ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, December 25, 2011

Q and A December 2011 (4)

၁။ ဟိုနေရာကယားလိုက် ဒီနေရာက ယားလိုက် ဖြစ်နေပါတယ်။
၂။ အိမ်ထောင်ရေး သုခအတွက်ပါ။
၃။ ရင်သားနာကျင်နေခြင်းပါဆရာ။
၎။ အိပ်ရေပျက်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘယ်လို လုပ်ရမယ်
၅။ ချောင်းဆိုးပြီး ချွဲတွေနှင့် နို့အန်တာ ၃ ရက်ရှိသွားပါပြီ။

2011/12/23
ကျနော်က ပြည်ပမှာ အလုပ်လုပ်နေပါတယ်။ ကျနော် နေ့ခင်းဖက်တွေမှာ ခန္ဓာကိုယ်တစ်ခုလုံး ဟိုနေရာကယားလိုက် ဒီနေရာက ယားလိုက် ဖြစ်နေပါတယ်။ အဲဒါ ဘာကြောင့်ဖြစ်တာလဲ။ ဆောင်ရန် ရှောင်ရန်လေး ပြောပေးပါ။ ပြီးတော့ သောက်ရမယ့် ဆေးနာမည်ကိုလည်း ပြောကြားပေးပါ။
၁။ Urticaria (Hives) အင်ပြင် ထွက်ခြင်း
၂။ Allergy သို့မဟုတ် မတည့်အတူနေ
၃။ Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

December 23, 2011 11:18 AM
"ယောက်ျား လိင်တံ အတို-အရှည်ဆိုတာ ဆေးပညာ သတ်မှတ်ချက် တခုအရ ပုံမှန်အချိန်မှာ 1.6 inches (4 cm) ထက်တိုပြီး၊ တောင့်တင်းမှု ရှိချိန်မှာ 2.75 inches (7 cm) ထက် နည်းတာကိုသာ ခေါ်ပါတယ်" ဆိုတာ အသက်အရွယ်အပေါ် မူတည်တာလား နောက်တော့ လူစင်မှီ အတိုင်းအတာကို သိချင်ပါတယ်။ အိမ်ထောင်ရေး သုခအတွက်ပါ။

လူတွေဟာ အရွယ်ရောက်ချိန်မှာ ပြည့်စုံစရာမှန်သမျှ ပြည့်စုံလာကြတယ်။ ဥပမာ အရပ်က ဒိနောက်မှာ ပိုမရှည်တော့ဘူး။ အထူးသဖြင့် မျိုးပွါးခြင်းဆိုင်ရာတွေမှာ ပြည့်စုံလာကြတယ်။ ကျားအင်္ဂါ၊ မ-အင်္ဂါတွေဟာလဲ လိုအပ်ချက်မှန်သမျှ ပြည့်စုံသွားတော့တယ်။ ဒါပေမဲ့ လူ့ကိုယ်ဟာ သက်ရှိဖြစ်တာမို့ အသုံးချမှု များတာတွေက သုံးဖန်များလေ၊ ရင့်သန်လေသဘော ရှိသေးတယ်။ မသုံးဘဲထားတွေက ကြုံလှီတဲ့ဖြစ်စဉ်ကို လိုက်တယ်။ ကြွက်သားကို အခြေခံတဲ့ အင်္ဂါတွေမှာ ပိုသိသာတယ်။ ဥာဏ်ပိုင်းဆိုင်ရာကလဲ သုံးတာများလေး ထက်သန်လေသဘောရှိတယ်။ အိမ်ထောင်ပြုတဲ့ ယောက်ျား-မိန်းမတွေက မပြုသူတွေနဲ့ ခန္ဓာဗေဒရော၊ ဇီဝကမ္မဗေဒပါ မတူကြသလို ရောဂါဗေဒအရလဲ မတူနိုင်ဘူး။ ကလေးဖွါးဘူးသူနဲ့ မဖွါးဘူးသေးတဲ့ အမျိုးသမီးများလဲ ကွဲပြားသွားပြီ။ အရွယ်နဲ့ အတွေ့အကြုံကြောင့် ကျားအင်္ဂါရဲ့ ပိုပြီး ရှည်-သန်လာမှုကလဲ အတူတူဘဲ ဖြစ်ပါတယ်။

2011/12/24
သမီးမှာ ခံစားနေရတဲ့ရောဂါကတော့ ရင်သားနာကျင်နေခြင်းပါ။ ကန်တော့ပါတယ်ဆရာ။ သမီးက အပျိုစင်မိန်းကလေးမို့ ဆေးခန်းလဲ မပြရဲပါဘူး။ သမီး အမတယောက်မှာ ရင်သားကင်ဆာ ဖြစ်ဖူးတော့ သမီးက စိုးရိမ်နေပါတယ်။ သမီးရဲ့ရင်သားကလဲ မကြာခဏ ဆိုသလို ကိုက်နေပါတယ်။ ကျောကုန်းနဲ့ လက်မောင်းနေရာမှာလဲ တခါတရံ နာနေတတ်ပါတယ်။ နို့သီးခေါင်းကလည်း တခါတရံ အကောင်တကောင် ကိုက်နေသလို နာနေတတ်ပါတယ်။ (အဲဒါ နေ့တိုင်းလိုလိုဖြစ်နေတာပါဆရာ။ ပြီးတော့ အဖြူလဲဆင်းပါတယ်။ သားအိမ်နေရာကလဲ နာနေတတ်ပါတယ်။ အဲဒါက တခါတရံပါဆရာ။ သိချင်တာက သမီးရဲ့ ရင်သား နှစ်ဘက်စလုံးရဲ့ နေရာ အနှံ့မှာ နာကျင်နေတာ ဘာကြောင့်ပါလဲ။ ကင်ဆာဖြစ်မှာ ကိုစိုးရိမ်လို့ပါ။ တလောက ရင်သားဘေးမှာ အပူလောင်သလို အကောင်ကိုက်သလို အရည်ကြည်ဖု သေးသေးလေးတွေ ဖြစ်လို့ ဆေးလိမ်းလိုက်တာ ပျောက်သလိုရှိပါတယ်။ အကင်းတော့ မပျောက်သေးပါဘူး။ Venovate-n လိမ်းဆေးလိမ်းနေပါတယ်။ တပင်တိုင်မြနန်းဆေးကိုတနေ့ ၅ လုံး ၂ ကြိမ် သောက်နေပါတယ်။ ရင်သားတွေကို ကိုယ့်ဘာသာ စမ်းကြည့်တာတော့ အကျိတ်တော့ မတွေ့ဘူးဆရာ။ သမီးက မစမ်းတတ်လို့လားမသိဘူး။ ဆရာဝန်လဲ မပြရဲဘူးဆရာရယ်။

အသက်ပြောပါ။ ရင်သားနာတာက ရာသီရက်တွေနဲ့ ဆက်စပ်မှုရှိသလား။ ကျော-လက်မောင်းနာတာကကော နာတဲ့ရင်သားဘက်ကလား။ အဖြူဆင်းတာအတွက် စားဆေး၊ ထည့်ဆေး သုံးဘူးသလား။ နို့သီးခေါင်းယားတဲ့နေရာမှာ ယားနာလိုလိုသဘော အရေပြား မူပြောင်းနေတာမျိုးရှိသလား။ အရောင်ပြောင်းနေတာ၊ ခြောက်သွေ့နေတာ စတာမျိုး။ ရင်သားဘေးမှာဆိုတာ အတိအကျသိချင်တယ်။ ရင်သားကိုဖုံးနေတဲ့ အရေပြားလား ရင်သားနဲ့တခြားဖြစ်တဲ့ ရင်ပတ်ကအရေပြားလား။ ရင်သားကို မိမိဖာသာစမ်းနည်းပို့ပေးလိုက်ပါတယ်။ ချိုင်းကိုပါစမ်းပါ။ ချိုင်းမှာ တက်စေ့လို အကျိတ်တွေ့သလား။ တဘက်လား၊ နှစ်ဘက်လား။ Venovate ဆေးမျိုးမှာ (ကော်တီဇုန်း) ပါတာမို့ ခံစားနေရတာကို သက်သာစေတယ်။ ရောဂါဖြစ်စေတာက တခြားအကြောင်းဆိုရင် မပျောက်နိုင်ဘူး။
Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း ပို့လိုက်ပါတယ်။

2011/12/24
ကျွန်တော် အသက် (၂၉) နှစ်ပါ။ အလုပ်က တခါတရံ နေမနား ညမနားလုပ်ရပါတယ်။ အဲဒီအခါမျိုးမှာ တစ်ညလုံးမအိပ်ရပဲ နောက်နေ့ ဆက်လုပ်ရတဲ့ အခါမျိုးတွေမှာ ပုံမှန် အလုပ်ကို မလုပ်ဆောင်နိုင်ပါ။ အိပ်ရေပျက်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘယ်လို လုပ်ရမယ် ဘယ်ဆေးတွေသောက်ရင် သက်သာနိုင်တယ်ဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

အိပ်ရေးပျက်ထားတာကို ရင်းစားပြန်ရအောင် အိပ်မှသာဖြစ်နိုင်ပါတယ်။ အားပြန်ရှိအောင်ဆိုတာလဲ ဆေးအနေနဲ့တော့ သတ်သတ် မှတ်မှတ် မရှိပါ။ ဆေးဆိုတာမျိုး အားမကိုးစေချင်ပါ။ စာမေးပွဲကာလ မအိပ်ဘဲနေနိုင်အောင် Caffeine, No Doz, Stay Awake, Vivarin ဆေးမျိုးတွေ သောက်ကြတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် မလိုလားအပ်တာတွေ ဖြစ်စေတယ်။ အရပ်နည်းတွေတော့ သိမှာပေါ့။ ကျွန်တော် မသိတာလဲ ဖြစ်နိုင်ပါတယ်။
Tonics အားဆေး ပို့ပေးပါတယ်။

2011/12/25
ကျွန်မ သမီးလေးက ၇ လရှိပါပြီ။ ချောင်းဆိုးနေတာ နှစ်ပါတ်ကျော်ရှိပါပြီ။ ဆေးခန်းက ပေးတဲ့ဆေးကိုလဲ ပုံမှန်တိုက်ပါတယ်။ ဒါပေမဲ့ မသက်သာပဲ အခုဆို ချောင်းဆိုးပြီး ချွဲတွေနှင့် နို့အန်တာ ၃ ရက်ရှိသွားပါပြီ။ တစ်နေ့ကို ချောင်းဆိုးပြီး နို့ပြန်အန်တာ ၅ ခါ ၊ ၆ ခါ ရှိပြီဆိုတော့ ကလေးမှာ ဒဏ်တောင်ခံနိုင်ပါ့မလားမသိဘူး။ ဘိုက်ထဲလည်း နို့ တောင်မရှိတော့ဘူးထင်တယ်။ ကျွန်မလဲ ညတိုင်း မအိပ်ပဲထိုင်ပြီး ဖက်ထားတာ ၃ ရက်ရှိပါပြီ။ ထက်လင်းရင်လူးဆေး ဆိုတာလဲ လူးတယ်။ ကလေးပရုတ်ဆီလည်းလူးတယ်။ ဒီကပေးတဲ့ ဆေးကတော့ ဘာဆေးတွေမှန်း ကျွန်မလဲ မသိဘူးဖြစ်နေတယ်။ သူတို့ (့) စာတွေနဲ့ချည်းပဲမိုလို့ ဆရာ့ကိုလည်း မပြောပြတတ်ဘူး ဖြစ်နေတယ်။ အဆုပ်ကိုလည်း သူတို့စမ်းပေးတာ ကောင်းတယ်ပြောတာပါပဲ။ ဒီပုံစံအတိုင်းဆို ကလေးက မပြောကောင်း မဆိုကောင်း တစ်ခုခုများ ဖြစ်တော့မလားနဲ့ ကျွန်မ အရမ်းစိတ်ပူတယ်။ သက်သာစေမဲ့ နည်းလမ်းလေးတွေ ပြောပြကူညီပေးပါဆရာရှင့်။

ဆရာဝန်ကို ပြသေးသလား။ ချောင်းဆိုးပျောက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ အကြမ်းပြောရရင် လည်ချောင်းယားလို့ ဆိုးတာအတွက်က တမျိုး၊ ချွဲရှိနေသူတွေကို အထဲကချွဲထွက်စေတဲ့ဆေး၊ ရင်ကြပ်နေသူတွေအတွက်က တမျိုး၊ အထဲမှာ ချွဲတွေခဲနေသူတွေအတွက် ချွဲကျေစေဘို့အတွက်က တမျိုး။ ချောင်းဆိုးတယ် ဆိုတာ ရောဂါမဟုတ်ဘဲ ရောဂါကြောင့်ဖြစ်လာရတဲ့ ရောဂါလက္ခဏာတခုသာ ဖြစ်တယ်။ ရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းကို ကုသဘို့ ပိုအရေးကြီးတယ်။ ဖြစ်စေတာသက်သာရင် လက္ခဏာလဲတဆက်ထဲ သက်သာမယ်။ ချောင်းဆိုး စေနိုင်တဲ့ရောဂါတွေကလဲ အမျိုးမျိုးရှိတယ်။ ရာသီဥတုကြောင့်ဖြစ်တာ၊ အအေးမိတာ၊ လေမသန့်လို့ဖြစ်တာတွေက အုပ်စုတခု။ (အလာဂျီ) သက်သာဆေးမျိုး နဲ့ အနာအကိုက် သက်သာဆေးတွေသာ ပေးရမယ်။ ဗက်တီးရီးယားကြောင့် ဖြစ်တာတွေအတွက် ပိုးသေဆေးပေးမှသာ ပျောက်မယ်။ ဥပမာ နူမိုးနီးယား။ နာတာရှည် တီဘီ ဆိုရင်တော့ နောက်တမျိုး။ ကလေးငယ်တွေမှာ များသောအားဖြင့် အသက်ရှူလမ်း အထက်ပိုင်းရောဂါများတယ်။
Respiratory tract infections (1) အသက်ရှူလမ်း အပေါ်ပိုင်း ပိုးဝင်ခြင်း ပို့လိုက်ပါတယ်။