ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, December 7, 2010

Q and A December 2010 (7)

1. ကိုယ်ဝန်ဆောင်တွေ နားထောင်သင့်တဲ့ mp3 လေးတွေ
2. နို့က ထွက်မလာတော့ပါဘူး
3. မိန်းမအင်္ဂါ ဘယ်ဘက်အခြမ်းမှာ
4. ဆေးသောက်ဖို့ မေ့သွားခဲ့ပါတယ်
5. ရာသီလာတာ ၂ လ ကျော်နေပြီ
6. Can we masturbate

2010/12/22
Q: သမီးကိုကျေးဇူးပြုပြီး ကိုယ်ဝန်ဆောင်တွေ နားထောင်သင့်တဲ့ mp3 လေးတွေပို့ ပေးပါနော်။ ကလေးအတွက် သင့်တော်တဲ့ mp3 ကို နားထောင်ချင်လို့ ပါ။

A: အသံဖိုင်၊ ဗီဒီယိုဖိုင်က အင်္ဂလိပ်လိုတော့ များသလား မမေးနဲ့။ အင်တာနက်မှာ ရိုက်ရှာရင် ရတယ်။ မြန်မာလိုတော့ ဆရာ မသိပါ။ အခုစာဖတ်ရမှ အကြံရသလိုတော့ ဖြစ်လာပြီ။ အချိန်ရတဲ့အခါ လုပ်ကြည့်အုံးမယ်။ ကျေးဇူးဘဲ။
စာနဲ့ရေးထားတာ ဆရာ့ ဆိုဒ်ထဲမှာ ရှိနေပါတယ်။ ကလေးတွေအတွက် သိပ်မရေးရသေးဘူး။

2010/12/22
Q: ကျွန်မ မီးဖွားပြီးတာ တလခွဲပဲ ရှိပါသေးတယ်။ ကလေးမွေးပြီး ပထမ ၂ ပါတ်မှာ နို့တွေ ထွက်ပါတယ်။ ကလေးက အမေနို့သီးခေါင်းကို မသောက်တာနဲ့ ညစ်ညစ်ပြီးတိုက်ပါတယ်။ နောက်ရက်တွေကျ အိပ်ရေးပျက်တာ မခံနိုင်တော့လို့ နို့မှုန့် ဖျော်တိုက်တာ ၂ ပါတ်လောက်ရှိသွားပါတယ်။ အဲဒီကျမှ နို့ပြန်ညစ်တိုက်တော့ နို့က ထွက်မလာတော့ပါဘူး။ တနေကုန် ညစ်တော့မှ ၁ မှတ်လောက်ပဲ ထွက်ပါတယ်။ နို့အုံထဲမှာလဲ နို့မရှိတော့ပါဘူး။ နို့ပြန်လိုက်အောင် ဘယ်လိုလုပ်ရပါမလဲ။

A: နို့ထွက်စေဘို့၊ ဟော်မုန်းရယ်၊ ကလေးစို့တာရယ်၊ အစာအာဟာရရယ် လိုတယ်။
ဆက်ကြိုးစားပြီး ကလေးကို အစို့ခိုင်းပါ။
Domperidone ဆေးကိုလဲ သုံးနိုင်တယ်။ အအန်ရပ်ဆေးဘဲ။
နောက်တနည်းက နို့စုပ်ကရိယာ Brest sucker/pump နဲ့ စုပ်ပေးနိုင်တယ်။
ဘယ်မှာနေလဲ မသိဘူး။ ဗမာတွေ အရပ်သုံးနည်းတွေလဲ လက်လှမ်းမီရင် လုပ်ပါ။ ကြောင်ပန်းရွက်၊ ဒန့်သလွန်ရွက်၊ နွားမြီးစွပ်ပြုတ် စတာတွေ လုပ်တာ အကျိုးမယုတ်စေနိုင်ပါ။

22 Dec 10, 04:27
Q: ဆရာရေ နားနဲ့မနာ ဖဝါးနဲ့နာပါ။ ကျမ မိန်းမအင်္ဂါ ဘယ်ဘက်အခြမ်းမှာ မွေးကျွတ်နာလိုမျိုး အဖုပေါက်နေတာ ၂ ရက် ရှိပါပြီရှင့်။ အဖုက ပိုကြီးလာတယ်။ မြန်မာဆေးတော့ လိမ်းထားပါတယ်။ သက်သာအောင် ဘယ်လို လုပ်ရမလဲရှင်။

A: အမျိုးသမီးတိုင်း Vagina (ဗဂျိုင်းနား) အဝမှာ တဖက်တချက်စီမယ် (ဘာသိုလင်) ဆိုတဲ့ အကြိတ်ရှိကြတယ်။ သူကနေ အရည်တမျိုး ထုတ်ပေးနေတာပါ။ ပုံမှန်ဆိုရင် စမ်း-ကြည့် မတွေ့နိုင်ဘူး။ ကြီးလာမှ ဒါမှမဟုတ်ရင် Bartholin's abscess အနာပြည်တည်လာမှ သိသာလာမယ်။ နာလာမယ်။
မနာဘဲ ကြီးတာသက်သက်ဆိုရင် Bartholin's cyst ဖြစ်မယ်။ Surgical excision ခွဲစိတ်ထုတ်ရတယ်။ ပြည်တည်လို့ နာတယ်ဆိုရင် Incision and drainage အနာခွဲသလိုမခွဲခင် Antibiotics ပိုးသေတဲ့ဆေး သောက်ရမယ်။ ဆေးက Cloxacillin 500 mg တနေ့ ၂ ကြိမ် နဲ့ အနာသက်သာဆေး Paracetamol/Ibuprofen တခုခု သောက်ရမယ်။ တခြားဆေးတွေ မလိမ်းတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ အနာကိုခွဲရရင် ဒါတွေ ဆေးနေရမှာမို့ပါ။ အနာမှန်သမျှ ပူတာ လိမ်း-ကပ်ပေးရင် သက်သာပေမဲ့ ဖြစ်တဲ့နေရာက အပူမခံနိုင်ဘူး မဟုတ်လား။ Cyst ဆိုရင်တော့ ဆေးနဲ့မရပါ။

2010/12/22
Q: ကျွန်မ မမျှော်လင့်ဘဲ ချစ်ခဲ့မိတာကို စိတ်ပူနေမိတဲ့အတွက် ဒီလရဲ့  ၁၅ ရက်နေ့ကနေစပြီးတော့ Family planning pill ကို သောက်နေခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ၂၁-၁၂-၂ဝ၁ဝ မှာ ဒေါက်တာ့ အဖြေကြောင့် စိတ်ချသွားတဲ့ အတွက်ကြောင့်ရော အလုပ်အရမ်းများသွားခဲ့တဲ့ အတွက်ကြောင့်ရော ပုံမှန်ဆေး သောက်နေတဲ့အချိန် နေ့လည် ၁း၃ဝ မှာ ဆေးသောက်ဖို့ မေ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မ ဆေးဆက်သောက်တာကို ဘယ်လို ဆက်လုပ်ရမလဲ။

A: တနေ့ ၁ လုံး သောက်ရမဲ့ဆေးကို မေ့သွားရင်လဲ ဆက်သောက်ပါ။ နောင်ကို မနက်ခင်း သောက်တဲ့အလေ့ လုပ်ထားပါ။ တကယ်လို့ မနက်မှာ မေ့နေရင် နေ့ခင်-ညနေ သတိရတော့ ပြန်သောက်နိုင်တာပေါ့။ ဒီဆေးမျိုးက ဆေးရပ်လိုက်ရင် သွေးပြန်ဆင်းတယ်။ ရက်မမှန်တာမျိုး ဖြစ်စေတယ်။

December 22, 2010 9:06 AM
Q: ဆရာရှင့် တခုလောက်မေးခွင့်ပြုပါ။ သမီးမှာ ရာသီလာတာ ၂ လ ကျော်နေပြီ။ လုံးဝမရပ်သေးလို့ OG အထူးကုနဲ့လဲ ပြပြီး မသက်သာဘူး။ နည်းပဲနည်းသွားတယ်။ သူကသောက်ခိုင်းတာ Primolut-N ကိုသောက်ခိုင်းလို့ သောက်တာ ၄ ကဒ် ရှိသွားပြီ။ လုံးဝမရပ်ပဲ နည်းပဲနည်းသွားတယ်။ Ultrasound လဲရိုက်ပြီးပြီ။ ဘာမှမရှိဘူးတဲ့။ အဲဒါ သမီးဘာဆက်လုပ်ရမလဲ။ လမ်းညွှန်ပေးပါအုံး။ သူများတွေကတော့ပြောတယ် မတဲ့တဲ့ဆေး သောက်မိလို့တဲ့။ သမီး ဝချင်လို့ တားဆေးတော့ သောက်မိတယ်။

A: အသက်၊ အိမ်ထောင်ရေး၊ အိမ်ထောင်ရှိရင် ကလေး၊ တခြားခံစားရတာရှိရင် စတာတွေ ပြောပါအုံး။ အခုဆင်းနေတာ အရင်လက ထိန်သလား။
Q: အသက်က ၂၄ ပါ။ အပျိုပါ။ လတိုင်းလာရင် ၆ ရက် ပုံမှန်လာပါတယ်။ လာရင်လဲ များတယ်။ ပုံမှန်လာနေကျတခါမှ ထိန်တာ မရှိပါဘူး။ ခုမှ ၂ လကျော်ဖြစ်နေတာ။ နဲနဲဝမ်းနည်းတာတို့ စိတ်ညစ်တာတို့ ရှိရင်ပိုလာတယ်။

A: တားဆေးကြောင့် ဖြစ်တာပါ။
• Primolut N Tablets ဆေးက Norethisterone မ-ဟော်မုန်းဖြစ်တယ်။ သားအိမ်-အတွင်းနံရံအလွှာကို ပြုပြင်ပေးတယ်။ Dysfunctional bleeding ရာသီအပိုဆင်းနေသူကိုလဲ ပေးပါတယ်။ ဆေးကို ရပ်လိုက်တာနဲ့ ၂-၄ ရက်အတွင်း ရာသီလို သွေးဆင်းစေတယ်။ ဆေးသောက်နေတုံး ကိုယ်အပူချိန် နဲနဲလေး တက်တတ်တယ်။
• တားဆေးက တယောက်နဲ့ တယောက်မှာ သက်ရောက်တာ မတူပါ။ ဒီဆေးမျိုး မသောက်ပါနဲ့တော့။ အမှန်က တားဆေး သောက်နေချိန်မှာ ရာသီမဆင်းဘဲ ရပ်လိုက်မှ ဆင်းတယ်။ ခဏခဏ ရာသီရက် မမှန်သူတွေကို အပျိုဖြစ်ဖြစ် ပေးလို့ရတယ်။
• ဆေးသတ္တိကုန်တာနဲ့ သွေးဆင်းတာ ရပ်ပါလိမ့်မယ်။ စိတ်မပူပါနဲ့။
• တခြား သွေးဆင်းများတတ်တဲ့ အလေ့အထ ရှိသေးလား။ နှာခေါင်းသွေး-သွားဖုံးသွေး ယိုတာမျိုး။
• လိုလိုမယ်မယ် ဗီတာမင် စီ ၅ဝဝ မီလီကို တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် သောက်ပါ။
• တလမှာ ရာသီ ၆ ရက်ဆင်းတတ်သူမို့ သွေးအားနည်းနေနိုင်တယ်။ Iron supplement သံဓါတ်ဆေး အမြဲသောက်ပါ။ အမျိုးသမီးတွေ Folic acid နဲ့ Zinc တွေလဲ လိုတယ်။ ဒီ ၃ မျိုးတွဲထုတ်တဲ့ သွေးအားကောင်းဆေးလဲ ဝယ်လို့ရမှာပါ။
• ဝချင်ရင် တခြားနည်းတွေ ရှိပါတယ်။ ဆရာရေးတာလေးတွေ ဖတ်ဖြစ်မယ် ထင်ပါတယ်။

22 Dec 10, 10:58
Q: Can we masturbate during pregnancy?

A: Yes you can.