ဇက်ကြောတက်ပြီး ခေါင်းကိုက်ပါတယ်။ အရပ်ပြော ဇက်ကျီးပေါင်း လားတော့မသိဘူး ဇက်ပိုးက ဖုပြီး ဖောင်းတက်တယ်။ အရင်ကလည်းနဲနဲဝတော့ ဇက်ပိုးတော့ရှိတယ်။ မျက်လုံးလဲ ဖွင့်လို့မကောင်းဘူး။ ဖု-ခုနေသလိုမျိုး ခံစားမိတယ်။ မျက်မှန်ခန်းမှာ စမ်းသပ်တော့ ဘာမှ မဖြစ်ဘူးပြောတယ်။ ပါဝါ -25 လောက်ရှိတဲ့ မျက်မှန်တော့ လုပ်ပေးလိုက်တယ်။ ခု ဇက်ကြောတွေက တင်းပြီး နာလာတယ်။ နောက်ပြီး လက်ပြင်ကြောနားထိပါနာတယ် မြန်မာကျီးပေါင်းပျောက်ဆေးတော့ သောက်တယ်။ ဘယ်ဆရာက ကျီးပေါင်းလို့ မှတ်ချက်ပေးတာတော့ မရှိပါဘူး။ နောက်ပြီး ကျနော် သွေးပေါင်မတက်ပဲ မူးတာမျိုးလဲ ဖြစ်တယ်။ မူးရင် ချာချာလည်သလို ဖြစ်တယ်။ ကျနော် အလုပ်က စက်ပန်းထိုး အလုပ်တော့ အသင်အနေနဲ့ ခုလုပ်ဖြစ်တယ်။ ဒီလိုအလုပ်လုပ်လာရမှ မူးတာတွေ တက်တာတွေတော့ ဖြစ်တယ်လို့ ခံစားမိတယ်။ အရင်က တက်တာတင်းတာတော့ ရှိပါတယ်။ ဒါပေမဲ့ ခုလိုမူးပြီး တင်းပြီး နာတာမျိုးတော့ မရှိပါဘူး။ အနော်ဘယ်လို ဆက်ပြီး သက်သာအောင် လုပ်ရမလဲ ညွန်ပြပေးပါ။ ဆေးခန်းသွားဖို့ ဓာတ်မှန်တွေ ရိုက်ရမှာနဲ့ ဟိုပြေးဒီပြေး လုပ်ရမှာ နဲနဲတော့ ကသီတယ်။ ပိုက်ဆံလဲ အရမ်းကုန်တယ်။ ဒါကြောင့် အားကို တကြီးမေးတာပါနော်။ ဒါနဲ့ အနော် အသက်က 34 ပါ။ အရပ်က 5 ပေ ပေါင်က ၁၂ဝ။ ASO စစ်ကြ့ည့်တာတော့ 150 ပဲ ရှိတယ်။ ဒါပေမဲ့ တစ်ခါတလေ အရိုးလေးတွေ နာချင်တယ်။ ခုလဲ တင်းပြီး နာနေတယ်။ မနေ့ညက မခံနိုင်လို့ ရေနွေးအိပ် ကပ်တယ်။ ခေါင်းကော ဇက်ကော သက်သာသလိုဖြစ်ပေမဲ့ မနက်ကျ မျက်လုံးတွေ စပ်ပြီး ဖုဖောင်းနေတယ်ခုထိပဲ။ ဒါနဲ့ အကြောတွေ ပြေလျော့အောင်ဆိုပြီး အနော် တရားထိုင်တယ်။ တရားက ထိုင်နေကျမို့ အခက်ခဲမရှိဘူး။ ထိုင်လိုက်တာနဲ့ တင်းတာတောင့်တာ အားလုံး ပျောက်ကုန်တယ်။ ဝေဒနာနဲ့ လူနဲ့ မရောပဲဖြစ်နေတယ်။ ဒီချိန်မှာ ဘယ်လို နာနာ ရတယ်။ ခက်တာက တရားဖြုတ်တာနဲ့ အရင်တိုင်းပဲ နာနေတယ်။

စာဆုံးအောင်ဖတ်မှ ရေလည်လာတယ်ဗျာ။ တဝက်လောက်ရောက်တော့ အသက် သိရတယ်။ နောက်ဆုံးစာလုံး ဖတ်ရမှ ကျား-မ သိလာရတယ်။ နောက်တခေါက်မက ပြန်ဖတ်ရတာပေါ့။ ဆရာက လူနာကို အရင်ဆုံး ကျား-မ၊ ကလေး-လူငယ်-လူကြီး၊ သိပြီးမှ ပြောတာကို တချက်ချင်း နားထောင်ရင်း (ဖတ်ရင်း) ရောဂါရှိရတာ ဖြစ်တယ်။ နားထောင်ရင်း ဖြစ်နိုင်ခြေရောဂါတွေ တခုချင်း တန်းစီစဉ်းစားရတာမျိုး။ မျက်စိကြောင့် မဟုတ်နိုင်ပါ။ အရိုးကျီးပေါင်းတက်တာကို ဓါတ်မှန်ရိုက်မှ ပြောလို့ရမယ်။ သွေးဖိအား တက်လဲ မူးနိုင်တယ်။ ကျလဲ မူးနိုင်သလို၊ ပုံမှန်ကနေလဲ မူးနိုင်တယ်။ မူးစေတဲ့ အကြောင်းရင် တခုချင်း ရှာရမယ်။ နာတာအတွက် Painkiller တခုခုသောက်ပါ။ တရားထိုင်တာ ကောင်းတယ်ဆိုတာ အလွန်မှန်တယ်။ မပျောက်နိုင်လောက်အောင် ဆိုးလှတဲ့ ရောဂါအတွက် တရား (ဝိပဿနာ) ထိုင်ရာက ပျောက်ကင်းရာကနေ ဆရာကြီး Goenka ဖြစ်လာတယ် မဟုတ်လား။ မိန်းကလေးဆိုတော့ သံဓါတ်အားဆေး အမြဲသောက်ပါ။
- Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)
- Migraine မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ
- BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ အကြောင်းတွေ ရေးထားပါတယ်။

2011/8/26
ဆောရီးပါဆရာ၊ စိတ်ရှုပ်သွားရင်နော်။ ကိုယ့်စာကိုယ် ပြန်ဖတ်မှ အနော် ရီချင်လာတယ်။ ဒါဆို အနော် ဓာတ်မှန်ရိုက်ဖို့ လိုပါသလား။ တော်သေးနော် ဇာတ်သိမ်းပိုင်းမှာ ဆရာ လိုချင်တဲ့အချက်တွေပါလို့။

ပခုံးနာတာ မသက်သာသေးရင် အရိုးအထူးကု ဆရာဝန်ပြသင့်ပါတယ်။ သူကနေ လိုတာ ညွှန်မှာပါ။ ကိုယ့်ဖါသာ ရိုက်တာနဲ့ မပြီးပါ။
အီးမေးလ် အိုင်ဒီ ဖတ်တာနဲ့ အထီး-အမ ခွဲမရဘူး မဟုတ်လား။ ဆရာဝန်အတွက်တော့ တိကျတာ လိုချင်တယ်။ မနေ့-တနေ့က လူနာ မိန်းကလေး တယောက် အသက် ၁၆ နှစ်လို့ လူနာစာအုပ်မှာ ရေးထားတယ်။ မော့ကြည့်တော့ ဆရာက မထင်ဘူး။ ပြန်မေးရတယ်။ ၁၉ နှစ်တဲ့။ အေး ဆရာ့ဆေးခန်းက UNHCR မဟုတ်ဘူးလို့ ပြောလိုက်ရတယ်။

2011/8/26
ကျွန်တော်မှာ ရုတ်တရက် လေရှုလို့ မရတဲ့ ပြဿနာ ဖြစ်တက်ပါတယ်။ နှာခေါင်း ပါးစပ် ဘာဆို ဘာနဲ့ မှ ကို ရှုမရအောင် (ရှုပါသော်လည်း ဘယ်ကမှ လေမရှိတော့သလို) ခံစားရပါတယ်။ တစ်ခါ ဖြစ်ရင် ၁ မိနစ်လောက်ကြာပြီးနောက် ပြန်ကောင်းသွားပါတယ်။ ဘာမှ မဖြစ်ခဲ့သလို ကောင်းသွားပါတယ်။ လွန်ခဲ့တဲ့ အပတ်ကဆို ကျွန်တော် ဖြစ်ခဲ့ပါသေးတယ်။ တော်တော် လန့်သွားခဲ့မိတယ်။ ကြာလည်း တော်တော်ကြာသွားတယ်။ အဖော်ရှိလို့ တော်သေးတယ်။ အသံ အကျယ်ကြီး ထွက်လာတာတဲ့။ အိပ်နေရင်းဖြစ်တော့ လန့်နိုး သွားတာတဲ့။ ကျွန်တော် ထင်တယ် နောင် ၂ မိနစ် ၃ မိနစ်ဆို ဘာဖြစ်မလဲ ဘုရားသခင်ဘဲ သိတယ်။ ကျွန်တော် ရန်ကုန်မှာ ရှိစဉ်ကတော့ နှလုံးလေဆို့တဲ့ရောဂါလို့ ပြောတယ်။ နောက် မသက်သာလို့ နောက်တစ်ယေက် ပြောင်းတော့ နောက်တစ်မျိုးပြောတယ်။ ငွေကုန်တာဘဲ အဖက်တင်တယ်။ သက်သာရာ မရခဲ့ဘူး။ သူဖြစ်ချင်ကြရင်ထ ဖြစ်တော့တာဘဲ။ ငွေလဲကုန် စိတ်လဲ ညစ်ရတာကို တော်တော် စိတ်ပင်ပန်းနေပြီ။ ကျွန်တော်ဟာ ကျွန်တော်ဘဲ ဒီလို အခြေနေကို ဘယ်လို ရှောင်ရန် ဆောင်ရန်လေးတွေကို သိချင်တယ်။ သိရင် လိုက်လုပ်မယ်။ ပေါ့ပါးလေးနဲ့ဘဲ အချိန်တွေကို ကုန်ချင်တယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်မှာကိုတော့ ကြောက်တယ်။ ကျွန်တော့်ကို ဆောင်ရန် ရှောင်ရန်လေးများ လမ်းညွှန်ပေးစေချင်ပါတယ်။ နောက်ပြီး ဘာကြောင့် ဒီင်္လိုဖြစ်ရတာလဲ လို့သိချင်ပါတယ်။

လိုတာလေးတွေ ပြောပါအုံး။ Welcome to Yamuna Online Clinic ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

2011/8/26
အသက် ၂၅ နှစ်၊ အမည် (့)၊ ခံစားကသည့်ရော့ဂါ အသက် ရှူ၍ မရခြင်း။ ကြာမြင့်ခဲ့သည့် ကာလ ၂ နှစ်ကျော်ခန့်။ ဓါတ်မှန် ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ရိုက်ခဲ့ခြင်းမရှိပါ။

အသက်ရှူမရ ဆိုတာ မရေရာပါ။ ဆေးလဲမစစ်ရသေးတော့ ပြောဘို့ ခက်ပြန်တယ်။ နှလုံး လေစို့ (ဆို့) ဆိုတာလဲ မှန်းမရဘူး။ မြန်မာအခေါ် (အရပ်ခေါ်) ထဲမှာတာင် ရှားလို့နေမယ်။ ဆရာအတွက် မှန်းမရဘူး။ အသက် ၂၅ မှာ ရောဂါကြီးဖြစ်တာ ရှားတယ်။ ၂ နှစ် ကျော်ဆိုတော့ အသက်ရှူလမ်းက ပန်းနာတခုဘဲ စဉ်းစားနိုင်တယ်။ ဒါကလဲ ရင်ကြပ်၊ အသက်ရှူကြပ်တယ်လို့ ပြောကြတယ်။ နှလုံးဆိုရင်လဲ တမျိုးဖြစ်မယ်။ ရင်တုံ၊ ရင်ပတ်အတင်းနာ။ ဒီအရွယ်မှာ မဖြစ်တတ်ပါ။ ဘာမှ မစိုးရိမ်စေချင်ပါ။ စိတ်ဖိအား များရင် သက်သာအောင်နေထိုင်ပါ။ အစာအဟာရ မျှတအောင်စားပါ။ လေ့ကျင့်ခန်း စတာ လုပ်နိုင်ရင် ကောင်းတယ်။

2011/8/26
ကျွန်တော့် သူငယ်ချင်းအမေရဲ့အသက်က ၇၇ လောက်ရှိပါပြီ သူက Enpott ဆေးသောက်တယ်လို့ ပြောပါတယ်။ အခု ဗိုက်နာပြီး ချွေးပျံနေတာ ဘယ်လိုကြောင့်ပါလည်းခင်ဗျာ။ ဆေးရဲ့ Side Effects ကို နည်းနည်းလောက် သိချင်ပါတယ်။ နောက်ပြီး Enpott ကို ၂ လုံးလောက် လျော့သောက်ချင်ပါတယ်။ သောက်လို့ ရပါသလားခင်ဗျာ။

Enpott ဆေးက Trade name သာဖြစ်တယ်။ ဆေးစာထဲက ဆေးနာမယ် သိရရင်တော့ ပိုကောင်းတယ်။ ဖြစ်နိုင်တာက ပိုတက်ဆီယမ် နည်းသူတွေကိုပေးတဲ့ Potassium ဓါတ်ဆားဖြစ်တယ်။ ဆီးသွားဆေးပေးထားသူတွေကိုလဲ ပေးတယ်။ ဘေးထွက်ဆိုးကျိုး သူ့ကြောင့် ဆိုရင် GI disturbances, Hyperkalemia ဗိုက်မကောင်းတာနဲ့ ပိုဆက်ဆီယမ် များတာဖြစ်နိုင်တယ်။ အခြေခံရောဂါကနေ ဖြစ်နေတာကိုလဲ စဉ်းစားရမယ်။ Potassium ဓါတ်ဆား များသွားရင် Hyperkalemia ဖြစ်မယ်။ ဖြစ်လာရင် ပျို့ချင်-အန်ချင်၊ အားယုတ်၊ ကျင်လိုခံစားရတာတွေ ဖြစ်လာနိုင်တယ်။ တချို့က ဘာမှ မဖြစ်ဘူး။

2011/8/24
မေမေက (့) မှာ နေတာပါ။ ရောဂါဖြစ်နေတာက နှစ်ဝက်ကျော်ပြီ။ ဆရာဝန် တော်တော်များများနဲ့ ပြပြီးပါပြီ။ အဆုပ်ထဲ ရေဝင်တာလို့ ပြောကြပါတယ်။ မေမေက အမြဲတမ်းလိုလို တကိုယ်လုံး အေးနေတယ်လို့ ပြောတယ် တိုင်းရင်းဆေးရုံတခုဘဲ ကျန်တော့တယ်။ သွားပြဖို့။ ဆရာရဲ့ အကူညီမှကို အထူးတလည် လိုအပ်နေပါတယ်။ အမြန်အကြောင်းပြန်စေချင်ပါတယ်။

2011/8/24
Welcome to Yamuna Online Clinic ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

2011/8/25
Sakura hospital ကို သွားပြသေးတယ်။ ဆေးတွေပေးပြီး ပြန်လွှတ်လိုက်တယ် ပြောတယ်။ ကျနော်ကလည်း အဝေးမှာဆိုတော့ သေချာဂရုမစိုက်နိုင်ဘူး။ အခုတိုင်းရင်းဆေရုံ သွားပြမယ်ပြောတယ်။ အခုလောလောဆယ်တော့ မြန်မာဆေးမြီးတိုတွေ သုံးနေတယ် ပြောတယ်။ ကွမ်းရွက်ပုံ၊ ရခိုင်ကြီး စတဲ့ဆေးတွေတဲ့ ဆေးခန်းငယ်လေးတွေ သွားပြတော့ အကြောဆေးဘဲ သွင်းပေးလိုက်တယ်တဲ့။ အစာလည်း ကောင်းကောင်းမဝင်ဘူး။ အစားထိုးလို့ မရတဲ့ မိဘဆိုတော့လည်း ကျနော် စိတ်အရမ်းပူတယ်။ ဒီမှာ အလုပ်လုပ်ရတာ မဖြောင့်ဘူးဆရာ။ ကျေးဇူးပြုပြီး ကူညီပေးပါ။ မေမေ့ရဲ ရန်ကုန်က ဖုန်းနံပါတ်က (့) ပါ။ ရန်ကုန် ရန်ကုန်ချင်း ဆိုတော့ ဆက်သွယ်ရတာ ပိုလွယ်ပါလိမ့်မယ်။ လိုအပ်တာကိုသာ ပြောပါဆရာ။ ကျနော် ဒီကနေကြည့်စီစဉ်ပေးပါ့မယ်။ မေမေကို ကျေဇူးပြုပြီး ကူညီပေးပါ။ ဖြစ်သမျှ ရောဂါ detail ကို သူသာလျှင် အသိဆုံးဖြစ်မှာပါဆရာ။

အဆုပ်ထဲ ရေဝင်တာဆိုရင် တီဘီ ဆေးနဲ့ ကုပြီးပြီလား။ အရည်စုပ်ထုတ်သလား။ ဓါတ်မှန်ရိုက်သလား။ ပြန်စစ်သလား။ တိုးတက်မှု ရှိသလား။ အေးနေတာတခုထဲက စိုးရိမ်စရာ မဟုတ်ပါ။ အထဲရောဂါ တိုးတက်မှု၊ ပျောက်ကင်းမှုသာ အရေးကြီးပါတယ်။
အထူးကုဆေးရုံ-ဆရာန်နဲ့ သတ်သတ်မှတ်မှတ် ကုသတာ ကောင်းပါတယ်။ ဘာဆေးတွေ သောက်နေရသလဲ။ ဆေးစစ်ချက်တွေ Scan လုပ်ပို့နိုင်ရင် ပိုပြောပြနိုင်မယ် ထင်ပါတယ်။

2011/8/26
မေမေဆီမှာ တယောက်တည်း ပုံသေပြတဲ့ ဆရာဝန် မရှိဘူး။ ဒီလိုဘဲ သက်သာရာရှာပြီး ကုနေရတာ။ ဆရာဆီကိုလည်း ဘယ်လို ဆက်သွယ်ရမှန်း မသိလို့သာ မေမေတို့ Contact ကို ဆရာ့ဆီကို ပေးခဲ့တာပါ။ ကျေးဇူးပြပြီးကူညီပေးပါဆရာ။

ဆရာတွေများနေလိမ့်မယ်။ ကုသနေတဲ့ ဆရာဝန် (တိုင်းရင်း မဟုတ်) ကနေ ညွှန်တဲ့အတိုင်း လိုက်နာသင့်ပါတယ်။ ကျွန်တော်က အပြင်နိုင်ငံမှာနေရလို့ အထဲက အဆက်အသွယ် မသိပါ။ ဆေးကုတာမှာ စနစ်တကျလုပ်ရတယ်။

2011/8/26
တစ်ခါကလည်း သမီးဆရာ့ဆီကို စာရေးဘူးပါတယ်။ အခုထိ သမီးနားက မကြားရသေးလို့ပါ။ မွေးရာပါ မကြားတာမဟုတ်ပါဘူး။ အာရုံကြော အားနည်းပြီးမှ မကြားရတော့တာပါ အာရုံကြောအထူးကုနဲ့ပြတာလည်းမသက်သာပါဘူး အခုဘယ်လိုလုပ်ရမလည်း ဆိုတာ မသိလို့ ဆရာကို အကူအညီလေးလှမ်းတောင်းတာပါ။ အခုဆို သမီးနားမကြားတာ တစ်နှစ်လောက်ရှိနေပါပြီဆရာ။ သမီးနားက ပြန်ကောင်းလာနိုင်ပါ့မလား သမီး ဘယ်ဆရာဝန်နဲ့ပြရမလည်း၊ အာရုံကြောဆရာနဲ့ပဲ ဆက်ပြရမလား နားဆရာဝန်နဲ့ပဲဆက်ပြရမှာလား ဆရာ။ အာရုံကြောဆရာကလည်း သောက်ဆေးတွေပေးပါတရ် ဆက်သောက်နေတာလည်း မသက်သာလို့ပါ။ နားဆရာဝန်နဲ့လည်း ပြဘူးပါတယ်။ နားထဲမှာ ဘာမှမရှိဘူးလို့လည်း ပြောပါတယ်ဆရာ။ အာရုံကြော ထိခိုက်သွားလို့ နားမကြားရတော့ဘူး ဆိုရင် သမီး ဘာဆက်လုပ်ရမလည်းဆရာ။ သမီးဆိုလိုတာက ဘယ်မှာ နားကိုပြရမလည်း ဘယ်လိုဂရုစိုက်မှုလုပ်ရမလည်း။ နားကြားကိရိယာကော တပ်လို့ရမလား။ ဘယ်မှာ ဆေးခန်းပြရင်ကော အကောင်းဆုံးဖြစ်မလည်း ဆိုတာ ပြောပြပေးပါဆရာ။ သမီးနေတာက ရန်ကုန်ကပါပဲ။ အော် ပြီးတော့လေ ဆရာတို့ရဲ့ website လိပ်စာလေးကိုပါ သမီးကိုရေးပေးပါလား ပြန်ရှာတာမတွေ့လို့။

ဆရာလဲ အဝေးကနေ ဘယ်လို အကောင်းဆုံးပြောရမလဲ မသေခြာဘူး။ အထူးကုဆရာဝန် တဦးပြရင် ရတာပါ။ သူကနေ ဆက်ညွှန်တော့ ဆက်သွားရတယ်။ ကျန်းမာ-ချမ်းသာ၊ နားသောတအာရုံပြန်ကောင်းပါစေ။