ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, February 4, 2011

Q and A February 2011 (4)

1. Piroxicam ဆေးကို အမျိုးသမီး လစဉ် ကိုက်ခဲမှုအတွက်
2. ကပ်ပယ်အိပ်မှာ အဖုလေးတွေ ပေါက်နေပါတယ်
3. အိမ်ထောင်တော့ မရှိသေးပါဘူး
4. ဝမ်းဗိုက်က မခွဲခင်ကလို မဟုတ်ပဲ
5. အစာအိမ်ရောဂါကို ဖြစ်ခဲ့ဖူးပါတယ်
6. အမာရွတ်တွေရော အမွှေးတွေပါ ပျောက်အောင်

2011/2/13
Q 1: Piroxicam ဆေးကို အမျိုးသမီး လစဉ် ကိုက်ခဲမှုအတွက် သောက်လို့ရပါသလား။ အကျိုး-အပြစ် ဖော်ပြ ပေးစေချင်ပါတယ်ရှင်။

Piroxicam ဆေးဟာ အနာ-အကိုက်-အရောင်-အဖျားကျဆေး NSAID ဖြစ်တယ်။ ဘိန်းမပါဘူး။ အရိုး-အဆစ်နာ၊ ရာသီလာလို့ နာတာ၊ ခွဲစိတ်ပြီး နာတာ၊ စတာတွေအတွက် သုံးတယ်။ လူကြီးတွေကို တနေ့မှာ 20-40mg ၁ ကြိမ်၊ ၂ ကြိမ်ပေးတယ်။ ဆိုးကျိုးတွေက ဝမ်းပျက်၊ ဝမ်းချုပ်၊ လေထ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ နားထဲကအသံဆူ၊ ယား၊ စတာတွေ ဖြစ်နိုင်တယ်။

2011/2/14
Q 2: ကျနော့် ကပ်ပယ်အိပ်မှာ အဖုလေးတွေ ပေါက်နေပါတယ်။ အမြဲတမ်းလိုလို ယားယံနေတတ်ပြီး တစ်ခါတစ်လေ ပြည်တည်ပြီး ရောင်တဲ့ အထိဖြစ်ပါတယ်။ တစ်ခါတစ်လေ အဲဒီအဖုလေးတွေကို ညှစ်လိုက်တဲ့အခါ အဖြူပြစ်ပြစ် အရည်လေးတွေ ထွက်လာတတ်ပါတယ်။ ကျနော့်အသက်က ၂၄ နှစ်ရှိပါပြီ။ လူပျိုပါ။ ကျနော့်အသက် (၁၈)နှစ် လောက်ကတည်းက စဖြစ်တာပါ။ အဲဒါ ဘာရောဂါလဲ သိချင်ပါတယ်။ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မလဲ။

၁။ Griseofulvin 250–500 mg စားဆေး တနေ့ ၂ ကြိမ် ၁-၂ ပါတ်၊ ဒါမှမဟုတ် Itraconazole 200 mg တနေ့ ၁ကြိမ်၊ ၂ ပါတ်သောက်ပါ။
၂။ နောက်ပြီး Doxycycline 100 mg တနေ့ ၂ ကြိမ် ၁ဝ-၁၄ ရက်သောက်ပါ။

Feb 14, 2011 at 5:11 PM
Q 3: သမီး အိမ်ထောင်တော့ မရှိသေးပါဘူး။ အသက်က ၂၁ ပါ။ ဒါပေမယ့် သမီးချစ်သူနဲ့ နေခဲ့မိပါတယ်။ (ဘာ အကာ အကွယ်မှ မပါဘဲ)။ ရာသီလာပြီး ၇ ရက် ပြည့်တဲ့နေ့ တိတိမှာ နေ့ခဲ့မိတာပါ။ ပထမဆုံး အကြိမ်လည်းဖြစ် ခုထိလည်း ရာသီ မလာသေးတော့ ကြောက်နေမိပါတယ်။ အဲ့လိုနေခဲ့မိတာ ခုဆိုရင် ၁၈ ရက် ရှိပါပြီ။ Mifepristone တို့ ဘာတို့ ဆိုတာ ကကော ဘယ်မှာရနိုင်ပါသလဲ။ နေတာက မြန်မာပြည် ရန်ကုန်မှာပါ။ စာတွေဖတ်လို့ရမယ့် Link လေးတွေကို ပေးလို့ အဆင်ပြေမလား မသိဘူး။

1. Abortion Common causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတွေ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၂) http://dts-medicaleducation.blogspot.com/2010/08/common-causes-of-abortion.html
2. Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၃) http://dts-medicaleducation.blogspot.com/2011/01/abortion-complications.html
3. Abortion မလိုချင်တဲ့ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၂) http://dts-medicaleducation.blogspot.com/2010/09/abortion.html
4. Become pregnant ကိုယ်ဝန် ရနိုင်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁) http://dts-medicaleducation.blogspot.com/2010/04/become-pregnant.html
5. Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation.blogspot.com/2011/01/contraceptive-pills.html
6. Depo Provera (2) တစ်လခံဆေး-သုံးလခံဆေး http://dts-medicaleducation.blogspot.com/2011/01/depo-provera-2.html
7. Depo Provera သုံးလခံ ထိုးဆေး အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၇) http://dts-medicaleducation.blogspot.com/2010/10/depo-provera.html
8. Different Methods of Contraception ပဋိသန္ဓေတားနည်းများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၆) http://dts-medicaleducation.blogspot.com/2009/12/different-methods-of-contraception.html
9. Emergency contraception အရေးပေါ် တားဆေး အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၈) http://dts-medicaleducation.blogspot.com/2010/08/emergency-contraception.html
10. Menstruation ရာသီ မမှန်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅) http://dts-medicaleducation.blogspot.com/2010/08/q-and-irregular-cycle-3.html

Wed 2/9/2011 2:05 PM
Q 4: ကျမ Ovariran cyst ခွဲစိတ်ပြီးသွားပြီ။ 5.94cm ညာဖက်။ 7.51cm ဘယ်ဖက် နှစ်ဖက်လုံး ခွဲထုတ်ပြီး အူအတက်ပါ တခါထဲ ထုတ်ပေးလိုက်တယ်။ ခုဆို အရင်လို နေ့စဉ် နာကျင်နေတာ မရှိတော့ပါ။ ခွဲပြီးတာ ဒီနေ့ဆို ရက်နှစ်ဆယ်ပေါ့။ ကျန်တာတွေ ပြဿနာမရှိပေမယ့် ကျမရဲ့ ဝမ်းဗိုက်က မခွဲခင်ကလို မဟုတ်ပဲ နှစ်ပိုင်း ပိုင်းထားသလို ဖေါင်းနေတာ အဲဒါပုံမှန်လား။ ဒီအတိုင်းဘဲ ဗိုက်ကြီးပူသွားတော့မှာလား သိချင်လို့ပါ။ အနာကျက်ပြီး ဘယ်အချိန်လောက်ဆို ပုံမှန်ပြန်ဖြစ်လဲ။ နောက်ပြီး အိပ်ထ-မတင်လုပ်ဖို့  ဘယ်လောက်ကြာမှ စိတ်ချရမလဲ။ ခုဆို အနာက မနာတော့ပါ။ ဒါပေမယ့် ဗိုက်အပေါ်ခြမ်းက ခပ်ထုံထုံ ဖြစ်နေတယ်။ မခွဲခင်ပုံနဲ့ ခွဲပြီးပုံ ထည့်ပေးလိုက်ပါတယ်။

ပုံပို့ပေးလို့ ဖြေဘို့ရာ အများကြီး အထောက်အကူရတယ်။ ဟုတ်တယ် ပြောသလိုဖြစ်နေတယ်။ ဆောရီး။

ဗိုက်ခွဲပြီးမှာ ဗိုက်ကိုဖုံးတဲ့ ကြွက်သားနဲ့ အရွတ်ပြားတွေ ပုံမှန်မဟုတ်သေးပါ။ ခွဲတဲ့ဒဏ်ရော၊ အစားအသောက်-အနေအထိုင် ဆင်ခြင်နေရတာရော၊ မေ့ဆေး-ထုံဆေးဒဏ်ရောကြောင့် ဖြစ်ပါတယ်။ အချိန်ကြာလေ ပုံမှန်ဖြစ်လေဖြစ်ပါလိမ့်မယ်။

ဒီခွဲကြောင်း-ချုပ်ရိုးမျိုးကနေ ချုပ်ရိုးကျွံတာ မဖြစ်တတ်ပါ။ ဒေါင်လိုက်ခွဲတာမျိုးကနေ အဆင်မသင့်ရင် ဖြစ်တတ်တယ်။ Incisional hernia ခေါ်တယ်။ အခုဟာ မဟုတ်ပါ။ ဖြစ်ရင် နေရာတခုခုမှာသာ စူလာတယ်။ အထဲကချုပ်ရိုးတခုခု ပြေတာလဲ မဟုတ်လောက်ပါ။ ဗိုက်တပြင်လုံး ဖြစ်နေတာ။

ဘေးတိုက်ပုံတော့ မမြင်ရဘူးပေါ့။ ခွဲပြီးစ ဗိုက်ထဲမှာ အရည်များနေတာကို ဖယ်ထုတ် သိချင်တယ်။ အဲဒါဆိုရင် အရည်က မတ်တပ်ရပ်ရင် အောက်မှာစုနေလို့ ဘေးတိုင်ကြည့်ရင် ခွဲခြားနိုင်တယ်။ ပက်လက်အိပ်နေရင် ဘေးနှစ်ဘက်မှာ အရည်လာစုနေမယ်။ ဘေးကိုကားနေမှာပေါ့။

အကြံပေးရရင် ၁ လခွဲဆိုရင် လေ့ကျင့်ခန်း လုပ်နိုင်ပါပြီ။ တဖြေးဖြေးကနေစပါ။ ကြွက်သား အားပြန်ကောင်းလာအောင် (ပိုတက်ဆီယမ်) စား-သောက်ပါ။ ငှက်ပြောသီး၊ လိမ်မော်၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ စပျစ်သီး၊ ဆီးသီး၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥချို၊ လက်ဘက်ရည်ကြမ်းနဲ့ အုန်းရည်သောကတာ ကောင်းတယ်။
Potassium Rich Foods Serving Size Potassium Content Calories
Banana ငှက်ပြောသီး 1 cup 594 mg 134
Cooked beetroot မုံလာဥချို 1 cup 519 mg 90
Cooked Brussel sprouts ကွမ်းသီးဂေါ်ဖီထုပ် 1 cup 504 mg 65
Lima beans ပဲသီးတောင့် 1 cup 955 mg 209
Baked potato အာလူး 1 potato 1081 mg 278
Prune juice ဆီးသီးခြောက် 1 cup 707 mg 180
Dried prunes 8 prunes 828 mg 161
Raisins စပျစ်သီးခြောက် 1 cup 1089 mg 493
Tomato products 1 cup 909 mg 25
Plain yogurt ဒိန်ချဉ် 8 ounces 579 mg 154
Cooked spinach ဟင်းနုနွယ် 1 cup 839 mg 42
Winter squash ဖရုံ 1 cup 896mg 63
Orange juice လိမ်မော် 1 cup 496mg 100

ချောင်းဆိုး-နှာချေ-အလေးအပင်မတာတွေကို သတိနဲ့-လက်နဲ့ ထိန်းလုပ်ပါ။ ဗီတာမင် စီ စား-သောက်ပါ။ Vitamin C 500 mg တနေ့ ၂ ကြိမ်သောက်ပါ။ စီ များတဲ့ အစားအစာတွေ ချဉ်တဲ့အသီး၊ ခရမ်းချဉ်၊ သုံပုရာ၊ ရှောက်၊ လိမ်မော်၊ ဆီးဖြူသီး၊ ပန်းသီး။ အရည်မများစေအာင် ဆားလျှော့စားပါ။ လောလောဆယ် ဗိုက်ကို ခါးနာတဲ့သူတွေသုံးတဲ့ ခါးပတ်လိုမျိုးနဲ့ ပတ်ထားရင်လဲ ကောင်းပါတယ်။

Feb 8, 2011 at 7:16 PM
Q 5: ကျွန်တော့် အသက်က ၃ဝ နှစ် ရှိပါပြီ။ လွန်ခဲ့သည့် ၇ နှစ်လောက်က အစာအိမ်ရောဂါကို ဖြစ်ခဲ့ဖူးပါတယ်။ ပြည်ပနိုင်ငံ တစ်ခုမှာ ရောက်နေတာပါ။ လွန်ခဲ့သော ၃ နှစ်ဝန်းကျင်ခန့်ကစ၍ ပျို့တတ်သည့် ဝေဒနာကို ခံစားနေရပါသည်။ အစာစားတာ များလွန်းရင်လည်း အစာမကြေပဲ ပျို့ပြီး ပြန်အန်တတ်ပါသည်။ ဗိုက်ထဲမှာ အစာမရှိပဲ အဆာလွန်တဲ့ အခါလည်း လေတွေ ပျို့ပျို့တတ်ပါသည်။ ရေငတ်လွန်းရင်လည်း ပျို့ပါသည်။ စကားမနားတမ်း ပြောလွန်းရင်လည်း အာခေါင်ခြောက်၍ ပျို့ပါသည်။ ညအိပ်ရာဝင်ချိန်တွင် သွားတိုက်လျင်လည်း ပျို့၍ ညစာ စားထားသည့်များကို ပြန်အန်ပါသည်။ မနက်အိပ်ရာထ သွားတိုက်လျင်လည်း လေတွေ ပျို့ပါသည်။ ပျို့ချင်စိတ် ဖြစ်ပေါ်သည့်အခါ စားစရာ တစ်ခုခုကို ပါးစပ်ထဲသို့ ထည့်ဝါးနေလျင် ပျို့ချင်စိတ် ပျောက်သွားပြန်ပါသည်။ အစာအိမ်တွင် နာကြင်ခြင်း၊ အောင့်ခြင်း ဘာမှမဖြစ်ပါ။ မြန်မာပြည်သို့ အလည် ပြန်ရောက်သည့် အခိုက်တွင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ဆေးကို ၂ လ၊ ၃ လခန့် စွဲသောက်ခဲ့ဖူးပါသည်။ ရောဂါမှာ ထူး၍ မသက်သာပဲ ဆေးကြောင့် ဆံပင်ပို့ကျွတ်ခြင်း၊ ခန္ဒာကိုယ် လေးလံ ထိုင်းမှိုင်းခြင်းများဖြစ်၍ ဆက်မသောက်ဖြစ်တော့ပါ။ တိုင်းရင်းဆေးဆရာနှင့်လည်း ပြသ၍ မြန်မာဆေးကို သောက်ကြည့်ပါသည်။ မသက်သာပါခင်ဗျာ။ သင့်တော်မယ့် ဆေး၊ နည်းလမ်းများ ရှိရင် လမ်းညွှန်ပြသပေးစေလိုပါတယ်။ လူမျိုးခြား ဆရာဝန်များထံ တိုင်ပင်ရန် ဘာသာစကား အခက်အခဲ ရှိပါ၍ ရောဂါမှာ သက်တမ်းရှည်နေရခြင်း ဖြစ်ပါတယ်။

ဖတ်ချင်လဲဖတ်ဖူးမှာပါ။ မဖတ်ရသေးရင်တော့ ဖတ်စေချင်တယ်။ လိုတာတွေ လိုက်နာပါ။
1. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း
2. Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
3. Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း
နောက်လိုသေးတာ မေးပါ။ သောက်ဘူးတဲ့ဆေး နာမယ်တွေ မှတ်မိရင်လဲပြောပါ။

Feb 8, 2011 at 3:13 AM
Q 6: ကျွန်တော့် အသက် ၂၃ နှစ်ပါ။ အိမ်တောင် မရှိသေးပါဘူး။ ပါးပြင် နှစ်ဘက်စလုံးမှာ အမွှေးတွေ ပေါက်နေပါတယ်။ ပေါက်ခါစ နည်းနည်းရှည်လာလို့ ရိတ်ပစ်လိုက်ပါတယ်။ နောက်ပိုင်း အမွှေးတွေက သန်လာပါတယ်။ တခါတလေ အမွှေးတွေက အပြင်ကိုမထွက်ပဲ အသားထဲကို ထိုးဝင်ပြီးပေါက်တတ်ပါတယ်။ အဲ့လိုအချိန် မနေတတ်လို့ လက်နဲ့ ကုပ်မိ ဖဲ့မိပါတယ်။ ပါးပြင်မှာလဲ အမာရွတ်တွေ ဖြစ်လာပါတယ်။ အမာရွတ်တွေရော အမွှေးတွေပါ ပျောက်အောင် ဘာလုပ်ရမလဲ။

“Body hair တလွဲဆံပင်ကောင်းသူများ” ကို ဖတ်ပါ။