ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, August 7, 2011

Q and A August 2011 (7)

၁။ အဖျားပိုင်း ဆီးလမ်းကြောင်းထဲက နာလာတယ်
၂။ HIV နှင့်ဆက်စပ်ပြီး ဖြစ်ပေါ်တတ်သော အခြားရောဂါ ဝေဒနာများနှင့်
၃။ ဆံပင်ပိုးစားတာ သူ့ဘာသာသူ ပျောက်တယ်ဆိုလို့

2011/8/17
ကျွန်တော့မှာ ကုန်ခဲ့တဲ့ 7.8.2011 မှ 13.8.2011 နေ့ထိ အဖော်မပါဘဲ နေမိပါတယ်ဗျ။ 14 ရက်နေ့လောက်မှာ ဆီးသွားရင် ဆီးအောင့်ပြီးတော့ နာလာပါတယ်။ 16 ရက်နေ့ည ကျတော့ အိပ်ခါနီးမှာ လိင်တံထဲက အဖြူရောင်တွေထွက်လာတယ်။ ဆီးသွားရင် အဖျားပိုင်း ဆီးလမ်းကြောင်းထဲက နာလာတယ်။ အဲဒါ ဘာရောဂါဖြစ်တာလည်း၊ ဘာဆေး သောက်ရင် ပျောက်မလည်း။ ဆေးကို ဘယ်လောက်ထိ သောက်ရမှာလည်း။ နောက်ကို ဘယ်လိုဆင်ခြင်နေရလည်း ဆိုတာ ပြောပြပေးပါ။

လိင်ကတဆင့် ကူးစက်ရောဂါများ ကုသရန် အခြေခံ ဥပဒေသ ကိုဖတ်ပါ။

2011/8/17
HIV ကူးစက်ခံရပြီး နောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ရောဂါအခြေအနေများကို အကြမ်းဖျဉ်း သိရှိထားပါသည်။ သိလိုသည်မှာ အရေးပြားများ ယာယံခြင်းဖြစ်ပါသည်။ HIV နှင့်ဆက်စပ်ပြီး အရေးပြာများ ယားယံပါက သက်သာ ပျောက်ကင်းစေမည့် အကောင်းဆုံး ဆေးဝါးအမည်ကို သိလိုပါသည်။ HIV နှင့်ဆက်စပ်ပြီး ဖြစ်ပေါ်တတ်သော အခြားရောဂါ ဝေဒနာများနှင့် ၄င်းတို့အတွက် အလွယ် တကူနှင့် အထိရောက်မှု အရှိဆုံး ဆေးဝါးများကို ဖော်ပြပေးစေလိုပါသည်။ ယင်း ဆက်စပ် ဝေဒနာများ မဖြစ်အောင် မည်ကဲ့သို့ ပြုမူ နေထိုင်သင့်သလဲ လမ်းညွှန်ပေးစေလိုပါသည်။ အလာတူ လမ်းညွှန်မှုများရှိက မည်သည့်ဆိုဒ်တွင် ဝင်ရောက် ကြည့်ရှူနိုင်ကြောင်း ကိုလည်း ဖော်ပြပေးစေလိုပါသည်။

HIV အထိ ရောဂါမရသေးပါ။ AIDS ဖြစ်မျာ ရောဂါ။ ဒါလဲ ဘာလို့ ပြောမရသေးဘူး တယောက်နဲ့ တယောက် မတူဘူး။ အခွင့်ကောင်းယူပြီး ဝင်လာတာတွေက နှာစေး-အအေးမိတာကနေ တီဘီ စသဖြင့် ရှိလို့ ဆေးကို တခါထဲ ပြောမရသေးဘူး။
http://www.yamunaclinic.org/index.php?option=com_content&view=category&layout=blog&id=30&Itemid=41
ထဲက Search မှာ မြန်မာ-အင်္ဂလိပ် ရိုက်ပြီး ရှာဖတ်ထားပါ။ နောက်လိုသေးတာ မေးပါ။
http://him.civiblog.org/ မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် မှာလဲ ဖတ်နိုင်ပါတယ်။

2011/8/18
ကျွန်တော့် အသက် 39 နှစ်ပါ။ လွန်ခဲ့တဲ့ 4 နှစ် ရန်ကုန်မှာနေစဉ်က ခေါင်းမှာ ကျပ်စေ့ဝိုင်း အကွက်လောက် ပြောင်သွားပါတယ်။ ဆံပင်ပိုးစားတာ သူ့ဘာသာသူ ပျောက်တယ်ဆိုလို့ ကျိတ်မှန်ရွက်တို့ ထောလပတ်ရွက်တို့နဲ့ပဲ လိမ်းခဲ့ပါတယ်။ ရောဂါဖြစ်ပြီး မကြာခင် (့) နိုင်ငံကို အလုပ်လာလုပ်ပါတယ်။ တဖြည်းဖြည်းနဲ့ အကွက်တွေ ကြီးလာပါတယ်။ ပွားလာပါတယ်။ ပြောင်တဲ့နေရာမှာ ဆံပင်ဖြူ အနုလေးတွေ ထွက်လာပါတယ်။ ဆေးခန်းကိုလဲ ဘယ်လောက်ကုန်မှာ မသိတာတကြောင်း ဘာသာစကား အခက်အခဲရှိတာကြောင့် မသွားဖြစ်ပါဘူး။ ခေါင်းတုံးတုံးပြီးစဆို လုံးဝ ပြောင်ချောနေပါတယ်။ နောက်မှ အဖြူအနုလိုက် ထွက်လာပါတယ်။ ဆေးမြီးတို ငါးခူခေါင်း ပြာချပြီး အုန်းဆီနဲ့လိမ်းပါတယ်။ ပျားရည် လူးပါတယ်။ ဖိနပ်တိုက်တဲ့ ကီဝီဘူးအမဲ နဲ့လဲလူးပါတယ်။ ဘာမှ နားမလည်တော့ သူများ ပြောတာ လိုက်လုပ်ရင်း အရူးလိုပါပဲ။ မပျောက်ပဲနဲ့ တစ်ခေါင်းလုံး ဖြစ်သွားပါတယ်။ ပြန်ဖို့ကလဲ ၁ နှစ်လောက် လိုပါသေးတယ်။ ဇာတိက (့) ဘက်ကပါ။

- ဦးရေခွံ ပွေး Ringworm ရောဂါဖြစ်တာ များတယ်။ Tinea capitis လို့ ခေါ်တယ်။ Fungal infection of the scalp လို့လဲ ခေါ်တယ်။
- သိတဲ့အတိုင်း ခေါင်းဖီးတဲ့ ဘီးကို ဆေးထိုးအပ်လို တခါသုံး မလုပ်ကြဘူး။ ဆံပင်ကိုက်ဆိုင်ကို လတိုင်းသွားရတယ်။ ကူးလာတယ်။
- Griseofulvin, Terbinafine နဲ့ Itraconazole ဆေးတွေ သောက်နိုင်တယ်။
၁။ Griseofulvin ဆေးက ၂ မျိုးလာတယ်။
၁ (က)။ Microsize formulation ဆိုရင် တနေ့မှာ 500 mg ကို တခါထဲဖြစ်ဖြစ်၊ ၂ ခါခွဲဖြစ်ဖြစ် သောက်ပါ။
၁ (ခ)။ Ultramicrosize formulation ဆိုရင် 330 to 375 mg ကို တခါထဲဖြစ်ဖြစ်၊ ၂ ခါခွဲဖြစ်ဖြစ် သောက်ပါ။
၂။ Tablets ဆေးကို 250 mg တနေ့ ၁ ခါ သောက်ပါ။
၃။ Itraconazole (Sporanox) ဆေးကို 200 mg တနေ့ ၁ ခါ သောက်ပါ။
- ၄-၈ ပါတ်အထိ ကြာရတယ်။ တချို့ ကြာသေးတယ်။
- ဖြစ်တဲ့နေရာကို သန့်ရှင်းအောင်ထားပါ။
- Ketoconazole or Selenium sulfide ပါတဲ့ Shampoo ခေါင်းလျှော်ရည် သုံးနိုင်တယ်။

Grey hair ဆံပင်ဖြူတာ ကိုလဲဖတ်ပါ။