ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, December 1, 2010

Q and A December 2010 (1)

1. Menstruation Period လာတဲ့အချိန် အရမ်းနာကျင်ပြီး၊ အောင့်တာမျိုးဖြစ်နေတယ်
2. လိင်ဆက်ဆံတဲ့အခါ နာကျင်မှာလဲ ကြောက်ပါတယ်
3. HIV ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ခလေးကို ခွဲမွေးတဲ့အခါ အန္တရာယ် ရှိပါသလား
4. ကိုယ်ဝန်ရှိရင်ဘယ်လို လက္ခဏာတွေ ပြတက်ပါသလဲရှင့်
5. I'm having menstruation problem.

December 04, 2010 5:40 PM
ကျွန်တော့် ချစ်သူက အပြင်ဆေးခန်း (အမျိုးသမီးဆရာဝန်) တွေဆီမှာပြချင်၊ ဆွေးနွေးချင်တာပါ။ ဒါပေမဲ့ သွေးစစ်ရမှာတွေ၊ ဆေးစစ်ရမှာတွေ မလုပ်ချင်ဘူးဆိုတာနဲ့ သူ့ကိုယ်စားမေးပေးတာပါ။ သူ့အသက်က (၂၆) နှစ်ပါ၊ အိမ်ထောင်မရှိ၊ အပျို။ ကျန်းမာရေး ကောင်းသူဖြစ်ပီး ဆေးရုံတတ်၊ ရောဂါကြီးကြီးမားမားဖြစ်ဖူးတဲ့ ရာဇဝင်မရှိပါ။ မြန်မာနိုင်ငံက အရမ်း အေးတဲ့ တောင်ပေါ်မြို့တမြို့မှာ နေပါတယ်။ သူဖြစ်နေတဲ့ရောဂါက-
မိန်းမသားတို့သဘာဝ Menstruation Period လာတဲ့အချိန် အရမ်းနာကျင်ပြီး၊ အောင့်တာမျိုးဖြစ်နေတယ်လို့ သိရပါတယ်။
အဖြူတွေလည်းအရမ်းဆင်းတယ်၊ နောက် သူကနေတာထိုင်တာလည်း သန့်ရှင်းပါတယ်ဆရာ။ အဲလို အရမ်း ကိုက်တဲ့ အချိန်မှာ သူ သောက်တတ်တဲ့ဆေးက dofenal လို့ပြောပါတယ်။ နာတဲ့အချိန်တိုင်း တလုံးတလုံး သောက်လေ့ရှိတယ် ပြောပါတယ်။ သူက အစိုးရိမ်လွန်တတ်တတ်တော့ ဘာဖြစ်နိုင်သလည်းတွေးပြီး စိတ်ပူနေပါတယ်ဆရာ။

ဆရာအနေနဲ့ အချိန်ရမယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန် နဲ့ သောက်ရမည့်ဆေးနည်းလေးများ ညွှန်ပြစေချင်ပါတယ်ခင်ဗျာ။
Blog Post အနေနဲ့ ရေးထားပြီးသားရှိတယ်ဆိုရင်လည်း Link လေးတချက်လောက် လမ်းညွှန်ပေးပါ ဆရာ။

A: ရာသီလာရင်နာတာ Dysmenorrhea မှာ နောက်ဆက်တွဲ ပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Ibuprofen, Ketoprofen, Naproxen, Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။ နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။

2010/12/5
ကျနော် ကရင်တိုင်းရင်းသား တစ်ယောက်ပါ။ အခုအသက် ၂၄ နှစ်ရှိပါပီး။ ကျနော့်ရဲ့ ယောက်ျားလိင်တံက အခုထိတိုင် တိုတိုလေးသာရှိပီး၊ ထိပ်အရေပြားရှည်နေတယ်လို့ ထင်ပါတယ်။ သာမာန်နေစဉ်မှာ ယောက်ျား တန်ဆာကို အောင်ဘက်ထိ လန်ချလို့ရပေမယ့်၊ သွားနေချိန်မှာတော့ ထိပ်ကနေလှန်ချလို့ မရဘဲ ထိပ်ပေါက် ကျဉ်းနေတယ်။ အဲဒါကို ဖြတ်သင့်ပါသလား။ ထိပ်အရေပြားဖြတ်လျှင် ဘယ်လိုနေရာဆေးခန်းမျိုးတွေမှာ သွားဖြတ်သင့်ပါသလဲ။ မဖြတ်ဘဲ ဒီအတိုင်းထားရင် လိင်ဆက်ဆံတဲ့အခါ နာကျင်မှာလဲ ကြောက်ပါတယ်။ ဖြတ်လိုက်လို့ ရေပြားထဲက အကြောတွေကို ဒုက္ခပေးနိုင်မှာလား။ ဓါတ်ပုံရိုက်ပီး ပို့လိုက်ပါတယ်။

ဓါတ်ပုံမှာ ပန်းထိပ်အရေပြားကို ဆွဲလှန်တာပါမှ ခွဲဘို့သင့်-မသင့်ပြောနိုင်ပါမယ်။ ထိပ်ဖေားအရေပြား ရှည်နေတာ ရောဂါမဟုတ်၊ လုပ်စရာမလိုပါ။ သန့်ရှင်းရေးသာ ပိုလုပ်ပေးသင့်ပါတယ်။ လိင်တံတိုတာလဲ ရောဂါရယ်လို့ မဟုတ်ပါ။ သာမန်ခွဲစိတ်တာနဲ့တော့ မရပါ။ ခွဲဘို့လဲ မလိုတတ်ပါ။
တကယ်လို့ ပန်းထိပ်အရေပြားက ဆွဲလှန်လို့ ကွမ်းသီးခေါင်း အကုန်မပွင့်ရင်တော့ Phimosis ပန်းငုံတယ်လို့ ပြောနိုင်တယ်။ ခွဲရမယ်။ မခွဲဘဲ အိမ်ထောင်ပြုသူတွေလဲ ရှိပါတယ်။ ကလေးတွေတောင် ရတာဘဲ။ ဆီးသွားတာက မျှဉ်မျှဉ်လေးသာ ထွက်ရင် မြန်မြန်ခွဲပါ။ ခွဲတာက Minor surgery သာမန်ခွဲစိတ်မှုသာဖြစ်တယ်။ ခွဲစိတ်ဆရာဝန်တိုင်းလုပ်ပေးနိုင်တယ်။ သာမန်ဆေးရုံ၊ တောဆေးရုံတွေမှာလဲ လုပ်ပေးတယ်။ အတွေ့အကြုံများတဲ့ ဆရာဝန်ကို အားကိုးဘို့ တိုက်တွန်းပါတယ်။
လိင်တံသေးတာ ကြီးချင်တဲ့အကြောင်း၊ ပန်းငုံတဲ့အကြောင်းတွေ ရေးထားပါတယ်။ ရှာမတွေ့ရင်တော့ ပြောပါ။
ကျန်းမာ-ချမ်းသာပါစေ။

December 03, 2010 12:39 PM
ဆရာရှုင့် တစ်ခုသိချင်လို့ထပ်မေးချင်ပါတယ်။ HIV ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ခလေးကို ခွဲမွေးတဲ့အခါ အန္တရာယ် ရှိပါသလား။ အထူးသဖြင့် မေ့ဆေး၊ ထုံဆေးပေးရင် အန္တရာယ်ရှိပါသလားဆိုတာ သိချင်ပါတယ်။ လေးစားစွာဖြင့် မစပယ်

အန္တရာယ် မရှိပါ။ ခွဲမွေးတာက မွေးလမ်းကနေ မွေးတာထက် ကောင်းပါတယ်။ မေ့ဆေး၊ ထုံဆေးလဲ စိုးရိမ်စရာမရှိပါ။ မဖတ်ရသေးရင် ဖတ်ဘို့ HIV/AIDS စာတပုဒ် ထည့်ပေးလိုက်ပါတယ်။

Dec 6, 2010 at 7:18 AM
ဆရာရှင့် ကိုယ်ဝန်ရှိရင်ဘယ်လို လက္ခဏာတွေ ပြတက်ပါသလဲရှင့် သမီးက အခုရာသီမလာတာ တပတ်ကျော်နေပါပြီ။ အမျိုးသားလည်း ရှိပါတယ်။ နောက်ဆုံးလာရက်က အောက်တိုဘာ ၂၈ မှ နိုဝင်ဘာ ၃ ရက်နေ့ထိဖြစ်ပါတယ်။ သမီးက အရင်ကတည်းကလည်း ရာသီမှန်လေ့မရှိပါဘူး။ သမီးတို့နေတဲ့အခါမှာလည်း အကာအကွယ်အမြဲသုံးပါတယ်။ ရာသီ မလာသေးတာကလွဲရင် တခြားဘာမှကို မဖြစ်ပါဘူး ဘယ်လိုမှလည်း မခံစားရပါဘူး။ အဲဒါက ကိုယ်ဝန် ဖြစ်နိုင်ပါသလား။

၁။ Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်းကို ဖတ်ပါ၊ လုပ်ပါ။
၂။ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေရှိ-မရှိကြည့်ပါ။
၃။ ဘာမှမတေ့ ဘာမှမဖြစ်ရင် စောင့်ပါ။

Fri, Dec 3, 2010 at 9:53 PM,
Q: I'm having menstruation problem. My menstrual cycle is 30 days and it's having round about any day of 25 or 26 of each month & it takes 3 to 4 days amonth. However, it's totally missed in September and came out with brownish colour on 14th & 15 of October and it's too little compared with normal condition.

Starting from 16th of November, there was something like a spotting pink bleeding everyday. Sometimes it can only be seen the blood when I'm wiping with tissue in toilet. From 25th November onwards, period is coming like a normal but it doesn't stop until now. It's almost 20 days inclusive of spotting days, without spotting days is about 10 days.

My breast is very painful during the spotting days. Other than that I'm not getting any pain (lower back pain, breast pain) or no dizziness at all. Normally, I only got lower back pain within period days. This is a first time I got breast pain. Could it be miscarriage or any other uterus problem? I don't want to go and see docotor as Gyne consultation fee is very expensive here but if it's really necassery i would go.

For your information: I'm trying to get a baby almost 6 months and I'm married & 32 years old. I and my husband are of same age. I have planning to give birth before 34 or 35. I was married last 4 years and I don't take any pregnancy pills and i don't have any big issue of health problem before.

A: You should check Urine for pregnancy test. It can be done at home. If it is positive, it can be an abortion. If that so, you need treatment. But some people experience complete and do not need evacuation.

If urine test is negative, it can be an irregular cycle. Then you need other treatment. Please tell me the urine result. Meanwhile take iron and vitamin B and C supplement as well as balance diet.