Thursday, December 2, 2010

Q and A December 2010 (2)

1. မိန်းမယူတဲ့အခါမှာကော သုတ်ရည် နည်ပါးမူ့ ရှိနိုင်ပါလား
2. လေဆာနဲ့ ထိတွေ့ပြီး ကုသရင် နောက်ပိုင်း ကလေးမရနိုင်ဘူးလို့လဲ ပြောကြပါတယ်
3. ကိုယ်တိုင် မွေးလမ်းကြောင်းကို စမ်းကြည့်တော့
4. အရေးပေါ် တားဆေးသောက်ပြီး ၆ နာရီလောက်ကြာတော့

December 06, 2010 8:37 PM
Q: ကျွန်တော်က အသက် ၁၃ နှစ်ကတည်းက လက်နဲ့ လိင်စိတ် ဖြေခဲ့ပါတယ်။ ယခုဆို ၂၁ နှစ်ပြည့်ပါပြီ။ တပါတ်ကို တကြိမ် လုပ်ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သည်လုပ်ငန်းက အလေ့အထတခုလိုဖြတ်နိုင်ဖို့ ခတ်ရင်းပါ့တယ်ဆရာ။ ပြီးတော့ လူကောင်လည်း သေးပါတယ်။ ခန္ဓာကိုယ် ထွားကျိုင်းမူ နည်းပါတယ်။ မိန်းမယူတဲ့အခါမှာကော သုတ်ရည် နည်ပါးမူ့ ရှိနိုင်ပါလား။ ခန္ဓာကိုယ် ထွားကျိုင်းမူ မရှိခြင်းနဲ့ရော ဆိုင်ပါသလား။

A: လက်နဲ့ လိင်စိတ် ဖြေတာ ပုံမှန်အလေ့အထဖြစ်ပါတယ်။ ဘာမှ ကြောင့်ကျစရာမရှိပါ။ အိမ်ထောင်ပြုချိန်မှာ သုတ်ထွက်တာ ကိုလဲ သွားထိခိုက်မှာ မဟုတ်ပါ။ ကိုယ်ခန္ဓာ သေးတာလဲ ပူစရာမရှိပါ။ လူကောင်းသေးတဲ့ ပုဂ္ဂိုလ်ကျော်တွေ အများကြီးပါ။ အိမ်ထောင်ရေး အဆင်ပြေသူတွေလဲ အများကြီးပါ။
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄) Masturbation မာစတာဘေးရှင်း မဖတ်ရသေးရင်ဖတ်ပါ။

Nov 30, 2010 at 12:22 PM
Q: သမီး အခုလိမ်းနေတဲ့ လိမ်းဆေးဘူးခွံလေးပါ တွဲပြီး ပို့ပေးလိုက်ပါတယ်။ အခုဆေးက သမီးနဲ့ သင့်တော်ခြင်း ရှိ မရှိ၊ ပျောက်နိုင် မပျောက်နိုင်လေး ကြည့်ပေးပါအုံးဆရာ။ အဲဒီဆေးလိမ်းပြီးရင် အရေပြားမှာ ယားသလိုမျိုးလေး ဖြစ်တယ်။ အဲဒါ ဘာလို့လဲ။ သမီးမှာ ပျောက်တယ်ဆိုတဲ့ ဆေးတွေကိုလဲ အဆက်မပြတ်လိမ်းနေတာတောင်မှ ပွားလာတယ်ဆိုတော့ အရမ်း စိတ်ညစ်ရပါတယ်။ အခု သမီးလိမ်းတဲ့ဆေးက သမီးနဲ့ မသင့်တော်ရင်လဲ ဆရာပြောထားတဲ့ ဆေးတွေထဲက ဘာလိမ်းရမလဲ၊ ဘယ်မှာ စုံစမ်းရမလဲ သိချင်ပါတယ်။ လေဆာနဲ့ ကုတာကို သမီးသွားမေးသေးတယ် ဆရာ။
1) သူက လေဆာနဲ့လုပ်ပြီးရင် အရေပြားတွေ ကွာကျသွားမယ်လို့ ပြောတယ်။ အဲဒါဆိုရင် အသားအရောင် မညီညာတွေ ဖြစ်မသွားဘူးလားဟင်။ လေဆာနဲ့ကု ပြီးရင်လဲ နေပူထဲကို ၁ လလောက် မသွားရဘူး။ နောက်ပိုင်းလဲ အရမ်း ဂရုစိုက်ရတယ်လို့ ပြောပါတယ်။ သောက်ဆေးတွေလဲ သောက်ရတယ်လို့ ပြောတယ်ဆရာ။
2) နောက်ပြီး လေဆာနဲ့ ထိတွေ့ပြီး ကုသရင် နောက်ပိုင်း ကလေးမရနိုင်ဘူးလို့လဲ ပြောကြပါတယ်ဆရာ။ အဲဒါ ဟုတ်ပါသလား ဆရာ။ သမီး အရမ်းပျောက်ချင်လို့ပါဆရာ။

A: ဆေးဗူးကို လိမ်းလို့ ရပါတယ်။ တိုးတက်မှု ကြည့်ပါ။ လိုရင် မေးပါ။
မျက်နှာမှာ တင်းတိပ်လိုမျိုး အသားရောင်ရင့်တာကို လေဆာနဲ့ကုတာ နည်းပါတယ်။ ဒဏ်ထိမှာသေခြာတယ်။ လေဆာ အထူးကု ဆရာဝန်ကနေ အကောင်း-အဆိုး ပြောပြနိုင်ပါတယ်။
ကလေးရဘို့ဆိုတာ လေဆာသက်ရောက်တဲ့နေရာအပေါ်မူတည်တယ်။ လေဆာ ဆိုတာ ဓါတ်ကင်တာနဲ့မတူဘူး လေဆာက နေရာ သိပ် တိတိကျကျ ကိုသာ သက်ရောက်လို့ ပိုစိတ်ချရပါတယ်။
(Melasma တင်းတိပ်) ကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။

Q: ကိုယ့်ဘာကို မွေးလမ်းကြောင်းကို စမ်းကြည့်တော့ လက်ခလယ် မဆုံးခင်မှာ စစမ်းမိပါတယ်။ စမ်းမိတဲ့ အလုံးက လက်ခလယ် တစ်ဆစ်စာ လောက်ရှိတယ်။ လုံးပတ်က လက်ခလယ်ထက်တောင် ကြီးတယ်လို့ ခန့်မှန်းရတယ်။ တွန်းကြည့်တော့ နဲနဲလှုပ်တယ်။ အသားလုံး ပုံစံမျိုး ဖြစ်နေတာလားမသိဘူး။ လုံးဝ မနာဘူးလို့ ပြောတယ်။ ဒါပေမယ့် စမ်းပြီးတဲ့အချိန်မှာ နဲနဲသွေးထွက်လာတာကို သတိထားမိတယ်။ အဲဒါနဲ့ ဆေးခန်းကို သွားပြဖြစ်တယ်။ English လို ပြောရတာဆိုတော့ လိုရင်း မရောက်ခဲ့ဘူးဆရာ။ ဆေးခန်းက စစ်ပေးလိုက်တာက Pap Smear ကို စစ်ပေးတာ။ အဲဒါ ဘာကို စစ်တာလဲလို့ အဲဒီဆေးခန်းမှာရှိတဲ့ သူနာပြုကို မေးကြည့်တော့ cancer cell ရှိမရှိကို စစ်တာလို့ပြောတယ်။ ဆေးခန်းပြတာလည်း လိုချင်တာ မသိခဲ့ရလို့ စိတ်ကသိကအောင့် ဖြစ်နေရတယ်။ ဘယ်လို test နဲ့ စစ်ဆေးမှု လုပ်သင့်သလဲ ဆိုတာ ဖြေကြားပေးပါဦး။ ကလေးယူခဲ့ရင် ပြဿနာ ရှိနိုင်-မရှိနိုင် ဆိုတာ သိချင်ပါတယ်။ လက်နဲ့ မစမ်းကြည့်ဘူး။ လက်နဲ့ စမ်းကြည့်အောင် English လို ဘယ်လို test လုပ်ချင်တယ်လို့ ပြောရမလဲ မသိတော့ဘူး။ Pap Smear test ကရော အဲဒီလို ပုံမှန် အသားလုံး ရှိ-မရှိကိုရော ပြောနိုင်လား။

A: မွေးလမ်းကြောင်းကို လက်နဲ့ စစ်ဆေး-စမ်းသပ်တာကို Vaginal examination (VE) ခေါ်တယ်။ I feel a lump in vagina. Do I need vaginal examination? လို့ ပြောပါ။ OG သားဖွါး-မီးယပ် အထူးကုဆရာဝန်ကို ပြပါ။
Pap smear test ဆိုတာ သားအိမ်အဝကင်ဆာရှိ-မရှိကိုသာ စမ်းတာဖြစ်တယ်။ တခြား အနာ-အလုံးတွေဆို မသိနိုင်ဘူး။
ရောဂါနာမယ် သေခြာမှ ကလေးယူတာကို ထိခိုက်မှုကို ပြောနိုင်ပါမယ်။ ကြည့်ရတာ ကင်ဆာ မဟုတ်တဲ့ အလုံးတခုခု ဖြစ်နိုင်တယ်။

Dec 1, 2010 at 9:59 PM
သမီးအသက်က ၂၅နှစ်ပါ အိမ်ထောင်ရှိပါတယ်။ အရေးပေါ်တားဆေးကို အခုပထမဦးဆုံးတကြိမ်စသုံးဖူးတာပါ။ ဆေးက ဆက်ဆံပြီး ၇၂ နာရီအတွင်း သောက်ပြီး။ နောက်တလုံးကို ၁၂ နာရီခြားပြီး သောက်ရတဲ့ဆေးပါ။ အလုပ် အခြေအနေ ကြောင့် လက်ထပ်ပြီး အတူတူမနေနိုင်တာကြောင့် အတူနေတဲ့အချိန်မှပဲ သောက်မယ်ဆိုပြီး အရေးပေါ် တားဆေးကိုပဲ သောက်ဖြစ်တာပါ။ ဆေးသောက်ပြီး ၆ နာရီလောက်ကြာတော့ -
(၁) ခေါင်းတွေအရမ်းမကြည်မလင်ဖြစ်ပါတယ်
(၂) အသက်ရှုကျပ်ပါတယ်
(၃) စိတ်တွေအရမ်းမကြည်မလင်ဖြစ်ပါတယ်
နောက်တခေါက်အတွက် ထပ်သောက်ရမှာတောင် ကြောက်ပါတယ်။ ခေါင်းကိုက်ပျောက်ဆေး သောက်လိုက်ရင်လည်း ဆေး အာနိသင် ပျက်သွားမှာစိုးလို့ မသောက်ရဲပါဘူး။ သမီးတို့က စီးပွားရေးအခြေအနေကြောင့် ကလေးကို နောက် ၂ နှစ် လောက်နေမှ ယူဖို့စီစဉ်ထားတာပါ။ အခု side effect တွေက အန္တရာယ်ရှိပါလားဆရာ။ သက်သာအောင်ရော ဘယ်လို လုပ်ရပါမလဲ။ လေးစားစွာဖြင့် စန္ဒာ

Emergency contraceptive pills (Plan B One-Step, Plan B and Next Choice) တွေမှာ ရေရှည်ဘေးထွက်ဆိုးကျိုး မရှိသလောက်ပါ။ ၂ဝ% ခေါင်းကိုက်၊ မူးချင်သလိုဖြစ်၊ ၁၄% ဗိုက်အောက်ပိုင်းနာ၊ ၁၂% ပျို့၊ ရင်သားတင်း၊ ရာသီဆင်းရက် မမှန် တာတွေဖြစ်တတ်တယ်။ ပျို့-အန်ခြင်သူတွေက အအန်သက်သာဆေး Vitamin B6, Avomin, Vomistop သောက်နိုင်တယ်။ ခေါင်းကိုက်ရင် အကိုက်အခဲပျောက်ဆေး Diclofenic, Ibuprofen သောက်နိုင်တယ်။ ဒီဆေးတွေက တားဆေးကို မသက်ရောက်စေပါ။

Wooing the Generals ပြင်သစ်အမြင်

ပြင်သစ်အသင်းကဗိုလ်စွဲသွားတဲ့ ဘောလုံးပွဲသတင်းတွေကနေ အမှတ်ရတာတခုရှိသေးတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးကာလ နယူးဒေလီမှာနေစဉ်က ပြင်သစ်လူမျိုး သုတေသ...