ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, August 4, 2011

Q and A August 2011 (4)

၁။ ဘယ် web site တွေကနေ ဖတ်နိုင်ပါသလဲ။
၂။ ကူးစက်နိုင်ချေ ဘယ်လောက်ရှိလည်း။
၃။ သတင်း သွားမေးရင်းနဲ့ လေထဲက ကူးစက် နိုင်-မနိုင်။
၎။ Sometime blood only comes out.
၅။ ရိုးတွင်းချင်ဆီကြောင့်လား။

2011/8/9
1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ
2. Early ejaculation (2) သုတ်လွှတ်စောခြင်း အဆက်
3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
4. Masturbation (မာစတာဘေးရှင်း) စာတွေကို ဖတ်ချင်တယ်ဆိုရင် ဘယ် web site တွေကနေ ဖတ်နိုင်ပါသလဲ။

http://www.yamunaclinic.org/ က Search မှာ မြန်မာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုဖြစ်ဖြစ် ရိုက်ပြီး ရှာနိုင်ပါတယ်။

2011/8/9
တကယ်လို့ပေါ့ AIDS ရောဂါပိုးရှိတဲ့ လူတစ်ယေက်ရဲ့ သွေးစက်တချို့ ရေချိုးကန်ထဲ ကျသွားတယ် ဆိုပါတော့၊ ကျနော့်ရဲ့လက်မှာ ဓါးရှတဲ့ အနာလေးရှိတယ်။ ခုနက ကန်ထဲကရေကို ချိုးတယ် ဆိုပါတော့ဗျာ။ ရောဂါ ကူးစက်နိုင်ချေ ဘယ်လောက်ရှိလည်း။ နောက်ပြီး AIDS ပိုးက လူ့ခန္ဓာ ကိုယ်ရဲ့ အပြင်ဘက်မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လည်း သိချင်လို့ပါ။

ပြောတဲ့အတိုင်းဆိုရင် သီအိုရီအရ ကူးစက်နိုင်ပါတယ်။ % ပြောမရပါ။ AIDS, HIV ကို Search မှာ ရိုက်ရှာပါ။ ရေးထားပါတယ်။ http://www.yamunaclinic.org/ မှာ ဖတ်ပါ။

2011/8/9
အသည်းရောင် အသည်းဝါ ရောဂါအကြောင်းလေးကို ပြည့်ပြည့်စုံစုံလေး ရှင်းပြပါလား။ ဥပမာ ဘယ်အဆင့် ကတော့ စိုးရိမ်ရတယ်။ ကူးစက်နိုင်တယ်။ ဘယ်လို ကူးစက်နိုင်သလဲဆိုတာ ရှင်းပြပေးပါ။ ဥပမာ၊ အသည်းရောင် အသားဝါ ဖြစ်နေတဲ့ သူတစ်ယောက်ကို သတင်း သွားမေးရင်းနဲ့ လေထဲက ကူးစက် နိုင်မနိုင်။ ကာကွယ်ဆေး ထိုးသင့် မထိုးသင့်။ ထိုးရင် ဘယ်နှစ်လုံးထိုးရသလဲ ဆိုတာပါ။

အားလုံး ရေးထားပါတယ်။ Search ထဲမှာ မြန်မာ-အင်္ဂလိပ် ကြိုက်တာ နှိပ်ရှာပါ။
Hepatitis C (1) စီ ပိုး
Hepatitis C (2) စီ ပိုး နောက်ဆက်တွဲ
Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)
Hepatitis A, B, C, D, E အသဲရောင်ရောဂါများ
Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး
Hepatitis B Immune Globulin
Current Hepatitis C Treatments Work
Coffee may be good for chronic hepatitis C
Experimental hepatitis C drug shows promise
Best treatment regimen for hep C
9-8-2010 Tattooing linked to higher hepatitis C risk

On Tue, Aug 9, 2011 at 2:58 PM,
My brother-in-law has a disease. When he goes to toilet his feces come out together with blood. Sometime blood only comes out. This problem occurs when he has constipation and he has habit of constipation. The problem started 6 month ago. He has not seen any doctor. He has no pain.

Please let him read Piles လိပ်ခေါင်း။ Then ask me if he has any question.

2011/8/9
ကျွန်တော့် ညာဘက် ဒူးဆစ် အလည်တည့်တည့် အရိုးရဲ့ အတွင်းဘက်ဘေး အချိုင့် လေးနားက အောင့်အောင့်သလို ဖြစ်နေတယ်။ တစ်ပတ်မှာ ၂ ရက် ၃ ရက်လောက်ကို အောင့်နေပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးလို့ အကွေး အဆန့် လုပ်ရင် (ကလုပ် ကလုပ်) အသံ မြည်ပါတယ်။ ရိုးတွင်းချင်ဆီကြောင့်လား။ တစ်အားလည်း မနာဘူး၊ အောင့်အောင့်လေး ဖြစ်နေတော့ ဘာဖြစ်မှန်းမသိဘူး။ ကြိုတင် ကာကွယ်ရအောင်လို့ အကြံညဏ် တောင်းခံပါတယ်။ ကျွန်တော် (့) မှာပါ။ အလုပ်က သက်သက်သာသာပါပဲ။ တစ်ခါတစ်လေ ထိုင်နေရင်းခြေ အကွေးအဆန့် လုပ်ရင်လည်း အောင့်သလို ဖြစ်ဖြစ်နေလို့။ အွန်လိုင်းပေါ်မှာ ဖြေကြားပေးနေလို့မို့ နှိင်ငံတကာမှာ သွားရောက် နေကြတဲ့ မြန်မာနှိင်ငံသား အားလုံး အဆင်ပြေကြတယ်။ မဟုတ်ရင် ဆေးခန်း သွားရင်တောင် ဘာမေးလို့ ဘယ်လို ပြောပြရမှန်းကို မသိဘူး။ စကားချင်းလည်း မတူတော့ အနာနဲ့ ဆေးကို အန်ဝင် ဂွင်ကျ ပြောပြဖို့ ခက်တယ်ဗျာ။ အွန်လိုင်းကနေ သေချာပြောရင် အနာဆေးက ကွက်တိပဲ။ အားလုံးအတွက် ကျေးဇူး အထူးတင်ပါတယ် ဆရာ။

၁။ ဖြစ်တဲ့သူရဲ့ အသက်၊
၂။ ဆေးစစ်ထားလား၊ ဥပမာ ဓါတ်မှန်၊
၃။ ဘာဆေးသောက်နေလဲ၊ ဥပမာ Painkiller
ခုထိ သိရသလောက် ရောဂါကြီး မဟုတ်နိုင်ပါ။ မစိုးရိမ်ပါနဲ့။