ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, August 8, 2011

Q and A August 2011 (8)

၁။ သမီး မျက်နှာမှာ ဝက်ခြံတွေ အများကြီးရှိတယ်
၂။ ကလေးယူလို့ မဖြစ်သေးလို့
၃။ နို့သီးခေါင်းနှစ်ဖက်က အနည်းငယ်
၎။ တော်တော်လေး ပိန်နေပါတယ်
၅။ သမီးမှာ RA (Rheumatoid Arthritis) ဖြစ်နေပါတယ်။

2011/8/18
သမီး မျက်နှာမှာ ဝက်ခြံ တွေအများကြီးရှိတယ်။ ညီမလေးကတော့ ဆရာဝန်ဆီမှာ ပြကြည့်တော့ Doxycycline 100 mg ကို သုံးလ သောက်ခိုင်းတယ်။ သူသောက်တာ ပျောက်သွားပြီ။ ဒါပေမယ့် ချင်းစားတော့ ပြန်ထွက်လာတယ်။ အဲဒါ ချင်းနဲ့ မတည့်လို့လား သိပါရစေ။ သမီးလည်း အဲဒီဆေးကို သုံးလသောက်သင့်လား အရင်တစ်ခါက တစ်လသောက်ပြီး သက်သာလို့ ဆက်မသောက်တော့တာ အခု ထပ်ထွက်လာတယ်။ အဲဒါ သုံးလသောက်လို့ ရလား၊ တစ်နေ့ တစ်လုံးနဲ့။ တကယ်လို့ မြန်မြန် ပျောက်ချင်လို့ တစ်နေ့ မနက်တစ်လုံး ညတစ်လုံးနဲ့ တစ်လသောက်ရင်ကော အတူတူပဲလားဆိုတာ ပြန်လည်ဖြေကြားပေးပါ။ သမီးဓမ္မတာ လာတာလည်း နည်းတယ်။ သွေးပေါင်လည်း ကျတယ်။ ပိန်လည်းပိန်တယ်။ ဓမ္မတာမှန်ပြီး ဝလာအောင် ဘယ်လိုလုပ်ရမလဲဆရာ။

ရေးပြီးသား စာ ၃ ပုဒ် ပို့လိုက်ပါတယ်။
၁။ Acne ဝက်ခြံ ရောင်စုံ
၂။ Acne and Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ
၃။ Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း

2011/8/19
ကျွန်တော်တို့ နှစ်ယောက်က (့) မှာ အလုပ်လုပ်နေကြသူတွေပါ။ ကလေးယူလို့ မဖြစ်သေးလို့ (့) နိုင်ငံမှာ ရနိုင်မဲ့ ကိုယ်ဝန် တားဆေးနှင့် ဘယ်လို သုံးမလဲ၊ ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်နိုင်မလဲ ဆိုတာ သိချင်ပါတယ်။

Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၄) ကိုဖတ်ပါ။

2011/8/19
ကျွန်တော့် အသက် ၂၃ နှစ်ပြည့်တာ မကြာသေးပါ။ ပြဿနာက နို့သီးခေါင်းနှစ်ဖက်က အနည်းငယ် စူထွက်နေပါတယ်။ တစ်ဖက်က သိပ်မသိသာပေမယ့် ကျန်တစ်ဖက်ကတော့ သိသိသာသာ စူထွက်နေပါတယ်။ ဆရာဝန်နဲ့တွေ့ဖို့ လိုအပ်ပါသလားခင်ဗျာ။ Surgery လည်း မလုပ်လိုပါ။ Social ပြဿနာ၊ လူမှုရေး ပြဿနာမျိုးဖြစ်မှာ စိုးရိမ်ကြောင့်ကြနေရပါတယ်။
၁။ တခြားနည်းလမ်းဖြင့် ပြန်လည်သက်သာအောင် လုပ်လို့ရပါသလား။ နည်းလမ်းရှိရင် သိလိုပါတယ်။
၂။ ဘာကုသမှုမှ မလုပ်ဘဲနဲ့ကော ပျောက်သွားနိုင်ပါသလား။ ပျောက်နိုင်ပါက ပျမ်းမျှအချိန် မည်မျှကြာနိုင်ပါသလဲ။
၃။ ယောက်ကျားဟော်မုန်းဓါတ် အားနည်းလို့ဖြစ်တာ ဟုတ်ပါသလား။ ဟော်မုန်းဓါတ် ပုံမှန်ဖြစ်အောင် အစားအသောက် အနေအထိုင် မည်ကဲ့သို့ ပြုမူရမည်ကို သိလိုပါတယ်။

၁။ Q and A August 2011 (5) မှာ ဖြေခဲ့တာ ပို့ပေးလိုက်ပါတယ်။
၂။ ဟော်မုန်းဆေးတွေမသုံး၊ ခွဲစိတ်တာလဲ မလုပ်ခင် စောင့်ကြည့်နိုင်ပါတယ်။ မကိုင်-မဆွပါနဲ့။ ဘာဆေးမှလဲ မလိမ်းပါနဲ့။ ယောက်ျား ပီသသလို အနေအထိုင်၊ စဉ်းစားမှု၊ လုပ်ဆောင်မှုတွေ လုပ်နိုင်ပါတယ်။ အစားအသာက်က ပုံမှန်နဲ့ မျှတတာ စားပါ။ ကျားဟော်မုန်း အားပေးစာတွေကို Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ၊ ထဲမှာ ဖတ်နိုင်ပါတယ်။ ဥပမာ ဆိတ်အစိ။ စိတ်အတွက် မဟုတ်ဘဲ ဟော်မုန်းအတွက်ဆိုတာနဲ့ ပိုဆိုင်ပါမယ်။
၃။ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ၊ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

2011/8/19
ကျွန်မ အသက် (၂၈) နှစ်ရှိပါပြီ။ အရပ်က ၅ ပေ ရှိပြီး၊ ပေါင်ကတော့ ၈၅ နှင့် ၈၈ ပေါင်ကြားမှာပဲ ရှိပါတယ်။ တော်တော်လေး ပိန်နေပါတယ်။ ရေချိုး၊ မျက်နှာသစ်ပြီးတိုင်းမှာ နှာစေး၊ နှာပိတ်၊ နှာမွှန်၊ နှာချေ အမြဲတမ်းလိုလို ဖြစ်ပါတယ်။ မနက်ဆို အလုပ်သွားဖို့ အတွက် နံနက် ၅ နာရီခွဲဆို ရေချိုးရပါတယ်။ ညပြန်ရောက်ရင်တော့ မချိုးတော့ပါဘူး။ အအေးလည်း သိပ်မခံနိုင်ပါဘူး။ သွေးအားလည်း နည်းတတ်ပါတယ်။ တစ်လတစ်လ ကောင်းကောင်းနေလို့ကောင်းတာက တော်တော်နည်းပါတယ်ရှင်။ တမျိုးမဟုတ် တမျိုးကတော့ ဖြစ်နေတာပါပဲ။ Cevit ပုံမှန်သောက်ပေးရင်တော့ နှာစေး၊ နှာပိတ်တာတွေ သက်သာသွားတတ်ပါတယ်။ တစ်နေ့ကို ၂ လုံးလောက် ပုံမှန် သောက်ဖြစ်ပါတယ်။ ဒါပေမယ့် Cevit က စွဲသောက်ရင် ပိန်စေတယ်လို့ ကြားဖူးတော့ ဘယ်လိုလုပ်ရမလဲ မသိတော့လို့ပါ။ ကျန်းကျန်း မာမာနဲ့ ရှိသင့်တဲ့ ပေါင်ချိန်တော့ ရှိချင်ပါတယ်။ သူများ ညွှန်တဲ့အားဆေးတွေလည်း စုံအောင် သောက်ဖူးပါတယ်။ ထူးမလာပါဘူး။ ဘာလုပ်ရမလဲဆိုတာ အကြံပေးပါဦးရှင်။ နောက်ပြီး ကျွန်မမှာ အာရုံကြော အားနည်းတဲ့ ရောဂါလည်း ရှိပါတယ်။ အကြောတက်စာဆိုရင် လုံးဝစားလို့မရအောင်ပါပဲ။ စမ်းသပ်ချင်လို့ စားလိုက်ရင် ကိုယ်ပဲ ပြန်ခံရတာဆိုတော့ ကြာတော့ စားစရာတောင် သိပ်မရှိတော့ သလောက်ပါပဲ။ ကူညီပါဦးရှင်။ လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွနဲ့ အလုပ်လုပ်ချင်ပါတယ်။ သူများတန်းတူပေါ့ရှင်။

၁။ အရပ် ၅ ပေ မိန်းကလေးမှာ ကိုယ်အလေးချိန် ၅ဝ-၅၄ ကေဂျီ ရှိတာ ပုံမှန်လို့ ဇယားမှာ ပါတယ်။ မေးတဲ့သူက 38.64 - 40 Kg သာ ရှိတယ်။ ဇယားက သူများနိုင်ငံက အညွှန်းသာ ဖြစ်ပါတယ်။
၂။ ပိန်ကနေ ဝချင်သူများအတွက် ရေးထားတာတခု ပို့လိုက်ပါတယ်။ အဆင်ပြေမှာ လိုက်လုပ်ပါ။
၃။ ဗီတာမင် စီ ကြောင့် လူမပိန်စေပါ။ နှာစေးတတ်တာအတွက် ဒီဆေးနဲ့ သက်သာတာ အင်မတန် ကံကောင်းတယ်။
၎။ အာရုံကြော အားနည်းတဲ့ရောဂါဆိုတာ ဘာလဲ အတိအကျ မသိပါ။ ဆရာဝန်ကနေ ပြောတာ မဟုတ်ရင် မှန်းရတာ ခက်တယ်။ တက်စာဆိုတာ စားလို့ နေမကောင်းတာကိုလဲ မရေရာလို့ ဘာဖြစ်တာလဲ မသိပါ။
၅။ BP သိချင်တယ်။ သွေးအားနည်း ရှိ-မရှိ သိချင်တယ်။ ရာသီ မှန်-မမှန် သိချင်တယ်။ သွေးအားနည်း-မနည်းဆိုတာ Hemoglobin (Hb) ဘယ်လောက်လဲ စစ်ရင်သိတယ်။ အလွယ်နည်းက အသားအရေ၊ နုတ်ခမ်း ဖြူရော်ရော်နေတာနဲ့ သိနိုင်တယ်။ လူကလဲ အမောမခံနိုင်ဘူး။ မူးတတ်မယ်။
၆။ လန်းလန်းဆန်းဆန်း ဖြစ်ချင်တာ ကောင်းတယ်။ အခု မလန်းဆေန်းသလိုဖြစ်နေတာက ဘာလို့လဲ။ သွေးအားနည်းလို့ ဖြစ်နိုင်တယ်။ စိတ်အားနည်းတာလဲ ဖြစ်နိုင်တယ်။ စိတ်ဖိအားများတာ ဒါမှမဟုတ် ငါ သိပ်ပိန်နေလို့ ဝချင်လိုက်တာလို့ ပူပင်နေတာလဲ ဖြစ်နိုင်တယ်။
၇။ ပိန်တာ-ဝတာထက် လူနေကောင်းဘို့က ပိုအရေကြီးတယ်။ ကျန်းမာရေးအတွက် ပြောတာပါ။ ဓါတ်ပုံရိုက်ဘို့၊ လူတွေစိတ်ဝင်စားဘို့ ပြောတာ မဟုတ်ဘူး။ ရေရှည်-ကျန်းမာရေးမှာ ပိန်တဲ့သူထက် ဝတဲ့သူတွေက ရောဂါကြီးတွေ ဖြစ်တယ်။ ပိန်တဲ့သူတွေအတွက် တီဘီ မရှိတာ သိဘို့ ကောင်းတယ်။
၈။ Weight gain လှရုံမက ဝချင်သေးရင် ကို ဖတ်ပါ။

Mon, Aug 22, 2011 at 9:48 AM
သမီးမှာ RA (Rheumatoid Arthritis) ဖြစ်နေပါတယ်။ Prednisolone သောက်နေရပါတယ်။ ဆေးသောက်ရင် နာတာတွေ သက်သာပါတယ်။ ဆေးက အကြာကြီး စွဲမသောက်သင့်သောကြောင့် ဆရာက ဆေးကိုဖြတ်ခိုင်းလိုက်ရင် နာပါတယ်။ အထူးသဖြင့် ဒူးနာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ကလေးယူလို့ ရနိုင်ပါမလား။ ကလေးမှာ side effect တွေ သက်ရောက်မှာ စိုးပါတယ်။ Prednisolone မဟုတ်ဘဲ တခြား နာတာသက်သာပြီး side effect နည်းတဲ့ ဆေးရှိလျှင် ညွှန်ပြပေးပါ။ တခြားမည်သည့်နည်းဖြင့် ဒူးနာ သက်သာအောင် လုပ်လို့ရပါသလဲ။

ရေးပြီးသားစာ ၃ ပုဒ် ပို့လိုက်ပါတယ်။ ဖတ်ဘူးပြီးလဲ ဖြစ်ချင်ဖြစ်မှာပေါ့။
၁။ Rheumatism လေးဘက်နာ
၂။ Rheumatoid arthritis လေးဘက်နာ (၂)
၃။ Pregnancy and Prednisolone
လေးဘက်နာ (၂) ထဲမှာ Randomized Controlled Trial (RCT) လို့ခေါ်တဲ့ ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုပြီးထွက်လာတဲ့ ရလဒ်တွေဆိုတာ ထပ်ဖြည့်ထားလို့ ဆေးနည်းထိရောက်မှုတွေကို ချင့်ချိန်နိုင်ပါလိမ့်မယ်။

DTS
22-8-2011