ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, August 12, 2011

Q and A August 2011 (11)

၁။ ဆီးစသွားချင်း အဖြုရောင် အနည်တွေပါတာ
၂။ သွေးဆုံးသွားခြင်းလားဟု သိချင်ပါသည်။
၃။ အသက် ၄ဝ ကျော်ရုံနှင့် သွေးဆုံးတတ်ပါသလား။
၎။ အရေခွံကွာကို ဘယ်လိုပြောလဲ။
၅။ အမည်းကွက်တွေ ပေါ်လာတာပါ။

Sat, Aug 27, 2011 at 8:35 AM
(့) မှာ အလုပ်လုပ်နေတာပါ။ အသက် ၂၇၊ ကျား၊ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဆီးစသွားချင်း အဖြုရောင် အနည်တွေပါတာ သတိထားမိပါတယ်။ ၂ ခါလောက် ဖြစ်ပြီး ထပ်မဖြစ်တော့ပါ။ ၁ နှစ်လောက်ကြာတော့ ၁ ကြိမ် ပြန်ဖြစ်ပါတယ်။ ယခု (့) မှာ ထပ်ဖြစ်နေပါတယ်။ ဆေးစစ်တာ အောင်ပါတယ်။ သတိထားမိတာကတော့ လမ်းလျောက်များပြီး အရမ်း ပင်ပန်းလွန်းတဲ့ အခါမျိုးတွေမှာ ဖြစ်တက်တာပါ။ ဒီလိုဖြစ်ပြီးရင် အားမရှိသလို ခံစားရပါတယ်။ အလုပ်ချိန်နဲ့ ဘာသာစကား အခက်အခဲကြောင့် ဆေးခန်းမပြ ဖြစ်ပါ။ ကျွန်တော် ဘာဖြစ်တာပါလဲ။

ဖြစ်နိုင်တာတွေ တခုမက ရှိတယ်။ ဆီးလမ်းပိုးဝင်တာ နဲ့ ဆီးလမ်းကျောက်။ ပိုးဝင်တာဆိုရင် ဆီးသွားရင်နာမယ်၊ ပူမယ် ခဏခဏ သွားချင်မယ်။ Septrin, Ampicillin စတဲ့ ပိုးသေဆေး ၄-၅ ရက်နဲ့ ကောင်းနိုင်တယ်။ STD လို လိင်ကတဆင့်ပိုးဝင်တာဆို ရက်ပိုကုရမယ်။ အားလုံးပျောက်ဘို့ မခက်ပါ။ ဆီးကျောက်ဆိုတာ ဓါတ်မှန်၊ အာလ်ထွာဆောင်းရိုက်မှ သိမယ်။ ဒါတောင် တချို့ ကျောက်က ဓါတ်မှန်မှာ မပေါ်တတ်ဘူး။ ရှိတိုင်းလဲ အရေးပေါ်ခွဲဘို့ မလိုတတ်ပါ။ ရေများများ သောက်ပါ။ ဆီးအက်စစ်ဓါတ် များးမှာ ရှောင်ပါ။ အားရင် ရှာဖတ်နိုင်ပါတယ်။

Sat, Aug 27, 2011 at 8:39 AM
ကျမ အသက် ၄၃ နစ်ပါ။ အိမ်ထောင်မရှိ အပျိုဖြစ်ပါသည်။ ရာသီမလာသည်မှာ ၃ လ ရှိသွားခြင်းသည် သွေးဆုံးသွားခြင်းလားဟု သိချင်ပါသည်။ တခြား ထူးထူးခြားခြား ခံစားရခြင်း ဘာမှ မရှိပါ။ ဆိုလိုသည်မှာ အမေ သွေးဆုံးစဉ်က ရာသီတွေ အများကြီးလာပါသည်။
ကျမ မမှတ်မိသော မြန်မာ ဆေးမြီးတိုများနှင့်လည်း အကြာကြီး နှစ်ပါးသွားနေခဲ့သည်ကို မှတ်မိပါသည်။ ကျမ အိုဂျီ နှင့် ပြရန် ဝန်လေးနေပါသည်။ မတတ်သာလို့ ပြရလျှင်လည်း မြန်မာနိုင်ငံ ပြန်မှ ပြလိုပါသည်။

သွေးဆုံးတာ တယောက်နဲ့တယောက် အတော်မတူပါ။ ခံစားရတာမရှိရင် ဆေးကူဘို့ ကုဘို့ မလိုပါ။ ခံစားရရင်လဲ တချို့ အတော်အခံရ ခက်တတ်တယ်။ ရေးထားတာတခု ပို့လိုက်ပါတယ်။ လိုသေးတာ မေးပါ။

27 Aug 11, 03:15
အသက် ၄ဝ ကျော်ရုံနှင့် သွေးဆုံးတတ်ပါသလား။ အိမ်တောင်မရှိ အပျိုကြီး ဖြစ်ပါသည်။
ဖြစ်နိုင်ပါတယ်။ Menopause သွေဆုံး-သားဆုံး ကို ဖတ်နိုင်ပါတယ်။

26 Aug 11, 20:53
လက်တွေ ခြေတွေ အရေခွံကွာကို ဘယ်လိုပြောလဲ။
လက်တွေ ခြေတွေ အရေခွံကွာ = skin peeling

Fri, Aug 26, 2011 at 7:06 PM
ကျွန်မ နာမည် (့) ပါ။ အသက် ၃၇ နှစ်ပါ။ ကျွန်မရဲ့ မျက်နှာ နှတ်ခမ်း တစ်ဝိုက် နဲ့ တစ်ချို့နေရာ (ဘယ်ဘက်ပါးအို့)အမည်းကွက်တွေ ပေါ်လာတာပါ။ မျက်နှာပြင် အသားအရေး မညီတာမျိုးပါဆရာ။ ကျွန်မ အခုနေတာ (့) မှာ ဆိုပေမယ့် ဈေးကြီးတာတွေ မတတ်နိုင်တာမို့ ဆရာ့ကို အားကိုးစွာ မေးလိုက်ရတာပါ။ တင်းတိပ်လား။ ဒါမှမဟုတ် မတည့်တာ တစ်ခုခုကြောင့် ဖြစ်တာလား။ ဘယ်လို ဆေးမျိုး လိမ်းသင့်သလဲဆိုတာ ပြန်ကြားပေးပါရှင်။

Melasma တင်းတိပ် ဖတ်ပါ။ လိုးသေးတာမေးပါ။