ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, August 5, 2011

Q and A August 2011 (5)

၁။ နို့ခဲက မပျောက်တော့ပါ
၂။ ဆိုက်ကို ဖြစ်နေတာလား
၃။ Depression ကလည်း ပြန်ဝင်နေတာ
၎။ ရာသီ ကျန်မကျန် ဆိုတာ ဘယ်လို သိနိုင်မလဲ
၅။ အနီနှစ်ကြောင်း ပေါ်နေတုန်းပါပဲ
၆။ Firstly, can the pill Marvelon help me to get the baby in the future?
၇။ ကလေး လိုခြင်လို့၊ လတိုင်း မျှော်ရတာ

8 Aug 11, 22:40
ငယ်စဉ် က လူပျိုဝင်ချိန် နို့စူတတ်မှန်း မသိခဲ့လို့ လန့်ပြီး နိပ်ချေခဲ့မိပါတယ်။ ခု အဲဒီ နို့ခဲက မပျောက်တော့ပါ။ ဘယ်လို ပြုလုပ်ပါက ပြေပျောက်နိုင်ပါမလဲ ဒေါက်တာခင်ဗျား။ ယခု ၂၅ နှစ်ပါ မနာပါ။ ဇီးဖြူသီးလုံး ပုံမှန်အနေအထားလောက်ရှိ၊ ဘယ်ဘက်က သေးပြီး။ ညာဘက်က အနည်းငယ် ကြီးပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ နို့မှာ ဘာမှ မဖြစ်သော်လဲ ပြေပျောက်ချင်ပါသည်။

ဆရာဝန် ပြဘူးသလားတော့ မမေးမိခဲ့ပါ။ ကြည့်တာ၊ စမ်းသပ်တာ မလုပ်ဘဲ ပြောရမှာ ဖြစ်ပါတယ်။ အရွယ်ကြောင့်ကနေ စတာ ဆိုရင် ဟော်မုန်းသဘော ဖြစ်တယ်။ ပျောက်ဘို့ရာ ဟော်မုန်းတွေ သောက်တာကို အားမပေးချင်ပါ။ ဒီအတိုင်း ထားနိုင်ပါတယ်။ ဆရာ့သဘော ပြောရရင် ခွဲစိတ်လိုက်တာက ဟော်မုန်း ပေးတာထက် ကောင်းမယ်။ ထုံဆေးနဲ့သာ လုပ်လို့ရတယ်။ လက်တွေ့ စမ်းသပ် ကုသပေးမဲ့ ဆရာဝန်သဘောက ဆရာပြောတာထက် ပိုသင့်ပါလိမ့်မယ်။ ကာယကံရှင်ကနေ ဆွေးနွေး-မေးမြန်းနိုင်တယ်။ လူနာရဲ့ သဘောက နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်သင့်ပါတယ်။

8 Aug 11, 11:33
စိတ်ကူးယဉ်မူတွေ ဖြစ်ပေါ်တဲ့ အချိန်အခါမှာ အပြင်မှာ ခံစားရသလို ခံစားရပါတယ်။ တစ်ခါတစ်လေ သူများ မတွေးသော အတွေးများနဲ့ တွေးနေမိတယ်။ ဆိုက်ကို ဖြစ်နေတာလား သိချင်ပါတယ်။
အကြမ်းပြောရရင် ကိုယ့်ကိုယ်ကို စိတ်တခုခုဖြစ်နေတယ် ထင်နေသူဟာ စိတ်ရောဂါ မရှိတတ်ပါ။

2011/8/10
ခုနောက်ပိုင်း Trimetazidine hydrochloride ဆေးကို သောက်ပေမယ့် နည်းနည်း လမ်းလျှောက် မိတာနဲ့ မောနေမိတယ်။ ကျောအောင့် ဝေနာကလည်း ခဏခဏ ဖြစ်နေတာ တစ်ခါတစ်လေ အဆစ်တွေက သူ့အလိုလို ယောင်ကိုင်းလာနေတယ်။ Depression ကလည်း ပြန်ဝင်နေတာ နှစ်လကျော်လောက် ရှိနေပါပြီ။ ဘာဆေးမှတော့ မသောက်ဖြစ်ဘူး။ စွဲသောက်ဖြစ်တဲ့ ဆေးကတော့ Trimetazidine တစ်ခုထဲပါ။ ဆရာဝန်နဲ့လည်း မပြဖြစ်ဘူး။ Depression ဆေးတွေကိုလည်း မသောက်ချင်ပါဘူးဆရာ ဒီဆေးတွေ သောက်ပြီးရင် ဘာအလုပ်မှ လုပ်လို့ မရလို့ပါ။ အလုပ်ထွက်ပြီး ဆေးကုသမှု ခံယူရမလား။ ဘယ်လိုလုပ်ရပါ့မလဲဆရာ။ နောက်ပြီးတော့ အစားကို ကောင်းကောင်း စားလို့မရတော့တာပါဘဲ။ နည်းနည်စားတာနဲ. ရင်ထဲက တင်းကျပ်ပြီး အသက်ရှူလို့ မရတော့ဘူး။ ဘယ်လို နေထိုင် စားသောက်ရင် အရင်လို သာမာန်လူတစ်ယောက် လို ပြန်နေနိုင်မလဲ ဆရာ။

စိတ်အခြေခံ ဖြစ်တာတွေက စိတ်အထူးကု လိုအပ်တယ်။ အမေး-အဖြေ လုပ်တာနဲ့ အများကြီး ထိရောက်-သက်သာမယ်။ ဆေးတန်ခိုးလဲ အားကိုးရတာပေါ့။ ကိုယ့်ကိုယ်ကို နားလည်-အားပေး။ အားမွေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အရက်၊ မူးသစ်ဆေး စိတ်ခံစားမှုတွေကနေ သက်ရောက်မှု ရှိနေသူတွေမှာ စဉ်းစားတာ၊ ယူဆတာ၊ ဆုံးဖြတ်တာတွေ အားလုံး ပုံမှန်မဟုတ်တာ များတယ်။ ဘက်လိုက်မှုတွေ ကဲနေတယ်။ ဒါမလုပ်ချင်ဘူး၊ ဒါမှကြိုက်တယ် စသဖြင့် အမှန်ဆုံး မဟုတ်တတ်ဘူး။ စိတ်ဆိုတာ သိပ်ဆန်းကြယ်တယ်။ အရာတမျိုးထဲ၊ အခြေအနေတခုထဲကိုဘဲ တယောက်ထဲကနေတောင် မတူတာကို မြင်-သိ-ယူတတ်တယ်။ ဆိုပါစို့ အခြေအနေ တခုကို အနုတ်ဘက်နေချည်း မြင်နိုင်သလို အပြုဘက်ကနေလဲ ကြည့်နိုင်တယ်။ ငါ့မှာ ဒါဘဲ ရှိတယ်။ ငါ့မှာ ဒါတော့ ရှိနေပြီ။

2011/7/25
ကျမအသက် ၂၅ ပါရှင့်၊ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျမပြီးရာသီထိန်လို့ဆိုပြီး အာထရာဆောင်းရိုက်ကြည့်တာ ကိုယ်ဝန် ၇ပတ် ရှိနေတယ်လို့ပြောတယ်ဆရာ။ အခုကိုယ်ဝန်က သားဦးပါရှင့် ကျမနဲ့အမျိုးသားက ကလေးယူဖို့အဆင်သင့်မဖြစ်သေးပါဘူးရှင့်။ အဲဒါ ကျမ Misoprostol ဆိုတဲ့ဆေးကို သောက်ပါတယ်။ တရုတ်က လာတာပါ။ သုံးလုံးပါပါတယ်။ နစ်လုံးကို သောက်ပြီး တလုံးကို (ဗဂျိုင်းနားထဲ ထည့်ပါတယ်) ကန်တော့ပါဆရာ။ ရာသီကတော့ လာပါတယ်။ ကျမ သိချင်တာက ရာသီ ကျန်မကျန် ဆိုတာ ဘယ်လို သိနိုင်မလဲဆရာ။ ဆရာရဲ့ ကိုယ်ဝန်ကိုဆေးသုံးဖျတ်ခြင်းဆိုတဲ့ပို့စ်မှာ (အားလုံး ပျက်မကျသူတွေကို Aspiration စုပ်ထုတ်ပေးရတယ်။) အဲလိုရေးထားတာ တွေ့လို့ပါဆရာ။ ကျမဆေးသောက်ပြီး ၅ နာရီအတွင်းမှာပဲ ရာသီလာပါတယ်။ ရာသီက ပုံမှန် လာတာထက် နည်းနေပါတယ်။ နောက်ပြီး ရာသီက တရက်ပဲ လာပါတယ်။ ရာသီကျန်မှာကို စိုးရိမ်လို့ပါ။

ဆင်းစရာ မကုန်အချင်း ဆင်းပါမယ်။ ဆရာဝန်ဆီမှာ လုပ်တာဆိုရင် ဆရာဝန်ကနေ ခေါ်ယူစစ်ဆေးမယ်။ စမ်းသပ်ပြီးမှာ လိုတာ ဆက်လုပ်မယ်။ စောင့်ကြည့်နိုင်ပါတယ်။ ပျက်သွားပြီးလို့ ယူဆနိုင်တယ်။ ဆင်းတာက တရက်မက ကြာရမှာပါ။ ပဌမကိုယ်ဝန်မှာ အဲလိုလုပ်ရသူဟာ နောက်ဆို ပိုဂရုစိုက်သင့်တယ်။ ကြိုတင်ကာကွယ်မှု လုပ်ထားပါ။ ဆင်းတာ ယုတ်တရက်များခဲ့ရင် လှုတ်ရှား သွားလာတာ ဆင်ခြင်ပါ။ သွေးဖိအား ယုတ်တရက်ကျရင် မူးတာ မောတာတွေ ဖြစ်တတ်တယ်။ နာပါ၊ေ၇-အရည် များများသောက်ပါ။ ဖျားရင်တော့ ပိုးသေဆေးလိုမယ်။

2011/8/10
ရာသီက (ကန်တော့ပါ ဆရာ) ၇ ရက်နေ့လောက်ထိ နည်းနည်းပဲ လာနေတုန်းပါ။ ခု မလာတာတော့ ၃ ရက်လောက် ရှိပါပြီရှင့်။ ခုဆို ဆေးသောက်ထားတာ ဆယ်ရက်ကျော်ပါပြီ။ ကျမက ဆီးစစ်တာနဲ့ စစ်ကြည့်လိုက်တာ အနီနှစ်ကြောင်း ပေါ်နေတုန်းပါပဲဆရာ။ ကျမ ဘာဆက်လုပ်သင့်ပါသလဲရှင့်။ Misoprostol ဆိုတဲ့ဆေးကို ထပ်သောက်ရမလား ဆရာ။

Wed, Aug 10, 2011 at 10:59 AM
ကိုယ်ဝန်ရှိပြီ ဆိုကတည်းက ဆီး-သွေး စစ်ရင် အပေါင်းပြမယ်။ သားပျက်ပြီးနောက်လဲ ပြနေအုံးမယ်။ သွေးထဲမှာ အပေါင်းပြစေမဲ့ ဟော်မုန်းက မကုန်သေးမချင်း ပြနေမှာဘဲ။ ပျက်နေမှတော့ ပျက်ဆေး-ဖျက်ဆေး သောက်စရာ မလိုပါ။ ကိုယ့်ရောဂါအတွက် ဆရာဝန်ကို တိုင်ပင်တာ သိပ်နှေးလွန်းတယ်။ နေ့စွဲတွေ ပြန်ကြည့်တော့ ကြာပြီဘဲ။

On Wed, Aug 10, 2011 at 12:23 PM,
At the end of July 2011, I went to hospital to have a doctor visit for the pain in my right belly for long time already. The result came out that I had got ovarian cyst, named emdormtriotic cyst and sized 3.9 cm in my right ovary. The doctor gave me pain killer only. However, I felt pain almost everyday. So I went to visit her again earlier than appointment. The result is that there is no evidence of a complex cyst in right ovary now but there are multiple small cyst in both ovaries, scattering mainly at periphery site, measuring about 4-7 mm in diameter; polycystic disease is suggested.
Then, I asked doctor openly, "Is there any problem to delivery the baby in the future because of polycystic disease? I gotta get married soon."
"Yes, you may have that kind of problem."
"Any way to solve this problem?"
"If you want to have the baby, do try to have a pill called Marvelon." I have never taken that kind of medicine before.

Firstly, can the pill Marvelon help me to get the baby in the future? Secondly, Can the site affect of this pill become so serious? Thirdly, Can I start to take and stop to take this pill in anytime I want?

1. Be advised to read "Polycystic Ovarian Syndrome (PCOS) ရာသီ မမှန်ရင် ဖတ်ပါ". Just type it in the Search box.
2. One of the recommendations is to take pills. Yes Marvelon is one of them. You will come know more about the disease and options.
3. But the OG who examined you has better position than me to help you.

10 Aug 11, 16:50
ကျမတို့ အိမ်ထောင်ကျတာ ၁၁ နှစ်ရှိပြီ ကလေး မရသေးဘူး။ ကျမကတော့ ကလေး လိုခြင်လို့၊ လတိုင်း မျှော်ရတာ ယနေ့အချိန်ထိပါပဲ။
ကျွန်တော် ရေးတာတွေ ဖတ်ချင်လဲ ဖတ်ဘူးမှာပါ။ OG ကိုလဲ ပြချင် ပြဘူးမှာပေါ့။ ကြိုးစားမှုတွေလဲ ရှိမှာပေါ့။ စိတ်မလျှော့စေချင်ပါ။