ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, February 2, 2011

Q and A February 2011 (2)

1. အစာမကြေတဲ့ရောဂါ အတော်ဆိုးပါတယ်
2. တစ်နေ့ကို ကြက်ဥနှစ်လုံး
3. ကပ်ပယ်အိပ်မှာ အဖုလေးတွေ
4. ကွင်းသီးခေါင်းထိပ် အရစ်မှာ
5. ရုတ်တရက် လျှာကျက်ရင် ဘယ်လိုလုပ်သင့်ပါသလဲ
6. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်
7. လိင်တံတွင် တခါတရံ ယားပြီး

15 Feb 11, 08:08
Q 1: အစာမကြေတဲ့ရောဂါ အတော်ဆိုးပါတယ်။ တခါမှ မဖြစ်ဘူးပါဘူး။ အခုတော်တော်ကြာနေလို့ စိုးရိမ်လိုပါ။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးနဲ့ ပြန်ပြန်အန်ချင်ပါတယ်။ ဘာရောဂါများ ဖြစ်နိုင်ပါလဲ။ အခုအစာအိမ်ဆေးတော့ စားနေပါတယ်။ မသက်သာသေးပါဘူး။ အစာအိမ်ကင်ဆာ ဖြစ်မှာ အရမ်းစိုးရိမ်လိုပါ။ အဲ့ဒါဟာ ကင်ဆာ အဆင့်ထိ ဖြစ်နိုင်ပါသလားရှင်။ ပြီးတော့ အခုတလော ပျို့လာတဲ့အခါ အချဉ်ရည်တွေ ထွက်လာပါတယ်၊ ခဏခဏပါပဲ။

“Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း” နဲ့ “Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်” ကို ဖတ်ပါ။ အစာအိမ်ကင်ဆာ ကို သပ်သပ်ရေးပါအုံးမယ်။ မေးတဲ့သူရဲ့အသက်၊ ကျား-မ မသိရသေးပါ။

15 Feb 11, 09:05
Q 2: ကျွန်တော် တစ်နေ့ကို ကြက်ဥနှစ်လုံး မနက်တိုင်း မကျက်တကျက် ပြုတ်စားပါတယ်။ ၁ လလောက် ရှိပါပြီ။ ကျနော် သိချင်တာက အကာစားတာအတွက် မဟုတ်ပဲ အနှစ်က ကိုလက်စထရော များတယ် ကြားဖူးလို့ပါ။ အဲတာကြောင့် အသက်ကြီးရင် သွေးတိုးတွေဘာတွေ ဖြစ်မှာစိုးလို့ပါ။ အခုစားတာကလည်း ဝိတ်တက်ချင်လို့ပါ။ အဲတာကြောင့် ငှက်ပျောသီးတွေ ကြက်ဥတွေ အသကုန် စားနေတာပါ။ ဒီနေ့မှ ပြန်တွေးမိတယ် ငါလျှောက်လုပ်နေတာ ဟုတ်ကော ဟုတ်ရဲ့လားလို့။ ကြက်ဥအနှစ်က များများစားလို့ ကောင်းပါသလား။

“Eggs ကြက်ဥ အစရှာခြင်း” နဲ့ “How to gain weight လှယုံမက ဝချင်လည်း ဝချင်ကြပါရင်” ကို ဖတ်ပါ။

2011/2/14
Q 3: ကျနော့် ကပ်ပယ်အိပ်မှာ အဖုလေးတွေပေါက်နေပါတယ်။ အမြဲတမ်းလိုလို ယားယံနေတတ်ပြီး တစ်ခါတစ်လေ ပြည်တည်ပြီး ရောင်တဲ့အထိ ဖြစ်ပါတယ်။ တစ်ခါတစ်လေ အဲဒီအဖုလေးတွေကို ညှစ်လိုက်တဲ့အခါ အဖြူပြစ်ပြစ် အရည်လေးတွေ ထွက်လာတတ်ပါတယ်။ ကျနော့်အသက်က ၂၄ နှစ်ရှိပါပြီ။ လူပျိုပါ။ ကျနော့် အသက် (၁၈) နှစ် လောက်ကတည်းက စဖြစ်တာပါ။ အဲဒါ ဘာရောဂါလဲ သိချင်ပါတယ်။ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မလဲ ဆိုတာကို ကျေးဇူးပြု၍ အကြောင်းပြန်ပေးပါခင်ဗျာ။

ဖြစ်နေတာ ၆ နှစ်ရှိပြီဆိုတော့ ပိုဆိုးလာ-မလာ မသိရသေးပါ။ ဖြစ်နိုင်တာ ပိုး ၂ မျိုးရှိတယ်။ မှို နဲ့ ဗက်တီးရီးယား။
၁။ Griseofulvin 250–500 mg စားဆေး တနေ့ ၂ ကြိမ် ၁-၂ ပါတ်၊ ဒါမှမဟုတ် Itraconazole 200 mg တနေ့ ၁ကြိမ်၊ ၂ ပါတ်သောက်ပါ။
၂။ နောက်ပြီး Doxycycline 100 mg တနေ့ ၂ ကြိမ် ၁ဝ-၁၄ ရက်သောက်ပါ။

Feb 14, 2011 at 9:18 PM
Q 4: ကျွန်တော် အသက် ၃၁ ရှိပါပြီ။ တစ်ခါမှတော့ မဖြစ်ဘူးပါဘူး။ ကျွန်းနိုင်ငံတစ်ခုမှာ နေပါတယ်။ ကွင်းသီးခေါင်းထိပ် အရစ်မှာ အနီစက်လေးတွေ ပေါက်နေပါတယ်။ နာလဲမနာဘူး။ ဒါပေမဲ့ ပျောက်မသွားဘူး။ နှစ်လခွဲလေက် ရှိနေပါပြီ။ အခုတော့ နည်းနည်းပျောက်သွားပြီး မိတ်ဖုလိုလေးတွေ ဖြစ်နေပါတယ်။ သွေးစစ်ဖို့ရာကလဲ နီးနေပါပြီ။ အဲဒါ ဘာလုပ်ရင် ကောင်းပါသလဲ။ သွေးစစ်တဲ့အခါမှာများ ပြဿနာဖြစ်နိုင်ပါသလား။ စီကနယ်ဆိုတော့ခရင်ကို လိမ်းဆာ ပျောက်သလောက်တော့ဖြစ်နေပါပြီ။ သောက်ဆေးလေးများ ရှိရင်လဲ ပြောပြပေးပါ။ အမြန်အကြောင်းပြန်ပေးပါ။ စိတ်ညစ်နေရပါသည်။ ဆေးစစ်ဖို့ လလည်း နီးနေပါသဖြင့် အကောင်းဆုံးလမ်းညွှန်ပေးပါ။

၁။ “စီကနယ်ဆိုတော့ခရင်ကိုလိမ်းဒါ” ကို သဘောမပေါက်ပါ။ တခြား ပြောပြတာတွေကို ထောက်ရင် ဖြစ်တဲ့နေရာမှာ ပိုးတခုခု ဝင်နေတာဖြစ်မယ်။ STD ဖြစ်ဘို့များတယ်။ မနာတဲ့အနာ ခေါ်တာမျိုး။
၂။ Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ (၁၄) ရက် သောက်ပါ။ ဒါမှမဟုတ် Benzathine penicillin G 2.4 million units IM တပါတ် ၁ လုံးနဲ့ ၃ ပါတ် ထိုးပါ။
၃။ (ဆစ်ဖလစ်) ပိုးမရှိရင် သွေးစစ်ရင် ဘာမှမပြပါ။ VDRL negative ဖြစ်ပါမယ်။
၎။ စိတ်မညစ်ပါနဲ့၊ ဆေးနဲ့ ကောင်းသွားပါမယ်

16 Feb 11, 13:40
Q 5: ရုတ်တရက် လျှာကျက်ရင် ဘယ်လိုလုပ်သင့်ပါသလဲ။ လျှာကျက်တာ အမြန်ပျောက်အောင် ဆေးရှိပါသလား။ အသီး (သို့) အရည်တမျိုးမျိုး စားသောက်ခြင်းဖြင့် အမြန်ပျေက်နိုင်ပါသလား။

ဆေးစာထဲမှာ သပ်သပ်ရေးမထားပါ။ (ကွန်မောင်း-ဆင့်စ်) ကိုယ့် အသိနဲ့ကိုသာ ကုစားရပါမယ်။ လူနာများ-ဆွေးနွေးခန်း ထဲက အကျိုးရှိမယ်ထင်တာ တချို့က ဒီလိုပါ။
• ပါးစပ်ကို ရေအေးမှာ စိမ်ပါ။ ရေအေးကို ငုံလိုက်-ထွေးလိုက် လုပ်ပါ။
• ကော်ဖီပူပူကြောင့် ဖြစ်တာဆိုရင် လျှာပေါ်ကို သကြား တင်လိုက်ပါ။
• ရေခဲတုံး တင်ပါ။ အအေးတခုခု သောက်ပါ။
• (ရောဂတ်) ဒိန်ချဉ် စားပါ။
• ရေခဲတုံးကို ဝါးစားနေပါ။
• သိပ်အေးလွန်းတာ ချက်ချင်း မသောက်ပါနဲ့။ သူ့အလိုလို ပျောက်မဲ့အရာသာ ဖြစ်ပါတယ်။
• တခါထဲ ချက်ချင်းပျောက်နည်း မရှိပါ။ အရသာခံနိုင်မှု တဖြးဖြေး ပြန်ရပါလိမ့်မယ်။
• ဆားရေ ခပ်နွေးနွေးနဲ့ ပါးစပ်ကို ပလုပ်ကျင်းပေးပါ။
• (အိုက်စ်-ခရင်) စားပါ။

15 Feb 11, 19:30
Q 6: ညဘက်အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရပါမလဲ။ မျက်စိကတော့ အိပ်တာမိုးလင်းပါပဲ။ ဒါပေမယ့် စိတ်က မအိပ်ဘူး။ ကြာရင် ရောဂါဖြစ်သွားမှာ ကြောက်လို့ပါ။

ဖြစ်တဲ့သူ ကျားမ၊ အသက်၊ ဖြစ်တာဘယ်လောက်ကြာ မသိရပါ။ မှန်ပါတယ် အိပ်ရေးပျက်တာ ကျန်းမာရေးကို ထိခိုက်ပါတယ်။ “Sleeping မအိပ်ဘဲနေ အသက်မရှည်” ကို ရေးထားပါတယ်။

Feb 13, 2011 at 3:28 PM
Q 7: ကျနော့် လိင်တံတွင် တခါတရံ ယားပြီး၊ အရည်ကြည်ဖုလေးများ ပေါက်လာလိုက် ပြန်ပျောက်လိုက် ဖြစ်နေတာ ၅ နှစ် လောက် ကြာခဲ့ပါပြီ။ ဆေးကုသတာလဲ ခဏပဲရပါတယ်။ ခုလဲပြန်ပေါ်ပေါ်လာသဖြင့် ကုသခဲ့တာလဲ မပျောက်ကင်းပါ။ ဆေးလဲ စစ်ဆေးကြည့်ခဲ့ပြီးပါပြီ။ ဘာမှ မတွေ့ခဲ့ပါဘူး။ ယခုလဲ ဆေး ၂ မျိုး သောက်ခဲ့ပြီးပါပြီ။ ပြန်ပေါက်လာပါသဖြင့် အကူညီတောင်းရခြင်းဖြစ်ပါသည်။ Flugal 150 Bangladesh နဲ့ Fungicom 150 India တို့ကို ၁ ရက် တလုံး နှုန်းနှင့် ၁၄ ရက် သောက်ခဲ့ပါတယ်။ ခုပြန်ဖြစ်နေလို့ ကုသလို့ အရှင်း ပျောက်နှိုင်လားလို့ သိချင်လို့ မေးရခြင်းဖြစ်ပါသည်။ ကျေးဇူးပြု၍ ဘာဆေးတွေ ထပ်သောက်ရမလဲဆိုတာပါ ညွှန်ကြားပေးပါ။ ကျနော် ခုအိမ်ထောင်ပြုမလို့ပါ။ ပြုလို့ကော ဖြစ်ပါ့မလား။

အိမ်ထောင်ပြုနိုင်ပါတယ်။ မပြုခင် ဆေးထပ်သောက်သင့်ပါတယ်။ Fluconazole ဆိုတဲ့ Antifungal medicine မှိုဆေး၊ ဆေးနာမယ်တွေ အများကြီးရှိတယ်။
• Mucosal Candidiasis အရေပြားနုမှိုရောဂါ = 50-100 mg daily x 7-14-30 days
• Candidal balanitis ယောက်ျား-လိင်တံထိပ် မှိုရောဂါ = 150 mg တခါထဲ ပေးတယ်။
• Vaginal candidiasis မိန်းမ-မွေးလမ်း မှိုရောဂါ = 150 mg တခါထဲပေးတယ်။
• Dermatophytosis, Pityriasis Versicolor, Cutaneous Candidiasis အရေပြား မှိုရောဂါ = 50 mg daily x 6 weeks
• Systemic Candidiasis တကိုယ်လုံးပြန့် မှိုရောဂါ နဲ့ Cryptococcal Infections အာရုံကြော မှိုရောဂါ = 400 mg စပေးပြီး၊ 200-400 mg ဆက်ပေးတယ်။ အနည်းဆုံး 6-8 ပါတ်ပေးရတယ်။ IV infusion သွေးကြောထဲလဲ ထိုးနိုင်တယ်။