ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, February 3, 2011

Q and A February 2011 (3)

1. ဆီးကြိတ်ရောင်တယ်လို့ ပြောပါတယ်
2. ရန်ကုန်မှာ သွားကုရင် ပိုကောင်းမလား
3. Emergency pills လောက်ပဲသောက်ပါတယ်
4. ခလေးရနိုင် မရနိုင် ဘယ်လိုသိနိုင်လဲ
5. အရည်ကြည်ဘုတွေ ထလာတယ်
6. ကွင်းသီးခေါင်းထိပ် အရစ်မှာ အနီစက်လေးတွေ ပေါက်နေပါတယ်
7. နှလုံးတွေလဲ အရမ်းခုန်တယ်လို့ ပြောပါတယ်

Feb 14, 2011 at 8:07 PM
Q 1: ကျွန်တော်ဟာ မွေးရာပါ ဘယ်ဖက် ကျောက်ကပ်တစ်လုံးမပါ။ အခု အသက် ၃၅ နှစ်ရှိနေပါပြီ။ ၁၅ နှစ်သားလောက် ကတည်းက ဆီးအောင့်ရောဂါရခဲ့ပါတယ်။ ဆရာဝန်က ဆီးကြိတ်ရောင်တယ်လို့ပြောပါတယ်။ စဖြစ်ခါစက လိင်တံ အရင်းနဲ့ စအိုဝကြားက ကြွက်သားတွေ နာကျင်ကိုက်ခဲတာပါ။ ၁၇ နှစ်သား လောက်ကျ ပက်လက်လှန်လိုက်ရင် နေမရအောင် ကိုက်ခဲလာတာပါ။ ဘေးစောင်းအိပ်လို့ ရပါသေးတယ်။ နောက်ပိုင်းကျ ဒူးနဲ့ ခြေသလုံး တွေကို မြှောက်အိပ်မှ ရတော့တယ်။ ငုတ်တုတ်လဲ အိပ်ရပါတယ်။ ပထမတော့ ၅ ရက်လောက်နေရင် သက်သာပေမယ့်၊ နောက်ပိုင်း မှတ်မှတ်ရရ ၂၇ ရက်တိတိ ညတွေဆို အိပ်မရဖြစ်ခဲ့ရပါတယ်။ ဆေးခန်းတွေ ပြတော့လဲ အိပ်ဆေးပဲပေးပေမယ့် ကိုက်ခဲမှု ပြင်းထန်တဲ့အချိန်မှာ အိပ်မရခဲ့ပါဘူး။ သက်သာခါနီးရင် ဆီးတွေ အနယ်ပါလာပြီး ဆန်ဆေးရေလို ဖြူဖြူတွေ ထွက်သွားတော့မှ သက်သာသွားတာပါ။ ဆီးနှင့်ကျောက်ကပ် သမားတော်ဆီပြတော့ ကနဦးစမ်းသပ်တာ စအိုကနေ လက်ချောင်းနဲ့ နှိုက်ပြီး အဲဒီ ကိုက်ခဲနေတဲ့ ကြွက်သား နေရာတွေကို ဖိခြေပြစ်ပါတယ်။ အိမ်လဲရောက်ရော ယူပြစ်သလို ပျောက်သွားပါတယ်။ နောက်ပိုင်း ရောဂါပြန်ထလို့ သွားပြတာ အဲလိုမနှိုက်တော့ပါ။ Ibuprofen ဆေးကို နာမှသောက် မနာရင် မသောက်နဲ့လို့ ပြောပါတယ်။ နာတဲ့အခါ သောက်လိုက် သက်သာလိုက်နဲ့ အရှင်း မပျောက်ပါဘူး။ အခု Ketorolac Tromethamine သောက်ပါတယ်။ လူပျိုတုန်းက Sparm အကုန်ထွက်ပါတယ်။ ၆ လ တစ်နှစ်လောက်ကြာတော့ Sperm အကုန်မထွက် တော့ပါဘူး။ ကြွက်သားက အကုန် မညှစ် နိုင်တော့ပါ။ တစ်ချို့ကလဲ ယောက်ျား ဟိုမုန်းအားနည်းလို့ ဆီးကြိတ်ရောင်တာ လို့ ပြောပါတယ်။ ဆရာဝန် တစ်ယောက်ကတော့ အသက်ကြီးမှ ဆီးကြိတ်ရောင်တယ်ပြောတာ။ ကျွန်တော်ကျ ငယ်ငယ်နဲ့ ဆီးကြိတ်ရောင် ရောဂါ ရပါတယ်။ ဘယ်လို ကုသမှုခံယူရမယ်ဆိုတာ လမ်းညွှန်ပေးပါခင်ဗျား။

ဓါတ်မှန်၊ (အာလ်ထွာဆောင်း) စတာတွေ လုပ်ထားပြီးပြီလို့ ထင်ပါတယ်။ အဖြေတွေရယ်၊ Diagnosis ရောဂါနာမည် အတိအကျရယ်တော့ မသိရပါ။ ပြောပြတဲ့ လက္ခဏာတွေအရ ယောက်ျား ဆီးကျိတ်ရောဂါတခု ဖြစ်ပါမယ်။ ဆီးအရောင်၊ နာတာ၊ သုတ်ရည်။ အထူးကု ဆရာဝန်နဲ့ ကုသနေတာ ကောင်းပါတယ်။

ယောက်ျား ဆီးကျိတ်ရောင်တာကို BPH ခေါ်တယ်။ ဒီရောဂါမှန်ရင် ဆေးနဲ့ကုနည်းလဲရှိတယ်။ Finasteride (Proscar), Dutasteride (Avodart), Terazosin (Hytrin), Doxazosin (Cardura), Tamsulosin (Flomax), Alfuzosin (Uroxatral) တွေကိုသုံးတယ်။ လူနာတိုင်းကိုတော့ မသုံးနိုင်ပါ။

Surgical Treatment ခွဲစိတ်နည်းတွေလဲ အမျိုးမျိုးရှိတယ်။
• Transurethral surgery
• Open surgery
• Laser surgery
• Photoselective vaporization of the prostate (PVP)
• Interstitial laser coagulation

တခြားခွဲစိတ်နည်းတွေလဲ သုံးပါတယ်။
• Transurethral microwave procedures
• Transurethral needle ablation
• Water-induced thermotherapy
• High-intensity focused ultrasound

ဒီရောဂါကြောင့် လိင်ဆက်ဆံရေးကို အနည်းနဲ့အများ ၃ဝ% ထိခိုက်ပါတယ်။ တချို့မှာ ခွဲစိတ်ပြီးနောက် ၁ နှစ်ကြာမှ အရင်လိ့ပြန်ဖြစ်တယ်။ မခွဲခင်က လိင်တံ မသန်မာနိုင်တာ ခွဲပြီးပြန် သက်သာနိုင်တယ်။ တချို့မှာ ကလေးမရတာ ဖြစ်နိုင်တယ်။ Retrograde ejaculation သုတ်ရည် နောက်ပြန်တာ ဖြစ်နိုင်တယ်။ ဖြစ်သူတွေကို ဆေးပေးပြီး သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ Orgasm လိင်ဆန္ဒပြည့်ဝမှုကို သိပ်မထိခိုက်ပါ။ ခွဲစိတ်ကုသသူ ၁ဝ% လောက်က ထပ်ဖြစ်နိုင်တယ်။

Ketorolac Tromethamine ဆေးက အသင့်အတင့် နာတာကို သက်သာစေတယ်။ နဲနဲလေးနာတာနဲ့ နာတာရှည် နာသူတွေကို မပေးပါ။ လေနာဖြစ်စေနိုင်တယ်။ လေနာကနေ သွေးယိုတတ်တယ်။ ကျောက်ကပ် မကောင်းသူ မပေးပါ။ သွေးမှုံ နည်းစေနိုင်တယ်။ ကိုယ်ဝန်-နို့တိုက်မိခင် မပေးသင့်ပါ။

Feb 14, 2011 at 3:10 AM
Q 2: သမီးက တားဆေးကို Emergency pills လောက်ပဲသောက်ပါတယ်။ နေပြီးမှ သောက်တာပါပုံမှန် စွဲသောက်တာမျိုး မရှိပါဘူး။ ၁ လတည်းကို ရာသီ ၂ ခါ လောက်လာပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါ။ နောက်ပြီး ဗိုက်က ပူလာသလိုပဲ။ လေထိုး သလိုလို၊ အစာအိမ်အောင့်သလိုလိုလဲ ဖြစ်တတ်ပါတယ်။ ၄ လလောက်တော့ရှိပါပြီ။ Good health ဂျာနယ်ထဲမှာ ဖတ်လိုက်ရပါတယ်။ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဆိုပြီး။ ချစ်သူနဲ့ တူတူနေပြီးရင် သွေးနဲနဲ ဆင်းပါတယ်။ အခေါက်တိုင်း မဟုတ်ပါဘူးရှင့်။ ဘာရောဂါများ ဖြစ်နိုင်မလဲလို့ သိချင်လို့ပါ။

မေးတဲ့သူရဲ့ အသက် မသိရပါ။ အသက် မကြီးသူမှာ သားအိမ်ကင်ဆာ မဖြစ်တာများတယ်။ ဆက်ဆံဘက် မများသူတွေမှာ အဖြစ်နဲတတ်သေးတယ်။ ရာသီရက် မမှန်တာတခုနဲ့လဲ သံသယ မဝင်သင့်ပါ။ ပြောပြတဲ့ တားဆေးကြောင့် မမှန်တာဖြစ်ဘို့ များပါတယ်။ ကင်ဆာဆိုရင် ဆီးစပ်နေရာနာတာ၊ အဖြူစတာဆင်းတာတွေပါ ရှိနိုင်သေးတယ်။

ဗိုက်ပူတာက ဘယ်နေရာကလဲ။ အထက်ပိုင်း-အောက်ပိုင်း၊ ဘယ်-ညာ၊ နောက်ပြီး အစာစားပြီးမှလား၊ အမြဲလား။

အကြံပေးရရင် အရေးပေါ်တားဆေးကို ဆရာရေးထားတာသေခြာဖတ်ပြီး လိုက်နာသုံးပါ။ တလထဲ ၂ ခါထက် ပိုမသုံးသင့်ပါ။ တခြားနည်းတွေကိုလဲ ရေးထားတာ ရှိပါတယ်။ လိုသေးရင် မေးပါ။

2011/2/17
Q 3: အမျိုးသမီးတယောက်က ခလေးရနိုင် မရနိုင် ဘယ်လိုသိနိုင်လဲ။ အိမ်ထောင်တော့ မရှိသေးဘူး အပျိုဘဝမှာတင် စစ်ဆေးလို့ ရပါသလား။

ကျန်းမာရေး-ဝီရိယ ကောင်းလှတယ် ပြောရမယ်ဗျာ။ ကလေးရ-မရ ဆိုတာ အိမ်ထောင်ဖက် ၂ ယောက်လုံးနဲ့ ဆိုင်ပါတယ်။

အမျိုးသမီးတယောက်ထဲအတွက်ဆိုရင် -
၁။ မျိုးဥ ပုံမှန်ထွက်ဘို့ လိုတယ်။ မျိုးဥထွက်နေ-မနေကို စစ်လို့ရပါတယ်။ လိုအပ်သူတွေအတွက် မျိုးဥထွက်စေတဲ့ဆေးလဲ ရှိတယ်။
၂။ မျိုးပွါးလမ်း ကျဉ်း-ပိတ် မနေဘို့ လိုပါတယ်။ မျိုးပွါးလမ်းကို ရောဂါပိုးဝင်ရင် လမ်းကြောင်းကို ထိခိုက်စေနိုင်တယ်။ အဖြူဆင်းတာနဲ့ အများဆုံး ဆက်စပ်နေတယ်။ ဆေးကုလို့ ပျောက်တာတောင်မှ အမာရွတ်လိုဖြစ်လို့ သားအိမ်ပြွန်မှာ ဖြစ်ခဲ့တာဆိုရင် အထဲလမ်းကို ကျဉ်းစေတတ်တယ်။ ခဏခဏဖြစ်သူတွေသာ အဲလိုဖြစ်ပါတယ်။
၃။ အိမ်ထောင်ပြု နောက်ကျသူတွေမှာ အဖြစ်များတဲ့ သားအိမ်ရောဂါတမျိုးကြောင့်လဲ ကလေးမရ ဖြစ်ရနိုင်တယ်။ သူတို့မှာ ရာသီလာရင် သူများထက် နာတာကို ပိုခံစားကြတာနဲ့ စောစော သိသင့်ကြတယ်။

2011/2/17
Q 4: ကျွန်တော့် အမျိုးသမီးက ကလေးမွေးထားတာ၂လရှိပါပြီ။ အထူးကု ဆရာဝန်ကြီး ညွှန်ကြားထားတဲ့အတိုင်း တားဆေး Marvelon28 သောက်ပါတယ် အဲဒါ ကလေးအပေါ်မှာ side effect သက်ရောက်ပါသလား။ တခြား ဆရာဝန် တယောက်က ကလေးကို ထိမယ်လို့ ပြောနေလို့ပါ။ မိန်းကလေးဆို အပျိုဖြစ်မြန်မယ်။ ဟော်မုန်းများမယ်၊ ဆေးပြင်းတယ်၊ ဒီဆေးသောက်ရင် နို့တိုက်မိခင် နို့ခမ်းမယ်ဆိုတာ ဟုတ်ပါသလား။ ကလေးကို ဘာတွေများ ထိခိုက်နိုင်ပါသလဲ။ ကလေးက မိန်းကလေးပါခင်ဗျာ။

Marvelon 28 ဆေးဟာ Ethinyl estradiol နဲ့ Progestin ပါတဲ့ ကိုယ်ဝန်တားစေားဆေး Combination pill ဖြစ်တယ်။ 21-day pack နဲ့ 28-day pack ဆိုပြီးလာတယ်။ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg အတူတူ ပါတယ်။ လူအများဆုံးလဲ သုံးတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတယ်။ တားဆေးတွေ သပ်သပ်မှာလဲ မကောင်းကျိုးတွေ ရှိပါတယ်။ အားဆေး ဆိုတာတွေမှာလဲ ရှိတာဘဲ။
• Thrombophlebitis or Thromboembolic disorders သွေးအားနည်းရောဂါ၊
• Cerebrovascular disorders (stroke) ဦးနှောက်သွေးကြောရောဂါ၊
• Heart attack နှလုံးရောဂါ၊
• Coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ၊
• Active Liver disease အသဲရောဂါ၊
• Benign or Malignant Liver tumors အသဲကင်ဆာ၊
• Breast cancer ရင်သားကင်ဆာ၊
• Pregnant ကိုယ်ဝန်ဆောင် တွေကိုသာ မသောက်ဘို့ အဓိကတားထားပါတယ်။

“အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၆) Different Methods of Contraception ပဋိသန္ဓေတားနည်းများ” ကိုလည်း ဖတ်စေချင်ပါသည်။

အများဆုံးသုံး ကိုယ်ဝန်-တားဆေး ၂ မျိုးရှိတယ်။ ကလေးအတွက် စိုးရိမ်စရာမရှိပါ။
၁။ The progestogen-only pill (ပီ-အို-ပီ) ဆေးလုံးတွေက နို့ထွက်တာကို မထိခိုက်ပါ။
၂။ The combined pill ဆေးနှစ်မျိုးတွဲစားဆေးများ။

2011/2/17
Q 5: ကျွန်တော် စဖြစ်တာ ဘယ်ဘက်ပေါင် ဒူးအထက်ကနေပြီ။ ပေါင်ရင်းထိ အသားထွေ ကျိမ်းပြီးနာလာတယ် ၂ ရက် လောက် နေတော့ အရည်ကြည်ဘုတွေ ထလာတယ်။ မနာလဲမနာဘူး၊ မယားလဲ မယားဘူး။ နာတာက ပေါင် အတွင်းထဲ ကနေပြီး ကိုက်နေသလို ခံစားရတယ်။ အဲဒါ ဘာလို့ ဖြစ်တာလဲ၊ ဘယ်လိုရောဂါမျိုးလဲ၊ ဘယ်လို ဆေးတွေ သောက်ရမလဲ ဆိုတာ ကျေးဇူးပြုပြီး ဖြေပေးပါ။ အသက်က ၁၂-၃-၁၉၇၇။ အခုလက်ရှိ (့) မှာ နေထိုင်နေပါတယ်။

မြင်တော့ မမြင်ရဘူး။ မှန်းပြောရမှာဘဲ။
ရေယုံဖြစ်နိုင်တယ်။ မကြာခင် ပျောက်မှာပါ။ (ဗိုင်းရပ်စ်) ကနေဖြစ်လို့ နိုင်တဲ့ဆေး တိတိကျကျမရှိပါ။ နေရာကို သန့်အောင်ထားပါ။ ပိုးသေဆေးတခုခု ဥပမာ Gentian Violet ဆေးပြာ။ Tetracycline or Chloramphenicol ကော်မျက်စဉ်း လိမ်းနိုင်ပါတယ်။
နောက်တမျိုးက မှို၊ ယားမယ်၊ ပွါးမယ်။ ရေးထားတာရှိပါတယ်။

Feb 14, 2011 at 9:18 PM
Q 6: ကျွန်တော် အသက် ၃၁ ရှိပါပြီ။ ကျွန်တော် ကျွန်းနိုင်ငံတစ်ခုမှာ နေပါတယ်။ ကျွန်တော့် ကွင်းသီးခေါင်းထိပ် အရစ်မှာ အနီစက်လေးတွေ ပေါက်နေပါတယ်။ နာလဲမနာဘူး။ ဒါပေမဲ့ ပျောက်မသွားဘူး။ နှစ်လခွဲ လောက် ရှိနေပါပြီ။ အခုတော့ နည်းနည်းပျောက်သွားပြီး မိတ်ဖုလိုလေးတွေ ဖြစ်နေပါတယ်။ သွေးစစ်ဖို့ရာကလဲ နီးနေပါပြီ။ ဘာလုပ်ရင် ကောင်းပါသလဲ။ သွေးစစ်တဲ့အခါမှာများ ပြဿနာဖြစ်နိုင်ပါသလား။ SKINEAL ဆိုတဲ့ ခရင်လို ညှစ်ဘူးလေးကို လိမ်းတာ ပြောတာပါ။

၁။ ပြောပြတာတွေကို ထောက်ရင် ဖြစ်တဲ့နေရာမှာ ပိုးတခုခု ဝင်နေတာဖြစ်မယ်။ STD ဖြစ်ဘို့များတယ်။ မနာတဲ့အနာ ခေါ်တာမျိုး။
၂။ Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ (၁၄) ရက် သောက်ပါ။ ဒါမှမဟုတ် Benzathine penicillin G 2.4 million units IM တပါတ် ၁ လုံးနဲ့ ၃ ပါတ် ထိုးပါ။
၃။ (ဆစ်ဖလစ်) ပိုးမရှိရင် သွေးစစ်ရင် ဘာမှမပြပါ။ VDRL negative ဖြစ်ပါမယ်။
၎။ စိတ်မညစ်ပါနဲ့၊ ဆေးနဲ့ ကောင်းသွားပါမယ်
၅။ Skineal Cream ဆေးက မှိုအတွက်လိမ်းဆေးဖြစ်တယ်။ Tinea pedis, Tinea vercicular, Tinea cruris, Tinea manus ရောဂါတွေကိုပေးတယ်။ တခြားအရေပြားယားတဲ့ရောဂါ Dermatitis, Eczema, Pruritus တွေအတွက်လဲ သုံးကြတယ်။

Feb 14, 2011 at 1:21 PM
Q 7: ကျွန်တော့်မှာ အစ်ကိုတစ်ယောက် ရှိပါတယ်။ သူအသက် လေးဆယ်နားဝန်းကျင်ပါ။ ခုလက်ရှိသူက (့) မှာပါ။ (၅)လလောက်ရှိပြီ၊ ညဖက်တွေ အိပ်မပျော်ဘူး။ နှလုံးတွေလဲ အရမ်းခုန်တယ်လို့ ပြောပါတယ်။ ဆရာဝန်တွေနဲ့ပြတော့ အိပ်ဆေးတွေ ပေးတယ်လို့ ပြောတယ်။ မြန်မာပြည် ပြန်ပြီး ဆေးတွေဘာတွေ စစ်သင့်သလားလို့ မေးပါတယ်။ တကယ်လို့ သောက်ဆေးတွေပါ သောက်လို့ အဆင်ပြေမယ် ဆိုရင်လဲ ဆေးတွေနံမည်လေးတွေ ညွှန်ကြားပေးစေလိုပါတယ်။ အခြေအနေ စိုးရိမ်ရ မရကိုလဲ ဖြေကြားပေးပါအုံး။

ပြောပြတာတွေထဲက နှလုံးခုန်တာ တခုသာ သိရတယ်။ အိပ်ဆေးလား၊ စိတ်ငြိမ်ဆေးလား မသေခြာပါ။ နှလုံးခုန်နှုန်း (လက်ကောက်ဝတ် သွေးခုန်နှုန်း) တမိနစ်မှာ ဘယ်လောက်လဲ၊ စိတ်ရှုတ်တတ်သလား၊ အိပ်ဆေးနာမယ်၊ လူက ဝသလား၊ သွေးဖိအား Blood pressure ဘယ်လောက်လဲ သိချင်ပါတယ်။

2011/2/14
အဒေါ့် အသက်က ၆၂ လောက်ရှိပါပြီ။ စဖြစ်ဖြစ်ချင်း သွေးပေါင်ချိန်က မမှန်ပါဘူး ကျပါတယ်။ အောက်ဆီဂျင် ပေးမှ အသက်ရှူလို့ ကောင်းပါတယ်။ ဆေးရုံက ပိုးသတ်ဆေးများ ထိုးပေးပါတယ်။ အခုတော့ ပိုးသတ်ဆေးကို မထိုးတော့ပဲ ပြောင်း သောက်ခိုင်းပါတယ်။ အိပ်လို့မရလို့ ထိုင်လျက်နေရပါတယ်။ အခုတော့ သွေးပေါင်ချိန် နဲနဲမှန်လာပါတယ်။ လေလဲ ဖြန်းဘူးပါတယ်။ အဲဒါ နယ်မှာပဲ ဆက်ကုရင်ကောင်းမလား၊ ရန်ကုန်မှာ သွားကုရင် ပိုကောင်းမလားပြောပြပေးပါနော်။

နယ်မှာ ဖြစ်ပေမဲ့ သမားတော် (အထူးကု) ဆရာဝန်ရှိရင် ဖြစ်ပါမယ်။ အောက်စီဂျင်လဲရနေတော့ ကောင်းပါတယ်။ ကုနေတဲ့ ဆရာဝန်ကို တိုင်ပင်နိုင်ပါတယ်။ စားဆေးကို ပြောင်ပေးတာက သက်သာလို့ ဖြစ်ပါတယ်။ လှဲမအိပ်နိုင်သေးတာက အဆုပ်က မကောင်းသေးလို့ပါ။ အဒေါ်နဲ့ တူမ နေကောင်းကြပါစေ။