ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, August 6, 2011

Q and A August 2011 (6)

၁။ Viagra ဆေးတွေက ကလေးယူမယ်ဆို ထိခိုက်သလား
၂။ သုတ်လွတ်မြန်တာကို ဘယ်လို ကုသလို့ ရနိုင်မလဲ၊
၃။ ပန်းသေပန်းညှိုး ရောဂါကို ဘယ်လို ကုရမလဲ။
၎။ အခုအချိန်ထိ ဇဝေဇဝါဖြစ်နေတယ်။
၅။ အမျိုးသမီး ခွန်အားတိုးဆေးအနေနှင့် ဒီနိုင်ငံမှာ ရနိုင်တဲ့ ဘာဆေးသုံးရင် ရမလဲ။
၆။ Suicide tendency အရမ်းများနေတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။
၇။ ဝမ်းဗိုက် ကြွက်သား အထက် အတွင်းပိုင်းနေရာ၊ နံရိုးအောက် နာကျင်သည့်ဝေဒနာ ခံစားနေရပါသည်။

2011/8/13
1. Viagra ဆေးတွေက ကလေးယူမယ်ဆို ထိခိုက်သလား
2. သုတ်လွတ်မြန်တာကို ဘယ်လို ကုသလို့ ရနိုင်မလဲ၊ ဘာဆေးတွေသောက်ရမလဲ ညွှန်ပေးပါအုံး။ (၁ မိနစ်လောက်ပဲ ကြာတယ်)
3. ပန်းသေပန်းညှိုး ရောဂါကို ဘယ်လို ကုရမလဲ အချိန်ဘယ်လောက်ပေးရလဲ။

- Early ejaculation (1) သုက်လွှတ်စောခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂)
- Early ejaculation (2) သုတ်လွှတ်စောခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၃)
- Viagra သန်မာစေတဲ့ဆေး အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၇)
- Male orgasm ယောက်ျား ပြီးခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅)
- Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၉)
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)
- Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၇) တွေကို ဖတ်နိုင်ပါတယ်။ Viagra ကြောင့် ကလေးမရဖြစ်စေတယ်လို့ မတွေ့ရသေးပါ။

2011/8/13
ကျွန်တော်ရဲ့ အသက် ၃ဝ ထဲမှာရှိပါပြီ။ ကျွန်တော်ရဲ့ အင်္ဂါဟာ ငယ်စဉ်ကတည်းက ဘာမှ မလုပ်ခဲ့တော့ လူတွေ ပြောတဲ့ (ဂွင်းပြုတ်)တယ် ဆိုတဲ့ဟာကို အခုအချိန်ထိ ဇဝေဇဝါဖြစ်နေတယ်။ ကျွန်တော့်ဟာကတော့ အမြဲတမ်း အရေပြား ဖုံးအုပ်နေတယ်။ ထိပ်ဖူးရဲ့ အောက်မှာလဲ ဖုံးအုပ်ထားတဲ့ အရေပြားနဲ့ ဆက်ထားတဲ့ အရေပြားလေးက ရှိနေလို့ပါ။ နောက်ပြီး ပုံမှန် အချိန်မှာဆိုရင် အင်္ဂါဟာ ၂ လက်မလောက်ပဲ ရှိပြီး စိတ်လာချိန်မှာတော့ ၅ လက်မ ကျော်တယ် ဆိုရုံလေးပါပဲ။ ဆေးခန်းသွားဖြတ်သင့်ပါသလား။ ကျွန်တော်အခု နိုင်ငံခြားမှာနေပါတယ်။

မေးတဲ့သူလို လူမျိုးတွေ မနည်းလှပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ဖါသာ-အာသာဖြေတာလဲ နော်မယ်ပါ။ မဖြေတာလဲ ပုံမှန်ပါဘဲ။ များလို့လဲ ရောဂါအဆင့်အထိ မရောက်တတ်ပါ။ မဖြေလို့လဲ ဘာမှ မဖြစ်ပါ။ တခုရှိနေတာက ပန်းငုံနေတာ ဟုတ်-မဟုတ် သိရမယ်။ လိင်တံ အဖျားကို ဖုံးနေတဲ့ အရေပြားကို ဆွဲလှန်ရင် ပွင့်လာမယ်။ ကွမ်းသီးခေါင်း ခေါ်တဲ့ အကားဆုံးနေရာကို လန်သွားတဲ့အထိ လှန်လို့ ရသွားမယ်။ ငယ်တုံးမှာ မရသေးလို့ ဘာမှ မဖြစ်ပါ။ လက်နဲ့ကစားတာ၊ နောက် လိင်ဆက်ဆံတာ လုပ်ရင် ဆွဲလှန်ပြီးသား ဖြစ်လာမယ်။ အတွင်းက ကွမ်းသီးခေါင်းက အသားနုလို့ အစမှာ နာနိုင်တယ်။ အရေပြားကို ဆွဲမလှန်ဘဲ နဂိုအနေအတိုင်း တဝက်လောက်အထိ ဖုံးနေတာ ကောင်းတယ်။ ကွမ်းသီးခေါင်း ကုန်အောင် လှန်လို့မရရင်တော့ ပန်းငုံတာဖြစ်မယ်။ ဆီးထွက်ပေါက်ကို ပိတ်နေရင် ဆီးသွားရ ခက်မယ်။ ဆီးကောင်းကောင်း ထွက်နိုင်ရင် ပန်းငုံနေအုံးတော့ ချက်ချင်းခွဲစရာ မလိုသေးဘူး။ ဖြေးဖြေးတော့ ခွဲရမယ်။ အမြဲတန်း အရေပြားဖုံးနေပေမဲ့ ဆွဲလှန်လို့ရရင် ခွဲစရာမလိုပါ။ မခွဲဘဲလဲ အိမ်ထောင်ပြုနိုင်တယ်။ ကလေးမရ မဖြစ်စေပါ။ အညစ်အကြေး အောင်းမနေအောင်တော့ သန့်ရှင်းပေးရမယ်။ ပန်းငုံတာ တကယ်ဖြစ်နေရင် ခွဲတာက ပိုကောင်းတယ်။ သန့်ရှင်းရေး အတွက်ရော၊ ခေတ်ပေါ်သုတေငနအရ HIV ကာကွယ်ဘို့ပါ ကောင်းနိုင်တယ်။ အရှည်က ပြောပြတာဆိုရင် ပုံမှန် ယောက်ျားဖြစ်တယ်။
မရှင်းသေးရင် မေးပါ။

2011/8/13
ကျနော့် အမျိုးသမီးအသက်က ၃၄ နှစ်ရှိပါပြီ။ ကျနော်တို့ လက်ထပ်တာ ၃ လ ရှိပါပြီ။ အမျိုးသမီး အသက်အရွယ်က နည်းနည်း ကြီးနေပြီဖြစ်လို့ ကလေးလိုချင်နေပါပြီ။ ကျနော်တို့ ဘာတားဆေးမှ သုံးခဲ့ကြခြင်း မရှိပါဘူး။ အမျိုးသမီးက (့) ကို အလည်လာတာ ဖြစ်ပြီး အတူနေရန် ၁၅ ရက်သာ ကျန်ပါတော့တယ်။ အမျိုးသမီးမှာ Menstruation ဖြစ်နေပါသည်။ သိချင်တာက ကလေးရနိုင်ဖို့ လိုအပ်တဲ့ အမျိုးသမီး ခွန်အားတိုးဆေးအနေနှင့် ဒီနိုင်ငံမှာ ရနိုင်တဲ့ ဘာဆေးသုံးရင် ရမလဲ။ မကြာခန ခေါင်းမူးသလို ဖြစ်ပြီး အစာ မစားချင်ဖြစ်တာမို့ ဘာဆေးဆောင်ရင် အဆင်ပြေနိုင်ပါသလဲ။ အရင်က မဖြစ်ဖူးပါ၊ တစ်လခန့်သာ ကြပါသေးတယ်။ လာမယ့် ၁၅-၈-၁၁ မှာ သူမရဲ့ MS ပြီးဆုံးခဲ့မယ်ဆိုရင် ခန့်မှန်း မျိုးဥကြွေချိန်ဟာ ဘယ်ရက်နေ့လောက် ဖြစ်မလဲဆိုတာကို ပြောပြပေးပါခင်ဗျာ။

ရာသီ စလာတဲ့နေကနေ ရေတွက်ရင် ၁၄ ရက်မှာ မျိုးဥထွက်မယ်။ မျိုးဥနဲ့ တွေ့ရင် ကိုယ်ဝန် ရနိုင်တယ်။ အမျိုးသမီး အားဆေးဆိုတာ သွေးအားကောင်းဘို့ Ferrous sulphate နဲ့ Folic acid တွေသာ ပုံမှန်သောက်ရမယ်။ မျိုးဥထွက်ဆေး ဆိုတာတော့ ရှိတယ်။ မျိုးဥ မထွက်သူတွေကိုသာ OG ကနေ စနစ်တကျပေးမယ်။ မူးတာ၊ မစားချင်တာအတွက် သွေးအား နည်း-မနည်း၊ အသားပါ ရှိ-မရှိ၊ ကိုယ်ဝန် ရှိနေ-မနေ၊ စစ်ဘို့လိုတယ်။ ကိုယ်ဝန်ရစေဘို့ အခြေခံ အကြောင်းတရားတွေ ရေးထားပါတယ် Search ထဲမှာ မြန်မာ-အင်္ဂလိပ် ကြိုက်တာရိုက် ရှာနိုင်ပါတယ်။

2011/8/13
ပြန်လည်ဖြေ ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်မိပါတယ်။ ဆေးကုသမှုကို မခံယူဘဲ ထားခဲ့ရင် ဘယ်လိုအခြေအနေထိ သက်ရောက် နိုင်ပါသလဲ။ ကုန်ခဲ့တဲ့နှစ် ခုလိုအချိန်က စိတ်အထူးကုနဲ့ ပြသပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။ အဲဒီအချိန်က ဆရာဝန်က ဆေးရုံတက် ခိုင်းပါတယ်။ သူပြောတာကတော့ suicide tendency အရမ်းများနေတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။ သောက်ဆေးနဲ့ နှစ်လလောက် နေလိုက်ပြီးတော့ ဆက်မပြဖြစ်တော့ သလို ဆေးလည်းမသောက်ဖြစ်တော့ပါဘူး။ တစ်ခါတစ်လေ မပျော်ရွှင်မှု ဖြစ်ပေမယ့် ကောင်းကောင်း နေနိုင်ခဲ့ပါတယ်။ ခုတစ်လ နှစ်လအတွင်းမှာ ကိုယ့်ကိုယ်ကို မရှိတော့သလို ပျောက်ဆုံးနေသလို ခံစားရပါတယ်။

စိတ်အထူးကုနဲ့ ဆက်လက်ကုသပါ။ မဖြစ်မနေ ကုသစေချင်ပါတယ်။ ကုရင် ပျောက်တဲ့ရောဂါမို့ ဝမ်းသာဘို့တောင် ကောင်းသေးတယ်။ HIV, Hepatitis B, C, Cancer တွေ မဟုတ်တာ ကံကောင်းတယ် အောက်မေ့ပါ။ ကိုယ့်ရောဂါကို ကိုယ်တိုင် မဆုံးဖြတ်သင့်ပါ။ လူနာ ကိုယ်တိုင် မပြောနဲ့ လူနာရဲ့ အမျိုးရင်း ဆရာဝန်ကနေတောင်မှ အဆုံးအဖြတ် မပေးသင့်ပါ။

2011/8/13
ကျွန်တော့်အမျိုးသမီးရဲ့ ဝေဒနာပတ်သက်ပြီး သိချင်တာလေး မေးပါရစေ။ သူ့ညာဖက် ရင်ခေါင်းထဲက (ဝမ်းဗိုက် ကြွက်သား အထက် အတွင်းပိုင်းနေရာ၊ နံရိုးအောက်) နာကျင်သည့်ဝေဒနာ ခံစားနေရပါသည်။ ချောင်းဆိုး၊ နှာချေ၊ ရယ်သောအခါတွင် ပို၍နာပါသည်။ ခံစားနေရသည်မှာ ၃၊ ၄ ရက်ရှိပါပြီ။ ထိုရောဂါမှလွဲ၍ တခြားမည်သည့်ရောဂါမှ ခံစားနေရခြင်းမရှိပါ။ ယခင်ကလည်း မဖြစ်ဘူးပါ။ အသက်က ၃၈နှစ်ပါ။ လောလောဆယ် ရုံးအလုပ်အခြေအနေအရ ဆေးခန်းသို့မသွားရောက်နိုင်သေးပါ။

ပြောတဲ့အတိုင်းဆိုရင် အသဲရှိတဲ့နေရာ ဖြစ်မယ်။ ဗိုက်-အပေါ်-ညာဘက်ခြမ်း-နံရိုးအောက်ပိုင်း။ မျက်လုံး-ဆီး ဝါ-မဝါ ကြည့်ပါ။ အစားပျက်သလား၊ အားယုတ်သလား၊ မေးတာတွေ ဟုတ်ရင် အသဲရောင်-အသားဝါ အေ အမျိုးအစား ဖြစ်နိုင်တယ်။ အများဆုံး ဖြစ်တတ်တဲ့ အသားဝါရောဂါ ဖြစ်တယ်။ ဟုတ်ရင် နားရမယ်။ ရေ-အရည် များများသောက်ရမယ်။ ဆေးသောက်တာ မှန်သမျှ ဆင်ခြင်ရမယ်။ ပါရာစီတမော မသောက်ရ။ အသဲအားဆေး တမျိုးမျိုး သောက်နိုင်တယ်။ ရေ-အရည် သောက်တာ နည်းရင် Drip သွင်းရမယ်။ သူ့အလိုလို ပျောက်တယ်။ ဗိုင်းရပ်စ်ကနေ ဖြစ်တယ်။ လိုသေးရင် မေးပါ။