ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, February 1, 2011

Q and A February 2011 (1)

1. ဒေါင့်သန်းတို့ ဂျပ်ကောင်တို့ဆိုတာ
2. သားအိမ်ခေါင်းကင်ဆာ အကြောင်း
3. ငယ်ငယ်က စကားထစ်ပါသည်
4. ဆီးလမ်းကြောင်း ကျောက်တည်ခြင်း
5. ဂေါ်လီထည့်သင့်မသင့်
6. ၁၁ လပိုင်းတုန်းက အတူနေဖြစ်ပါတယ်
7. သူမရဲ့ အောက်နှုတ်ခမ်း အလယ်တည့်ထည့် အစွန်းမှာ
8. ဒီဆေးအညွှန်းကို သိပ်မရှင်းလို့ပါ
9. Charcoal tablet က ဘာတွေ ကောင်းပြီး
10. အလာဂျီ သဘောမျိုးဖြစ်နေပါတယ်
11. အနီစက်လေးတွေ ပေါ်နေလို့

3 Feb 11, 20:56
Q 1: ဒေါင့်သန်းတို့ ဂျပ်ကောင်တို့ဆိုတာ ဘယ်လိုအကောင်မျိုးပါလဲ။ စာဖတ်ပြီး နားမလည်လို့ပါ။

ဒေါင့်သန်း ဆိုတာ Anthrax ဆိုတဲ့ နွားရောဂါ။ လူကိုလဲ ကူးတယ်။ အမဲသား မသန့်တာကိုင်သူ၊ စားသူ ကူးတယ်။ အနာတွေပေါက်၊ အပြင်းဖျားတယ်။ အနာက အလယ်မှာ နက်နေတယ်။ ဂျပ်ကောင်ကလဲ နွားရောဂါဘဲ။ လူကိုကူးတာ ကျွန်တော် မသိသေးပါ။ ဦးပုည စာချိုးထဲမှာလဲ ပါတယ်။

2011/2/6
Q 2: သားအိမ်ခေါင်းကင်ဆာ အကြောင်း သိခြင်လို့ရှင်းပြပေးပါ။ လက္ခဏာနဲ့ ကုသပျောက် ကင်းမူရာခိုင်နူန်းအပါအ၀င် အကုန်လုံးကို အသေးစိတ်ရှင်းပြပေးပါ။

• Cervical Cancer (Ca Cx) သားအိမ်အ၀ ကင်ဆာ
• Cervical Cancer (Ca Cx) သားအိမ်အ၀ ကင်ဆာ ကာကွယ်ဆေး (HPV) တွေကို ဖတ်ပါ။

2011/2/6
Q 3: အသက် ၂၄ နှစ်ပါ။ ငယ်ငယ်က စကားထစ်ပါသည်။ စကားထစ်ရသည့် အကြောင်းရင်းကို ရှင်းပြပေးပါခင်ဗျာ။ ယခု အရွယ်တွင် စကားမထစ်တော့ပါ။ တခါတရံ စကားလုံးတချို့ပြောရန် ဆွံအနေတတ်ပါသည်။ ဦးနှောက် အာရုံကြောကြောင့်လား။ ဘယ်ဆေးသောက်ရမလဲ။ ဘယ်လိုကုသရမလဲ။ ရှင်းပြပေးပါ။

• Stammering စကားထစ်ခြင်း ကို ဖတ်ပါ။

2011/2/5
Q 4: ကျွန်တော်ကတော့ အသက် ၃၁၊ (့) တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၄-၂-၁၁ နေ့က ဆီးသွားရာတွင် ကျောက် အလုံးလေးတလုံး ပါလာသဖြင့် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း စတင် ဖြစ်ပွားနေပြီဟု ပြောနိုင်ပါသလား။ ဒါမှမဟုတ် ကျောက်ကပ်တွင် ကျောက်တည်တာလား။ နောက်ဆွဲတွဲ အကျိုးဆက်များနဲ့ ရိုးရှင်း လွယ်ကူသော ကုသနည်းများကို သိလိုပါတယ်။ ဒီနိုင်ငံမှာ ဆေးကုစရိတ် ကြီးမြင့်လွန်းသောကြောင့် အကူညီ တောင်းခံလိုက်ရပါတယ်။ သတိထားမိသည်မှာ တပတ်ခန့် ရှိပါပြီ။ ထိုကျောက်အလုံးလေး ထွက်သွားပြီး ထူးခြားသော ပြောင်းလဲမှုမရှိသေးပါ။ ဆီးသွားရာတွင်လည်း ပုံမှန် ပြန်ဖြစ်သွားသည်ဟု ယူဆမိပါသည်။ ဆီးပူခြင်း၊ အောင့်ခြင်း မရှိပါ။ ကျွန်တော်က အရက်၊ ဘီယာ ပုံမှန်သောက်သုံးသူ ဖြစ်ပါတယ်။

• Kidney stones ကျောက်ကပ်-ကျောက် ကို ဖတ်ပါ။

2011/2/5
Q 5: လုပ်ရင် ကောင်မလားလို့ မေးကြည်တာပါ။ ဂေါ်လီထည့်သင့်မသင့် ဆိုးကျိုး၊ ကောင်းးကျိုးလေး သိချင်ပါတယ်။ အဝိုင်းမဟုတ် capsule ပုံဖြစ်ပါတယ်။ နည်နည်းကြီးပါတယ်။

• Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃) ကို ဖတ်ပါ။

2011/2/5
Q 6: သူနဲ့ ၂၀၁၀ ခုနှစ် ၁၁ လပိုင်းတုန်းက အတူနေဖြစ်ပါတယ်။ ဓမ္မတာက ၁၁ လပိုင်းလလည် လာပါတယ်။ ၁၂ လပိုင်းလည်း လလည်ခန့်၊ ၂၀၁၁ခုနှစ် ၁ လပိုင်း လကုန်လာပါတယ်။ လကုန်ရက် ပထမ တစ်ရက်လာပြီး နောက်နေ့ နည်းနည်း လာပါတယ်။ ပြီးတော့ တန့်သွားပါတယ်။ ပုံမှန်တော့ တစ်ခါလာရင် လေးရက်လောက်ကြာပါတယ်။ ၁ လပိုင်း လကုန်မှာ တစ်ရက်ခွဲလောက် လာပြီး တန့်သွားတာပါ။ ကိုယ်တွေပူပြီး ဖျားပါတယ်။ ချောင်းဆိုး လည်ပင်းနာ ကိုယ်တွေ နာပါတယ်။ အဲ့ဒီနေ့က (အင်နာဗွန်စီ) သောက်ပါတယ်။ ဆေးခန်း သွားပြတော့ ဗီတာမင် စီ များတဲ့ ဆေးသောက်လို့ ရာသီလာတာ တန့်သွားတာလို့ ပြောပါတယ်။ ကိုယ်ဝန်ရှိမှာကို စိုးရိမ်တာပါ။ အဲ့ဒါ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ပါသလား။ ဆက်ဆံစဉ်တုန်း ကတော့ ဘာမှ အကာအကွယ်မသုံးပဲ မပြီးခင် သုတ်ကို အပြင်ကို ထုတ်ခဲ့တာပါ။ ဆက်ဆံပြီး ၁၁ လပိုင်း၊ ၁၂လပိုင်း၊ ၁ လပိုင်းအထိ လာပြီးမှ ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ပါသလား။ ဘယ်လို တားဆီးလို့ ရနိုင်ပါမလဲ။ တကယ်လို့များ ကိုယ်ဝန် ရှိနေပါက ဘယ်လို တားဆီးလို့ရမယ်ဆိုတာ အကြံပေးစေလိုပါတယ်။

၁။ ကိုယ်ဝန် မဟုတ်ဘို့ များပါတယ်။ နေမကောင်းလို့သာ လာရက်နည်းတာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိရင် ၁ ရက်မှ မလာပါ။
၂။ သေခြာချင်ရင် Urine for pregnancy test လုပ်ပါ။ အိမ်မှာတင်ကိုယ်တိုင်လုပ်လို့ရတဲ့ Kit မျိုး ၀ယ်လို့ ရနိုင်မယ် ထင်ပါတယ်။ မရရင် ဓါတ်ခွဲခမ်းကို အမျိုးသမီးရဲ့ မနက်စောစောသွားတဲ့ ဆီးကို ပုလင်းသန့်သန့်လေးထဲထည့် ယူသွားပြီး စမ်းခိုင်းလဲ ရပါတယ်။ ဆီးက (၂-၃ စီစီ) နဲနဲလေးဘဲ လိုတာပါ။
၃။ ဆီးစစ်လို့ Positive တွေ့ရင်တော့ ဆရာအနေနဲ့ ဘာလုပ်ပါလို့ အကြံမပေးနိုင်ပါ။ ဆေးပညာသုတအတွက် နည်းလမ်း မျိုးစုံကို ရေးထားတာ ရှိပါတယ်။
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၆) Different Methods of Contraception ပဋိသန္ဓေတားနည်းများ
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) Emergency contraception အရေးပေါ် တားဆေး
• အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၂) Abortion မလိုချင်တဲ့ ကိုယ်ဝန်
၎။ အကာအကွယ်ယူထားကြပါ။ အမျိုးသမီးက စားဆေးသောက်တာ၊ ထိုးတာနဲ့ အမျိုးသားက (ကွန်ဒွမ်) သုံးတာ၊ ရက်ရှောင်တာ။

2011/2/4
Q 7: ကျွန်တော်တို့ အသက် (၃၀) ကိုယ်စီ ဖြစ်ပါတယ်။ လက်ထပ်ပြီးတာ ၁နှစ် ရှိပါပြီ။ ကလေးမရသေးပါ။ (့) မှာ နေပါတယ်။ ကျွန်တော် အဖျားပျောက်ခါစ အပူချိန် ၉၉ ဒီဂရီ ဖာရင်ဟိုက် ရှိနေသေးတဲ့ အချိန်မှာ ဆက်ဆံမိပါတယ်။ နောက်တစ်ရက်မှာ သူမရဲ့ အောက်နှုတ်ခမ်း အလယ်တည့်ထည့် အစွန်းမှာ အပူဖုလေး စဖြစ်လာပါတယ်။ ဒီအတော အတွင်းမှာ သူမက ၀မ်းမသွားဘဲ ချုပ်နေပါတယ်။ အဲဒီအပူဖု လိုမျိုးက ဆောင်းတွင်းရောက်ရင် ဖြစ်နေကျပါ။ ယိုးဒယား ကလာတဲ့ Keno (Oral paste) ကို ဆောင်ထားလေ့ရှိပြီး အဲဒီဆေးနဲ့ပဲ သက်သာလေ့ရှိပါတယ်။ နှုတ်ခမ်းနာဖြစ်ပြီး နောက်ရက်တွင် မိန်းမအင်္ဂါပတ်လည်တွင်လည်း အဖုလေးများ နှုတ်ခမ်းမှာကဲ့သို့ ၁၀ ဖုလောက် ထပ်ထွက်လာပါတယ်။ နာလွန်းသဖြင့် လမ်းပင် မလျှောက်နိုင်ပါ။ အလွန် ရှက်တတ်သောသူဖြစ်ပြီး ဆေးခန်းပြခိုင်းလို့ မရဖြစ်နေပါတယ်။ ဒီက ဆေးခန်းမှ ပေးလိုက်တာကတော့ နှုတ်ခမ်းနာအတွက် Combiderm cream ဖြစ်ပါတယ်။ အဲဒီဆေးနဲ့ မသက်သာခဲ့ပါ။ နှုတ်ခမ်းမှ အနာကတော့ ခြောက်သွားပါပြီ။ အောက်မှ အနာကိုတော့ တနေ့လျှင် ၃ကြိမ် ရေနွေးနွေးဖြင့် အုပ်တာ သက်သာလာသလို ရှိပါတယ်။ အဖုလေးများ ပေါက်ထွက် သွားပါပြီ။ ပြည်လိုမျိုးတော့ မထွက်ပါ။ မွေးလမ်းကြောင်းမှ ချီးစ်လိုမျိုး ခပ်ပျစ်ပျစ်အရည်တွေ အမြဲလိုလို ဆင်းနေပါတယ်။ အနံ့တော့ မရှိပါ။ ဖြစ်စကတော့ Amoxil 500 mgကို တနေ့ ၃ ကြိမ်နဲ့ ၅ ရက် ဆက်သောက်ခဲ့ပြီးပါပြီ။ ယနေ့တွင် နောက်ထပ် အဖုလေး ၂လုံး ထပ်ထွက်လာပြန်ပါတယ်။

၁။ အဖြစ်နိုင်ဆုံးက ပါးစပ်အနာပေါက်တာ နုတ်ခမ်းရေယုံပါ။ ဖျားတာလို အားနည်းနေချိန်မှာ ဖြစ်တတ်တယ်။ ပါးစပ်-ရေယုံက ဆေးမကူဘဲလဲ ပျောက်ပါမယ်။ ဖြစ်ဖြစ်ချင်းသိရင် လက်နဲ့ဖိပေးထားရတယ်။ နောက်ပိုင်းဆိုရင် Tetracycline, Chloramphenicol ကော်မျက်စဉ်းတခုခုလိမ်းနိုင်တယ်။ အလှပျက်မှာမစိုးရိမ်ရင် Gential Violet ခရမ်းရောင်ဆေး လိမ်းနိုင်တယ်။

၂။ ကျန်တာကလဲ မွေးလမ်းရေယုံ ဖြစ်နိုင်တယ်။ ပိုဖြစ်နိုင်တာက မှိုပိုးဝင်တာပါ။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ရင် အဖြူရောင် ပြစ်တဲ့ (ချိစ်) လိုဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။
• Clotrimazole vaginal tablet မွေးလမ်းထဲထည့်ရန်ဆေး၊ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။
၃။ Combiderm cream ဆေးက Betamethasone dipropionate 0.05%, clotrimazole 1% နဲ့ gentamicin sulfate 0.1% တွေပါတယ်။ eczemas နှင်းခူ၊ other allergic & inflammatory dermatoses တခြား အရေပြားမှာ (အလာဂျီ) ဖြစ်တာနဲ့ ပျောက်နိုင်ခဲ့တဲ့ ဗက်တီးရီးယား၊ မှို အနာတွေအတွက် လိမ်းဆေးဖြစ်တယ်။ ရေယုံ ကို မသုံးရပါ။ ဖြစ်နေသူမှာ တီဘီ၊ နဲ့ တခြား (ဗိုင်းရပ်စ်) ၀င်တာတွေအတွက်လဲ မသုံးရပါ။ ကိုယ်ဝန်ရှိနေသူတွေလဲ ရှောင်ရတယ်။

ဆေးများကို ဒီမှာ ရှာ၍ မရဖြစ်နေပါတယ်။ မြန်မာပြည်ကို မှာကြည့်ပါအုံးမယ်။ Fungiderm ဆိုတဲ့ ဆေးတစ်မျိုးပဲ တွေ့ပါသည်။ ယခုလက်ရှိ ရောဂါအခြေအနေမှာ အတော်လေး သက်သာလာတာကိုတော့ တွေ့ရပါတယ်။ ချိစ်လို ဆင်းနေတာလည်း မရှိသလောက်တော့ ဖြစ်နေပါတယ်။ ခုချိန်မှာ ဘာဆက်လုပ်သင့်တယ် ဆိုတာလည်း ညွှန်ကြား ပေးပါအုံး။ ဒိရောဂါက တစ်ခါဖြစ်ဖူးပြီးရင် မကြာမကြာ ပြန်ဖြစ်တတ်ပါသလား။ ဘာကြောင့် ဖြစ်လာပြီး၊ မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင်သင့်ပါသလဲ။ နောက်ဆက်တွဲ ရောဂါတွေရော ရှိနိုင်ပါသလား။ သွေးစစ်ရင် ကာလသားရောဂါ လိုများ ထွက်ပေါ်နိုင်ပါသလား။

Fungiderm ဆေးက မှိုရောဂါအတွက်ဖြစ်တယ်။ Clotriazole ပါတယ်။ (Tinea cruris) အရေပြား-ပေါင်ကြားဖြစ်တဲ့မှို၊ (tinea pedis) ခြေထောက်ဖြစ်တဲ့မှို၊ (Tinea versicolor, Tinea corporis) နေရာတကာ ဖြစ်တဲ့မှို-ပွေး၊ (Tinea capitis) ဦးရေခွံမှို၊ (Tinea unguium) ခြေသည်း-လက်သည်းမှို၊ (Tinea barbae) မုတ်ဆိတ်မှို၊ Mycosis with secondary infection by bacteria ဗက်တီးရီးယားဝင်နေတဲ့မှို ရောဂါတွေအတွက် သုံးနိုင်တယ်။ Cream နဲ့ Talcum powder ကို တနေ့ ၂-၃ ကြိမ်လိမ်းပါ။ ဖြစ်နေတာ ကြာရင် ကြာကြာသုံးပါ။ ၁၀-၁၄-၃၀ ရက်။
သွေးစစ်ရင် ကာလသားရောဂါ VDRL တွေ့မယ် မထင်ပါ။ လက္ခဏာတွေက တခြားစီဖြစ်လို့ပါ။

2011/2/6
Q 8: ဒီဆေးအညွှန်းကို သိပ်မရှင်းလို့ပါ။ Swallowed unchewed during a meal (Administration should be taken with food (Take during a meal. Swallow whole, do not chew/crush.) ဆေးဆိုရင် အစာစားပြီးဖြစ်ဖြစ် မစားခင် ဖြစ်ဖြစ်ပဲ သောက်လေ့ရှိလို့ပါ။ ဆေးနာမည်က Vitiron ပါ။

ဆေးလုံးကို ၀ါးမစားဘဲ၊ အစာစားနေရင်း မျိုချပါ။ ဟုတ်ပါတယ် ဆေးအမျိုးမျိုး ထုတ်နေလို့၊ အစဉ်အလာ ပြောလေ့ရှိတာနဲ့ မရတာ ဖြစ်ပါတယ်။

6 Feb 11, 14:08
Q 9: Charcoal tablet က ဘာတွေ ကောင်းပြီး ဘာတွေ ဆိုးတယ်ဆိုတာကို သိချင်ပါတယ်။ ကျွန်တော် သောက်နေရလို့ပါ။

Charcoal tablets မီးသွေးဆေးပြားကို Activated charcoal လို့လဲ ခေါ်တယ်။ အစာအိမ်က လေတက်တာ၊ ရင်ပူတာတွေအတွက် သုံးတယ်။ ရေများများနဲ့ သောက်ရတယ်။ တချို့ အဆိပ်သင့်တာတွေမှာ သုံးတယ်။ တချို့က ၀မ်းပျက်ရာမှာလဲ သုံးတယ်။ ဒီနှစ်မျိုးက မသေချာလှပါ။ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်နဲ့ အသက် ၁၂ အောက် မပေးပါ။

Feb 3, 2011 at 5:17 PM
Q 10: ကျွန်တော် အခု (့) မှာနေပါတယ်။ ရာသီကတော့ အခု အရမ်းအေးပါတယ်။ အသားတွေယားယံပြီး အနီအစက်တွေနှင့် အလာဂျီ သဘောမျိုးဖြစ်နေပါတယ်။ အသားတွေကလည်း ခြောက်သွေ့ပါတယ်။ ရာသီကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဘာဆေး သောက်ရမလဲ၊ ဘာလိမ်းရင် ကောင်းမလဲဆိုတာ သိချင်ပါတယ်။ ဒီကို ရောက်တာ ၁ လ ကျော်ပါပြီ။ အခန်းက ဖုန်တွေကြောင့် ယားတယ် ထင်ပါတယ်။ နောက် အခန်းကလဲ ဟီတာကို ညဘက် ဖွင့်ပါတယ်။ အခုတော့ ဘာမီတွန် ၁ လုံးနှင့် ဆီဗစ် ၅ လုံး ညတိုင်း သောက်ပါတယ်။ ဒါပေမယ့် အယားက မသက်သာဘူး။ ယားတုန်းယားဆဲပါပဲ။ Gohnson's Baby Oil Lotion လိမ်းလျှင်ရော အဆင်ပြေနိုင်ပါမလား။ အခုထိ အသားယားပြီး အနီကွက်တွေက အနည်းငယ် ရှိပါသေးသည်။

Allergy သို့မဟုတ် မတည့်အတူနေ ကို ဖတ်ပါ။ လိုသေးရင် မေးပါ။

4 Feb 11, 23:37
Q 11: ရင်ဘတ်နဲ့ ဂျိုင်းနားတစ်ဝှိုက်မှာ အနီစက်လေးတွေ ပေါ်နေလို့ ယားလဲ မယားဘူး သာမန်ချိန်ဆို သိပ်မမြင်ရပါဘူး။ အားကစားလုပ်ပြီးတဲ့ အခါမျိုးတွေမှာဆို အနီစက်တွေ ရဲနေတတ်ပါတယ်။ ဖြစ်တာ တစ်လလောက်တော့ ရှိပါပြီ။
ယောက်ျားလေးပါ အသက် ၂၅ နှစ်ထဲမှာပါ။ ဘယ်လိုဆေးမျိုးတွေ သောက်ရမလဲလဲ သိချင်ပါတယ်။

ချွေးထွက်ရာကနေ (အလာဂျီ) ရတာဖြစ်မှာပါ။ တချို့မှာ အနီပြင်ထွက်၊ တချိုက နဲနဲ-များများ ယားတယ်။ တချို့ အပိန့်က သေး-ကြီးတယ်။ နဲနဲသာဖြစ်ရင် Calamine, Caladryl Lotion တခုခု လိမ်းနိုင်ပါတယ်။ Antihistamine (Citrizine, Burmeton, Avil) ဆေး သောက်ဘို့ လိုချင်မှ လိုလိမ့်မယ်။