ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, December 5, 2010

Q and A December 2010 (5)

1. ဘီပိုးကာကွယ်ဆေး အောင်နှုန်းက 80% ပဲရှိပါတယ်
2. ဝမ်းမည်းမည်းတွေ သွားပါတယ်
3. နှာချေရင် သွေးပါပါတယ်
4. If possible, kindly share me either the link of subjected article or the original article
5. I just need to know the reason in the sexual wise
6. သွေးစစ်တာ ဘီပိုးရှိနေတယ်တဲ့ နက်ကတစ်တဲ့
7. ဘယ်နေ့တွေက စိတ်ချရတဲ့နေ့တွေဖြစ်ပြီး
8. တလလောက်ကြာမှ မဲပြီး အမာရွတ် ကျန်နေတယ်
9. ခြေဖဝါးတွေက ဆောင်းတွင်း ရောက်လာရင်

Dec 18, 2010 at 5:38 PM
Q 1: ကျွန်တော် ဘီပိုးကာကွယ်ဆေး သုံးကြိမ်ထိုးပြီးလို့ တနှစ်အကြာမှာ Anti-body စစ်ကြည့်ပါတယ်။ အဲဒီမှာ ဆေးအောင်နှုန်းက 80% ပဲရှိပါတယ်။ စစ်ဆေးတဲ့ ဆေးခန်းက သူနာပြုမလေးက ပြောတာကတော့ အဲလိုဆိုရင် ဆေးအောင်ချက် မပြည့်ဘူးလို့ ဆိုပါတယ်။ 200% နဲ့အထက်မှ စိတ်ချရမယ် ပြောပါတယ်။ ကျွန်တော်နဲ့ မကြာခင် လပ်ထပ်မဲ့ အမျိုးသမီးမှာ ဘီပိုးရှိနေပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ဘီပိုးကာကွယ်ဆေး ထပ်ထိုးဖို့ လိုမလို သိချင်တာပါ ခင်ဗျာ။ တကယ်လို့ လက်ရှိဆေးအောင်နှုန်းနဲ့ မကူးစက်နိုင်ဘူးဆိုရင် ဆေးထပ်မထိုးချင်လို့ပါ။

A: ဘီပိုးကို သွေးစစ်တဲ့အခါ အောက်ကနည်းတွေ ရှိပါတယ်။
• Hep B surface antigen (HBsAg)
• Hep B surface antibody (Anti-HBs)
• Hep B core antibody (Anti-HBc IgM)
• Hep B core antibody Total (Anti-HBc IgG+IgM)
• Hep B e antigen (HBeAg)
• Hep B e antibody (Anti-HBe)

Positive နဲ့ Negative ဆိုပြီး အဖြေထွက်ပါတယ်။ % ဆိုတာ ကျွန်တော် မပြောတတ်ပါ။ ဆောရီးဗျာ။

2010/12/20
Q 2: ဦးဇင်း (့) က ဆေးခန်းတစ်ခုကို သွားပြတော့ Anemidox Anti-anemic ဆိုတဲ့ဆေးနဲ့ အခြား နာမည် မပါတဲ့ဆေး (၃)မျိုး ကိုပေးလိုက်ပါတယ်။ Anemidox Anti-anemic ကိုတော့ ၄-လသောက်ရမယ်လို့ ပြောပါတယ်။ အဲဒီ ဆေးတွေကို သောက်ပြီးတော့ ဝမ်းသွားတဲ့အခါ ဝမ်းမည်းမည်းတွေ သွားပါတယ်။ အဲဒီဆေးကို ရပ်လိုက်တော့ ပုံမှန်ဝမ်းပဲ သွားပါတယ်။ အရင်က ဦးဇင်းမှာ အစာအိမ်ဝေဒနာ ရှိခဲ့ဖူးပါတယ်။ နှစ်ခါလောက်လည်း အစာအိမ် သွေးကြောစိမ့်ဖူးပါတယ်။ ဦးဇင်း သိချင်တာက အဲဒီဆေးတွေကို ဆက်သောက်လို့ အဆင်ပြေနိုင်မလား။

A: ဆေးနာမည်ဖတ်ရင် သံဓါတ်ပါနေတယ်။ သံဓါတ်ဆေးတိုင်း ဝမ်းသွားရင် မဲစေပါတယ်။ စိုးရိမ်စရာ မရှိပါဘုရား။
အစားတွေမှာလဲ သံဓါတ်ပါနေရင် ချက်ပြုတ်-ကျော်လှော်တဲ့အခါ အိုးမှာ မဲလာတာတွေ့ရမယ်။ ဥပမာ ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်။ ဆေးကို ပြောတဲ့အတိုင်း ဆက်သောက်နိုင်ပါတယ် ဘုရား။

2010/12/17
Q 3: သမီးမောင်လေးက အခု နှာခဏ၊ခဏ ချေပါတယ်။ နှာချေရင် သွေးပါပါတယ်။ နှာရည်ထဲမှာလည်း တစ်ခါတစ်လေ သွေးပါပါတယ်။ ကျောတော့ မအောင့်ပါ။ ပြီးတော့ နှာချေပြီးရင် အားမရှိသလို ဖြစ်သွားပါတယ်။ အခုမောင်လေးကလည်း နိုင်ငံခြားမှာနေတော့ ဘာလုပ်ရမလဲ မသိလို့ပါ။ အဲဒီလို ဖြစ်နေတာကို ဘယ်လို ဆရာဝန်နဲ့ ပြသင့်သလဲ။ ဓါတ်မှန်ရိုက်ဖို့လို့ လား။ ဘာတွေ သတိထားဖို့လိုလဲ သိချင်ပါတယ်။

နှာချေတယ်ဆိုတာ သူနဲ့ မသင့်တာတခုခုကို ရှူမိလို့ ပြန်ထုတ်ပြစ်တာဖြစ်တယ်။ ဥေါးပါလာရတာက နှာခေါင်းထဲက သွေးကြောသေးသေးလေးတွေက နှာချေရင် ပေါက်သွားလို့ပါ။ သွေးအတွက် သိပ်မစိုးရိမ်ပါနဲ့။ နှာချေစေတဲ့ အကြောင်းရင်း ရှာရမယ်။ ဘယ်နေရာမှာရင်၊ ဘာရှူမိရင်၊ ဘယ်အသုံးအဆောင် သုံးရင်၊ စတာတွေထဲက တခုခု ဒါမှမဟုတ် တခုမက တွဲပြီး ကိုယ်မခံနိုင်တာ ဖြစ်လာတာကို ရှာပါ၊ ရှောင်ပါ။ ဖြစ်နိုင်ရင် နှာခေါင်းစည်းသုံးပါ။ Citrizine စားဆေးသောက်ပါ။ အစားအသောက်နဲ့ မဆိုင်တတ်ပါ။ အစားထဲကရတဲ့ အနံ့နဲ့တော့ ဆိုင်နိုင်တယ်။ ရာသီဥတုနဲ့ ဆိုင်တတ်တယ်။ ဆေးစစ်ဘို့ မလိုတတ်ပါ။ အဲလိုလူမျိုးတွေမှာ အလာဂျီရတာ၊ နှင်းခူနာပေါက်တာတွေ ဖြစ်လာတတ်တယ်။ ရိုးရိုးဆရာဝန်နဲ့ ရပါမယ်။

2010/12/17
Q 4: Dear Doctor, I visited your blog a few months ago and got a lot of knowledge. Really appreciate you for your blog. If possible, kindly share me either the link of subjected article or the original article.

A: ကျွန်တော် စာရေးတဲ့အခါ အကိုးအကားတွေ ဒေါင့်စုံအောင်တော့ ကြိုးစားပါတယ်။ (လင့်) တွေ မှတ်မထားနိုင်ခဲ့ပါ။ အကြောင်းက အချိန်ကြောင့်တော့ မဟုတ်ပါ။ ကျွန်တော် ရေးတာက ဆေးပညာကို သိချင်သူ ရိုးရိုးလူတွေနဲ့ အခြေခံကို သင်ယူနေသူအတွက်သာဖြစ်ပြီး သုတေသနစာတမ်းမျိုး မဟုတ်လို့ပါ။ စာထဲက အင်္ဂလိပ်စာလုံးကို Google မှာ ရိုက်လိုက်ရင် တခုမဟုတ်တခု ပေါ်လာပါလိမ့်မယ်။

2010/12/17
Q 5: Dear Doctor, I just read Q & A December 2010 (5) in your blog and I've found the above mentioned subject. For me, I'm 34 years old seaman and a married person. My wife and I also thought that shaving of those areas is good for hygiene. But in the following question I found that that is no good so I just need to know the reason in the sexual wise.

2010/12/17
A: တလွဲဆံပင်ကောင်း စာထဲမှာရေးတာက ကျား-မ ဆက်ဆံရေးမှာ အမြင်တချို့သာ ဖြစ်ပါတယ်။

Shaving is definitely good for sterilization (cleaning the germs). When it comes to person to person relation, it depends on the people. Not all are similar. Frankly speaking there are people who are excited for hairy ones and there are people who like shave ones. For a normal couple, public hairs can be cleaned by bathing and washing. It is recommended to shave when there is an infection. So judgment is up to the persons and requirement: to turn on the partner or for cleanness.

2010/12/16
Q 6: ကျွန်တော်က (့) ပါ ယောက်ျားလေးပါ။ (့) မှာ နေပါတယ်။ သွေးစစ်တာ ဘီပိုးရှိနေတယ်တဲ့ နက်ကတစ်တဲ့။ အဲဒါ ဘယ်လို့ ဆေးဝါးတွေ သောက်သုံးသင့်တယ်၊ ဘယ်လို့ နေထိုင်သင့်လဲ၊ ဘယ်လို့ ကုသမူခံယူသင့်လဲ၊ ထူးထူး ခြားခြားဘာမှာ ဖြစ်တာလဲ မတွေ့ပါဘူး။ ရေရှည် နောက်ဆက်တွဲရောဂါတွေ ဘာတွေ ဖြစ်လာနိင်လဲ။

ဘီပိုးရှိနေတယ် နဲ့ နက်ကတစ် ကပြောင်းပြန်ဖြစ်နေတယ်။ Negative ဆိုတာ မရှိတာကို ပြောတာပါ။ အဖြေကို တိတိကျကျ သိပါရစေ။ Scan လုပ်ပြီးလဲ ပို့နိုင်ပါတယ်။ ဆေးစစ်တဲ့ဆီက ဘာလုပ်ခိုင်းသေးလဲ။ ဘီပိုး အကြောင်း သပ်သပ်ရေးတာ ဖတ်ကြည့်ပါ။

"Hepatitis B ဘီ ပိုးလူပျိုမရှောင်၊ အပျိုမရှောင်၊ လင်ရော၊ မယားရော၊ ကလေးပါ ဒုက္ခပေးမဲ့အကောင်" ကို ဖတ်ပါ။

December 18, 2010 12:57 PM
Q 7: ဒေါက်တာရှင့် ကျွန်မအတွက် အရေးတကြီး သိချင်တာလေး ရှိလို့ မေးပါရစေ။ ဖြစ်နိုင်လျှင် အမြန်ဆုံး ဖြေကြားပေးပါ။ December 20, 2010 6:03 PM
ကျွန်မပို့ထားတဲ့ ရက်စွဲတွေ မရှင်းဘူးဆိုတဲ့အတွက် ရက်စွဲအတိကျ ပြန်ပို့လိုက်ပါတယ်။ ဒီလမှာတော့ ရာသီက 8.12.10 မှာစလာပြီး 11.12.10 မှာ ပြီးပါတယ်။ ပုံမှန်အားဖြင့် လတိုင်း 7 ရက်နေ့မှာစလာပြီး 4 ရက်ကြာပါတယ်။ 7 ရက်နေ့မှာ စလာတတ်တာကလည်း ဒီနှစ်ရဲ့ 6 လပိုင်းလောက်ကမှပါ။ 6 လပိုင်းမတိုင်မီ အစောပိုင်းလတွေက 28 ရက်နေ့မှာ ရာသီ စလာပါတယ်။ ဒီလမှာတော့ 8 ရက်နေ့မှာစလာပြီးနောက်ဆုံးနေ့ဖြစ်တဲ့ 4 ရက်မြောက်နေ့မှာ မလာတော့သလောက်ကို နည်းပါတယ်။ ဒါ့ကြောင့် 11.12.10 မှာပြီးတာလား 10.12.10 မှာပြီးတာလား ကိုယ့်ကိုကိုယ် မသေချာပါ။ ချစ်သူကို ချစ်မိတဲ့နေ့က 13.12.10 ပါ။ ဒါ့ကြောင့် ရာသီခွင်တစ်ခုမှာ ဘယ်နေ့တွေက စိတ်ချရတဲ့နေ့တွေဖြစ်ပြီး ဘယ်နေ့တွေက စိတ်မချရတဲ့နေ့တွေဖြစ်ကြောင်း ရှင်းပြပေးပါ ဒေါက်တာရှင့်။

ရာသီပြီးလို့ ၂-၃ ရက်အတွင်း ဆက်ဆံခဲ့တာလို့ ပြောနိုင်တာပေါ့နော်။ ဒါဆို ကိုယ်ဝန်မရနိုင်ပါ။ အရင်မေးသူရှိလို့ ဖြေထားတာကို ကူးထည့်ပေးလိုက်ပါတယ်။
• "ရက်ရှောင်နည်း Standard Days method သို့မဟုတ် Calendar method ပြက္ခဒိန်နည်း"
• "သုတ်ရည် ပြင်ပစွန့် ထုတ်နည်း Withdrawal"
• "အရေးပေါ် ကိုယ်ဝန်တားဆေး"

December 15, 2010 1:46 AM
Q 8: ကျမအသက် ၃၂ နှစ်ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျမတကိုယ်လုံးမှာ ကလေးတွေလို ရေကျောက်လိုလို ဝဲလိုလိုပေါက်တာ မျက်နှာတခုဘဲ ကျန်တယ်။ အခုလဲ ပေါက်နေပါတယ်။ ပေါက်တဲ့ပုံစံက အစက အဖြူကွက် သေးသေး လေးတွေ ထွက်လာပြီး နီလာတယ်။ ယားတယ် တလလောက်ကြာမှ မဲပြီး အမာရွတ် ကျန်နေတယ်။ အခုမျက်နှာနဲ့ လည်ပင်းမှာ ပေါက်တယ်။ ဆရာဝန် ပြကြည့်တော့ ဆေးပေးတယ်။ Triamcinolone 0.1% Cream ပေးတယ်။ ယားတာ သက်သာတာဘဲ ရှိတယ် မပျောက်ဘူး။

စာပြန်တာ နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။ ခုချိန်လောက်ဆို အတော်ကောင်းနေမယ် ထင်ပါတယ်။ Triamcinolone ဆေးက စတီရွိုက် ပါတဲ့ဆေးဖြစ်တယ်။ ယားတာ-ရောင်တာ လက္ခဏာတွေ သက်သာစေတယ်။ အရေပြားမှာ အနာတခုခုဖြစ်ပြီးရင် ကျန်တဲ့ ညိုတာ-မဲတာတွေ၊ ယားတာ-ရောင်တာတွေကို သက်သာစေမယ်။

• အများဆုံးသုံး လိမ်းဆေးတွေက Phenols (2-4% Hydroquinone, Mequinol), Retinoids (Tretinoin), Alpha-hydroxy acids (Glycolic acid), Salicylic acid နဲ့ Azelaic acid တို့ ဖြစ်တယ်။
• Tretinoin 0.1% cream ကိုလဲ သုံးနိုင်တယ်။
• Tretinoin 0.1%, hydroquinone 5%, Dexamethasone 0.1% (Kligman's formula) ဆိုတဲ့ ၃ မျိုးတွဲ ဆေးကို သုံးနိုင်တယ်။
• Tretinoin 0.05%, Hydroquinone 4%, Fluocinolone acetonide 0.01% ၃ မျိုးတွဲဆေးကို သုံးနိုင်တယ်။
• Hydroquinone 2% and Tretinoin 0.5%
• Superficial and Medium-depth peels with Trichloracetic acid (TCA), Glycolic acid, Salicylic acid, and Tretinoin နည်းလဲ သုံးတယ်။
• Dermabrasion ဆိုတဲ့ ခွဲစိတ်ကုသနည်းလဲ ရှိတယ်။
• လေဆာနဲလဲ ကုသေးတယ်။

နောက်ထပ် လိုသေးရင် သနပ်ခါး၊ အလှဆီ၊ Calamine lotion တွေ လိမ်းနိုင်ပါတယ်။ ဗီတာမင် အေ နဲ့ စီကိုလဲ သောက်နိုင်တယ်။ ဖြစ်ခဲ့တာ ကြာပြီမို့ ပြန်ကုရာလဲ ကြာလိမ့်မယ်။

Date: 2010/11/30
Q 9: ကျွန်တော့်ခြေဖဝါးတွေက ဆောင်းတွင်း ရောက်လာရင် စကွဲလာတတ်ပါတယ်။ နွေမိုးဆိုရင် လုံးဝပုံမှန်ပါ၊ အေးလာလို့ရှိရင် အသားတွေ တင်းလာတတ်ပြီး ခြေဖဝါးစကွဲပါတယ်၊ တခါတရံ သွေးစအနည်းငယ် ထွက်တဲ့အထိ ကွဲတတ်ပါတယ်။ ဘာဆေးတွေ သောက်နိုင်ပြီး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်ရော ဆရာ။

A: စာပြန်တာ နောက်ကျလို့ ဆောရီးဗျာ။
ရောဂါရယ်လို့တော့ မဟုတ်ပါ။ ဖြစ်တော့ ဖြစ်ကြတယ်။ ခြေဖဝါးဆီကို အေးလို့ သွေးလျှောတာ နည်းလာလို့ပါ။ ဆေးရယ်လို့ မရှိပါ။ သကသာအောင်၊ မဖြစ်အောင် ခြေဖဝါးကို ဂရုစိုက်ပါ။ ခြေထောက်ကို ရေခပ်နွေးနွေးထဲမှာ တနေ့တခါ စိမ်ပေးပါ။ တချို့က တမာရွက်ပြုတ်ရည်ထဲမှာ စိမ်ကြတယ်။ ရေနွေးထဲ ဆားခပ်တာလဲ လုပ်ကြတယ်။ ပြီးရင် ရေခြောက်အောင် သုတ်ပါ။ ကွဲနေတဲ့နေရာကို အလှဆီ၊ Skin lotion လိမ်းနိုင်တယ်။ တချို့က ပျားရည်လဲ လိမ်းကြတယ်။ ပိုးဝင်သလို နာရင် Dettol/Aseptol လိမ်းပေးပါ။ ခြေအိတ်ဝတ်ရရင် Cotton သုံးပါ။ လေ့ကျင့်ခန်းက အထူးတော့မဟုတ်ပါ။ သွေးလျှောက်တာ ပိုကောင်းအောင်နဲ့ အဆစ်၊ အရွတ်၊ ကြွက်သားတွေ လှုတ်ရှားစေဘို့သာ စဉ်းစားလုပ်ပေးနိုင်ပါတယ်။