ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, December 3, 2010

Q and A December 2010 (3)

1. ရေနွေးနဲ့ချိုးတာက အသားအရေကို ထိခိုက်စေပါသလား
2. လက်ချောင်းလေးတွေပေါ်မှာ ကြွက်နို့ လို့ အသားနည်းနည်း ထူနေပါတယ်
3. အင်္ဂလိပ်မတွေ မှုတ်ဆိပ်မွှေးတွေ နူတ်ခမ်းမွှေးတွေ ရှည်လာတာ
4. ပေါင်ကြားက အရေပြားက ခဏခဏ သူ့ အလိုလို ကွဲတယ်
5. ကျွန်မ နှာခေါင်းထဲမှာ အကျိတ်လေး ဖြစ်နေပါတယ်

Dec 8, 2010 at 12:11 PM
ရေနွေးဖြင့်ရေစပ်ပြီး ချိုးတဲ့အခါ ဘယ်လို အပူချိန်လောက်ကို မှန်းပြီး စပ်သင့်ပါသလဲ။ တခါတလေ အရမ်း အေးတယ် ထင်တဲ့အခါ လက်နဲ့ထိလို့နွေးတဲ့အပူမျိုးရသည့်ထိ ရေအေးနှင့် စပ်ပြီး ချိုးပေမယ့် ကိုယ်ပေါ်ရောက်တော့ အတော်လေး ပူပါတယ်။ နောက်ပြီး ရေနွေးနဲ့ စပ်ချိုးမိတဲ့နေ့တွေမှာ တကိုယ်လုံး တနေ့လုံး နွေးနေ (အမှန်က ပူသလိုလိုတောင် ခံစားမိပါတယ်) တယ်ခံစားမိလို့ပါ။ ရေနွေးနဲ့ချိုးတာက အသားအရေကို ထိခိုက်စေပါသလား။ နောက်ပြီးဘယ်လို ဆိုးကျိုးတွေ ရှိနိုင်ပါသေးသလဲ သိချင်ပါတယ်ရှင့်။ ရာသီလာတဲ့ရက်တွေဆို ခန္ဓာကိုယ် အနံ့အသက် ကင်းအောင် ကိုက်ခဲနာကျင်မှုတွေ မရှိအောင် (နွေရာသီကလွဲ၍) ရေနွေးစပ် ချိုးလေ့ရှိလို့ပါ။

ဆေးပညာအရ သတ်မှတ်ထားတာတော့ မရှိပါ။ ကိုယ်ခံနိုင်ရည်ရှိဘို့၊ လိုချင်သလောက် စပ်ဟပ်ဘို့သာ လိုပါတယ်။ တယောက်နဲ့တယောက်၊ တခါနဲ့တခါ မတူဘူးပေါ့။ သွေးပြန်ကြောထဲကို ဆေးထိုးတာမှာတော့ ဆေးကို လူ့ကိုယ်အပူချိန် ၉၈့၆ ဖါရင်ဟိုက်နဲ့ နီးစပ်လေ ကောင်းလေ လုပ်ရတယ်။ ရေနွေးနဲ့ ရေချိုးတာ ကောင်းတဲ့ အကျင့်တခု ဖြစ်တယ်။ မပူလွန်းရင် ဆိုးကျိုး မရှိပါ။ ရေပူရင် ဆပ်ပြာအမြှုတ် ထွက်လွယ်တယ်။ ပူတော့ သွေးစီးလျှောက်တာ ပိုများစေတယ်။ ရေကို လက်နဲ့ ပူ-မပူ စမ်းရပေမဲ့ ရင်ပတ်နေရာက အေးတာကို မခံနိုင်ဆုံးဖြစ်တယ်။ ရေအေးကို ခြေ-လက်က ခံနိုင်ပေမဲ့ ရင်ပတ်က မခံနိုင် ဖြစ်တတ်တယ်။ ရေကို သဘာဝနေရောင်နဲ့ ပူအောင်လုပ်တာလဲ ကောင်းတာဘဲ။

2010/12/7
သမီးအသက်က ၂၈ နှစ်ပါ။ ဘယ်ဘက် လက်ချောင်းလေးတွေပေါ်မှာ ကြွက်နို့ လို့ အသားနည်းနည်း ထူနေပါတယ်။ ပထမတခု ပေါ်လာတဲ့ ဒုတိယတခု ပေါ်လာတဲ့အချိန်မှာ အရင်တခုက နည်းနည်းသေးသွားတယ်။ တစ်လလောက် ကြာတော့ လက်ညှိုးမှာ နောက်တခု ပေါ်လာတယ်။ ပထမ ၂ ခုက လက်မပေါ်မှာပါ။ နောက် နည်းနည်းကြာပြန်တော့ လက်မပေါ်မှာ ထပ်ဖြစ်ပြန်ရော။ အဲ့ဒီမနာသေးဘူး။ ခုနောက်ဆုံးတခုကတော့ လက်ညှိုးမှာ ထပ်ဖြစ်တာ။ အဲ့ဒါ ကြာတော့ သစ်စဝင်သလို နည်းနည်းနာတယ်။ သန့် ရှင်းမှုလည်း ကောင်းကောင်းဂရုစိုက်ပါတယ်။ သမီး အခုရောက်နေတာက (့) မှာပါ။ ဆေးခန်းပြတော့ သူတို့ က ဘာမှမဖြစ်ပါဘူးတဲ့။ ဘာမှမဖြစ်ရင် ဘာလို့ ပွားပွား လာတာလဲ။

ဓါတ်ပုံရိုက်ပို့လို့ရမလာ။ အလင်းရောင်ကောင်းကောင်းမှာ ရိုက်ပါ။ ကြွက်နို့ ဟုတ်-မဟုတ် သိချင်တယ်။ ဖြစ်ဘို့ အများဆုံးက မှိုရောဂါတခုပါ။
• Itraconazole 200 mg တနေ့ ၁ ကြိမ်၊ ၂ ပါတ်သောက်ပါ။ ဒါမှမဟုတ်
• Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၁ ပါတ်သောက်ပါ။ ဒါမှမဟုတ်
• Terbinafine 250 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်သောက်ပါ။
• Imidazoles or Ciclopirox ဆေးလိမ်းပါ။ ဒါမှမဟုတ်
• Clotrimazole 1% solution တနေ့ တခါ လိမ်းပါ။ ဒါမှမဟုတ်
• Terbinafine 1% solution တနေ့ နှစ်ခါ လိမ်းပါ။
• တိုးတက်မှု ပြောပါအုံး။ ဆေးပြောင်းသင့်ရင် ပြောင်းရတယ်။

8 Dec 10, 12:53
သွေးဆုံးပြီးတဲ့ အင်္ဂလိပ်မတွေ မှုတ်ဆိပ်မွှေးတွေ နူတ်ခမ်းမွှေးတွေ ရှည်လာတာ တွေ့တယ်ဆရာ။ ဒါမျိုးဆို ဘယ်လို လုပ်သင့်ပါသလဲ။
သွေးဆုံးချိန်မှာ ယောက်ျားတွေက ရင်သားထွက်ပြီး၊ မိန်းမတွေက အဲလိုဖြစ်တယ်။ ဟော်မုန်း ပြောင်းပြန်ဖြစ်လို့ပါ။ ဟော်မုန်းနဲ့ ကုရပါတယ်။

25 Nov 10, 18:42
ကျွန်တော်ရဲ့  ပေါင်ကြားက အရေပြားက ခဏခဏ သူ့ အလိုလို ကွဲတယ်။ ၁ ပတ်လောက်နေရင် ပြန်ကောင်း သွားတယ်။ အဲဒါ ဘာကြောင့်ဖြစ်ရတာလဲ။ ဘာဆေးကို စွဲသောက်ရမှာလဲ။ အများအားဖြင့်က ညာဘက်ပါ။ ၁ စင်တီ ခန့်ပါ။ နောက်ပြီးတော့ လိင်တံထိပ်ဖျားက အရေပြားကလဲ သူ့ အလိုလို ကွဲတတ်ပါတယ်။ ၂ ပတ်ခန့် ကြာရင် သူ့ အလိုလို ကောင်းတတ်ပါတယ်။ စဖြစ်တာက လွန်ခဲ့ တဲ့ ၇ နှစ်ခန့် ကပါ။ ကျွန်တော်ရဲ့ ဂွေးဥမှာ သွေးဥလေးတွေ ဖြစ်တာတယ်။ မနာဘူး မယားဘူး။ ဆိုးတာက သူ့ အလိုလို ပေါက်ထွက်တဲ့အခါ အခက် ကြုံရပါတယ်။ အဲဒါ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကုသရမှာလဲ။ သွေးဥလေးတွေ ပေါက်သွားတော့ ဝတ်ထားတဲ့ ဘောင်းဘီက သွေးတွေနဲ့ ဖြစ်သွားလို့ ပါ။ ကျွန်တော့် အသက် ၄၃ ပါ။ ဖြစ်တာ ၂ နှစ်လောက်ရှိပါပြီ။

ပေါင်ကြားကွဲတာ ခပ်ဆန်းဆန်း ဖြစ်ပါတယ်။ ပဌမဆုံး Calamine, Caladryl lotion လိမ်းဆေး တခုခုကို လိမ်းပါ။ အလှဆီလဲ လိမ်းနိုင်ပါတယ်။ ဗီတာမင် အေ နဲ့ စီကိုပါသောက်ပါ။ အေ ကို တနေ့ ၁ လုံး။ စီကို ၂ လုံးသောက်ပါ။
သွေးခြည်ဥကွဲတာလဲ ဆန်းတာဘဲ။ သွေးယိုတတ်တဲ့ တခြားဖြစ်ဖူးတာ ရှိသလား။ ပေါကတဲ့နေရာကို Antiseptic ဆေး၊ ဥပမာ Betadine, Ciplation, Iodine 2%. Dettol တခုခုလိမ်းပါ။ လိုအပ်ရင် ပတ်တီးစည်းထားပါ။ အနာရင်းသလိုဖြစ်ရင် Ampicillin 500mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Cipro တနေ့ ၂ ကြိမ် ၄-၅ ရက်သောက်ပါ။ ဗီတာမင်စီ ၅ဝဝ မီလီဂရမ် တနေ့ ၂ ကြိမ်ကြာကြာ သောက်ပါ။ တခြားနေရာတွေက သွေးယိုတတ်ရင် သွေးစစ်ပါ။

Dec 8, 2010 at 5:55 PM
ဆရာ ကျွန်မ နှာခေါင်းထဲမှာ (ညာဘက်အတွင်းအောက်ဖက်) အကျိတ်လေး ဖြစ်နေပါတယ်။ ဝက်ခြံပုန်း ပေါက်သလို ဖြစ်နေပါတယ်။ အရင်ကတော့ ရာသီလာခါနီးရင် အပြင်ဘက်ကဖြစ်ဖြစ် အတွင်းဘက်ကဖြစ်ဖြစ် အသေးလေးတွေ ပေါက်ပြီး ၁ ပတ်လောက်ဆိုရင် ပျောက်ပါတယ်။ ဒါပေမဲ့ အခု အဖု က နဲနဲကြီး ထိရင်နဲနဲနာပါတယ်။ အတွင်းဘက်က ပေါက်တာဆိုတော့ မမြင်ရပါဘူး။ ပေါက်နေတာ ၁ ပတ်မကတော့ပါဘူး။ ၃ ပတ်ထဲဖြစ်နေပြီ။ စမ်းကြည့်ရင်တော့ ဖုနေပြီး နဲနဲနာပါတယ်။ ဆေးခန်းသွားပြမယ်ဆိုရင်လည်း ပိုက်ခြံကိစ္စရယ် ဘာသာစကားအခက်အခဲရယ် ပြီးတော့ အရင်လို ပေါက်ပြီး ပျောက်မယ်လို့ထင်နေတာနဲ့ မသွားဖြစ်ပါဘူး ဆရာရယ်။ ဒီအဖုက ဘာကြောင့်ဖြစ်တယ် ဘယ်လိုကုရမယ်ဆိုတာ ပြောပြပါဦးရှင်။

ဖြစ်နိုင်တာက ဝက်ခြံသဘောမျိုး အနာပါ။ နှာခေါင်း၊ နုတ်ခမ်း၊ မေးဖျားလိုနေရာတွေ ပေါက်ရင် အင်မတန်နာတယ်။ ကိုယ်ခန္ဓာ အလည်မျဉ်းနဲ့ နီးလေ နာလေဘဲ။ အများဆုံးက ဗက်တီးရီးယားကြောင့် ဖြစ်တာပါ။ Cloxacillin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ အနာ-အရောင် သက်သာဆေး Paracetamol, Ibuprofen ကိုလဲ တွဲသောက်ပါ။ ၁ ပြား၊ ၂-၃ ကြိမ် သောက်ပါ။ အပူကပ်လို့ရတဲ့နေရာဆို ရေနွေးပုလင်း ကပ်နိုင်ပါတယ်။ ပရုပ်ဆီ ပါးပါးလဲ လိမ်းနိုင်တယ်။ ဆိုးတဲ့ပိုးဖြစ်လို့ ဆေးကမနိုင်ရင် ပြည်တည်တတ်တယ်။ ပြည်တည်ရင် ပိုနာပြီး ထိပ်ဝက ဖြူလာမယ်။ ပြည်ကို ခွဲထုတ်ရတတ်တယ်။ ဒါ့ကြောင့် တခါတလေ Ampicillin 500 + Cloxacillin 500 တွဲထားတဲ့ဆေးကို ပေးရတယ်။